အတိတ်ဘဝမှချစ်ရသူ

ခွေးကြီးတွေမွေးထားတာကွလူစိမ်းဆိုမတရားကိုက်တတ်တာမင်းကတော့မပြောမဆိုနဲ့ပေါင်ပဲ့တော့မယ်” ဝင်းအောင်သတိပေးပြောဆိုမှပဲကျုပ်ကတော့ လန့်သွားတာဗျ ဘုမသိဘမသိနဲ့ဝင်သွားရင်တော့ ပေါင်ကအသားတွေတော့ပါကုန်တော့မှာပဲလေဗျာ “ဒါဆိုဘယ်လိုလုပ်ကြမလည်းကွ” “လွယ်ပါတယ်ကွာခန….ဘလေးမြရေဧည့်သည်လည်းပါလာလို့ဗျအဲ့တာခွေးလေးတစ်ချက်ထိန်းထားပေးပါအုံး” ဝင်းအောင်ပြောလိုက်တော့လည်းဘလေးမြဆိုသူကအိမ်ထည်းမှထွက်လာရင်းနဲ့လည်း “စောစောကတော့ပြောတာမဟုတ်ဘူးဝင်းအောင်ရာဧည့်သည်အားနာစရာကြီး” ကျုပ်နဲ့ဝင်းအောင်ကတော့ဘလေးမြကိုပြုံးပြပီးတော့လည်းအိမ်ထည်းဝင်လာခဲ့ကြတယ်ဘလေးမြကလည်းသူ့ခွေးကြီးတွေရဲ့လည်ပင်းကိုကိုင်ထားပြီးတော့လည်းနောက်မှာကျန်ခဲ့တယ် ခွေးများကလည်းတော်တော်ကြီးသဗျ ဘလေးမြရဲ့လက်ထည်းမှာတော့ လျှာလေးထုတ်ပြိီးအမြီးလေးယမ်းတန်းယမ်းတန်းနဲ့ဗျ “ဝင်းအောင်ကမလာစဖူးအလာထူးပါလားဘာကိစ္စရှိလို့လည်း”

“အော်အမေကဘလေးမြကိုပေးစရာရှိတဲ့ငွေလေးလာပေးခိုင်းလို့ပါဟောဒီမှာဘလေးမြကိုပေးရမဲ့ငွေစေ့လားစစ်ကြည့်ပါအုံး” ဝင်းအောင်ကတော့ဘလေးမြရဲ့အမေးကိုဖြေပြီးတော့လည်း ငွေတစ်ချို့ကိုဘလေးမြရှေ့ကိုတိုးပေးတာပေါ့ “စစ်စရာမလိုပါဘူးကွာရပါတယ်ဒါနဲ့ဒီကောင်လေးကဘယ်သူလည်းကွ” ဘလေးမြကလည်းကျုပ်ကိုကြည့်ရင်းမေးတာပေါ့ “ကျုပ်ကပေါက်လှရွာကပါနာမည်ကတော့သာလှပါဉီးလေးဒေါင်းဝေတို့အိမ်ကိုအလည်လာရင်းရောက်နေတာပါ” “အော်ဒေါင်းဝေအသက်ကိုကယ်ခဲ့တဲ့ကောင်​လေးဆိုတာမင်းလားကွဲ့” “ဉီးလေးဒေါင်းဝေကကျုပ်အကြောင်းတွေ ဘလေး​ြမ ကိုပြောထားတယ်ထင်တယ်” “အေးဟုတ်တယ် ကွသူ့အသက်သခင်ကျေးဇူးရှင်ဆိုပြီးတော့လည်းခနခနပြောသေးသကွ” “ကျုပ်ကအ့လောက်ကြီးလည်းမဟူတ်ပါဘုး အဲ့အချိန်တုန်းကလည်းမအိပ်ပျော်သေးတာနဲ့ကြုံကြိုက်သွားလို့ပါမဟုတ်ရင်လည်းကျုပ်ဘာမှမတတ်နိုင်ပါဘူး” “ဒါတော့ဒါပေါ့ကွယ်” “ဒါနဲ့ဘလေးမြကျုပ်တို့ဘက်မှာကကိုယ့်ကိုကိုယ်ကျုပ်လို့ပဲသုံးတာအကျင့်ဖြစ်နေပြီဗျ ကျုပ်လို့သူံးတာကိုလည်းရိုင်းတယ်လု့ိမထင်ပါနဲ့ဗျာနော်” “ရပါတယ်သာလှရာငါတို့ဆီမှာလည်းတစ်ချို့တလေသုံး​ကြပါတယ်ကြိုက်သလိုသုံးလို့ရပါတယ် တူမကြီးရေဧည့်သည်တွေအတွက်လက်ဖက်သုပ်လေးလုပ်လာခဲ့ပါအုံး” ဘလေးမြကလည်းကျုပ်စကားကိုပြန်ဖြေရင်းနဲ့လည်းသင်းနွယ်ကိုလက်ဖက်သုပ်လုပ်ခဲ့ဖို့လှမ်းအော်လိုက်တာပေါ့ ကျုပ်တို့ကလည်း ဘာစကားမျှမပြောမိတောပဘဲတိတ်ဆိတ်နေကြတာပေါ့ ခနကြာတော့လည်းသင်းနွယ်ကတော့ လက်ဖက်သုပ်ပွဲလေးကိုင်ပြီးရောက်လာတာပေါ့ ကျုပ်တို့ရှေ့ကစားပွဲပေါ်မှာတင်လိုက်ပြီးတော့လည်းဘလေးမြဘေးမှာရပ်နေတာပေါ့

