ဆင်းရဲတွင်းမှလွတ်ကင်းသူအဖြစ်

နေရဲကြ။
ချေးကြ၊ငှားကြမည်ကိုစိုးရိမ်သောကြောင့်ပင်။
ယခုလည်း ဦးထွန်းမောင်တစ်ယောက်ရွာထဲသို့သွားကာ
ထင်းခွဲ၊ရေခပ်အလုပ်တောင်းပြီး တစ်ညစာချက်ဖို့
ဆန်ရခဲ့လေသည်။
သူများလယ်တော၌အငှားလိုက်လိုက်…
ရွာထဲ၌ ကြုံရာလုပ်လိုက်ဖြင့်သာ ဦးထွန်းမောင်တို့၏
ဝမ်းစာပြေလည်ခဲ့သည်။
ဒါတင်မကသေး ဦးထွန်းမောင်သည် လယ်ကြွက်များကို
ဖမ်း၍ရောင်းတတ်သေး၏။
ဦးထွန်းမောင်ဖမ်းမိသောကြွက်များကို
ထန်းတောပိုင်ရှင်ငကျော့က ပင်တိုင်ဝယ်၏။
ငကျော့ကိုရောင်းပြီးသည့်တိုင်ကြွက်များပိုလျှံခဲ့လျှင်
ခင်ကျော့က မြို့တက်ရောင်းတော့သည်။
နောက်ပိုင်းမှာ​တော့
မြို့၌ရောင်းရသည်က ပိုစျေးကောင်းရသည်မို့
ငကျော့ကိုမရောင်းဖြစ်တော့ဘဲခင်ကျော့တစ်ယောက်ထဲ
မြို့တွင်သာအသွားအပြန်လုပ်၍ရောင်းချလေသည်။
ကြွက်သည်မလေး ခင်ကျော့၌ အကျင့်ကောင်းတစ်ခုရှိရှာသည်။
ထိုသည်က ခင်ကျော့မြို့သို့အသွားတွင်
ရွာထိပ်ကုန်းလေးအောက်ရှိနတ်စင်၌ သူစားဖို့ထုတ်ယူခဲ့သော
ထမင်းဦးကိုပူဇော်တတ်သောအကျင့်ပင်ဖြစ်သည်။
ထိုအကျင့်က ခင်ကျော့
အမြဲတစေပြုလုပ်တတ်သောအကျင့်တစ်ခုပင်။
တစ်ရက်ခင်ကျော့မြို့သို့သွားဖို့ရန်ကုန်းထိပ်နတ်စင်သို့အရောက်တွင် သူ၏နောက်ပါးမှမွှေးပျံ့လှသော ရနံံတစ်ခုကိုရခဲ့၏။
ထိုရနံ့ကိုခင်ကျော့ ရှုရှိုက်ရင်းအ​နောက်ဘက်သို့လှည့်ကြည့်လေတော့ အဝတ်အစားတောက်တောက်ပြောင်ပြောင်ဖြင့်
မိန်းမချောလေးတစ်ဦးမှသူမအားပြုံးရယ်ပြနေသည်ကိုတွေ့.လိုက်ရသည်။
ထိုမိန်းမချောလေးအားခင်ချောမမြင်ဖူးခဲ့။
သူ့အားပြုံးရယ်ပြနေသောကြောင့် ခင်ကျော့လည်းပြန်လည်ပြုံးပြလိုက်လေသည်။

“ညီမကဒီရွာကလည်း…”

“ဟုတ်ကဲ့ရှင့်…”

“ညီမကိုအစ်မအရင်ရက်တွေကလည်းဒီနေရာမှာ
တွေ့မိတယ်…ညီမလေးကိုမြင်တော့အေးချမ်းလိုက်တာကွယ်”

