ဆက်သောက်နေသည်
ထိုသို့ဖြင့်ညဆယ့်တစ်နာရီလောက်ကြတော့ ကိုလှမောင်ဆိုင်ပိတ်လိုက်ပြီးငတူးကိုပြန်ခိုင်းလိုက်သည် ထိုအချိန်မှစ၍သူလည်း ရွာအရှေ့ပိုင်းရှိသူ၏အိမ်သို့ပြန်လာခဲ့ရာ တစ်နာရီကြာသွားသည့်တိုင်အောင်မရောက်သေးပဲ ရွာလည်လမ်းမပေါ်၌သာရှိနေသေးချင်ဖြစ်သည်။
ထိုသို့ ငတူးတစ်ယောက်လေးဘက်ထောက်လျှက် မြေကြီးကိုကြည့်ကာ ရွာလည်လမ်းအတိုင်းလာနေခိုက် သူ့ရှေ့ခပ်လှမ်းလှမ်းမှ မိန်းမတစ်ယောက်၏ရယ်သံကိုကြားလိုက်ရသည် ထိုရယ်သံကိုကြားပြီး ငတူး မြေကြီးကိုကြည့်လာသောသူ၏မျက်လုံးများကို သူရှေ့လမ်းမပေါ်သို့ အနည်းငယ်လှန်ကြည့်လိုက်သည်။
ထိုအခါသူရှေ့မလှမ်းမကမ်းမှာသူ့ကိုေကျာေပးလျှက်ရပ်နေပြီး တခစ်ခစ်ရယ်ေနေသာမိန်းမတစ်ယောက်ကိုမြင်လိုက်ရသည်
ထိုအခါငတူးတစ်ေယာက် သူလိုပြိုင်ဘက်ကင်း
အရက်သမားတစ်ေယာက် လူရှေ့သူရှေ့လေးဘက်ထောက်သွားနေရတာ သိက္ခာကြလှသဖြင့် လမ်းဘေးခြံစည်းရိုးကိုမှီကာရပ်လိုက်သည်
ထို့နောက်သူ့ရှေ့မှေကျာေပးရပ်နေသည့်မိန်းမဆီသို့ ခြံစည်းရိူကိုကိုင်ကာတဖြည်းဖြည်းသွားလိုက်သည်
ထို့နောက်
“ဒီမယ် ခများကျုပ်ကိုမကြည့်ပဲ ရယ်နေတာ ကျုပ်ကိုအထင်သေးတာလား”
ငတူးထိုသို့ပြောလိုက်ပေမဲ့ ထိုမိန်းမကသူကိုလှည့်မကြည့် တခစ်ခစ်ဖြင့်သာရယ်နေသည် ထိုအခါငတူးဆက်ပြောပြန်သည်
“ခများကျုပ်ကို အထင်သေးသလိုလုပ်ပြီးရယ်မနေနဲ့
ကျုပ်က မိန်းမသောဘာသောနားမလည်ဘူးနော် ကျုပ်ကိုအထင်သေးရင်တော့ အရက်ပြိုင်သောက်ဖို့ဝန်မလေးဘူး”
ထိုမိန်းမဆီမှဘာပြန်ေပြာသံမှမကြားရ ဆက်ပြီးသာရယ်နေသည် ထိုအခါငတူး သူ့ကိုအဖက်မလုပ်သဖြင့် ထိုမိန်းမကိုဒေါသဖြစ်ခြင်သလိုလိုဖြစ်လာသည်
ဒါပေမဲ့ သူဒေါသဖြစ်လို့မရ အခုချိန်ဒေါသဖြစ်ပြီးထိုမိန်းမကိုတစ်ခုခုလုပ်လိုက်ပါက ကိုမလုပ်ရသေးခင်ထိုမိန်းမလက်ဖြင့်တွန်းယုံနှင့်လဲတော့မည်ဆိုတာ ဝါရင့်အရက်သမားပီပီငတူးကို့ကိုယ်ကိုသိနေသည်
ဒါကြောင့်စိတ်ကိုလျှော့လိုက်ပြီး ခြံစည်းရိုးကိုကျောမှီကာ ကိုယ်ကိုထိန်းရင်း ထိုမိန်းမဘေးမှဖြတ်ကျော်ရန်လာခဲ့လိုက်သည် ငတူး ထိုသို့လာနေရင်းထို့မိန်းမနှင့်တတန်းတဲနေရာသို့ရောက်လာသည်
ငတူးလည်း ဘေးတစောင်းရပ်နေသောထိုမိန်းမကို မကြည်ကြည့် ကြည့်ကာထိုနေရာမှဖြတ်မည်အလုပ် ထိုမိန်းမ သူ့ကိုဆတ်ကနဲ့လှည့်လိုက်သည်
ငတူးထိုမိန်းမ၏မျက်နှာကိုမြင်လိုက်ရတော့ အရက်မသောက်တတ်သူတစ်ယောက်လိုဖြစ်သွားသည်
ထိုမိန်းမနှင့်သူသည် ငါးပေလောက်သာကွာသည် ထို့ေကြာင့်သူ ထိုမိန်းမ၏မျက်နှာကိုသူကောင်းကောင်းမြင်လိုက်ရသည်
သူ့ကိုကြည့်နေသောထိုမိန်းမ၏မျက်နှာသည် ဂျပ်ပိန်းကြီးဖြစ်သည် မျက်စိ နှာခေါင်း ပါးစပ်ဘာမျှမပါ
ငတူးထိုမျက်နှာကြီးကိုမြင်လိုက်ရပြီး ခြံစည်းရိုးကိုတင်းကျပ်စွာဆုပ်ကိုင်မိလျှက်သားဖြစ်သွားသည် ထို့နောက်ရှေ့သို့ဆက်ပြေးရမလား နောက်သို့ဆုတ်ပြေးရမလား ဝေခွဲမရဖြစ်နေပြန်သည် သူထိုသို့ဖြစ်နေတုန်း ထိုမျက်နှာကြီးသည်သူ့ကိုပြုံးပြလိုက်တာမြင်လိုက်ရသည်
ထိုသို့ပြုံးပြလိုက်တာကိုလည်းမြင်ရော ငတူးတစ်ယောက်မမူးတော့ပဲပြေးလိုက်သည်မှာ တန်း၍ပင်နေတော့သည်။
ထိုသို့ ငတူး၏တဘုတ်ဘုတ်ပြေးသံကိုကြားပြီး ရွာထဲရှိအိပ်နေသောခွေးများသည်လည်း တဝုတ်ဝုတ်ထဟောင်ကြတော့သည်
ငတူးလည်းအိမ်သို့တန်းနေအောင်ပြေးလာရင်း
ပိတ်ထားသောသူ့အိမ်ခြံတခါးကိုခြေထောင့်ဖြင့်ဆောင့်ကန်ဖွင့်ပြီး အိမ်ဝိုင်းထဲသို့ပြေးဝင်လိုက်သည်
ထို့နောက်အိမ်လှေကားအတိုင်းပြေးတက်ရင် ချက်ချထားသေားအိမ်တခါးကို တဘုန်းဘုန်းထုကာ ပါးစပ်မှတတွတ်တွတ်ပြောတော့သည်
