“အဘကိုကြည့်ရတာ တော်တော်ဆာနေတဲ့ပုံပဲ၊ကျွန်တော်စားမယ့်အထဲကတစ်ဝက်ကို အဘကိုကျွေးပါ့မယ်။ “ကျေး ကျေးဇူးတင်ပါတယ် ငါ့တူရယ် အဘတကယ်ကျေးဇူးတင်ပါ တယ်ကွယ်” “မလိုပါဘူးအဘရာ ဆာလောင်နေတဲ့သူကိုအစားကျွေးရတာ ကျွန်တော်ကုသိုလ်ရတာပေါ့။ ရော့အဘစားဗျာ အဘအတွက်ကြက်ဥကြော်ပါ ထည့်ပေးထားတယ် အားမနာနဲ့စားအဘ, “ငါ့တူကြီးဘုန်းကြီးလို့အသက်ရှည်ပါစေ ကျန်းမာချမ်းသာပြီး လိုအင်ဟူသမျှ ပြည့်စုံပြီးစေတနာအကျိုးပေးပါစေ ကွယ်” “အဘပေးတဲ့ဆုနဲ့ပြည့်ပါရစေအဘရာ ဒါနဲ့အဘကိုအရင်ကတစ်ခါမှမတွေ့ဖူးဘူး။ အဘကဘယ်မှာနေတာလဲဗျ” “အင်း,အဘကနေစရာအိမ်ရယ်လို့ မရှိပါဘူးလူလေးရာ၊ဒီလိုပဲခြေဦးတည့်ရာသွားနေရတာပါပဲ” “သြော်,ငါတို့ဆင်းရဲတာကမှ နေစရာရယ်လို့ရှိသေးတယ်၊ဒီအဘက တော့ငါတို့ထက်ပိုပြီးကံဆိုးနေပါလား။ “ကဲ,စားလို့သိပ်ကောင်းတာပဲလူလေးရာ အဘကိုသွားခွင့်ပြုပါအုံးကွယ်” “ဟုတ်ကဲ့အဘ” တရိပ်ရိပ်ထွက်သွားသည့် အဘိုးအိုကိုကြည့်ပြီးကိုစိန်ပုလည်း ပြုံးနေမိပါတော့တယ်။ ယနေ့အဖို့မိမိစားမည့်အထဲမှ ဆာလောင်နေသူကိုဝမ်းပြည့်အောင် ကူညီခဲ့ရသည့်အတွက် ကိုစိန်ပုတစ်ယောက် ဝမ်းသာပီတိဖြစ်နေ မိပါတော့တယ်။ ...

  ဒါဆို တကယ်အစောင့်ရှိတာပေါ့နော် ရှိတာပေါ့ နောက်တစ်ယောက်လဲရှိသေးတယ်။ အဖွားလိုပဲ သူနမည်က စူလတီ တဲ့။ ဟိုဘက်လမ်းမှာနေတယ်။ မင်းသူ့ဆီသွားမေးကြည့်ဆိုတော့ ကျွန်တော်လဲ စူလတီနေတဲ့ အိမ်ကိုထပ်ရောက်ခဲ့တယ်။ ဒေါ်စူလတီကိုတွေ့တော့ သူကြုံခဲ့တဲ့ အကြောင်းကို.ကျွန်တော်ကိူပြောပြခဲ့တယ်။ အဒေါ်က.ပယာကြော်ရောင်းတာ။ အိမ်မှာပယာကြော် ကြော်ရင်ဘေးအိမ်ကလူတွေက ညော်တယ် ဆိုပြီး ပြောလို့ ဂိုဒေါင်ထဲမှာသွားကြော်တာ။ ပထမဆုံးသွားကြော်တဲ့နေ့ပဲ အိမ်မက်မက်တာ။ အဒေါ်က သရဲတစ္ဆေတွေအယုံအကြည်မရှိဘူး။ နောက်တစ်ခုက အဒေါ်က ဘာသာခြား။ အိမ်မက်ထဲမှာ သူနေတဲ့နေရာကိုလာပြီး သူ့ကိုအညော်တိုက်ပါတယ်ဆိုပြီး.အဒေါ်ပါးတွေကို.ရိုက်တာ။ အိမ်မက်ထဲမှာရိုက်တာ နိုးလာတော့ အဒေါ်ပါးတွေ.ယောင်ကိုင်းနေတာပဲ။ အဒေါ်လဲ အဲဒီတော့မှ.ကြောက်ပြီး.နွားနို့တွေ ကန်တော်ပွဲတွေနဲ့ ...