ဟု…ဆိုလေသောအခါ ခင်ကျော့ပြုံးနေမိ၏။

“မိဘကိုလုပ်​ကျွေးပြီးဘုရား…တရား
မမေ့တဲ့ညီမလေးအတွက်
အစ်မလက်ဆောင်ပေးချင်တယ်…လက်ဖြန့်ပါကွယ်”

ဟုဆိုလေတော့ခင်ကျော့လက်ဖြန့်လိုက်သည်။
သူမလက်ထဲသို့ မိန်းမချောလေးပေးသောအရာကို
ခင်ကျော့ကြည့်မိလေတော့လွန်စွာအံ့သြသွားခဲ့သည်။

“ဟင်…ရွှေ…ရွှေဒင်္ဂါးပြား…….”

ခင်ကျော့မှာအံ့သြနေခဲ့ပြီး မိန်းမချောလေးမှ…

“အစ်မဆီမှာဒါတွေကအများကြီးရှိပြီးသားပါကွယ်…
နောက်ရက်တွေများညီမလေးဒီနားလာဖြစ်ရင်
ဟိုးသစ်ခေါင်းလေးထဲအစ်မထားထားပေးခဲ့မယ်…
ယူလိုက်နော်…”

“ဟင်…အစ်မ…အစ်မ…….”

မိန်းမချောလေးသည် သူပြောလိုရာကိုပြောပြီးသည်နှင့်
နောက်ပါးသို့လှည့်ကာပြန်သွားတော့သည်။
ခင်ကျော့အော်ခေါ်ပါသော်လည်းပြန်၍လှည့်ပင်မကြည့်ခဲ့။
ခင်ကျော့လည်း ရွှေဒင်္ဂါးပြားလေးကို သေချာသိမ်းဆည်းပြီး
မြို့သို့သွားရှာတော့သည်။

နောက်ရက်များ၌လည်း မိန်းမချောလေးပြောထားသည့်အတိုင်းနတ်စင်အနီးရှိသစ်ပင်၏သစ်ခေါင်းလေးအတွင်းသို့လက်နှိုက်ကြည့်သောအခါ ရွှေဒင်္ဂါးတစ်ပြားက်ိုရရှိခဲ့ပြန်သည်။
နေ့စဥ်ရွှေဒင်္ဂါးများရရှိလာသောခင်ကျော့မှာလည်း
မိဘများကိုအဖြစ်အပျက်များကိုပြောပြလေရာ
မိဘတို့နှင့်တိုင်ပင်၍ ရွှေဒင်္ဂါးများကိုရောင်းချလိုက်တော့၏။
ရွှေဒင်္ဂါးများရောင်းချပြီးသောအခါ ခင်ကျော့တို့သည်
ရွာ၌အရင်တုန်းကကဲ့သို့သူများခိုင်းဘက်မဟုတ်တော့ပေ။
ရွာ၌အိမ်ကြီးအိမ်ကောင်းတစ်ခုကိုဝယ်ယူကာနေထိုင်ကြပြီး
လယ်ကွက်အများအပြားကိုလည်းပိုင်ဆ်ိုင်ကာ
လယ်အငှားချထားကြ၏။
ခင်ကျော့တို့၏ရုတ်တရက်ပြောင်းလဲလာမှုကြောင့်
တစ်ရွာလုံးအံ့သြမဆုံးကြ။
ယခင်ကရှောင်ဖယ်နေသောသူများမှာ
ယခုတော့ခင်ကျော့တို့အိမ်သို့အဝင်အထွက်မပျက်ကြပေ။
ခင်ကျော့တို့ချမ်းသာလာပုံကိုလည်းစကားနှိုက်၍
မေးမြန်းကြ၏။
သို့သော်ခင်ကျော့သည်မည်သူ့ကိုမျှမပြောသလို
ခင်ကျော့၏မိဘများမှလည်းပြောမပြကြ။
တစ်ရွာလုံးမှာလည်း
သို့လော…သို့လောအတွေးများဖြင့်သာတွေးနေကြတော့သည်။
ချမ်းသာလာပါသော်လည်း ခင်ကျော့သည်
ကုန်းထိပ်ရှိနတ်စင်သို့လာစမြဲ…
သစ်ခေါင်းထဲ၌လည်းရွှေဒင်္ဂါးပြာလေးရှိစမြဲပင်။
ယခင်ကတော့ထိုဒင်္ဂါးပြားလေးများကိုရောင်းချကြပါသော်လည်းယခုတော့ခင်ကျော့မရောင်းချတော့ဘဲ
ထိုရွှေဒင်္ဂါးပြားတို့ကိုသိမ်းဆည်းထားခဲ့တော့သည်။

*****************************
တစ်ရက်၌ ဘွားမယ်စိန်၏နေအိမ်ဆီသို့
ဧည့်သည်များရောက်ရှိလာခဲ့ကြသည်။
ထိုသူတို့မှာ သုံးဦးဖြစ်၏။

“ဒီအိမ်ကဘွားမယ်စိန်အိမ်လားခင်ဗျ…”

ဟုအသက်ကြီးကြီးယောကျာ်းသားတစ်ဦးမှမေးလေတော့
ဒေါ်ဝင်းလည်းခြံပေါက်ဝမှကြည့်ရင်း…

“ဟုတ်ပါတယ်…ဘွားမယ်စိန်ဆိုတာ ကျုပ်အမေပါ
ဘာကိစ္စများရှိကြလို့လဲ”

ဒေါ်ဝင်းသည်သားသားနားနားဝတ်စားထားသော ယောကျ်ားကြီးနှင့်အတူပါလာသောမိန်းမကြီးတစ်ဦး…
ဒါတင်မကသေးဘဲ ချောမောသောမိန်းမငယ်တစ်ဦးတို့ကိုလှမ်း
ကြည့်ရင်းမေးလိုက်လေတော့…

” ကျုပ်တို့က ကျွန်းပင်ရွာကလာကြတာပါ…
ဘွားမယ်စိန်နဲ့တွေ့ချင်လို့ပါဗျ…ဘွားရှိလားမသိဘူး”

“ကျုပ်အမေရှိပါတယ်…ဝင်ကြပါ…….”

ခြံတံခါးကိုဖွင့်ပေးလိုက်ပြီး ထိုသူတို့အား
ဝင်ခဲ့စေသည်။
ထိုသူတို့ကလည်းကွပ်ပျစ်ဆီသို့တန်းမတ်စွာသွားကြလေသည်။

“ထိုင်ကြပါရှင်…ထိုင်ကြပါ…ခဏနော်…
ကျုပ်အမေကခြံအနောက်ဘက်ရောက်နေလို့ကျုပ်
သွားခေါ်ပေးပါ့မယ်…”

“ဟုတ်ကဲ့…”

ဧည့်သည်များကို ကွပ်ပျစ်၌ ထိုင်စေပြီးနောက်
ဒေါ်ဝင်းသည်ခြံနောက်ဘက်သို့ထွက်လာခဲ့သည်။

“အမေ….”

“ဟေ…”

“အမေ့မြက်တွေနောက်မှနုတ်တော့…အရှေ့မှာအမေနဲ့
တွေ့ချင်တယ်ဆိုပြီးဧည့်သည်တွေရောက်နေတယ်…”

“သြော်…အေး…အေး…လာပြီ…လာပြီ”

ဖုန်များ…ရွံ့များပေကျံနေသည်မို့ လက်ကိုရေဖြင့်လောင်းဆေးပြီးမှ အိမ်ရှေ့ကွပ်ပျစ်ဆီသို့ဘွားမယ်စိန်ရောက်လာခဲ့သည်။
ကွပ်ပျစ်၌ထိုင်နေကြသော သူများကိုဘွားမယ်စိန်အကဲခတ်
နေခဲ့သည်။
ထိုသူတို့ကတော့ဝမ်းသာ သွားကြဟန်ဖြင့်…

