မို့လားကွာ ”
” ဟုတ်တာပေါ့ဗျာ. ကိုဘပွားတို့ညီအစ်ကိုက
အဖေကြီးကိုတော်တော်ဂရုစိုက်ကြတာပါဗျာ။ဒါနဲ့ ဘိုးစံဖေကြီး
နေကောင်းရဲ့မဟုတ်လား ”
“ဆုးံသွားပြီ တာတေရဲ့ ”
“ဗျာ ဘယ်တုန်းကလဲ ကျူပ်ဖြင့်သတင်းမကြားရပါလားဗျာ ”
“မနေ့က ရက်လည်တာကွ.
သတင်းမကြားဆိုရက်လည်းမထားဘူးလေကွာ.အားချင်းပဲသဂြိုဟ်လိုက်တာ ”
“အို ဘာဖြစ်လို့တုံးဗျ ”
” တာတေရ။ရွာထဲက လူတချို့က
သူတို့ရွာကိုငါတို့ပြောင်းလာတာ သိပ်မကြိုက်ကြဘူးကွ ”
” ဟ ဘာလို့တုံး ”
“အဖေက ရူးနေတာကိုးကွ။ သူတို့ရွာကို
အရူးပြောင်းလာတယ်ဆိုတော့ မကြိုက်ကြဘူးကွ။ အခုလည်း
အရူးသေတယ်
ဆိုတော့ အပြောအဆိုရှိတယ်လေ။ ဒါကြောင့် မထားတော့ပဲ
ချက်ခြင်း သဂြိုဟ်လိုက်တာ။သေမှတော့ ထားနေလည်းမထူး
တော့ပါဘူးကွာ ”
” ဟုတ်ပါတယ် ကိုဘပွားရာ။
ခင်ဗျားတို့လည်းဒီအဖေကြီးပြုစုခဲ့တာ
နှစ်ပေါင်းမနည်းတော့ပဲကို ”
” အနှစ်နှစ်ဆယ်တိတိပဲကွ တာတေရ ”
ကိုဘပွားလည်းကျူပ်မီးညှိပြီးတည်ထားတဲ့ဆေးပေါ့လိပ်ကိုအ
ားပါးတရဖွာနေတယ်။
” ဒါနဲ့ကိုဘပွား . ထနောင်းကုန်းကိုလာတာ
ဘယ်သူ့အိမ်ကိုတုန်း ”
” ဘယ်သူ့အိမ်ကိုမှ
မဟုတ်ဘူးကွ.မင်းဆီကိုပဲသက်သက်လာတာ. ”
” ဟင်.ဟုတ်လား.ကိုဘပွား ဘာကိစ္စများရှိလို့တုန်း”
“အေး.ကိစ္စကတော့နည်းနည်းရှင်းပြမှ မင်းသိမှာကွ”
“ဆိုပါဦး ကိုဘပွားရယ်.ဘာဖြစ်လို့လဲ”
ကျူပ်ကမေးလိုက်တယ်.ဒီတော့ကိုဘပွားတစ်ချက်ခေါင်းငြိမ့်ပြီး
မန်ကျည်းပင်ကြီးကိုတစ်ချက်မော့ကြည့်တယ်.
“အေး ဒီလိုကွ။တာတေရ . ငါတို့အဖေကြီးဦးစံဖေဟာ
တစ်သက်လုံးရူးနေတဲ့အရူးတစ်ယောက်ဆိုတာ
မင်းလည်းသိတာပဲလေ.
လူတွေအားလုံးလည်းဒီအတိုင်းသိကြတာပေါ့ကွာ.ဒါပမယ့်
အဖေမသေခင်အိပ်ရာထဲမှာဘုန်းဘုန်းလဲခဲ့တဲ့အချိန်
အရူးရောဂါပျောက်သွားပြီး ပြန်ကောင်းသွားကြတာကို
ဘယ်သူမှမသိလိုက်ကြဘူးကွ”
“ဟင် ဘကြီးစံဖေပြန်ကောင်းသွားတယ်ဟုတ်လား”
“အေး.ဟုတ်တယ် တာတေ”
“ဒါနဲ့ ဘကြီးစံဖေက ဘယ်တုန်းကရူးနေတာတုန်း”
” ငါဆယ်နစ်။ဆယ့်တစ်နှစ်မှာ ရူးသွားတာကွ”
“ဟင် ဟုတ်လား ဘကြီးစံဖေက
အစကဘာအလုပ်လုပ်တာတုံးဗျ”
“ငါရော.ငါ့အမေရော.ငါတို့တစ်ရွာလုံးသိထားတာက
ကုန်သည်ပေါ့ကွာ .တစ်ခါတစ်ခါ အောက်ပြည်
အထိဆင်းပြီးကုန်တွေရောင်းတယ်ကွ.အောက်ပြည်ကပြန်လာရ
င် ငါးပိတို့ငါးခြောက်တို့ယူလာပြီးရွာတွေကိုလှည့်
ရောင်းတယ်ကွ.အိမ်ကယာကလေးနည်းနည်းရှိတာကိုတော့
အမေကပဲဦးစီးပြီးလုပ်ရတာ”
” သြော် ကိုဘပွားတို့မိသားစု စီးပွားရေးပြေလည်မှာပေါ့နော်”
“လွှတ်ပြေလည်တာပေါ့တာတေရာ.ဒါပေမယ့် ငါတို့အဖေဟာ
ကုန်သည်မဟုတ်မှန်းကို အဖေသေခါနီးမှငါသိလိုက်
ရတာကြ”
” ငင့် ကိုဘပွားပြောတော့ကုန်သည်ဆို”
“အေး ကုန်သည်တော့ဟုတ်တယ် ဒါပေမယ့် ဟန်ပြအလုပ်ကွ
တကယ်လုပ်တာမဟုတ်ဘူး ဒီလိုကွ အဖေအရူးဘဝနဲ့
တစ်လျောက်လုံးမှာ မကြာခဏအော်ပြောနေတဲ့ လင်္ကာလိုလို
တဘောင်လိုလိုတစ်ခုရှိတယ်ကွ”
“ဟင် ဘာများတုန်းကိုဘပွားရဲ့”
” ဒီလိုကွာ.ဘာတဲ့ မန်ကျည်းပင်မြောက် ဆယ်လှမ်းလျောက်
စနိမာကိုရောက် စနိမာနောက် ဆယ်လှမ်းလျှောက်
အောင်ဗလကိုရောက် အောင်ဗလခေါင်း ခြောက်အိမ်ပြောင်း
ပွဲစားကိုကံကောင်းတဲ့”
“တိန် အာ့ ဘာတုန်းဗျ ကိုဘပွားရဲ့”
“အေး . ငါ့အဖေ ရူးပြီးလျောက်အော်နေတဲ့ဟာလေကွာ ရွာက
ကလေးတွေ အကုန်လုံးတောင်အလွတ်ရနေတာလေ
ကြားနေကြဆိုတော့ ဘယ်သူမှ
ဂရုမပြုကြတော့ဘူး.ငါတို့ကိုယ်တိုင်လည်း
ဂရုမပြုမိတော့ဘူးပေါ့”
“ဒါနဲ့ ဘကြီးစံဖေကဘယ်လိုကြောင့်ရူးသွားတာတုန်း”
“ကုန်တွေယူပြီးအောက်ပြည်ကိုသွားရောင်းတာပဲကွ
ငါ့အမေကလည်းအဖေ့ကိုသေပြီပဲထင်တာ.နှစ် နစ်လောက်
ကြာတော့မှ ဘကြီးစံငွေက မန်းတလေးမှာ
အဖေ့ကိုတွေ့တာနဲ့ပြန်ခေါ်လာတာ.ဘကြီးစံငွေဆိုတာအဖေ့
အစ်ကိုပေါ့.