မယ်…” “အေး…အေး…အေး…” မိန်းကလေးက ဘွားမယ်စိန်ကိုနှုတ်ဆက်ပြီး ပြန်သွားခဲ့သည်။ ဘွားမယ်စိန်ကထိုမိန်းကလေး၏ကျောပြင်ကိုငေးကြည့်ရင်း ကွပ်ပျစ်ခင်း၌ထိုင်မြဲအတိုင်းထိုင်နေလေသည်။ နောက်တစ်နေ့နံနက်ခင်း၌… “အမေ…ဒီမှာကောက်ညှင်းပေါင်းလေးနဲ့ ပဲကြော်လေး နံနက်စာပြင်ပေးထားတယ်” “အေး…အေး…အေး…” ဘွားမယ်စိန်က ကွပ်ပျစ်ခင်း၌တည်ခင်းပေးထားသော ဒေါ်ဝင်းပြင်ဆင်ပေးထားသည့် နံနက်စာကို မစားဖြစ်သေးဘဲ အတွေးများနေခဲ့ပေသည်။ သူ၏အတွေးသည် ညကအိမ်မက်အတွင်းလာရောက်သွားသော ဥစ္စာစောင့်မလေး၏အကြောင်းပင်။ “အမေ…စားတော့လေ… ကျုပ်ငှဲ့ပေးထားတဲ့ရေနွေးကြမ်းတွေတောင်အေးကုန်ပြီ အမေရဲ့…” ဒေါ်ဝင်းကသတိပေးလေတော့မှ… “အေးပါမိဝင်းရယ်… စားမှာပါဟဲ့…” ဟု…ဘွားမယ်စိန်ကပြန်ကာပြောသည်။ ကောက်ညှင်းပေါင်းနဲ့အကြော်ကိုရော၍စားရင်း အကြမ်းရည်လေးကိုသောက်၏။ စားလို့ပြီးချိန်၌… “ဒီနေ့ညည်းရွာထဲသွားဦးမှာလား” ဟု…အနီး၌ထိုင်ကာ ကန်စွန်းရွက်ခြွေနေသော ဒေါ်ဝင်းကိုမေးလိုက်ပြန်သည်။ “အမေက ကျုပ်ကိုဘာခိုင်းချင်လို့လဲ” “ညည်းရွာထဲသွားဖြစ်ရင်…ညည်းတူမောင်တိုးတို့ကို အိမ်လာခဲ့ကြဖို့ခေါ်ခိုင်းမလို့လေ…” “ဒါများအမေရယ်… ...

တဖြည်းဖြည်းနောက်ဆုတ်ပြီး တောအ ပြင်သို့ထွက်သွားကြပါတော့သည် ။    ◾အခန်း (၂)     ‌”တောက် စနေဆိုတဲ့ လူကြီးက တကယ်စွမ်းတာပဲဟ “     “ဟုတ်တယ် ဒါပေမဲ့ ကျုပ်တို့တိုက်တော့ ဘာလို့ထွက်ပြေးတာလဲ မသိဘူး “     “ငါ့အထင် မင်းအဘရဲ့အစီအရင်က သူ့ပညာနဲ့ တိုးမပေါက် လို့ထင်တယ် “     “မသိဘူးဗျာ ဒီကောင်ကြီးကိုတော့ ဆုံးမမှရမယ် “     စကားတပြောပြောနှင့် တောအုပ်ထဲမှ ထွက်လာသူများမှာ မောင်ဘိုးထင်တို့အဖွဲ့ နှင့် ဦးစံလှတို့ ဖြစ်သည်။သူတို့သည် ...

