အောက်လမ်းဆရာ

တော့သည်။

(၂)

မနက်‌ေဝလီ‌ေဝလင်းအချိန်မှာ ကိုမြင့်ဆောင်တစ်ယောက် နွားပြာ(နဗျာ)ကြီးနှစ်ကောင်ကိုထမ်းပိုတွင်တပ်ကာ ထယ်ခေါင်းတစ်လုံးတင်ပြီး ဦးဘိုးခင်၏ရွာအနီးအနားရှိလယ်ကွက်များဆီသို့ထယ်ထိုးသွားရန်ပြင်နေစဉ် မောင်စိုးတစ်ယောက်အိပ်နေရာမှာထလာပြီး

“ဦးမြင့်ဆောင် အစောကြီးသွားတော့မလို့လား”

“အေးကွာ စောစောသွားတော့နွားကြီးတွေနေပူသက်သာတာပေါ့”

“ဒါဆိုလည်းကျွန်တော် ခဏနေမှထမင်းကြမ်းလာပို့မယ်ဗျာ အရီးမြလည်းချက်လို့ပြီးမှာမဟုတ်သေးဘူး”

မောင်စိုးထိုသို့ပြောလိုက်တော့

“အေး ရပါတယ်ကွာ မင်းအေးအေးဆေးဆေးမှပဲလာခဲ့လိုက်တော့ ဒါနဲ့မင်းအားရင်တော့ နွားစာနဲနဲစဉ်းထားလိုက်ဦးကွာ ထယ်ထိုးတာကအပြန်ကျွေးရအောင်လို့”

သူထိုသို့ပြောလိုက်တော့မောင်စိုးက

“ရတယ်ဦးလေး ကျွန်တော်မျက်နှာသစ်ပြီးရင်စဉ်းထားလိုက်မယ် ဒါဆိုအရီးမြချက်ပြုတ်ပြီးချိန်နဲ့ အကိုက်လောက်ပဲ”

“အေးဒါဆိုလဲငါသွားတော့မယ်ကွာ”

ကိုမြင့်ဆောင် မောင်စိုးကိုနှုတ်ဆက်ရင်း ထွက်ခဲ့တော့သည်။

မောင်စိုးတစ်ယောက် ကိုမြင့်ဆောင်နှင့်အတူနွားပျောက်တာကိုလိုက်ရှာပြီးကတည်းက ကိုမြင့်ဆောင်အပေါ်ပို၍ခင်မင်လာသည် သူ့ကိုကြည့်ပြီးလည်း တစ္စေသရဲတွေကိုသိပ်မကြောက်တတ်တော့

မောင်စိုးမျက်နှာသစ်လိုက်ပြီး နွားကြီးများအလုပ်ကအပြန်ကျွေးနိုင်ရန် နွားစာပြောင်းများကိုစဉ်းလိုက်သည်။

ကိုမြင့်ဆောင်အတွက် မနက်စာထမင်းကြမ်းကိုတော့
အရီးမြချက်ပြုတ်ပြီးမှပင်သွားပို့လိုက်တော့မည်ဖြစ်သည်။

(၃)

“မင့်ကိုငါပြောသားပဲ ဒီအချိန်မှိုမပေါက်သေးပါဘူးဆို
အခုတော့ လာရတာမောတာပဲအဖတ်တင်တယ်”

ကျော်ခင်တစ်ယောက်အောင်ဘုကိုပြောနေခြင်းဖြစ်သည်။

“ဟာ မင်းကလဲအရင်နှစ်ကဒီအချိန်ပေါက်တာကွ
ငါသေသေချာချာမှတ်ထားတာ အခုနှစ်မှဘာလို့မပေါက်ရတာလဲမသိဘူး”

သူတို့နှစ်ယောက်သည် တောင်ဘို့မှိုလိုက်ရှာနေကြခြင်းဖြစ်သည် တောင်ဘို့မှိုသည်သူ့လသူ့ရက်နှင့်အတူအချိန်မှန်‌ေပါက်‌သောမှိုဖြစ်သည် မနှစ်ကမှိုပေါက်ခဲ့သောတောင်ဘို့သည်ယခုနှစ်လည်းထိုအချိန်တွင်ပြန်၍ပေါက်တတ်သည်။

ယခုလည်းအောင်ဘုတစ်ယောက် မနှစ်ကသူနှုတ်ခဲ့သောမှိုတောင်ဘို့အား ကျော်ခင့်ကိုပါခေါ်၍ပြန်လာကြည့်ချင်းဖြစ်သည် ဒါပေမဲ့အခုတော့သူထင်သလိုမှိုများပေါက်မနေ ဒါကိုကျော်ခင်ကပြောနေခြင်းဖြစ်သည်။

“မင်းရက်မှတ်တာများလွဲသွားလို့လား”

ကျော်ခင်ကမေးလိုက်တော့ အောင်ဘုကသေချာစဉ်းစားရင်း

“ဟုတ်ချင်လဲဟုတ်မှာ‌ေပါ့ကွာ ငါလည်းသေချာမပြောတတ်‌ေတာ့ဘူး”

သူထိုသို့ပြောလိုက်တော့ ကျော်ခင်က

“နေကပူ မှိုကမရ ခွီးတဲမှပဲ ဘာလုပ်ရမှန်းကိုမသိတော့ဘူး”

သူတို့နှစ်ယောက်ထိုသို့အချီအချပြောနေရင်းအောင်ဘုကပြောလိုက်သည်

“ဟေ့ကောင်ကျော်ခင် ဒို့ဒီကနေဖြတ်ချလိုက်ရင် ကိုမြင့်ဆောင်ကြီးတဲကိုရောက်တယ်မဟုတ်လား”

အောင်ဘုထိုသို့ပြောလိုက်တော့ကျော်ခင်ကအနည်းငယ်စဉ်းစားရင်း

“အေးဟုတ်တယ် အဲ့ဒါဆိုရွာကိုပြန်ရင်း ကိုမြင့်ဆောင်ကြီးဆီကိုဝင်လည်ကြတာပေါ့ကွာ”

သူတို့နှစ်ယောက်ထိုသို့ပြောလိုက်ကြရင်း မှိုဆက်မရှာတော့ပဲ ကိုမြင့်ဆောင်တဲရှိရာသို့တောလမ်းအတိုင်းဖြတ်လာခဲ့ကြတော့သည်။

သူတို့နှစ်ယောက်သည် ကိုမြင့်ဆောင်ရွာပြန်သွားသည်ကိုမသိကြသေး ထို့ကြောင့် ကိုမြင့်ဆောင်ရှိမည်အထင်ဖြင့်တဲသို့လာနေကြရင်းနဲ့

“‌ဟေ့ကောင်အောင်ဘု အဲ့နေရာကသရဲခြောက်တယ်နော် ဒို့သွားလို့ဖြစ်ပါ့မလား”

ကျော်ခင်ထိုသို့ပြောလိုက်တော့ အောင်ဘုက

” မင်းကလဲ ကိုမြင့်ဆောင်ရှိနေတာကို ဘာကြောက်ဆရာလိုလို့လဲ လာစမ်းပါကွာ”

ထိုသို့ပြောရင်းရှ့မှ‌ေန၍ခပ်သွက်သွက်လျှောက်သည်

ကျော်ခင်လည်းဘာမှမပြောတော့ပဲ‌ေအာင်ဘုနောက်မှအသာလိုက်ခဲ့‌ေတာ့သည်။

သို့နှင့်မကြာမီပင် ကိုမြင့်ဆောင်၏တဲရှိရာကျတ်တက်လျှို ယာခင်းအစပ်ခရိုး‌ေပါ်သို့ရောက်လာကြသည်။

