တကလေးတွေကိုဘယ်/ညာ လက်နှစ်ဖက်စလုံးနှင့်ဖမ်းပြီး ပလိုင်းထဲ တွင်တွင် ထည့်နေလေရဲ့ …။ သူတို့ စာကလေးဖမ်းပုံဖမ်းနည်းက တောဓလေ့ပေမယ့် ပညာ သားတော့ အပါသားဗျ … ရွာမှာက ကျွဲတွေကို ကိုင်းတောထဲ လွှတ်ကျောင်းကြတာ၊ တစ်လ ကိုးသီတင်းထားပြီး သစ်ဆွဲ၊ ငါးဆွဲ အသုံးလိုမှ ကိုင်းတောထဲ သွားရှာကြတာ။ရှာတော့လည်း လွယ်ပါတယ်။ ကျွဲတိုင်းရဲ့လည်ပင်းမှာ သစ်သားခလောက်ကြီးတွေ ဆွဲပေးလိုက်တာမို့ …ခလေက်သံကြားတာနှင့် သူ့ ့ကျွဲ၊ ကိုယ့်ကျွဲ ဘယ်နေရာ ရောက်နေတယ်ဆိုတာ သိကြတယ်လေ။ ဒီလို၊ ကျွဲပိုင်ရှင်က ကျွဲခလောက်သံ မှတ်ထားသလို၊ ကိုင်းတောထဲမှာ ...
သူ့ကို တခြားသူတွေ အနိုင်ကျင့်ပြီး တခုခု ဖြစ်နေသလား ဒါမှ မဟုတ် ကျမကို ပဲ စိတ်ကုန်လို့ ထားသွားတာလား ကျမကတော့ နှစ်မျိုး လုံး စိတ်ပူနေရတယ် “ “ခင်မေ နင်က တော်ရုံ မအိုတော့မဲ့ ကဝေပျံ၊နင့်အကောင်က နင့်မြစ်လောက်ရှိတာတောင်အခု အိုနေပြီ နောက်ဆို သူက သေရမှာ အဲ့ အချိန် နင်ဘယ်လို လုပ်မလဲ “ “အမေ ကျမ ပုံမှန်လူတွေလိုနေချင်တယ်၊ကျမ ချစ်ခင်ရတဲ့ သူတွေသေတာကို ကျမ အကြာကြီး ...
ဆန်စက်၊ဆီစက်ပိုင်ရှင်သူဌေးသူကြွယ်များဖြစ်ကြသည်။ ဇော်မိုးတွင်မွေးချင်းအစ်ကိုတယောက်၊အမတယောက်ရှိကာဇော်မိုးက အငယ်ဆုံးဖြစ်သည်။ ဇော်မိုးမိဘများမှာသားသမီးသုံးယောက်အိမ်ထောင်ကျသောအခါအမွေများကိုညီတူ၊ညီမျခွဲဝေပေးလာသည်။ သားသမီးသုံးယောက်တွင်ဇော်မိုးမှာ စီးပွားရေးအမြင်ရှိသူအဖြစ်အားလုံးသတ်မှတ်ချီးကျုးခံရသည်။ ရရှိလာသောအမွေများကိုအရင်းတည်ကာ မြေပဲဝယ်လှောင်၊စပါးဝယ်လှောင်ကာ ကိုယ်တိုင်ကြိတ်ခွဲပြီးကုန်သည်ပွဲစားများကိုရောင်းချရာ သူဝယ်လှောင်စဥ်စျေးထက်နှစ်ဆကျော်ခန့်အမြတ်ရပြီး စီးပွားရေးမှာတစ်နေ့တခြားတိုးတက်လာသည်။ သုံးလေးနှစ်ခန့်အတွင်း ကံဇာတာကလည်းကောင်း စည်းစနစ်ကျကျလည်းလုပ်ကိုင်တတ်သူမို့စီးပွားရေး တက်လာခြင်းဖြစ်သည်။ ဇော်မိုးဇနီးမယားအမည်မှာမေသူဟု အမည်ရပြီးသူတို့တွင်သားတယောက် သမီးတယောက်ရှိသည်။ ဇော်မိုးဇနီးမေသူမှာ မဲဇလီရွာသူမဟုတ်ပဲ ပဲခူးရိုးမတောင်ခြေအနီး ထန်းနှစ်ပင်ရွာသူတယောက်ဖြစ်သည်။ ဇော်မိုးမှာစီးပွားရေးလုပ်ငန်းကိုတိုးချဲ့ ရန်စဥ်းစားရာ ဇနီးမယားရွာတွင်စီးပွား ရေးလုပ်ငန်းတိုးချဲ့ရန်ကြံစည်စိတ်ကူး ရန်နေရာရှာရာ ဆီစက်၊ဆန်စက်တည်ထောင်သူမရှိသည့်ဇနီးမယားရွာ ထန်းနှစ်ပင်တွင်တည်ထောင်ရန်စိတ်ကူးရှိနေသည်။ မေသူအမျိုးများကလည်းတရွာလုံး နီးပါးမို့ သူ့စီးပွားရေးကိုနှောင့်ယှက်ရန် ပြုမည့်သူအတွက်စိတ်ပူရန်မလိုသည့်အတွက်ပို၍အဆင်ပြေနေသည်။ ထို့ကြောင့် ထန်းနှစ်ပင်ရွာတွင်မြေနေရာတည်ရန်နေရာလိုက်ရှာရာ ကျယ်ဝန်းသောမြေနေရာတခုသွားတွေ့သည်။ စက်ရုံတည်ရန်၊ အလုပ်သမားတန်းလျားဆောက်ရန် ၊ ကုန်ပစ္စည်းများ ...
