တစ်တိုင်(နှစ်မိုင်)၊ မြစ်ဘေး အရှေ့ဘက်မှ ဆယ့်ရှစ်တိုင် အတိုင်နှစ်ဆယ် (ခန့်မှန်း မိုင်လေးဆယ် ဝန်းကျင်)သည် ကိုင်းတောများ၊ ကျူတောများ၊ တောကြီးမြိုင်ကြီးများ အရှည် ထိုမျှ ရှည်၍ အကျယ်က အချို့နေရာ တစ်တိုင်(နှစ်မိုင်)ခန့်၊ အချို့နေရာ တိုင်ဝက်ခန့်၊ အချို့နေရာ တိုင်ဝက်လျော့လျော့ခန့်။ ဒီနေရာက မြစ်ရေကြီးချိန် ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်အထိ မြစ်ရေတိုး ရေဝင်တတ်သောနေရာ။ ရေဝင်လာလျှင် ရေလွတ်ရာပြောင်း၊ ရေကျသွားက ရေကျရာသို့ သားကောင်တို့ တစ်စတစ်စ ပြန်လိုက်သောနေရာ။ မြစ်ရေရောက်နေရာ ဖြစ်ဖြစ်၊ အခြားနေရာ ဖြစ်ဖြစ်၊ ...

ဖြစ်သွားတတ်တယ်။ ဒါကြောင့် ရှာဖွေသူတွေ လက်မှိုင်ချပြီး ပြန်ကြရတယ်။ မနက်လင်းတော့ ရွာထဲက လူတစ်ယောက်သေသွားတယ်။ ဒိတုန်းကတော့ သီချင်းသံနဲ့ ဆက်စပ်နေမယ်လို့ ဘယ်သူကမှ မတွေးမိခဲ့ဘူး။ နောက်ထပ်ရက်ပေါင်းနှစ်ဆယ်လောက်ကြာတော့ သီချင်းသံ ထပ်ပြီး ထွက်လာပြန်ရော။ ဒီတစ်ခါလည်း ရွာကလူတွေ လိုက်ရှာကြသေးပြန်တာပဲ။ ဒါပေမယ့်လည်း မတွေ့ရပြန်ပါဘူး။ မနက်လင်းတော့ ရွာထဲက လူတစ်ယောက်သေပြန်တယ်။ ဒီတစ်ခါ လူသေဆုံးတော့ ရွာသားတွေက သီချင်းသံကြောင့်လို့ သိမိကုန်ကြတယ်။ နောက်ရက်တွေမှာတော့ သီချင်းသံက ထွက်မလာတော့ပြန်ဘူး။ နောက်ထပ် ဆယ့်ငါးရက်အကြာမှာ သီချင်းသံက ထပ်မံထွက်ပေါ်လာပြီး လူတစ်ယောက်သေပြန်တယ်။ ဒီလိူနဲ့ ရက်ခြားဆိုသလို ...

