နှုတ်ကြမ်းမိတဲ့ည

ဟဲ့.ည ည်းဟိုလူနဲ့ရန်ဖြစ်.ဒီလူနဲ့..ရန်ဖြစ်..
.ည ည်းကိုည ည်း ဘာထင်နေလို့….”

“အမေရယ်…သဇင်.ဘာမဟုတ်တာလုပ်နေလို့လဲ..မှန်တာပြောလို့..လူတွေမုန်းလဲ မတတ်ဘူး.
ပြောစရာရှိတာပြောရမှာပဲ.”
“ဟဲ့.ကိုယ်မှန်တိုင်းလဲ ပြောလို့မရဘူး..လေ
ပတ်ဝန်ကျင်နဲ့နေတာ ….ငါ တို့ကအိမ်ပြောင်းလာတာ.၃လကျော်ကျော်ပဲရှိသေးတယ်…ပတ်ဝန်ကျင်ကလူတွေက…ဘယ်သူကဖြူတယ်။
ဘယ်သူကမဲတယ် ဆိုတာသေချာမသိရသေးဘူး….ဒါတွေကို ခုအချိန်ထိလိုက်သင်ပေးနေရအောင်လဲညည်းကလေးမဟုတ်တော့ဘူး….အသက်ဖြင့် .(၂၀)ကျော်နေပြီး”

“ဟုတ်ပါပြီး…ဟုတ်ပါပြိး.သဇင်အမှားပဲ…..ထားလိုက်တော့”ပြောရင်းဖြင့်….သဇင်တစ်ယောက်.
ကလေးတစ်ယောက်လို .စိတ်ဆိုး၊စိတ်ကောက်စွာဖြင့်အိမ်ပေါ်သို့ပြေးတတ်သွားခဲ့လေသည်။
ပြေးတတ်သွားတဲ့.သမီးလေးကိုကြည့်ပြီး.
ဒေါ်ခင်မမ..စိတ်မကောင်းဖြစ်ရပြန်လေသည်။
“ခက်တော့တာပဲ…ဒီကလေးမနဲ့တော့…
ငါ..မရှိတော့ရင်၊ညည်းဘယ်လိုနေမလဲ….
ဘဝကိုဘယ်လိုဖြတ်သန်းမလဲ..”

လင်ယောက်ကျားဖြစ်သူက..အလိုလိုက်သမျှ…
သမီးလေးဘဝတော့..ရှေ့ဆက်မတွေးဝံ့စရာပဲ..
ဘာပဲဖြစ်ဖြစ် လမ်းမှန်ရောက်အောင်ပို့ပေးရမှာ
ပဲ။
ထိုသို့တွေးတောရင်…ဝယ်လာတဲ့..ဟင်းများ.ချက်ပြုတ်ကာ….ယာခင်းဘက်သို့ထွက်လာခဲ့လေသည်…..ပိုးအနည်းငယ်ကျနေတာကြောင့်.
…ပိုးကျတဲ့..အပင်များ.ခုတ်လှဲသင့်တဲ့အပင်ကိုခုတ်လှဲ..ပိုးချသင့်တဲ့အပင်ကိုပိုး ချ စသည့်ဖြင့်…တနေ့ကုန်..အလုပ်ရူပ်နေလေသည်။
.အိမ်ပြန်ရောက်တော့..သမီးဖြစ်သူက.ဆီးကြိုနေတယ်။
“အမေရယ်..မိုးချုပ်လိုက်တာ”

