သိပ်မကြာခင်ပဲရတတ်ပါတယ် ။
ဒီပါမှာ မျှစ်များကိုဟိုတစ်ချောင်းဒီတစ်ချောင်းဓားဖြင့်လိုက်ခုတ်ပြီးချိုးလာရင်းဖြင့်ဝါးပင်များ ခပ်စိတ်စိတ်ပေါက်နေသောနေရာတစ်ခုကိုရောက်လာခဲ့ပါတော့တယ် ။
မျှစ်များကလည်းထိုနေရာတွင် ဟိုတစ်ချောင်းဒီတစ်ချောင်းဖြင့်အတော်များများရှိနေပါတယ်။
…ဒုတ်…
….ဟာ…သွေး..သွေးတွေ…..
ဒီပါတစ်ယောက်ထိုဝါးတောမှာမျှစ်တစ်ချောင်းကို
မြေကြီးနဲ့ကပ်၍ခုတ်လိုက်ရာ ဓားကအသားတုံးတစ်ခုကိုခုတ်မိသလိုဖြစ်ပြီးသွေးများကငေါက်ကနဲပန်းထွက်လာတာကြောင့် အံ့သြမူကြောင့် ခနမျမှင်သက်သွားမိပါတယ်…. ။
..ဝေါ…ဖျော…ဖျော….ဖျောက်….ဖျောက်….ဖျောက်…
…ဟင်…မြွေ..မြွေကြီး……
ဒီပါရပ်နေရာမြေကြီးမှာရွေ့လျားသွားမူကြောင့်ဒီပါမှာကြောက်လန့်တကြားနောက်သို့ခုန်ဆုတ်လိုက်မိပါတယ် ။
ဝါးရွက်များမြေစေးများခပ်ပါးပါးဖုန်းအုပ်နေတဲ့ထန်းပင်လုံးအရွယ်ခန့်စပါးကြီးမြွေတစ်ကောင်ကို ဒီပါ ဂရုမပြုမိခြင်းဖြစ်ပါတယ် ။
မြွေကြီးမှာဒီပါဓားချက်ကြောင့်အိပ်ပျော်ရာမှလှန့်နိူးခံရသူလိုကိုယ်ခန္ဓာကိုယ်တွန့်လိမ်ရုန်းကန်လိုက်ရာ
သူ့ကိုယ်ခန္ဓာကိုထိုးဖောက်ပြီးပေါက်နေတဲ့ မျှစ်ဝါးတွေအားလုံးကျိုးပြတ်ကုန်ပါတယ် ။
မျှစ်ဝါးထိုးဖောက်ထားတဲ့နေရာကအပေါက်တွေဖြစ်နေပြီးသွေးတွေစီးကျနေပေမယ့် ခနအကြာမှာပဲ အသားတွေပြန်စေ့သွားပြီးအကောင်းပကတိပြန်ဖြစ်သွားတာဒီပါတွေ့လိုက်ရပါတော့တယ်။
မြွေကြီးမှာအကြမ်းသောက်ပန်းကန်လုံးခန့်ရှိမျက်လုံးများဖြင့်ဒီပါကိုစိုက်ကြည့်လာတာကြောင့် ဒီပါတစ်ယောက် ကြောက်လန့်သွားမိပါတယ် ။
ချေ၊ဆတ်တို့ကိုညိူ့ယူစားသောက်တတ်သော
စပါးကြီးမြွေအကြောင်းကိုတွေးပြီးနောက်လှည့်ပြေးရန်အလုပ်မှာတော့ ဖူးခနဲ နာမူတ်သံကြားရပြီး သူ့တစ်ကိုယ်လုံးချွဲကျိကျိအရည်များစင်ကျလာခြင်းနဲ့အတူအမူန်အမွှားများမျက်လုံးကိုဝင်သွားတာကြောင့်မျက်လုံးများပြာဝေသွားပါတော့တယ် ။
ဒီပါမှာ မျှစ်ပလိုင်းကိုလွင့်ပစ်လိုက်ပြီးဓားမတိုကို
လက်မှကိုင်ကာဝါးတောမှထွက်ပြေးလာခဲ့ပါတယ်။
ဒါပေမယ့် အရပ်လေးမျက်နှာဟာ မူန်ဝါးဝါးဖြစ်နေပြီအပြန်လမ်းရှာမရပဲလမ်းပျောက်နေပါတော့တယ် ။
မျက်နှာမူရာအရပ်ကိုနည်းနည်းလောက်ပြေးသွား
လိုက်ရင်ပဲသူတွေ့ခဲ့ရတဲ့ စပါးကြီးမြွေကြီးက သူ့ပြေးလမ်းမှာပိတ်ရပ်နေတာတွေ့ရပါတယ်။
အရပ်လေးမျက်နှာဘယ်နေရာကိုပြေးပြေး၊
မြွေကြီးကိုပဲတွေ့နေရတာကြောင့် အခက်ကြုံကာ
ဘယ်ကိုပြေးလို့ပြေးရမှန်းမသိဖြစ်နေပါတော့တယ် ။
လူကြီးသူမများပြောပြချက်စကားများအရစပါး
ကြီးမြွေညို့ခံထားရသူမှာ ခပ်ဝေးဝေးပြေးလို့မရ
ကြောင်းစကားများကိုဒီပါပြန်သတိရလာမိပါတယ်။
အရပ်လေးမျက်နှာခြေကုန်လက်ပန်းကျအောင်ပတ်
ပြေးပြီးအားအင်ကုန်ခမ်းကာမလူပ်ရှားနိူင်ချိန်ရောက်မှစပါးကြီးမြွေရောက်လာပြီးမြိုတတ်ကြောင်းကိုပါထပ်ဆင့်သတိရတာကြောင့် ဒီပါမှာပြေးလွားခြင်းကိုရပ်လိုက်ရင်းဘာ
ဆက်လုပ်ရမည်ကိုတွေးတောနေပါတော့တယ် ။
ဒီပါမှာလတ်တလောကြောက်လန့်မူကြောင့်
သွေးရူးသွေးတန်းဖြစ်သွားသော်လည်းညဏ်
ကောင်းသူတစ်ယောက်ဖြစ်ပါတယ် ။
လူကြီးသူမများစပါးကြီးမြွေနဲ့ပတ်သက်သော
ပြောစကားများကိုအသေအချာပြန်စဉ်းစားကြည့်ရာ
