ငယ်သူငယ်ချင်းကဲ့သို့ ခင်မင်ရင်းနှီးသွားခဲ့ကြသည်။ သည့်နောက် ကျွန်တော့်အတွက် ဗဟုသုတအတွေ့ အကြုံလေးများရရန်၊ စာရေးကွက်ရရန်အလို့ငှာ သူအမဲပစ်ထွက်တိုင်း ခေါ်ပါသည်။ ယခုလည်း သူနှင့် ကျွန်တော်သည် အမဲကြီးပစ်ရန်အတွက် ဥက္ကံ ချောင်းဖျားသို့ ရောက်ခဲ့ကြပြန်တော့သည်။ မီးလောင်ကုန်းကျေးရွာတွင်နေသည့် မုဆိုးကြီးစောနယ်လ်ဆင်ကို ဝင်ခေါ်ခဲ့ကြသည်။ ယခင်က သူ့မိတ်ဆွေတစ်ယောက်ရှိခဲ့ဖူးသည်။ မြိုင်သာယာမှ မုဆိုး“မြင့်မောင်” ဖြစ်၏။ မြိုင်သာယာတစ်ဝိုက်တွင် တစ်ချက်တစ်ကောင် မြင့်မောင်ဆိုလျှင် မသိသူမရှိ။ ယခုတော့ သူမရှိလေတော့။ မုဆိုးတောမှောက်ခံရပြီး သားကို သားကောင်ထင်ကာ ပစ်မိခဲ့သဖြင့် အုတ်နံရံလေးဘက်ကြားသို့ ရောက်နေခဲ့ရချေပြီ။ မုဆိုးမြင့်မောင်ထံမှ သားကောင်ခြေရာကောက်လိုက်ခြင်း အတတ်ပညာကို ကျွန်တော်က ...

လိုက်လံပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပါရှိပေရာ ကျွန်တော်နှင့် လင်းမြင့်လှိုင်တို့သည် ထိုနွားနောက်များကို ပစ်ခတ်ရန် စိတ်ဝင်စားသဖြင့် ရာယ်ဒမ်းခင်၏ ဖိတ်ကြားချက်ကို လက်ခံခဲ့ခြင်း ဖြစ်ပေသည်။ ရာယ်ဒမ်းခင်သည် ကျွန်တော်တို့နှစ်ယောက်ကို ပူတာအိုမှ လာကြိုနေပေသည်။ ၎င်းမှနေ၍ ကောင်ကထောင်ကျေးရွာလေးသို့ ရောက်လာခဲ့ကြသည်။ လေယာဉ်လက်မှတ်အခက်အခဲကြောင့် ကြိုတင်စီစဉ်ခဲ့ကြသဖြင့် မင်္ဂလာပွဲကျင်းပရန်ရက်ထက် နှစ်ပတ်စောရောက်၍ ရောက်နေခဲ့ကြသဖြင့်အချိန်တွေပိုနေလေသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ပိုနေသောအချိန်ကိုအမဲလိုက်ရင်းဖြင့် ဖြုန်းတီးရန် စီစဉ်လိုက်ကြသည်။ သို့ကြောင့် ရာယ်ဒမ်းခင်၏ ဦးဆောင်မှုဖြင့် လုံရှာရန် ရွာအနီးရှိ အင်ဒုံဗွမ်တောတွင်းသို့ ရောက်ခဲ့ကြပေသည်။ ၎င်းတောမှာ လွန်စွာမှအေး၍ နတ်ကြီးလှကြောင်းကို သိရပေသည်။ “သည်တောကသစ် ...

လေ၏။ ခွန်းသက လျှောက်နေရင်း ရပ်ခိုင်းလိုက်ပြီး  ထနောင်းပင်ကိုပုတ်၍… “သစ်ပင်ပေါ်မှာနေထိုင်တဲ့ အကြီးဆုံးပုဂ္ဂိုလ် ခဏဆင်းခဲ့ပါအုံး။”   ထိုအခါ သစ်ပင်အနောက်ကနေ ကလေးတစ်ယောက်ထွက်လာလေ၏။ “မင်းက ဒီအပင်မှာနေတဲ့ အကြီးဆုံးပုဂ္ဂိုလ်လား။” “ဟုတ်တယ်… ခင်ဗျားက ဘာ‌လုပ်ဖို့ခေါ်တာလဲ။” ခွန်းသခမျှ ယောင်ပေစူးလေးနှင့် အသက်၁၂နှစ်ဝန်းကျင်ကလေးပုံစံမို့ မရီမိအောင်ထိန်းထားရ၏။   “ငါတို့က ဒီတောထဲမှာ ရသေ့ကြီးတစ်ပါးကိုရှာနေတာပါ… အဲဒါမင်းများသိရင် ‌လမ်းညွှန်ပေးပါအုံး။” “ဒါလေးများဗျာ… ဟဲ့ စိမ်းညို လာစမ်း။”   ယောင်ပေစူးနှင့်ကလေးက သစ်ပင်ပေါ်ကိုကြည့်၍ အော်ခေါ်လိုက်တာနှင့်တပြိုင်နက် ကြက်တူရွေးလေးတစ်ကောင်က ပျံသန်းလာခဲ့လေ၏။ ကြက်တူးရွေးလေးက ယောင်ပေစူးနှင့် ...