“ဟုတ်ပ..သမီးရယ်…ယာခင်းပိုးကျလို့…အဲ့တာ..လုပ်နေရတာ.နဲ့မိုးချုပ်သွားတယ်…”
“ဟုတ်လားမေမေ..ဒီဲလ လဲအသီးအထွက်နူန်း
နည်းမယ်ထင်တာပါပဲ…ဘာပဲဖြစ်ဖြစ်. အမေကို.
.ဒီလိုမျိုးတစ်ယောက်တည်း..ပင်ပင်ပန်းပန်း လုပ်နေတာသမီးဖြင့် မကြည့်ရဲ့တော့ဘူး.အမေကို
..ကူလုပ်ပေးမယ်…..”
“ပါတယ်ကွယ်.ကျောင်းစာသာကျတ်စမ်းပါ..
ညည်းပညာတတ်ဖြစ်တော့..ငါ.ပင်ပန်းရကျိုးနပ်ပါတယ်အေ။”
“မဟုတ်တာအမေရယ်…..ဘာပဲဖြစ်ဖြစ်. အိမ်လုပ်ငန်း.တော့.သမီးကူလုပ်ပေးမယ်…..
ကျောင်းပြီးလို့ဘွဲ့ရရင်တော့..မေမေ..ဒီလုပ်ငန်း
တွေမလုပ်နဲ့တော့နော်။ သမီးပညာကြီးဖြစ်လို့
အလုပ်ရရင် အမေကိုတလှည့် လုပ်ကျွေးပြုစုပါရ
စေအမေရယ်…”

သမီးဖြစ်သူရဲ့စကားကြောင့်.ဒေါ်ခင်မမ..ပီတိဖြစ်ရပြန်လေသည်။
“ကဲကဲ..ထမင်းစားကြမယ်..”
“ဟုတ်ကဲ့မေမေ…”
သဇင်တစ်ယောက် ထိုသို့ပြောပြီးထမင်းဟင်းများ
..ခူးခပ်ကာ..သားမိနှစ်ယောက်..ထမင်းလက်စုံစားကြလေသည်။ ထမင်းစားပြီး.သဇင်လည်း..
ကျောင်းစာများ ကျတ်မိလေသည်။အိပ်ချင်လာတာနဲ့..အမေကို စောင့်မနေတော့ပဲ..ဘုရာဝတ်ပြုပြီး..တချိုးတည်း အိပ်ပျော်သွားခဲ့လေသည်။

                 x x x x x

တိတ်ဆိတ် ငြိမ်သက်လှတဲ့ ညတစ်ညမှာ.. .

“ဝုတ်…..ဝုတ်…ဝု.တ်….ဝုတ်…”
“အူ.ဝူး…..အူ….ဝူး….”

နားမခံသာအောင်…ကြားလိုက်ရတဲ့…ခွေးဟောင်သံတွေနှင့်အတူ သဇင်တစ်ယောက်. အိပ်ယာကလန့်၍..နိုးလာခဲ့လေသည်။

“ဟင်”
အမေဘယ်ရောက်သွားတာလဲ..အိပ်ယာဘေးနား
မှာအမေမရှိတာ့ အနည်ငယ်စိတ်ပူမိလိုက်သည်။
ညကြီးမိုးချုပ်.. .အပေါ့အပါးထ၍..သွားသလား…အတွေးဖြင့်.ဆက်အိပ်လို့က မပျော်
.ခွေးတွေကလဲ..ဒီနေ့ကြမှ..အရမ်းဟောင်နေတာပဲ……ရွာထဲ.သူခိုးများကပ်လို့လား.တွေးတောနေအချိန်အခိုက်
“ဝုန်း..”..
“အမယ်လေး”
ဝုန်းကတည်း ဆောင့်ပိတ်လိုက်တဲ့..တံခါးသံကြောင့်..သဇင်တစ်ယောက် လန့်၍ ထအော်
လိုက်မိလေသည်။ “အမေ ဘာဖြစ်နေတာလဲဟင်
နေမကောင်းလို့လား” သဇင်အမေးကို အမေ
က ပြန်မဖြေပဲ…စောင် ခေါင်းမြီးခြုံ ပြီး…ပြန်အိပ်သွားတယ်လေ။ အမေအပြုအမူတွေကြောင့် သဇင်လည်း ဘယ်လိုမှ နားမလည်ဖြစ်မိလိုက်သည်။ သဇင်ကို..ဟိုနေ့က .ရန်ဖြစ်တဲ့ကိစ္စနဲ့ပဲ
စိတ်ဆိုးနေတာလား။ ဖြစ်နိုင်ပါဘူး အမေက
..သဇင်အပေါ်.. ဘယ်တုန်ကမှ စိတ်ဆိုးစိတ်
ကောက်..မရှိခဲ့ဘူး။ ကိုယ်ကသာ.ဆိုးတာ ။
ဒီနေ့ကြမှ အမေဘာဖြစ်တာပါလိမ့်..တွေးတော
ရင်းဖြင့်..အိပ်ကမပျော်။
“ဂျစ်…ဂျစ်….ဂျစ်…”
အသံကြောင့်…သဇင် ထ ထိုင်မိလိုက်လေသည်။
“ဘုရားဘုရား “အမေမအိပ်သေးပဲ.ဘာလုပ်နေတာပါလိမ့်.။အမေကတော့ စောင်ကြီးခြုံပြီး..
..တစ်စုံတစ်ခုကိုခြစ်နေပုံရသည်။
“အမေ ဘာလုပ်နေတာလဲမအိပ်သေးပဲ….
နေမကောင်းလို့လား…” သဇင်လည်း လေသံကျယ်ကျယ်ဖြင့် မေးတော့အမေက.ပြန်မဖြေ။
သဇင်လည်း.စောင်ကို..အသာဆွဲချလိုက်လေသည်။