ထိုခရိုးလေးပေါ်ရောက်လာတော့ ကိုမြင့်ဆောင်၏တဲ‌ကိုလှမ်းကြည့်ရင်း ကျော်ခင်ကပြောလိုက်သည်

“ဟေ့ကောင်အောင်ဘု ကိုမြင့်ဆောင်မရှိဘူးနဲ့တူတယ်
ဘာသံမှလဲမကြားရဘူး”

သူထိုသို့ပြောလိုက်တော့အောင်ဘုကပြန်၍ပြောသည်

“အေး နွားတွေလည်းမမြင်ဘူးကွ ကိုမြင့်ဆောင်ကြီးဘယ်များသွားနေပါလိမ့်

သူတို့နှစ်ယောက်ခရိုးလေးပေါ်ရပ်ရင်း တဲကိုမသွားသေးပဲ ယာကွက်အနှံ့ကြည့်ကာ ကိုမြင့်ဆောင်ကိုရှာနေကြသည် အတန်ကြာ၍ရှာမတွေ့တော့မှ ကျော်ခင်က‌ေအာင်ဘုကိုပြန်ကြရန်ပြောသည်

“ကိုမြင့်ဆောင်မရှိဘူးဟေ့ကောင် ဒို့ကောင်တွေပြန်ရအောင်”

“နေပါဦးကွပြောင်းဖူးနဲနဲလောက်သွားချိုးရအောင်
သေးတယ်”

ကျော်ခင်ထိုသို့ပြောလိုက်တော့အောင်ဘုပြန်၍ပြောချင်းဖြစ်သည်။

ကိုမြင့်ဆောင်ကိုမျက်စိဖြစ်လိုက်ရှာရင်း ရင့်နေပြီဖြစ်သောပြောင်းဖူးခင်းကြီးကိုမြင်ပြီး‌အောင်ဘုကပြောခြင်းဖြစ်သည်။ထိုအခါကျော်ခင်က

“ချိုးမနေပါနဲ့ကွာသူများပြောင်ဖူးတွေကို တော်ကြာကိုမြင့်ဆောင်ကြီးသိရင်မကောင်းပဲဖြစ်နေမယ်”

ကျော်ခင်ထိုသို့ပြောလိုက်တော့အောင်ဘုကပြန်၍ပြောသည်။

” နည်းနည်းပါးပါးချိုးတာပဲ ဘာမှမဖြစ်ပါဘူးကွာ
လာစမ်းပါဘယ်သူမှရှိတာမဟုတ်ဘူး”

အောင်ဘုထိုသို့ပြောရင်း ပြောင်းခင်းဘက်ကိုဆင်းသွားသည်။ကျော်ခင်လည်းအောင်ဘုဆင်းသွာတာမြင်တော့ဘာလုပ်ရမှန်းမသိပဲအောင်ဘုနောက်ကနေပဲလိုက်သွားရသည်။

ပြောင်းခင်းထဲရောက်တော့အောင်ဘုက ရင့်နေသည့်ပြောင်းဘူများကို လိုက်ရှာပြီးတ‌ေဖျာင်းတ‌ေဖျာင်းချိုးနေသည်

ကျော်ခင်လည်းအောင်ဘု‌ချိုးနေတာမြင်တော့မချိုးချင်ချိုးချင်ဖြင့်ပြောင်းဖူးတစ်ဖူးအားချိုးလိုက်သည်

ထို့နောက်ဆက်မချိုးတော့ပဲပြောင်းခင်းဘေးတွင်ရပ်နေလိုက်သည် သူ့စိတ်ထဲတွင်သိပ်မလုံ

အောင်ဘုကတော့ပြောင်းဖူးတွေကို တဖူးပြီးတဖူးဆက်တိုက်ချိုးနေသည်

ဒီလိုအောင်ဘုတစ်‌ေယာက်ပြောင်းဖူးတွေကိုဆက်တိုက်ချိုးနေတာကြည့်ပြီးကျော်ခင်စိတ်ပျက်နေမိသည်။

ဒါကြောင့်

“တော‌တော့်လေကွာ မင်းဟာကအများကြီဖြစ်နေပြီ”

ကျော်ခင်ထိုသို့ပြောလိုက်တော့အောင်ဘုကပြန်၍ပြောသည်

“နေပါဦးကွ နည်းနည်းလောက်ထပ်ချိုးလိုက်ဦးမယ်”

အောင်ဘုကိုစိတ်ပျက််ပြီးကျော်ခင်ဘာမှမပြောတော့ ပြောင်းခင်းဘေးမှသာ အသာရပ်ကြည့်နေလိုက်သည်

ထိုသို့သူတို့နှစ်ယောက်ပြောင်းဖူးများချိုးနေသည်ကို ဖိုးခေါင်ကြီးသည်ကြည့်နေသည် ထိုသူနှစ်ယောက်ခရိုးအစပ်ကိုရောက်လာတည်းကပင် ဖိုးခေါင်ကြီးသည်မျက်ခြေမပြတ်လိုက်ကြည့်နေသည်

ဘာမှ‌ေတာ့မလုပ်သေး ပြောင်းဖူးတွေကိုချိုးနေတာမြင်တော့လည်းဒီတိုင်းပင်ကြည့်နေသေးသည်

ပြောင်းခင်းဘေးမှာနေပြီးရပ်ကြည့်နေသူကိုဖိုးခေါင်ကြီးဂရုမစိုက်စိတ်မဝင်စား

သူစိုက်ကြည့်နေသည်မှာပြောင်းဖူးများကိုဆက်တိုက်ချိုးနေသူကိုဖြစ်သည်
သူကြည့်နေရင်းထိုသူကိုဒေါသဖြစ်လာသည် ထိုသူသည် သူချိုးပြီးသားပြောင်းဖူးများကို
ပင်အိပ်ထဲမထည့်နိုင်‌ေသးပဲ လောဘတကြီးဖြင့်သာနောက်ထပ်ပြောင်းဖူးများကိုဆက်ချိုးနေသည်

ဒါ့ကြောင့်ဖိုးခေါင်ကြီးသည် သူနေသောဥနှဲပင်ကြီးကို ခြေဖြင့်ဆောင့်ကန်လိုက်သည် ထိုအခါဥနှဲပင်ကြီးသည်တဝေါဝေါလှုပ်၍လာတော့သည်။

ထိုအသံကြီးကိုကြားလိုက်ရသောကျော်ခင်သည် လန်ဖြန့်သွားပြီးဥနှဲပင်ကြီးကိုလှမ်းကြည့်လိုက်သည်

ထိုအခါလေမတိုက်ပဲတဝုန်းဝုန်းယိမ်းထိုးနေသည့်သစ်ပင်ကြီးကိုကြည့်ပြီး ယာခင်းခရိုးအစပ်ကုန်းစောင်းပေါ်သို့တက်ပြေးတော့သည်။

အောင်ဘုကတော့ပြောင်ခင်းထဲမှာပင်ထိုအသံကြီးကိုရပ်ပြီးနားထောင်နေ‌ေသးသည် ‌
ကျော်ခင်ပြေးသွားတာမြင်တော့ ပြောင်းခင်းထဲမှတဝေါဝေါနှင့်တိုးထွက်‌ေနသည်။ထိုသို့ပြောင်းခင်းထဲမှတိုးထွက်နေသောအောင်ဘုကို ဖိုးခေါင်ကြီးသည်လယ်ကွက်ထဲမှထယ်ခဲဖတ်များနှင့်ပစ်ပေါက်လိုက်သည်။