“အဖေသရဲ တခါးဖွင့်ပါဦးဗျ”
“သရဲအဖေ တခါးဖွင်ပါဦး”
ထိုသို့ ငတူး၏ပါးစပ်မှတတွတ်တွတ်ေပြာပြီး အိမ်တခါးကိုတဘုန်ဘုန်းထုရိုက်သံကြောင့် အိပ်ပျော်နေသောငတူးအဖေဦးသံချောင်းရုတ်တရက်နိုးလာသည်
ထို့နောက် အိမ်တခါးဆီသိုသွားပြီးအထဲမှချထားချက်ကိုဖြုတ်လိုက်သည် ထိုသို့လုပ်ေနချိန် တခါးအပြင်ကရပ်စောင့်နေသော ငတူးက
“အဖေသရဲ တခါးဖွင့်ပါဗျ”
“သရဲအဖေ တခါးဖွင့်ပါဗျ”
ငတူးထိုစကားကိုသာထပ်ခါတလဲလဲပြောနေသည် တခြားဘာစကားမှလဲမပြော ထိုအခါအထဲမှတခါးဖွင်နေသောဦးသံချောင်းက
“ခွေးမသား အချိန်မတော်ကြီးပြန်လာပြီး မူးမူးရူးရူးနဲ့ ငါ့ကိုများသရဲသရဲလာခေါ်နေသေးတယ် အိမ်ပေါ်ကကန်ချလိုက်ရရင်ငါမကောင်းရှိရော့မယ်”
ဦးသံချောင်းထိုသို့ပြောလိုက်တော့ငတူးက
“အဖေမဟုတ်ဘူးဗျ သရဲသရဲ”
“အေး ငါမင့်အဖေမဟုတ်ရင် မင်းလည်းငါအိမ်မှာမနေနဲ့သွားချင်ရာသွားတော့”
ဦးသံချောင်းအိမ်တခါးဝမှရပ်ရင်း သူ့ကိုအဖေမဟုတ်ဘူးသရဲသရဲပဲပြောနေသောငတူးကို ဒေါသဖြစ်ဖြစ်နှင့်ပြောလိုက်သည် ထိုအခါငတူးက
“အဖေမဟုတ်ပါဘူးဗျာ သရဲပါဆို”
“အေး မင်းငါ့ကို မင်းအဖေလို့မထင်ပဲသရဲလို့ထင်နေရင် မင်းလည်းသရဲနဲ့လာမနေနဲ့ ကို့ဟာကိုသရဲမဟုတ်တဲ့သူဆီသွားနေ”
“ဟာဗျာ သရဲမဟုတ်ဘူး အဖေပါဆို ဟာ ဟုတ်ပါဘူးဗျာ သရဲပါဆို ”
ဦးသံချောင်းထိုသို့ဒေါသတကြီးပြောလိုက်တော့ငတူးပို၍ပြာယာခပ်သွားသည် ဒါကြောင့်စကားတွေလည်းအရောင်ရောင်အမှားမှားဖြစ်ကာ ဘယ်ရောက်လို့ရောက်မှန်းမသိတော့
ထိုသို့ဦးသံချောင်းနှင့်ငတူးတို့နှစ်ယောက် ဆူညံဆူညံ
ဖြစ်နေသံကိုကြားမှ အအိပ်အနေဆတ်လှသောငတူးအမေဒေါ်ဘုတ်ဆုံနိုးလာသည်။ ထိုနောက်အိမ်တခါးပေါက်မှာ အထက်တစ်ယောက်အောက်တစ်ယောက်ရပ်ရင်းစကားများနေကြသော ဦးသံချောင်းနှင့်ငတူးကိုကြည့်ကာ
“တော်တို့သားအဖနှစ်ယောက်ဘာဖြစ်နေကြတာတုန်း
မီးမထွန်းဘာမထွန်းနဲ့ ကောင်းကောင်းကိုမအိပ်ရဘူး”
ဒေါ်ဘုတ်ဆုံထိုသို့ေမးလိုက်တော့ ဦးသံချောင်းက
“မဟုတ်ပါဘူးဘုတ်ဆုံရာ ဒီကောင်ငတူးေပါ့ မူးမူးရူးရူးနဲ့ အချိန်မတော်ကြီးပြန်လာပြီး ငါ့ကိုအဖေမဟုတ်ဘူး သရဲလို့ပြောနေလို့ ဒေါသဖြစ်နေတာ”
ဦးသံချောင်းထိုသို့ပြောလိုက်တော့ဒေါ်ဘုတ်ဆုံက
“ငတူးရယ် မင်းအဖေသရဲမဟုတ်ဘူးဆိုတာအမေအသိဆုံးပါကွယ် လူအစစ်ပါ”
ဒေါ်ဘုတ်ဆုံကပါထိုသို့ဝင်ပြောလိုက်တော့ ငတူးတစ်ယောက်သူမြင်ခဲ့သည့် သရဲ၏မျက်နှာကိုပင်မေတေ့တေ့ဖြစ်သွားသည်။ထိုကြောင့်သူ သူ့အမေဒေါ်ဘုတ်ဆုံနားလည်အောင်ရှင်းပြလိုက်သည်
“မဟုတ်ဘူးအမေ ကျွန်တော်လမ်းမှာသရဲတွေ့ခဲလို့ အဖေ့ကိုသရဲလို့ပြောတာ”
ငတူးထိုသို့ပြောလိုက်မှဦးသံချောင်းပို၍စိတ်တိုသွားသည် ဒါ့ကြောင့်
“ဘာကွ မင်းကလမ်းမှာသရဲတွေ့ခဲ့တာနဲ့များ ငါ့ကိုသရဲလို့ခေါ်ရအောင် ငါ့ရုပ်ကမင်းတွေ့ခဲ့တဲ့သရဲနဲ့များတော်တော် တူနေလို့လား”
ဦးသံချောင်းထိုသို့ပြောလိုက်တော့ ငတူးသူ့အဖေမျက်နှာကိုသေချာစိုက်ကြည့်နေသည် ထိုအခါ ဦးသံချောင်းမနေတတ်တော့ အိုးတို့အန်းတန်းဖြစ်ကာ သူစိတ်သူမလုံပဲသရဲနှင့်တူသည်ဟုအပြောခံရမှာစိုးရိမ်လာသည် ဒါ့ကြောင့် ငတူးကြည့်ပြီးအောင်မစောင့်တော့ပဲ ကြားဖြတ်မေးလိုက်သည်
“ဘယ့်နဲ့လဲငတူး မင်းအဖေရုပ်ကမင်းတွေ့ခဲ့တဲ့သရဲနဲ့များတူနေလို့လားကွာ”
ဦးသံချောင်း၏အသံသည်ဝမ်းနည်းသံပါနေသည် ထိုအသံကိုကြားပြီငတူးကလည်း
“မတူပါဘူးအဖေ”
ထိုစကားကိုကြားတော့ဦးသံချောင်းတစ်ေယာက်ဝမ်းသာသွာသည် ထို့ကြောင့် အပေါက်ဝတွင်ပိတ်ရပ်ထားသော ခန္ဓာကိုယ်ကိုအနည်းငယ်ရွေ့ပေးလိုက်ရင်း
“လာ သားအိမ်ပေါ်တက်ခဲ့”
ထိုအခါငတူးက
“ဒါပေမဲ့ခပ်ဆင်ဆင်ပဲဗျာ့”
ငတူးထိုသို့ဆက်ပြောလိုက်တော့ ဦးသံချောင်းဖွင့်ထားသောတခါးကိုဒိုင်းကနဲပြန်ပိတ်ကာ
“ခွေးမသား မင်ဒီညအိမ်ပေါ်မတက်ခဲ့နဲ့ ငါ့ကိုများသရဲနဲ့ ရုပ်ချင်းဆင်တယ်လေးဘာလေးနဲ့ မင်းအိမ်ပေါ်တက်ခဲ့လို့ကတော့သေပြီသာမှတ်”
ဦးသံချောင်းထိုသို့ပြောပြီး အထဲမှနေ၍တခါးချက်ကိုချောက်ကနဲနေအောင်ချလိုက်သည်။ထိုအခါငတူးလည်းသရဲကြောက်ရသည့်အထဲအပြောမတတ်၍အိမ်ပေါ်တက်ခွင့်မရတော့ ဒါ့ကြောင့်သရဲမလာနိုင်ဘူးထင်သည့်စပါးပုတ်ထဲသို့ဝင်၍ပုဆိုးခြုံကာကွေးလိုက်ရတော့သည်။
(၂)
ထိုသို့ဖြင့် နောက်နေ့မနက်ရောက်တော့ ငတူးသည်
သူညကသရဲမနှင့်တွေ့ခဲ့သည့်အကြောင်းကို ရွာထဲ၌လျှောက်ပြောလိုက်သည်။
သို့သော်ငတူးလိုအမူးသမားတစ်ေယာက်၏စကားကိုမည်သူမျှမယုံကြ ငတူးအရက်ကြောင် ကြောင်ပြီးပြောနေခြင်းသာဖြစ်သည်ထင်မှတ်လိုက်ကြသည်။
ငတူးကတော့ ဘယ်သူယုံယုံမယုံယုံ ကိုယ်တိုင်ကြုံခဲ့သူဖြစ်၍ တစ်နေ့လုံးအရက်မသောက် အိပ်အောက်သို့ပင်မဆင်းတော့ပဲမိုးချုပ်သည်နှင့်အိမ်ပေါ်တက်၍တခါးပိတ်ကာအိပ်နေလိုက်တော့သည်။
သူထိုသို့စောစောတခါးပိတ်ပြီးအိပ်နေတုန်း ရွာထဲမှပြန်လာသည့် သူ့အဖေဦးသံချောင်းတခါးဖွင့်ခိုင်းတာကို တခါးကြားမှချောင်းကြည့်ပြီး အဖေမှန်းသရဲမှန်းမခွဲတတ်၍ တော်တော်နှင့်တခါးဖွင့်မပေး ဦးသံချောင်း သံဗုဒ္ဓေရွတ်ပြလိုက်မှသာ တခါးကိုဖွင့်ပေးလိုက်သည်။ဦးသံချောင်းလည်းသူ့သားငတူးအရက်ကြောင် ကြောင်နေခြင်းဖြစ်သည်ဟုထင်ကာ ဘာမှပြန်ပြောမနေတော့
ထိုသို့ဖြင့် တဖြည်းဖြည်းညည့်နက်လာရာသန်းခေါင်ကြက်များပင်တွန်ပြီဖြစ်သည်
ထိုအချိန် သလဲကုန်းရွာ ရွာလည်လမ်းတစ်လျှောက်ခွေးများရုတ်တရက်စူးစူးဝါးဝါးထဟောင်ကြသည်
ထို့နောက် ရွာတောင်ဘက်လမ်းအတိုင်းနောက်မှလိုက်၍ဟောင်သွားကြပြန်သည် ထိုခွေးဟောင်သံများကြောင့် အိပ်နေသူများရုတ်တရက်နိုးလာကြပြီးဓာတ်မီးဖြင့်ထိုးကြည့်ကြသည်
ထိုအချိန် ဦးသံချောင်းလည်း ခွေးဟောင်သံများကြားပြီး ရုတ်တရက်နိုးလာသည် သူအိမ်အောက်သို့ဆင်းကာ လက်နှိပ်ဓာတ်မီးဖြင့် အိမ်ဝိုင်းအနှံ့လိုက်ထိုးကြည့်လိုက်သည်
ထို့နောက် အိမ်ပေါ်၌အိပ်နေသောသူ့သားငတူးကို နှိုး၍အိမ်အောက်သို့ဆင်းခဲ့ရန်ေခါ်သည်
“ငတူး ဟေ့ကောင်ငတူး ထစမ်း ခွေးတွေဒီလောက်ဟောင်နေတာ အိမ်အောက်ကလေးဘာလေး ဆင်းကြည့်ပါဦးလားကွ တော်ကြာသူခိုးသူဝှက်တွေဖြစ်နေရင်ပြီးရော”
ထိုအခါငတူးကအိပ်ရာထဲမှနေပြီး
“ဘာသူခိုးမှ မဟုတ်ဘူးအဖေ အဲ့ဒါကျုပ်တွေ့ခဲ့တဲ့သရဲမ ရွာထဲလမ်းလျှောက်နေတာဖြစ်မယ် မယုံရင်အဖေနောက်ကလိုက်ကြည့်လိုက်”
ငတူးထိုသို့ပြောလိုက်တော့ဦသံချောင်းကအိမ်အောက်မှနေပြီး
“မင်းမဟုတ်ကဟုတ်ကတွေလျှောက်ပြောမနေနဲ့ တော်ကြာရွာထဲကလူတွေမင်းပြောတာအဟုတ်ထင်ပြီး တစ်ရွာလုံးထိတ်လန့်နေဦးမယ်”
ထိုအခါငတူးကအိပ်ယာထဲမှနေပြီးပြန်ေပြာလိုက်ပြန်သည်
“ကျုပ်မနက်ခင်းကတည်းက တစ်ရွာလုံးကိုပတ်ပြောပြီးပြီဗျ ကျုပ်ပြောတာကိုတစ်ယောက်မှမယုံကြဘူး”
ထိုအခါဦးသံချောင်းကအိမ်အောက်မှနေ၍ပြန်ပြောလိုက်ပြန်သည်
“မင်းလိုအမူးသမားပြောတာကို ရွာထည်းကလူတွေမပြောနဲ့ ငါတောင်မယုံဘူး”
ထိုအခါငတူးက
“အဖေမယုံလည်းမတတ်နိုင်ဘူးဗျာ ကျုပ်ကတော့ကျုပ်တွေ့ခဲ့အတိုင်းပြောတာ ဒါကိုမှမယုံရင်ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ”