တဘက်ကိုမောင်အုန်းက ငြင်းဆန်လိုက်သည်။ ထဘက်အားဘွားမယ်စိန်က နံဘေးတွင်ထိုင်နေသောသမီးဖြစ်သူဒေါ်ဝင်းဆီပြန်ပေးပြီး သည်နှင့် မောင်အုန်းပြောမည့်အကြောင်းအရာအား နားထောင်နေလိုက်တော့သည်။ “သူကြီးအိမ်မှာ ဧည့်သည်တွေရောက်နေတယ်ဘွား…။အခုကျုပ်ကိုလွှတ်လိုက်တာကလည်း အဲ့ဧည့်သည်တွေကိစ္စပဲဗျ” “ဘယ်ကဧည့်သည်လည်းမောင်အုန်း” “သူကြီးနဲ့ဆွေမကင်းမျိုးမကင်းထဲကပဲဗျ…။မြို့ကလို့တော့ပြောတယ်..ပိုက်ဆံတော့ရှိမယ့်ပုံပဲ” “အမ်း…။အခုလာတာကဘာကြောင့်လဲ” “အဲ့ဧည့်သည်တွေရဲ့သမီးကအရမ်းချော အရမ်းလှတယ်ဗျ…။ရယ်လိုက်ရင်ကို သွားတက်လေးနဲ့…ဟီး… ကျုပ်ဖြင့်ကြည့်တောင်မဝဘူးဗျာ” “ဒေါက်…” “အမလေးဗျ…။အား…လား…လား…နာလိုက်တာဗျာ” ဘွားမယ်စိန် ပြောင်စပ်စပ်မျက်နှာပေးဖြစ်နေသော မောင်အုန်း၏ခေါင်းအား ရေနွေးကြမ်းပန်းကန်လုံးဖြင့်အသာထု့လိုက်လေတော့ မောင်အုန်းခမျာ မျက်နှာကြီးရှုံ့ကာမဲ့ကာဖြစ်သွားရလေသည်။ ဘွားမယ်စိန် နှင့် မောင်အုန်း၏အဖြစ်ကိုဒေါ်ဝင်းကြည့်ရင်း တဟားဟားရယ်မောလို့နေလေ၏။ “ကဲ…လာရင်းကိစ္စပဲပြော…။ဘယ့်နဲ့မဟုတ်တာပတ်ပြောနေရင် မောင်ရင်အအေးမိပြီး နောက်ရက်အလောင်းပြင်နေရတော့မယ်” “အာ…ဘွားကလည်း….ကျုပ်ပြောပါ့မယ်ဗျ။ ဒီလိုဘွားရဲ့အဲ့ဧည့်သည်တွေရဲ့သမီးလေးက ပြောရရင်အသက်နှစ်ဆယ်ကျော်လေး…။အယ်..အဲ့ကလေးမလေးက တစ်ခါတစ်လေကျရင် အမူအရာတွေကပြောင်းတယ်ဗျ…” “ဘယ်လိုပြောင်းတာလဲ….သေချာပြောစမ်းဘွားကို” “ဟုတ်ဘွား…။သူ့မိဘတွေပြောတာတော့…တစ်ခါတစ်လေငိုနေတယ်…။တစ်ခါတစ်လေကျပြန်တော့ရယ်နေပြန်ကောတဲ့…အယ်..နောက်တစ်ခါတစ်လေကျပြန်တော့ ဒေါသတွေထွက်နေပြန်ရောတဲ့ ...

လက်နှစ်ဖက်နဲ့ခြေစုံကန်ပြီး တွန်းကြည့်တယ်၊ ခြံတံခါးက ပွင့်ဖို့နေနေသာသာ လှုပ်တောင်မလှုပ်ဘူးဗျာ၊ ကျုပ်ကြိုးစားနေတာကို ဦးဖိုးစီကကြည့်ပြီးတော့ ရယ်တယ်ဗျ။ “မင်းအားနဲ့မပြောနဲ့၊ ယောက်ျားကြီးဆယ်ယောက်လောက်တွန်းရင်တောင် ရွှေ့မှာမဟုတ်ဘူးကွ” ကျုပ်လည်း အကြံတစ်ခုရသွားတယ်၊ ဒါကတော့ ခြံတံခါးကိုကျော်တက်ဖို့ပဲ၊ ခြံတံံခါးက လူတစ်ရပ်သာသာလောက်ပဲရှိတာဆိုတော့ နိမ့်နိမ့်လေးပေါ့ဗျာ၊ ကျုပ်လည်း ခြံံတံံခါးတိုင်တစ်ခုကို ခြေထောက်နဲ့နင်းပြီးတော့ ခြတံံခါးကို ကုပ်ဖက်တက်တာပဲဗျာ၊ လူတစ်ရပ်လောက်ရှိတဲ့ ခြံတံခါးကိုဖက်တက်ရတာ မခက်ပါဘူးဗျာ၊ ဘာကခက်သလဲဆိုရင် ခြံထဲကိုဆင်းဖို့လုပ်တော့ ကျုပ်ဆင်းမရဘူးဗျ၊ ကျုပ်အရှေ့မှာ မမြင်ရတဲ့တံံတိုင်းကြီးတစ်ခု ခံနေသလိုပဲ၊ ခြံထဲဆင်းဖို့မပြောနဲ့ လက်တောင်အထဲသွင်းလို့မရဘူးဗျ၊ ကျုပ်လည်း လက်လျှော့လိုက်ပြီးတော့ ခြံတံခါးပေါ်ကနေခုန်ချလိုက်တော့တာပဲ။ “ဟား၊ ဟား မင်းကမယုံဘူးကိုးကွ၊ ...