အဖေကသွက်သွက်ခါအောင်ရူးနေတာ.ရွာကိုလုံးဝမပြန်တတ်ေ
တာ့ဘူး ဘကြီးနဲ့တွေ့လို့သာ အိမ်ပြန်ရောက်လာတာ
လူတွေပြောတာတော့
အဖေ့ကိုစုန်းပြုစားသလိုလိုပေါ့ကွာ.ဒါပေမယ့် အဖြစ်မှန်ကို
ငါတို့ညီကို အဖေမသေခင်လေးသိ
လိုက်ကြတာ”
“ဆိုစမ်းပါဦးဗျာ”
ဆေးလိပ်ကိုဖွားရင်း ကိုဘပွားစကားကိုဆက်တယ်.
“အေးကွာ မင်းကိုဒီလိုပြောပြီး
တိုင်ပင်စရာရှိလာတော့လည်းပြောပြရမှာပေါ့တာတေရာ.ဒီလို
ကွ.အဖေမသေခင်ပြောပြ
တာကသူက ကုန်သည်
အစစ်မဟုတ်ဘူး.ကုန်သည်ယောင်ဆောင်ထားတဲ့ ဓားပြတဲ့ကွ”
“ဗျာ.ဓါးပြဟုတ်လား.ကိုဘပွား”
” ဟုတ်တယ်တာတေ.အဖေ့မှာအဖွဲ့ရှိတယ်တဲ့
အင်မတန်ညီကြတာတ့.အားလုံး လက်ရဲဇက်ရဲ ရှိသလောက်
အနေအထိုင်လည်းပိရိကြတာဆိုပဲ.အမြဲတိုက်ကြတာမဟုတ်ဘူး
တဲ့ကွ.သေသေချာချာသတင်းထောက်လှမ်းပြီး
တစ်နှစ် နှစ်နှစ်ကိုတစ်ကြိမ်ပဲတိုက်ကြတာကွ.သူတို့အဖွဲ့က
အားလုံးငါးယောက်ရှိပြီး သူတို့ဗိုလ်ကတော်တော်ထက်မြတ်
တယ်ဆိုပဲကွ
“ဗျာ.ဓါးပြဟုတ်လား.ကိုဘပွား”
” ဟုတ်တယ်တာတေ.အဖေ့မှာအဖွဲ့ရှိတယ်တဲ့
အင်မတန်ညီကြတာတဲ့အားလုံး လက်ရဲဇက်ရဲ ရှိသလောက်
အနေအထိုင်လည်းပိရိကြတာဆိုပဲ.အမြဲတိုက်ကြတာမဟုတ်ဘူး
တဲ့ကွ.သေသေချာချာသတင်းထောက်လှမ်းပြီး
တစ်နှစ် နှစ်နှစ်ကိုတစ်ကြိမ်ပဲတိုက်ကြတာကွ.သူတို့အဖွဲ့က
အားလုံးငါးယောက်ရှိပြီး သူတို့ဗိုလ်ကတော်တော်ထက်မြတ်
တယ်ဆိုပဲကွ”
“သြော်. ဒီလိုကိုး”
“အဲ့ဒါနဲ့ တစ်နေ့ကျတော့ သူတို့တွေမိုးကုတ်က
ကျောက်တွင်းသူဌေးအိမ်ကိုတိုက်တာ ပတ္တမြားတွေရော
ရွှေတွေရော တော်တော်
ကိုရလာခဲ့တယ်ကွ.သူတို့ဗိုလ်က
ဒါတွေကိုချက်ချင်းမသုံးဖို့ပြောသတဲ့။
ဒီလောက်များတဲ့ပစ္စည်းတွေကို ပုလိပ်ဘက်က ခြေရာချင်းထပ်
အောင်လိုက်မှာပဲ ဆိုတာသူတို့အားလုံးသိနေကြတယ်တဲ့။
ဒါနဲ့ပဲသူတို့အားလုံးတိုင်ပင်ပြီးမန္တ
္တလေးကသချိုင်းတစ်ခုမှာမြှုပ်ကြတယ်.
အဲ့ဒီသချိုင်းထဲက ပွဲစားကြီးဦးကံကောင်းရဲ့ ဂူကို ဖောက်ပြီး
ပစ္စည်းထုပ်ကိုထား
ခြေရာလက်ရာမပျက်အောင်ပြန်ပိတ်ခဲ့ကြသတဲ့.အဲ့ဒီ
နေရာကိုမမေ့အောင် ငါတို့အဖေ ကသူရွတ်ရွတ်နေတဲ့
လင်္ကာနဲ့မှတ်ထားတာဟေ့။ရူးသွားတော့ ပါးစပ်ကသာ
ဒီလင်္ကာကိုရွတ်နေတာ
ဘာအဓိပ္ပါယ်မှန်းသူ့ဘာသာတောင်မသိတော့ဘူးပေါ့ကွာ။
သူမသေခင်ပြန်ကောင်းသွားတော့မှ
ဒါတွေကိုသတိရပြီးပြောပြခဲ့တာကွ”
“သြော်..ဒီလိုကိုး..ဒါနဲ့ ဘကြီးစံဖေက
ဘာလို့သွက်သွက်ခါအောင်ရူးသွားရတာတုန်း”
“အဲ့ဒီညကပေါ့ကွာ.အဖေတို့ငါးရောက် ဂူဖောက်ပြီး
ဂူထဲကိုပစ္စည်းထုပ်ထည့်တယ်။ပြီးတော့
ဂူပိတ်ကြတယ်.ပြီးတော့မှ သူတို့ဗိုလ်က
ဂူကိုအမှတ်အသားလုပ်သတဲ့။အမှတ်အသားကတော့
မန်ကျည်းပင်မြောက် ဆယ်လှမ်းလျောက် စန္ဒိမာကိုရောက်
စန္ဒိမာနောက်ဆယ်လမ်း
လျောက် အောင်ဗလကိုရောက်.အောင်ဗလခေါင်း
ခြောက်အိမ်ပြောင်း ပွဲစားကိုကံကောင်း” တဲ့ကွ.