“ဟင်..”

အမေ..က ဘေးစောင်းအိပ်ပြီး..ကြမ်းပြင်ကို..သူလက်သဲတွေနှင့်ခြစ်ကုက်နေလေသည်။ ထိုမြင်
ကွင်းကြောင့် သဇင်လည်း အမေကိုဘယ်လိုမှ
နားမလည်ဖြင့်နေမိလေသည်။

“ထပါအုန်း အမရဲ့…ခုဘာဖြစ်နေတာလဲ”

သဇင်တစ်ယာက်..ဒေါ်ခင်မမ ခါးအားကိုင်ပြီး…
လူပ်မေးကြည့်နေလေသည်။..ဒေါ်ခင်မမက တော့
ပြန်မဖြေပဲကုတ်နေတဲ့လက်သည်း တွေအသာ ရုတ်သိမ်းပြီးနောက်သို့လှည့်ကြည့်မိလိုက်လေသည်။

“အမယ်လေးတော် “

အကြည့်ချင်းစုံသွားတဲ့ သဇင်လည်း
အလန့်တကြားအော်လိုက်မိပြီး နောက်သို့
လဲကျသွားလေသည်။ ဒေါ်ခင်မမကတော့
အိပ်ယာက ထပြီး မတ်မတ်ရပ်လိုက်ပြီး
ဖြူဖပ်ဖြူရော် ဖြစ်နေတဲ့ အသက်မဲ့မျက်လုံး
နှစ်ဖက်ဖြင့်သဇင်အား မကျေမနပ် စိုက်ကြည့်
နေလေသည်။

“..အ အ..အ မေ….ဘာ…ဘာ…ဖြစ်..နေတာ..လဲ…ဟင်….သဇင်…..ကို..မနောက်…နဲ့..နော်……သဇင်..ကြောက်လို့ပါ”

“ခစ်ခစ်ခစ်”

ဒေါ်ခင်မမ..က….သဇင် ရဲ့.ထိတ်လန့်မူ မြင်ကွင်းကိုကြည့်ပြီး တခိ.ခိ…နှင့်..လှောင်ရယ်ပြနေလေ
သည်။…ပြီးတော့..တရွေ့ရွေ့…သဇင်.အနားသို့
တိုး..ကပ်..လာ..လေသည်။သဇင်တစ်ယောက်လည်း.မိခင်.ကြီး ဒေါ်ခင်မမ.အပြုအမူတွေကြောင့်…အရမ်းကြောက်လန့်မိသွားကာ..နောက်သို့…
လက်ဖြင့်..ထောက်ကာ..အသာဆုတ်မိလိုက်ပြီး…
ပတ်ဝန်ကျင် အား…အော်၍..အကူညီတောင်း
ပါတော့သည်။

