သာဓုမခေါ်ကြသူများ

သူတို့အတွက်ပိုပြီးလွတ်လွတ်လပ်လပ်‌‌ေနလို့ရသွားတော့ပေါ့ကွယ်”

ကိုမြင့်ဆောင်လည်းသူသိချင်တာမေးပြီးကပ္ပိယကြီးနှင့်စားစမြည်ပြောကာခဏနေ‌တော့အိမ်သို့ပြန်ခဲ့တော့သည်။

အိမ်သို့ပြန်ရောက်တော့ ရွာထဲမှလူလေးငါးယောက်ကိုအကူအညီခေါ်ပြီး မောင်ညွန့်၏အိမ်ကိုခြုံနွယ်ပင်များရှင်းလင်းရန်ထွက်ခဲ့တော့သည်။

သူတို့၏အိမ်လေးအားရှင်းလင်းပေးနေကြသူများကို
ဦးမြ‌ မောင်ညွန့်နှင့်မနှင်းတို့အိမ်ဝိုင်း၏နောက်ဘက်လှည်းလမ်း‌ေလးပေါ်မှနေရပ်ပြီးကြည့်နေကြသည်။

သက်ရှိလူသားဖြစ်ပါကအခုလိုအချိန်မျိုးတွင်စားသောက်ဖွယ်ရာတစ်ခုခုဖြင့်ဧည့်ခံနိုင်မည်ဖြစ်သောလည်း
အခုတော့သူတို့ရပ်ကြည့်ယုံသာတတ်နိုင်တော့သည်။

ကိုလှသောင်းတစ်ယောက်ဓါးတစ်လက်ဖြင့်ခြုံနွယ်တွေကိုရှင်းလင်းနေရင်း ကျိုးပျက်နေသောဝိုင်းအနောက်ဘက်ခြံစည်းရိုးနားသို့ရောက်ရှိခဲ့သည်။

ထိုနေရာရှိခြုံနွယ်တွေကိုခုတ်ထွင်လိုက်တော့ ခြုံအောက်တွင်မှိုပွင့်တော်တော်များများပေါက်နေတာမြင်လိုက်ရသည် သူလည်းငုတ်တုပ်ထိုင်ချလိုက်ပြီး မှိုတွေကိုဝမ်းသာအားရနှုတ်ပြီးခါးပိုက်ထဲထည့်ရန်ပြင်နေသည်။

ထိုသို့ ကိုလှသောင်းထိုမှို‌ေတွကိုနှုတ်နေတာမြင်တော့ မနှင်းသတိရသွားသည် သူနှင့်သူ့ယောက္ခမဦးမြတို့သေဆုံးရသည်မှာအဲ့ဒီမှိုတွေကြောင့်ဖြစ်သည်။

သူထိုမှိုများကိုချက်ပြီးဦးမြနှင့်အတူထမင်းစားနေသည် ထမင်းစားလို့မပြီးခင်မှာပဲသူတို့နှစ်ယောက်အဆိပ်သင့်၍သေခဲ့ရသည်။

ထိုအဖြစ်အပြက်ကိုမနှင်းပြန်သတိရပြီး
ကိုလှသောင်းထိုမှိုများကိုနှုတ်နေတာကိုမြင်‌ေတာ့ သူတို့လိုမဖြစ်စေလို ဒါကြောင့်သူရုတ်တရက်မှိုနှုတ်နေသောကိုလှသောင်းကိုပြေးတွန်းလိုက်သည်။

မှိုနှုတ်နေသောကိုလှသောင်း ဘေးသိုရုတ်တရက်လဲကြမလိုဖြစ်သွားသည်။သူလန့်ဖြန့်သွားပြီးဘေးကိုကြည့်လိုက်‌ေတာ့ဘယ်သူမှမရှိ
သူစိတ်အထင်သူမှိုတွေကိုအာရုံစိုက်နှုတ်နေတာသိလို့သူတို့အဖွဲထဲကတစ်ယောက်ယောက်လာပြီးစနောက်လိုက်ချင်းဖြစ်သည်ဟုပဲထင်မိလိုက်သည်။

သို့သော်သူထင်သလိုသူ့ရဲ့ဘေးတွင်တစ်ဦးတစ်ယောက်မှရှိမ‌ေနတာမြင်တော့

“ဟေ့ကောင်တွေ လာဦးဟ”