စပါးကြီးမြွေများမှာသူ့သားကောင်များကိုမမြိုမှီကိုယ်လုံးနဲ့ရစ်ပတ်၍အရိုးအဆစ်များပြုတ်ထွက်
အောင်ပြုလုပ်ပြီး သူ့ပါးစပ်မှချွဲကျိကျိအရည်များ သူမြိုမည့်သားကောင်အပေါ်အန်ချပြီး မြို၍အဆင်ပြေအောင်ပြုလုပ်တတ်ကြတယ်။
မြိုသောအခါတွင်လည်းမည်သည့်သားကောင်ကိုမဆိုအောက်ခြေပိုင်းမှစတင်၍မြိုတတ်ကြောင်းလူကြီးသူမပြောစကားများ ဒီပါနားတွင်ပြန်ကြားယောင်လာပါတယ်။
ဒါကြောင့်ဘေးပတ်ဝန်ကျင်ကိုလိုက်ကြည့်ရာသစ်
တုံးနှစ်တုံးတွေ့ရတာကြောင့်အနားသို့သွား
ကြည့်လိုက်ရာလူတစ်ကိုယ်ပက်လက်လှဲအိပ်ပါကလူတစ်ကိုယ်စာထက်အနည်းငယ်ချောင်ပြီးအဆင်ပြေပေမယ့်သစ်တုံးကလူထက်အနည်းငယ်တိုနေပါတယ်။
ဒီပါမှာပြေးရင်လည်းလွတ်လမ်းမရှိတာကြောင့်စွန့်စားမူတစ်ခုပြုလုပ်ရန်ဆုံးဖြတ်လိုက်ပါတယ် ။
ခေါင်းကိုသစ်တုံးနဲ့အတိထားပြီးခြေထောက်ကိုအပြင်ထုတ်ထားလိုက်ပြီးခြေနှစ်ဖက် ခြေမကြားတွေမှာဓားမတိုကိုအသွားအပြင်ထုတ်။ ခြေမကိုအားပြုပြီးညှပ်ကုတ်ထားပါတယ်..။
ဒီပါတစ်ယောက်တချက်တချက်သတိလွတ်မလိုဖြစ်နေသော်လည်းကြိုးစား၍စိတ်ကိုချုပ်ထိန်းနေလျက်ရှိနေပါတယ်။
တကယ်လို့သတိမေ့လျင်သေရမည်ဆိုသောစိတ်ဇောကြောင့်သတိမလစ်ခြင်းလည်းဖြစ်ပါတယ်။
မကြာမှီစပါးကြီးမြွေကြီးမှာ ဒီပါလဲလျောင်းနေရာသစ်တုံးကြားရောက်လာပါတော့တယ် ။
မြွေကြီးမှာသစ်တုံးကိုကျော်လိုက်၊ဘေးဖက်ကိုသွားလိုက်၊အရှေ့အနောက်သွားလိုက်ဖြင့်အကြံရခက်နေဟန်ရှိပါတယ်..။
သူ့အစာကိုအရိုးအဆစ်ပြုတ်အောင်ရစ်ပတ်
ရန်အဆင်မပြေသောအခါ အောက်ဖက်နားသွား၍ ပါးစပ်မှချွဲကျိကျိအရည်များထုတ်လျက်ဒီပါကိုခြေမှစ၍မြိုပါတော့တယ် ။
ဒီပါမှာမြွေကြီးသူ့ကိုလှည့်ပတ်ကြည့်နေချိန်ကပင်
အသည်းတယားယားရှိနေပါတယ် ။
သူ့ခြေထောက်ကိုမြွေမြိုလိုက်ချိန်ခြေထောက်ကိုသတိထားပြီးအနည်းငယ်မြောက်ပေးလိုက်ပါတယ်။
ကန့်လန့်ဖြတ်ခံထားသောဓားသွားကမြွေပါးစပ်အစွန်းနှစ်ဖက်ကိုထိရာတဗြစ်ဗြစ်အသံများကြားနေရခြင်းနဲ့အတူ မြွေပါးစပ်မှ
သွေးစိမ်းများပန်းထွက်လာတာမြင်တွေ့နေရပါတယ် ။
ဒီပါပထမဆုံးတွေးထားသောအတွေးမှာမြွေကြီးမှာ
ပါးစပ်ကိုဓားထိလျင်သူ့ကိုဆက်မြိုလိမ့်မည်မဟုတ်
ဟုထင်မှတ်ထားပါတယ်။
သို့ရာတွင် အစာဇောကပ်နေသောမြွေကြီးမှာဓားမတိုကိုသတိပြုမိဟန်မတူပဲဒီပါကိုမြိုလာရာပေါင်ရင်းကျော်၍ခါးလည်ခန့်ရောက်လာပါတော့တယ် ။
ဒီပါတစ်ယောက်ထိုအချိန်ကျမှလေးလံထိုင်းမိူင်းနေသောစိတ်များရုတ်တရက်ပျောက်သွားပါတယ် ။
မြွေမြိုခံနေရသောသူ့ခြေထောက်များမရှိတော့သလိုခံစားရလိုက်ခြင်းကြောင့်ရုတ်တရက်ခြေထောက်ကိုဆွဲထုတ်၍ကုန်းရုန်း၍ထလိုက်ရာ မြွေခေါင်းအပေါ်တစ်ခြမ်းမှာဘေးဖက်သို့လန်သွား
ပါတော့တယ်။
ဒီပါလည်း
ခုအချိန်ကျမှရွာဖက်အရပ်သို့သေချာမြင်ရသလို
ရှေ့တွင်လည်းမြွေကိုမမြင်ရသောကြောင့် ခြေကုန်
သုတ်ပြေးလာရာတစ်နာရီတောလမ်းခရီးကိုနာရီဝက်ခန့်နဲ့ရောက်လာပါတယ် ။
ခါးအောက်ပိုင်းတွင်သွေးများရွဲလျက်ပါးစပ်မှ
ဝူးဝူးဝါးဝါးအော်ကာပြေးလာသော ဒီပါကို ရွာသားများဝိုင်းဝန်းဖမ်းချုပ်သောအခါမှ ဒီပါတစ်ယောက်ငြိမ်ပြီးအမောဖြေလျက်သူကြုံခဲ့ရသမျပြောပြလာပါတယ် ။
ကျွန်ပ်မှာမိုးအေးအေးတွင်ရေနွေးကြမ်းတစ်အိုးကို