“လာ..ကြ..ပါ..အုန်း…ရှင်..ကျွန်မအမေ..ဘာဖြစ်မှန်းမသိလို့ကယ်ကြပါအုန်း”

သဇင်…တစ်ယောက်..အော်ဟစ်အကူညီတောင်း
နေအခိုက်..ဒေါ်ခင်မမက…..သဇင် ကုတ်အား.
ဆွဲမလိုက်လေသည်။

အေးစက်နေတဲ့..ဒေါ်ခင်မမ..အထိအတွေ့တွေနဲ့အတူ..သဇင်.အော်သံတွေလည်း ခဏငြိမ်သက်သွားလေသည်။.ဒေါ်ခင်မမ.လက်က.အတင်းရုန်းဖို့သဇင်တစ်ယောက်ကြိုးစားနေမိတော့သည်။
အားအင်ချင်းမမျှတ၍..သဇင်..ခန္ဓာကိုယ်အားအပေါ်သို့မြှောက်တတ်သွားလေသည်။

ထိတ်လန့်မူမျိုးစုံဖြင့်…သဇင်တစ်ယောက်..လည်း ဘာမှမတတ်နိုင်တဲ့ အဆုံး..အော်ဟစ်သံတွေဖြင့်
ဆူညံစွာထွက်ပေါ်လာလေတော့သည်။

” အ..အမေ….လွတ်.လွတ်ပါ…သမီးကို…
အဲ့လိုမျိုးမလုပ်ပါနဲ့…အား.နာတယ်အမေ
သ.သမီး.အသက်.ရှူ..မဝ.တော့ဘူး….လွတ်ပါ….ကယ်ကြပါအုန်း…..အား….”

အသနားခံနေတဲ့…သမီးတစ်ယောက်ရဲ့.
အပြုအမူကို ဒေါ်ခင်မမ…တစ်ယောက်….
သတိလက်လွတ်စွာဖြင့်..တဟား..ဟားနဲ့…ရယ်မောလိုက်.လေသည်။

“နင် ကို…သတ်…မယ်.
ဟားဟား.. ဟားးဟား………”

ထိုအချိန်..တစ်စုံတစ်ယောက်…ဒေါ်ခင်မမအား..ပုတီးကုံးဖြင့်…စွပ်ပေးလိုက်သည့်နဲ့.တပြိုင်နက်…သဇင်အား.လက်က.လွတ်ချပြီး..ကြမ်းပြင်ပေါ်သို့လူးလှိမ့် ကာ.အော်ဟစ်နေမိတော့သည်။

“အား..ပူ.တယ်…ပူတယ်..ချွတ်ပေးပါ”

သဇင်လဲ..လွတ်မြှောက်သွားနှင့် တပြိုင်နက်
ထို..အမျိုးသားကြီးနဲ့အမျိုးသမီးတစ်ဦး
ဆီသို့..အားကိုးတကြီးဖြင့်ပြေးလိုက်မိလေသည်။.

“ဦးလေးတိုး……အန်တီလေး..
သမီးအမေကို..ကယ်ပါအုန်း…အဟင့်အင်..
အမေ.ဘာဖြစ်တာလဲ မသိဘူး….”

“အေး..သမီး…ဘာမှမပူနဲ့….ဦးလေးတိုးတို့ရှိတယ် .စိတ်အေးအေးထားပါ…ခုသမီးအမေကို
အပဝင်နေတာ”
“ရှင်”

သဇင်လည်း ကြောင့်လန့်တုန့်လူပ်မိတာထက်
အမေအတွက်ပို၍ စိတ်ပူမိ‌လေသည်။
“သမီးမေမေကို..ကယ်ပါအုန်း..ဦးလေးတိုးရယ်
အဟင့်အင်း…”
.သဇင်လည်း ငိုရိူက်သံနှင့်အတူ  ထပ်မံ.. အကူညီတောင်းနေမိတော့သည်။