“ဘလေးမြသူကဘယ်သူလည်းဗျကျုပ်တို့ကိုမိတ်ဆက်ပေးအုံးလေ” ဝင်းအောင်ကလည်းသင်းနွယ်နဲ့မိတ်ဆက်ပေးဖို့လည်း​ပြောတာပေါ့ ဘလေးမြကလည်း သင်းနွယ်ဘက်ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီးတော့လည်း “အေးကွမင်းတို့ကိုမိတ်ဆကိပေးရမယ်ဒါကငါ့ညီရဲ့သမီးသင်းနွယ်တဲ့…သမီးသင်းနွယ်ဒါကဝင်းအောင်တဲ့ဒီရွာသားဟိုဘက်ကသာလှတဲ့ပေါက်လှကရောက်လာတဲ့ဧည့်သည် မောင်နှမတွေလိုခင်ခင်မင်မင်နေကြပေါ့ကွယ်” ဘလေးမြကလည်းကျုပ်တို့ကိုတစ်လှည့်စီမိတ်ဆက်ပေးရင်း စကားခံထားလိုက်တာကြောင့်ကျုပ်တို့လည်းဘာဆက်ပြောရမှန်းတောင်မသိတော့ပါဘူး “ဘလေးမြရေဘလေးမြဒီမှာတောင်းတွေပါလာတယ်ဗျယူအုံးမလား” ခြံရှေ့မှခေါ်သံကြားပြီးတော့ဘလေးမြကတော့ ဝင်းအောင်လာပေးတဲ့ငွေတွေိကိုကိုင်ပြီးခြံရှေ့ကိုထွက်သွားတာဗျ ခုတော့လည်းကျုပ်ရယ်ဝင်းအောင်ရယ် သင်းနွယ်ရယ်ပဲကျန်တော့တာပေါ့ ကျုပ်ကလည်းအခုမှသင်းနွယ်ရဲ့မျက်နှာကိုသေချာကြည့်လိုက်မိတယ် သင်းနွယ်ကလည်းကျုပ်ကိုကြည့်ကျုပ်ကလည်းသင်းနွယ်ကိုကြည့်တုန်းအကြည့်ချင်းလည်းဆုံသွားတာပေါ့ ကျုပ်ကလည်းသင်းနွယ်ကိုကြည့်ပြီး စိတ်ထည်းမှာတစ်မျိုးကြီးခံစားလာရတယ် သင်းနွယ်ကလည်းကျုပ်ကိုသေချာကြည့်ပိးတော့လည်းတစ်ခုခုပြောချင်ပုံပေါ်တယ်လေ “အကုိညမနဲ့စကားအေးအေးဆေးဆေးပြောချင်တယ်” ကျုပ်ပါးစပ်ကလည်းကြိုတင်ပြင်ဆင်ထားခြင်းမဟုတ်ဘဲနဲ့လည်းထွက်သွားတဲ့စကားများဖြစ်ပါတယ် သင်းနွယ်ကလည်းခေါင်းတစ်ချက်ညိမ့်ပြပိးတော့လည်း “ညမလည်းအကို့ကိုပြောစရာရှိတယ်မနက်ဖြန်ရွာထိပ်ကရေကန်ကိုညနေရေခပ်ချိန်လာခဲ့ပါညမစောင့်နေမယ်” ကျုပ်တို့အဖြစ်ကိုလည်းဝင်းအောင်ကမယုံကြည်နိုင်ဖွယ်မျက်လုံးအဝိုင်းသားများနဲ့ကြည့်နေတာပေါ့ ဘလေးမြကလည်းတောင်းများကိုကိုင်ပြီးတောအိမ်ပေါ်တက်လာတော့လည်းစကားစပြက်သွားပြီး ဘလေးမြကိုနှုတ်ဆက်ကာအိမ်ကိုပြန်လာကြတာပေါ့ “သာလှမင်းကတယ်ဟုတ်ပါလားမင်းကတော့ဆန်းပွင့်တာပဲကွာမနက်ဖြန်ညနေအတွက်ငါကတော့မင်းအစားစိတ်လှုပ်ရှားနေပြီ” “ငါလည်းမသိတော့ဘူးဝင်းအောင်ရာ ငါ့စိတ်ထည်းမှာလည်းသင်းနွယ်ကိုအရမ်းရင်းနှီးခဲ့ဖူးသူလိုခံစားနေရတယ်” “အဲ့တာဖူးစာဖြစ်မယ်ကွကဲကဲဖူးစာတွေနောက်ထားကွာထန်းတောကိုသွားကြစို့” ကျုပ်တို့ကလည်းထန်းတောကိုရောက်ထန်းရည်သောက်ပြီးတော့လည်းရောက်တတ်ရာရာများပြောကြတာပေါ့ အဓိကပါသည်ကလည်းသင်းနွယ်အကြောင်းပဲဖြစ်တယ် ကျုပ်တို့ကလည်းထန်းတောမှာ၂နာရီခန့်အချိန်ကုန်ပြီးတော့လည်း အိမ်ကိုပြန်လာခဲ့ကြတယ် ညအချိန်ကိုရောက်လာခဲ့ပီဗျ ကျုပ်တို့ကလည်းထမင်းစားပြီးလို့အိပ်ယာဝင်နေကြပီ ကျုပ်ကလည်းတစ်ခြမ်းပဲ့နေတဲ့လမင်းကိုငေးရင်းလည်းအိပ်မပျော်နိုင်ရှိနေတာပေါ့ သင်းနွယ်ဟူသောမိနး်ကလေးအကြောင်းကလည်းအတွေးထည်းမှာစိုးမိုးလျှက်ရှိတယ် ကျုပ်ကလည်း နာရီဝက်ခန့်ကြာတော့မျက်လုံးများလေးလံလာပြီးတော့လည်း အိပ်ယာထည်းကိုဝင်ပြီးအိပ်စက်လိုက်တယ် ကျုပ်ကလည်းအိမ်မက်တစ်ခုကိုမက်တယ်လေ အိမ်မက်ဆိုပေမယ့်လည်းတစ်ကယ်ဖြစ်နေရသလို ကြုံနေရသလိုခံစားချက်ကြီးဗျ အိ်မ်မက်ထည်းမှာတော့ကျုပ်က ရှေးခေတ်အဝတ်များကိုဝတ်ပြီးတော့လည်းလက်တစ်ဖက်မှာလှံကိုကိုင်တစ်ဖက်မှာတော့မိန်းကလေးတစ်ယောက်လက်ကိုဆွဲရင်းပြေးနေတာဗျ ကျုပ်ကလည်းကိုယ့်ကိုကိုယ်ထိန်းချုပ်လို့လည်းမရဘူးလေ ဓာတ်ရှင်တစ်ခု ကိုကြည့်နေရသလိုလည်းကျုပ်ကိုကျုပ်ပြန်ကြည့်နေရတာပေါ့ “ဟဲ့ငမိုက်သားရပ်လိုက်စမ်းဆက်ပြေးနေရင်တော့အ​သေသတ်ရလိမ့်မယ်” နောက်မှလည်းမြင်းခွာသံများနဲ့အတူလူသံများညာသံပေးပြီးတော့လိုက်လာကြတဲ့အသံများကိုလည်းကြားရတယ် ကျုပ်ကလည်းလက်ထဲမှာရှိတ့ဲလှံကိုကိုင်အနောက်ကိုလှည့်ပြီးေတာ့လည်း ပစ်လွှတ်လိုက်ရာမှာမြင်းပေါ်ကလူကိုဖောက်ထွက်သွားပြီးတော့လည်းမြင်းပေါ်ကကျသွားတာပေါ့ ကျန်တဲ့သူများကလည်း ထပ်လိုက်လာကြတယ်လေ ကျုပ်တို့ကလည်းအချိန်အတော်ကြာပြေးနေရင်းမှလဲချောက်ကမ်းပါးကြီးအစွန်းကိုရောက်လာခဲ့တယ် ရှေ့မှာကလည်းချောက်နက်ကြီးတစ်ခုနောက်မှာကလည်း မြင်းစီးစစ်သည်တော်များဘယ်လမ်းကိုရွေးရမလည်းစဉ်းစားနေတာပေါ့ “အကိုနှမ​​ေတာ်ကိုထားခဲ့လိုက်ပါတော့နှမတော်ကြောင့်အကိုဒုက္ခရောက်တော့မယ်” ကျုပ်ဆွဲထားတဲ့မိန်းကလေးကလည်းကျုပ်ကိုငိုယိုရင်းပြောတာပေါ့ “မထားခဲ့နို်င်ဘူးနှမတော်ဒီအကောင်တွေကနှမတော်ကိုသတ်ကြလိမ့်မယ်အကိုနှမတော်ကိုသတ်ခွင့်မပြုနိုင်ဘူး” ကျုပ်ကလည်းမိန်းကလေးကိုကျုပ်နောက်မှာထားလိုက်ပြီးတော့လည်းမြင်းစီးစစ်သည်များဘက်ကိုလှည့်ကြည့်လိုက်တယ် “ဘဒ္ဒမင်းကိုငါတို့အခွင့်အရေးပေးမယ်စန္ဒာရီကိုထားခဲ့မယ်ဆိုရင်းမင်းကိုအသက်ရှင်ခွင့်ပေးမယ်မင်းရဲ့ဘဏ္ဍာကိုလုယူတာကဘယ်လောက်ပြစ်ဒဏ္ကြီးသလဲမင်းလောက်မှာပါ” ရေှ့ဆုံးမြင်းစီးစစ်သူကြီးကလည်းတည်တည်ကြည်ကြည်နဲပြောလိုက်တယ် “ကျုပ်တောင်းပန်ပါတယ်စစ်သူကြီးကျုပ်နဲ့စန္ဒာရီတို့ချစ်ခြင်းကိုမခွဲပါနဲ့ကျုပ်တို့စစ်သူကြီးကျေးဇူးကိုတစ်သက်လုံးမမေ့ပါဘူး” “မရဘူးဘဒ္ဒငါဟာမျိုးရိုးစဉ်ဆက်ဘုရင်ရဲ့အမိန့်တော်ကိုသစ္စာရှိရှိလိုက်နာခဲ့တာကြောင့်ဒီတစ်ခါငါမင်းကိုမကူညီနိုင်ဘူးမင်းရွေးချယ်ပါစန္ဒာရီကိုငါတို့နဲ့ထည့်ပေးပြီးမင်းအသက်ချမ်းသာရာယူပါစန္ဒာရီကိုလည်းဘာမှမဖြစ်စေရပါဘူးမင်းစိတ်ချပါဒါမှမဟုတ်ရင်တော့မင်းကိုသတ်ပြီးစန္ဒာရီကိုယူသွားရလိမ့်မယ်” “ကျုပ်ကတော့ဘယ်လိုနည်းနဲ့မှစန္ဒာရီကိုလက်လွှတ်မှာမဟုတ်ဘူးကျုပ်ကိုသတ်ပြီးမှပဲစန္ဒာရီကိုခေါ်လို့ရမယ်စစ်သူကြီး”
“ကောင်းပြီလေမင်းဆုံးဖြတ်ပြီးပြီဆိုတော့လည်းမင်းကငါ့ရန်သူဖြစ်သွားပြီ” မြင်းစီးထားတဲ့စစ်သူကြီးကလည်းဓားကိုဝင့်ပြီးမြင်းပေါ်မှဆင်းလာခဲ့တယ် ကျန်တဲ့မြင်းစီးစစ်သည်တွေကလည်းဓားများကိုထုတ်ပြီးမြင်းပေါ်ကဆင်းကျုပ်ကိုလည်းပတ်ဝိုင်းလိုက်ကြတယ် “တိုက်ကြ” ညာသံပေးပြီးဝင်လာတဲ့ဓားများကိုလည်းကျုပ်က ပေါ့ပါးစွာရှောင်တိမ်းလိုက်ပြီးတော့ဓားတစ်ဝှေ့မှာကျုပ်ကလည်းငုံ့ရှောင် စစ်သည်တစ်​ယောက်ကိုပင့်လက်သီးတစ်ချက်ကြွေးပြီးတော့လည်းဓားကိုယူလိုက်တယ် တိုက်ပွဲကလည်းမလှပနေဘူးလေကျုပ်တစ်ယောက်နဲ့ဓားသမား၇ေယာက်လည်းဖြစ်တယ် လျှင်မြန်စွာဝင်လာတဲ့ဓားချက်များကိုရှောင်တိမ်းပြီးတော့လည်း ကျုပ်ရဲ့ဓားသွားများကတော့စစ်သည်များရဲ့ရင်ဘက်များပေါ်ကိုလည်းကျရောက်သွားခဲ့တယ် စန္ဒာရီကတော့ကြောက်လန့်စွာနဲ့ဘေးမှာရှိနေတာပေါ့ ယခုတော့ကျုပ်ရယ်စစ်သူကြီးရယ်သာကျန်တော့တယ် “ကဲဘဒ္ဒဒီနေ့ဟာငါတို့နှစ်​ယောက်ရဲ့အားပြိုင်မှုပဲ..ကျား….” စစ်သူကြီးကလည်းပြောပြီးတာနဲ့ကျုပ်ဆီကိုပြေးဝင်လာခဲ့တယ် ကျုပ်ကလည်းဓားချက်ကိုရှောင်ပြီးတော့လည်းဓားနဲ့ခုတ်လိုက်တယ် ကျုပ်ဓားချက်ကိုလည်းစစ်သူကြီးကရှောင်ပြီးတော့လည်း ဘယ်လက်သီးတစ်ခုကလည်းကျုပ်ဆီကိုပြေးဝင်လာခဲ့တယ် ကျုပ်ကလည်းရှောင်ချိန်မရလိုက်တော့ဘူးလေ လူကလည်းမူးမိုက်သွားတော့လည်း ခပ်စူးစူးအရာတစ်ခုကကျုပ်ကျောကိုဖောက်ပြီးတော့လည်းဝင်လာခဲ့တယ် “အကို….” စန္ဒာရီရဲ့အလန့်တကြားအော်ဟစ်သံနဲ့အတူ ခပ်စူးစူးအရာကလည်းကျုပ်ကျောဘက်ကနေပြန်ထွက်သွားပြီး ဓားသိမ်းသံကိုလည်းကြားလိုက်ရတယ် ကျုပ်ရဲ့အမြင်များကလည်း