သူပြောပြောဆိုဆိုကျန်တဲ့လူတွေအလုပ်လုပ်နေသည့်နေရာသို့ ခပ်သွက်သွက်လျှောက်လာသည်။
ကိုမြင့်ဆောင်သူ့ပုံစံကိုမြင်‌ေတာ့ မေးလိုက်သည်။

“ဘာဖြစ်တာတုန်းကွ လှသောင်း”

“ငါဟိုနားမှာမှိုနှုတ်နေတုန်းတစ်ယောက်ယောက်ကတွန်းလိုက်သလိုပဲ အစကတော့မင်းတို့ထဲကငါ့ကိုစတယ်ထင်နေတာ”

“ကိုယ့်အလုပ်နဲ့ကိုတောင်မအားရတယ် ခင်ဗျားကိုဘယ်သူမှမစဘူး”

အောင်ဘုကပြောလိုက်သည်။

“အေးလေ အဲ့ဒါကြောင့်မင်းတို့ကိုလာပြောတာပေါ့”

“ပြစမ်းပါဦးခင်ဗျားကိုတွန်းလိုက်တဲ့နေရာ”

အောင်ဘုကဆက်မေးလိုက်သည်

“ဟိုနေရာလေကွာ”

ကိုလှသောင်းသူမှိုနှုတ်နေသည့်နေရာကိုလက်ညှိုးထိုးပြသည်။

“ခင်ဗျားတွေ့တာဘာမှိုတွေတုန်း”

“အဲ့ဒါတော့သိဘူးလေကွာ ငါလည်းမှိုပွင့်ခပ်ကြီးကြီးတွေတွေ့လို့နှုတ်နေလိုက်တာ”

“လာဗျာအဲ့ဒါဆိုသွားကြည့်ရအောင်”

မှိုအကြောင်းသိသည်သည့် အောင်ဘုကထို့ပြောပြီးရှေ့ကသွားလိုက်သည် ကျန်သူအားလုံးလဲသူနောက်ကလိုက်သွားကြသည်။

ကိုလှသောင်းလက်ညှိုးထိုးပြသောနေရာသို့ရောက်တော့သူနှုတ်နေသည့်မှိုများကိုကြည့်ရင်းအောင်ဘုက‌ေမးလိုက်သည်။

“ကိုလှသောင်းခင်ဗျားနှုတ်နေတာဒီမှိုတွေလား”

“အေးလေကွာ”

“ခင်းဗျးချက်စားဖို့လား”

“ဟုတ်တယ်လေ ဘာဖြစ်လို့တုန်း”

“ဒီမှိုတွေကမစားကောင်းဘူးဗျ များများစားမိရင်သေတတ်တယ်”

“ဟေ ဟုတ်လားကွ”

“ဟုတ်တယ်ဗျ မနှင်းတို့သမီးယောက္ခမနှစ်ယောက်လည်းဒီမှိုတွေချက်စားမိပြီးသေရတာပဲ သူတို့မှိုတောက်နေတဲ့အချိန်သိတဲ့သူဘယ်သူမှမရှိတော့ အသက်ပါဆုံးသွားကြတာဗျ”

“ဟုတ်လား ငါလည်းမှိုအကြောင်းမသိ‌တော့ စားလို့ရမယ်ထင်ပြီးနှုတ်နေတာကွ မင်းတို့လာနှုတ်မှာစိုးလို့
မင်းတို့ကို‌ေတာင်အသိမပေးဘူး တစ်ခါထဲခါးပိုက်ထဲထည့်ပြီးအိမ်ယူသွားဖို့စီစဉ်ထားတာ တော်သေးတာပေါ့
ငယ်ငယ်ရွယ်ရွယ်နဲ့သေတော့မလို”

ကိုလှသောင်းထိုသို့ပြောတော့အောင်ဘုကမျက်နှာကိုမဲ့လိုက်သည်။

ထိုနောက်သူတို့လည်းလုပ်စရာရှိတာ‌ေတွကိုဆက်လုပ်ကြရင်းအားလုံးရှင်းလင်းပြီးသွားတော့မှအိမ်သို့ပြန်ခဲ့ကြတော့သည်။

(၂)