လက်ဖက်ခြောက်ခပ်များများခပ်၍သောက်ရင်းအတွေးနယ်ချဲ့နေစဉ်ရွာအတွင်းအုပ်အုပ်ကျက်ကျက်ဆူညံ့သံကြားရတာကြောင့်ခမောက်ဆောင်းလျက် အသံကြားရာသို့လျောက်လာခဲ့ပါတယ် ။
ကျွန်ပ်ရောက်ချိန်တွင်ဒီပါကသူစပါးကြီးမြွေနဲ့ကြုံခဲ့ရသောအကြောင်းများစတင်ပြောချိန်နဲ့ကွက်တိကြုံသောကြောင့်စိတ်ဝင်တစားနားထောင်နေမိပါတော့တယ် ။
ဒီပါစကားဆုံးသောအခါရွာသားအများအပြားကဒီပါ
စကားကိုမယုံကြည်ကြပါဘူး။
သူတို့တသက်တွင် စပါးကြီးမြွေက တောတိရိစ္ဆာန်များကို ညိူ့ယူစားသောက်သည်ကို
ကြားဖူးကြသော်လည်း လူကိုညိူ့ယူကာစားမည့်
မြွေအရွယ်အစားပမာဏကိုတွေးကာ မဖြစ်နိူင်ဟု
ဆိုနေကြခြင်းဖြစ်ပါတယ် ။
ကျွန်ပ်မှာရွာမှလူကြီးပိုင်းတစ်ချို့နဲ့တိုင်ပင်၍
ထိုနေရာကိုသွားကြည့်ရန်ဆုံးဖြတ်လိုက်ကြပါတယ် ။
ကျွန်ပ်မှာအိမ်ပြန်သေနတ်ယူ၍ ရွာမှလူကြီးပိုင်းတစ်ချို့နဲ့အတူ ဒီပါမြွေနဲ့တွေ့ခဲ့ရသောနေရာကိုလမ်းပြစေပါတယ်..။
ဒီပါမှာသူပုန်းအောင်းခဲ့ရာသစ်တုန်းနှစ်တုန်းကြား
ကိုပြရာသွေးများအိုင်ထွန်းနေလျက်ရှိသလို သွေးစွန်းနေတဲ့ဓားမတိုကိုလည်းထိုနေရာမှာတွေ့လိုက်ရပါတယ် ။
ထိုနေရာနဲ့မနီးမဝေးခြုံအတွင်းမှရုန်းကန်သံများကြားရသောကြောင့်သွားကြည့်ကြရာခေါင်းတခြမ်းချက်အထိကွဲနေသောမြွေကြီးမှရုန်းကန်ရင်းအသငင်နေကြောင်းတွေ့လိုက်ရပါတယ် ။
ထိုအခါကျမှကျွန်ပ်တို့လူစုမှာ သတ္တိရှိပြီး ၊ ညဏ်ကောင်းသောဒီပါကိုဝိုင်းဝန်းချီးကြူးမိကြပါတယ် ။
ဒီပါမှာလည်းယခုမှပြုံးနိူင်ရယ်နိူင်ပါတော့တယ် ။
” စပါးကြီးကျုပ်ကိုညိူ့ထားတုန်းက ဘယ်ပြေးပြေးမြွေတွေပဲမြင်နေရတယ် ။
ကျုပ်ကိုမြိုတော့ကြောက်ပြီး
ထပြေးတော့မှ ဘာမြွေမှမမြင်ရတော့တာ ကျုပ်အဖြစ်ကအတော်ကြီးဆန်းတယ် မယုံနိူင်စရာပါပဲ…”
” မင်းက သတ္တိရှိပြီး ညဏ်ကောင်းလို့ မသေတာပဲဒီပါ….မြွေကမင်းဓားမတိုကြောင့်ညိူ့ကြောပြတ်သွားတော့ညိူ့တာပျက်သွားတာပဲကွ….”
”…ဒါနဲ့စပါးကြီးမြွေက လူကိုဘယ်လိုများညိူ့တာလဲအဘ သူ့ညိူ့ကြိုးကဘယ်မှာပါတာလဲ….”
” တကယ်က ညိူ့ကြို့ကသည်းခြေနဲ့ဆက်နေတာကွ
စပါးကြီးမြွေဟာ သူညိူ့တော့မယ်ဆိုတာနဲ့ သူ့ချက်ပေါက်ကညိူ့ကြိုးထွက်လာတယ်၊ ညို့ကြိုးရဲ့
ထိပ်ဟာ’ ချေ ‘ခွာပုံစံရှိပြီးတော့ သူညိူ့မဲ့အကောင်ရဲ့
ခြေရာကိုထောက်လိုက်ရင်ဘယ်လမ်းပဲပြေးပြေး
မြွေကိုတွေ့နေရတော့တာပါပဲ… ”
ဒီပါအမေးကိုအတွေ့အကြုံစုံသောမုဆိုးအိုကြီးတစ်
ယောက်ကပြန်ဖြေနေခြင်းဖြစ်ပါတယ် ။
ကျွန်ပ်မှာ မသိသေးသောအကြောင်းအရာများမို့
ဆက်နားထောင်နေမိပါတယ် ။
”…ဒါနဲ့ ဝါးတောထဲမှာ မျှစ်က ဒီမြွေကြီးကိုယ်လုံးကိုဖောက်ထွက်နေတယ် တစ်ခြားမျှစ်တုတ်တွေရောအများကြီးပဲ…”
” ဒါကတော့ စပါးကြီးမြွေများဟာ သားကောင်တစ်ကောင်ကိုမြိုထားပြီဆိုရင် ဘယ်မှမသွားလာနိူင်တော့ပဲ စင်းစင်းကြီးသုံးလက
နေလေးလအဲနေရာမှာပဲမလူပ်မယှက်နေတတ်ကြတယ်။
ခုဟာကဝါးတောထဲမှာဆိုတော့မျှစ်တွေထွက်ချိန်ရောက်တော့သူ့ကိုယ်လုံးဖောက်ထွက်သွားကြတာပဲ..။
ညိူ့ကြောမပြတ်တဲ့စပါးကြီးမြွေတွေဟာအသား
ပြန်ဆက်တတ်ကြတယ် ။
စပါးကြီးမြွေရလာလို့ ခေါင်းကနေခွဲရင်ရှေ့ကခွဲနောက်ကအသားပြန်စေ့
ကုန်လို့ညိူ့ကြိုးရှိရာသည်းခြေနားကခွဲတတ်ကြတယ်…”
”…ဒီကောင်ကြီးက အစာစားပြီးမှေးနေတာဆိုရင်
ကျွန်တော်ကိုညိူ့ပြီး ဘာလို့စားမလို့လုပ်တာလဲ အဘ..”