စန္ဒာရီကိုကြည့်နေမိတယ် နောက်ဆုံးမြင်ရခြင်းလို့လည်းစိတ်ထည်းမှာတွေးထင်နေမိတယ် စန္ဒာရီကတော့ကျုပ်အဖြစ်ကိုကြည့်ရင်းမျက်ရည်များကျဆင်းနေခဲ့တယ် “မလုပ်နဲ့စန္ဒာရီမလုပ်နဲ့” ကျုပ်ကလည်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အော်ဟစ်လိုက်မိတယ် စန္ဒာရီကတော့ကျနေတဲ့ဓားတစ်လက်ကိုကိုင်သူ့ဝမ်းဗိုက်ကိုလည်းထိုးလိုက်တာကြောင့်လည်းဖြစ်ပါတယ် “အကုိနောက်ဘဝများတော့အကိုနဲ့အတူအေးချမ်းတဲ့ဘဝလေးမှာနေထိုင်ချင်ပါတယ်” စန္ဒာရီကလည်းပြောပြီးတာနဲ့ခေါင်းငိုက်စိုက်ကြသွားခဲ့တယ် ကျုပ်ကလည်း စန္ဒာရီရဲ့အနားကို တိုးသွားပေမယ့်လည်း စန္ဒာရီအနားမရောက်ခင်မှာပဲ လောကကြီးကအမှောင်ထုအဖြစ်ကိုပြောင်းလဲသွားခဲ့တယ်

ကျုပ်ကတော့ အိပ်ယာမှလန့်နိုးလာခဲ့တယ် အိမ်မက်ထည်းကမိန်းကလေးစန္ဒာရီကတော့သင်းနွယ်နဲ့ ခွဲမရအောင်တူတာကိုလည်းသတိရလိုက်မိတယ် ကျုပ်နာရီကြည့်လိုက်တော့လည်းမနက်၄နာရီပင်ရှိပြီ ကျုပ်ကလည်းပြန်အိပ်လို့မရတော့တာကြောင့် အိမ်မက်အကြောင်းကိုတွေးရင်း မနက်ရောက်တဲ့အထိ စောင်နေမိတာပေါ့
မိုးကလည်းလင်းခဲ့ပီ ကြက်ဖကြီးရဲ့တွန်သံကလည်းမနက်ရောက်ပြီလို့သတိပေးနေပုံပေါ်နေတာပေါ့ ကျုပ်ကလည်း မျက်နှာသစ်မနက်စာစားပြီးတော့လည်း ရွာဉီးစေတီကိုထွက်လာခဲ့တယ်ဘာရယ်ကြောင်လို့လည်းမဆိုနိုင် ကျုပ်ရဲ့စိတ်များကလည်းအထူးတလည်လေးလံနေမိတယ် ကျုပ်ကလည်းစိတ်ကြည်လင်ဖို့ရွာဉီးစေတီလေးမှာတရားထိုင်နေမိတယ် တစ်နာရီနိးနီးတရားထိုင်ပြီးတော့လည်း ကျုပ်စိတ်များလေးလံနေသည်ကလည်းအတော်လေးလျော့ကျသွားတာဗျ ကျုပ်ကလည်းဉီးလေးဒေါင်းဝေအိမ်ကိုပြန်ပီးတော့လည်း လုပ်စရာရှိတဲ့အလုပ်များကိုလည်းလုပ်နေမိပါတယ် အချိန်များကလည်း ဘယ်လိုကုန်ဆူံးသွားသည်မသိ ညနေ ၃နာရီတောင်ခွဲနေပြီလေ

“သာလှရေသာလှ” ခြံရှေ့မှခေါ်သံကြားတော့လည်းကျုပ်ကြည့်လိုက်တော့ ဝင်းအောင်ဖြစ်နေတယ် “ဝင်းအောင်လာလေကွာ” ဝင်းအောင်ကလည်းကျုပ်ရှိရာကိုခြေလှမ်းကြဲကြီးတွေနဲ့လျှောက်လာခဲ့တယ် “ဟေ့ကောင်သာလှမင်းမသွားသေးဘူးလားကွယောက်ျားလေးဆိုတာအရင်ကြိုရောက်နေတတ်ရတယ်ကွ” “သွားမှာပါကွာဒါနဲ့မင်းကဒါမျိုးကဝီရိယကောင်းတယ်နော်” “မင်းကတော့စေတနာကိုစော်ကားလိုက်တာကွာငါ့သူငယ်ချင်းလေးအတွက်ဝိိီရိယကောင်းပေးတာကိုကျေးဇူးမတင်ဘူး” “ငါကစတာပါကွာငါမင်းကိုထူးဆန်းတာတစ်ခုပြောစရာရှိတယ်” “ေပြာလေကွာဘာထူးဆန်းတာလည်း” “ဒီလိုကွ” ကျုပ်ကလည်းညကမက်ခဲ့တဲ့အိမ်မက်အကြောင်းကိုဝင်းအောင့ကိုအစအဆုံးပြောပြလိုက်တယ် “ဟားဟားဟားဟားသာလှတို့ကတော့သိတာတစ်ရက်မကြာသေးဘူးအိမ်မက်ပါမက်နေပြီပဲ မင်းအိပ်ရေးကြီးလို့မက်တာပါသာလှရာအရမ်းကြီးစိတ်ထည်းမထားနဲ့ခုတော့ရွာထိပ်ရေကန်ကိုသွားကြရအောင်” ကျုပ်ကလည်းဝင်းအောင်စကားကိုခေါင်းညိတ်လိုက်ပြီးတော့လည်း ဝင်းအောင်နဲ့ကျုပ်ရွာထိပ်ကရေကန်ကိုထွက်လာခဲ့တာပေါ့ ရေကန်မှာကလည်းဘယ်သူမှမရှိကြတာကြောင့် ဝါးရုံပင်တစ်ခုအောက်မှာထိုင်ရင်းစောင့်နေမိတယ် နာရီဝက်လောက်ကြာတော့လည်းသင်းနွယ်ကတော့တခြားမိန်းကလေးများနဲ့အတူရေအိုးကိုခါးစောင်းတင်ပြီးရေကန်ဘက်ကိုလာနေတာကိုမြင်လိုက်ရတယ် “သာလှရေမင်းရဲ့ စန္ဒာရီလေးလာပြီကွဟားဟား” “ဟာကွာဝင်းအောင်ကလည်းမင်းကရီဖို့ပဲသိတယ်ဘေးကမိန်းကလေးတွေကိုပထုတ်ပေးအူံးလေ” “ဟမင်းဟာကအဆင့်တွေကျော်လာပြီနော်ခုဟာကရင်းနှီးရုံပဲစကားပြောမှာမဟုတ်လားငါကဘာလို့ပထုတ်ပေးရမှာလည်း” “ငါရှက်တယ်ကွသင်းနွယ်လည်းရှက်နေလိမ့်မယ်” “အော်မင်းကများရှက်ရသေးတယ်လို့ကဲကဲမင်းပြောသလိုပဲတခြားကောင်မလေးတွေကိုငါပထုတ်ပေးမယ်” “ကျေးဇူးပါမြှားနတ်မောင်ကြီးရာကျေးဇူး” ကျုပ်တို့ကလည်းသင်းနွယ်တို့အဖွဲ့နီးလာတာကြောင့်လည်းဟန်မပျက်နေလိုက်ကြတယ် “မိတင်တို့ငါနင်တို့ကိုပြစရာရှိတယ်ဟ” ဝင်းအောင်ကလည်ရုတ်တရက်ပြောလိုက်တာကြောင့်မိန်းကလေးများကတော့မျက်နှာလေးများနီရဲသွားပါတယ် “ကိုဝင်း​အောင်ကြီးကလဲမိန်းကလေးတွေရှေ့မှာ ဘာတွေပြောမှန်းမသိဘူး” “အော်အေး တစ်မျိုးမထင်လိုက်ပါနဲ့ငါ ငါးလှလှလေးတွေကန်စပ်နားမှာတွေ့ထားလို့နင်တို့ကိူအဲ့ငါးတွေပြမယ်လို့ပြောတာ” “အိုတော်အ့တာကိုစောစောကပြောရောပေါ့ဒါနဲ့သင်းနွယ်နင်ကောလိုက်ကြ့ည့်မှာလား” “မလိုက်တော့ပါဘူးငါဒီမှာရေခပ်ပြီးစောင့်နေမယ်မြန်မြန်တော့ပြန်လာခဲ့ကြနော်” “အေးပါဟယ်ဒါနဲ့ဟိုအကိုသင်းနွယ်ကိုစောင့်ကြည့်ပေးလိုက်အုံးနော်” မိန်းကလေးတစ်ယောက်ကလည်းကျုပ်ကိုမေးငေါ့ပြရင်းပြောပြီးတော့လည်းဝင်းအောင်နောက်ကလိုက်သွားတာပေါ့ ဇီးဖြူကွင်းမှာကလည်း အပျိုလူပျိိုချစ်ကြိုက်ကြတာသာရှိကြတယ်လေ ဒီထက်လည်းအဆင့်မပိုကြသလို ယောက်ျားလေးများမိန်းကလေးများကလည်းအနေအထိုင်ဆင်ခြင်ကြတာကြောင့် လူကြီးများကတော့ ထိုိကိစ္စနဲ့ပက်သက်ရင်စိတ်အေးရပါတယ် “မသင်းနွယ်ကျုပ်ကိုပြောစရာရှိတယ်ဆို” ကျုပ်မေးလိုက်တော့လည်းဝင်းအောင်တို့အဖွဲ့ကြီးကိုကြည့်နေတဲ့သင်းနွယ်ကလည်းကျုပ်ဘက်ကိုလှည့်ကြည့်တာပေါ့ ကျုပ်နဲ့သင်းနွယ်ကလည်း၅ပေခန့်ကွာခြားနေတယ် “ဟုတ်ပါတယ်…အမှန်တိုင်းပြောရမယ်ဆိုအကို့ကိုစမြင်ကတည်းကရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့သူလိုခံစားရတယ် အခုမှတစ်ယောက်နဲ့တစ်​ယောက်တွေ့ကြတာဆိုပေမယ့်အသိစိတ်ထည်းမှာအကိုနဲ့ကျမကတော်တောလရင်းနှိီးဖူးကြသူတွေလို့ထင်မှတ်နေတယ်ကျမတို့တစ်နေရာရာမှာဆုံဖူးကြလားဟင်” ကျုပ်ကလည်းအံသြရတာပေါ့ ကျုပ်လိုမျိုးခံစားချက်ကိုလည်းမသင်းနွယ်ထံမှာရှိနေခြင်းကြောင့်လည်းဖြစ်တယ် “တိုက်ဆိုင်မှုလားတော့မသိဘူးဗျကျုပ်စိတ်ထည်းမှာလည်းမသင်းနွယ်ထင်သလိုထင်နေမိတယ် ဒါပေမယ့်ကျုပ်တို့မဆုံဖုးကြတယ်ဆိုတာတော့ကျိန်းေသတယ်” “ဒါနဲ့ကျမအကို့ကိုပြောပြစရာရှိတယ်..မိန်းကလေးတစ်​ယောက်အနေနဲ့ဒီလိုပြောလို့လည်းကျမကိုအထင်မသေးလိုက်ပါနဲ့” “ဟုတ်ကျုပ်အထင်မသေးပါဘူးမသင်းနွယ်ပြောလိုတာကိုပြောပါ” “ကျမညကအိမ်မက်မက်တယ်အိမ်မက်ထည်းမှာလည်းကျမကအကိုနဲ့အတူပြေးနေရတယ်ကျမတို့နောက်မှာလည်းမြင်းစီးစစ်သည်တွေလိုက်လာကြတယ်နောက်တော့ကျမတို့ချောက်ကမ်းပါးတစ်ခုဆီရောက်လာတယ်အကိုကဆက်ပြေးလို့မလွတ်တာကြောင့်ညမတားနေတဲ့ကြားထည်းကမြင်းစီးစစ်သည်တွေနဲ့တိုက်ခိုက်ခဲ့တယ်

မြင်းစီးစစ်သည်တွေအကုန်ကျသွားပေမယ့်စစ်သူကြီးသတ်တာအကိုခံလိုက်ရတယ်ကျမကလည်းအကိုသေတဲ့လောကမှာမနေချင်တော့တာကြောင့်ကိုယ့်ကိုယ်ကိုယ်အဆုံးစိ်ရင်ခဲ့တယ် ဒါကတော့ကျမမက်ခဲ့တဲ့အိမ်မက်အကြောင်းပဲအကို” “ဗျာ….” ကျုပ်ကလည်းဗျာလို့ပဲရေရွတ်လိူက်နိုင်မိတယ် ဖြစ်ရပ်များကလည်း တစ်သားတည်းဖြစ်ပေါ်နေတာကြောင့်လည်းဖြစ်တယ် “ကျုပ်ပြောရင်မသင်းနွယ်ယုံမှာမဟုတ်ဘူးဗျကျုပ်ညကလည်းအဲ့အိမ်မက်ကိုမက်ခဲ့တယ်ကျုပ်အိမ်မက်ကလန့်နိုးတော့မနက်၄နာရိတောင်ရှိနေပြီ” ကျုပ်ပြောလိုက်တော့လည်းမသင်းနွယ်ကပါးစပ်အဟောင်းသားလေးနဲ့ “ကျမလည်းအိမ်မက်ကနိုးတော့အဲ့အချိန်ပဲ ဒါဆိုကျမတို့ကတကယ်ပဲ…..” မသင်းနွယ်ကလည်းစကားကိုဆက်မပြောတော့ပဲရပ်လိုက်တာပေါ့ ကျုပ်ကလည်းမသင်းနွယ်ပြောလိုသည်ကိုလည်းသိတာကြောင့် “ဖြစ်နိုင်တယ်မသင်းနွယ်ကျုပ်အမှန်တိုင်းဝန်ခံရရင်ကျုပ်မသင်းနွယ်ကိုမြင်မြင်ချင်းကတည်းကမေတ္တာစိတ်ဝင်ခဲ့တယ် လူပျိုသဘာဝလှတဲ့မိန်းကလေးမှန်ရင်ငမ်းကြပေမယ့်ကျုပ်မသင်းနွယ်ကိုမြင်ရတော့အမျိုးအမည်မသိတဲ့ခံစားချက်တွေတိုက်ရိုက်ဝင်လာတယ်ကျုပ်တို့ကတကယ်ပဲအတိတ်ဘဝကချစ်သူတွေလားမသင်းနွယ်” “အို…..” ကျုပ်​မေးလိုက်တော့လည်းမသင်းနွယ်ကပါးလေးရဲပြီးခေါင်းလေးငုံ့သွားပါတယ် ကျုပ်ကလည်းမသင်းနွယ်အနားကိုတိုးကပ်ပြီးတော့လည်း