သူတို့အတွက်ပိုပြီးလွတ်လွတ်လပ်လပ်‌‌ေနလို့ရသွားတော့ပေါ့ကွယ်” ကိုမြင့်ဆောင်လည်းသူသိချင်တာမေးပြီးကပ္ပိယကြီးနှင့်စားစမြည်ပြောကာခဏနေ‌တော့အိမ်သို့ပြန်ခဲ့တော့သည်။ အိမ်သို့ပြန်ရောက်တော့ ရွာထဲမှလူလေးငါးယောက်ကိုအကူအညီခေါ်ပြီး မောင်ညွန့်၏အိမ်ကိုခြုံနွယ်ပင်များရှင်းလင်းရန်ထွက်ခဲ့တော့သည်။ သူတို့၏အိမ်လေးအားရှင်းလင်းပေးနေကြသူများကို ဦးမြ‌ မောင်ညွန့်နှင့်မနှင်းတို့အိမ်ဝိုင်း၏နောက်ဘက်လှည်းလမ်း‌ေလးပေါ်မှနေရပ်ပြီးကြည့်နေကြသည်။ သက်ရှိလူသားဖြစ်ပါကအခုလိုအချိန်မျိုးတွင်စားသောက်ဖွယ်ရာတစ်ခုခုဖြင့်ဧည့်ခံနိုင်မည်ဖြစ်သောလည်း အခုတော့သူတို့ရပ်ကြည့်ယုံသာတတ်နိုင်တော့သည်။ ကိုလှသောင်းတစ်ယောက်ဓါးတစ်လက်ဖြင့်ခြုံနွယ်တွေကိုရှင်းလင်းနေရင်း ကျိုးပျက်နေသောဝိုင်းအနောက်ဘက်ခြံစည်းရိုးနားသို့ရောက်ရှိခဲ့သည်။ ထိုနေရာရှိခြုံနွယ်တွေကိုခုတ်ထွင်လိုက်တော့ ခြုံအောက်တွင်မှိုပွင့်တော်တော်များများပေါက်နေတာမြင်လိုက်ရသည် သူလည်းငုတ်တုပ်ထိုင်ချလိုက်ပြီး မှိုတွေကိုဝမ်းသာအားရနှုတ်ပြီးခါးပိုက်ထဲထည့်ရန်ပြင်နေသည်။ ထိုသို့ ကိုလှသောင်းထိုမှို‌ေတွကိုနှုတ်နေတာမြင်တော့ မနှင်းသတိရသွားသည် သူနှင့်သူ့ယောက္ခမဦးမြတို့သေဆုံးရသည်မှာအဲ့ဒီမှိုတွေကြောင့်ဖြစ်သည်။ သူထိုမှိုများကိုချက်ပြီးဦးမြနှင့်အတူထမင်းစားနေသည် ထမင်းစားလို့မပြီးခင်မှာပဲသူတို့နှစ်ယောက်အဆိပ်သင့်၍သေခဲ့ရသည်။ ထိုအဖြစ်အပြက်ကိုမနှင်းပြန်သတိရပြီး ကိုလှသောင်းထိုမှိုများကိုနှုတ်နေတာကိုမြင်‌ေတာ့ သူတို့လိုမဖြစ်စေလို ဒါကြောင့်သူရုတ်တရက်မှိုနှုတ်နေသောကိုလှသောင်းကိုပြေးတွန်းလိုက်သည်။ မှိုနှုတ်နေသောကိုလှသောင်း ဘေးသိုရုတ်တရက်လဲကြမလိုဖြစ်သွားသည်။သူလန့်ဖြန့်သွားပြီးဘေးကိုကြည့်လိုက်‌ေတာ့ဘယ်သူမှမရှိ သူစိတ်အထင်သူမှိုတွေကိုအာရုံစိုက်နှုတ်နေတာသိလို့သူတို့အဖွဲထဲကတစ်ယောက်ယောက်လာပြီးစနောက်လိုက်ချင်းဖြစ်သည်ဟုပဲထင်မိလိုက်သည်။ သို့သော်သူထင်သလိုသူ့ရဲ့ဘေးတွင်တစ်ဦးတစ်ယောက်မှရှိမ‌ေနတာမြင်တော့ “ဟေ့ကောင်တွေ လာဦးဟ” သူပြောပြောဆိုဆိုကျန်တဲ့လူတွေအလုပ်လုပ်နေသည့်နေရာသို့ ခပ်သွက်သွက်လျှောက်လာသည်။ ကိုမြင့်ဆောင်သူ့ပုံစံကိုမြင်‌ေတာ့ မေးလိုက်သည်။ “ဘာဖြစ်တာတုန်းကွ လှသောင်း” “ငါဟိုနားမှာမှိုနှုတ်နေတုန်းတစ်ယောက်ယောက်ကတွန်းလိုက်သလိုပဲ အစကတော့မင်းတို့ထဲကငါ့ကိုစတယ်ထင်နေတာ” ...