“ဘွားက…ဘွားမယ်စိန်လားခင်ဗျ…”

“ဟုတ်ပါတယ်…ဘွားနာမည်ကဘွားမယ်စိန်ပါ…
ဒီကဧည့်သည်တွေကဘယ်သူတွေများလဲ…”

” ကျုပ်တို့က ကျွန်းပင်ရွာကပါ… ကျုပ်နာမည်ကဦးထွန်းမောင်ပါ…ဒါကကျုပ်ဇနီးဒေါ်မိတဲ့ခင်ဗျာ….သူကတော့
ကျုပ်တို့ရဲ့သမီးလေး မခင်ကျော့လို့ခေါ်ပါတယ်…”

“ဟုတ်ပါပြီကွယ်…ဒါနဲ့
ဘွားဆီလာရတဲ့လာရင်းကိစ္စကကောဘာများလဲ”

ဟုမေးသောအခါ မခင်ကျော့မှ…

“ဘွားဆီလာရတဲ့အကြောင်းအရင်းက
အကြံအညဏ်လေးတောင်းချင်လို့ပါ….”

“အင်း…ပြောပါဦးကလေးမရဲ့….ဘယ်လိုအကြံအညဏ်မျိုးလဲဆိုတာဘွားသိပါရစေဦး”

“ဟုတ်ကဲ့….ပြောရမယ်ဆိုရင်…ဒီလိုပါ ဘွား………..”

ဟု…အစချီ၍ မခင်ကျော့သည်
သူတို့မိသားစုအကြောင်းများနှင့် ရွှေဒင်္ဂါးပြားရရှိလာပုံများကို
ပြောပြလေတော့၏။
ဘွားမယ်စိန်မှာလည်းမခင်ကျော့ပြောသမျှကိုစိတ်ဝင်တစား
နားထောင်နေလေသည်။
လက်ဖက်အုပ်နှင့်အကြမ်းအိုးလာချပေးသော ဒေါ်ဝင်းပင်
စိတ်ဝင်စားစွာဖြင့်အတူနားထောင်နေခဲ့တော့သည်။

“အဖြစ်ကတော့အဲ့သည်လိုပါဘွား…
တစ်ရက်မှာတော့ကျုပ်အိမ်မက်တစ်ခုကိုမက်ပါတယ်…
သေချာတာကအဲ့သည်အိမ်မက်ထဲကအမျိုးသမီးက
ကျုပ်ကိုရွှေဒင်္ဂါးပြားပေးတဲ့အမျိုးသမီးဖြစ်နေခဲ့တယ်…
သူပြောတာတွေကျွန်မမှတ်မိသလောက်ဆိုရင်
ကျုပ်ကိုသူလာနှုတ်ဆက်တာလို့ထင်မိတယ်ဘွား…
နောက်ဆုံး
သူနာမည်ကိုလည်း မာလာလို့ပြောသွားသေးတယ်”

မခင်ကျော့ပြောသည်ကိုဘွားမယ်စိန်ခေါင်းတညိတ်ညိတ်
လက်ခံ၏။

“ကျုပ်သိချင်တာကလေ အဲ့မာလာဆိုတဲ့အမျိုးသမီးက
လူသားစင်စစ်ကောဖြစ်နိုင်ပါ့မလား…
ဒီအကြောင်းကိုကျုပ်အဖြေရှာမရနေတာအတော်ကြာပါပြီ။
နောက်ဆုံးတော့ဘွားအကြောင်းလေးတွေကြားမိတော့
ကျုပ်ရဲ့အဖြစ်အပျက်အတွက်အဖြေလေးရနိုးနိုးနဲ့
လာခဲ့ရတာပါ”