ထိုသို့ ငတူးနဲ့ဦးသံချောင်းတို့သားအဖနှစ်ေယာက်တစ်ေယာက်တခွန်းပြောဆိုနေခိုက် ရွာနောက်ပိုင်းမှနေပြီး ရွာလည်လမ်းအတိုင်း သူခိုးသူခိုးဟုအော်ကာပြေးလာနေေသာအသံများကိုကြားလိုက်ရသည်။ထိုအခါဦးသံချောင်းက
“ဟေ့ကောင်ငတူး မင်းကသာသရဲလုပ်နေ ဟိုမှာသူခိုးတွေ့လို့လိုက်လာနေကြပြီကွ အောက်မြန်မြန်ဆင်းခဲ့စမ်းကွာ တော်ကြာဒီဘက်ရောက်လာရင် ဖမ်းသင့်ဖမ်းရအောင်လို့”
ဦးသံချောင်းထိုသို့ပြောလိုက်တော့ငတူးကအိပ်ယာထဲမှမထပဲ
“အဖေ့ဘာသာအဖေဖမ်းဗျာ ကျုပ်ကတော့မဖမ်းရဲဘူး
တော်ကြာမနေ့ညတုန်းကလို မျက်နှာပြောင်ချောကြီးနဲ့ရယ်ပြနေရင် ဘယ်လိုလုပ်မတုန်း”
ငတူးထိုသို့ပြောလိုက်တော့ဦးသံချောင်းကစိတ်တိုတိုဖြင့်
“ခွေးမသား အိပ်ယာကထရမှာပျင်းတိုင်း တောပြောတောင်ပြောလျှောက်ပြောနေတာ မင်းနဲ့ငါနဲ့တော့ကြာရင်မလွယ်ပါဘူးကွာ”
ဦးသံချောင်းထိုသို့ပြောဆိုပြီး အိမ်ဝိုင်းထဲမှထွက်၍ ရွာလည်လမ်းအတိုင်း အနောက်ဘက်သို့လျှောက်လာခဲ့လိုက်သည်။
ထိုအခါရွာလူကြီးဦးသာရင်အိမ်ဝိုင်းရှေ့၌ စုရုံးစုရုံးဖြစ်နေကြသောလူအုပ်ကိုမြင်လိုက်ရပြီး ထိုလူအုပ်ထဲသို့သွားကာ ရွာနောက်ပိုင်းမှာနေသည့်ကိုလှမောင်ကိုမေးလိုက်သည်။
“လှမောင် ဘယ်လိုဖြစ်တာတုန်းကွ”
“သူခိုးမြင်လိုက်လို့ နောက်ကလိုက်လာတာဗျ”
“ဟေဟုတ်လားကွ ဘယ်နားမှာမြင်လိုက်တာတုန်း”
“တွေ့တာကတော့ ရွာနောက်ပိုင်းမှာပဲဗျ ဒါပေမဲ့
နောက်ကလိုက်ရင်းလိုက်ရင်းနဲ့ဒီနားရောက်မှေပျာက်သွားတာ”
“ဟုတ်လားကွ ဒါဆိုသေချာရှာကြည့်ကြပါဦး တော်ကြာနောက်ထပ်အိမ်တွေဝင်ခိုးနေပါဦးမယ်”
ဦးသံချောင်းထိုသို့ပြောလိုက်တော့ကိုလှမောင်က
“ကျုပ်တို့လည်းသေခြာရှာကြည့်တာပဲဗျ ဒါပေမဲ့
ဘယ်လိုမှရှာမရဘူး”
“ဟုတ်လား ဒါနဲ့မင်းတို့တွေခဲ့တဲ့သူခိုးကဘယ်လိုပုံစံတုန်းကွ ဘယ်သူ့အိမ်ကိုဝင်ခိုးတာတုန်း”
“အဲ့ဒါတော့ကျုပ်လည်းမသိဘူးဗျ ကျုပ်တို့ထွက်လာတော့လမ်းပေါ်မှာသွားေနတာတွေ့လိုက်တာပဲ နောက်ကကြည့်ရတာတော့ ဆံပင်ရှည်ရှည်နဲ့မိန်းမတစ်ယောက်ပုံစံဗျ”
“ဟေ ဒါဆိုမင်းတို့တွေ့ခဲ့တာ သူခိုးမဟုတ်ပဲရွာထဲကမိန်းမတစ်ယောက်ယောက်လမ်းလျှောက်နေတာမဖြစ်နိုင်ဘူးလား”
ဦးသံချောင်းထို့သို့ပြောလိုက်တော့ကိုလှမောင်က
“ဘယ့်နဲကိုသံချောင်းကလည်း ဒီအချိန်ကြီးမိန်းမတစ်ယောက်ရွာထည်းလမ်းလျှောက်ရတယ်လို့ မဖြစ်နိုင်တာ”
ကိုလှမောင်ပြောသည်မှာလည်းမှန်သည် သည်လိုညသန်းခေါင်ကျော်အချိန်ကြီး ဘယ်မိန်မမှရွာထဲလမ်းဆင်းလျှောက်မည်မဟုတ် ဒါပေမဲ့ ဦးသံချောင်းကိုလှမောင်ကိုဆက်မေးလိုက်သည်
“ဒါနဲ့ မင်းတို့နောက်ကလိုက်လာတော့ သူခိုးကရွာအပြင်ထွက်မပြေးဘူးလားကွ”
ဦးသံချောင်းထိုသို့မေးလိုက်တော့ ကိုလှမောင်နဲနဲစဉ်းစားသွားသည် သူတို့သည်သူခိုးကိုရွာလည်လမ်းအတိုင်းလိုက်လာသည်မဟုတ် ရွာတောင်ဘက်လမ်းမှနေပြီးရွာလည်လမ်းကိုဖြတ်သောလမ်းပေါ်၌မြင်၍လိုက်ခဲ့ခြင်းဖြစ်သည်
သို့သော်ထိုသူခိုးသည်သူတို့နောက်ကလိုက်တာကိုသိတော့ရွာလည်လမ်းအတိုင်းရွ့ာအပြင်ကိုထွက်မပြေးပဲ ရွာထည်းသို့ပြန်ဝင်ခဲ့ခြင်းဖြစ်သည်
ထို့အပြင်ကိုလှမောင်နောက်ကလိုက်ရင်းမြင်လိုက်ရသည့်ထိုသူခိုး၏ပြေးပုံမှာလည်းထူးဆန်းေနသည်
လူတစ်ယောက်ပြေးသည်နှင့်မတူပဲ လေထဲမှာမျောနေသည်ဟုထင်ရသည်
ကိုလှမောင်ေသချာစဥ်းစားကြည့်လိုက်ပြီး သူခိုးကိုဆက်မရှာတော့ပဲ သူနှင့်အတူလိုက်လာသူများကိုခေါ်၍အိမ်သို့ပြန်သွားတော့သည်
ထို့ေနာက်သည်အနီးအနားပတ်ဝန်ကျင်အိမ်မှလူများသည်လည်း သူခိုးကိုရှာမတွေ့၍အိမ်ပေါ်သို့ပြန်တက်သွားကြေတာ့သည်။
ထိုအခါဦးသံချောင်းလည်းသူ့အိမ်သို့ပြန်ခဲ့လိုက်တော့သည်။ ဦးသံချောင်းအိမ်ပြန်ရောက်တော့ ငတူးကသူ့ကိုမေးလိုက်သည်