အဘအောင်ကို ကတိပေးထားရသည်။ xxx xxx xxx နေသာသော နေ့တစ်နေ့တွင် ဖြစ်သည်။ “ဆရာလေး … ဆရာလေး” “လာပြီဗျို့ … လာပြီ” ကျွန်တော် အိမ်ထဲမှ ထွက်လာသောအခါ အိမ်ရှေ့တွင် အဘအောင်နှင့် အသက်(၄ဝ)ခန့် ပါးစပ်ထဲတွင် ကွမ်းချေးများကပ်နေသော လူတစ်ယောက်ကို တွေ့ ရသည်။ “လာလေ … အဘ၊ အထဲဝင်လေ” “ဒီလိုပါ ဆရာလေး။ သူက ကျော်ဇံလှပါ။ သူ့သခွားခင်းထဲမှာ ညဘက်ကျရင် တောဝက်တွေဝင်လာပြီး ဖျက်,ဖျက်နေတာ (၃-၄)ရက်ရှိပြီ။ အတော်ပျက်စီးကုန်တယ်လို့ ပြောတယ်။ ...

နှင့် စားအိုးစားခွက် အချို့သာ အိမ်တွင်ရှိကြလေသည်။ “ဝုန်း” ကျပြန်ပြီနောက်တစ်လုံး။ ဆယ်ဖောအမေသည် မောင်လေး အငဲကို ကောက်ချီကာ ပုဆိုးဖြင့် ကိုယ်တွင်ချည်နှောင်လေသည်။ မောင်လေး အငဲမှာ အသက် ၆ နှစ်ခန့်ရှိပြီဖြစ်သည်။ သို့သော်လည်း အပြေးမကျင်လည်သေးပေ။ ဆယ်ဖောလဲ ပြောစရာမလိုပေ၊ အိမ်မှာရှိတဲ့ အိုးခွက်တစ်ချို့နှင့် ဆန်နှင့် ငါးခြောက်တို့ကို ဆာလာအိတ်အပိုင်းတစ်ခုဖြင့် ထုပ်ကာ ကိုယ်တွင် ကြိုးတစ်ချောင်းနှင့်ချည်လိုက်လေသည်။ သူတို့ သားအမိသည် ငြိမ်သက်စွာဖြင့် ပတ်ဝန်းကျင်ကို နားစွင့်နေကြသည်။ “အမိုး ဒီးဒီး တို့အိမ်ဘက်ကို ကျတာနေမှာ” ဆယ်ဖော ကခန့်မှန်းလိုက်သည်။ ...

တယ်” ဟု ကျွန်ုပ်က ရယ်မော ပြောဆိုလိုက်လေ၏။ “ကျွန်ုပ်၏ စာစကားပြောခြင်းကို မှားမည်ဟု သင်ဆိုလိုမည်လော’ ဟု စာစကားပြောသော မောင်တောင်ကျော်က ပြန်၍မေးလိုက်လေ၏။ “မမှားပါဘူး၊ ကျုပ်က ရယ်ချင်တာပါ၊ မိတ်ဆွေကို တောင်းပန်ပါတယ်”” ဟု ကျွန်ုပ်သည် အနူးအညွတ် တောင်းပန်ရလေ၏။ “ကျွန်ုပ်အား သင်တို့ တောင်းပန်လျှင် ရ၏၊ ယနေ့ နံနက်တွင် ကြိုးပေးခံရသော ပတ္တမြားမင်းမောင်နှင့်သာ တွေ့ ရပါမူ သင်တို့၏ တောင်းပန်ခြင်းကို လက်ခံလိမ့်မည် မဟုတ်ပေ” ဟု မောင်တောင်ကျော်က ဆိုပြန်၏။ “နေစမ်းပါဦး၊ ...

