ထိုသို့ပြောလိုက်သည်နဲ့ပင်ယံထက်မှ လင်း တကြီးတစ်ကောင်နဲ့ ကျီးကန်းသုံးကောင်တို့ မြေပေါ်သို့သက်ဆင်းလာ၏။မြေပြင်ပေါ်ရော က်သော် အားလုံးလူသားမိန်းမ ဖြစ်သွားကြ ၏။ “ဟား…ဟား…ဟား….ဒီမှာသူငယ် ဒီနေ ရာမှာဘယ်သူမှ ဘုရားတရားလုပ်ခွင့်မရှိ ဘူး အသက်အပိုမပါရင်အမြန်ဆုံး မင်းရဲ့ ဆရာကိုခေါ်ပြီး ထွက်သွားလိုက်စမ်း…” “ကျွန်ုပ်တို့ဒီနေရာကိုလာတာ ပြန်ထွက် သွားဖို့မဟုတ်ဘူးအဖွားကြီး….ခင်ဗျားတို့ လိုပညာသည်တွေရဲ့မာန်စွယ်ကို ချိူးဖို့လာ တာ….” “ခစ်…ခစ်…ခစ်….” မောင်ရေခဲ ပြောသောစကားသံကိုကြားပြီး မိန်းမ ကြီးနဲ့အတူပါလာသော မိန်းမငယ် သုံးယောက်က မောင်ရေခဲကို ပမာမခန့် ပုံစံဖြင့်တခစ်ခစ်ရယ်လေ၏။ “ဟဲ့..ဟဲ့….လေကအလာသားပါလား သူငယ်ရဲ့ ဧကန္တငါ့ရဲ့အစွမ်းအစတွေ မသိသေးလို့ထင်တယ်…ကဲ မယ်မိုး၊မ ယ်ဆိုး၊မယ်နန်း…ည ...

အံ့အားသင့်ကုန်ကြတယ်။ မောင်ထွန်းတို့လဲ အခန့်မသင့်လို့ဖြစ်တာဆိုပြီး ဆေးရုံထဲမဝင်တော့ပဲ ပြန်ထွက်လာခဲ့ရာ ကွင်းအစပ်ကိုရောက်တော့ ‌ဗိုက်ကမခံမရပ်နိုင်အောင် ပြန်အောင့်လာခဲ့တယ်။ ပါလာတဲ့သူတွေလဲ ခြေမကိုင်မိလက်မကိုင်မိနဲ့ ပြာသလဲလဲဖြစ်နေတဲ့အချိန် “ လူနာက ဘာဖြစ်တာလဲဗျ” ဆိုတဲ့အသံထွက်လာလို့ လှည့်ကြည့်လိုက်ရာ ဖျင်ကြမ်းအင်္ကျီဝတ်ထားတဲ့ လူသုံးယောက်ကိုမြင်လိုက်ရတယ်။ “ ကျွန်တော် သူငယ်ချင်း ဗိုက်အောင့်နေလို့ပါဗျာ” “ လူနာက ပညာပြတာခံထားတာပဲ” “ ဗျာ… ဘယ်လိုပညာပြတာခံရတာလဲ” “ စကားထက် အလုပ်နဲ့သက်သေပြပါ့မယ်၊ လူနာကို အရိပ်ရတဲ့နေရာကိုခေါ်သွားပေးပါ” မောင်ထွန်းတို့လဲ ကျော်ဖေကိုပွေ့ချီပြီး အရိပ်ရတဲ့ သစ်ပင်အောက်မှာ ပေးမှီထားလိုက်တယ်။ “ ကျွန်တော်သူငယ်ချင်းဘာဖြစ်တာလဲဆိုတာ ...

ဖိုးလုံးအော်သံကြောင့် အနီးနားကလူတွေ ပြေးလာပြီးဝိုင်းဆွဲကြတဲ့ထိကို ငဆန်းက ခေါင်းနဲ့ ပြေးဆောင့်ဖို့ ဟန်တပြင်ပြင်ဖြစ်နေခဲ့တယ်။ “ ဒါ အပမှီနေတာပဲ… ပရိတ်ရေသွားယူကြစမ်း” ဦးတိုးကြီးစကားကြောင့် အနားမှာရှိနေတဲ့သူတွေက အိမ်မှာရှိတဲ့ပရိတ်ရေဘူးတွေကို ယူလာပြီး ငဆန်းရဲ့ ခေါင်းပေါ်ကနေ လောင်းချလိုက်ရာ တစ်ကိုယ်လုံး ဓါတ်လိုက်သလိုတုန်ရီလာပြီး အရုပ်ကြိုးပြတ်လဲကျ သွားခဲ့တယ်။ “ ငဆန်း… ငဆန်း… သတိထားစမ်း” ပါးကိုခပ်ဆတ်ဆတ်လေးရိုက်ပြီး နှိုးလိုက်တာကြောင့် ငဆန်းတစ်ယောက် တအင်းအင်းနဲ့ညဉ်းကာ သတိလည်လာခဲ့တယ်။ “ ဟိုမိန်းမ ဘယ်ရောက်သွားလဲ… ဟိုမိန်းမရော” “ ဘယ်မိန်းမကိုပြောတာလဲ…” “ ပုလဲလုံးဝမ်းဆက်ဝတ်ထားတဲ့မိန်းမလေ…” “ ...

