ဆံပင်ဆွဲပြီး နပမ်းပြန်လုံးသည်။ ” ကောင်မ လူပါးဝလို့ ကဲဟယ် …ကဲဟယ် ဖြန်းးးးးဖြန်းးးးးဖြန်းးးးး ” ” သူခိုးမ ကဲဟာ ကဲဟာ အင့်အင့် ” ဘေးပတ်ဝန်းကျင်မှ အိမ်နီးချင်းများ ထွက်ပြီးဆွဲမှ ရန်ပွဲကငြိမ်သွားလေသည်။ မယ်မြက မတ်တပ်ရပ်နေရာမှ မတုန်မလှုပ်ပဲ မီးတောက်တော့မည့်မျက်ဝန်းနဲ့ ဒေါ်တုတ်ကိုကြည့်နေလေသည်။ ဒေါ်တုတ်က ” ငါ့ကြက်ကိုခိုးတဲ့ သူခိုးသားအမိ သွေးပွက်ပွက်အန်သေပါစေ ….လည်ပင်းကြက်ရိုးစူးပြီးသေပါစေ ” ဒေါ်တုတ်လည်း ထိုသို့ကျိန်ပြီး ပြန်သွားလေသည်။ ” အဲ့ကောင်မကို သေစေချင်တယ် ဆရာကြီး ” ” ...

လာသည်။   ထိုအခါ သူကြီးအိမ်ရှေ့တွင် လူစုပြီး ကျား ပြဿနာကို တိုင်ပင်ကြသည်။ ဤကျားဆိုးကို ရှင်းလင်း သုတ်သင်ပစ်ရန် ရွာမုဆိုးတွေနှင့် ညှိနှိုင်းကြသည်။   ခက်နေသည်မှာ ဤကျားဆိုးသည် နွားတွေကို တစ်နေ့ တစ်ကောင်ကျ ကိုက်နေသော်လည်း အသားကိုမစားဘဲ သွေးသောက်ရုံသာ သောက်သွားသော ကျားဖြစ်သဖြင့် မုဆိုးများက နွားသေနှင့် ကိုင်းထောင်ဖမ်း၍ မရဟု ဆိုသည်။   မုဆိုးများ ပြောသည်မှာလည်း အမှန်ပင် ဖြစ်သည်။   နွားသေနှင့် ထောင်ထားသော ကိုင်းထဲက နွားသေကိုလာမစားသော ကျားကို ...

သိပ်မကြာခင်ပဲရတတ်ပါတယ် ။ ဒီပါမှာ မျှစ်များကိုဟိုတစ်ချောင်းဒီတစ်ချောင်းဓားဖြင့်လိုက်ခုတ်ပြီးချိုးလာရင်းဖြင့်ဝါးပင်များ ခပ်စိတ်စိတ်ပေါက်နေသောနေရာတစ်ခုကိုရောက်လာခဲ့ပါတော့တယ် ။ မျှစ်များကလည်းထိုနေရာတွင် ဟိုတစ်ချောင်းဒီတစ်ချောင်းဖြင့်အတော်များများရှိနေပါတယ်။ …ဒုတ်… ….ဟာ…သွေး..သွေးတွေ….. ဒီပါတစ်ယောက်ထိုဝါးတောမှာမျှစ်တစ်ချောင်းကို မြေကြီးနဲ့ကပ်၍ခုတ်လိုက်ရာ ဓားကအသားတုံးတစ်ခုကိုခုတ်မိသလိုဖြစ်ပြီးသွေးများကငေါက်ကနဲပန်းထွက်လာတာကြောင့် အံ့သြမူကြောင့် ခနမျမှင်သက်သွားမိပါတယ်…. ။ ..ဝေါ…ဖျော…ဖျော….ဖျောက်….ဖျောက်….ဖျောက်… …ဟင်…မြွေ..မြွေကြီး…… ဒီပါရပ်နေရာမြေကြီးမှာရွေ့လျားသွားမူကြောင့်ဒီပါမှာကြောက်လန့်တကြားနောက်သို့ခုန်ဆုတ်လိုက်မိပါတယ် ။ ဝါးရွက်များမြေစေးများခပ်ပါးပါးဖုန်းအုပ်နေတဲ့ထန်းပင်လုံးအရွယ်ခန့်စပါးကြီးမြွေတစ်ကောင်ကို ဒီပါ ဂရုမပြုမိခြင်းဖြစ်ပါတယ် ။ မြွေကြီးမှာဒီပါဓားချက်ကြောင့်အိပ်ပျော်ရာမှလှန့်နိူးခံရသူလိုကိုယ်ခန္ဓာကိုယ်တွန့်လိမ်ရုန်းကန်လိုက်ရာ သူ့ကိုယ်ခန္ဓာကိုထိုးဖောက်ပြီးပေါက်နေတဲ့ မျှစ်ဝါးတွေအားလုံးကျိုးပြတ်ကုန်ပါတယ် ။ မျှစ်ဝါးထိုးဖောက်ထားတဲ့နေရာကအပေါက်တွေဖြစ်နေပြီးသွေးတွေစီးကျနေပေမယ့် ခနအကြာမှာပဲ အသားတွေပြန်စေ့သွားပြီးအကောင်းပကတိပြန်ဖြစ်သွားတာဒီပါတွေ့လိုက်ရပါတော့တယ်။ မြွေကြီးမှာအကြမ်းသောက်ပန်းကန်လုံးခန့်ရှိမျက်လုံးများဖြင့်ဒီပါကိုစိုက်ကြည့်လာတာကြောင့် ဒီပါတစ်ယောက် ကြောက်လန့်သွားမိပါတယ် ။ ချေ၊ဆတ်တို့ကိုညိူ့ယူစားသောက်တတ်သော စပါးကြီးမြွေအကြောင်းကိုတွေးပြီးနောက်လှည့်ပြေးရန်အလုပ်မှာတော့ ဖူးခနဲ နာမူတ်သံကြားရပြီး သူ့တစ်ကိုယ်လုံးချွဲကျိကျိအရည်များစင်ကျလာခြင်းနဲ့အတူအမူန်အမွှားများမျက်လုံးကိုဝင်သွားတာကြောင့်မျက်လုံးများပြာဝေသွားပါတော့တယ် ...