ကျုပ်ရဲ့လက်များကမထင်မှတ်ထားဘဲမသင်းနွယ်ရဲ့လက်များကိုဆုပ်ကိုင်လိုက်မိတယ် “မသင်းနွယ်ကျုပ်ကိုတစ်မျိုးတော့မထင်ပါနဲ့နော်ကျုပ်မသင်းနွယ်ကိုချစ်တယ်မသင်းနွယ်အနေနဲ့ကျုပ်ရဲ့အချစ်ကိုခုချက်ချင်းလက်မခံသေးရင်တောင်စဉ်းစားပေးပါနော်” “ဟုတ်ကဲ့” မသင်းနွယ်ကလည်းခေါင်းပင်ဖော်မလာခေါင်းငုံ့ပြီးတော့လည်းပြောတာပေါ့ “သင်းနွယ်ရေခပ်ပြီးပြီလားပြန်ကြမယ်လေ” မိန်းကလေးတစ်ယောက်ရဲ့အသံကြားရတာနဲ့အတူ ဝင်းအောင်ပါဝင်တဲ့မိန်းကလေးအဖွဲ့ကြီးကလည်းကန်အနားကိုပြန်ရောက်လာကြတာပေါ့ “ဟုပ်မခပ်ရသေးဘူးခပ်လိုက်အုံးမယ်နော်ခန” မသင်းနွယ်ကလည်းကျုပ်တို့နဲ့ခပ်လှမ်းလှမ်းမှာလည်းရေခပ်နေတာပေါ့ “ဒါနဲ့အမတို့ငါးတွေလှကြသလားဗျ” “အမလေးငါ့မောင့်ရယ်ဒီအကောင်ဝင်းအောင်ပြောတော့ငါးလှလှလေးတွေတဲ့ဘယ်ဟုတ်မလည်းငါးကျောက်ဖားကြီးတွေကိုလိုက်ပြတယ်လေအမတို့ကတော့တကယ်ထင်ပြီးလိုက်သွားရတာ” ကျုပ်မေးလိုက်တော့လည်း အသက်ခပ်လတ်လတ်မိန်းမတစ်ယောက်ကငြီးငြူရင်းပြောတာဗျ နဂါးဆိုရင်လည်းပြာဖြစ်သွားနိုင်တဲ့မျက်စောင်းများနဲ့လည်းဝင်းအောင်ကိုခနခနကြည့်နေတာဗျ ဝင်းအောင်ကတော့သွားကြီးဖြီးရင်းရှိနေတယ်လေ “ပြန်ကြမယ်လေအမကျမရေခပ်ပြီးပြီ” သင်းနွယ်ကလည်းကျုပ်တို့အနားကိုရောက်လာပြီးတော့လည်း ပြန်မယ့်အကြောင်းပြောတာပေါ့ “အေးအေးပြန်မယ်လေ..ငါ့မောင်ပြန်ပီနော်ဟို်အကောင်ကိုတော့မနှုတ်ဆက်တော့ဘူး” စောနကမိန်းမကလည်းကျုပ်တို့ကိုပြောပြီးတာနဲ့ထွက်သွားကြတယ်သင်းနွယ်ကလည်းရေအိုးလေးရွက်ပြီးလို်က်ပါသွားပေါ့ “ငါ့ကောင်သာလှအခြေဘေယ်လိုရှိလည်း” “လာဝင်းအောင်ငါမင်းကိုပြောပြစရာတွေရှိတယ်မင်းကြားရင်တော့မင်းနားကိုမင်းတောင်ယုံမှာမဟုတ်တော့ဘူး” ကျုပ်ကလည်းဝင်းအောင်ကိုအရိပ်ကောင်းကောင်းဝါးရုံပင်ကြီးအောက်ကိုခေါ်သွားပြီးတော့လည်း ကျုပ်နဲ့သင်းနွယ်အကြောင်းကိုပြောလိုက်တယ် ဝင်းအောင်ကတော့မျက်လုံးများအပြင်ကိုထွက်တော့မတတ်အံသြနေတာပေါ့ ကျုပ်ကိုလည်း မယုံကြည်နိုင်စွာကြည့်ပြီးတော့လည်းထူးဆန်းနေတယ်လေ ကျုပ်အတော်ကြာကြာရှင်းပြပီးတော့မှလည်းခေါင်းကိုညိတ်နေတယ်လေ ကျုပ်ကတော့ အတိတ်ဘဝမှာသေကွဲကွဲခဲ့ရတဲ့ချစ်ရသူနဲ့လည်းခုဘဝမှာပေါင်းနိုင်ပ့မလား အတွေးများနဲ့ရှိနေတာပေါ့။