ဆိုလိုတာက
အဲ့ဒီသချိုင်းထဲမှာပင်စည်လူတစ်ဖက်မကကြီးတဲ့ထူးထူးခြားခြား
မန်းကျည်းပင်ကြီးရှိသတဲ့ . လှမ်းသွားရင် ဘုန်းကြီး စန္ဒိမာရဲ့
အုတ်ဂူရှိသတဲ့.အဲ့ဘုန်းကြီးဂူရဲ့ အနောက်ဘက်
ဆယ်လှမ်းအကွာမှာ
ကိုအောင်ဗလဆိုတဲ့လူရဲ့ဂူကိုရောက်မယ်.အဲ့ဒီကိုအောင်ဗလဂူ
ရဲ့
ခေါင်းရင်းဘက် ခြောက်ဂူမြောက်မှာ ပွဲစားကြီးဦးကံကောင်း ရဲ့
အုတ်ဂူရှိသတဲ့. အဲ့ဒီဂူထဲမှာ
ပစ္စည်းတွေရှိတယ်ဆိုတာကိုအမှတ်အသားလုပ်
ပြီးခေါင်းထဲစွဲအောင် မှတ်ကြတာကွ.ပြီးတော့မှသူတို့ငါးယောက်
ဂူကိုဝိုင်းပြီးတော့သစ္စာဆိုကြတယ်.ငါးယောက်သဘောတူမှ
ဒီပစ္စည်းတွေကို
အတူဖော်ယူကြဖို့ပေါ့ကွာ.ဒီလိုနဲ့သစ္စာဆိုနေကြတုန်းမှာသူတို့
နဲ့မလှမ်းမကမ်းက
တဟားဟားနဲ့ရယ်သံကြီးထွက်လာသတဲ့.အဖေလည်းကျက်သီး
တွေတဖျန်းဖျန်းထကုန်ရောတဲ့..ဟိုကြည့်သည်ကြည့်
ကြည့်ကြတော့အဖေကသွားတွေ့ရောတဲ့ဟေ့”
“ဟင် ဘာကိုတုန်းဗျ”
“အရပ်ကြီးအရှည်ကြီးနဲ့
ဂူကြီးတစ်လုံးပေါ်မှာမားမားကြီးရပ်နေတာတဲ့ကွ.ဆံပင်ဖားယာြး
ကီးချပြီး မျက်လုံးနီနီကြီးတွေတဲ့.အဖေကကုန်သည်
ယောင်ဆောင်ပြီး
နယ်အနှံ့သွားနေတော့ကြားဖူးနားဝရှိတာပေါ့.အဲ့ဒီမှာတင်အဖေ
က တအားကြောက်သွားပြီး မဖဲဝါ မဖဲဝါ ဟိုမှာဟိုမှာ ဆိုပြီး
လက်ညှိုးနဲ့ထိုးပြတယ်.ကျန်တဲ့လေးယောက်က
လိုက်ကြည့်ကြပေမယ့်မမြင်ကြဘူးတဲ့ကွ.ဒါပေမယ့်
အဖေမေ့သွားတာတစ်ခုရှိတာက မဖဲဝါကိုတွေ့
ရင် လက်ညှိုးနဲ့မထိုးရဘူးတဲ့
တာတေရေ…ထိုးရင်သွက်သွက်ခါအောင်ရူးတယ်ဆိုပဲ”
“ဟာ…ဒါတော့မဟုတ်ပါဘူးဗျာ.ကျူပ်လည်းမဖဲဝါကိုတွေ့ဖူးပြီး
လက်ညှိုးနဲ့လည်းထိုးဖူးပါတယ်ဗျ”
“အေးလေ.မင်းကကံမြင့်နေလို့ဖြစ်မှာပေါ့ကွာ.အဖေကတော့
မင်းသိတဲ့အတိုင်းသွက်သွက်ခါအောင်ကိုရူးတော့တာပဲကွာ”
” နေပါဦးကိုဘပွားရဲ့
ဟို..ကျန်တဲ့လေးယောက်ကကော.ရူးသွားကြသလား.”
“ဟာ မရူးဘူးကွ.သူတို့ကမဖဲဝါကိုမြင်ကြတာမှ
မဟုတ်တာ.ဒါပေမယ့် မဖဲဝါ ဘာလုပ်လိုက်တယ်မသိဘူးဟေ့ .
လူစိတ်ပျောက်ပြီးတစ်ယောက်နဲ့
တစ်ယောက်ဓါးနဲ့ထိုးကြတာ
လေးယောက်စလုံးသေကုန်ရောဆိုပဲကွ.မဖဲဝါကြီးကတော့
အဲ့အဖြစ်ကိုကြည့်ပြီး တဟားဟားနဲ့အော်ရယ်တာတဲ့ဟေ့.
အဖေလည်းကြောက်လန့်ပြီးထွက်ပြေးလိုက်တာ
ဘယ်ရောက်လို့ရောက်သွားမှန်းကိုမသိတာတဲ့ဟေ့.နောက်ဆုံး
တော့ဆက်မပြေးနိူင်ပဲ.
သတိလစ်ပြီးလဲသွားသတဲ့..သတိလည်းပြန်ရကော
ဘာမှမသိတော့ပဲသွက်သွက်လည်အောင်ရူးနေတော့တာပေါ့ကွာ.
”
“ဟာ ဖြစ်မှဖြစ်ရလေဗျာ.”
ကိုဘပွားက ဆေးလိပ်ကို မီးပြန်ညှိ နှစ်ဖွာလောက်ဖွာပြီး
စကားဆက်တယ်.
“သူ့ရှေ့တင်အမေဆုံးတာလည်းသူမသိဘူး
မင်းတို့အမေမပန်းနူရောလို့မေးတယ်.ဆုံးပြီလို့ပြောတော့ဘ
ယ်တုန်းကလဲ မေးတယ်.ပြီးတော့ သူတို့မြှပ်
ထားတဲ့ပစ္စည်းတွေက
တော်တော်များတာလို့လည်းပြောတယ်ကွ.ပတ္တမြားအရိုင်းတွေ
ကော.သွေးပြီးသားတွေကောပါတယ်လို့ပြောတယ်.ဒါပေမယ့်
မသန့်စင်တဲ့ပစ္စည်းတွေမို့လို မလိုချင်ကြနဲ့လိုပြောတယ်ကွ”
“ဒီအကြောင်းတွေကိုကိုလှပွားကော သိသလား”
“ဟာ
သိတာပေါ့တာတေရ.တို့ညီအစ်ကိုနှစ်ယောက်လုံးကိုပြောပြတ
ာပေါ့ကွ.”
“အင်း.အခုကိုဘပွား ကျူပ်ဆီကိုလာတာက ဘာအတွက်တုန်း”
“သချိုင်းထဲက ဂူထဲမှာ အလဟသဖြစ်နေတဲ့
ပစ္စည်းတွေကိုငါသွားယူချင်တယ် တာတေ.ပြီးတော့
ပစ္စည်းတွေက သန့်တယ်ပြောပြောမသန့်ဘူးပြောပြော
ငါ့အဖေ
တစ်သက်လုံးအရူးကြီးဖြစ်အောင်ရင်းနှီးလာခဲ့ရတာကွ.ဒီတော့
အဖေ့အစားငါသွားယူချင်တယ်.”