ထိုထယ်ခဲဖတ်များသည် ပြောင်းခင်းထဲမှတိုးထွက်နေသောအောင်ဘု‌၏နောက်ကျောသို့မှန်လေသည်
အောင်ဘုလည်းခါးကြီးကော့လျှက် မျက်နှာကြီးရှုံ့မဲ့ကာ ရှေ့သို့ဟပ်ထိုးလဲကြမသွားအောင် မနည်းထိန်းကာကျော်ခင့်နောက်သို့လိုက်နေရသည်

သူပြောင်းခင်းထဲကထွက်လာတော့ ကျော်ခင်သည်ခရိုးအစပ်ကုန်းလေးပေါ်မှနေ၍ သူကိုရပ်စောင့်နေသည်ကိုတွေ့လိုက်ရသည်

သူလည်းထိုကုန်းလေးပေါ်သို့မနည်းရောက်အောင်တက်နေရသည် ဒူးတွေပင်ခွေကြကာအကြိမ်ကြိမ်ပြန်ထနေရသည် ထိုသို့ဖြင့်ထိုကုန်းလေးပေါ်ရောက်တော့ နောက်သို့ပင်လှည့်မကြည့်တော့ပဲ ရွာသို့တကြိုးတည်းပြေးခဲ့ကြတော့သည်။

(၄)

ကိုမြင့်ဆောင်တစ်ယောက်ထယ်ထိုးရာမှပြန်လာပြီဖြစ်သည် ထို့နောက်သူလည်းနွားကြီးနှစ်ကောင်ကို
ထမ်းပိုးမှဖြုတ်၍တင်းကုပ်ထဲသို့ဆွဲချည်ကာ မောင်စိုးစဉ်းထားသောနွားစာပြောင်းများကိုကျွေးထားလိုက်သည်။

ထို့နောက်သူတန်းလျှားပေါ်ခဏထိုင်ရင်းအမောဖြေနေစဉ်

“ဦးမြင့်ဆောင် ကိုအောင်ဘုတို့သရဲအခြောက်ခံလိုက်ရလို့တဲ့ ကြားပြီးလား”

အပြင်မှပြန်လာသောမောင်စိုးကရောက်ရောက်ချင်းသူ့ကိုပြောသည်။

“သိသေးဘူးလေကွာ ငါလည်းအခုမှပြန်ရောက်တာ
ဘယ်လိုဖြစ်ပြီးများသရဲအခြောက်ခံရတာတုန်း”

ထိုသို့ကိုမြင့်ဆောင်မေးလိုက်တော့မောင်စိုးကပြုံးစိစိဖြင့်

“ဦးမြင့်ဆောင်စိုက်ထားတဲ့ပြောင်းခင်းကို ပြောင်းဘူးသွားချိုးတာတဲ့လေ အဲ့ဒါထယ်ခဲဖတ်နဲ့ကျောကိုအပစ်ခံရလို့တဲ့”

မောင်စိုးထိုသို့ပြောလိုက်တော့ကိုမြင့်ဆောင်လည်းပြုံးစိစိဖြစ်ကာ ပြန်ပြောသည်

“ဘာမှတော့ ကြီးကြီးမားမားသိပ်မဖြစ်ကြဘူးမဟုတ်လား”

ထိုအခါမောင်စိုးကပြန်၍ပြောသည်

“အဲ့ဒါ‌တော့မသိသေးဘူးဗျ ဒါပေမဲ့သူတို့ချိုးထားတဲ့ပြောင်းဖူးတွေတော့တစ်ဖူးမှပါမလာဘူး နှစ်ယောက်လုံး‌
ကြောက်ကြောက်နဲ့ပြေးလာတာ ရွာကိုတကြိုးတည်းပဲတဲ”
မောင်စိုးပြောလိုက်တော့မှကိုမြင့်ဆောင်ပြန်ပြီးမေးလိုက်သည်။

“ဟေ ဒါဆိုနောက်တစ်ယောက်ကဘယ်သူတုန်းကွ”

“နောက်တစ်ယောက်ကကိုကျော်ခင်တဲ့လေဗျာ သူတို့နှစ်ယောက်မှိုသွားရှာတာမရလို့ ဦးလေးဆီကိုလာရင်း
ပြောင်းဖူးဝင်ချိုးနေကြတာတဲ့”
မောင်စိုးထိုသို့ပြောလိုက်တော့ ကိုယ်မြင့်ဆောင်တစ်ကိုယ်တည်းညည်းရင်း
“အင်း အဲ့ဒါဆိုရင်‌တော့ ညနေယာခင်းထဲသွားပြီးဒီကောင်တွေချိုးထားတဲ့ပြောင်းဖူးတွေသွားယူရဦးမယ်
ဒီလိုမှအဟုတ်ရင်အကုန်အလကားဖြစ်ကုန်လိမ့်မယ် တော်တော်ဆိုးတဲ့ကောင်တွေ”

ကိုမြင့်ဆောင်ထို့သို့ပြောကာရေချိုးသွားဘို့ပြင်ရင်းမောင်စိုးကိုတဆက်တည်းမေးလိုက်သည်။

“မောင်စိုးမင်းရောညနေလိုက်ဦးမှာလား”

ကိုမြင့်ဆောင်ထိုသို့မေးလိုက်တော့ မောင်စိုးက

“ဟုတ် လိုက်ခဲ့မယ်ဦးလေး”

“ကဲ ဒါဆိုလည်းငါရေသွားချိုးလိုက်ဦးမယ်ကွာ”

ကိုမြင့်ဆောင်ထိုသို့ပြောပြီးရေချိုးရန်ထွက်ခဲ့တော့သည်။

ထိုသို့ဖြင့်ရေမိုးချိုးထမင်းစားသောက်ပြီး ညနေနေအေးတော့ ကိုမြင့်ဆောင်နှင့်မောင်စိုးတို့နှစ်ယောက်ပြောင်းဖူးများယူရန် ယာခင်းထဲသို့ထွက်ခဲ့တော့သည်။

တဲရောက်လို့ကိုမြင့်ဆောင်ပြောင်ခင်းထဲလှမ်းကြည်လိုက်တော့ အောင်ဘုတိုးဝှေ့ပြေးထားသည့်စွတ်ကြောင်းရာကြီးကိုအထင်းသားမြင်‌‌ေနရသည်။

ကိုမြင့်ဆောင်အောင်ဘုတို့နှစ်ယောက်၏အဖြစ်ကိုတွေးကြည့်ပြီးရယ်ချင်နေမိသည် သို့သော်မရယ်မိအောင်ထိန်းရင်

“လာကွာမောင်စိုး ပြောင်းခင်းထဲသွားကြည့်ရအောင်”

မောင်စိုးကိုခေါ်ပြီးရှေ့မှထွက်ခဲ့လိုက်သည်။

ပြောင်းခင်ထဲရောက်တော့ ချိုးပြီးသားပြောင်းဖူးများကိုမြေကြီးပေါ်တွင်ပုံလျှက်သားတွေ့လိုက်ရသည်။

ကိုမြင့်ဆောင်လည်းထိုပြောင်းဖူးများကိုကြည့်ရင်း

“ဒီကောင်တွေချိုးထားတာတော်တော်များတယ်ကွ ဒါကြောင့်ဖိုးခေါင်ကြီးခဲနဲ့ထုလိုက်တာနေမယ်”