ဖွင့်လိုက်သည်။ “ရှပ် ရှပ် ရှပ်” အိပ်သာရှေ့မှ လမ်းလျှောက်သံကို ကြားလိုက်ရသောကြောင့် သက်ကို တံခါးကြားမှ အပြင်မှ ချောင်းကြည့်လိုက်သည် လိမ္မော်ရောင် အနွေးထည်အင်္ကျီလေးကို ဝတ်ထားသော အမေဖြစ်သူသည် အိပ်သာရှေ့တွင် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည် သက်ကိုမှာ အမေဖြစ်သူကိုတွေ့လိုက်ရသဖြင့် ကြောက်စိတ်များပြေလျော့သွားကာ အားတက်သွားသည်။ အပေါ့သွားပြီးနောက် တံခါးကို ဖွင့်လိုက်သည်။ အိပ်သာရှေ့တွင် သူ့ကို ကျောခိုင်းပြီး ရပ်စောင့်နေသော အမေ့အားတွေ့လိုက်ရသည်။တံခါးဖွင့်သောကြောင့် အမေကသူ့အား… “လာ…သွားမယ်” ဟုပြောကာ အရှေ့မှ အရင်ထွက်သွားသည်။ ထိုအသံမှာ အမေဖြစ်သူ၏အသံမဟုတ်ကြောင်း သက်ကို သတိထားမိသည်။သို့သော် အမေသည် ...

သုံးတောင့်ထိုးဓါတ်မီးကို ဆွဲပြီး ဝိုင်းထဲ ဆင်းလာခဲ့တယ်။ “ဟေ့ကောင် ကျောက်ခဲ၊ လာ…လာ ဝင်ခဲ့၊ ဘာတွေ ဖြစ်တာတုံးကွ” ကျောက်ခဲနောက်မှာ သံမဏိပါ ပါလာတာဗျ။ ဒီကောင်နှစ်ကောင် လည်း ချမ်းလို့ လက်ကလေးတွေ ပိုက်ပြီး ကုတ်ကုတ်ကလေးတွေ ကို ဖြစ်နေတာဗျ။ “ကိုကြီးတာတေ၊ ကိုလူကျော် သေသွားပြီဗျ” “ဘာ…လူကျော် သေပြီဟုတ်လား၊ ငါ့သူငယ်ချင်း လူကျော်လေ” “ဟုတ်တယ်ဗျ” “ဟေ …ဘာဖြစ်လို့ သေတာတုံး၊ ညနေကတောင် ငါနဲ့ တွေ့သေးတာ ပဲ၊ အကောင်းကြီးပါ” “ကိုကြီးတာတေ၊ စောစောက နွားတွန်သံကြီး ...