”..သုံးလေးလဆိုတော့ သူကလည်းအစာကြေချိန် မင်းနဲ့တိုက်တိုက်ဆိုင်ဆိုင်သွားတွေ့တော့ နောက်အစာအသစ်စားမယ်ဆိုပြီး
မင်းကိုညိူ့ပြီးစားဖို့လုပ်တာဖြစ်မယ်။
အတွေးကောင်းတဲ့မင်းနဲ့တွေ့တာ တခါတည်းသူကိုယ်သူသတ်သေသလိုဖြစ်သွားတာပေါ့…”
ကျွန်ပ်တို့လူစုမှာစပါးကြီးမြွေ၏တန်ဖိုးကြီးလှသော
သည်းခြေကိုဒီပါကိုပေး၍အသားများကိုခုတ်ထစ်၍
တစ်ရွာလုံးကိုဝေငှပေးလိုက်ပါတယ် ။
ထိုရက်များအတွင်းဒီပါ့အကြောင်းကိုလည်း
လူကြီးလူငယ်စကားဝိုင်းများတွင် သူရဲကောင်းသဖွယ်ပြောဆိုနေကြပါတယ် ။
ကျွန်ပ်မှာလည်းဒီပါအတွေးစိတ်ကူးကိုချီးကြူးမိပါတယ်။
အကယ်၍ဒီပါသာ ကြောက်လန့်ပြီးပြေ့းမိပြေးရာပြေးနေပါကမြွေစာဖြစ်မည်မှာမလွဲပေ။
တစ်လခန့်ကြာသောအခါကျွန်ပ်တို့ရွာတွင်
ထူးဆန်းသောအကြောင်းကိစ္စပေါ်ပေါက်လာပါတယ်… ။
အဲတာကတော့ စပါးကြီးမြွေလက်ကညဏ်ကူပြီး
လွတ်လာတဲ့ဒီပါတစ်ယောက်ပျောက်ဆုံးသွားခြင်းကြောင့်ဖြစ်ပါတယ်။
မိဘများပြောပြချက်အရ နေ့လည်ပိုင်းအချိန်တွင်မိူရှာရန်တောတက်သွားရာ ညမှောင်သည်အထိရောက်မလာကြောင်းရွာလူကြီးထံလာရောက်တိုင်တန်းလာပါတယ်.. ။
ဒီပါမှာလူငယ်သဘာဝအသောက်အစားရှိသော်လည်းလုပ်စရာရှိသည်ကိုလုပ်ပြီးအချိန်မှန်အိမ်ပြန်လာတတ်သူတစ်ယောက်ဖြစ်ပါတယ် ။
ရွာလူကြီးမှာရွာအရေးအကြောင်းကိစ္စများအတွက်
လူငယ်တစ်ချို့နဲ့ကျွန်ပ်တစ်ဖွဲ့ ၊ရွာလူကြီးကတစ်ဖွဲ့
ွရွာအနီးချုပ်စပ်တောများတွင် မီးတုတ်များကိုင်၍
တစ်ဖွဲ့လျှင်မောင်းတစ်လုံးဖြင့် မောင်းထု ခေါ်သံပေးကာရှာဖွေနေကြပါတော့တယ် ။
တောရွာများဖြစ်တာကြောင့် ကျွန်ပ်တို့ရွာများတွင်တစ်ခါတစ်ရံတောတက်သူများမှာ တစ္ဆေသရဲများကလူယောင်ဖန်ဆင်း၍ လူကိုလိမ်လည်ခေါ်ဆောင်ကာဝှက်ထားရာ ရှာဖွေသူများကိုမြင်နေရသော်လည်းဝှက်
ထားခံရသူမှာခေါ်မရပြုမရရှိနေတတ်ကြောင်း၊ တစ်ခါတရံရှာဖွေသူများကိုပင် သရဲတစ္ဆေဟူ၍မြင်မိ
ကြကြောင်းအဝှက်ခံရာမှလွတ်မြောက်လာသူများ
အပြောအရသိရပါတယ် ။
မောင်းထု၍ရှာပါကဝှက်ခံထားရသူမှာစကားပြော
နိူင်သလိုမောင်းသံကြားရာသို့လာ၍ရှာဖွေသူများနဲ့ဆုံနိူင်ကြောင်းထပ်ဆင့်သိရပါတယ်..။
လူကြီးသူမများအပြောအရ တစ္ဆေသရဲများမှာ
မောင်းသံကိုကြောက်လန့်တတ်ကြောင်းသိရပါတယ် ။
မောင်းထုလိုက်၊ဒီပါနာမည်အော်ခေါ်လိုက်ဖြင့်
ကျွန်ပ်တို့လူစုဟာရွာနီးချုပ်စပ်တောများတွင်ဒီပါကို
လိုက်ခေါ်နေကြရင်း တစ်ခါတရံငြိမ်သက်၍ သူကြီးအဖွဲ့မှအသံကိုလည်းနားစွင့်နေမိကြပါတယ် ။
တကယ်လို့ဒီပါကိုရှာတွေ့ပါက မောင်းကိုအချက်ပြအမှတ်အသားထု၍ တစ်ဖွဲ့နဲ့တစ်ဖွဲ့အသိပေးရန်ကြိုတင်အသိပေးထားတာကြောင့်ဖြစ်ပါတယ် ။.
တစ်ကြိမ်မှာတော့ သူကြီးအဖွဲ့မှခပ်စိတ်စိတ်ထုပြီး
အချက်ပေးနေတာကြောင့် သူကြီးအဖွဲ့ရှိနေရာတောဖက်ဆီခပ်သွက်သွက်သွားလိုက်ကြပါတယ်။
…..ဟာ……
သူကြီးတို့အဖွဲ့အနီးရောက်သောအခါကျွန်ပ်မှာ
တစ်ယောက်ပေါက်ပြောဆိုရင်းအုံးအုံးကျက်ကျက်
ပြောဆိုကာဝိုင်းအုံနေသောလူအုပ်ကြီးကိုတိုးဝှေ့
့ပြီးကြည့်လိုက်ရာမြင်လိုက်ရသောမြင်ကွင်းကကျွန်ပ်ကိုအံ့သြမှင်သက်၊ထိတ်လန့်သွားစေပါတယ် ။
ဒီပါတစ်ယောက်ပက်လက်အနေအထား
လဲကျလျက်သေဆုံးနေတာတွေ့လိုက်ရတာကို
စိတ်မကောင်းစွာတွေ့လိုက်ရတာကြောင့်ပဲဖြစ်ပါတယ်။
ကျွန်ပ်မှာဒီပါ့အလောင်းအနီးဆောင့်ကြောင့်ထိုင်ပြီးကိုယ်ခန္ဓာအားစစ်ဆေးကြည့်ရာ
လည်ပင်းဆစ်၊လက်ဆစ်၊ခြေဆစ်များပြုတ်ထွက်ပြီး
နံရိုးများကျိုးကြေနေကြောင်းမြင်တွေ့လိုက်ရပါတယ် ။
သေခါနီးမချိမဆန့်ဝေဒနာကိုခံစားသွားရဟန်ဖြင့်
ဒီပါတစ်ယောက်မျက်လုံးများပြူးကျယ်လျက်ရှိနေပါတယ်။