ဘယ်သူ့မှအရေးမလုပ်တဲ့အပြင် သူ့မှာလည်း မိသားစုကမရှိသေးဘူးလေ…ကျုပ်တို့အမြင်တင်မဟုတ်ဘူးဗျို့… အမျိုးသမီးကြီးတွေကပါ ဒီအဘွားကြီးကို အောက်လမ်းသည်မကြီးလို့ ပြောနေကြတာ………….” “အင်း…….။ငါလည်းကြားတော့ကြားမိတာပေါ့…. ကဲပါကွာ…ကလေးမလေးသတင်းကိုသာရအောင် စုံစမ်းကြစမ်းပါ….သွားကြတော့…သွားကြတော့…..” သူကြီးသည် ရွာလူကြီးတစ်​ယောက်အနေဖြင့် စကားအားထိန်းသိမ်းကာပြောပြီးနောက် ရွာသားများအား ပြန်လွှတ်လိုက်တော့သည်။ ပန်းနုပျောက်ဆုံးနေသည်မှာ သုံးရက်ကြာပြီးနောက်….. “သူကြီး…ဗျို့…သူကြီး ပန်းနုသူ့အိမ်ပြန်ရောက်နေပြီဗျ……” ရွာသားတစ်ယောက်သည် ခင်တန်းကုန်းရွာသူကြီး၏ အိမ်သို့အမောတကောပြေးလာလေသည်။ “ဟေ…ကလေးမလေးပြန်ရောက်နေပြီ…ဟုတ်လား… ဘာတွေများဖြစ်တာတုန်း” “အဲ့တာတော့မသိဘူးဗျ…မနက်အစောက ပြန်ရောက်နေတယ်ပြောတယ် …။သူဌေးဦးရွှေက သူကြီးကို လာပြောခိုင်းတာနဲ့ ကျုပ်လာပြောပေးတာ…….” “အေးကွာ…ဒါဖြင့် ဦးရွှေအိမ်ကိုငါသွားလိုက်ဦးမယ်…..” သူကြီးသည် ရွာ​တောင်ပိုင်းသို့ ဝမ်းပန်းတသာ ထွက်သွားတော့လေသည်။ သူဌေးကြီးဦးရွှေအိမ်၌ သူဌေးကြီး၏ဆွေမျိုးသားချင်းများ လည်းရောက်ရှိနေခဲ့သည်။ “သမီး ...

ဧည့်ခန်းထဲတွင် ခြေပစ်လက်ပစ် ထိုင်ချပစ်လိုက်သည်။ သူ၏အတွေးတို့သည်လည်း ယောက်ယက်ခတ်လျက်ရှိနေသည်။ ထိုအခိုက်တွင် ‘ကျွီ’ လူဝင်တံခါးပေါက်ပွင့်သွားပြီး သူ၏ဇနီးသီတာနှင့် သမီးလေးမိငယ်ဝင်လာသည်။ “ဖေဖေ။အမှောင်ထဲ ဘာထိုင်နေတာလဲ” မေးရင်းဖြင့်မိငယ်က မြတ်မင်းလွင်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ သီတာကလည်း ဦးခေါင်းပေါ်တွင် တောင်းတစ်လုံးကို ကြမ်းခင်းပေါ်ချထားလိုက်ရင်း မြတ်မင်းလွင်ကို မေးလိုက်သည်။ “ယောက်ျား။ဘယ်လိုဖြစ်လို့ တံခါးကြီးပိတ်ပြီး ထိုင်နေရတာတုံး။ထိုင်ခုံပေါ်ထိုင်လေ” “ရပါတယ်ကွာ” သီတာ မည်သို့မှ မပြောတော့ဘဲ သူ၏ရှေ့တွင်ထိုင်လိုက်ရင်း “အလုပ်သွားလျှောက်တာ အဆင်ပြေလား” သူခေါင်းခါပြလိုက်ရင်း “မပြေဘူး။ဂိတ်စောင့်တဲ့ လုံခြုံရေးတွေက ပြောတယ်။အကောင်ကြီးကြီး အမြီးရှည်ရှည်တစ်ယောက်ယောက်ရဲ့ထောက်ခံချက်ပါမှတဲ့” သီတာ နှာခေါင်းရှုံ့သွားသည်။ “ကြီးကျယ်လိုက်တာ” ယင်းသို့ရေရွတ်ပြီးနောက် ...