ပြန်လည် ကျေးဇူးဆပ် ရှာဖွေကျွေးခဲ့ပါသည်။ “…သားလေး…မိုးကလဲရွာတယ်…သားရယ်… ဒီနေ့သစ်ခုတ် မသွားပါနဲ့လား…အမေစိတ်မချလို့ပါကွယ်…” သစ်ခုတ်သွားဖို့ ပြင်ဆင်နေသော သားဖြစ်သူ မောင်ရူပကို မိခင်ဒေါ်နန်းအေး စိတ်မချနိုင်သဖြင့် တားနေခြင်းပင်ဖြစ်၏။ “ရပါတယ်…အမေရဲ့…သားမှာ…မိုးကာပါပါတယ်…နောက်ပြီးတော့…ဒီတောဒီတောင်ကလဲ.. သားကျင်လည်ရင်းနဲ့…ကြီးပြင်းခဲ့တဲ့…နေရာမို့.. အမေစိတ်ချပါနော်…” မပြည့်စုံတဲ့ဘဝမို့ မလုပ်ရင်လဲ စားဝတ်နေရေးက အဆင်ပြေမည်မဟုတ် ထို့ကြောင့်ပဲ ဒေါ်နန်းအေး သားဖြစ်သူကို ရင်နာနာနဲ့ လွှတ်ခဲ့ရသည်။ “..တောင်စခန်းမှာလ…မောင်လှမ်းလို့…အရောက်နှင်…ရောက်ဖို့ရယ်..ချိန်ခါနီးမှ…ရွှေမိုးကညို့တယ်ပေါ့လေ…” သီချင်းလေး တကြော်ကြော်နှင့် သစ်များခုတ်နေသော မောင်ရူပမှာ အသက်၂၆နှစ်ထဲ ရောက်နေပေမဲ့ ချစ်သူရည်းစားမရှိ ရုပ်ရည်က တည်ကြည်ခန့်ငြားပြီး ငါးပါးသီလအား တစ်ပါးသူထက် ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် နေခြင်းက ...

.ရွာနဲ့လွတ်ရာကို….ရွှေ့ကြတာပေါ့… တစ်ချို့ကြတော့…ဒါဟာ…မဖြစ်နိုင်ပါဘူးလို့ပဲ… …တစ်ယောက်တစ်ပေါက်ပြောရင်း….တွေးရင်းနဲ့… …ရွာမှာပဲ….နေမြဲတိုင်းနေကြတယ်…​သူတော်စင်ကြီး ပြောသလို…ပြောင်းရွှေ့သွားသူတွေက…နည်းပါတယ် …ကွာ….သူတော်စင်လဲ…ရွာထဲကနေ… တစ်ရွာလုံးသတိပေးခဲ့ပြီးနောက်…..ပြန်ကြွသွားတယ် တဲ့….. ….တန်ဆောင်မုန်းလပြည့်ည….ရောက်တဲ့အခါ…. …..သန်းခေါင်ကျော်တာနဲ့….အထက်က….ဆည်တွေ ကျိုးပေါက်သွားပြီး..အနိမ့်ပိုင်းဖြစ်တဲ့..ပုဂံငယ်ရွာကို.. …ရေတွေဖုံးအုပ်သွားတာ…..ကလေးလူကြီး…တစ်ဦး မှ….ရှင်သန်ခြင်းမရှိပဲ…လပြည့်ညရဲ့…လရောင် အောက်မှာ….ပျောက်ခြင်းမလှ….ပျောက်ကွယ်သွား ခဲ့ကြတာ….ဒီနေ့အချိန်ထိပဲ….ဖိုးချစ်ရေ….. ကျွန်တော်လဲ ဦးသက္ကရဲ့ မာန်ပါပါနဲ့ ပြောပြသမျှ တွေကို နားထောင်ရင်း ရင်ထဲဝမ်းနည်းသလို ခံစားရ ပါသည် …ဒါနဲ့…ဦးလေး…အဲ့ဒီရွာကနေ…ပြောင်းသွားတဲ့… ….ရွာသားတွေရော…. ဦးသက္က ပါးစပ်ထဲမှ ကွမ်းတံတွေးများ ကုန်စင် အောင် ထွေးလိုက်ပြီးမှ ….နှစ်ပေါင်းမနည်း…ကြာခဲ့ပြီးဆိုတော့….သက်ရှိထင် ရှားတော့….မရှိကြတော့ဘူးကွ….တို့အဖိုးရဲ့ဇနီးဖြစ် တဲ့….တို့ရဲ့အဖွားဟာ…အဲ့ဒီရွာသူပေါ့ကွာ…ရွာပျောက် သွားတော့… အဖွားလဲ…. သူ့မိဘတွေနဲ့ဒီ…ထန်းလှဲရွာ မှာပဲ…..တောင်ယာလုပ်ရင်း….အဖိုးနဲ့တွေ့ပြီး… …အကြောင်းပါခဲ့တာပဲကွ…. ...