လို့လဲ…..” ” ကျွန်တော် ရွာတောင်ပိုင်းက ဘကြီးအိမ်ကိုသွားမလို့ဗျ….” ” ဪ….ဒါဆို ဖြူနှင့်လမ်းသင့်နေတာဘဲ အတူသွားကြတာပေါ့….” ” ဟုတ်ဆရာမလေး….” ဆရာမလေးနှင့် တက်ထွန်းတို့နှစ်ယောက် ဘေးချင်းယှဉ်သွားနေကြသည်ကို ရွာထဲရှိငမူးသာအောင်ကလှမ်းတေ့ွလိုက်၏။ ” အံမယ်….ဒီကောင်တက်ထွန်းက အနူလက်နဲ့ရွှေခွက်နိုက်ချင်နေတာကိုးကွ….တောက်! မတန်မရာကွာ….ထွီး….. ” ငမူးသာအောင်က မကျေမချမ်းရေရွတ်ပြီး ရွာဘက်သို့ပြန်လှည့်သွား၏။ ကို ညိုမြ၏ထန်းတောတွင်ကား သောက်စားသူများဖြင့်ပြည့်နှက်နေ၏။ သူ့ဆိုင်တွင် ထန်းရည်သာမက ချက်အရက်ဖြူနှင့် ခေါင်ရည်ပါရ၏။ အမြည်းကား ကိုညိုမြ၏ဇနီးက ဒိုင်ခံလုပ်ပေးသဖြင့် ဖွယ်ဖွယ်ရာရာရှိ၏။ ” ကိုကြီးညိုမြ ဒီဝိုင်းကိုထန်းရည်တစ်မြူနှင့် ချက်အရက်ပြင်းပြင်းနှစ်လုံးချဗျာ….အမြည်းကဆိတ်သားခြောက်ကြော်ချပေး….” ” အေးအေးရမယ်ဗျ….ခဏစောင့်….” ...

စကားကို ယုံသွားတာ “     “အေး အဲ့ဒီကောင်တွေ ငါတို့ ရွာမှာ မနိုင်ဘူးလို့ မဆိုနိုင်ဘူး ဒီ ကောင်တွေကို ရှင်းပြစ်မှရမယ် “     “ကျုပ်လည်း အဲ့တာပဲပြောမလို့ အဝေးကနေ ကျုပ် ဒူးလေး နဲ့ လိုက်ပစ်ခိုင်းသေးတယ် ဒီကောင်တွေက အစွမ်းထက်တော့ ဒူးလေးက သူတို့ကို မပစ်လိုက်နိုင်ဘူး “     “မင်း ကောင်တွေက အဲ့ဒီလောက်တောင် စွမ်းတာလား “       နတ်ဆရာများသည် သစ်လုံးခုံတန်းလေးများတွင် ထိုင်ပြီး စကား ပြောနေလေသည်။ထိုအချိန် ...