ရွာသားများကတော့ဒီပါသေဆုံးပုံကိုစဉ်းစားမရကြဟန်တစ်ယောက်တစ်ပေါက်ထင်ရာမြင်ရာပြောဆိုလျက်ရှိကြနေကြပါတယ်..။
ဒီပါ့အလောင်းကို ဝါးကပ်ပေါ်တင်၍ရွာသင်ချိုင်းသို့
သယ်ကာ မီးရိူ့သဂြို င်္လ်လိုက်ကြပါတယ်။
ရပ်ရွာဓလေ့အရ ကျွန်ပ်တို့အရပ်တွင်အစိမ်းသေသူများကိုမီးရိူ့သဂြိုလ်လေ့ရှိကြပါတယ် ။
ဒီပါအမေမှာသားဖြစ်သူအလောင်းကိုတွေ့ရသောအခါအူလိူက်သည်းလိုက်ငို၍ မေ့မြောသွားတာကိုကျွန်ပ်စိတ်မကောင်းစွာတွေ့နေရပါတယ် ။
ဒီပါကိုသတ်သွားတာလူလား၊တောတိရိစ္ဆာန်တစ်ကောင်ကောင်လားကျွန်ပ်မခွဲခြားနိူင်သေးပေ။
သူကြီးမှာကျွန်ပ်အားနှစ်ယောက်ခြင်းခေါ်တွေ့ပြီး
ဒီပါမည်သို့မည်ပုံသေဆုံးကြောင်းစုံစမ်းရန်တာဝန်ပေးအပ်လာပါတယ်။
ကျွန်ပ်မှာလည်းနောက်ရက်များတွင်ရွာသားများကို
တောမတက်ကြရန်၊အကယ်၍မဖြစ်မနေတောတက်လျင်လည်းအုပ်စုဖွဲ့၍သွားလာကြရန်သူကြီးမှရွာသားများကိုအမိန့်ထုတ်စေလိုကြောင်းပြောကြားပြီးအိမ်ပြန်လာခဲ့ပါတော့တယ်။
ကျွန်ပ်စိတ်အတွင်းဒီပါအားသတ်သွားသူမှာတော
တိရိစ္ဆာန် တစ်ကောင်ကောင်လက်ချက်ဟုထင်မှတ်
နေပါတယ် ။
စပါးကြီးမြွေလိုအကောင်မျိုးက အရိုးအဆစ်များပြုတ်အောင်ရစ်ပတ်လိမ်ကျစ်နိူင်တာမို့စပါးကြီးမြွေတစ်ကောင်ကောင်ကဒီပါကိုသတ်သွားခြင်းလားဟုထင်မှတ်မိသော်လည်း စပါးကြီးမြွေသာဆိုပါကဒီပါကိုမြိုကာအလောင်းပင်ရှာတွေ့မည်မဟုတ်သောအချက်ကရှိနေပြန်ပါတာကြောင့်တစ်ခြားသားကောင်ကိုတွေးမရဖြစ်နေခြင်းပင်။
ကျွန်ပ်မှာတစ်ပတ်ခန့်တောတောင်အနှံ့ခြေဆန့်၍ ဒီပါကိုသတ်သွားသောတရားခံသဲလွန်စရလိုရငြားရှာသော်လည်းသဲလွန်စတစ်စုံတရာရှာမရပဲရှိနေပါတယ်။
ဒီပါမိဘများရွာမှနတ်ဝင်သည်ကိုမေးမြန်းကြရာ
ဒီပါသတ်လိုက်သောမြွေမှာ တောစောင့်နတ်ကြီး
၏နတ်မြွေဖြစ်ကြောင်း။မြွေကိုသတ်လိုက်သောဒီ
ပါကိုစိတ်ဆိုးပြီးတောစောင့်နတ်ကြီးကသတ်လိုက်ကြောင်းတဆင့်စကားပြန်ကြားရပါတယ် ။
ကျွန်ပ်ကတော့နတ်ဝင်သည်အဟောကိုအယုံအကြည်မရှိလှပါဘူး။
တပတ်ခန့်အချိန်ကြာသွားချိန်ရွာသားများမှာ
တောကိုမှီခိုလုပ်ကိုင်စားသောက်ကြရသူများမို့
စားသောက်ရေးခက်ခဲလာကြသောကြောင့်
သူကြီးထံတောပြန်တက်ရန်ခွင့်ပြန်တောင်းလာကြတဲ့အခါသူကြီးလည်းမတတ်သာပဲခွင့်ပြုလိုက်ရပါတော့တယ်။
ရွာသားများတောတက်သော နေ့မှာပင် ရွာသားတစ်ယောက်ပျောက်ဆုံးသွားပြန်ပါတယ် ။
သူကြီးနဲ့ကျွန်ပ်တို့လည်းတောနင်းရှာသောအခါ
ဒီပါသေဆုံးသည်နဲ့တထပ်တည်း အရိုးအဆစ်များ
ပြုတ်ထွက်ပြီးနံရိုးများကျိုးကြေကာ မချိမဆန့်ဝေဒနာခံစားပြီးသေဆုံးနေတဲ့တိရိစ္ဆာန်ကိုတွေ့လိုက်ရပါတယ်။
နတ်ဝင်သည်ယခုတကြိမ်ဟောချက်ကကြောက်စရာကောင်းလာပါတယ် ။
နတ်မြွေကြီးအသားကိုစားသောရွာသားဟူသမျကို အားလုံးသတ်လိမ့်မည်ဟုဟောလာပြန်ပါတယ် ။
နတ်ဝင်သည်စကားကြောင့်ရွာသားများကြောက်လန့်စိတ်ဝင်ကုန်ကြပါတယ် ။
ကျွန်ပ်မှာလည်းယခုကိစ္စကိုအမြန်ဆုံးဖြေရှင်းရန်လိုနေပြီမို့ အိမ်မပြန်တော့ပဲတောတွင်းလှည့်လှည်ပြီး ဒီပါနဲ့ရွာသားတစ်ယောက်ကိုသတ်သွားသော တောတိရိစ္ဆာန်ကောင်ကိုလိုက်ရှာနေမိပါတယ် ။
ကျွန်ပ်စိတ်အတွင်းယခုလူသေမူများမှာတောတိရိစ္ဆာန်တစ်ကောင်လက်ချက်ဟုစိတ်အတွင်းသေချာစွ၊ာသိနေပါတယ်။ဘယ်အကောင်ဟူ၍သာအတိအကျ
မသိခြင်းသာဖြစ်ပါတယ်။
ကျွန်ပ်မှာတနေကုန်တနေခန်းတောထဲလှည့်လည်ပြီးရွာသားများကိုသတ်တဲ့တောတိရိစ္ဆာင်ကောင်ကိုလိုက်ရှာနေမိပါတယ် ။
ညနေစောင်းလေပေါက်ချိန်၊ ကျွန်ပ်မှာတောင်ကြောတစ်ခုကိုဖြတ်နေစဉ် နားခေါင်းဝအတွင်းမွေးပျံ့တဲ့ရနံ့တစ်ခုကိုတိုက်ခတ်
နေတဲ့လေနဲ့ရောပြီးရူရိူက်လိုက်မိရပါတယ်။
အနံ့မှာ ပန်းရနံ့ကဲ့သို့မွေးရနံ့မျိုးဖြစ်ပြီးထိုမွေးရနံ့မျိုး