မေးမြန်းခဲ့သော်လည်း ကလေးငယ်လေး၏မိဘများမှာ မည်သူမည်ဝါဟူ၍ မပေါ်ပေါက်ခဲ့ပေ။ ထို့ကြောင့် သားသမီးမထွန်းခဲ့သော် ဦးကြွက်နှင့်ဒေါ်ငြိမ်းတို့သာလျင် ထိုကလေးငယ်လေးအား မွေးစားထားခဲ့ရပေတော့သည်။ မိမိတို့မှာမူ တစ်နေ့လုပ်မှ တစ်နေ့စားများဖြစ်သည်ကြောင့် မွေးစားထားခဲ့သော ကလေးလေးကိုပင် နို့မှုန့်ဟူ၍ မတိုက်ကျွေးနိုင်ပဲ၊ မိမိတို့မွေးမြူးထားခဲ့သည့် ဆိတ်မကြီးထံမှ ရရှိလာသော ဆိတ်နို့ကိုသာလျင် တိုက်ကျွေးနေခဲ့ရလေသည်။ “မငြိမ်း… ကလေးက ငိုလှချည်လားဟ။ နို့ရော တိုက်ရဲ့လား ဒီနေ့…။” “တိုက်ပါတယ်တော်…။ ရှင့်ကလေးက နို့ကုန်တာနဲ့ ငိုတော့တာပဲတော့… ကျွန်မလည်း အမျိုးမျိုးချော့တာပဲ ချော့လို့ကိုမရဘူး။’ “သွားပါဦးအေ… နို့ရှိသေးရင် နည်းနည်းလောက် နို့ဘူးထဲ ထည့်လာခဲ့ပါဦး။” ဦးကြွက်တစ်ယောက် ...
ဆွဲပြီးနှိပ်သွားတာဗျာ၊ ကျုပ်ဖြင့် အနှိပ်ခံလို့ကောင်းလို့ မျက်လုံးကလေးကိုစင်းနေတာပဲ၊ ဒီအချိန်မှာ အဖေက ကျုပ်ကိုကြည့်ပြီးတော့ မျက်စောင်းခဲပြတယ်ဗျ၊ သူလည်း တစ်လှည့်အနှိပ်ခံမယ်ပေါ့ဗျာ၊ ဒါနဲ့ပဲ ကျုပ်လည်း “ရပြီ၊ ရပြီ ဦးကြီး . . တော်လောက်ပြီ၊ ကျုပ်အဖေလည်း နှိပ်ပေးစမ်းပါဗျာ၊ ကျုပ်အဖေက ဒီရွာရဲ့သူကြီးဗျ၊ တစ်နေကုန်ရပ်အကျိုး ရွာအကျိုးတွေကို ဒီကွပ်ပျစ်ကနေ မနားတမ်းထမ်းဆောင်နေတာဆိုတော့ ညောင်းနေရောပေါ့ဗျာ” ကျုပ်စကားရှည်လိုက်တော့ အဖေကကျုပ်ကို မျက်စောင်းထိုးတယ်။ မောင်အေးကလည်း လူလည်ပါ၊ စကားပြောတာညက်တယ်။ “အို သူကြီးလား၊ သူကြီးမင်းအတွက်ဆိုရင်တော့ မောင်အေးတို့က စပါယ်ရှယ်ကို ပြုစုအုံးမှာ” မောင်အေးက ...