“ကိုလှပွားကကော ဘာပြောတုန်း”
“လှပွားကတော့ဖျက်တာပေါ့ကွာ မသန့်စင်တဲ့ပစ္စည်း
ဘာညာပေါ့
သူကအားကြီးရိုးတာကွ.ပြီးတော့သိပ်ကြောက်တတ်တာ.ဒါပေမ
ယ့်ငါက ဒီကိစ္စကိုစိတ်အား
ထက်သန်နေတော့သူမဖျက်တော့ပါဘူးကွာ.ဒါပေမယ့်
အစ်ကိုတစ်ယောက်တည်းတော့မသွားနဲ့တဲ့
သူလည်းလိုက်မယ်ပြောတယ်.ပြီးတော့ အတွေ့အကြုံများ
တဲ့မင်းကိုလည်း
အကျိုးအကြောင်းပြောပြီးပါအောင်ခေါ်ခဲ့ပါလို့ပြောတယ်
တာတေရေ.ဒါ့ကြောင့်မင်းဆီကိုငါလာခဲ့တာကွ”
“သြော် ဒီလိုလား”
” ကိုဘပွားစကားဆုံးမှပဲ ကျူပ်ဇာတ်ရည်လည်တော့တာဗျို့
ဒါဆိုရင်ကျူပ်တို့မန ္တလေးကိုဘယ်တော့လောက်သွားဖြစ်မလဲ”
“လှပွားတို့နှမ်းတောင်တွေခါနေကြတယ်ကွ.အဲ့ဒီနှမ်းတွေအား
လုံးသိမ်းဆည်းပြီးရင်ကိစ္စတွေပြီးပါပြီ.ဒီတော့
လကုန်လောက်ဆိုသွားနိူင်ပါပြီ”
“ဗမာ လနဲ့ကျတောရောဘယ်လိုနေတုန်း”
“ဗမာလနဲ့ဆိုလကွယ်လောက်သွားကျမယ်ကွ.ဘာဖြစ်လို့လဲတ
ာတေရ”
“ကိုဘပွားကလည်းသချိုင်းမှာဂူဖောက်ရမှာလေ
လသာရက်ဆိုဘယ်ကောင်းမှာတုန်း
လမိုက်ရက်မှကောင်းမှာပေါ့ဗျ.”
“အေးဟုတ်သား.ဒါကြောင့်လည်းလှပွားက
မင်းကိုအားကိုးပြီးလွှတ်လိုက်တာကိုးကွ.အေး
မင်းကောင်းသလိုသာစီစဉ်ကွာ ခက်တာက အဖေက
မန ္တလေးက ဘယ်သချိုင်းဆိုတာ
အတတ်မပြောခဲ့တာခက်တာ.အဲ့ကိစ္စကိုငါလည်းအတန်တန်မေး
ပါတယ်ကွာ.အဖက မှတ်ကိုမမှတ်မိတော့တာကွ.
မန်ကျည်းပင်ကြီးနဲ့အုတ်ဂူတွေပဲမှတ်မိနေတာ.”
“အင်း
ခက်တော့လည်းခက်သားလားဗျာ.သူ့ခဗျာတစ်သက်လုံးရူးသွား
တာမလား.ဘယ်မှာလာပြီး
အကုန်မှတ်မိတော့မလဲဗျာ.ဒီလောက်မှတ်မိတာပဲ
အံ့သြစရာဖြစ်နေတာ
အင်းဟိုရောက်မှပဲကြည့်ပြီးစုံစမ်းကြတာပေါ့ဗျာ.ဒီလောက်နှစ်ေ
တွကြာရင် သချိုင်းအနေအထားပြောင်းသွားမှာရယ် ပစ္စည်းကို
လူတစ်ယောက်ယောက်ရသွားပြီလားဆိုတာရယ်ကိုတွေးပူတာ
ပါ”
“အေး.ဒါတော့ဘယ်တတ်နိူင်ပါ့မလဲတာတေရာ.တခြားသူရသွား
ရင်လည်းပြန်လာကြရုံပေါ့.ငါကတော့ဒီအတိုင်းတော့မေ့မပစ်လို
က်ချင်ဘူးကွာ”
“ဟာ.ဒါတော့ဟုတ်ပါတယ်ကိုဘပွားရဲ့.သွားတော့ရှာကြည့်သင့်
ပါတယ်.ရလာတော့လည်းကိုယ့်သဘောပေါ့ဗျာ.လှူသင့်တာလှူ
ရတာပေါ့. ကိုဘပွား
ပြောသလိုသချိုင်းမှာ
အလကားဖြစ်နေမယ့်အစားရှာတော့ရှာသင့်တာပေါ့ဗျာ.
“အေး.ဒါဖြင့်ငါပြန်မယ်တာတေ.လှပွားလည်းမျှော်နေတော့မှာကွ
.ငါသုံးလေးရက်နေရင်ပြန်လာမယ်လေကွာ.အဲ့ကြမှလှပွားလည်း
ခေါ်ခဲ့မယ်.ဟိုမှာနေတဲ့
ရက်အတွင်းစားရေးသောက်ရေးအတွက်တော့မပူနဲ့နော်.ငါအား
လုံးစီစဉ်ခဲ့မယ်.ဒီအတွင်းမင်းလည်းစဉ်းစားထားလေကွာ”
ကိုဘပွားပြန်တော့
ညနေတောင်စောင်းနေပြီ.ကျူပ်လည်းကိုဘပွားပြောသွားတဲ့ကိ
စ္စကိုတော်တော်စိတ်ဝင်စားသွားတာဗျ.တာတေ့အကြောင်းကိုခ
င်ဗျားတို့လည်း
အသိပဲဗျာ.ဒီလိုကိစ္စမျိုးးဆိုရင် တာတေကစွန့်စားဖို့အသင့်ပဲဗျို့
ခါးမှာဝတ်ထားတဲ့ပုဆိုးကို အခုချက်ချင်းတောင်
ခါထောင်းထကြိုက်ပစ်လိုက်ချင်တာဗျ.”….