ကျုပ်တို့ ရွာမှာက ဦးထွန်းကြည် နှစ်ယောက် ရှိသဗျ။ တစ်ယောက်က ကျုပ် မကြာ မကြာ ပြောတဲ့ ဘိုးပုကြီးရဲ့သားလေဗျာ။ သူ့ကို ကျုပ် တို့ရွာသားတွေက ဘိုးပုထွန်းကြည်လို့ ခေါ်ကြ တာ။ နောက် ဦးထွန်းကြည်တစ်ယောက်က မိန်းမနှစ်ယောက်ယူထားတဲ့ ဦးထွန်းကြည်ဗျ။ သူ့ကိုတော့ သူ့ကွယ်ရာမှာ မယားပြိုင်ထွန်း ကြည်လို့ ခေါ်ကြတယ်။ ဘထွေးထွန်းကြည် က လူချမ်းသာဗျ။ ယာတွေ၊ ထန်းတောတွေ မနည်းမနောကို ပိုင်တာဗျ။ သူ့အဘိုးလက်ထက်ကတည်းက အမွေတွေ ရတာ။ ဘထွေးထွန်းကြည်က သုံးမွေခံရတဲ့ လူလေဗျာ။လွှတ်ချမ်းသာတာပေါ့ဗျာ။တောင် ပိုင်းမှာ ...

ဆက်သောက်နေသည် ထိုသို့ဖြင့်ညဆယ့်တစ်နာရီလောက်ကြတော့ ကိုလှမောင်ဆိုင်ပိတ်လိုက်ပြီးငတူးကိုပြန်ခိုင်းလိုက်သည် ထိုအချိန်မှစ၍သူလည်း ရွာအရှေ့ပိုင်းရှိသူ၏အိမ်သို့ပြန်လာခဲ့ရာ တစ်နာရီကြာသွားသည့်တိုင်အောင်မရောက်သေးပဲ ရွာလည်လမ်းမပေါ်၌သာရှိနေသေးချင်ဖြစ်သည်။ ထိုသို့ ငတူးတစ်ယောက်လေးဘက်ထောက်လျှက် မြေကြီးကိုကြည့်ကာ ရွာလည်လမ်းအတိုင်းလာနေခိုက် သူ့ရှေ့ခပ်လှမ်းလှမ်းမှ မိန်းမတစ်ယောက်၏ရယ်သံကိုကြားလိုက်ရသည် ထိုရယ်သံကိုကြားပြီး ငတူး မြေကြီးကိုကြည့်လာသောသူ၏မျက်လုံးများကို သူရှေ့လမ်းမပေါ်သို့ အနည်းငယ်လှန်ကြည့်လိုက်သည်။ ထိုအခါသူရှေ့မလှမ်းမကမ်းမှာသူ့ကို‌ေကျာ‌ေပးလျှက်ရပ်နေပြီး တခစ်ခစ်ရယ်‌ေန‌ေသာမိန်းမတစ်ယောက်ကို‌မြင်လိုက်ရသည် ထိုအခါငတူးတစ်‌ေယာက် သူလိုပြိုင်ဘက်ကင်း အရက်သမားတစ်‌ေယာက် လူရှေ့သူရှေ့လေးဘက်ထောက်သွားနေရတာ သိက္ခာကြလှသဖြင့် လမ်းဘေးခြံစည်းရိုးကိုမှီကာရပ်လိုက်သည် ထို့နောက်သူ့ရှေ့မှ‌ေကျာ‌ေပးရပ်နေသည့်မိန်းမဆီသို့ ခြံစည်းရိူကိုကိုင်ကာတဖြည်းဖြည်းသွားလိုက်သည် ထို့နောက် “ဒီမယ် ခများကျုပ်ကိုမကြည့်ပဲ ရယ်နေတာ ကျုပ်ကိုအထင်သေးတာလား” ငတူးထိုသို့ပြောလိုက်ပေမဲ့ ထိုမိန်းမကသူကိုလှည့်မကြည့် တခစ်ခစ်ဖြင့်သာရယ်နေသည် ထိုအခါငတူးဆက်ပြောပြန်သည် “ခများကျုပ်ကို အထင်သေးသလိုလုပ်ပြီးရယ်မနေနဲ့ ကျုပ်က ...