ကိုမြင့်ဆောင်ထိုသို့ပြောလိုက်‌တော့အနားမှာရပ်နေသည့်မောင်စိုးက

“ဖိုးခေါင်ကြီးဆိုတာဘယ်သူတုံးဗျ”

‌‌မေးသာမေးလိုက်ရသည်သူလည်းဖိုးခေါင်ကြီးဆိုတာကိုတော့ကြားဖူးနေသည် ဘယ်နေရာမှာကြားဖူးသည်ကိုမမှတ်မိချင်းသာဖြစ်သည်။

မောင်စိုးထိုသို့မေးလိုက်တော့ကိုမြင့်ဆောင်ကပြန်၍ပြောသည်

“ဖိုးခေါင်ကြီးဆိုတာဖိုးခေါင်ကြီးပေါ့ကွာ ဒါတွေအရေးမကြီးပါဘူး လောလောဆယ်မင်းနဲ့ငါဒီပြောင်းဖူးတွေကို
အိမ်ရောက်အောင်သယ်ဖို့ပဲအရေးကြီးတယ်”

ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့ မောင်စိုးဘာမှထပ်မမေးတော့ ကိုမြင့်ဆောင်လုပ်နေတာတွေကိုသာရပ်ကြည့်နေလိုက်သည်။

ကိုမြင့်ဆောင်ချိုးပြီးသားပြောင်းဖူးတွေကိုလိုက်စုနေရင်း အနီးအနားမှာအိပ်လွတ်တစ်လုံးတွေ့လိုက်ရသည်။

“ဒါဟိုကောင်‌တွေကျန်ခဲ့တဲ့အိပ်ပဲဖြစ်မယ်”

ကိုမြင့်ဆောင်ထိုသို့ပြောရင်းထိုအိပ်ကိုပါယူခဲ့လိုက်သည် ထိုအိပ်သည်အောင်ဘုမှိုထည့်ရန်ယူခဲ့‌သောအိပ်သို့သော်ဖိုးခေါင်ကြီးနဲ့တွေ့ပြီးအိပ်ပင်မယူနိုင်တော့ပဲထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

ကိုမြင့်ဆောင်လည်းပြောင်းဖူးတွေအကုန်လိုက်စုလိုက်ပြီး အိမ်ကပါလာ‌သောအိပ်ထဲသို့တဝက် အောင်ဘုကြကျန်ခဲ့သောအိပ်ထဲသို့တဝက်ထည့်ကာ နှစ်ယောက်သားတစ်ယောက်တစ်အိပ်ထမ်းပြီးရွာသို့ပြန်ခဲ့လိုက်တော့သည်။ဖိုးခေါင်ကြီးကိုမှူမောင်စိုးပါလာ၍နှုတ်မဆက်ဖြစ်ခဲ့တော့

ဤသို့ဖြစ်အိမ်သို့ရောက်လျှင်အရီးမြအားပြောင်းဖူးအိပ်များကိုပေးလိုက်ပြီး

“အရီးမြ ဟိုနှစ်ကောင်ကိုလည်းပြောင်းဖူးနဲနဲဆီသွားပေးလိုက်ရင်ကောင်းမယ်ထင်တယ်”

သူထိုသို့ပြောလိုက်တော့သဘောကောင်းသောအရီးမြကပြံးစိစိဖြစ်

“အေး အဲ့ဒိနှစ်ကောင်ကိုမင်းပဲသွားပေးလိုက်‌တော့မောင်မြင့်ဆောင်ရေ အရီးကတော့ကျန်တဲ့ပြောင်းဖူးတွေကိုပြုတ်လိုက်ဦးမယ်ကွဲ့”

သူတို့နှစ်ယောက်ထိုသို့ပြောနေကြသည်ကို တန်းလျှားပေါ်တွင်ထိုင်နေသောဦးဘိုးခင်ကလည်းပြုံးစိစိဖြစ်သာကြည့်နေသည်။သူတို့နှစ်ယောက်သည် လူမသိသူမသိပြောင်းဖူးခိုး၍ချိုးသည့် အောင်ဘုနှင့်ကျော်ခင်တို့ကိုစိတ်ဆိုးချင်းဒေါသထွက်ချင်းမရှိကြပေ

ကိုမြင့်ဆောင်လည်းအောင်ဘုကြကျန်ခဲ့သည်အိပ်ထဲမှပြောင်းဖူးဆယ်ဖူးကိုထုတ်ယူလိုက်ပြီး ပြောင်းဖူးဖတ်များကိုအနည်းငယ်ခွာကာစုချည်လိုက်သည်။ထိုအခါပြောင်ဖူးတွဲဖြစ်သွားသည်။အောင်ဘု၏အိပ်ထဲတွင်လည်းပြောင်းဖူးဆယ်ဖူးချန်ပြီးပိုတာ‌တွေကိုအရီးမြအားပေးလိုက်သည်။

ထိုနောက်အောင်ဘုနှင့်ကျော်ခင်တို့ကိုပြောင်းဖူးပေးရန်ထွက်ခဲ့တော့သည်။

အောင်ဘုအိမ်သို့ရောက်တော့သူအောင်ဘုကိုလှမ်းခေါ်လိုက်သည်။

“ဟေ့ကောင်အောင်ဘု လာပါဦးကွ”

သူလှမ်းခေါ်လိုက်တော့အောင်ဘုအိမ်ပေါ်ကဆင်းလာသည် သူ့ကိုလည်းသိမ်ငယ်သည့်မျက်နှာဖြင့်ကြည်နေသည်။

“ရော့ဒါမင်းအတွက်ပြောင်းဖူး နောက်တစ်ခါအဲ့ဒီလိုမလုပ်တော့နဲ့ကြားလာ တော်ကြာမဟုတ်ကဟုတ်ကလေးနဲ့ဒုက္ခဖြစ်နေဦးမယ်”

သူထိုသို့ပြောလိုက်တော့အောင်ဘုကပြန်၍

“ဟုတ်ကဲ့ ကိုမြင့်ဆောင်ကျွန်‌တော်နောက်မလုပ်တော့ပါဘူး အခုဟာကလည်းကျွန်တော်ချိုးရင်းချိုးရင်းနဲ့

အောင်ဘုဘာဆက်ပြောရမှန်းမသိ‌ေတာ့ထို့ကြောင့်ရပ်နေလိုက်သည်
ကိုမြင့်ဆောင်လည်းအောင်ဘုကိုကြည့်ရင်း

“အေး အေးအခုတခါတော့ထားလိုက်တော့ နောက်တခါတော့ထပ်မဖြစ်စေနဲ့ကြားလား
မင်းတို့တော်တော်ဒုက္ခပေးတဲ့ကောင်တွေကွာ”

ကိုမြင့်‌‌ေ‌ဆာင်‌ေပြာ‌ေပြာဆိုဆိုကျော်ခင့်အိမ်ဘက်သို့ဆက်ထွက်လာသည် အောင်ဘုက‌တော့ခေါင်းကိုကုပ်လျှက်သာကျန်ခဲ့တော့သည်။

ကျော်ခင့်အိမ်ကိုရောက်တော့လည်း ထိုသို့ပင်ပြောဆိုဆုံးမကာ လက်တွင်ဆွဲလာသောပြောင်းဖူးတွဲကိုပေးလိုက်သည် ထို့နောက်ဦးဘိုးခင်အိမ်သို့ပြန်ရန်စဉ်းစားပြီးကာမှမပြန်ဖြစ်သေးပဲ ရွာတောင်ပိုင်းရှိငပြူးအိမ်သို့ဆက်ထွက်လာခဲ့သည်။

