မို့လားကွာ ” ” ဟုတ်တာပေါ့ဗျာ. ကိုဘပွားတို့ညီအစ်ကိုက အဖေကြီးကိုတော်တော်ဂရုစိုက်ကြတာပါဗျာ။ဒါနဲ့ ဘိုးစံဖေကြီး နေကောင်းရဲ့မဟုတ်လား ” “ဆုးံသွားပြီ တာတေရဲ့ ” “ဗျာ ဘယ်တုန်းကလဲ ကျူပ်ဖြင့်သတင်းမကြားရပါလားဗျာ ” “မနေ့က ရက်လည်တာကွ. သတင်းမကြားဆိုရက်လည်းမထားဘူးလေကွာ.အားချင်းပဲသဂြိုဟ်လိုက်တာ ” “အို ဘာဖြစ်လို့တုံးဗျ ” ” တာတေရ။ရွာထဲက လူတချို့က သူတို့ရွာကိုငါတို့ပြောင်းလာတာ သိပ်မကြိုက်ကြဘူးကွ ” ” ဟ ဘာလို့တုံး ” “အဖေက ရူးနေတာကိုးကွ။ သူတို့ရွာကို အရူးပြောင်းလာတယ်ဆိုတော့ မကြိုက်ကြဘူးကွ။ အခုလည်း အရူးသေတယ် ...
ဘွားမယ်လှတို့ယာပေါ့ကွ” “အဲဒီယာထဲမှာ ခြေရာကြီးတွေ့လို့ဗျ” “ဘာခြေရာတုံးကွ ကျောက်ခဲရ” “ဟ ယာထဲမှာ လူခြေရာတွေ့တာ ဆန်းလို့လားကွ ကျောက်ခဲရ” “ဟာ …ဆန်းပါပြီလားဗျာ ခြေရာက လူခြေရာ ဆိုပေမယ့် တစ်တောင်လောက် ရှိတာဗျ။ ဒါလူကြီးလက်နဲ့ တိုင်းတာနော်။ ကျုပ်လက်နဲ့ တိုင်းကြည့်တာတော့ တစ်တောင်ကျော်တယ်ဗျ” “ဟေ မင်း ရောက်ပြီးသွားပြီလား ကျောက်ခဲရ” “ဟာ ရောက်ပြီးပြီပေါ့ဗျ။ထနောင်းကုန်းက တာတေ့တပည့် ကျောက်ခဲပဲဗျာ ရှေ့ဆုံးကပေါ့” “အင်း ဒီသတင်းကို တို့ရွာသားတွေ သိသွားကြပြီလားကွ” “သိလို့ပဲ တစ်ရွာလုံး သွားကြည့်ကြပြီးပြီဗျ။ မကြည့်ရသေးတာဆိုလို့ ကိုကြီးတာတေပဲ ...
ငါတို့ရွာသားတွေလယ်ကို ငါတို့ငါးရှဉ့် ထောင်တာ ဘယ်သူ့ဂရုစိုက်ရမှာလဲ” “ဟားဟား ဟားဟား ဟားဟား မင်းကလည်း တော်တော်သတ္တိကောင်းပါလား” “ငါကြောက်တာအိမ်ကမိန်းမပဲရှိတယ်” “အေး မင်းကတော်တော် သတ္တိကောင်းတော့ ငါလာရတာ ပေါ့ကွာ” သာနိုးသည်အသံလာရာဘက်သို့ ဂရုတစိုက် ကြည့်နေသည်။ သူ၏စိတ်ထဲတွင်တော့ သူ့လိုငါးရှဉ့်ထောင်သော တခြားရွာသားတစ်ယောက်မှ စနောက်နေသည်ဟု ထင်ထားမိသည်။ထို့ကြောင့် ကြောက်စိတ်တို့ကင်းမဲ့နေပြီး အလုပ်ပျက်သည်ဟု တွေးကာ စိတ်တိုဒေါသထွက်နေမိသည်။မကြာသောအချိန်တွင် ခြေသံများသည် နီးသထက်နီးလာပြီး သူ၏အနားသို့ ရောက်လာ၏။ ခြေသံသည်သာကြားရပြီးရုပ်အား မမြင်ရသောအခါ သာနိုးပါးစပ်အဟောင်းသားဖြစ်မိ၏။ထို့နောက် ကြောက်စိတ်တို့သည် ဒီရေအလားတိုးလာကာ ...