လိုက်မိတယ်ဆရာ” “ကလေးမရဲ့ ရောဂါဟာ ပယောဂစစ်စစ်ပဲ။လူပြုစားခံ ထားရတာ။ဘယ်သူပြုစားတုံးဆိုတာတော့ မသိဘူးကွဲ့ ဘယ်သူပဲဖြစ်ဖြစ် ခေါ်ရတော့မှာပေါ့လေ။ရော့ မောင် တာတေ ဒီခြေမန်းကွင်းကိုယူထား ရောက်လာရင် ခေါင်း ကနေ စွပ်ချထားလိုက် ကဲ…အရှေ့နေထွက် အနောက်နေဝင် တောင်တံငါ့ကွန် မြောက်ဓူဝံအတွင်း တိမ်းခြင်း ရှောင်ခြင်း ခိုခြင်း ကပ်ခြင်း မရှိစေရ။ပေါက်ဆရာကြီးခြောက်ဆယ့် လေးပါးရဲ့တပည့် ငါ့ဆရာအို အမိန့်ပြန်လိုက်တယ် ပညာသည် အခုလာခဲ့ ဟောဒီ ကလေးမကို ပြုစားထား တဲ့ ပညာသယ် အခုလာခဲ့” “ဟီး ဟီး ဟီး ဟား ဟား ...