နောက်နေ့မနက်ရောက်တော့ကိုမြင့်ဆောင်လည်းဆွမ်းကျွေးဖိုအတွက်လိုအပ်တဲ့အရာမှန်သမျှမြို့ဈေးသို့လူလွှတ်ဝယ်ခိုင်းလိုက်သည်။
သူကတော့ကျန်သည့်လူများနှင့်မောင်ညွန့်၏အိမ်ကလေးကိုသန့်ရှင်းရေးလုပ်ပြီးပြင်ဆင်စရာရှိသည်များကိုကြိုတင်ပြင်ထားလိုက်သည်။

သို့နှင့်မြို့သို့သွာပြီးဈေးဝယ်သူများပြန်ရောက်လာတော့လည်း ချက်ဖို့ပြုတ်ဖို့အတွက်စီစဉ်ရပြန်သည်။

ထိုသို့သူတို့အိမ်လေးတွင်လူစည်စည်ကားကားဖြင့်
သူတို့အတွက် ကောင်းမှု့ကုသိုလ်လုပ်ကိုင်ပေးနေကြသူများကိုကြည့်ရင်း မောင်ညွန့် မနှင်း နဲ့ ဦးမြတို့စိတ်အေးချမ်းမှုများရနေကြမည်ဖြစ်သည်။

သို့သော် နောက်နေ့ရောက်၍ ရေစက်ချအမျှဝေလို့ သာဓုခေါ်လိုက်ရင် ဒီအိမ်လေးနဲ့သူတို့ခွဲခွါသွားရတော့မည်ဖြစ်သည် ဒီအတွက်သူတို့ဘယ်လိုခံစားကြရမည်ဆိုတာကို‌တော့မသိနိုင်

တဖြည်းဖြည်းနှင့်လုပ်စရာကိုင်စရာတွေပြီးပြီဖြစ်၍
လူတွေတစတစနည်းပါလာသည် အလျှိုအလျှိုမိမိတို့အိမ်သို့ပြန်ကုန်ကြပြီဖြစ်သည်။နောက်ဆုံးသူတို့အိမ်ပေါ်မှာ ပစ္စည်းပစ္စယများကိုဆောင့်ရှောက်ရန် လူနှစ်ယောက်သာကျန်တော့သည်။

သူတို့သုံးယောက်အိမ်လေးကိုပဲကြည့်နေကြသည်။
တကယ်တမ်းဒီအိမ်လေးကိုခွဲခွါရမည်ဆိုတော့ သူတို့မခွဲနိုင် ဆုံးဖြတ်ချက်ချရန်ဝေဝါးနေကြသည်။

ထိုသိုဖြင့်သူတို့ဆုံဖြတ်ရခက်မည်အချိန်သို့ရောက်လာပြီဖြစ်သည်။

နောက်နေ့မနက်အရောက်မှာတော့သူတို့၏အိမ်လေးတွင် လူများဖြင့်ပြန်လည်စည်ကားလာသည်။

မကြာမီရဟန်းသံဃာများကြွလာကြပြီးသူတို့ရဲ့အိမ်လေးပေါ်သို့တက်သွားတာကိုလည်းမြင်တွေ့ရသည်။

ကျွေးမွေးသူကကျွေးမွေး စားသောက်သူကစားသောက်နှင့်သူတို့အတွက်ကောင်းမှုကုသိုလ်ကို သူတို့ကိုတိုင်မလုပ်နိုင်ပေမဲ့ သူတို့ကိုယ်စားလုပ်ကိုင်ပေးနေသူများကိုကြည့်ရင်းကြည်နူးနေမိသည်။

ဒီလိုမြင်နေရတော့ ဒီနေရာကစွန့်ခွါသွားရမှာကိုပိုပြီး မလိုလားတော့သလိုဖြစ်လာကြသည်။

ဒီလိုနဲ့ဆရာတော်တရားဟောမည့်အချိန်သို့ရောက်လာပြီဖြစ်သည်။

လူကြီးတစ်ဦးကသူတို့နာမည်များကိုခေါ်ပြီးကုသိုလ်ကောင်းမှုအတွက်လာရောက်တရားနာယူရန်ဖိတ်ကြားနေသည့်အသံကိုလည်းကြားနေရသည်။

သူတို့တရားနာယူရန်တွေဝေနေကြသည် ဤအိမ်ကလေးသည် သူတို့ဘဝရဲ့ပထမဆုံးသောကိုယ်ပိုင်အိမ်ကလေးဖြစ်သည်။စွန်ခွါသွားရမှာကြောက်နေမိသည်
စွဲလမ်းစိတ်ကိုမဖြတ်နိုင်ကြ

ထိုသို့သူတို့ထိုသို့တွေဝေနေခိုက် ဆွမ်းကျွေးလာသူများစားသောက်ထားသောပန်းကန်များကိုဆေးကြောသန့်စင်
ပေးနေသည့် ကိုတင်မြင့်နဲ့မောင်ပုတို့ စကားပြေနေတာတွေကိုကြားလိုက်ရသည်။

“ကိုတင်မြင့် မောင်ညွန့်တို့မိသားစုက အမျှဝေလို့
သာဓုခေါ်လိုက်ရင်တကယ်ပဲ ကျွတ်လွှတ်သွားကြမှာလားဗျ”

“အေးပေါ့ကွ သူတို့သာဓုခေါ်လိုက်ရင် ဒီဘဝကကျွှတ်
လွတ်သွားပြီး သူတို့ရဲ့ကံအတိုင်သက်ဆိုင်ရာဘုံဘဝကိုရကြမှာပေါ့”

“ဒါဆိုသူတို့သုံးယောက်အတူနေဖို့အဖြစ်နိုင်တော့ဘူးပေါ့ ဟုတ်လား”

“အဲ့ဒါတော့ငါလည်းမပြောတတ်ဘူး ဒါပေမဲ့အတူတူပြန်ဆုံဖို့တော့မဖြစ်နိုင်ဘူးထင်ပါတယ်ကွာ”

သူတို့နှစ်ယောက်ပြောနေတာတွေကိုကြားပြီး

မောင်ညွန့် ဦးမြ နှင့်မနှင်းတို့ ထိုနေရာမှာပင်ရပ်နေမိကြသည်။

“ဒါဆိုသူတို့ဒီအိမ်လေးမှာလည်းနေလို့မရတော့ဘူးပေါ့
ဟုတ်လား”

မောင်ပုထိုသို့မေးတော့ ကိုတင်မြင့်ပြန်၍မေးလိုက်သည်။

“နေပါဦး မောင်ပုရ ဘာကြောင့်များမင်းကငါ့ကိုဒါတွေမေးနေရတာတုန်း”

“တခြားတော့မဟုတ်ဘူးဗျ ဒီအိမ်လေးက ပျဉ်နဲနဲလောက်ခွါပြီးကျုပ်အိမ်မှာပြန်သုံးချင်လို့”

“ဟ မင်းဟာက ငါနဲ့တောင်အကြံချင်းလာတူနေပါလား
ငါလည်းအရင်ကတည်းကဒီအိမ်ကပျဉ်တွေလာခွါဖို့စဉ်းစားသေးတယ် ဒါပေမဲ့ သရဲခြောက်တယ်ပြောသံကြားနေလို့မလုပ်ဖြစ်တာ”

“အေးဗျာ လူမနေတော့တဲ့အတူတော့ ဘာလုပ်တော့မှာလည်းနော့် ကျုပ်တို့ယူသုံးတော့သူတို့လည်းကုသိုလ်ပိုရတာပေါ့”

မောင်ပုကိုယ်ထင်တာကို ကိုပြောနေမိသည်။

“အေးဒါဆို တစ်ရက်ရက်လောက်မင်းနဲ့ငါ ဒီအိမ်ကပျဉ်လာခွါရ‌အောင် ဒါပေမဲ့လူတွေသိလို့တော့မဖြစ်ဘူးနော်”

“အေးပါဗျ ကျုပ်သိပါတယ် ဒါပေမဲ့ခင်ဗျားလာရင်‌ေတာ့ကျုပ်ကိုခေါ်ဦးနော်”

“ငါတစ်ယောက်တည်းလည်းမလာရဲပါဘူးကွာ”

ကိုတင်မြင့်နှင်မောင်ပုလည်းသူတို့လုပ်မည့်အစီအစဉ်များကိုပြောဆိုကြပြီး‌ ဆေးပြီးသာပန်းကန်များကိုယူကာ
အိမ်ပေါ်သို့တက်သွားကြသည်။

