ချစ်သည်မှာ ယုံမှားဖွယ်တော့မရှိပေ။ လူကောင်းသူကောင်း တစ်ယောက်ဖြစ်သော်လည်း ကိုလှဆောင်မှာ ဘ၀ပေးအခြေနေကမကောင်းတော့ သစ်ခုတ် ဝါးရောင်းရင်းနှင့်သာ ၀မ်းရေးကို ကြိုးစားပမ်းစား နှင့်ကျောင်းရလေသည်။ အေးရွှေလေး နှင့် အိမ်ထောင်ကျပြီးနောက် သူအလုပ်ကို ယခင်ထက်ပင် သာလို့ပင် ကြိုးစားလာခဲ့၏။ အစစအရာရာကို ခြင့်ချိန်တတ်လာ၏။ ယခုတစ်ဖန် အေးရွှေတွင် ပထမဆုံး ရင်သွေးလေးလည်း ရလာပြီဟု ကြားရပြန်ရာတွင်တော့ ကိုလှဆောင် တစ်ယောက် ၀မ်းသာပီတိဖြစ်ကာ ယခင်ထက်ပင် သာ၍သာ၍ အလုပ်ကို ဆထက်တပိုး ကြိုးစားခဲ့သည်။ အေးရွှေလေး ကိုယ်၀န်ပင် ငါးလ ကျော်လာခဲ့လေပြီ။ “ဗြုန်း ….” ...

ဖိုးဖိုးအသက်တိုလိမ့်မယ်၊ ဟော၊ ရွာမှာဆိုရင် မနက်အိပ်ရာက နိုးတာနဲ့ ကျေးငှက် လေးတွေရဲ့ အသံလေးတွေနဲ့ သာယာနေရော၊ ငါ့မြေးတို့မြို့မှာက ကားသံဆိုင်ကယ်သံ တစ်ညံညံနဲ့ ဖိုးဖိုးနဲ့ အဆင်မပြေပါဘူးကွာ၊ ရွာမှာဆိုရင် စားစရာတွေလည်း လတ်ဆတ်တယ်၊ လေကောင်းလေသံလည်း ရှုရတယ် ” စသဖြင့် မြို့ရဲ့ အပြစ်တွေကိုပြောကာ ငြင်းသည်ချည်း။ ယခုမူလည်း ဖိုးဖိုး ကျနော်တို့ဆီ လာလည်တာ ရက် အနည်းငယ်မျှသာရှိပါသေး၏။ ” ငါ့မြေးကို ဖိုးဖိုး ငယ်ငယ်တုန်းက ကြုံခဲ့ရတဲ့ နာနာဘာဝ အကြောင်းတွေ ပြောပြမယ်လေ၊ ဘယ့်နှယ်လဲ ” ...

သူကြီးဦးနောင်ချိုကခြံတံခါးကိုဖွင့်ပေးရင်း ငိုယိုနေသောလင်မယားကိုပြောလိုက်သည်။ မောင်တိုး…မောင်အုန်းနဲ့သူကြီးဦးနောင်ချိုတို့က ထိုလင်မယားအနောက်မှဘွားမယ်စိန်တို့ ခြံဝိုင်းထဲသို့ဝင်လာခဲ့ကြသည်။ ငိုယိုနေသာလင်မယားမှာ ဘွားမယ်စိန်ရှိသော ကွပ်ပျစ်ခင်းဆီသို့သွား၍ လက်အုပ်များကိုချီကာ… “အမေကြီး…ကျုပ်သမီးလေး… ကျုပ်သမီးလေးကိုကယ်ပေးပါ…” “ဟုတ်ပါတယ်ဗျာ…ကျုပ်တို့သမီးလေးကိုကယ်ပေးနိုင်ရင်ကယ်ပေးပါအမေရယ်…” ဟုမျက်နှာအထက်၌မျက်ရည်များ…နှပ်များပေပွနေရင်းမှ ပြောနေကြသည်။ ဘွားမယ်စိန်ကထိုသူတို့ကိုကြည့်ရင်း… “မောင်ရင်တို့ကဘယ်သူတွေလဲ” ဟု…မေးလေတော့ “ဘွား သူတို့ကအင်တိုင်းရွာကပါ… ပြောရရင်ဗျာ…ရေတွင်းထဲကျပြီး သေနေတဲ့ ကလေးမလေးရဲ့မိဘတွေပါပဲဗျာ…” “အလို…” သူကြီးဦးနောင်ချို၏စကားကြောင့်ဘွားမယ်စိန် အံ့သြသွားသည်။ “မြေကြီးပေါ်မထိုင်ကြပါနဲ့… လာပါကွပ်ပျစ်ခင်းပေါ်ဝင်ထိုင်ကြပါကွယ်…” ဘွားမယ်စိန်ကသနားစိတ်ဖြင့်ကွပ်ပျစ်ခင်းပေါ်သို့ ဝင်ထိုင်ခိုင်းလေသည်။ သူတို့ကလည်းဘွားမယ်စိန်စကားအတိုင်း ကွပ်ပျစ်ခင်း၌ဝင်ထိုင်ကြရှာသည်။ သူကြီးဦးနောင်ချိုကထန်းလက်ခုံ၌ထိုင်ပြီး မောင်တိုးနဲ့မောင်အုန်းကတော့ ကွပ်ပျစ်ခင်းနံဘေးတွင် မတ်တပ်ရပ်ကြည့်နေကြသည်။ သူတို့နည်းတူ.. ဒေါ်ဝင်းနဲ့နန်းကြိုင်တို့မှာလည်း ကွပ်ပျစ်ခင်းမှဆင်း၍ထန်းလက်ခုံ၌ ဝင်ထိုင်နေကြတော့၏။ “မောင်ရင်တို့လင်မယားကဘွားဆီကိုဘာကြောင့်များ ...

ဟေ့ကောင် ငထွန်း ငြိမ်ငြိမ်နေစမ်းပါကွာ။ မင်းကိုကြည့်ရတာ ခေါင်းမူးနေပြီ” “ ငြိမ်ငြိမ်နေလို့ရမလား အထဲမှာ ခင်မေ အော်နေတာ ငါဘယ်လိုနေရမလဲ” “ ကလေးမွေးတာ ဒီလောက်တော့ရှိတာပေါ့ကွ၊ ငါ့မိန်းမမွေးတုန်းကဆိုရင် လက်သည်ဆံပင်တောင်အထွေးလိုက်ကျွတ်အောင်ဆွဲခဲ့တာကွ” ကျော်ကြီး စကားကြောင့် ထွန်းတောက် ရယ်ကျဲကျဲနဲ့ အိမ်ရှေ့ကခုံပေါ်ထိုင်ချလိုက်တဲ့အချိန် “ အူငဲ အူငဲ အူငဲ”ဆိုတဲ့အသံက အိမ်ထဲကနေ ထွက်လာခဲ့တယ်” “ မွေး မွေးပီဟ …” ထွန်းတောက်ကပြောရင်းဆိုရင်း အိမ်ပေါ်တက်ဖို့အလုပ် ကျော်ကြီးက အနောက်ကနေလှမ်းဆွဲပြီး “ ဟေ့ကောင် အခုချိန်က တက်လို့မရဘူးလေကွာ ။ ...