ဆက်တိုက်ရူရိူက်မိစဉ်ခေါင်းအတွင်းရီဝေဝေဖြစ်လာပါတော့တယ်။
မြင်ကွင်းများမှာမကွဲမပြားနှစ်ထပ်ဖြစ်လျက်ခြေလက်များမသယ်နိူင်အောင်လေးလံလာပါတယ် ။
ကျွန်ပ်ယခုလိုဖြစ်ခြင်းမှာမွေးရနံ့ကြောင့်ဖြစ်ကြောင့်
သိသောကြောင့် နှာခေါင်းပိတ်အသက်အောင့်ပြီး
တောင်အောက်သို့ဆင်းလာခဲ့ပါတော့တယ် ။
ကျွန်ပ်မှာတောင်အောက်စမ်းချောင်းတွင်မျက်နှာသစ်ကိုယ်လက်သန့်စင်လိုက်ပေမယ့် ခေါင်းကရီဝေ၀ရှိနေဆဲပင်ဖြစ်ပါတယ် ။
ကျွန်ပ်မှာပတ်ဝန်းကျင်ကိုမျက်လုံးဝေ့ကြည့်လိုက်ရာတဖက်တောင်ခြေတောစပ်တွင်နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးကိုတွေ့လိုက်ရတာကြောင့်အံ့သြသင့်သွားမိပါတယ်။
ဒီတောဒီတောင်မှာကျင်လည်ကျက်စားပြီး ကျွန်ပ်ခြေရာမကျရာနေရာမရှိသလောက်နေရာ
မို့ ဒီအိမ်ဟိုးယခင်ကမရှိတာသိပေမယ့်။
ကျွန်ပ်ယခုနေရာသို့မရောက်ဖြစ်သောကာလများတွင်ဆောက်ထားခြင်းလားဟူသောဇဝေဇဝါအတွေးရှိနေပါတယ် ။
ကျွန်ပ်မှာဦးခေါင်းများရီဝေပြီးသွားလာနေကျရွာရှိရာအရပ်သို့ပင်မမှန်းဆနိူင်သောကြောင့် ခြေဦးနည့်ရာလျောက်သွားနေမိပါတယ် ။
…ဟင်…
ကျွန်ပ်စိတ်အတွင်းစိုးရိမ်ထိတ်လန့်စိတ်များနဲ့အတူ
မြင်ရတဲ့မြင်ကွင်းကိုမယုံကြည်နိူင်လောက်အောင်ဖြစ်သွားရပါတယ် ။
ကျွန်ပ်ရှေ့သွားလမ်းပေါ်တွင် ထန်းပင်လုံးခန့်ရှိပြီးအကြမ်းသောက်ပန်းကန်လုံးထက်ပင်ကြီးသောမျက်လုံးများရှိသော စပါးကြီးမြွေတစ်ကောင်အားတွေ့ရပြီး
မြွေကြီးနောက်တွင်လည်းတခြားသောအမျိုးအစားစုံလင်သောမြွေပေါင်းစုံတို့ကနေရာအနှံ့တွေ့လိုက်ရပါတယ် ။
ကျွန်ပ်မှာနောက်ဆုတ်ရင်းတခြားတဖက်လမ်းသို့သွားရာတွင်လည်းထိုမြွေကြီးနဲ့မြွေများကိုတွေ့နေရပြန်ပါတယ် ။
အရပ်လေးမျက်နှာဘယ်နေရာကိုပဲသွားသွား
စပါးကြီးမြွေနဲ့တစ်ခြားသောမြွေများက ကျွန်ပ်သွာံးမည့်လမ်းကိုကြိုရောက်နေကြတာကြောင့်အံ့သြသင့်မိခြင်းနဲ့အတူစိုးရိမ်စိတ်လည်းဝင်လာပါတယ် ။
ကျွန်ပ်ခေါင်းအတွင်းအတွေးတစ်ခုလည်းဝင်လာပါတယ် ။
ကျွန်ပ်ကိုစပါးကြီးမြွေညိူ့ထားလိုက်ပြီလား၊
ထိုအတွေးကကျွန်ပ်စိတ်ကိုချောက်ချားသွားပါတယ်။
ကျွန်ပ်ဘာဆက်လုပ်ရမလဲဟုလူပ်ရှားနေသော
စိတ်ကိုထိန်းချုပ်၍ အားအင်ကိုချွေတာ၍ အန္တရယ်ပေါ်လာပါကတတ်နိူင်သလောက်ခုခံရန်စိတ်ကူး၍ ထူးဆန်းစွာမြင်နေရသော အိမ်ရှိရာလျောက်သွားပြီးအိမ်ရှေ့မလှမ်းမကမ်းတွင်
ရပ်လိုက်ပါတယ် ။
ကျွန်ပ်မှာအသက်အန္တရယ်ပေါင်းစုံနဲ့အကြိမ်ကြိမ်ကြုံဖူးသောကြောင့်အန္တရယ်ကြုံခါနီးတိုင်းစိတ်အတွင်းထူးဆန်းသောခံစားချက်မျိုးခံစားရမိတတ်ပါတယ် ။
ယခုလည်းထိုကဲ့သို့ခံစားမူမျိုးခံစားနေရမိ
တာကြောင့်ကျွန်ပ်မကြာမှီဘေးအန္တရယ်ကြုံတော့မည်ဟုအလိုလိုစိတ်တွင်သိနေပါတယ် ။
ထိုအချိန်မှာပင် ကျွန်ပ်ခေါင်းအတွင်းသို့ ရှေးမုဆိုးကြီးများပြုလုပ်လေ့ရှိသောဘေးရန်ုကာကွယ်နည်းတစ်ခုကိုသတိရလာပါတယ် ။
ကျွန်မှာသစ်ကိုင်းခြောက်တစ်ခြောင်းကိုကောက်၍
အသက်အောင့်ကာ မြေပြင်ပေါ်သစ်သားချောင်းနဲ့ စည်းဝိုင်းကြီးတစ်ခုကိုဝိုင်းတားလိုက်ပါတယ် ။
ထိုစည်းအတွင်းတစ်တောင်ခန့်ခွာ၍ဒုတိယစည်းဝိုင်းတစ်ခုကိုလည်းအသက်အောင့်တားလိုက်ပြန်ပါတယ် ။
တတိယစည်းတစ်ခုကိုလည်းထိုနည်းတူစွာတားပြီးနောက်တွင်ကျွန်ပ်မှာဒူးထောက်၍ဘုရားရှင်နဲ့
မိဘနှစ်ပါးကိုစိတ်တွင်ရည်မှန်း၍ကန်တော့လိုက်ပြီး ။
တောစောင့်နတ်တောင်စောင့်နတ်များကိုတိုင်တည်ပြီးသစ္စာပြုနေမိပါတယ် ။
ကျွန်ပ်သည် ယခုသူတပါးအသက်သတ်သောမုဆိုးအလုပ်ကိုဝမ်းရေးအရမတတ်သာပဲလုပ်နေရသော်လည်း ၊ သူတပါးသားမယားကိုမပစ်မှားခြင်း၊သူ့ဥစ္စာကိုမခိုး၊မုသာဝါသကံကိုမကျုးလွန်မချိုးဖောက်အရက်သေစာကိုလည်းအမြဲတစေမသောက်ကြောင်းတိုင်တည်ပြီးနောက်။