ကိုတင်မြင့်နဲ့မောင်ပုတို့ပြောဆိုနေတာတွေကြားတော့
သူတို့သုံးယောက်ဒေါသဖြစ်သွားကြသည်

သူတို့နှစ်ယောက်သည် မိမိတို့စွဲလမ်းတန်ဖိုးထားသော ဒီအိမ်ကလေးကိုသူတို့မရှိတော့လျှင် ဖြက်စီးယူငင်ဖို့ကြံစည်နေကြသည်။

နောက်ပြီးမိမိတို့ဒီဘဝမှလွတ်မြောက်သွားခဲ့ရင်လည်းနောက်ဘဝသစ်မှာအတူတူပြန်ဆုံနိုင်ဖို့မဖြစ်နိုင်‌တော့
ဒါတွေကိုသိသွားပြီးသူတို့သုံးယောက် ဒီဘဝနဲ့ပဲ
နေရင်း ဒီအိမ်ကလေးကိုစောင့်ရှောက်ဖို့ သာဓုမခေါ်ပဲနေလိုက်ကြ‌ေတာ့သည်။

ဒီလိုနဲ့ တဖြည်းဖြည်းအိမ်ကလေးသည် နဂိုအတိုင်းပြန်လည်တိတ်ဆိတ်သွားပြီဖြစ်သည် သူတို့သုံးရောက်လည်းအိမ်ပေါ်သိုပြန်တက်လာခဲ့‌‌ေတာ့သည်။

(၃)

ကိုမြင့်ဆောင်တစ်‌ေယာက် မောင်ညွန့်တို့မိသားစုအတွက်ရည်စူးသည့်ဆွမ်းကျွေးကိစ္စပြီးမြောက်သွားပြီးဖြစ်၍ အခုမှကိုအလုပ်ကိုပြန်လည်အာရုံစိုက်နိုင်သည်။

ထယ်မထိုးရသေးပဲကျန်နေသေးသည် ဦးဘိုခင်၏ရွာနားမှလယ်များကိုအပြီသတ်ထယ်ထိုးလိုက်သည်။

ထိုသို့ မောင်ညွန့်အိမ်လေးနားမှလယ်များကိုလုပ်ကိုင်နေသည့်တလျှောက်လုံး ထိုအိမ်လေးကိုခဏခဏကြည့်မိရင်း မောင်ညွန့်တို့တစ်တွေကောင်းရာဘုံဘဝသို့ရောက်ပါစေလိုဆုတောင်းပေး‌ေနမိသည်။

ကိုမြင့်ဆောင်တစ်ယောက်ရွာနားမှလယ်များ ထယ်ရေးစပ်သွားပြီဖြစ်သော်လည်းအနားမရသေး ရေစိမ်ထားသည့်ကျတ်တက်လျှိုလယ်များကိုထွန်ယက်ရဦးမည်ဖြစ်သည်။

ထို‌ေကြာင့်‌ လှည်းပေါ်တွင်လိုအပ်သောပစ္စည်းများတင်ကာ နွားပြာကြီးနှစ်ကောင်နှင့်အတူ တဲလေးဆီသို့လှည်း‌‌ေမာင်း၍ပြန်ခဲ့လိုက်တော့သည်။

(၄)
ညဆယ်တစ်နာရီအချိန်လောက်ဖြစ်သည် သလဲကုန်းတစ်ရွာလုံးအိပ်မောကြနေပြီးအရာရာတိတ်ဆိတ်လျှက်ရှိသည်။

မအိပ်သေးတာဆိုလို့ကိုတင်မြင့်နှင့်မောင်ပုသာရှိလိမ့်မည် သူတို့နှစ်ယောက်ရွာနောက်ဘက်လယ်ကွင်းထဲမှနေ၍မောင်ညွန့်အိမ်သို့သွားနေကြသည်။

ဆွမ်းကျွေးသည့်နေ့ကပန်းကန်ဆေးရင်းပြောခဲ့သည့်စကားအတိုင်း သူတို့နှစ်ယောက်မောင်ညွန့်အိမ်မှပျဉ်များကိုခွါယူန်ထွက်လာခဲ့ချင်းဖြစ်သည်။

“ကိုတင်မြင့် မောင့်ညွန့်တို့ကတကယ်‌ရောကျွတ်ပါ့မလားဗျ”