တော့သည်။ (၂) မနက်‌ေဝလီ‌ေဝလင်းအချိန်မှာ ကိုမြင့်ဆောင်တစ်ယောက် နွားပြာ(နဗျာ)ကြီးနှစ်ကောင်ကိုထမ်းပိုတွင်တပ်ကာ ထယ်ခေါင်းတစ်လုံးတင်ပြီး ဦးဘိုးခင်၏ရွာအနီးအနားရှိလယ်ကွက်များဆီသို့ထယ်ထိုးသွားရန်ပြင်နေစဉ် မောင်စိုးတစ်ယောက်အိပ်နေရာမှာထလာပြီး “ဦးမြင့်ဆောင် အစောကြီးသွားတော့မလို့လား” “အေးကွာ စောစောသွားတော့နွားကြီးတွေနေပူသက်သာတာပေါ့” “ဒါဆိုလည်းကျွန်တော် ခဏနေမှထမင်းကြမ်းလာပို့မယ်ဗျာ အရီးမြလည်းချက်လို့ပြီးမှာမဟုတ်သေးဘူး” မောင်စိုးထိုသို့ပြောလိုက်တော့ “အေး ရပါတယ်ကွာ မင်းအေးအေးဆေးဆေးမှပဲလာခဲ့လိုက်တော့ ဒါနဲ့မင်းအားရင်တော့ နွားစာနဲနဲစဉ်းထားလိုက်ဦးကွာ ထယ်ထိုးတာကအပြန်ကျွေးရအောင်လို့” သူထိုသို့ပြောလိုက်တော့မောင်စိုးက “ရတယ်ဦးလေး ကျွန်တော်မျက်နှာသစ်ပြီးရင်စဉ်းထားလိုက်မယ် ဒါဆိုအရီးမြချက်ပြုတ်ပြီးချိန်နဲ့ အကိုက်လောက်ပဲ” “အေးဒါဆိုလဲငါသွားတော့မယ်ကွာ” ကိုမြင့်ဆောင် မောင်စိုးကိုနှုတ်ဆက်ရင်း ထွက်ခဲ့တော့သည်။ မောင်စိုးတစ်ယောက် ကိုမြင့်ဆောင်နှင့်အတူနွားပျောက်တာကိုလိုက်ရှာပြီးကတည်းက ကိုမြင့်ဆောင်အပေါ်ပို၍ခင်မင်လာသည် သူ့ကိုကြည့်ပြီးလည်း တစ္စေသရဲတွေကိုသိပ်မကြောက်တတ်တော့ မောင်စိုးမျက်နှာသစ်လိုက်ပြီး နွားကြီးများအလုပ်ကအပြန်ကျွေးနိုင်ရန် နွားစာပြောင်းများကိုစဉ်းလိုက်သည်။ ကိုမြင့်ဆောင်အတွက် ...

နေရဲကြ။ ချေးကြ၊ငှားကြမည်ကိုစိုးရိမ်သောကြောင့်ပင်။ ယခုလည်း ဦးထွန်းမောင်တစ်ယောက်ရွာထဲသို့သွားကာ ထင်းခွဲ၊ရေခပ်အလုပ်တောင်းပြီး တစ်ညစာချက်ဖို့ ဆန်ရခဲ့လေသည်။ သူများလယ်တော၌အငှားလိုက်လိုက်… ရွာထဲ၌ ကြုံရာလုပ်လိုက်ဖြင့်သာ ဦးထွန်းမောင်တို့၏ ဝမ်းစာပြေလည်ခဲ့သည်။ ဒါတင်မကသေး ဦးထွန်းမောင်သည် လယ်ကြွက်များကို ဖမ်း၍ရောင်းတတ်သေး၏။ ဦးထွန်းမောင်ဖမ်းမိသောကြွက်များကို ထန်းတောပိုင်ရှင်ငကျော့က ပင်တိုင်ဝယ်၏။ ငကျော့ကိုရောင်းပြီးသည့်တိုင်ကြွက်များပိုလျှံခဲ့လျှင် ခင်ကျော့က မြို့တက်ရောင်းတော့သည်။ နောက်ပိုင်းမှာ​တော့ မြို့၌ရောင်းရသည်က ပိုစျေးကောင်းရသည်မို့ ငကျော့ကိုမရောင်းဖြစ်တော့ဘဲခင်ကျော့တစ်ယောက်ထဲ မြို့တွင်သာအသွားအပြန်လုပ်၍ရောင်းချလေသည်။ ကြွက်သည်မလေး ခင်ကျော့၌ အကျင့်ကောင်းတစ်ခုရှိရှာသည်။ ထိုသည်က ခင်ကျော့မြို့သို့အသွားတွင် ရွာထိပ်ကုန်းလေးအောက်ရှိနတ်စင်၌ သူစားဖို့ထုတ်ယူခဲ့သော ထမင်းဦးကိုပူဇော်တတ်သောအကျင့်ပင်ဖြစ်သည်။ ထိုအကျင့်က ခင်ကျော့ အမြဲတစေပြုလုပ်တတ်သောအကျင့်တစ်ခုပင်။ တစ်ရက်ခင်ကျော့မြို့သို့သွားဖို့ရန်ကုန်းထိပ်နတ်စင်သို့အရောက်တွင် သူ၏နောက်ပါးမှမွှေးပျံ့လှသော ...