ဦးလေးတိုးက…တည်ငြိမ်စွာဖြင့်ဘုရား.ပရိတ်ရေဗူးအား သူမိန်းမအားသွားယူခိုင်းလိုက်လေသည်။
ပရိတ်ရေဗူး..ရလာတော့ လက်ထဲသို့ကိုင်ထားကာ
‌အေ်ာဟစ်နေတဲ့.ဒေါ်ခင်မမဆီသို့..တိုးကပ်မိလိုက်လေသည်။

“သင်…ဘယ်သူလဲ….
ဘာကြောင့်နှောက်ယှက်တာလဲ…ပြောစမ်း”

ဦးတိုးတိုးအမေးကြောင့် ဒေါ်ခင်မမ.က
မျက်တောင်ရဲရဲကြီးဖြင့် လှန်းကြည့်လိုက်
လေသည်။
“ငါ…နာမည်ပေသီးကွ…ငါ့ကို အသားစိမ်းကျွေးမယ်ဆိုပြီး..ခေါ်လာလို့ သင်္ချိုင်းကနေ လိုက်လာတာ..”
“ဟေ”
ကြားလိုက်ရတဲ့စကားကြောင့်.ဦးတိုးတိုးတို့ဇနီးမောင်နှံအပါအဝင် သဇင်လည်း အံ့အား
သင့်ဖြစ်မိလိုက်သည်။

“နေစမ်းပါအုန်း မင်းကိုဘယ်သူက ကျွေးမယ်ပြောပြီး ခေါ်လာတာတုန်း….”

ဦးတိုးတိုးကမေးကြည့်တော့….ပေတိုးသရဲ
အပူးခံရတဲ့.ဒေါ်ခင်မမက..တောင်ဘက်အိမ်
သို့လက်ညိုးထိုးပြလေတော့သည်။
“မိအေးက..ခိုင်းတာ..ငါ.က်ို…..သူ့သမီးကိုသတ်ပေးရင် အသားစိမ်းကျွေးမယ်ပြောလို့.အခုလိုလုပ်တာ…”

“ဗုဒ္ဓေါ.. ”
“..ဘုရား..ဘုရား….´”
ဦးတိုးတိုး.တို့ ဇနီးမောင်နှံဘုရားတမိသလို…
သဇင်တစ်ယောက်လဲ..အရမ်းထိပ်လန့်.တုန့်လူပ်
သွားမိခဲ့တာအမှန်…။
.
ဦးတိုးတိုးက..ဘာကြောင့်လုပ်ခိုင်းတယ်မေးတော့…”ဒါတော့..ငါ.ဘယ်သိမလဲ…´´

“အေးကောင်းပြီး.. မင်းလဲ..ဘာအနှာက်ယှက်မှ
ထပ်မပေးနဲ့တော့..ကိုယ်စားရဖို့သူများဒုက္ခရောက်အောင်လဲ..မလုပ်နဲ့ကွာ.မင်းလဲ..ဒေါ်ခင်မမ ခန္ဓာကိုယ် ကနေခုချက်ချင်းထွက်ခွာပေးပါ။
မဟုတ်ရင် ငါအဆိုးမဆိုးနဲ့ “ပြောပြီး ကိုင်ဆောင်ထားတဲ့ရေမန်းဖြင့်..ပတ်ဖြုန်းမိလိုက်လေသည်၊
`”အား.”
အားကတည်း.. ´´ဒေါ်ခင်မမ.အော်လိုပြီး ကြမ်း
ပြင်ပေါ်သို့  လှဲကျ၍ငြိမ်သက်သွားသည်။
ခဏအကြာ ဒေါ်ခင်မမသတိရလာတော့။
အကြောင်းအစုံကိုဦးတိုးတိုးက.မေးမြန်းကြည့်တော့.သည်။