အဘနဲ့အမေကိုကျူပ်ကြိုပြောထားလိုက်တယ်.ကိုဘပွားတို့ညီ
အစ်ကိုနဲ့မန္တလေးကိုလိုက်သွားမယ့်အကြောင်းပေါ့ဗျာ.တစ်ပတ်
လောက်ကြာတော့
ကိုဘပွားကျူပ်ဆီကိုပြန်ရောက်လာတယ်.သူတို့နှမ်းသိမ်းတာအ
ားလုံးပြီးသွားကြောင်းနဲ့ ခရီးထွက်ဖို့အဆင်သင့်ဖြစ်ကြောင်း
ပြီးတော့ ကျူပ်လိုက်ဖို့သေချာလား လို့လာမေးတာဗျ။
သေချာရင်မနက်ဖြန်ကားလက်မှတ်မှာတော့မယ့်အကြောင်းလာ
ပြောတယ်.ကျူပ်ကလည်းအခုချက်ခြင်းထသွားချင်နေတဲ့ကောင်
ဆိုတော့ “ကျူပ်ကတော့ အဆင်သင့်ပဲ”လို့
ပြောလိုက်တာပေါ့ဗျာ.နောက်နှစ်ရက်ကြာတော့
ကျူပ်ရယ်.ကိုဘပွားတို့ညီအစ်ကိုရယ်
ခရီးစထွက်ခဲ့ကြတယ်.မန္တလေးရောက်တော့ ဘုရားကြီးဘက်က
ဘုန်းကြီးကျောင်းမှာတည်းကြတယ်.ကိုဘပွားတို့အသိဘုန်းကြီး
ပေါ့ဗျာ။ အဲ့ဒီမှာတည်းပြီး နေ့တိုင်း အပြင်ထွက်
သချိုင်းတွေလိုက်ရှာကြတာပေါ့.ခက်တာက ဘကြီးစံဖေက
ဘယ်သချိုင်းကဆိုတာ အတိအကျ
မမှတ်မိတော့လည်းခက်သားလားဗျာ။ ဘကြီးစံဖေ
ရူးနေတုန်းက အမြဲရွတ်နေတဲ့ တဘောင်လိုလို သိုက်စာကိုတော့
ကျူပ်စိတ်ထဲမှာ အမြဲရွတ်နေတာဗျ… “မန်ကျည်းပင်မြောက်
ဆယ်လှမ်းလျောက် စန္ဒိမာကိုရောက်
စန္ဒိမာနောက်ဆယ်လမ်းလျောက်
အောင်ဗလကိုရောက်.အောင်ဗလခေါင်း ခြောက်အိမ်ပြောင်း
ပွဲစားကိုကံကောင်း” ဟီး
ရွတ်လို့တော့အကောင်းသားနော့်.သချိုင်းရှာမတွေ့သေးတာက
ခက်နေတာ
ဗျ.မန်ကျည်းပင်လည်းရှာရ.အုတ်ဂူတွေလည်းရှာရ.တစ်ချို့ဂူေ
တွက ရေညှိတွေတတ်ပြီး မည်းနေလို့
မနည်းကိုပွတ်တိုက်ပြီးစာဖတ်ရတာ.တချို့ကြတော့
အင်္ဂတေတွေကွာနေကြလို့စာလုံးတွေပျက်နေပြီ.ဖတ်လို့ကိုမရ
တာဗျ.သုံးယောက်သားသချိုင်းကုန်းတစ်ခုပြီးတစ်ခုလိုက်ရှာနေ
တာနဲ့တစ်နေကုန်တော့တာပါပဲဗျာ.မနက်စောစောထပြီးစုံစမ်း
တယ်.ဒီနေ့တော့ကျူပ်တို့သုံးယောက်လုံးစ်ိတ်ပျက်သွားကြပြီဗျို
့.ဘာဖြစ်လို့လဲဆိုတော့
မန္တလေးကသချိုင်းတွေလည်းကုန်ပြီလေ.
ဘကြီးစံဖေပြောထားတာတွေလည်းလုံးဝမတွေ့ဘူးဗျ.”အစ်ကိုရ
ာ စိတ်လျော့လိုက်ပါတော့ဗျာ။အဖေက
မသေခင်ပြန်ကောင်းတယ်ဆိုပေမယ့် စိတ်က
လုံးလုံးကောင်းတာဟုတ်ချင်မှဟုတ်မှာဗျ.
တစ်ချက်တစ်ချက်ပြန်ပြီးဖောက်သွားတာ
အစ်ကိုလည်းသိတာပဲလေ” ကိုလှပွားက သူ့အစ်ကိုကို
စိတ်လျော့ဖို့တောင်ပြောနေပြီ. ကိုဘပွားကတော့
ခေါင်းအမာသားဗျ.လျော့ချင်ပုံမရဘူး.ကျူပ်နဲ့ကိုလှပွား
တောင်သမန်အင်းက မယ်ဇဠီပင်တစ်ပင်အောက်ထိုင်နေတုန်း
ကိုဘပွား ထွက်သွားတယ်. “အစ်ကို ဘယ်တုန်း”
လို့ကိုလှပွားမေးလိုက်တော့… “ဒီနားတင်”
လို့ပဲပြောခဲ့တယ်.ကျူပ်နဲ့ကိုလှပွားလည်းကိုဘပွားကိုစောင့်လို
က်ကြတာညနေကိုစောင်းရောဗျို့။
ကိုလှပွားလည်းသူ့အစ်ကိုကိုစိတ်တိုပြီး ပါးစပ်က
ဗျစ်တောက်ဗျစ်တောက်ပြောနေရောဗျို့။နောက်တော့
ကိုလှပွားသုတ်သုတ် သုတ်သုတ်နဲ့ ပြန်ရောက်လာတယ်.
“အစ်ကို. ဘယ်သွားနေတာတုန်းဟ”
လို့ကိုလှပွားကခပ်ဆတ်ဆတ်မေးတော့တာပေါ့ဗျာ.
“ငါအကြံရလို့ကွ ။
သက်ကြီးရွယ်အိုတစ်ရောက်လောက်ကိုမေးမှရလိမ့်မယ်ထင်လို့
မြင်းလှည်းသမားတစ်ယောက်ကိုရအောင်ပေါင်းပြီး
အသက်ကြီးကြီး နှံ့နှံ့ စပ်စပ် အဘိုးကြီးတစ်ယောက်ကို
စုံစမ်းရတာပေါ့ကွာ..အဲ့ဒီမြင်းလှည်းသမားက အသက် ၉၀
ကျော်အဘိုးကြီးတစ်ယောက်ဆီလိုက်ပို့တယ်ကွ.အဘိုးကြီးနာမ
ည်က ဦးမြတဲ့ . တော်တော်လေးဗဟုသုတရှိပြီး
ဒီဒေသကိုနှံ့စပ်တဲ့လူကြီးကွ.
ငါကဥပါယ်တံမျဉ်နဲ့ပြောရတာပေါ့ကွာ.အဘိုးကြီးကတော်တော်
လေးစဉ်းစားပြီးမှ ပြောတယ်… ပွဲစားဦးကံကောင်းကို
သူသိတယ်တဲ့ မန္တလေးကမဟုတ်ဘူး အမရပူရကတဲ့့.