“အဖေသူခိုးတွေ့လိုက်လားဗျ”
ငတူးထိုသို့မေးလိုက်တော့ဦးသံချောင်းက
“သူခိုးကိုတော့တွေ့လိုက်တယ်တဲ့ကွ ဒါပေမဲ့ဖမ်းလို့တော့မမိလိုက်ဘူး”
ထိုအခါငတူးကဆက်ပြီးပြောလိုက်သည်
“ဖမ်းလို့မိမလားဗျ အဲ့ဒါသူခိုးမှမဟုတ်တာ သရဲပါဆို
ကျုပ်တို့ရွာထဲသူခိုးဘယ်နှခါဝင်ဘူးလို့တုန်း”
ငတူးပြောသည်မှာလည်းမှန်သည့် မိမိသက်တန်းတလျှောက် ဤရွာသို့သူခိုးဝင်သည်ဟုတစ်ခါမှမကြားဘူး
အခုမှထူးထူးခြားခြားဖြစ်နေ၍ ငတူးပြောသည့်သရဲများဖြစ်နေမလားဟုတွေးမိလိုက်ပြန်သည့် ထို့ကြောင့်ငတူးကို သရဲဘယ်နေရာမှာတွေ့ခဲ့သည်ဆိုတာကိုမေးကြည့်လိုက်သည်
“ငတူး မင်းသရဲကိုဘယ်နားမှာတွေ့ခဲ့တာတုံးကွ”
ဦးသံချောင်းထိုသို့မေးလိုက်တော့ငတူးကသေချာစဉ်းစားပြီ
“အင်း ကျုပ်တွေ့ခဲ့တာ ရွာလူကြီးဦးသာရင် အိမ်ဝိုင်းထောင့်ကသရက်ပင်နားမှာဗျ”
ငတူးထိုသို့ပြောလိုက်တော့ ဦးသံချောင်းတွေဝေသွားသည် ယခုသူခိုးပျောက်သွားသည်မှာလည်းထိုနေရာပင်ဖြစ်သည် ထို့ကြောင့်ဦးသံချောင်းတစ်ယောက်ထိုသရက်ပင်တွင်သရဲများရှိနေမလားဟုထင်လိုက်မိသည်။
ဦးသံချောင်းထိုသို့တွေဝေနေတာမြင်တော့သူ့သားငတူးကပြောလိုက်ပြန်သည်
“အဖေညည အဲ့ဒီသရက်ပင်နားကိုတစ်ယောက်တည်းမသွားနဲ့ဗျ”
“ဘာဖြစ်လို့တုန်းကွ”
“တော်ကြာသရက်ပင်ပေါ်ကသရဲမ အောက်ဆင်းလာပြီး
အဖေ့ကိုဂုတ်ချိုးသတ်နေမဆိုးလို့”
ငတူးထိုသို့ပြောလိုက်တော့ ဦးသံချောင်းကဒေါသဖြစ်သွားပြီး
“ဘာကွ ငါ့ကသရဲမဂုတ်ချိုးသတ်တာခံရအောင် မင်းလိုသရဲကြောက်တဲ့ကောင်များမှတ်နေလားကွ”
ဦးသံချောင်းထိုသို့ပြောလိုက်တော့ငတူးကအိပ်ယာမှမထပဲပြန်ပြောလိုက်ပြန်သည်
“အေးလေဗျာ အဖေသရဲမကြောက်ရင်ပြီးတာပဲ တော်ကြာကျုပ်က အမေမုဆိုးမဖြစ်ကျန်ခဲ့မှာဆိုးလို့ပြောတာ”
“ဒီခွေးကောင်တော့ကွာ မဦးမချွတ်”
ဦးသံချောင်းထိုသို့ပြောပြီး အိပ်နေသောငတူးကိုခြေထောက်ဖြင့်ကန်မည်အလုပ် ဒေါ်ဘုတ်ဆုံနိုးလာပြီး
သူတို့ကိုပြောလိုက်သည်
“တော်တို့ကလည်း တွေ့တာနဲ့ဆူညံဆူညံဖြစ်တာပဲ ကောင်းကောင်းကိုမအိပ်ရဘူး တခါတည်း ခွေး”
ဒေါ်ဘုတ်ဆုံထိုမျှနှင့်ရပ်သွားသည် ဦးသံချောင်းပါနေ၍ခွေးတွေမျောက်တွေကြနေတာပဲဟူသောစကားကိုဆက်မပြောပဲရပ်နေလိုက်သည်။ဒါကိုသိသောဦးသံချောင်းက
“ဘာလဲ နင်ငါ့ကိုခွေးတွေမျောက်တွေကြနေတာပဲလို့ပြောမလို့မဟုတ်လား”
ဦးသံချောင်းထိုသို့မေးလိုက်တော့ဒေါ်ဘုတ်ဆုံကပြာပြာသလဲဖြစ်ကာ
“မဟုတ်ပါဘူးေတာ် တော်ကလည်း ကျုပ်ကခွေးတွေဘာတွေဟောင်ရင်အောက်ဆင်းကြည့်ဖို့ပြောတာ”
ဒေါ်ဘုတ်ဆုံထိုသို့ပြောလိုက်တော့ အခုမှရွာထဲသူခိုးဝင်၍သွားကြည့်ရာမှပြန်လာသောဦးသံချောင် ေဒါ်ဘုတ်ဆုံကိုမျက်စောင်းထိုးကြည့်လိုက်သည် ထိုအခါေဒါ်ဘုတ်ဆုံကဦးသံေချာင်းသူ့ကိုမျက်စောင်းထိုးကြည့်နေတာမြင်ပြီး
“ကဲကဲ စောစောအိပ်ကြတော့ တော်ကြညည့်နက်နေရင်မေကာင်းဘူ အိပ်ရေးပြက်နေလိမ့်မယ် ကျုပ်ကတော့စောစောအိပ်မှအိပ်ရေးဝတာ”
ဒါ်ဘုတ်ဆုံထိုသို့ပြောပြီးအိပ်ယာထဲပြန်ဝင်သွားသည်
ထိုအခါဦးသံချောင်းက
“ဒီမိန်းမကွာ အခုမှရှစ်နာရီကိုးနာရီပဲရှိေသးတယ်များမှတ်နေလားမသိဘူး”
ထိုသို့ပြောပြီးပြန်မအိပ်တော့ပဲမီးဖိုထဲသွားပြီးရေနွေးကျိုနေလိုက်သည်။
(၃)
ထိုသို့ဖြင့် နောက်နေ့မနက်သို့ရောက်တော့ ညကရွာထဲသူခိုးဝင်သည့်အကြောင်းကို တစ်ရွာလုံးအုပ်အော်သောင်းနင်းပြောဆိုနေကြသည်
အထူးသဖြင့်ရွာနောက်ပိုင်းရှိ ကိုလှမောင်၏အရက်ဆိုင်တွင်အဆိုးဆုံးဖြစ်သည် ထိုအရက်ဆိုင်တွင်ညကသူခိုးနောက်လိုက်ခဲ့ကြသူများလည်းရောက်ရှိနေပြီး မိမိတို့ထင်ရာမြင်ရာကိုတစ်ယောက်တစ်ခွန်းပြောဆိုနေကြသည်။