ကျုပ်ကို ပြုံးပြီမေးတာဗျ။ “ဟုတ်တယ် မောင်တာတေရဲ့ ဆေးလိပ်ဆိုတာကလည်း ကိုယ်သောက်နေကျ တံဆိပ်ပဲ သောက်လို့ရတာကွဲ့ ဆေးစပ်ပြောင်းလိုက်ရင် ချောင်းဆိုးရောကွဲ့ ကျုပ်လည်း အဘဆရာပွါးကြီးဆီမှာ ပညာယူတုန်းဆိုရင် နဂါးပဲ သောက်ခဲ့တာ။ ပခုက္ကူမှာက ဆေးလိပ်ကို စုံလို့ ဒါပေမယ့် ကျုပ်က နဂါးပဲ သောက်ခဲ့တာ” “အစ်ကို ဘဝင်းကို ပြောရဦးမယ် ဟောဒီမောင်တာတေက ကျုပ်နဲ့ မတွေ့ခင်ကတည်းကအစ်ကိုနွံဖနဲ့ တွေ့တာဗျ” “ဟေ…ဟုတ်လား မောင်တာတေ အစ်ကိုနွံဖဆိုတော့ ကျုပ်တို့ ဆရာတူ တပည့်တွေထဲမှာ အကြီးဆုံးကွဲ့ ကျုပ်တို့ အားလုံးရဲ့ အစ်ကိုကြီးလို နေလာတာ ...
တွေကြောင့် တစ်ခါတည်း ကလေးနှစ် ယောက် ကြားထဲမှာပဲ နှစ်နှစ်ခြိုက်ခြိုက် သူမလည်းအိပ်ပျော်သွားခဲ့လေတော့သည်။ မနက်မိုးသောက်မလင်းခင် ငွေတာရီက အစောဆုံး အိပ်ရာကထလိုက်ပြီး သားနဲ့သမီးအားနိုးကာ စောဦးစွာ.ထွက်လာခဲ့သည်။ အစားပေါကြွယ်လှတဲ့ ရွာဦးကျောင်းဘက်သို့ ထွက်လာသော်လည်း သူ့မထက်အရင်ရောက်နေကြတဲ့ သူတွေ အများကြီးတွေ့ရတော့ ငွေတာရီလည်းမျက်မှောက်ကြုတ်လိုက်ပြီး.. ” ကဲ..သားနဲ့သမီး.လာလာ…. ဟို အပင်အရိပ်နားက စောင့်နေနော် အမေ ကျောင်းအောက်ဘက်အစာ သွားရှာအုန်း.မယ်..အမေမလာ မချင်း..စောင့်နေ..” သားဖြစ်သူက သူ့ဗိုက်ကလေးပွတ်ရင်း “အမေ..မြန်မြန်ပြန်လာခဲ့နော် သားဗိုက်အရမ်းဆာ နေပြီး” .”အေးပါသားရယ်….သမီး..လဲ.မောင်လေးကို ဂဂုစိုက်အုန်းနော်” “ဟုတ်ကဲ့အမေမေ..” သားနှင့်သမီးကို တတွတ်တွတ် မှာကြားပြီး ...