ပြန်လည်ပြုံးပြကြရှာသည်။ “မရောက်သေးဘူးလားကွဲ့” ဘွားမယ်စိန်အမေးကြောင့်မောင်တိုးက အနောက်သို့လှည့်ပြီး… “ဟိုရှေ့ဆိုရောက်ပါပြီဘွားရဲ့” ဟုလက်ညိုးထိုးကာပြောလေသည်။ မောင်တိုးညွှန်ပြသည့်အနီး၌ လူများ ဝိုင်းအုံကာကြည့်နေကြသည်။ အများဆုံးရှိနေသည်က ရွာသားများဖြစ်ပြီး ထိုထဲမှ ကလေးများနှင့်မိန်းမငယ်များကလည်းစိတ်ဝင်တစားဖြင့် ကြည့်နေခဲ့ကြ၏။ အသားညိုညို….ထောင်ထောင်းမောင်းရှိလှသည့်လူမှာ ခန္ဓာကိုယ်၌အင်းကွက်များက အပ်ချစရာမရှိအောင်ပြည့်နှက်နေပေသည်။ ထိုလူနှင့်သူ၏နံဘေး၌ တပည့်ဖြစ်သူနှစ်ဦးကို လူများကဝိုင်းဖွဲ့ကြည့်နေခြင်းဖြစ်၏။ “လာရောက်ကြည့်ရှု့နေကြတဲ့ ပရိတ်သတ်ကြီးခင်ဗျာ… ကျုပ်နာမည်ကိုမြွေနိုင်ဆရာခိုင်လို့ခေါ်ပါတယ်… ကျုပ်ရဲ့ဆရာ့…ဆရာကြီးများထံမှာ နှစ်ပေါင်းများစွာကြာအောင်ပညာသင်ကြားခဲ့သူပါ… အခုကျုပ်ပြမယ့်ပညာကို ပရိတ်သတ်ကြီးတို့သေချာကြည့်နိုင်ပါတယ်…ဟောသည် သေတ္တာထဲမှာမကြာခင်ရက်ပိုင်းကမှ ဖမ်းဆီးထားတဲ့အဆိပ်ပြင်းမြွေဟောက်နှစ်ကောင်ရှိပါတယ်… ဒီကောင်တွေနဲ့ကျုပ်… သူတပြန်… ငါတပြန် ပညာပြိုင်ကြည့်ကြမယ်ဗျာ… ကျုပ်ကစရင်သူကပေါက်မယ်… သူကပေါက်ရင်ကျုပ်ကလည်းကျေကျေနပ်နပ်ကြီးအကိုက်ခံမယ်ဗျာ…အဲ့သည်လိုအဆိပ်ပြင်းတဲ့အကောင်ကို ကျုပ်ဘယ်လိုယှဉ်မလဲဆိုတာ အားလုံးမျက်မြင်ကြည့်ရှု့နိုင်ပါတယ်ခင်ဗျာ….။ နောက်ပြီးကြိုပြီး သတိပေးစရာလေးရှိပါတယ်… အဲ့တာကတော့ ...

များကို စောင့်ဆိုင်းယူနေလေ၏။ ထိုစဥျ…. “အိမ်ထဲဝင်နေကြဟေ့…တင်မောင် ရူးပြီးလူတွေလိုက်သတ်နေတယ်—” “ဟင်—” “ဘွားကြားလား…ကိုတင်မောင်ရူးပြီးလူတွေလိုက်သတ်နေတယ်တဲ့ဗျ—” “အေး…ကြားတယ်…ကြားတယ်…” “အမေ…ဘာဖြစ်တာတုန်း” အပြင်မှအသံများကြောင့် ဒေါ်ဝင်းထိတ်လန့်တကြား မီးဖိုထဲမှ ထွက်လာခဲ့၏။ “ရွာမြောက်ပိုင်းက ကိုတင်မောင်ရူးပြီး လူတွေလိုက်သတ်နေတယ်တဲ့အရီး—” “ဟယ်—” ရွာထဲလည်း မည်သည့်အသံမှမကြားရတော့။ တိတ်ဆိတ်လို့နေ၏။ ဘွားမယ်စိန်တို့လည်း ခြံတံခါးပိတ်ထားပြီး အိမ်ထဲ၌သာထိုင်နေကြရသည်။ “အရီး…ကျုပ်အမေဘေးကင်းမှာပါနော်—” “သူလည်းအသံတွေကြားရင်အိမ်ထဲနေမှာပါမောင်တိုးရယ်… စိတ်မပူပါနဲ့” “အင်းဗျာ…ဒီလူလည်း ဘယ့်နဲ့ဖြစ်သွားတယ်မသိဘူး” အချိန်သည် ညပိုင်းသို့ပင်ရောက်နေလေပြီ။ ရွာထဲ၌ မောင်အုန်းဦးဆောင်၍ ရွာကာလသားများစုဝေးနေကြသည်။ ထိုအထဲ မောင်တိုးလည်းလိုက်ပါသွား၏။ ရွာရှိအိမ်များကိုတော့ ခြံတံခါးသေချာစွာခတ်နေကြဖို့သတိပေးထားရလေသည်။ “ဘယ်လိုဖြစ်ရတာလဲကိုကြီးအုန်း” မောင်တိုးကမေးလေတော့… “အေး…ထန်းတောမှာ ...