“အင်းးးး..ကလေးမပြောပုံဆိုရင်တော့
မာလာဆိုတဲ့အမျိုးသမီးဟာလူသားစင်စစ်တော့မဖြစ်နိုင်ဘူးလို့ဘွားထင်တယ်…ဒီမိန်းကလေးဟာ အဲ့သည်အနီးအနားက
သိုက်စောင့်တစ်ဦးဦးပဲဖြစ်ရမယ်…
ကလေးမကိုသူရွှေဒင်္ဂါးပြားတွေပေးခဲ့တာက
ကလေးမနဲ့သူနဲ့ရေစက်ရှိဒါကြောင့်…ဒါမှမဟုတ်ရင်
ကလေးမကိုသူ့ဘက်ချစ်ခင်လို့ ပေးခဲ့တာပဲဖြစ်ရမယ်…
ကလေးမကိုလာနှုတ်ဆက်တယ်ဆိုတာ
သူတို့တွေရဲ့နေရာအပြောင်းအရွေ့ကြောင့်ဖြစ်ရမယ်…
အဲ့သည်အိမ်မက် မက်ပြီးနောက်ဘာများထူးခြားသေးသလဲ”

“အဲ့သည်အိမ်မက် မက်ပြီးနောက်ရက်မနက်ကျတော့
ကျုပ်သွားယူနေကြနေရာမှာရွှေဒင်္ဂါးမရှိဘူးဘွား…”

“နောက်ထပ်ထူးခြားတာတစ်ခုခုကော ရှိသေးလားကွဲ့”

ဟု…ဘွားမယ်စိန်မေးလေတော့ မခင်ကျော့တင်မက
သူ၏မိဘများပါစဥ်းစားကုန်ကြတော့သည်။
ခဏမျှကြာလေတော့ဒေါ်မိမှ…

“ရှိတယ်…ရှိတယ်…ထူးခြားတာရှိတယ်ဘွားရဲ့…
အဲ့သည်နောက်ရက်သန်းခေါင်ချိန်ကြီးကျမှ…
နွားလှည်းသံတွေ…လူသံတွေဆူညံပြီးရွာပြင်ကနေသွားနေကြတာကို ကျုပ်တို့တစ်ရွာလုံးကြားခဲ့ကြတယ်တော့်…
ခရီးသွားတွေဆိုရင်လည်းဒီလောက်လူများမယ်မထင်ဘူး…
တညလုံးက်ိုအသံတွေကြားရတာ…
တချို့ရွာထဲကထွက်ကြည့်ကြတဲ့လူတွေပြောတာတော့
ဖုန်တွေတသောသောထပြီးအသံသာကြားရသတဲ့…
လူဆိုလို့ဘာကိုမှမမြင်ရဘူးဆိုပဲ”

ဒေါ်မိပြောသည်ကိုနားထောင်နေသော ဘွားမယ်စိန်သည်
ခေါင်းကိုညိတ်ပြီး…

“အင်း…ကလေးမကိုရွှေဒင်္ဂါးပြားပေးတဲ့အမျိုးသမီးကဘွားပြောတဲ့သိုက်စောင့်တစ်ယောက်ပဲ…
သူတို့သိုက်ဟာ ဘုရားသိုက်…
ဒါမှမဟုတ်အခြားသိုက်တစ်ခုခုပဲဖြစ်ရမယ်…
အခုလိုပြောင်းရွှေ့သွားတာက​တော့
သူတို့သိုက်တည်နေရာကစိတ်မချရတော့တာကြောင့်
ပေါ့ကွယ်…”

“ဟင်…သြော်…ဒီလိုဆိုရင်ကျုပ်သိပြီတော့်”