ဇာတ်လမ်းတွေ ဖတ်လို့ရတဲ့ ဂရုတွေမှာ စမ်းရေးကြည့်ရင်းနဲ့ အထိုက်လျောက် လူသိများလာတဲ့ သဘောပါ ။ စာရေးဆရာလို့ အမည်ခံထိုက်သူတော့ မဟုတ်ပါဘူးဗျာ။ ကားဆရာကို တစ်ခု တောင်းပန်ထားရဦးမယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျနော့်ကို ဆရာလို့ မခေါ်ပါနဲ့လား ။ ကျနော့်နာမည်က ထက်နိုင် ၊ အွန်လိုင်းမှာတော့ ပီပီ(မန္တလေး)ဆိုတဲ့ အမည်နဲ့ စာရေးပါတယ်။” ကားဆရာက ဖော်ရွေသည် မှန်သော်လည်း ပွင့်လင်း၏။ ” အော် စိတ်မရှိပါနဲ့ဗျာ။ အဲ့ဒီနာမည်တော့ ကျနော် မဖတ်မိဘူး။ ကျနော်က တာတေတို့ မဖဲဝါတို့ အဖတ်များတယ်၊ ...
အထူးဂရုစိုက်တတ်ကြလေသည်။ ကိုပြည့်လည်းနွားများအား ဂရုတစိုက်အစာကျွေး၊ရေတိုက်နေသည့် အချိန်……… “ငပြည့်ရေ ငပြည့် ဟေ့ကောင်ငပြည့်” “ကျော်မောင်ပါလားဟဲ့ နင့်သူငယ်ချင်းငပြည့်က အိမ်နောက်မယ် နွားစာကျွေးနေတယ်ကွဲ့” “ဟုတ်အရီးမြရေ ဒါဆိုကျုပ်နောက်ဖေးလိုက်သွားလိုက် အုံးမယ်ဗျာ” “အေးအေး” ကိုကျော်မောင်လည်းအိမ်နောက်ဘေး သို့ဝင်လာခဲ့တော့သည်။ အိမ်နောက်ဘေးရောက်သည်နှင့် နွားများနှင့်အလုပ်ရှုပ်နေသော ကိုပြည့်အားမြင်တွေ့လိုက်ရသည်။ “ဟေ့ကောင်ငပြည့် အလုပ်ရှုပ်နေတာလားကွ ” “ဟာ ကျော်မောင် ငါ့ဆီလာလည်တာလားကွ ” “အေးဟုတ်တယ် သူငယ်ချင်း” “လာကွာ ဟိုပိတောက်ပင်အောက် သွားပြီးအေးဆေးစကားပြောကြတာ ပေါ့။ ကိုပြည့်နှင့်ကိုကျော်မောင်လည်း နွားတင်းကုတ်နှင့်မလှမ်းမကမ်းမှ ပိတောက်ပင်ကြီးအောက်သို့ ရောက်လာခဲ့ကြသည်။ “ထိုင်ကွာ သူငယ်ချင်း အကြမ်းရည်လေးလည်းသောက် ...
အိမ်ထဲသို့ဝင်လာခဲ့တော့သည်။ +++++++++++++++++++++++++ မြင့်ဌေးတွင် မိခင်ကြီး ဒေါ်သင်းခိုင်နှင့် စုပိုဟူသည့် ညီမတစ်ယောက်လည်း ရှိနေ ပါသေးသည်။ နှစ်ယောက်စလုံးကလည်း ဝမ်းရေးအတွက် လယ်ယာရှင်တွေထံတွင် နေ့စားခဖြင့် အလုပ်လုပ်နေကြရသည်။ ယခုမူ ကိုဗစ်ကာလဖြစ်သည်မို့ လယ်ယာထဲသို့သိပ်မဆင်းဖြစ်တော့ချေ။ သို့သော် မြင့်ဌေးပြန်ရောက်လာပြီး တက္ကစီမောင်း၍စုထားသည့်ငွေကြေးလေးတွေဖြင့် စတင်သုံးစွဲခွင့်ရနေပြီမို့ အနည်းငယ်တော့ပြေလည်နေပါသေးသည်။ ဒါလည်း ရောဂါပိုးက မည်မျှအထိကြာနေအုံးမည်ဆိုတာမသိရတော့ အနည်းငယ်တော့ စိုးရိမ်နေရသေးသည်။ ဒေါ်သင်းခိုင်စိုးရိမ်နေသည်ကိုသိတော့ မြင့်ဌေးက “အမေရာ ဘာမှစိုးရိမ်မနေစမ်းပါနဲ့။ညဘက်ကျွန်တော်တို့ ချိုး(ဂျိုး)ပစ်ရင် ပိုက်ဆံတွေရအုံးမှာပါ။ငွေကြေးအတွက်ပူမနေပါနဲ့”ဟု နှစ်သိမ့်သည်။ သို့ဖြင့် ညသန်းခေါင်အချိန်သို့ရောက်တော့ သိန်းစိန်နှင့်ကျော်ဦးရောက်လာသည်။ ၎င်းတို့၏လက်ထဲတွင်လည်း လေးခွကိုယ်စီကိုယ်ဆောင်ထားသလိုလောက်စာလုံးများထည့်ထားသည့်လွယ်အိတ်ကိုလည်း ကိုယ်စီလွယ်ထားကြသည်။ ...
ဦးလေးခင်မြင့်ကိုသမီးကချစ်ပြီးသား” “ဒီကောင်မလေးတော်တော် စကားတတ်နေပါလားဟဲ့ ” “ဟီးဟီး” “ကဲကဲ ဦးလေးသွားပြီနော် သမီးပျင်းရင် ဦးလေးအိမ်ဘက် လာကစားလှည့်ပေါ့ကွယ်. “ဟုတ်ကဲ့ ဦး သမီးပျင်းရင် လာကစားလှည့်မယ်နော် ” “အေးအေး သမီး ဦးသွားပြီနော်” ဦးခင်မြင့်လည်း သုန်သုန်အား နှုတ်ဆက်ပြီးထွက်သွားလေသည်။ ဦးခင်မြင့်ကရပ်ကွက်ထဲ၌နေသော လူပျိုကြီးဘုရားတရားသမားကြီး တစ်ဦးပင်ဖြစ်သည်။ မသဇင်မေ၏သားနှင့်သမီးအား အလွန်ချစ်ခင်သူတစ်ယောက်ဖြစ်လေ သည်။ မနက်၁၁နာရီခန့် မသဇင်မေလည်း စျေးရောင်းရာမှပြန်လာခဲ့သည်။ “သမီးရေ သုန်သုန် အမေပြန်လာပြီ “ဟောတော် ဘယ်သူမှလည်းမရှိပါလား ဒီကလေးတွေဘယ်များသွားနေပါလိမ့်” မသဇင်မေလည်း စျေးတောင်အား ချပြီးအိမ်မှထွက်လာခဲ့သည်။ “မသိန်းရင် ...
ဘွားမယ်လှတို့ယာပေါ့ကွ” “အဲဒီယာထဲမှာ ခြေရာကြီးတွေ့လို့ဗျ” “ဘာခြေရာတုံးကွ ကျောက်ခဲရ” “ဟ ယာထဲမှာ လူခြေရာတွေ့တာ ဆန်းလို့လားကွ ကျောက်ခဲရ” “ဟာ …ဆန်းပါပြီလားဗျာ ခြေရာက လူခြေရာ ဆိုပေမယ့် တစ်တောင်လောက် ရှိတာဗျ။ ဒါလူကြီးလက်နဲ့ တိုင်းတာနော်။ ကျုပ်လက်နဲ့ တိုင်းကြည့်တာတော့ တစ်တောင်ကျော်တယ်ဗျ” “ဟေ မင်း ရောက်ပြီးသွားပြီလား ကျောက်ခဲရ” “ဟာ ရောက်ပြီးပြီပေါ့ဗျ။ထနောင်းကုန်းက တာတေ့တပည့် ကျောက်ခဲပဲဗျာ ရှေ့ဆုံးကပေါ့” “အင်း ဒီသတင်းကို တို့ရွာသားတွေ သိသွားကြပြီလားကွ” “သိလို့ပဲ တစ်ရွာလုံး သွားကြည့်ကြပြီးပြီဗျ။ မကြည့်ရသေးတာဆိုလို့ ကိုကြီးတာတေပဲ ...