“မဟုတ်ဘူကွလှသောင်း မင်းစဉ်းစားကြည့်စမ်း
တကယ်လို့ညတုန်းေတွ့ခဲတာသူခိုးဆိုရင် ဦးသံချောင်းေပြာသလို ရွာအပြင်ကိုထွက်ပြေးမှာပေါ့ အခုဟာကရွာထဲကိုပြန်ဝင်လာတယ်ဆိုတော့စဉ်းစားစရာပဲကွ”
ကိုလှမောင်ထိုသို့ပြောလိုက်တော့ သူနှင့်အတူထိုင်နေသောကိုလှသောင်းကသူ့ကိုပြန်ပြောလိုက်သည်
“ဒါဆိုရင် မင်းကဘယ်လိုထင်လို့တုန်း သူခိုးမဟုတ်ပဲတခြားတစ်ယောက်ယောက်ဖြစ်မယ်ထင်လို့လား”
ထိုအခါကိုလှမောင်က
“အေးကွ ငါအဲ့ဒါကိုစဉ်းစားနေတာ ငတူးပြောသလိုသရဲတစ္ဆေများဖြစ်နေမလားလို့”
ကိုလှမောင်ထိုသို့ပြောလိုက်တော့ သူတို့ဘေးတွင်ထိုင်နေသည့် ကပ်ကြီးကိုထွန်းညိုကဝင်ပြောလိုက်သည်
“မဖြစ်နိုင်ဘူး လှမောင် မင်တို့ညတုန်းကတွေ့ခဲ့တာ သရဲတစ္ဆေဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်းဘူး”
သူထိုသို့ပြောလိုက်တော့ ကိုလှမောင်ကပြန်မေးလိုက်သည်
“ဒါဖြင့် မင်းကဘယ်လိုထင်လို့တုန်းေပြာစမ်းပါဦးကွ”
ထိုအခါကပ်ကြီးထွန်းညိုက
“ဒီမယ်လှမောင် တစ္ဆေသရဲဆိုတာရွာထဲရပ်ထဲမှာမနေဘူးကွ ဘုရားဟောထားတာတောင်ရှိသေးတယ် အာသေဝနာစဗာလာနံ ဆိုတဲ့”
ကိုထွန်းညိုသူ့စကားမှားသွား၍ခဏရပ်လိုက်သည်ထိုအခါကိုလှေမာင်ကသူကိုပြောလိုက်သည်
“ဟကောင်ထွန်းညို မင်းပြောတဲ့ အာသေဝနာစဗာလာနံဆိုတာ လူမိုက်နဲ့မပေါင်းအပ်တာကိုပြောတာကွ အခုဟာကသရဲတစ္ဆေအကြောင်းပြောနေတာ ဘာမှမဆိုင်ဘူး”
ကိုလှမောင်ထိုသို့ပြောလိုက်တော့ကိုလှသောင်းကပါဝင်ပြောလိုက်သည်
“ဟုတ်တယ်လေကွာ မင်းပြောသလိုဆို တစ္ဆေသရဲတွေကပဲ ရွာထဲကလူတွေနဲ့မပေါင်းအပ်လို့ ရွာ့အပြင်ပဲထွက်နေသလိုလိုဖြစ်နေပြီ”
ထိုအခါကပ်ကြီးထွန်းညိုကကပ်ကြီးဘွဲ့ကိုရထားသည့်အတိုင်း
“ငါပြောတာကအဲ့ဒီလိုမဟုတ်ဘူးကွ ငါဆိုလိုတာက မင်းတို့ငတူးလိုလူမိုက်တစ်ယောက်ရဲ့စကားကိုယုံပြီး
ထင်ရောင်ထင်မှားဖြစ်နေတာကိုပြောတာ”
ထိုအခါကိုလှမောင်ကပြန်မေးလိုက်သည်
“ငတူးကိုလူမိုက်လို့ မင်းကိုဘယ်သူကများပြောလိုက်တာတုန်းဟ”
ထိုအခါကိုထွန်းညိုခဏစဉ်းစားလိုပြီး
“အိုကွာအရက်သောက်နေမှတော့လူမိုက်ပေါ့ကွ”
“ဒါဆို မင်းရောအရက်မသောက်ဘူးလား”
ကိုလှမောင်ထိုသို့မေးလိုက်တော့ပါးစပ်နားရောက်ခါနီးနေသည့်အရက်ခွက်ကိုပြန်ချရင်းကိုထွန်းညိုပြောလိုက်သည်
“ငါတို့သောက်တယ်ဆိုတာ ဆေးဖြစ်ဝါးဖြစ်သောက်တာကွ အလွန်အကျွံကြီးမဟုတ်ဘူး”
ထိုအခါကိုလှမောင်ဆက်မေးလိုက်သည်
“ဒါဆိုမင်း ငတူးပြောတဲ့သရဲဆိုတာကိုမယုံဘူးပေါ့”
ထိုအခါကပ်ကြီးထွန်းညိုကမဆိုင်းမတွပင်ပြန်ပြောလိုက်သည်
“မယုံဘူးကွာ”
“ဒါဆိုမင်း ဒီနေ့ညခွေးဟောင်သံတွေကြားရင်တစ်ယောက်တည်းအပြင်ထွက်ကြည့်ရဲလား”
ကိုလှမောင်ထိုသို့မေးလိုက်တော့ ကိုထွန်းညိုခဏစဉ်းစားလိုက်ပြီး
“ကြည့်ရဲတယ်ကွာ ခွေးဟောင်သံကြားလို့အပြင်ထွက်ကြည့်တာပဲ ဘာကြောက်စရာမှတ်လို့”
“အေးဒါဆိုငါဒီနေ့ညခွေးဟောင်သံတွေကြားရင်ရွာသားတွေကို အောက်မဆင်းခဲ့ကြဖို့မှာထားလိုက်မယ်
မင်းတစ်ယောက်ထဲသူခိုးလားသရဲလားဆိုတာ ရွာထဲလျှောက်ကြည့်ပေတော့”
ကိုလှမောင်ထိုသို့ပြောလိုက်တော့ကိုထွန်းညိုက
“ရတယ်လေကွာ ဒါပေမဲ့ဒီအတိုင်းတော့မဖြစ်ဘူး
မင်းတို့ငါ့ကိုတစ်ခုခုပေးမှရမယ် အလကားတော့အပင်ပန်းမခံနိုင်ဘူးကွာ”
ထိုအခါကိုလှမောင်က
“အေးမင်းအဲ့လိုသာကြည့်ရဲလို့ရှိရင် နောက်နေ့မင်းကိုငါ အရက်တစ်လုံးနဲ့ကြက်တစ်ကောင်ပေးမယ်ကွာ ဘယ်လိုလဲ”