ထွတ်သံယိုထိ ရိုက်ပုတ်နှိပ့်စက်တတ်လာတယ် ။ ဒီလိုဖြစ်နေတဲ့ ကြားထဲ ချီးကျူးစရာ လေးစားစရာကောင်းသည့်က ခင်သုန်ရယ် ။ သူမယောကျာင်္ ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ မိန်းမဝတ္တရားတွေ ကျေပွန်အောင် ပြုမူနေထိုင်ခဲ့တယ် ။ သူမက ဒီလိုသည့်ခံလေ ထွန်းထွန်းဦးက ရောင့်တတ်လာလေပဲ ။ခင်သုန် အိမ်ထောင်ရေး ကံမကောင်းလှ ။ လင်ဆိုးမယား တဖားဖား ဖြစ်ခဲ့တယ် ။ အစပိုင်းတုန်းက ထွန်းထွန်းဦး ပြောင်းလဲလာမလားရယ်လို့ မျော်လင့်မိသေးတယ် ။ ဒါပေမယ့် ထွန်းထွန်းဦးက ထွန်းထွန်းဦးလေ …လူမိုက်က လူမိုက်ပါပဲ ။ ဘာမှာကွဲပြားမသွားဘူး ...
ပင်ပန်းဆင်းရဲ ပေဦးမည်။အဘယ်ကြောင့်ဆိုသော် ယောက်ကျာ်းဖြစ်သူ စောစောဆုံးပါးသွား၍ လူမမယ် ကလေးတယောက် နှင့် ရုန်းကန်လာခဲ့ရ သောကြောင့်ဖြစ်၏ ၊၊တပင်လဲ မူ တပင်ထူ ဆိုသော ရှေးစကားကို ပယ်ရှားကာ ပထွေးသည် ဆယ်ယောက်တယောက်သာ ကောင်း၏ ဟုတွေးပြီး သားဖြစ်သူအား ပထွေးဖြင့် မနေစေလိုသောအကြောင်း ကြောင့်လည်း နောက်ထပ် အိမ်ထောင် မပြုခြင်းဖြစ်သည် ၊၊ ယခုတွင်တော့ လောကဓံကို ခါးစောင်းတင်လာသော မုဆိုးမကြီး အရီးပျိုသည် အိပ်ယာထဲတွင် အားမတန်လို့ မာန် လျော့နေသောဟန် ဖြင့် လှဲအိပ်နေလေသည်။ ထိုအဖြစ် ထိုမြင်ကွင်းအား ...
နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ကျသွားသလိုလိုနဲ့ လုံးဝပျောက်သွားတာဆိုပဲဗျ။ ကိုမင်းနောင်တို့ မခင်သက်ဝေတို့ ဘွဲ့ရပြီးတော့ မခင်သက်ဝေက မြို့မှာ ပဲ ဆရာမပြန်လုပ်တယ်။ ကိုမင်းနောင်ကတော့ မန္တလေးသွားပြီး ပန်းချီလုပ်ငန်းလုပ်တယ်။ တစ်ခုတော့ပြောရဦးမှာဗျ။ တက္ကသိုလ်နေတုန်းမှာပဲ ကိုမင်းနောင် နဲ့ မခင်သက်ဝေက ချစ်သူတွေဖြစ်သွားကြတယ်တဲ့။ ကိုမင်းနောင်ကလည်း ပန်းချီအကျော်အမော်တစ်ယောက်ဖြစ်လာတော့ အတူနေဖို့ငွေစုနေကြတာ တဲ့ဗျ။ ဒီအချိန်မှာ ကိုထိုက်အောင်ပြန်ရောက်လာတာတဲ့ဗျို့။ ပြောစရာတစ်ခုရှိသေးတယ်ဗျ။ မုဆိုးမအမေသုံးယောက်ထဲမှာ ကိုမင်းနောင်ရဲ့အမေဒေါ်လှရီက ဈေးထဲမှာအထည်ဆိုင်ကြီးနဲ့အထည်ရောင်း သတဲ့ဗျ။ မခင်သက်ဝေရဲ့အမေဒေါ်ဝင်းနွယ်က ဈေးထဲမှာကုန်ခြောက်ဆိုင် နဲ့ကုန်ခြောက်ရောင်းတာတဲ့ဗျ။ ကိုထိုက်အောင်ရဲ့အမေဒေါ်စိန်မေကတော့ မျိုးရိုးလိုက်ချမ်းသာတာဆိုပဲ။ အမွေတွေသုံးမွေလောက်ခံရတာတဲ့ဗျ။ ရွာတွေ မှာလည်း ဘိုးဘွားပိုင်ယာတွေမှ ...