ပါးစပ်ကလဲ ညည်းငြူနေလေရဲ့။ “….ဦးလေး….သွားကြည့်ရအောင်လေ…ဘာလုပ်နေ တာလဲ…” ဦးသက္ကရှေ့မတိုးပဲ အသာကြည့်နေ၍ ကျွန်တော် စိတ်မရှည်ဟန်ဖြင့် ပြောလိုက်ခြင်းကြောင့်။ “…နေပါဦးကွ…ဒီလိုတောကြီးမျက်မည်းထဲမှာ…. ….မိန်းကလေးတစ်ယောက်ထဲ…..ရှိနေတာ…ငါတော့.. ….သိပ်မသင်္ကာဘူးကွ….” “….ဟာ….ဦးလေးရယ်….မိန်းကလေးတစ်ယောက်….. ….ဒုက္ခရောက်နေတာကို….ကူညီကောင်းပါတယ်ဗျ…. …ဖြစ်ချင်တာဖြစ်….လာပါဗျာ….သွားကြည့်ရအောင်” ကျွန်တော် ဦးသက္ကကို စောင့်မနေပဲ အရှေ့ကနေ လဲကြနေသော အမျိုးသမီးထံသို့ ခပ်မြန်မြန်သွား လိုက်တော့ အနောက်မှ ဦးသက္က လိုက်ပါလာလေ သည်။ “…ဒီ….ဒီမှာဗျ….ဘာဖြစ်လို့လဲဟင်….” ကျွန်တော် မေးလိုက်တော့ ထိုမိန်းကလေး ကျွန်တော် ကို မော့ကြည့်လာသည် ဆံပင်များသည် ခြေသလုံး အထိရောက်အောင် ရှည်လျားပြီး နက်မောင် သန်စွမ်းလှသည် ...

ကြည့်ကာ စိတ်ညစ်နေသည် သို့သော် သူဤအတိုင်းထိုင်ပြီး စိတ်ညစ်နေ၍မရ သန်းအေး၏ ရက်လည်ဆွမ်းသွပ်ပြုလုပ်ဖို့အတွက်လည်း ငွေကလည်းလိုနေသည်။ ထို့ကြောင့် သူ ဤရွာထဲ၌ရောင်းမကုန်သေးသော အမဲသားများကို ထိမ်ပင်ရွာသို့ သွားရောက်ရောင်းချရန် ဆုံးဖြတ်လိုက်သည် ဒါကြောင့် ဒေါ်လုံးအမဲသားတောင်းကြီးကို ‌ခေါင်းပေါ်ရွက်လိုက်ပြီး ဆယ့်နှစ်နှစ်အရွယ် သူ၏သားငယ်ကိုခေါ်ကာ အိမ်မှထွက်ခဲ့လိုက်တော့သည်။ (၂) ဒေါ်လုံး ထိုသို့ အမဲသားတောင်းကြီးရွက်ပြီး သူ့မောင်လေး၏လက်ကိုဆွဲကာ ရွာထဲမှထွက်လာတာကို ရွာဘက်သို့ကြည့်နေသော သန်းအေး လှမ်းမြင်လိုက်တယ် သူရုတ်တရက် မန်းကျီးပင်ပေါ်မှဆင်းပြီး သူ့အမေနဲ့သူ့မောင်လေးဆီကို ပြေးသွားဖို့ပြင်လိုက်တယ် ဒါပေမဲ့ သန်းအေးတစ်ယောက် သူဟာ လူသားတစ်ယောက်မဟုတ်ပဲ သရဲတစ္ဆေတစ်ကောင်ဖြစ်နေတာကို သတိထားမိလိုက်ပြီး ...

တစ်ယောက်တည်းနဲ့ နှိမ်နင်းလို့ ရလိမ့်မယ်လို့တော့ ဘုန်းကြီး မထင်ဘူးကွဲ့” “တစ်ရွာလုံးက စုန်းတွေကို နှိမ်နင်းဖို့ မဟုတ်ပါ ဘူးဘုရား၊ အဲဒီရွာမှာရှိတဲ့ စုန်းမတစ်ယောက်ရဲ့ ခေါင်းပြတ်ကြီးကို သွားပြီးယူဖို့ပါဘုရား” “ဟေ” “ဗျာ” ဆရာတော်ကလည်း အံ့သြပြီး ‘ဟေ’ကနဲ အော် လိုက်သဗျ။ကျုပ်ကလည်း လန့်ပြီး ‘ဗျာ’လို့ အော် လိုက်မိတယ်။ ဆရာနွံဖက ကျုပ်ဘက်ကို လှည့် ပြီးကြည့်တယ်။ ဆေးလိပ်ခွက်ထဲမှာ ထည့်ထား တဲ့ သူ့ရဲ့ဆေးတံကို ယူပြီး ဆေးပြာတွေ ခေါက် ချတယ်။ ပြီးတော့ ဗာဂျီးနီးယား ဆေးမှုန့်တစ်ဆုံ ...