“ရတယ်လှမောင် ဒါပေမဲ့ ငါရွာထဲလျှောက်ကြည့်မကြည့်ဆိုတာမင်းတို့ဘယ်လိုသိနိုင်မှာလဲဟ”
“အဲ့ဒီအတွက်တော့စိတ်မပူနဲ့ ငါတို့လဲအိမ်အောက်မဆင်းဘူးဆိုပေမဲ့ အိမ်ပေါ်ကတော့ကြည့်နေမှာပါ တကယ်လို့မင်းရွာထဲလိုက်ကြည့်တာမမြင်ရင်တော့ နှစ်ဆပြန်လျှော်ရမယ် သဘောတူလား”
ထိုအခါကိုထွန်းညိုက
“စိတ်ချ လှမောင် ကိုယ့်ရွာထဲကိုလမ်းလျှောက်တာနဲ့ ကြက်တစ်ကောင်နဲ့အရက်တစ်လုံးရမှာ ဘယ်သူမလျှောက်ပဲနေမှာလည်းကွာ ဟားဟား ထွန်းညိုတို့ကတော့နေရင်းထိုင်ရင်းပွတာပဲဟေ့”
ထိုသို့ သူတို့နှစ်ယောက်အလောင်းအစားလုပ်နေကြသည်ကို ဘေးမှနေပြီးကြည့်နေသူများကလည်း ကိုလှေမာင်ဘက်မှေန၍ဝိုင်းပြီးသဘောတူလိုက်သည်
ထို့ကြောင့်ညရောက်လျှင်မည်သူမျှအိမ်အောက်သို့မဆင်းရန်ဆုံးဖြတ်လိုက်ကြသည်။
(၄)
ထိုသို့ဖြင့် ညရောက်လာတော့လည်းကိုထွန်းညိုတစ်ယောက် သူအိမ်၌ပင်ပုံမှန် အေးအေးဆေးဆေးနေနေတုန်းရှိသေးသည်
ဒီအချိန်ရွာထဲလျှောက်ကြည့်နေလည်း ဘာမှထူးခြားမည်မဟုတ်ခြေညောင်းတာသာအဖတ်တင်မည်
ထို့ကြောင့် ဒီအချိန်မသွားသေးပဲလူခြေတိတ်ချိန်လောက်မှရွာထဲသို့လျှောက်ကြည့်ရန်ဆုံးဖြတ်ထားသည်
သူမသွားလို့တော့မဖြစ် လှမောင်အရက်ဆိုင်၌မိမိနှင့်လှမောင် အလောင်းအစားလုပ်ပြောဆိုနေချိန်၌ ဘေးမှရပ်ကြည့်နေသူများထဲတွင် ေဘးအိမ်မှလူများလည်းပါဝင်သည် ထိုကြောင်သူသွားကိုသွားရမည်ဖြစ်သည်
ထိုသို့မဟုတ်ပါက မိမိသဘောတူထားသည့်အတိုင်း အရက်နှစ်လုံးနှင့်ကြက်နှစ်ကောင်ပြန်ပေးနေရမည်ဖြစ်သည်။
ကိုထွန်းညိုသည် မိမိသက်တန်းတလျှောက် ဤရွာထဲ၌သရဲတစ္ဆေဝင်သည်ဟူ၍တစ်ခါမှမကြားဘူးကြုံလည်းမကြုံဘူး
ထို့အပြင် ဤရွာသူရွာသားများဖြစ်ကြသည့်မနှင်းတို့ပင်လျှင်ရွာထဲကိုမဝင်နိုင်ကြ ဒါကိုကြည့်ပြီးကိုထွန်းညိုသည်ကိုလှမောင်တို့တွေ့လိုက်ရသည်မှာ တစ္ဆေသရဲမဟုတ်ပဲ သူခိုးသူဝှက်တစ်ယောက်သာဖြစ်မည်ဟုယုံကြည်ထားသည်။
သို့သော်ဤရွာထဲသို့သူခိုးသူဝှက်ဝင်တာကိုလည်းမကြုံဘူးသဖြင့်နည်းနည်းတော့စဉ်းစားရကြပ်နေသည်။
ထိုသို့ဖြင့် တဖြည်းဖြည်းလူခြေတိတ်ချိန်သို့ရောက်လာပြီဖြစ်သည် ထိုအခါကိုထွန်းညိုတစ်ယောက်အိမ်မှေနပြီးထွက်လာခဲ့လိုက်သည်
ထိုသို့ထွက်လာရင်းကိုထွန်းညိုတစ်ေယာက် လှမောင်တို့တတွေ မိမိကိုဘယ်အိမ်ပေါ်ကမျာချောင်းကြည့်နေမလဲဟုတွေးကာပြုံးပင်ပြုံးမိလိုက်သေးသည်
ထို့နောက်ရွာလည်လမ်းအတိုင်း အရှေ့မှအနောက်သို့လျှောက်လာသည် ထိုသို့သူလာရာလမ်းတလျှောက်ရှိလမ်းဘေးဝဲယာအိမ်များအားလုံးသည် တိတ်စိတ်ညိမ်သက်လျှက်ရှိသည်
ထိုသို့ဖြင့်ကိုထွန်းညိုတစ်ေယာက်ရွာလည်လမ်းအတိုင်း တဖြည်းဖြည်းလျှောက်လာရင်း သူခိုးပျောက်သွားသည်ဆိုသည့် ရွာလူကြီးဦးသာရင်၏သရက်ပင်နားသို့ရောက်လာသည်
ထိုနားေရာက်ေတာ့ထိုသရက်ပင်ကိုကြည့်ပြီး ကျောနည်းနည်းစိမ့်ချင်သလိုဖြစ်လာသည်
ဒါ့ကြောင့် လရောင်ဖြင့်လမ်းပေါ်သို့ထိုးကြနေသောထိုသရက်ပင်၏အရိပ်ေအာက်မှမလျှောက်ပဲ လရောင်လင်းနေသည့်နေရာမှခပ်သွက်သွက်လျှောက်ခဲ့လိုက်သည်
ထိုနေရာသို့ကျော်လာတော့ပုံမှန်အတိုင်းအေးအေးဆေးဆေးပင်ဆက်လျှောက်ခဲ့လိုက်သည်
ထို့နောက်ရွာလယ်လမ်းမှရွာတောက်ဘက်လမ်းသိုဆက်သွားလိုက်သည် ကိုထွန်းညိုထိုအချိန်ထိဘာသံမျှမကြားရ သူ့ကိုမြင်၍ထဟောင်သောလမ်းဘေးအိမ်မှခွေးတစ်ကောင်နှစ်ကောင်သာရှိသည် သို့သော်ကြာကြာမဟောင်ခဏတဖြုတ်ဟောင်ပြီးပြန်တိတ်သွားသည်။
ထိုသို့ဖြင့် ရွာတောင်ဘက်လမ်းအတိုင်း အရှေ့ဘက်သို့ခပ်မှန်မှန်လျှောက်လာသည် သူထိုသို့လျှောက်လာရင်း