ငပြူးအိမ်သိုရောက်တော့ငပြူးကသူ့ကိုရေနွေးကြမ်းဖြစ်ဧည့်ခံပြီး နှစ်ဦးသားရောက်တက်ရာရာတွေပြောနေသည်မှာနေဝင်ချိန်သို့ပင်ရောက်ရှိခဲ့ပြီဖြစ်သည်။

ထိုအခါကြမှကိုမြင့်ဆောင်လည်းဦးဘိုးခင်အိမ်သို့ပြန်လာခဲ့တော့သည်။အိမ်သို့ရောက်တော့ဦးဘိုးခင် အရီးမြ မောင်စိုးတို့နှင့်အတူညစာစားလိုက်ကြသည်။

သူတို့အားလုံးညစာစားပြီးချိန်မှတော့ ရွာထဲ၌မီးခွက်ထွန်းချိန်ပင်ရောက်နေပြီဖြစ်သည်။
(၅)

ထိုအချိန်တွင်ရွာနောက်ဘက်မှခွေးဟောင်သံတွေကိုကြားလိုက်ရသည် တစ်ကောင်စနှစ်ကောင်စဟောင်နေသည်မဟုတ်

ရွာနောက်ဘက်ပိုင်းကခွေးများအားလုံးလိုလိုပင်ရွာပြင်ဘက်ကိုကြည့်၍ဟောင်နေကြသည်

ဦးဘိုးခင်၏အိမ်သည် ရွာနောက်ဘက်ပိုင်းသုံးအိမ်ကျော်တွင်ရှိသည်မို့ ထိုခွေးဟောင်သံများကိုအတိုင်းသားကြာနေရသည်။

ကိုမြင့်ဆောင်လမ်းမပေါ်ထွက်ကြည့်လိုက်တော့

ရှိသမျှခွေးအကုန်လုံး ရွာအဝင်လမ်းမကြီးပေါ်မှနေ၍ ရွာအပြင်ဘက်တစ်နေရာတည်းကိုသာကြည့်၍ထိုးဟောင်နေကြသည်

တချို့ခွေးများသည်အမြီးကုပ်၍မာန်ဖီနေကြသည် သူတို့တစ်နေရာထဲတွင်အညိမ်မနေ ရှေ့သိုပြေးပြီးထိုးဟောင်လိုက် နောက်သို့ကြောက်လန့်တကြားပြန်ဆုတ်လာလိုက်နှင့်ကိုမြင့်ဆောင်ခွေး‌တွေကိုအကဲခတ်ကြည့်နေသည်

ကိုမြင့်ဆောင်ထိုသို့လမ်းပေါ်ထွက်ပြီးခွေးဟောင်တာ‌တွေကိုကြည့်နေတုန်းမောင်စိုးရောက်လာပြီး

“ဦးမြင့်ဆောင် နွားကြီးတွေဘာဖြစ်တာတုန်းမသိဘူး
တရှုးရှုးနဲ့နှာတွေမှုတ်နေတယ် နောက်ပြီးတော့လဲတထိန်းထိန်းနဲ့တွန်နေတာဗျို့အဲ့ဒါဦးမြင့်ဆောင်ကိုလာပြောတာ”
“ဟေ ဟုတ်လားကွ”

ကိုမြင့်‌ေ‌ောင်ထိုသို့သာပြောပြီးကမန်းကတန်းပင်အိမ်သို့ပြန်လာခဲ့သည် အိမ်ဝိုင်းထဲရောက်လို့ ကိုမြင့်ဆောင်ကိုမြင်လိုက်တော့ နွားကြီးနှစ်ကောင်သည်တဝူးဝူးအသံပြုရင်းသူ့ကိုကြည့်နေသည်။

ထို့နောက် မောင်စိုးပြောသလိုပင်
နှာတရှူးရှူးမှုတ် ခေါင်းတရမ်းရမ်းနှင့် ရွာအပြင်ဘက်အ‌ေနာက်အရပ်ကို‌ေမာ့ကြည့်လိုက် ကိုမြင့်ဆောင်ကိုကြည့်လိုက် တထိန်းထိန်းတွန်ပြီး နွားစာကျင်းတုံးကြီးကိုဝှေ့လိုက်ဖြစ်ငနာမငြိမ်ဖြစ်နေသည် ခွါတွေလည်းတဖြောင်းဖြောင်းရှပ်နေသေးသည်။

နွားကြီးတွေကိုကြည့်ရသည်မှာ ကြောက်လန့်၍ဖြစ်နေသည့်ပုံမဟုတ်ပဲ ထိုအရပ်သို့သူတို့သွားချင်နေပုံရသည်။
ဒါကိုလည်းကိုမြင့်ဆောင်အားသူတို့သိစေချင်ပုံရသည်

ကိုမြင့်ဆောင်လည်းနွားကြီးနှစ်ကောင်ကိုကြည့်ပြီး
ဖိုးခေါင်ကြီးကိုသတိရလိုက်မိသည်

နွားကြီးနှစ်ကောင်သည်ဖိုးခေါင်ကြီးကို သူတို့၏သခင်လိုပင်သဘောထားသည် ဒါကြောင့်ဖိုးခေါင်ကြီများတစ်ခုခုဖြစ်နေရော့သလားဟုတွေးမိလိုက်သည်

ဒါမှမဟုတ်ဖိုးခေါင်ကြီးများရွာသို့လိုက်လာ၍‌ေခွးမျာကဖိုး‌ေခါင်ကြီးကိုဝိုင်း၍‌ေဟာင်‌ေနတာများလားဟုတွေးမိလိုက်ပြီး ရွာအပြင်ဘက်ခွေးများဝိုင်းဟောင်နေသည့်နေရာသို့လေးခွလွယ်အိပ်ကိုဆွဲ၍ထွက်ခဲ့လိုက်သည်။

ကိုမြင့်ဆောင် ခွေးတွေဝိုင်းဟောင်နေသည့်နေရာသို့ရောက်တော့ လွယ်အိပ်ထဲမှလေးခွကိုဆုပ်ကိုင်လိုက်ပြီးကြည့်လိုက်သည်

သူမြင်လိုက်ရသည်မှာဖိုးခေါင်ကြီးမဟုတ်ပဲငလူးကြီးသာဖြစ်သည် ငလူးကြီးသည်သူကိုကြည့်ပြီးတစ်ခုခုသိစေချင်ပုံရသည် သူ၏လက်လက်ညှိုးကြီးကို ကိုမြင့်ဆောင်တဲရှိရာဘက်သို့ညွှန်ပြနေသည်။

ကိုမြင့်ဆောင်သဘောပေါက်လိုက်ပြီဖြစ်သည် ဖိုးခေါင်ကြီးဒုက္ခရောက်နေပြီမို့ ငလူးကြီးရောက်လာပြီးအသိပေးချင်းဖြစ်သည်။

ကိုမြင့်ဆောင်အချိန်ဆိုင်းမနေတော့ အိမ်သို့အမြန်ပြန်လာလိုက်သည် အိမ်ဝိုင်းထဲလည်းရောက်ရောဘာမှပြောမနေတော့ပဲ နွားတင်းကုပ်ထဲမှနွားကြီးနှစ်ကောင်ကို
နဖားကြိုးအရင်းမှဖြည်၍လွှတ်လိုက်သည်