မခင်ကျော့မှတအံ့တသြပြောလေသည်။
ဆက်ပြီးလည်း…

“တစ်နေ့ကျုပ်တို့ဆီကိုဘိုးတော်
နှစ်ယောက်ရောက်လာတယ်….
ပုံစံတွေကတော့ သိုက်ဆရာလိုလိုပါပဲ…
ကျုပ်တို့ရွာအနီးအနားမှာသိုက်ကျောတစ်ခုတွေ့ထားကြောင်း
ကျုပ်တို့ချမ်းသာလာတာ…ဒီသိုက်နဲ့ဆက်စပ်နေသလားဆိုပြီး
လာမေးကြတော့…ကျုပ်နဲ့အဘကနှင်လွှတ်လိုက်ကြတယ်လေ..
နောက်မကြာပါဘူးတော်အဲ့ဘိုးတော်နှစ်​ယောက်လုံး
ကုန်းထိပ်ကနတ်စင်အနားမှာသူတို့အလောင်းတွေ
တွေ့ရတာပါပဲ…ရွာကလည်းဘယ်သူဘယ်ဝါ…
ဘယ်ကလာကြသလဲမသိတော့…
မြေမြုပ်ပေးလိုက်ကြတာပေါ့”

မခင်ကျောပြောသည်နှင့်ဘွားမယ်စိန်ပြောသည်များကို
ဖလှယ်ကြည့်ကြသော်နောက်ဆုံး၌လိုချင်သော
အဖြေကိုရလာခဲ့တော့သည်။
မာလာဆိုသည့်အမျိုးသမီးမှာသိုက်စောင့်တစ်ဦးပင်ဖြစ်ချေတော့၏။
သိုက်တူးဖို့အကြံဖြင့်ရောက်လာကြသော
သိုက်ဆရာတို့အားရှင်းလင်းပြီးသည်နှင့်
သိုက်ကိုချက်ချင်းနေရာရွေ့ပြောင်းသွားကြခြင်းဖြစ်သည်။

“အခုမှပဲကျုပ်တို့နားလည်တော့တယ်ဘွားရယ်…
မာလာပေးထားခဲ့တဲ့ရွှေဒင်္ဂါးတွေကျုပ်မှာရှိသေးတယ်လေ…
အဲ့တာလေးတွေရောင်းချပြီး သူတို့အတွက်အလှူအတန်းလေး
လုပ်ပေးချင်ပါသေးတယ်…
ကျုပ်ကိုအဖြေရှာပေးတဲ့ဘွားရဲ့ကျေးဇူးကိုလည်း
ဆပ်တဲ့အနေနဲ့ဒါလေးလက်ခံပေးပါဘွား”

ဟုဆိုကာ မခင်ကျော့သည် ရွှေဒင်္ဂါးပြားလေးနှစ်ပြားကို
ဘွားမယ်စိန်အားပေး၏။
ဘွားမယ်စိန်သည်မခင်ကျော့လက်ကိုဟန့်တားလိုက်ပြီး
ခေါင်းကိုခါရမ်း၍…

“ကလေးမ…ညည်းကိုအဖြေရှာပေးတာက
ဘွားရဲ့စေတနာပါ…အဲ့သည်စေတနာအတွက်လည်း
ဘွားဘက်ကနေဘာကိုမှမတောင်းဆိုသလို…
ရွှေငွေပိုက်ဆံကိုလည်းလက်မခံပါဘူးကွယ်…”

ဟုပြောလေတော့မခင်ကျော့တို့မိသားစုသည်
ဘွားမယ်စိန်ကိုလေးစား၍ ဦးသုံးကြိမ်ချကန်တော့ကြတော့၏။

“ကျေးဇူးတင်ပါတယ်ဘွား…ကျုပ်တို့လည်း
မမာလာတို့အတွက်အလှူလုပ်ပေးတဲ့အချိန်ကြရင်တော့
ဘွားကိုလာခေါ်ချင်ပါသေးတယ်
ဘွားလိုက်ခဲ့ပေးဖို့တော့တောင်းဆိုပါရစေတော်”

မခင်ကျော့ပြောသည်ကိုဘွားမယ်စ်ိန်မှခေါင်းညိတ်လက်ခံလိုက်သောအခါ မခင်ကျော့တို့ဝမ်းသာသွားရှာတော့သည်။

ထို့နောက်မခင်ကျော့တို့လည်းမိမိတို့ရွာသို့ပြန်သွားကြတော့၏။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)