တစ်မိသားစုလုံး နှစ်ပေါက်အောင် လိမ်းပါလေ့ဗျာ၊ သနပ်ခါးပင်က အညာရဲ့ရာသီဥတုနဲ့ အံကိုက်ပဲဗျ၊ ရေတွေဘာတွေ လောင်းစရာမလိုဘူး၊ စိုက်ပြီး ဒီအတိုင်းပစ်ထားရင် သူ့အလိုလိုကြီးနေတာပဲကိုးဗျ၊ သနပ်ခါးပင်ကလည်း တစ်ပင်လုံး လွှင့််ပစ်ရတယ်လို့ကို မရှိပါဘူးဗျာ၊ ပင်စည်ကလည်း အပွေးကောင်းတော့ သွေးလိမ်းရတာကိုးဗျ၊ သနပ်ခါး အကိုင်းလေးတွေဆိုရင်လည်း စိမ်းရွှေရွှေနဲ့ တစ်မျိုးကလေးမွှေးသေးတာ၊ သနပ်ခါးအမြစ်ကတော့ ဆေးဘက်အဝင်ဆုံးပေါ့ဗျာ၊ သာမန်ဝက်ခြံပေါက်တာလောက်ကတော့ သံပုရာရည်နဲ့ သနပ်ခါးသွေးလူးရင် သုံးလေးရက်ဆို ပျောက်သွားပါရော၊ တင်းတိပ်ပေါက်ရင် ဆန်ဆေးရည်ထဲ ဆားနည်းနည်းထည့်ပြီး သနပ်ခါးအမြစ်တုံး သွေးလူးတယ်၊ နွေရာသီ ကန့််ကော်ပန်းတွေရပြီဆိုရင်တော့ ကံကော်ဝတ်ဆန်နဲ့သနပ်ခါးသွေးလူးရင် အသားကိုအေးပြီး ချောသွားတာပဲဗျာ။ သနပ်ခါးအကြောင်းတွေ ...

တုန်း။ငယ်ငယ်ကအကြောင်း တွေကို သတိရနေတုန်းပဲ။ ဘာကိုမှ မမေ့ ဘူးဗျ။  ဘိုးလိပ်ပုတို့ဝိုင်းထဲကို  ကျုပ်တို့ ရောက်တော့ ဘိုးလိပ်ပုက ကျုပ်ကို လှမ်း ပြီး နှုတ်ဆက်တာဗျ။ “ဟုတ်တယ် ဘိုးရေ၊ ဟိုတလောက မြို့က ဘကြီးဖြတ်တာနဲ့ မြို့မှာ တော်တော်ကြာ သွားတာ” “သြော်…ငွေစိန့်အစ်ကိုကြီးဆိုတာ ထင် တယ်” “ဟုတ်တယ် ဘိုးရဲ့၊ ဘကြီးက လူပျိုကြီး၊ မြို့မှာ တစ်ယောက်တည်းနေတာ” ” အေးပေါ့ကွာ၊ ပြုစုမယ့်သူ မရှိတော့ ခက် သားလားကြာ” “ရော့ ဘိုး၊ ဒါ ...