အော် သမီးတို့က ဟိုးဘက်က ရွာမှာနေကြတာ မောင်ကြီးတို့လာလည်မယ်ဆိုရင် ရွာကလူတွေအရမ်းပျော်ကြမှာ အခုတော့ ရွာကယူလာတဲ့ မုန့်တွေအရင်စားလိုက်ကြပါဦး” မိန်းမပျိုလေးတွေက ဖော်ရွှေစွာနဲ့ အသင့်ပါလာတဲ့မုန့်နဲ့သစ်သီးဖျော်ရည်တွေကို အဖိုးအိုနဲ့ လူငယ်ကို ချကျွေးလိုက်ကြတယ်။ အဖိုးအိုနဲ့လူငယ်လဲ မိန်းမပျိုလေးတွေချကျွေးတဲ့ အစားအသောက်တွေကို စားပြီး ခေါင်းထဲမှာ တစ်ရိပ်ရိပ်နဲ့မူးလာခဲ့တယ်။ “ ခစ်ခစ်ခစ် ဒီကမောင်ကြီးရဲ့ ဆံပင်တွေက ဖြူဖွေးနေတာဆိုတော့ မောင်ကြီးဖြူလို့ခေါ်မယ်နော်” ညို့အားပြင်းတဲ့စကားသံရဲ့အဆုံးမှာ အဖိုးအိုက “ကျုပ်ကအသက်ကြီးနေပါပြီ ဘယ်က မောင်ကြီးရမှာလဲ” “ အဟက်အဟက် အသက်ကထင်သလောက်မကြီးသေးပါဘူး ဆံပင်လေးအနည်းငယ်ဖြူတာ လေးပဲရှိတာပါနော်” “ ဟားဟားဟား ဒါဆိုလဲ ...

မည်မျှကြာမည်ကို လူကြီးမင်း ခန့်မှန်း နိုင်ပါသည်။ ဖခင်ကြီးသည် ရေနွေးကြမ်းနှင့် စီးကရက်ကို မွေးကင်းစ ကလေးအား လက်ကမချနိုင်သော မိခင်ကဲ့သို့ ချစ်သူ ဖြစ်ပါသည်။ ထို့ကြောင့် သူ အိမ်သာတက်သောအခါတွင် ရေနွေးကြမ်း အိုးကိုပါ အိမ်သာထဲသို့ ယူသွားလေ့ရှိသည်။ ကျွန်တော်တို့ အိမ်သာသည် ကမ္ဘာပေါ်တွင် မရှိသော အိမ်သာ ဖြစ်ပါသည်။ အိမ်သာထဲတွင် ရေနွေးကြမ်းအိုးတင်သော စင်တစ်ခုကို ရိုက်ထား သောကြောင့် ဖြစ်ပါသည်။ ကောင်းပြီ… ဤမျှ အအား မနေတတ်သော ဖခင်ကြီး ၏ မန်နေဂျာ ဦးသက်ပြင်းမှာ ...

တောထဲတောင်ထဲမှာ လိုက်ပြီး သုံးနှစ်လောက်ကျင့်ပြီးတဲ့အခါ အောက်လမ်းမှော်ပညာတွေ တော်တော် ကိုတတ်သွားတာတဲ့ဗျာ။   ဒါပေမယ့် ကိုထိုက်အောင်က အားမရသေးလို့သာဗိန္ဒရဲ့ဆရာကြီး “ဒေဝိန္ဒ’ ဆီမှာပညာဆက်ယူတာဆိုပဲ။ သာဗိန္ဒဆီမှာ သုံးနှစ်၊ ဒေဝိန္ဒဆီမှာသုံးနှစ် ပညာယူပြီးကျင့်ကြံလိုက်တဲ့အခါ တကယ်ကို ထက်မျက်တဲ့ အောက်လမ်းမှော်ဆရာတစ်ယောက်ဖြစ်လာတာဗျို့။ ဒီမှာတင် ဆရာကြီးဒေဝိန္ဒက ကိုထိုက်အောင်ကို “ရာဂိန္ဒ” လို့အမည်ပေးလိုက်တာ တဲ့ဗျာ။   ဒေါ်စိန်မေပြောပြလို့ ဒီနေရာလည်းရောက်ရော ဘိုးလူပေက တအံ့တသြနဲ့မေးရောဗျာ။ “ဘယ်လိုဗျ မစိန်မေရဲ့သားက ရာဝိန္ဒ ဟုတ်လား”   “ဟုတ်ပါတယ်ဆရာကြီး ကျွန်မသားကိုဆရာကြီးသိလို့လားရှင်” လို့ဒေါ်စိန်မေကမေးတော့ ဆရာကြီးဘိုးလူပေက ခေါင်းလေးညိမ့်ပြပြီးပြောတယ်ဗျ။ ...