သူလုပ်နေသည်များကို ဦးဘိုးခင်နှင့်အရီးမြတို့ဘာမှမပြောကြ သူလိုအပ်၍လုပ်နေမှန်းရိပ်မိကြသည် ထို့ကြောင့်အသာပင်ရပ်ကြည့်နေကြသည်။

နွားကြီးနှစ်ကောင်သည်ကိုမြင့်ဆောင်ကြိုးဖြည်လွှတ်လိုက်သည်နှင့်တပြိုင်နက်တည်း နှာတရှုးရှုးမှုတ်ပြီးအိမ်ဝိုင်းထဲမှနေ၍တဲရှိရာသို့ဦးတည်ပြေးသွားကြလေသည်။

ထိုအခါမှကိုမြင့်ဆောင်လည်း ဦးဘိုးခင်အားကြည့်ပြီး

“ဦးကြီး ကျွန်တော်တဲကိုသွားလိုက်ဦးမယ်”

သူထိုသို့ပြောလိုက်တော့ဦးဘိုးခင်က

“အေး ရွာထဲကလူတွေခေါ်သွားဦးလေကွယ် မင်းတစ်ယောက်တည်းဖြစ်ပါ့မလား ဦးကြီးလဲဘာဖြစ်မှန်းမသိတော့ပါဘူးကွယ်”

ဦးဘိုးခင်သည်သူကိုစိုးရိမ်စိတ်ဖြစ်ကြည့်နေသည်အရီးမြလည်းထို့အတူပင် ဦးဘိုးခင်ထိုသို့ပြောလိုက်တော့ကိုမြင့်ဆောင်ကပြန်၍ပြောလိုက်သည်

“ရတယ်ဦးကြီးကျွန်တော့်အတွက်စိတ်မပူနဲ့ ကျွန်တော်ဘာမှမဖြစ်နိုင်ပါဘူး”

သူထိုသို့ပြောလိုက်ပြီးလက်နှိပ်ဓာတ်မီးကိုယူပြီး လေးဂွလွယ်အိပ်ကြိုးကိုကိုင်ကာအိမ်ဝိုင်းထဲမှထွက်မည်အပြု
တချိန်လုံးရပ်ကြည့်နေတဲ့မောင်စိုးက

“ဦးလေးကျွန်တော်ရောလိုက်ခဲ့မယ်”

ထိုသိုပြောပြီးသူတို့အိပ်သည့်ကုတင်ဘေး ဝါးထရံတွင်ချိတ်ဆွဲထားသည့် ငှက်ကြီးတောင်ဓါးအားဆွဲ၍ကိုမြင့်ဆောင်နောက်သို့လိုက်လာတော့သည်။

(၆)

ဦးမှုံခေါ်အောက်လမ်းဦးမှုံ သူဒီဥနှဲပင်ကြီးကသရဲကိုဖမ်းရန်အချိန်အတော်ကြာကပင်စောင့်နေသည်။

သိုပေမဲ့အခွင်မသာခဲ့ ဒီယာကွက်ထဲကိုတဲထိုးပြီးလူလာရောက်နေထိုင်နေသည့်အတွက် သူအလုပ်ကိုအကောင်အထည်ဖော်ဖို့ရာအခွင့်မသာ

သို့သော်မနေ့ကထိုသူပြန်သွားသည်ကိုသိလိုက်ရပြီး ယနေ့ညသူ့အလုပ်ကိုအမြန်ဆုံးလုပ်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်

သူသည်ဥနှဲပင်ကြီးပတ်ပတ်လည် သူ၏အစီအမံများဖြစ် သည်အပင်မှသရဲထွက်မပြေးနိုင်စေရန်စည်းဝိုင်း ဝိုင်းထားလိုက်သည်

ထိုနောက်အပင်ပေါ်ရှိနေသည့်သရဲကိုအောက်သို့ဆင်းရန်ခေါ်သည် တော်‌ေတာ်နှင့်ဆင်းမလာ ဒါကြောင့်သူ့တွင်ပါလာသော မကောင်းသောအစီအရင်များဖြင့်စီရင်ထားသည့် ဆေးမှုန့်တို့ဖြစ်ပစ်ပေါက်သည်

ပါးစပ်မှလည်းဂါထာမန္တရားများမန်းမှုတ်‌နေသည်။

သူထိုသို့မန်းမှုတ်ပြီးဆေးမှုန့်ဆေးတောင့်တို့ဖြစ်ပစ်ပေါက်နေတော့ဖိုးခေါင်ကြီးမခံနိုင်
သူထိုအောက်လမ်းဆရာနောက်သို့မလိုက်ချင် ထိုကြောင့်အပင်အောက်သို့ခုန်ချပြီးပြေးရန်ပြင်သည်

ဒါပေမဲ့သူပြေး၍မရ သူအပင်အောက်သို့ရောက်သည်နှင့် အောက်လမ်းဆရာဝိုင်းထားသောစည်းတို့သည်သူ့ကိုချည်နှောင်ပြီးဖြစ်နေသည်။

ဖိုးခေါင်ကြီးရုန်းကန်ကြည့်သည် သူရုန်းလေသူကိုချည်နှောင်ထားသောကြိုးတို့သည်ပို၍တင်းလေပင်ဖြစ်သည်။

ဖိုးခေါင်ကြီးနာနာကျင်ကျင်အော်လိုက်မိသည်။

ထိုသို့ဖိုးခေါင်ကြီး၏နာနာကျင်ကျင်အော်သံကြီးသည်
တတောလုံးဟိန်းသွားသည်။
ထိုအော်ဟစ်ညည်းညူသံကြီးကြောင့်ငလူးကြီးသည်
ဖိုးခေါင်ကြီးရှိရာဘက်သို့တဟုန်ထိုးပြေးလာသည်
သူပြေးလာခဲ့ရာလမ်းတစ်လျှောက်ရှိသစ်ပင်တို့သည်
တဝေါဝေါဖြစ်ယိမ်းထိုးလှုပ်ခတ်ကျန်ခဲ့ကြသည်။

ငလူးကြီးယာခင်းခရိုးကနေပြီး ဥနှဲပင်းကြီးအောက်မှာဒူးကြီးထောက်ပြီးအော်ဟစ်နေတဲ့ဖိုးခေါင်ကြီးကိုမြင်လိုက်ရသည် သူရဲ့အနီးအနားမှာလည်းလူသုံးယောက်

ငလူးကြီးထိုလူသုံး‌ေယာက်ကို‌တိုက်ခိုက်ဖို့‌ ‌ေဒါသတကြီးပြေးလာ‌‌ေနသည်

သို့သော်ထိုသူတွေနားရောက်ဖို့ မလှမ်းမကမ်းအလိုလမ်းတဝက်မှာပဲ ငလူးကြီးနောက်သို့ပက်လက်လန်လဲကြသွားသည်

တစ်စုံတစ်ခုကမိမိကိုတားဆီးထားပြီး ငလူးကြီးဘယ်လိုမှရှေ့ဆက်တိုးလို့မရ ဒေါသတကြီးသံကုန်အော်လိုက်ပြီးထိုသူသုံး‌ေယာက်ကိုစူးစိုက်ကြည့်‌ေနသည် ထိုသူတွေက‌တော့သူ့ကိုမမြင်ရသူအသံကိုလဲမကြားရ

ဖိုးခေါင်ကြီးဒူးကြီးထောက်လျှက်‌ေအာ်ဟစ်ငြီးညူနေရင်းငလူးကြီးကိုကြည့်နေသည် ထိုအခိုက်အောက်လမ်းဆရာသည်လည်းဖိုးခေါင်ကြီးကိုသူ၏အစီအရင်တို့ဖြစ်ပစ်ပေါက်ပြန်သည် ဖိုးခေါင်ကြီးသည်လူးလိမ့်၍ပင်နေရသည်။