“ဖြစ်စဉ်က.ဒီလိုပါရှင့်… ည ကခွေးတွေ..အရမ်း
အူနေတော့သူခိုးကပ်တာလားဆိုတဲ့..အတွေးဖြင့်
အိမ်ပေါ်ကဆင်းလာတာ..ခြံထဲဆင်းကြည့်မိတယ်။.နောက်ခြံစည်းရိုအနားရောက်တော့..
ကျွန်မကို.အရိပ်တစ်ခုခုစိုက်ကြည့်နေတာကို
သတိထားမိလိုက်သည်။ ကျွန်မလည်း ကြောက်ကြောက်နဲ့ ဘုရားစာရွတ်ဖို့မေ့သွားတယ်လေ။
နောက်ကို လက်နှိတ်မီးနဲ့ ထိုးကြည့်တော့ အမယ်လေးတော် နည်းတဲ့အကောင်ကြီး မဟုတ်ဘူး။
အဆွယ်ကြီးက ပြူးပြူး အမွှးတွေကလည်း အရှည်ကြီးပဲတော်  ။ ကျွန်မလည်း ကြောက်ကြော်နဲ့အော်လိုက်ပြီးလှဲကျသွားတော့တာပဲ။”

ထိုစကားကို ကြားရတော့ အားလုံးလည်း
ကြက်သီးတော့ထမိလိုက်သည်။

“ဒါနဲ့..အခုဘာတွေဆက်ဖြစ်သေးလဲ”
ဒေါ်ခင်မမက..ဆက်လျက်မေးမြန်းကြည့်တော့…
ဦးတိုးတိုး ကပဲ..အကျိုးအကြောင်းပြောပြနေမိတော့သည်။ အကြောင်းအစုံသိရတော့..ဒေါ်ခင်မမ.ရင်တမမဖြစ်မိလိုက်သည်။
“ကံ.ကောင်းလိုက်တာ..ငါသမီးလေး…ကြည့်စမ်း..
ဦးတိုးတိုးတို့လင်မယား..လာကယ်လို့ပေါ့..
နောက်မို့ဆို….မတွေးရဲစရာပဲရှင်….အခုလို
ကူညီပေးတဲ့အတွက်လည်းကျေးဇူးတင်လိုက်တာရှင်..”ဒေါ်ခင်မမ ကျေးဇူးတင်မဆုံးဖြစ်နေမိတော့သည်။
“.မိအေးက..ဘာကြောင့် ဒီလိုယုတ်မာရတာလဲ..”
ဦးတိုးတိုးကမေးမြန်းလိုက်လေသည်။

“ဖြစ်စဉ်ကဒီလိုပါ..။ မနေ့မနက်က.ကျွန်မမရှိတုန်း..အကြီးအကျယ်.ရန်ဖြစ်ကြတယ်လေ။ကျွန်မသမီးနဲ့.မိအေးပေါ့။ ကျွန်မအထင်ပြော
ရရင် မိအေးက ဒါကိုအခဲမကြေဖြစ်ပြီး အခုလို
လုပ်တာများလား…”ဒေါ်ခင်မမ..ပြောပြတော့မှ ..ဦးတိုးတိုးတို့ဇနီးမောင်နှံလည်းနားလည်သဘာပေါက်သွားခဲ့လေသည်။
မနက်ရောက်တော့..ဖြစ်ရပ်တဲ့အကြောင်းကို
ရွာလူကြီးအားအကြောင်းစုံပြောပြပြီး…
မိအေးတို့အား..အောက်လမ်းပညာသုံးခြင်းဖြင့်.
ရွာကနေ.အပြီးမောင်းနှင်လိုက်ကြတော့သည်၊၊

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး..သဇင်တစ်ယောက်လည်း ကိုယ်၊နူတ်အမူယာပြုပြင်ပြောင်းလဲ။သွားခဲ့လေတော့သည်။

(ဖြစ်ရပ်မှန်)ဇာက်လမ်းလေးဖက်ပြီးရင်..
သင်ခန်းစာ တစ်ခုရပါစေ။👏👏👏

လိုအပ်ချက်ရှိရင်လည်း
ဝေဖန်အားပေးကြပါနော်။

လိုအပ်ချက်များစွာဖြင့်….
စာရေးသူ✏ #အလင်းရောင်