အဲဒီလက်ကိုပါ ပုတ်ချပြီးတော့ ဆက်ပြေးတော့တာပေါ့ဗျာ။ ခြေဦးတည့််ရာပြေးရင်း ဘယ်ကိုရောက်လို့ ဘယ်ကိုပေါက်ကုန်မှန်းလည်း မသိပါဘူးဗျာ၊ မောလို့ နားလိုက်ရတယ်၊ နားနေရင်း ဟိုးအရှေ့က ဆီမီးခွက်အရောင်ကလေးလှမ်းတွေ့တယ်ဗျ။ ကျုပ်ဖြင့်ပျော်သွားတာပဲ၊ ဆီမီးခွက်ရှိရင် လူရှိတာကြိမ်းသေပဲမဟုတ်လား၊ ဒါနဲ့ ဆီမီးခွက်အလင်းရောင်အနောက်ကို ခပ်မြန်မြန်ပြေးလိုက်လာခဲ့တာပေါ့ဗျာ။ ပြေးလာရင်းနဲ့ မီးရောင်ကတဖြည်းဖြည်းနီးလာတယ်ဗျ၊ အနားရောက်တော့အိမ်ကလေးတစ်အိမ်ကိုတွေ့ပြန်ပါရော၊ အိမ်ရှေ့မှာဆင့်ကလေးထိုးထားပြီးတော့ ဆင့်အပေါ်မှာ အဘွားကြီးတစ်ယောက်က ဒူးတစ်ဖက်ထောင်ပြီးထိုင်နေတယ်၊ ကျုပ်လည်း အဘွားကြီးကိုတွေ့တော့ အားကိုးတကြီးနဲ့အမြန်ပြေးဝင်ခဲ့တာပေါ့ဗျာ။ “အမေကြီး၊ ကျုပ်မောလာလို့ ဒီမှာခဏနားခွင့်ပြုပါ” အဘွားကြီးက ကျုပ်ကိုကြည့်ရင်း “နားပါတော်၊ နားပါ၊ ခဏမကလို့ တစ်သက်လုံးနားရင်လည်း စိတ်မဆိုးဘူး” အဘွားကြီးစကားကြားရတာကတော့ တစ်မျိုးပဲဗျ၊ ...
သေသေချာချာ အိပ်ပြီးတော့ကို စောင့်တာတဲ့ဟေ့၊ညသန်းခေါင်ကျော်လောက်ရောက်တော့ မီးဖိုခန်းထဲက အိုးသံခွက်သံတွေကြား လို့ တံခါးဖွင့်ကြည့်လိုက်တယ်တဲ့ဟေ့” “ဟင်……ဘာမြင်လို့တုံးကွ စံဘော်ရ” “အကောင်ကြီးတဲ့ကွာ၊နဲတာကြီးမဟုတ်ဘူးဆိုပဲ၊ အရီးမြတင် ပြောတာကတော့ ဆင်ကြီးတစ်ကောင် မတ်တပ်ရပ်နေသလိုပဲတဲ့ဟေ့၊တစ်ကိုယ်လုံး အမွှေးအမျှင်တွေ ဖုံးနေတာတဲ့ကွ၊လက်သည်းခြေသည်းတွေက သံကောက်ကြီးတွေတပ်ထားသလိုကို ဖြစ်နေတာတဲ့ ဟေ့၊မျက်လုံးကြီးတွေဆိုတာ ရဲတောက်နေတာဆိုပဲ၊ ပါးစပ်ကြီးဖြဲပြီး ဝက်သားတုံးတွေကို လက်ခုပ်ကြီးနဲ့ ကျုံးကျုံးပြီး ထည့်နေတာတဲ့ကွ” “ဟေ………အရီးမြတင်က ဘာလုပ်လိုက်တုံး” “ဟာ တာတေရာ၊အရီးမြတင်က လုပ်ဖို့နေနေသာကွာ၊အောင်မယ်လေး သရဲကြီးတော့လို့ ငယ်သံပါအောင် အော်ပြီး လဲကျသွားလိုက်တာ သတိကို မရတော့တာဟေ့ သူ့အိမ်သားတွေလည်း အိပ်ရာက နိုးလာပြီး အပြေးအလွှားရောက်လာကြတာပေါ့ကွာ။သူတို့ ...