ပြန်၍ မပြောနိုင်ရှာ။ ဆက်လျှောက်လာကြရင်း ရွာတံခါးကိုလှမ်း၍မြင်သောနေရာကို ရောက်တော့အရှေ့မှလူ၏ ခြေလှမ်းများကရပ်တန့်သွားတော့သည်။ ထိုလူခြေလှမ်းရပ်သွားတော့ အောင်မိုးမှ… “ငါ့ကိုမကြားချင်ယောင်ဆောင်ပြီးစနေတာ ဘယ်သူလဲကွ…ဟေ…” ဟုမေးပြန်သည်။ “ဟေ့ကောင်…မင်းဘယ်သူတုန်း” အောင်မိုးကစိတ်မရှည်စွာဖြင့် ထိုလူရဲ့အနီးဆီကို သွားကာမေးသည်။ ဖိုးသောင်းကတော့အောင်မိုးအနောက်၌သာနေခဲ့၏။ ဒီတစ်ခါတော့ရှေ့ရှိလူက အောင်မိုးအသံကိုကြားဟန်ဖြင့် အနောက်သို့ခေါင်းကိုငှဲ့စောင်းကာကြည့်လေသည်။ လရောင်အောက်၌မြင်ရသော ကြောက်စရာမျက်နှာသေကြီးနှင့် အေးစက်စက်အပြုံးကြီးကြောင့်… “အောင်မလေးဗျ….သရဲ…သရဲ…. သရဲ စိန်တိုး…စိန်တိုးသရဲ….” ဟုအော်ဟစ်ပြီး အောင်မိုးကရွာထဲသို့ ပြေးဝင်သွားတော့သည်။ ဖိုးသောင်းခမျာ စိန်တိုးရဲ့မျက်နှာကြီးကိုမြင်ကတည်းက အကြောက်လွန်ကာနေရာ၌ခွေခနဲလဲကျသွားရှာသည်။ သရဲစိန်တိုးကလည်း သတိလစ်လဲကျနေသောဖိုးသောင်းကိုကြည့်ရင်း… “ဟားး…ဟား…ဟားးး….ဟားး…ဟားးးးးး…….” ဟုခြောက်ကပ်ကပ်အက်ကွဲကွဲအသံကြီးဖြင့် ရယ်မောလေသည်။ ထိုသို့ရယ်မောရင်းသူလာရာလမ်းအတိုင်း တရွေ့ရွေ့ပြန်လျှောက်သွားတော့၏။ အောင်မိုး၏အော်သံကြောင့် ယင်းမာတစ်ရွာလုံးလည်းအထိတ်ထိတ်အလန့်လန့်ဖြင့် ...

ပေါ့၊ ဦးဘသာလည်း ကျုပ်တို့ကိုကြည့်ပြီးတော့ ရယ်ပါရော။ “မင်းတို့ကောင်တွေကတော့ လုပ်တော့မယ်ကွာ” “အဲဒါကျုပ်အကြံံမဟုတ်ဘူး ဦးဘသာ၊ ဒီကောင်ချိုတူးအရင်စတာ၊ ကျုပ်က သူ့အနောက်ကနေအသာကလေး လိုက်လုပ်တာပဲ” ချိုတူးက ရယ်ရင်းနဲ့ “မနေ့က ဦးလူဝပြောထားတယ်မဟုတ်လား၊ ဒီရွာမှာ မျက်နှာစိမ်းဈေးဝယ်ရင် ကျတ်လို့ပဲထင်ကြတယ်ဆိုဗျ၊ ဒီကြားထဲ ကျုပ်တို့က ရှေးခေတ်ကလူတွေပြောသလို ဇာတ်သံနှောပြီးပြောလိုက်တော့ ဒီမိန်းမယုံသွားတာပေါ့ဗျာ၊ အခုတောင်ကြည့်ပါအုံး၊ ကျတ်တွေကို ဈေးရောင်းလိုက်ရပြီဆိုပြီးတော့ ပျော်ပြီးထွက်သွားတာ ခြေလှမ်းကိုသွက်နေတာပဲဗျာ” ချိုတူးက မုန့်ဆီကြော်တစ်ခုကို ကိုက်စားတော့ ကျုပ်လည်းသူ့ဆီက မုန့်ဆီကြော်တစ်ခု လှမ်းယူပြီးစားလိုက်တာပေါ့ဗျာ၊ မုန့်ဆီကြော်က ထန်းလျက်နိုင်နိုင်ထည့်ထားပြီး နှမ်းလည်းဖြူးထားတာဆိုတော့ ချိုမွှေးပြီးဆိမ့်နေပါရောဗျာ၊ ဦးဘသာက ...