ဟုတ်တယ်ကွ…ဒီမှာငါ့လူတို့ ဘွားပြောတာကိုပဲတို့နားထောင်ကြမယ်…အဲ့တော့ မောင်အုန်း နဲ့မောင်တိုးက ဘွားကိုသွားခေါ်ခဲ့ကြကွာ… ငါတို့ရွာသားတွေကလူညီပါတယ်ကွ။ မဟုတ်ဘူးလားဟေ့…” “ဟုတ်တယ်…ဘွားပြောတာပဲတို့နားထောင်မယ်…” “ဟုတ်တယ်…ဘွားကသာပြောရင် ဓားနဲ့ပိုင်းဆိုလည်းအသေပဲဟေ့။ ဝင်ပိုင်းပစ်လိုက်မှာကွ” ရွာသားများဆီမှထောက်ခံသံများထွက်ပေါ်လာ၏။ တစ်ဖက်ရှိ ဆယ့်နှစ်ကြိုးခင်သုန်နှင့်သူ၏တပည့်မနှစ်ယောက်သည်က မည်သည့်စကားမျှမဆိုကြဘဲ အပင်ရိပ်တွင် ဒူးတစ်ဖက်အား ထောင်၍ ထိုင်နေကြလေသည်။ ရွာသူရွာသားတို့သည်က ထိုသူတို့သုံးယောက်၏အဝေးတစ်နေရာ၌ ထိုင်၍ဘွားမယ်စိန်အလာအားစောင့်မျှော်နေကြတော့သည်။ ******** “အင်း…မိဝင်းရေ…ဧည့်သည်တော့လာပြီသမီးရေ…” “ရှင်…ဧည့်သည် ဟုတ်လားအမေ…ဘယ်ကတုန်း” “ဧည့်သည်ကတော့ ဒီနယ်ကပဲအေ… ဒင်းပညာတွေကိုဒီထက်မြင့်ချင်နေပုံရတယ်အေ့” “ဟင်…အမေ့စကားကဘာကြီးတုန်းတော့” “အို…မိဝင်းရယ်..ညည်း အမေပြောတာသာနားထောင်စမ်းပါ… သွား…သွား…သွား… ဘုရားခန်းကအမေတောင်ဝှေးကိုသာယူခဲ့ပေးစမ်းပါအေ” “ဟုတ်ပါပြီအမေရယ်…ကျုပ်ကနားမလည်လို့ပါတော်” ဘွားမယ်စိန် ကွပ်ပျစ်၌ထိုင်၍ သမီးဖြစ်သူ ဒေါ်ဝင်းအားခိုင်းစေလိုက်သည်။ ဒေါ်ဝင်းသည်က ...

ပေးလိုက်ခြင်းပင်။ ” လူတိုင်း မမြင်ရတဲ့ လောကတစ်ခုအနေနဲ့ ကျနော် စိတ်ဝင်စားမိလို့ပါ။ပြီးတော့ ကျနော် ငယ်ငယ်က အဖွားတို့ အဒေါ်တို့ လက်ပေါ်မှာ ကြီးပြင်းလာရတာဆိုတော့ သူတို့ ပြောပြတဲ့ ညအိပ်ရာဝင် ပရလောက ပုံပြင်တွေကလည်း ကျနော့် ငယ်ဘဝကို လွှမ်းမိုးထားသလို ဖြစ်နေတယ်လေ ။ စာရေးနိုင်တဲ့ အရွယ်ရောက်တော့ အွန်လိုင်းမှာ ရှိတဲ့ ပရလောက ဇာတ်လမ်းတွေ ဖတ်လို့ရတဲ့ ဂရုတွေမှာ စမ်းရေးကြည့်ရင်းနဲ့ အထိုက်လျောက် လူသိများလာတဲ့ သဘောပါ ။ စာရေးဆရာလို့ အမည်ခံထိုက်သူတော့ မဟုတ်ပါဘူးဗျာ။ ကားဆရာကို ...

  ဒါနဲ့ စာအုပ်ကို ချပြီး မတ်တတ် ထရပ်လိုက်သည်။ ထိုအခါ လှေကားတက်၌ မည်သူ့ကိုမျှ မတွေ့ရ၍ ” ဟင်! ဘယ်မှာလဲ ဖိုးသားက။ လှေကားတက်မှာ ဘယ်သူမှလဲ မရှိပါလား ။ အမေ အမြင်မှားတာနဲ့ တူပါရဲ့ ” ဟုသာ ကြောင်စီစီ တွေးလိုက်မိသည်။ အမေက ပဲလှော်ကြော်ဖန်ဘူး ယူလာပြီး ထွက်လာ၏။ လ္ဘက်ခွက်ထဲ ပဲလှော်ကြော် လက်တဆုပ် ပစ်ထည့်လိုက်ပြီး ၊ ” ဟဲ့ … နင့်တူ ဖိုးသား ဘယ်ရောက်သွားတုန်း ...