စည်းသုံးစည်းအလယ်တွင်မတ်တတ်ရပ်နေမိပါတယ် ။
ထိုအချိန်ကျမှကျွန်ပ်ခေါင်းအတွင်းမူးဝေခြင်းများတဖြည်းဖြည်းလျော့ပါးကာအမြင်အာရုံများလည်းတဖြည်းဖြည်းပြန်ကြည်လင်လာပါတယ် ။
ရှေးလူကြီးများမှာစပါးကြီးမြွေအညိူ့ခံရပါက ယခုကဲ့သို့စည်းသုံးစည်းတား၍ညိူ့သောစက်ကွင်းမှလွတ်မြောက်အောင်ပြုလုပ်တတ်ကြောင်း ကြားနာမှတ်သားမူကိုကျွန်ပ်ပြုလုပ်ခြင်းဖြစ်ပါတယ်။
ခနအကြာလူပ်ရှားသံ သဲ့သဲ့ကြားရတာကြောင့်
ရီဝေဝေမျက်လုံးများနဲ့ လှမ်းကြည့်လိုက်ရာ အိမ်အတွင်းမှလူသားမိန်းခလေးတစ်ယောက်လှမ်း
ထွက်လာခြင်းကိုတွေ့လိုက်ရပါတယ်..။
ထိုမိန်းခလေးထွက်လာခြင်းနဲ့အတူ မိုးသားတိမ်မဲများတက်ကောင်းကင်ပေါ်တရိပ်ရိပ်တက်လာတာကြောင့်ပတ်ဝန်းကျင်ကမဲမှောင်သွားကာ လူလုံးမသဲမကွဲသာမြင်နေရပါတယ် ။
မိန်းခလေးကျွန်ပ်အနီးလျောက်လာစဉ် သူ့မျက်လုံးများကိုကြည့်မိချိန်ခနတွင် ကျွန်ပ်စိတ်အတွင်းထိတ်ခနဲဖြစ်သွားရပါတယ် ။
သူမမျက်လုံးများဟာ အနီရောင်တောက်ပလျက်
ရှိနေတာကြောင့်ဘယ်လိုမှလူသားတစ်ယောက်မဖြစ်နိူင်ကြောင်းနားလည်လိုက်မိပါတယ် ။
”…ငါ့ယောက်ကျားကိုသတ်သွားတဲ့လူသားတွေ
အားလုံး ငါကိုယ်တိုင်သတ်မယ်…. ”
”…မိန်းခလေး မင်းယောက်ကျားက ဘယ်သူလဲ
ဘယ်သူသတ်တာလဲ… ”
”…နင်တို့ရွာသားတစ်ယောက်လေ အဲကောင်ကို
ငါကိုယ်တိုင်သတ်လိုက်ပါပြီ ၊တစ်ခြားလူသားတစ်ယောက်ကိုရောပဲ ငါသတ်လိုက်တာအခုနင့်ကိုလည်းမကြာခင်သတ်မယ်…..”
ကျွန်ပ်ထက်အသက်အတော်ငယ်သော ရုပ်ရည်ဖြင့်ဆယ့်ရှစ်ဆယ့်ကိုးအရွယ် မိန်းခလေးကကျွန်ပ်အားနင်နဲ့ငါပြောနေသည့်အပြင် ၊ သူ့ယောက်ကျားကိုသတ်သွားသူ၊ကျွန်ပ်တို့ရွာသားကိုသတ်သည့်အပြင် နောက်တစ်ယောက်ကိုပါသတ်လိုက်
သည်ဆိုသောစကားကအစပထမကျွန်ပ်နားမလည်သော်လည်းတစ်စုံတစ်ခုသောအကြောင်းကိုတွေးမိချိန်ကျွန်ပ်ထိတ်လန့်သွားမိပါတယ် ။
ဒီပါ။ သေဆုံးမူ နဲ့တခြားရွာသားတစ်ယောက်သေဆုံးမူကိုပြန်သတိရလိုက်ခြင်းကြောင့်ဖြစ်ပါတယ် ။
ဒါပေမယ့် ဒီပါမှာလူတစ်ယောက်ကိုမသတ်သည်မှာ
သေချာနေပါတယ် ။
ကျွန်ပ်ကနားမလည်နိူင်စွာဖြင့်မိန်းခလေး
ကိုကြည့်ပြီး
”…ဒီပါက လူမသတ်ဖူးပါဘူး မင်းလူမှားနေတာ
ဖြစ်ရမယ်… ”
”..ဟင်း..ဟင်း…လူသားတစ်ယောက်ကိုသတ်မှ
အသက်တဲ့လား တခြား သက်ရှိတွေအသက်ကိုကျ
အရေးမထားကြတာလား….”
”…မိန်းခလေး မင်းပြောတာငါနားမလည်ဘူး
မင်းဘာတွေပြောနေတာလဲ… ”
” နားမလည်တော့လည်းနားလည်အောင်ပြရသေးတာပေါ့….”
…..ဟိုက်…….
မိန်းခလေးမှာပြောရင်းဆိုရင်းဖြင့်မြေပြင်ပေါ်ဝမ်းလျှားမှောက်လိုက်ရာထန်းပင်လုံးခန့်ရှိသော စပါးကြီးမြွေအဖြစ်ကိုပြောင်းလဲရောက်ရှိ
သွားခြင်းကိုမယုံကြည်နိူင်ဖွယ်တွေ့လိုက်ရတာကြောင့်အံ့သြမူနဲ့အတူကိုယ့်မျက်လုံးကိုယ်မယုံကြည်နိူင်ဖြစ်သွားရပါတယ် ။
အကြမ်းပန်းကန်လုံးထက်ကြီးသော
မျက်လုံးများဖြင့်ကျွန်ပ်ကိုကြည့်ပြီး မြွေကြီးမှာခေါင်းထောင်လျက်ရှိနေသောကြောင့်
ကျွန်ပ်သတိထားရင်းသေနတ်ကိုအဆင်သင့်မြွေကြီးကိုထိုးချိန်ထားပါတယ် ။
စပါးကြီးမြွေမှာအဆိပ်မရှိသောကြောင့်
သူ့ကိုယ်လုံးအားကိုအရှိန်ဖြင့်တွန်း၍ခေါင်းဖြင့်သားကောင်များကိုပြေးဆောင့်တတ်ပါတယ် ။
ယခုထန်းပင်လုံးခန့်မြွေကြီးသာဆောင့်ထိုးခံရပါက
ကျွန်ပ်မှာအရိုးများကျိုးကြေ၍တစ်ခါတည်းသေသွားနိူင်ကြောင်းတွေး၍ သတိမပြတ်ကပ်လျက်မြွေကြီးလူပ်ရှားမူကိုမျက်တောင်မခတ်ကြည့်နေပါတယ် ။
…….ဝှီး……
……ဒိုင်း….ဒိုင်း…….ဒိုင်း…..
..ဝုန်း….ဝုန်း….ဖျောင်း….ဖျောင်း…..ဖျောင်း…..