ငလူးကြီးရုတ်တရက်ပြေးထွက်သွားသည်။

အောက်လမ်းဆရာမှုံသည်ဖိုးခေါင်ကြီးအားသူ၏အစီအရင်အမျိုးမျိုးဖြစ်ပေါက်နေသည်
ဖိုးခေါင်ကြီးလည်းဆရာမှုံပစ်ပေါက်လိုက်တိုင်း ခါကြီးကော့လျှက်ခေါင်းကြီးမိုးပေါ်သို့မော့ကာတဝူးဝူးတဝါးဝါးအော်နေရသည်။

အောက်လမ်းဆရာမှုံလည်းတဖြည်းဖြည်းဒေါသပိုထွက်လာသည် သူသက်တမ်းတစ်လျှောက်ဒီလောက်ခေါင်းမာသည့်သရဲမျိုးမတွေ့ဘူး

သူ၏အစီအရင်များသည် အင်မတန်ပြင်းထန်သည့်အစီအရင်များဖြစ်သည် ဤအစီအရင်များနှင့်ဆိုပါက ဘယ်သရဲမှနှစ်ခါပြန်မခေါ်ရ

သူနောက်သို့ခေါင်းငိုက်ဆိုက်ချလျှက်လိုက်ပါလာကြသည်သာ ယခုဖိုးခေါင်ကြီးကတော့ထိုသို့မဟုတ် သူရဲ့ပါလာသမျှအစီအရင်တွေကုန်သွားသည့်တိုင်လိုက်မည့်ပုံမပေါ် သူ့ကိုပင်စားမတတ်ဝါးမတ်ကြည့်နေသေးသည်။

“အေး နင်ကဒီလောက်ခေါင်းမာနေမှာတော့ ငါနဲ့တွေကြပြီပေါ့ကွာ”

အောက်လမ်းဆရာမှုံပြောပြောဆိုဆိုသူ၏လွယ်အိပ်ထဲမှ အရုပ်တစ်ရုပ်ကိုထုတ်ယူလိုက်သည်

ထိုနောက်ထိုအရုပ်ကိုလက်နှစ်ဖြစ်ဆုပ်၍ မန်းမှုတ်နေတော့သည်တဖြည်းဖြည်းသူ၏အသံသည်ပို၍ကျယ်လာသည် ကျယ်လာသည်နောက်ဆုံးသူသည်ဖနောင့်တစ်ချက်‌ပေါက်ကာထိုအရုပ်ကိုဖိုးခေါင်ကြီးနားသို့ပစ်ပေါက်လိုက်သည်

ဝုန်းဆိုမီးခိုးလုံးကြီးထကာ ထိုအရုပ်သည်ရုတ်တရက်ဖိုးခေါင်ကြီးထက်ပိုကြီးသော သဘက်ကြီးတစ်ကောင်ဖြစ်သွားပြီး ဖိုးခေါင်ကြီးကိုရိုက်နှက်တော့သည်

သဘက်ကြီသည်သူ၏လက်ဝါးကြီးများဖြင့်တဝုန်းဝုန်းရိုက်ရင်း ဖိုးခေါင်ကြီးကိုလက်တစ်ဖက်ဖြင့်ဂုတ်ကဆွဲမကာရှေ့သို့တွန်းလေသည်

ဤသို့ဖြစ်ဖိုးခေါင်ကြီးသည် ထိုသဘက်ကြီးခေါ်ရာသို့ပါသွားရတော့မည့်အ‌ေခြအ‌ေနဖြစ်‌‌ေနသည်

အောက်လမ်းဆရာမှုံလည်း သူ၏အလုပ်ကိစ္စအောင်မြင်တော့မည်ဖြစ်၍ဝမ်းသာနေခိုက်

ခြူလုံးသံတချွင်ချွင်ဖြစ် သူတို့ထံသို့တဟုန်ထိုးပြေးလာနေသော နွားကြီနှစ်ကောင်ကိုတွေလိုက်ရပြီး ရုတ်တရက်ကြောင်အမ်အမ်ဖြစ်ကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားသည်။

သူ၏နောက်မှာရပ်နေသည့်တပည့်နှစ်ယောက်သည်လည်း ရုတ်တရက်‌ေရာက်လာသည့်နွားကြီနှစ်ကောင်ကိုကြည့်ပြီး မှင်သက်မိနေကြသည်။

သူတို့အားလုံးထိုသို့ဖြစ်နေခိုက် နွားကြီနှစ်ကောင်ကအရှိန်ဖြစ်ပြေးဝင်လာပြီးဝှေ့လေတော့သည်။

ဆရာမှုံသည်အားကနဲအော်ကာလေပေါ်သို့မြောက်တက်သွားသည် ဆရာမှုံ၏တပည့်တစ်ယောက်သည်လည်းဆရာမှုံကဲ့သိုပင် လေထဲမြောက်တက်သွားပြန်သည်

ကျန်တစ်ယောက်ကတော့လွတ်သွားပြီးနောက်သို့လှည့်၍ပြေးလေသည်။

ထိုသို့နွားကြီးနှစ်ကောင်ဝင်ဝှေ့နေခိုက် ငလူးကြီးသည်
ဖိုးခေါင်ကြီးကိုရိုက်နေသည့် သဘက်ကြီးကိုပြေးလုံးတော့သည်။

ထိုအချိန်သည်ဆရာမှုံ၏စည်း‌ေပါက်သွားပြီဖြစ်သည်
ထိုသို့စည်း‌ေပါက်သွားသည်နှင့်တပြိုင်နက်
ဖိုးခေါင်ကြီး၏အချုပ်အနှောင်တို့သည်လည်းလွတ်မြောက်သွားပြီဖြစ်သည်

ဖိုးခေါင်ကြီးသည်အနှောင်အဖွဲ့များလွတ်သည်နှင့်တပြိုင်နက် သူကိုရက်ရက်စက်စက်ရိုက်နှက်ထားသည့်သဘက်ကြီးကို သူ၏လက်ဝါးကြီးဖြစ်တဝုန်းဝုန်းလိုက်ရိုက်တော့သည်။
ဖိုးခေါင်ကြီးရိုက်တာကိုခံလိုက်ရတဲ့
သဘက်ကြီးကခါးကြီးကော့လျှက်ဖိုးခေါင်ကြီးဘက်ကိုလှည့်ကြည့်သည် ထိုအခါငလူးကြီးကသူ့နောက်ကနေပြီးရိုက်ပြန်သည်
ဤသို့ဖြစ်သဘက်ကြီးသည်ဖိုးခေါင်ကြီးနှင့်ငလူးကြီးတို၏ဝိုင်းရိုက်တာကိုခံနေရသည်။

အောက်လမ်း ဆရာမှုံသည်လည်း ဂျိုထောင်ကြီး၏အဆက်မပြတ်ဝှေ့တာခံရပြီး ထပင်မပြေးနိုင်အောင်ဖြစ်‌နေသည် သူကထပြေးမည်လုပ်လိုက်ဂျိုထောင်ကြီးကဝှေ့လိုက်ဖြစ် ဆရာမှုံသည်အလူးအလဲခံနေရသည်