ဦးကံကောင်းဆုံးတော့
အသုဘတောင်သူလိုက်ပို့သေးတယ်ဆိုပဲ…အမရပူရသချိုင်းမှာ
ပဲသဂြိုဟ်တာပါတဲ့.မန္တလေးမှာသဂြိုဟ်တာမဟုတ်ပါဘူးတဲ့ကွ”
… “ဟာ ဟုတ်လားကိုဘပွား ဒါဆိုရင် ကျူပ်တို့အမရပူရ
သချိုင်းမှာရှာရမှာပေါ့.ဘကြီးစံဖေကအမရပူရနဲ့မန္တလေးကိုအမှ
တ်မှားသွားတာဖြစ်မှာပေါ့ဗျာ.တစ်သက်လုံးစိတ်ရောဂါခံစားနေ
ရတာဆိုတော့လည်း
အမှတ်တွေလည်းလွဲလို့ရှိမှာပေါ့.မနက်ဖြန်ပဲ
အမရပူရကိုသွားကြတာပေါ့” ကျူပ်ကဝင်ပြောတော့မှ
ညီအစ်ကိုနှစ်ယောက်ကျေနပ်ပြီး
ဘုန်းကြီးကျောင်းကိုပြန်ခဲ့ကြတော့တယ်.နောက်နေ့ကျတော့
အိပ်ယာက ခပ်စောစောထပြီး
မြို့ကိုလာခဲ့ကြတာပေါ့ဗျာ..နေသိပ်မမြင့်ခင်
သချိုင်းထဲဝင်ခဲ့ကြတယ်.သုံးယောက်သား
ဟိုကြည့်သည်ကြည့်ပေါ့ဗျာ. “ဟာ ဟိုမှာ
မန်ကျည်းပင်ကြီးတစ်ပင်ဗျ.တော်တော်ကိုကြီးတာဗျို့လူနှစ်ဖက်
စာလောက်ရှိမှာဗျ”.ကိုဘပွားတို့ညီအစ်ကိုလည်း
ကျူပ်ပြောတဲ့ဘက်ကိုကြည့်ကြတာပေါ့။
“ဟုတ်တယ်ဟေ့တာတေရေ.ကဲလာ
အဲ့အပင်ကြီးဆီကိုသွားကြရအောင်.” ကိုဘပွားက ဦးဆောင်ပြီး
ရှေ့ကသွားတယ်ဗျ.ကျူပ်နဲ့ကိုလှပွားနဲ့လည်း
နောက်ကလိုက်ရတာပေါ့။ မန်ကျည်းပင်ကြီးဆီရောက်တော့
ကျူပ်နဲ့ကိုလှပွားက
မန်ကျည်းပင်ကိုလက်နဲ့ဟိုဘက်သည်ဘက်
ဖတ်ကြည့်ကြတယ်ဗျ.ယောက်ျားနှစ်ဖက်တောင်
ကျော်သေးတယ်ဗျို့။ “ကဲ.ကျူပ်တို့ရှာကြစို့ဗျာ.
မြောက်ဘက်ကို ဆယ်လှမ်းလျောက်ပြီဗျို့
…တစ်လှမ်း———————————– ကိုးလှမ်း။
ဆယ်လှမ်း .ရောက်ပြီ.ဂူပျက်ကြီးတစ်လုံး
စာတွေတောင်ပျက်နေပြီဗျ”ကျူပ်ကအနားက ခြုံတွေထဲက
သစ်ပင်တစ်ပင်ကိုချိုးပြီး စာလုံးပေါ်က ဂျေးတွေကို
ခြစ်ချလိုက်တယ်.ဟောပေါ်လာပြီ. ဦစန္ဒိမာ.သက်တော် ၈၀ .
ဝါတော် ၄၂ အင်း. ဘုန်းကြီး ဂူသွင်းတာတော့ ရှားသားဗျ.
ကျူပ်လည်းဝမ်းသာအားရ လှမ်းပြောလိုက်တယ်.”ဟုတ်ပြီဗျို့
ဒါဦးစန္ဒိမာအုတ်ဂူပဲ အစတော့တွေ့သွားပြီ
ကိုဘပွား”…..”အေးဟုတ်ပြီဟေ့တာတေ.
စန္ဒိမာနောက်ဆယ်လှမ်းလျှောက်တဲ့ကွ” ……
“ဟုတ်ပြီဟုတ်ပြီ.ဦးစန္ဒိမာ ဂူရဲ့ အနောက်ဘက်
တစ်လှမ်း.နှစ်လှမ်း———————–” “ဦးအောင်ဗလ
အသက် ၆၀ တဲ့တာတေရေ.” ကျူပ်ခြေဆယ်လှမ်းအရောက်
တွေ့ရတဲ့ဂူပေါ်က ကမ္ဗည်းစာတန်းကို
ကိုဘပွားကအသံကျယ်ကျယ်နဲ့ဖတ်လိုက်တယ်.
“အောင်ဗလခေါင်း
ခြောက်အိမ်ပြောင်းပွဲစားကိုကံကောင်းတဲ့ဟေ့” .. “ဟုတ်ပြီ။
ဦးအောင်ဗလရဲ့ဂူ ခေါင်းရင်းဘက်ကို လျောက်မယ်. ကဲ
တစ်ဂူ…..ငါးဂူ. ဟော ဒါခြောက်ဂူမြောက် ကဲ့ကြည့်စမ်းဗျာ
ဘယ်သူတဲ့တုန်း” ……… ” ဟာ ပွဲစားကြီးဦးကံကောင်းအသက်
၇၀ တဲ့ကွ . တွေ့ပြီကွ.တွေ့ပြီ”
ကိုဘပွားတို့ညီအကိုမျက်နှာတွေ ဝင်းသွားကြတယ်.
ကျူပ်ကပွဲစားကြီး
ရဲ့ဂူကိုတစ်ပတ်လှည့်ကြည့်တယ်.ဒီဂူကိုဘကြီးစံဖေတို့အဖွဲ့
ဘယ်နေရာကဖောက်ပြီးပစ္စည်းထည့်ထားလဲဆိုတာကိုပေါ့.အခု
ထိတော့
ဂူကခြေရာလက်ရာမပျက်သေးဘူးဗျ.တစ်ယောက်ယောက်ဖော
က်ထားပုံမပေါ်သေးတော့ ဝှက်ထားတဲ့ရတနာတွေ
ရှိနေနိူင်သေးတာပေါ့ဗျာ.။ ” တာတေ
တို့အလုပ်ဘယ်တော့လုပ်မလဲ” ကိုဘပွားမေးတယ်ဗျ.
ကိုလှပွားလည်း
ကျူပ်ပြောမှာနားထောင်နေတယ်လေ.”ဒီညပေါ့ကိုဘပွား.ဒီည
လမိုက်တယ်လေဗျ.ဒါမှ အလုပ်လုပ်လို့ကောင်းမှာဗျ” …
“အေးကောင်းပြီ.ဒါဆိုတို့အခုမန္တလေးသွားပြီး
လိုအပ်တာဝယ်ကြရအောင်” ကျူပ်တို့လည်း
ဂူအခြေအနေ.သချိုင်းအနေအထား.ဝင်လမ်းထွက်လမ်း.သစ်ပင်
အမှတ်အသား အားလုံးမှတ်သားကြပြီးပြန်လာကြတယ်.
မန္တလေးရောက်တော့ လိုအပ်တဲ့
ပစ္စည်းတွေဝယ်ရတာပေ့ါဗျာ.အားလုံးစုံအောင်ယူလို့အမရပူရ
ထွက်ခဲ့ကြတယ်.ဒီလိုနဲ့ သချိုင်းကိုရောက်တော့
ညရှစ်နာရီထိုးနေပြီဗျ.ကြယ်ရောင်လေးတွေကိုအားပြုပြီးကျူပ်
တို့သုံးယောက်
ထိုင်ပြီးငြိမ်နေကြရတာပေါ့ဗျာ.အချိန်ကစောနေသေးတာကိုး.တ
စ်စပြင်တစ်ခုလုံးတိတ်ဆိတ်နေတယ်.တစ်ချက် တစ်ချက်
လေအေးကြီးကတိုက်နေတယ်.လေအဝေ့မှာ အမှောင်ထဲက
သစ်ပင်တွေက
နာနာဘာဝတွေလမ်းလျောက်နေသလိုထင်ရတယ်ဗျ.တစ်ချက်
တစ်ချက်ကျရင် သစ်ပင်မှာကပ်နေတဲ့ ပိုးစုန်းကြူး လေးတွေ
တလက်လက်ဖြစ်နေတာကိုတွေ့ရတယ်ဗျ။
သချိုင်းထဲမှာငြိမ်ပြီးထိုင်နေတော့ ကျက်သီးတွေ
တဖျန်းဖျန်းထနေတာဗျို့ .. ကျူပ်ရော
ကိုဘပွားတို့နှစ်ယောက်ကော တောင်ကြည့်မြောက်ကြည့်
လျောက်ကြည့်နေတာဗျ.ဒီလိုနဲ့ သန်းခေါင်းကြက်တွန်သံ
ကြားလိုက်ကြတယ်.။ “သန်းခေါင်ကြက်တွန်ပြီကွ တာတေ” ….