အောင်မယ်၊ ငထေရှင်ကိုများ ဆော်မယ်လေးဘာလေးနဲ့၊ ဟိုကနင့်ကိုလုပ်သွားလို့ ပဋ္ဌာန်းပုတီးကုံးတောင် ပြတ်သွားတယ်မဟုတ်လား” မိသက်က ကျုပ်ကိုမခံချင်စိတ်နဲ့ကြည့်လိုက်ပြီးတော့ “ဟောဒါက အရဟံပုတီးဘကြီးရဲ့၊ အရဟံသိဒ္ဓိဂုဏ်တော်ကို အပတ်ကိုးထောင်အဓိဋ္ဌာန်နဲ့စိပ်ထားတာ” မိသက်ကိုကြည့်ပြီး ကျုပ်အံ့သြသွားတာတော့အမှန်ပဲဗျ၊ မိသက်က နောက်ထပ်လွယ်အိတ်ကိုလက်နှိုက်ပြီး ကိုးလုံးပုတီးကလေးတစ်ကုံးထုတ်လိုက်ပြန်ပါရော။ “ဟော၊ ထွက်လာပြန်ပြီ၊ ဒါကရော ဘာပုတီးလဲ” “ဒါက ဂုဏ်တော်ကိုးပါးပုတီး ဘဘရဲ့၊ သိမ်ဝင်ပုတီးအစစ်၊ ဂုဏ်တော်ကိုးပါးကို ကိုးရာကိုးဆယ့်ကိုးပတ် အဓိဋ္ဌာန်နဲ့စိပ်ထားတာ” “အားပါးပါး၊ ပုတီးတွေကများလှချည်လား၊ မသိတဲ့လူက နင့်အိတ်ကိုတွေ့ရင် ပုတီးရောင်းတဲ့ကလေးမလို့ ထင်ကုန်တော့မှာပဲ” မိသက်က ပြုံးလိုက်ပြီးတော့ “ဒါတောင်မှအများကြီးကျန်သေးတယ် ဘဘကြီးကြည့်မလား” မိသက်က ပုတီးတွေလက်တစ်ဆုပ်စာလောက်နှိုက်ပြတယ်ဗျ၊ ...

ပြိုင်ပွဲဝင်ခွင့် ပိတ် ထားရသည်အထိ ဖြစ်၏။ယခုလည်း သူဌေးကုန်းရွာသားကြီး ဦးစံလှသည် သူ့ရွာသားများခံလာရသည့်အတွက် ဒေါသပုန်ထနေခြင်းဖြစ်သည်။သို့ပေမဲ့ အိမ်သူသက်ထား ဇနီးမယား၏ စကားကိုတော့ သူမလွန်ဆန်ရဲသဖြင့် ရေနွေးကြမ်းကို သောက်ရင်း မကျေမနပ်စကားကို ဆက်တိုက်ပြောနေသေးရာ ဇနီးဖြစ်သူ ဒေါ်သန်းခင်တယောက် အတော်ပင် နားပူနေပြီဖြစ်သည်။ ထိုစဉ် သူတို့အိမ်ဝိုင်းထဲသို့ လူတစု ဝင်လာလေသည်။ထိုလူတစုမှာ ဦးစံလှ၏ အမဲလိုက်အဖွဲ့ လေးပင်ဖြစ်သည်။ “ကိုစံလှ တောတက်မယ်ဗျာ ဇရပ်လေးဆောင်ဘက်မှာ ဂျီဟောက်သံ ကြားတယ်လို့ သာဒင်က ပြောတယ် ” “အေး မောင်ရဲ မင်းအိမ်က ယုန်ပိုက်တွေ ကောင်းသေးလား ...