ခန္ဓာကိုယ်နဲ့မလိုက်အောင်စပါးကြီးမြွေကသွက်လက်လျင်မြန်လှပါတယ် ။
ရုတ်တရက်ဆတ်ခနဲကိုယ်လုံးတွန်းကန်အားဖြင့်
ကျွန်ပ်ရင်ဘတ်ဆီခေါင်းတန်းပြီးကိုယ်လုံးကြီးတိုးဝင်လာပါတယ်..။
ကျွန်မှာသတိမပြတ်ကပ်ထားသူမို့
ရုတ်တရက်ကိုယ်ကိုနောက်ပြန်လျင်မြန်စွာလှဲချ၍ ကျွန်ပ်ကိုမထိပဲလေပေါ်အရှိန်လွန်သွားသောမြွေကြီးလေပေါ်ရှိနေချိန်ချက်နေရာကိုမှန်းဆ၍ လှဲနေရာမှ သေနတ်မောင်းဆွဲချလိုက်ပါတယ် ။
ပြီးနောက်၊
ဘေးသို့လျင်မြန်စွာလှိမ့်ထွက်ပြီး မြေပြင်ပေါ်အရှိန်လွန်ပြုတ်ကျသောမြွေကြီးမလူပ်ရှားခင်ခေါင်းကိုကျည်နှစ်တောင့်ပစ်သွင်းလိုက်ပါတယ် ။
ကျွန်ပ်လူပ်ရှားမူတစ်ဆင့်တိုင်းဟာ မိနစ်ပိုင်းအတွင်းကျွမ်းကျင်လျင်မြန်စွာလူပ်ရှားသွား
ခြင်းဖြစ်ပါတယ် ။
စပါးကြီး မြွေကိုတစ်ခြားနေရာပစ်ပါက မသေနိူင်ပဲချက်နေရာကညိူ့ကြိုးကိုအရင်ထိအောင်ပစ်ပြီးမှခေါင်းကိုပစ်လိုက်ခြင်းဖြစ်ပါတယ် ။
မြွေကြီးမှာခေါင်းပွင့်ထွက်နေခြင်းနဲ့အတူ၊
ချက်နေရာမှလည်းသွေးများထွက်လျက်ရှိနေရာ
သေနတ်ကျည်ဆံကကျွန်ပ်ပစ်လိုသောနေရာကို
တိုက်ရိုက်ထိမှန်ဟန်ရှိပါတယ်။
မြေပြင်ပေါ်တွင်လူပ်ရှားရုန်းကန်၍
ကိုယ်လုံးတွန့်လိန်လူပ်ရှားနေရာဘေးမှချုံပုတ်၊
သစ်ပင်ငယ်များ ကျိုးပဲ့၊ပိပြားကုန်ပါတော့တယ် ။
ကျွန်ပ်မှာယခုစပါးကြီးမြွေနဲ့ရင်ဆိုင်ရာတွင်
ကံတရားကြောင့်သာ အသက်ဘေးမှလွတ်မြောက်
ကြောင်းဝန်ခံလိုပါတယ် ။
ပထမအချက်အနေဖြင့် စည်းဝိုင်းအလယ်ရောက်ချိန်တွင်ညိူ့ဓတ်ပျယ်သွားခြင်း။
မြွေကြီးခုန်လာချိန်ချက်ညိူ့ကြိုးနေရာကိုမှန်းဆပစ်ရာကွက်တိထိမှန်ခြင်းတို့မှာ ကံကောင်းထောက်မ၍ဖြစ်ကြောင်းဝန်ခံလိုပါတယ် ။
တိမ်မည်းများအုပ်ဆိုင်းလာခြင်းကြောင့်မိုးရွာမည်ထင်မှတ်ခဲ့သော်လည်းလေတသုန်သုန်တိုက်ခတ်ခြင်းနဲ့အတူ တိမ်မဲများရွေ့လျားသွားသောအခါ ပတ်ဝန်းကျင်ကိုရှင်းလင်းစွာမြင်တွေ့ရလာပါတယ် ။
စပါးကြီးမြွေကြီးမှာစန့်စန့်ကြီးစင်းပြီးသေဆုံးလျက်
ရှိနေတာတွေ့လိုက်ရပါတယ် ။
ကျွန်ပ်အစပထမလှမ်းတွေ’့ရသောအိမ်ကိုပြန်ကြည့်မိရာထိုနေရာအိမ်ရှိမနေခြင်းကိုတွေ’့လိုက်ရပါတယ်။
ရွာပြန်၍ရွာသားများခေါ်ကာစပါးကြီးမြွေကိုသယ်ရန်စိတ်ကူးပြီးရွာပြန်လာရာတွင်လမ်းတစ်လျောက် ကျွန်ပ်ခေါင်းအတွင်း အတွေးများစွာရှိနေပါတယ် ။
ကျွန်ပ်တွေ့လိုက်ရသောမိန်းခလေးမှာ
အမှန်တကယ်ယခုမြွေကြီးဖြစ်နေသလား။
သူမချစ်လင်ခင်ပွန်းအတွက်ဒီပါနဲ့ရွာသားတစ်ယောက်ကိုသတ်သည်ဟုပြောသောစကားမှာအမှန်လားဆိုတာဝေခွဲရခက်နေပါတယ်။
ကျွန်ပ် စပါးကြီးမြွေညိူ့ခံရမူကြောင့် စိတ်အတွင်းမြွေကိုလူအဖြစ်မြင်ခြင်းမျိုးလားဆိုတဲ့
ဇဝေဇဝါစိတ်မျိုးရှိနေတာကြောင့် ကျွန်ပ်မြင်ခဲ့သမျကိုအမှန်တကယ်မြင်တာလို့တပ်အပ်သေချာပြောဖို့ခက်နေခြင်းဖြစ်ပါတယ် ။
ဒါပေမယ့်
ကျွန်ပ် စပါးကြီးမြွေကြီးကိုပစ်ခတ်ရရှိပြီးချိန်ကစပြီး
ကျွန်ပ်တို့ရွာသားများကိုသတ်သောအကောင်ကြီးမှာလည်းနောက်ထပ်ပေါ်မလာတော့ပဲတခါတည်း
ပျောက်ကွယ်သွားသည်မှာယနေ့အချိန်ထိပင်ဖြစ်ပါတော့သတည်း။
====================
ပြီးပါပြီ
မြူခိုးအလင်္ကာ
( မုဆိုးဝတ္ထုများကို ကျွန်တော်ရေးသားရာတွင် ဆရာဖိုးကျော့စာများထဲမှ တိရိစ္ဆာန်များ၏ လူပ်ရှားသွားလာနေထိုင်၊ပြုမူပုံ
အသေးအစိတ်အချက်အလက်များကို မှီးငြမ်း၍
ဇတ်လမ်းဆင်ရေးသားခြင်းဖြစ်ပါတယ် ။
သင်ဆရာ၊မြင်ဆရာ၊ကြားဆရာဖြစ်သောဆရာများ
ထဲတွင်မြင်ဆရာဖြစ်သော ဆရာကြီးဖိုးကျော့ကိုယခုစာဖြင့် ဂါရဝပြုအပ်ပါတယ်… )
မြူခိုးအလင်္ကါ
Leave a Reply