၊ ကျုပ်လည်း အဲဒီလက်ကိုပါ ပုတ်ချပြီးတော့ ဆက်ပြေးတော့တာပေါ့ဗျာ။ ခြေဦးတည့််ရာပြေးရင်း ဘယ်ကိုရောက်လို့ ဘယ်ကိုပေါက်ကုန်မှန်းလည်း မသိပါဘူးဗျာ၊ မောလို့ နားလိုက်ရတယ်၊ နားနေရင်း ဟိုးအရှေ့က ဆီမီးခွက်အရောင်ကလေးလှမ်းတွေ့တယ်ဗျ။ ကျုပ်ဖြင့်ပျော်သွားတာပဲ၊ ဆီမီးခွက်ရှိရင် လူရှိတာကြိမ်းသေပဲမဟုတ်လား၊ ဒါနဲ့ ဆီမီးခွက်အလင်းရောင်အနောက်ကို ခပ်မြန်မြန်ပြေးလိုက်လာခဲ့တာပေါ့ဗျာ။ ပြေးလာရင်းနဲ့ မီးရောင်ကတဖြည်းဖြည်းနီးလာတယ်ဗျ၊ အနားရောက်တော့အိမ်ကလေးတစ်အိမ်ကိုတွေ့ပြန်ပါရော၊ အိမ်ရှေ့မှာဆင့်ကလေးထိုးထားပြီးတော့ ဆင့်အပေါ်မှာ အဘွားကြီးတစ်ယောက်က ဒူးတစ်ဖက်ထောင်ပြီးထိုင်နေတယ်၊ ကျုပ်လည်း အဘွားကြီးကိုတွေ့တော့ အားကိုးတကြီးနဲ့အမြန်ပြေးဝင်ခဲ့တာပေါ့ဗျာ။ “အမေကြီး၊ ကျုပ်မောလာလို့ ဒီမှာခဏနားခွင့်ပြုပါ” အဘွားကြီးက ကျုပ်ကိုကြည့်ရင်း “နားပါတော်၊ နားပါ၊ ခဏမကလို့ တစ်သက်လုံးနားရင်လည်း စိတ်မဆိုးဘူး” ...

ပြောဆိုနေကြလေသည်။ “ဟေး…ကိုကျော်နိုင်…ကျုပ်တို့နိုင်ရင်ထန်းတောမှာ အမြည်းအစုံနဲ့တစ်ပတ်တိတိနော်…” “အေးပါ…စိုးပေရာ မင်းတို့အုပ်စုသာ ကြောက်ချီးပါပြီး ပြေးရင်ငါတို့က အမြည်းအစုံနဲ့ဇိမ်ခံရဦးရမှာပေါ့ကွာ… ဟားး…ဟားး…ဟားး…ဟားး…” ကျော်နိုင်ဘက်က လူငါးဦး…။ စိုးပေဘက်မှလည်းလူငါးဦး…။ သူတို့ပြောဆိုနေကြသည်က ယခုည သန်းခေါင်ယံအချိန်တွင် မြောက်ဦးရွာရှိ သရဲ​ခြောက်ပါသည်ဆိုသော စံအိမ်ကြီးသို့ အတူသွားကြမည့်အကြောင်း…။ တစ်ယောက်ယောက်က ကြောက်လန့်ပြီးထွက်ပြေးခဲ့လျှင် ထွက်ပြေးသောသူ၏ အဖွဲ့မှ ရှုံးမည်ဖြစ်သည်။ ကျော်နိုင်တို့…စိုးပေတို့သည် လောင်းကြေးစားကြေးဖြင့် စံအိမ်ကြီးသို့ သွားရောက်ကြမည်ဖြစ်၏။ ညသန်းယံအချိန်သို့ရောက်သောအခါ၌ ချောင်းဆုံရွာမှထွက်လာသော လူဆယ်ဦးသည် မြောက်ဦးရွာဘက်သို့ ခပ်သွက်သွက်လျှောက်လှမ်းလာခဲ့ကြ၏။ ထိုသူတို့မှာ ကျော်နိုင်၊စိုးပေတို့တသိုက်ပင်ဖြစ်သည်။ သန်းခေါင်ယံအချိန်ပေမို့ အမှောင်ထုမှာသိပ်သည်းလွန်းနေ၏။ သူတို့၏လက်အတွင်း၌ ဖယောင်းတိုင်ရယ်မီးခြစ်ရယ်မှလွှဲ၍ မည်သည်မှမပါကြ။ ...