“မင်းကလည်းသူတို့တကယ်ကျွတ်လွတ်ချင်လို့ မြင့်ဆောင်ကြီးကိုအကူအညီတောင်းပြီး အမျှဝေခိုင်းတာပေါ့ဟ”

“အဲဒီလိုဆိုရင်တော်သေးတာပေါ့ တော်ကြာမကျွတ်မလွတ်ပဲ ကျုပ်တို့ကိုခြောက်နေရင်ဘယ်လိုလုပ်မတုံး”

” ရွာနဲ့ကပ်နေတာကိုကွာ ဘာလို့အဲလောက်ကြောက်နေရတာတုံး”

ထိုသို့သူတို့နှစ်ယောက်ပြောရင်းဆိုရင်းမောင်ညွန့်အိမ်နှင့်မနီးမ‌ေဝးသို့ရောက်လာခဲ့ပြီဖြစ်၍အိမ်လေးကိုလှမ်းကြည့်လိုက်ကြသည်။

အိမ်ကလေးသည်တိတ်ဆိတ်လျှက်ရှိသည်
လူနေသောအိမ်၏တိတ်ဆိတ်ခြင်းမျိုးမဟုတ် ထိုထက်ပို၍ခြောက်ကပ်နေသည်။

မောင်ပုအိမ်ကလေးကိုကြည့်ပြီးကြက်သီးထလာသည်။

“ကိုတင်မြင့်ကျုပ်တို့ပြန်ရအောင် ခွါမနေတော့နဲ့”

“မင်းကလည်းရောက်ခါနီးမှဘာဖြစ်တာတုန်း လာစမ်းပါကွာ ဘာမှမရှိတော့ပါဘူး မင်းလာခြောက်ပါဆိုရင်တောင်သူတို့မခြောက်နိုင်တော့ဘူး”

ကိုတင်မြင့်ထိုသို့ပြောရင်းရှေ့မှခပ်သွက်သွက်လျှောက်သည်။ သူစိတ်ထဲတွင်လည်းမောင်ညွန့်တို့မိသားစုကျွတ်လွတ်သွားပြီလို့ယုံကြည်နေသည်။

မနှင်းသူ့အိမ်ဆီသို့လာနေသော ‌ ကိုတင်မြင့်နှင့်မောင်ပုကို အိမ်ခေါင်မိုးပေါ်ကနေပြီးခါးကြီထောက်လျှက်ရပ်ကြည့်နေသည်။

သူမျက်လုံးတို့သည်လည်းနီရဲနေပြီဖြစ်သည်
ဟိုနေ့ထဲကဒီနှစ်‌ေယာက်ကိုတစ်ခုခုလုပ်ဖို့သူတို့အိမ်ပါ်တက်တာမြန်သွားပေလို့သာ အခုတော့သူ့အိမ်ကိုဖျက်စီးယူဖို့လာနေကြပြီ သူဒါတွေကိုသိတော့ဒေါသအလျှောက်အိမ်ခေါင်မိုးကိုခြေဖနောင့်ဖြင့်ဝုန်းကနဲ‌မြည်‌ေအာင်ပေါက်မိသည်။

“ကိုတင်မြင့် ကြားလိုက်လား ဝုန်းကနဲပဲ”

“မင်းကလည်း ကြောင်တွေနေမှာပေါ့ကွာ ကြောင်တွေကြွက်ခုတ်တာနေမှာပေါ့”

ထိုသို့‌ပြောပြီးသူတို့နှစ်ယောက်အိမ်ဝိုင်းထဲဝင်လာသည်ဆက်ပြီးအိမ်ပေါ်တက်လာသည်။
အိမ်ပေါ်သို့ရောက်တော့ လက်နှိပ်ဓာတ်မီးခပ်မှိန်မှိန်ဖြင့်
ကြမ်းခင်းပျဉ်တွေကိုထိုးကြည့်လိုက်သည်။

ထိုနောက်ပျဥ်းများအကြား ဟနေသောနေရာကို အသင်းယူဆောင်လာသောသံတူရွင်းဖြစ်ထိုးခွါလိုက်သည်။ထို‌ေနာက်ခွါပြီးသားပျဥ်‌ေချာင်းများကိုထပ်ပုံထားလိုက်သည်။