“ဟုတ်တယ် ကိုဘပွား လုပ်ငန်းစကြစို့” ပြောပြောဆိုဆိုနဲ့
ကျူပ်က အိတ်ထဲက စွပ်ကျယ်တစ်ထည်ကိုထုတ်ပြီး
လက်နှိပ်ဓါတ်မီးကို အုပ်ပတ်လိုက်တယ်.ဒီတော့မှ
အလင်းရောင်ကဝပ်သွားတယ်ဗျ။ ပြီးတော့မှ
သံစို့နဲ့တူကိုယူတယ်.သံစို့ကြီးကိုလည်း
စွပ်ကျယ်တစ်ထည်နဲ့ပတ်လိုက်တယ် ဒါမှတူထုရင်အသံမ
မြည်မှာကိုး.။ “ကဲကိုလှပွားက
ကျူပ်ကိုမီးထိုးပြဗျာ.ကျူပ်တို့ဂူခြေရင်းကဖောက်မယ်.
ဘကြီးစံဖေတို့ဖောက်ပြီးပစ္စည်းထုပ်ထည့်တာ
ခြေရင်ကပဲဖြစ်လိမ့်မယ်ထင်တယ်.”ကိုလှပွားကမီးကိုခပ်အုပ်အု
ပ်ထိုးပြထားတယ်.ခြုံပုတ်တွေကွယ်နေပြီးတော့
ကျူပ်တို့ဖောက်မယ့်ဂူဘေးမှာအခြားဂူတွေလည်းကွယ်နေတေ
ာ့ တော်တော်လုံခြုံပါတယ်. “ဝူးးးးးးးးးး ဝူးးးးးးး” ကျူပ်က
သံစို့ကိုဂူမှာထောက်လိုက်ပြီး
တူနဲ့ထုဖို့ပြင်ရုံရှိသေးတယ်.သစ်ပင်အုပ်အုပ်ကြီးတွေဘက်က
ဆွဲဆွဲငင်ငင်
ခွေးအူသံကြီးတစ်သံထွက်လာကောဗျာ.ဟိုညီကိုတော့မသိဘူး.
ကျူပ်တော့ ကျက်သီးတွေ ဖျန်းခနဲ ထသွားတယ်ဗျို့
သူတို့လည်းဟိုကြည့်သည်ကြည့်ကြည့်နေကြတယ်ဗျ.။
ကျူပ်လည်း ဘာမှ စဉ်းစားမနေတော့ပဲ လုပ်စရာရှိတာသာ
ဆက်လုပ်လိုက်တယ်။ ” ဒုတ် ဒုတ် ဒုတ် ဒုတ် ”
အဝတ်ပတ်ထားတဲ့ သံစို့ပေါ်
တူနဲ့ခပ်ဆတ်ဆတ်ထုလိုက်တယ်. အင်္ဂတေစတွေဖွားခနဲ
ဖွားခနဲ လွင့်ထွက်လာတယ်. “ဝူးးးးးးးးးး ဝူးးးးးးး”
ခွေးအူသံကြီးကကျူပ်တို့ဘက်ကိုနီးလာသလိုပဲဗျ.ကျူပ်ဆိုတာ
ဆံပင်တွေတောင်ထောင်သွားသလိုပဲဗျို့ ” ဒုတ် ဒုတ် ဒုတ် ဒုတ်
” ကျူပ်လည်းတူကို ခပ်မြန်မြန်ထုလိုက်တယ်. “ဝူးးးးးးးးးး ဝူးးးးးးး”
ဒီတစ်ခါခွေးအူသံက
ကျူပ်တို့နဲ့ကပ်ပြီးထွက်လာတာဗျ.အလွန်ဆုံးကွာမှ
ဂူသုံးလေးလုံးလောက်ကဗျ. ကျူပ်လည်း
သံစို့ကြီးယောင်ပြီးလွှတ်ချလိုက်တယ်.ကိုဘပွားက
ကျူပ်တို့ပါလာတဲ့ဂေါ်ပြားကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး
ကျူပ်တို့သုံးယောက် စလုံးပြိုင်တူထရပ်လိုက်ကြတယ်.
ဟိုကြည့်သည်ကြည့်လျောက်ကြည့်ကြတာပေါ့.။
“ဟာ…ဟို.ဟိုမှာ” ကိုလှပွားပြောတဲ့ဘက်ကို
ကျူပ်တို့ကြည့်လိုက်ကြတယ် “ဟာ.မဖဲဝါကြီး” ကျူပ်ပါးစပ်က
လှစ်ခနဲထွက်သွားတယ်.ကျူပ်တို့တောင်ဘက်က
သုံးဂူကျော်မှာတွေ့တာဗျ.ဂူပေါ်မှာ ဆံပင်ဖားယား
ချပြီးမားမားကြီးရပ်နေတာဗျ.အရပ်ကြီးက
ဆယ်ပေလောက်ရှိမယ်ထင်တယ်. ကြယ်ရောင်နဲ့ဆိုတော့
မှောင်ထဲမှာသဲသဲကွဲကွဲ
မမြင်ရဘူးပေါ့.မျက်လုံးနီနီကြီးတွေကပြူးထွက်နေတယ်။ … “ဒါ
ငါတို့ပစ္စည်း ငါ့အဖေပစ္စည်း ငါလာယူတာ မနှောင့်ယှက်နဲ့ ”
ကိုဘပွားပြောလိုက်တာဗျို့.
ကျူပ်တောင်အံ့အားသင့်သွားတယ်. “ဟီးးဟီးးးးးးးးးးးးးးးးး”
မဖဲဝါကြီးရဲ့ ရယ်သံကြီးထွက်လာတာဗျ. ကျူပ်ဖြင့်
အဲ့ဒီအသံကြားလိုက်တာနဲ့
ဆံပင်တွေထောင်ကုန်ရောဗျို့.ကိုလှပွားက
နောက်ကိုဆုတ်သွားတယ်. ” ဟီးးးးး.
ငါ့သချိုင်းရောက်ရင်ငါ့ပစ္စည်း ဒီသိုက်က ငါ့သိုက် မ ဖဲ ဝါ သိုက်
ခုထွက်သွားကြ………ဟီးးးးးးးးး” အသံကြီးကဝါးဝါးကြီးဗျ.