သူ၏တပည့်တစ်ယောက်မှာလည်းဆရာမှုံကဲ့သို့ပင်ဘို့လဲကြီး၏မနားတမ်းဝှေ့တာကိုခံနေရသည်။
ဤကဲသို့သဘက်ကြီးတစ်‌ေကာင်ကို ဖိုးခေါင်ကြီးနှင့်ငလူးကြီးကဝိုင်းရိုက်နေပြီးအောက်လမ်းဆရာမှုံတို့နှစ်ယောက်ကိုနွားကြီးနှစ်ကောင်ကအဆက်မပြတ်ဝှေ့နေချိန်တွင်

နွားကြီးနှစ်ကောင်နောက်မှလိုက်လာသောကိုမြင့်ဆောင်နှင့်မောင်စိုးတို့နှစ်ယောက်တဲသို့ရောက်လာသည်

ကိုမြင့်ဆောင်သည် ခြူလုံးသံတချွသ်ချွင်ကြားလိုက်ရ၍ ထိုနေရာသို့လက်နှိပ်ဓာတ်မီးဖြစ်ထိုးကြည်ရာဓာတ်မီးရောင်အောက်တွင် ဂျိုထောင်ကြီးသည်လူတစ်ယောက်ကိုသဲကြီးမဲကြီးဝှေ့နေတာမြင်လိုက်ရသည်
ထိုလူသည်ဂျိုထောင်ကြီး၏ရှေ့တွင်တုံးလုံးလဲနေသည်။

သူလည်းကမန်းကတန်းသွားကာဂျိုထောင်ကြီး၏နှဖားကြိုးကိုဆွဲကာဆုတ်သပ်ပြီးရပ်ခိုင်းလိုက်သည်။
ဒါကိုပင်ဂျိုထောင်ကြီးကဒေါသမပြေသေး ခေါင်းတရမ်းရမ်းနှင့်ရှိသေးသည်။

ကိုမြင့်ဆောင်လည်းဟိုဟိုဒီဒီကြည့်လိုက်တော့ မလှမ်းမကမ်းမှာဘို့လဲကြီးသည်လဲလူတစ်ယောက်ကိုဝှေ့နေတာမြင်လိုက်ရပြန်သည်
ထိုအခါကြမှကိုမြင့်ဆောင်လည်းမောင်းစိုးအားခေါ်၍
ဘို့လဲကြီးကိုသွားထိမ်းထားရန်ပြောလိုက်ရသည်
“မောင်စိုးသွားဘိုလဲကြီးကိုဒီကိုဆွဲခဲ့”

‌မောင်စိုးလဲကိုမြင့်ဆောင်ပြောမှ ဘို့လဲကြီး၏နှဖားကြိုးကိုကိုင်ကာကိုမြင့်ဆောင်နားသို့ဆွဲလာသည်။

ကိုမြင့်ဆောင်လည်းထိုအခါကြမှ သူရှေ့တွင်လဲနေသူကိုဓာတ်မီးဖြစ်ထိုးကြည့်ပြီးမေးလိုက်သည်။

“ဟေ့လူ ထစမ်းပါဦး ခင်ဗျားတို့ဘယ်ကလူတွေလဲ ဒီကိုဘာလာလုပ်တာတုံး”

ကိုမြင့်ဆောင်ထိုသို့မေးလိုက်မှထိုသူတဟင်းဟင်းငြီရင်

“ကျုပ် ကျုပ်တို့ဒီ ဒီနားကရွာတွေကမ မဟုတ်ပါဘူး”

“ဒါဆိုခင်ဗျားတို့ဒီကိုဘာလာလုပ်တာတုံး”

“ကျွန်တော် ကျွန်တော်”

ကိုမြင့်ဆောင်ထိုသို့မေးလိုက်တော့ထိုသူဘာမှပြန်မဖြေနိုင် ကျွန်တော် ကျွန်တော်နှင့်သာဖြစ်နေသည် မောင်စိုး၏ကျောတွင်လွယ်ထားသောငှက်ကြီးတောင်ဓားကြီးကိုကြည့်၍လည်းကြာက်လန့်နေပုံရသည်။

“ခင်ဗျားမှန်မှန်ဖြေနော် မဖြေရင်ကျုပ်အဆိုးမဆိုနဲ့”

ကိုမြင့်ဆောင်ထိုသို့ဒေါသသံဖြစ်ပြောလိုက်တော့မှ

ထိုသူအမှန်းအတိုင်းဝန်ခံလေသည်

“ကျွန်တော့်တို့ ဒီဥနှဲပင်ကြီးမှာနေတဲ့ သရဲကိုဖမ်းဖို့လာတာပါ”

ထိုသူထိုသို့ပြောလိုက်တော့ကိုမြင့်ဆောင်ကပြန်ပြီးမေးလိုက်သည်

“အဲ့ဒီအပင်ကသရဲကခင်ဗျားကိုဘာလုပ်နေလို့လဲ”

ကိုမြင့်ဆောင်မေးလိုက်တော့ထိုသူဘာမှပြန်မဖြေနိုင်
ခေါင်းငုံ့၍သာနေသည် ကိုမြင်ဆောင်အတန်ကြာစဉ်းစားပြီးမှထိုသူကိုပြောလိုက်သည်။

“ကဲခင်ဗျားတို့သွားကြတော့နောက်တစ်ခါဘယ်တော့မှ
ဒီကိုပြန်မလာတော့နဲ့ ဒီကိုပြန်လာရင်ကျုပ်နဲ့တွေ့မယ်”

ကိုမြင့်ဆောင်ထိုသို့ပြောလိုက်မှ ထိုသူသည်သူ၏အဖော်ကိုခေါ်ကာခပ်သုပ်သုပ်ထွက်သွားသည်။

ထိုအချိန်ဖိုးခေါင်ကြီးတို့ဝိုင်းရိုက်တာခံနေရသောသဘက်ကြီးမှာလည်း ဘယ်လိုမှမခံနိုင်တော့ ပဲတဝူးဝူးတဝါးဝါးအော်နေရပြီဖြစ်ပြီး အောက်လမ်းဆရာမှုံထွက်သွားသည်နှင့်ဆက်မနေနိုင်တော့ပဲထွက်‌ပြေးသွားတော့သည်။

“ဦးမြင့်ဆောင်ဒီလူတွေကိုဘာလိုလွှတ်ပေးလိုက်တာလဲ”
မောင်စိုးမေးလိုက်တော့ကိုမြင့်ဆောင်က

“ဒီလူတွေကလူကောင်းတွေတော့မဟုတ်ဘူး ဒါပေမဲ့အခုဟာက ဖိုးခေါင်ကြီးကိုသူခိုင်းစားဖို့လာဖမ်းတာဆိုတော့ ဒို့လူတွေနဲ့သိပ်မပတ်သက်ဘူးဖြစ်နေတယ် ဒါကြောင့်ကိုယ်ထိလက်ရောက်တော့သွားလုပ်လို့မရဘူး
ဒါပေမဲ့ကွာ ဒို့ကိုယ်စားဒီ‌ကောင်ကြီးနှစ်ကောင်ကကောင်းကောင်းဆုံးမလိုက်တယ်ဆိုတော့ မဆိုးပါဘူးလို့ပဲပြောရမှာပေါ့ကွာ”

ကိုမြင့်ဆောင်နွားကြီနှစ်ကောင်၏ကျောကိုသပ်ကာ
ထိုသို့ပြောလိုက်တော့ မောင်စိုးသည် တဟားဟား
ရယ်၍သာ နေတော့လေသည်။

စာစဉ်-၆ ကိုမကြာမီ တင်ဆက်ပေးပါမည်။

အားလုံးကို လေးစားစ‌ွာဖြင့် – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။