ရွာလည်လမ်းရှိ ရွာလူကြီးဦးသာရင်၏အိမ်နားေလာက်မှခွေးဟောင်သံမျာကိုစတင်ကြားလိုက်ရသည်။
ထို့ကြောင့် ကိုထွန်းညို သူရောက်နေသည့် ရွာတောင်ဘက်လမ်းမှနေပြီးသေခြာရပ်၍နားထောင်ကြည့်လိုက်သည် ထိုခွေးဟောင်သံများသည်ရွာကြားလမ်းအတိုင်း သူရှိနေသည့်ရွာတောင်ဘက်လမ်းသို့တဖြည်းဖြည်းရောက်လာသည်ကိုကြားလိုက်ရသည်
ထို့ကြောင့်သူခွေးများေနာက်ဟောင်လာသည့်လမ်းေရှ့တည့်တည့်သို့ေရာက်ေအာင်အမြန်သွားလိုက်သည်
ထိုနောက်သူထိုလမ်းထဲသို့ချိုးဝင်ဖို့ပြင်လိုက်သည်
သူထိုသို့ချိုးဝင်မည်အလုပ် ထိုလမ်ထဲမှသူရှိရာဘက်သို့တရွေ့ရွေ့လာနေေသာလူတစ်ယောက်ကိုမြင်လိုက်ရသည်
ရွာထဲရှိခွေးများသည်ထိုလူ့နောက်သို့လိုက်ဟောင်နေကြခြင်းဖြစ်သည် ကိုထွန်းညိုတစ်ေယာက် သူ့ကိုကိုလှမောင်ထဲမှတစ်ယောက်ယောက်စနောက်နေခြင်းဖြစ်မည်ဟုတွေးထင်လိုက်မိသည်
ထိုကြောင့်သူရောက်နေသည့်အိမ်ဝိုင်းအပြင်ဘက်ထောင့်မှာနေပြီး သူဆီသို့လာနေသူကိုအမိဖမ်းရန်ပုန်းကွယ်ပြီးစောင့်နေလိုက်သည်။
ထိုသို့ဖြင့်သူ့ရှေ့တည့်တည့်မှလာနေသူသည်တဖြည်းဖြည်း သူနှင့်အိမ်ဝိုင်းတစ်ဝိုင်းကျော်ကျော်သို့ရောက်လာပြီဖြစ်သည်
ထိုနေရာသို့ရောက်လာတော့ ကိုထွန်းညိုထိုသူလာနေသည့်ပုံကိုသတိထားမိလိုက်သည် ထိုသူသည်လမ်းလျှောက်၍လာနေခြင်းမဟုတ်ပဲ တရွေ့ရွေ့မျောပါလာနေခြင်းဖြစ်သည်
ထိုအခါ ကိုထွန်းညိုတစ်ယောက်စိုးရိမ်စပြုလာသည် ထို့ကြောင့် သူဝိုင်းထောင့်ရှိခြုံပုတ်ပုလေးနှင့်ကွယ်ကာထိုသူ၏မျက်နှာကိုသေချာကြည့်လိုက်မိသည်
ထိုအခါသူနှင့်အိမ်ဝိုင်းတချမ်းစာအကွာေရာက်လာေသာထိုသူ၏မျက်နှာသည် ဘာမျှမပါပဲပြောင်ချောကြီးဖြစ်နေတာကိုတွေ့လိုက်ရသည်
ကိုထွန်းညိုတစ်ယောက်ထိုလူ၏မျက်နှာကြီးကိုမြင်လိုက်ပြီးအသံပင်မထွက်ရဲတော့ သူရောက်နေသည့်အိမ်ဝိုင်းထဲမှလူများကိုလှမ်းခေါ်ဖို့စဉ်းစားမိသေးေသာ်လည်း သူရှိရာဘက်သိုလာနေသောထိုမျက်နှာေပြာင်ကြီးနှင့်လူကြားသွားမှာစိုးရိမ်ေနသည်
ဒါကြောင့်သူအသံမထွက်ရဲပဲ ထိုမျက်နှာေပြာင်ကြီးသူ့ကိုမမြင်အောင်ပုန်းကွယ်နေသည် ထိုသို့သူအသံမထွက်အောင်ပါးစပ်ပိတ်ထားကာမှ လည်ချောင်းထဲမှတအစ်အစ်မည်နေသေးသည် ကိုထွန်းညိုတဖြည်းဖြည်းမျက်ရည်များပင်ဝဲချင်လာသလိုလိုဖြစ်လာသည်
သူထိုသို့ဖြစ်နေခိုက် မလှုပ်မယှက်တရွေ့ရွေ့လာနေသူသည် သူပုန်းနေသည့်ဝိုင်းထောင့်သို့ရောက်လာပြီဖြစ်သည်
ထိုအခါ ကိုထွန်းညိုတစ်ေယာက် မလုံမလဲခြုံပုတ်ပုလေးဘေးတွင် ကိုလုံးကိုပုထားရင်း ငှက်ဖျားတက်နေသည့်လူတစ်ယောက်လိုတဟင်းဟင်းညည်းပြီးတဆတ်ဆတ်တုန်နေသည် ထလဲမပြေးရဲတော့ ထိုမျက်ပြောင်သရဲ သူ့ကိုမြင်သွားမှာကြောက်နေသည်
ထိုသရဲမ သူ့ထံမှတဟီးဟီးညည်းသံကိုကြားသွား၍ထင်သည် ထိုနေရာ၌ရပ်လိုက်သည်
ကိုထွန်းညိုသူ၏မျက်လုံးကိုမရဲတရဲလှန်ကြည့်လိုက်သည် ထိုသရဲမသည်သူနှင့်ဘေးတစ်စောင်းရပ်နေ၍မျက်နှာကိုသေချာမမြင်ရ
ကိုထွန်းညိုထိုသရဲမကိုရဲရဲမကြည့်ရဲ သူ၏မျက်လုံးကိုအောက်စိုက်လိုက်အထက်လှန်ကြည့်လိုက်ဖြင့်လေးငါးကြိမ်လောက်လုပ်နေမိသည်
သူထိုသို့လုပ်နေခိုက်ထိုသရဲမသည်သူ၏ေခါင်းကိုတဖြည်းဖြည်းလှည့်၍ကိုထွန်းညိုကိုကြည့်လိုက်သည်
ထိုသို့သူ့ကိုကြည့်လိုက်ေသာ သရဲမ၏ေပြာင်ေချာမျက်နှာကြီးကို အနီးကပ်မြင်လိုက်ရပြီး ကိုထွန်းညိုတယောက် သူ၏ပိတ်ထားသောပါးစပ်သည်အလိုလိုပွင့်သွားကာ အမလေးသရဲမကြီးလုပ်ကြပါဦးဗျ ဆိုသည့်အော်သံနှင့်အတူဝပ်နေရာမှခုန်ထပြီးနောက်သို့တကြိုးတည်းလှည့်၍ပြေးေလတော့သည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။
Leave a Reply