ခွေးကြီးတွေမွေးထားတာကွလူစိမ်းဆိုမတရားကိုက်တတ်တာမင်းကတော့မပြောမဆိုနဲ့ပေါင်ပဲ့တော့မယ်” ဝင်းအောင်သတိပေးပြောဆိုမှပဲကျုပ်ကတော့ လန့်သွားတာဗျ ဘုမသိဘမသိနဲ့ဝင်သွားရင်တော့ ပေါင်ကအသားတွေတော့ပါကုန်တော့မှာပဲလေဗျာ “ဒါဆိုဘယ်လိုလုပ်ကြမလည်းကွ” “လွယ်ပါတယ်ကွာခန….ဘလေးမြရေဧည့်သည်လည်းပါလာလို့ဗျအဲ့တာခွေးလေးတစ်ချက်ထိန်းထားပေးပါအုံး” ဝင်းအောင်ပြောလိုက်တော့လည်းဘလေးမြဆိုသူကအိမ်ထည်းမှထွက်လာရင်းနဲ့လည်း “စောစောကတော့ပြောတာမဟုတ်ဘူးဝင်းအောင်ရာဧည့်သည်အားနာစရာကြီး” ကျုပ်နဲ့ဝင်းအောင်ကတော့ဘလေးမြကိုပြုံးပြပီးတော့လည်းအိမ်ထည်းဝင်လာခဲ့ကြတယ်ဘလေးမြကလည်းသူ့ခွေးကြီးတွေရဲ့လည်ပင်းကိုကိုင်ထားပြီးတော့လည်းနောက်မှာကျန်ခဲ့တယ် ခွေးများကလည်းတော်တော်ကြီးသဗျ ဘလေးမြရဲ့လက်ထည်းမှာတော့ လျှာလေးထုတ်ပြိီးအမြီးလေးယမ်းတန်းယမ်းတန်းနဲ့ဗျ “ဝင်းအောင်ကမလာစဖူးအလာထူးပါလားဘာကိစ္စရှိလို့လည်း” “အော်အမေကဘလေးမြကိုပေးစရာရှိတဲ့ငွေလေးလာပေးခိုင်းလို့ပါဟောဒီမှာဘလေးမြကိုပေးရမဲ့ငွေစေ့လားစစ်ကြည့်ပါအုံး” ဝင်းအောင်ကတော့ဘလေးမြရဲ့အမေးကိုဖြေပြီးတော့လည်း ငွေတစ်ချို့ကိုဘလေးမြရှေ့ကိုတိုးပေးတာပေါ့ “စစ်စရာမလိုပါဘူးကွာရပါတယ်ဒါနဲ့ဒီကောင်လေးကဘယ်သူလည်းကွ” ဘလေးမြကလည်းကျုပ်ကိုကြည့်ရင်းမေးတာပေါ့ “ကျုပ်ကပေါက်လှရွာကပါနာမည်ကတော့သာလှပါဉီးလေးဒေါင်းဝေတို့အိမ်ကိုအလည်လာရင်းရောက်နေတာပါ” “အော်ဒေါင်းဝေအသက်ကိုကယ်ခဲ့တဲ့ကောင်​လေးဆိုတာမင်းလားကွဲ့” “ဉီးလေးဒေါင်းဝေကကျုပ်အကြောင်းတွေ ဘလေး​ြမ ကိုပြောထားတယ်ထင်တယ်” “အေးဟုတ်တယ် ကွသူ့အသက်သခင်ကျေးဇူးရှင်ဆိုပြီးတော့လည်းခနခနပြောသေးသကွ” “ကျုပ်ကအ့လောက်ကြီးလည်းမဟူတ်ပါဘုး အဲ့အချိန်တုန်းကလည်းမအိပ်ပျော်သေးတာနဲ့ကြုံကြိုက်သွားလို့ပါမဟုတ်ရင်လည်းကျုပ်ဘာမှမတတ်နိုင်ပါဘူး” “ဒါတော့ဒါပေါ့ကွယ်” “ဒါနဲ့ဘလေးမြကျုပ်တို့ဘက်မှာကကိုယ့်ကိုကိုယ်ကျုပ်လို့ပဲသုံးတာအကျင့်ဖြစ်နေပြီဗျ ကျုပ်လို့သူံးတာကိုလည်းရိုင်းတယ်လု့ိမထင်ပါနဲ့ဗျာနော်” “ရပါတယ်သာလှရာငါတို့ဆီမှာလည်းတစ်ချို့တလေသုံး​ကြပါတယ်ကြိုက်သလိုသုံးလို့ရပါတယ် တူမကြီးရေဧည့်သည်တွေအတွက်လက်ဖက်သုပ်လေးလုပ်လာခဲ့ပါအုံး” ဘလေးမြကလည်းကျုပ်စကားကိုပြန်ဖြေရင်းနဲ့လည်းသင်းနွယ်ကိုလက်ဖက်သုပ်လုပ်ခဲ့ဖို့လှမ်းအော်လိုက်တာပေါ့ ကျုပ်တို့ကလည်း ဘာစကားမျှမပြောမိတောပဘဲတိတ်ဆိတ်နေကြတာပေါ့ ခနကြာတော့လည်းသင်းနွယ်ကတော့ လက်ဖက်သုပ်ပွဲလေးကိုင်ပြီးရောက်လာတာပေါ့ ကျုပ်တို့ရှေ့ကစားပွဲပေါ်မှာတင်လိုက်ပြီးတော့လည်းဘလေးမြဘေးမှာရပ်နေတာပေါ့ “ဘလေးမြသူကဘယ်သူလည်းဗျကျုပ်တို့ကိုမိတ်ဆက်ပေးအုံးလေ” ...

အေးပါကွာငါ့ကို်အားလုံးစိတ်မပူကြနဲ့ငါဘာမှမဖြစ်ဘဲပြန်လာခဲ့မယ်” ဖိုးထွေးကပြောပြီးတော့လည်း တောထဲဝင်သွားပြိးပြောက်ကွယ်သွားတာပေါ့ ကျန်ခဲ့တဲ့သူများကလည်း ရွာကိုပြန်လာခဲ့ကြတယ် ညနေ၄နာရီတောင်ကျော်လာခဲ့ပြီဖိုးထွေးကလည်းအခုချိန်ထိပေါ်မလာသေးဘူးလေ “အရီးအသေးလေးကိုဖိုးထွေးပြန်မလာသေးဘူးလားရှင်..ညမိီးပုံပွဲအတွက်အမဲလိုက်သွားမယ်ဆိုပြီးထွက်သွားတာကြာပြီတော့” ဖိုးထွေးမိန်းမခင်လှကလည်း ေယာက်ျားဖြစ်သူဖိုးထွေးပြန်မလာသေးတာကြောင့်စိုးရိမ်တစ်ကြီးနဲ့လက်သည်ဒေါ်အသေးလေးကိုမေးနေခြင်းလည်းဖြစ်ပါတယ် “ပြန်လာမှာပါခင်လှရယ်အမဲလိုက်သွားတာပဲခနနဲ့တော့ဘယ်ပြန်ရောက်ပါ့မလည်းဘာမှစိတ်မပူပါနဲ့ဖိုးထွေးလိုလူစွမ်းကောင်းတစ်ယောက်ကိုသားရဲတိရိစ္ဆာန်တစ်ကောင်ကဘာမှမလုပ်နိုင်ပါဘူး” ဒေါ်အသေးလေးကလည်းခင်လှကိုမစိုးရိမ်ဖို့ပြောပြီးတော့လည်း အိမ်အပြင်ကိုကြည့်နေတာပေါ့ “ကိုကြီးဖိုးထွေးပြန်လာပြီဟေ့” ရွာထည်းမှကောင်လေးတစ်ယောက်အော်သံနဲ့အတူ ဖိုးထွေးကတော့ တောအုပ်သေတစ်ကောင်ကိုတစ်​ယောက်ထည်းထမ်းပြီး ခြံဝိုင်းထည်းကိုဝင်လာခဲ့တယ် ဖိုးထွေးနောက်ကလည်းရွာသားများကပ်ပါလာတယ်လေ “တောအုပ်အစပ်နားမှာကျားခြေရာတစ်ခုတွေ့လို့ကျားကိုပတ်ရှာနေရင်းနဲ့ကြာနေတာ” ဖိုးထွေးကလည်းတောဝက်သေကိုပြစ်ချလိုက်ပြီးတော့လည်းပြောလိုက်ပါတယ် “ရှင်ဘာမှတော့မဖြစ်ပါဘူးေနာ်ရှင်သွားတာကြာနေပြီမိုလို့ကျမကစိတ်ပူနေရတာ” ဖိုးထွေးမိန်းမခင်လှကလည်းဖိုးထွေးပြန်ရောက်လာမှစိတ်အေးသွားဟန်နဲ့ပြောလိုက်တယ် “မိန်းမရယ်ငါ့လိုလူတစ်ယောက်ကိုဒီတောအုပ်ထည်းကသားကောင်တွေကဘာများလုပ်နိုင်မှာလည်းကွာငါဘာမှမဖြစ်ပါဘူးဒါနဲ့သားလေးရော” “ရှိပါတယ်တော်အထည်းမှာရှိပါတယ်” “ဒါဆိုလည်းအားလုံးပဲနားထောင်ကြပါတောဝက်ကိုချက်ပြုတ်ထားကြ ညရောက်တော့မယ် ညရောက်ရင်မီးပုံပွဲလုပ်ကြမယ်ကျုပ်ကတော့သားလေးအနားမှာနေလိုက်အုံးမယ်ဗျာ” ဖိုးထွေးပြောလိုက်တော့အားလုံးကလည်းခေါင်းညိတ် ယောက်ျားသားများကလည်းတောဝက်ကိုနောက်ဖေးကိုယူသွားပြီးအသားများဖြတ်နေကြတယ် မိန်းကလေးများမိန်းမကြီးများကတော့ မီးပုံပွဲအတွက် ထမင်းများချက်နေကြတာပေါ့ ဖိုးထွေးကလည်း သားလေးအနားမှာရှိနေတယ်လေ ဖိုးထွေးရဲ့ဘေးမှာကတော့ ဉီးမြသောင်းကတော့ ကလေးကိုအပြုံးများနှောပြီးကြည့်နေခဲ့တယ် “ဒါနဲ့ကျုပ်သားလေးကိုဘယ်လိုနာမည်ပေးရင်ကောင်းမလည်းဗျ” ဉီးမြသောင်းကလည်းကလေးကိုသေချာကြည့်ပြီးတော့လည်း “သောကွာသားဆိုတော့သူရလို့ပေးရငျမကောငျးဘူးလား” ...

“အို အရီးလေးက ခင်ထားအသီးတွေက ရင်ကွဲဆိုပေမယ့် မန်းတလေးက လာတဲ့ မန်းတလေးရင်ခွဲရှင့်၊ ယှဉ်စားကြည့်၊ အရီးလေးတို့ ရင်ကွဲတွေထွက် ပိုချိုတယ်၊ ပိုမွှေးတယ်၊ ဘုရားဆွမ်းတော်ကပ်ဖို့ ကျောင်းဆောင်ပေါ်တင်ထားရင် တစ်အိမ်လုံးမွှေးကြိုင်သွားမယ်၊ အိမ်ကိုလာတဲ့ ဧည့်သည်ကျွေးကြည့်လိုက်အရီးလေး၊ ဒီအိမ်မှာပဲ တစ်သက်လုံးနေချင်သွားလိမ့်မယ်” မခင်ထားပြောတော့ အမေက ရယ်ပါရော၊ ဒါနဲ့ပဲ သရက်သီးလေးလုံးဝယ်သွားဖြစ်တယ်ပေါ့ဗျာ၊ မခင်ထားက အဲဒီလိုဈေးရောင်းကောင်းတာဗျ၊ သရက်သီးထွက်တဲ့အိမ်ကို သရက်သီးရအောင်ရောင်းနိုင်တာ နည်;တဲ့အရည်အချင်;လားဗျာ၊ ကျုပ်တို့ငယ်ငယ်က သင်ဖူးတဲ့ ပန်းပဲရွာမှာ အပ်ရောင်းနိုင်အောင်ကြိုးစားရမယ်ဆိုတဲ့ လူမျိုးဗျ။ ဒါပေမယ့် မခင်ထားက အညွှန်းကောင်းသလောက် သူ့သရက်သီးတွေက မဟန်ပါဘူးဗျာ၊ သိပ်မရင့်ခင်မှာအုပ်ထားတော့ ...