ကျူပ်ကိုဘပွားကိုလက်ကုပ်လိုက်တယ်. “ပြေးကြစို့ကိုဘပွား”
… “မပြေးဘူး တာတေ.ဘာလို့ပြေးရမှာလဲ ငါ့အဖေရဲ့ပစ္စည်းကွ
.ဒီကောင်မကြီးနဲ့ဘာမှမဆိုင်ဘူး.ဒင်းကိုငါလုပ်မယ်.ငါ့အဖေလ
ည်းသူ့ကြောင့်ရူးရတာ” …… “ဗျာ”
ကျူပ်ဘာပြန်ပြောရမှန်းမသိခင် ကိုဘပွား လက်ထဲက
ဂေါ်ပြားကိုကျစ်ကျစ်ပါအောင်ကိုင်ရင်းမဖဲဝါကြီးဆီ
ပြေးသွားတော့တာပဲဗျို့ ဟာ.ကိုဘပွား
ဂေါ်ပြားကြီးကိုလွှဲလိုက်ပြီ.လွှဲလိုက်ပြီ.လွှဲလိုက်ပြီ. ခုတ်ပြီ.
ခုတ်လိုက်ပြီဗျို့. “ဟာ” ကိုဘပွားခုတ်တဲ့ဂေါ်ပြားက
မဖဲဝါကိုထိပေမယ့် လေကိုခုတ်လိုက်သလိုပဲ ဝှီးခနဲ
မြည်သွားတာပဲရှိတယ်. ကျူပ်ရောကိုလှပွားကော
နောက်ဆုတ်ပြီး ခြေလှမ်း ငါးလှမ်းလောက်ပြေးလိုက်ကြတယ်.
ဟာ.ခုတ်နေပြန်ပြီဗျို့ ကိုဘပွားက ဂေါ်ပြားကို သူ့ခေါင်းပေါ်မှာ
ဝှီးခနဲ မြည်အောင်လွှဲပြီး
မဖဲဝါကိုလိုက်ခုတ်နေတာဗျို့.မဖဲဝါကလည်း ဂူပေါ်မှာ
ခါးထောက်ပြီး စိမ်းစိမ်းကြီးကြည့်နေတာ.” အစ်ကို မလုပ်နဲ့”
ကိုလှပွားအော်သံက သချိုင်းတစ်ခုလုံးလွှမ်းသွားတာဗျ။
“ဝူးးးးးးးးးးးးးးးးးးးးးး”
ခွေးအူသံကမဖဲဝါကြီးရပ်နေတဲ့ဂူဘေးကထွက်လာတာဗျို့.ကိုဘ
ပွားကတော့လူစိတ်ပျောက်သလို မဖဲဝါကို
ဂေါ်ပြားကြီးနဲ့လိုက်ခုတ်နေတယ်.တစ်ချက်
မဖဲဝါကိုဂေါ်ပြားနဲ့တအားလွှဲအခုတ်မဖဲဝါရပ်နေတဲ့ ဂူပေါ်ကို
တည့်တည့်ကြီးစိုက်ကျသွားတယ်ဗျ.ဟာ.မဖဲဝါ လက်ဝါးကြီးနဲ့
ကိုဘပွားကျောကုန်းကိုရိုက်လိုက်တာဗျို့။
တစ်ချက်…..နှစ်ချက်…..သုံးချက်.ဟာ
သွားပြီး.ကိုဘပွားကြီးကျောကြီးကောပြီးလဲကျသွားပြီ. ဟော
မဖဲဝါကြီးလည်းပျောက်သွားပြီဗျ.ဒီတော့မှ
ကျူပ်တို့ပြေးပြီးကိုဘပွားကိုပွေ့ထူလိုက်ကြတယ်.ကိုဘပွားပါးစ
ပ်ကသွေးတွေဒလဟော စီးကျနေတယ်ဗျ.တစ်ကိုယ်လုံးလည်း
တဆတ်ဆတ်နဲ့ အကြောတွေဆွဲနေတယ်. “အကို အကို..”
ကိုလှပွားသူ့အစ်ကိုကိုခေါ်ရင်းအသံတိမ်သွားတယ်.
ကိုဘပွားငြိမ်သွားပြီ.ကျူပ် ဓါတ်မီးယူပြီးထိုးကြည့်လိုက်တော့
မျက်လုံးကြီးပျူးထွက်ပြီး အသက်မရှိတော့ဘူးဗျ.။ “ဟာ.
အစ်ကို…… အစ်ကိုရာ.” ကိုလှပွား ချူံးပွဲချငိုတော့တာပဲ.
ကျူပ်လည်း ဘာဆက်လုပ်ရမယ်မသိတော့လို့ မဖဲဝါကို
လိုက်ရှာကြည့်တယ်.
မတွေ့တော့ဘူးဗျ.ခွေးအူသံကြီးလည်းပျောက်သွားတယ်.ကိုဘ
ပွားတစ်ယောက်တော့ သေနေပြီ. မနက်မိုးလင်းရင်
ရဲတွေရောက်လာမှာသေချာတယ်.ကျူပ်တို့ဒီကိစ္စအတွက်ဘယ်
လိုလုပ်မလဲ.ကျူပ်ချွေးပျံလာတယ်.အခုဆိုတစ်နာရီလောက်ရှိပြီ
ဗျ. ကိုလှပွားနဲ့ကျူပ်တိုင်ပင်ကြတယ်.ကိုဘပွားအလောင်း
ရွာထဲရောက်အောင်သယ်ဖို့က
ဘယ်လိုမှမဖြစ်နိူင်တော့ဘူး.ဒီတော့ ဒီတိုင်းထားခဲ့မလား
သဂြိုဟ်ခဲ့မလားပေါ့။ နောက်ဆုံးတော့
သူ့ညီကိုလှပွားသဘောတူတာနဲ့ ကျင်းနက်နက်တူပြီး
ကိုဘပွားကြီးကိုကျကျနန သဂြိုဟ်ခဲ့ကြတယ်.ပြီးတော့မှ
ခြေရာလက်ရာဖျောက်ပြီး
ရွာကိုတန်းပြန်ခဲ့ကြတယ်.ရွာရောက်တော့ ကိုဘပွားပိုးထိပြီး
ဆုံးတယ်ဆိုတဲ့
အကြောင်းသတင်းလွှင့်ပြီးသက်ပျောက်ဆွမ်းသွတ်ကြရတယ်.က
ျူပ်လည်းရက်လည်တော့ရွာကိုပြန်ခဲ့ရတာပေါ့ဗျာ.ရွာနီးချုပ်စပ်
ကလူတွေကကော
ပိုးထိပြီးဆုံးတယ်ပဲသိထားကြတာပေါ့.မဖဲဝါရိုက်သတ်လို့သေတ
ာတော့ ကျူပ်ရယ်.ကိုလှပွားရယ်ကလွဲ ဘယ်သူသိမှာတုန်းဗျ.
အဲ ခုတော့ ခင်ဗျားလည်းသိသွားပြီပေါ့ဗျာ။…..
ပြီးပါပြီ
တာတေ
Leave a Reply