ထိုသို့သူတို့ပျဉ်ချောင်းများထိုးခွါနေတာကို ဦးမြ မောင်ညွန့်နဲ့ မနှင်းတို့ကြည့်နေကြသည်။ထိုသို့ကြည့်နေရင်းမောင်ညွန့်ပိတ်နေသောပြူတင်းတခါးကိုတွန်းဖွင်လိုက်သည် ဝုန်းကနဲမြည်သံနှင့်အတူတခါးရွက်များပွင့်သွားကြသည်။

ထိုသို့ရုတ်တရက်ပြူတင်းတခါးပွင်သွားတာမြင်တော့ ပျဉ်ချောင်းများခွါနေသောမောင်ပုနှင့်ကိုတင်မြင့်လန့်သွားကြပြီးတကိုယ်လုံကြက်သီးမွှေးညှင်းထလာသည်။

ထို့ကြောင့်သူတို့ပျဉ်ချောင်းများကိုဆက်မခွါရဲတော့ ဖွင့်ထာခဲ့သောအိမ်တခါးဆီသို့အလုအယက်‌ပြေးကြသည်။ဦးမြအိမ်တခါးကို ဝုန်းကနဲမြည်‌ေအာင်ပိတ်လိုက်ပြန်သည်။

သူတို့နှစ်ယောက်ကြမ်းပေါက်နေရာကိုကျော်ခွပြီ တစ်ခါပြူတင်းပေါက်ဆီသို့ပြေးလာပြန်သည် သူတို့ရောက်ခါနီးမှပြူတင်းတခါးသည်ပိတ်သွားပြန်သည်။

သူတိုဘယ်ပြေးရမှန်းမသိ ရုတ်တရက်မီးဖိုခန်းကိုသတိရပြီးထိုဘက်သို့ပြေးရန်အလှည့် ကြမ်းပြင်ပေါ်ကြကျန်ခဲ့သောခပ်မှိန်မှိန်ဓာတ်မီးအလင်းရောင်အောက်မှာဆံပင်ကြီးဖားလျှားချလျှက်ခါးကြီ‌ေထာက်ကာ မီးဖိုခန်းတခါးကိုပိတ်ရပ်နေသောမိန်းမကြီးတစ်‌ေယာက် နီရဲနေတဲ့မျက်လုံးကြီး‌ေတွနဲ့သူတို့ကိုစိုက်ကြည့်နေတာမြင်လိုက်ရပြန်သည်

ကိုတင်မြင့်နဲ့‌ေမာင်ပုဘာလုပ်ရမှန်းမသိတော့ တစ်ကိုယ်လုံတဆတ်ဆတ်တုန်‌ပြီးဇောချွေးများလည်းရွှဲနစ်နေပြီးဒူများတဆတ်ဆတ်တုန်ကာကြမ်းပြင်ပေါ်သို့ခွေညွှတ်ကြကုန်သည်။

သူတို့ကြည့်နေစဉ်မှာပဲ ထိုအပေါက်ဝမှာပိတ်ရပ်နေသောမိန်းမကြီးသည်သူတို့ထံသို့တရွေ့ရွေ့တိုးလာနေသည် သူတို့နှစ်ယောက်တဖြည်းဖြည်းနောက်သို့အားယူဆုတ်ရင်းမျက်နှာလွှဲလိုက်သည်
ထိုသို့သူတို့မျက်နှာလွှဲလိုက်သည့်နေရာတွင်လည်း ဖြူဖတ်ဖြူရော်မျက်နှာကြီးနှင့်ကြည့်နေတဲ့ယောက်ျားကြီးတစ်ယောက်တရွေ့ရွေ့နဲသူတို့နားသို့တိုးကပ်လာနေပြန်သည်

ကိုတင်မြင့်နှင့်မောင်ပုလိပ်ပြာလွင့်မတတ်ကြောက်နေကြသည် သူတိုနှစ်‌ေယာက်ဖင်ရွေ့ဖင်ရွေ့နဲ့နောက်ဆုတ်လာရင်းသူတိုခွါထားသောကြမ်းပြင်အပေါက်နေရာကိုလက်နှင့်စမ်းမိကြပြီး ထိုနေရာမှအိမ်အောက်သို့ဆင်းရန်အကြံရလိုက်သည်။

ကိုတင်မြင့်ထိုကြမ်းပေါက်နေရာမှအိမ်အောက်သို့ဆင်းရန်ခြေထောက်တစ်ဖက်ကိုချလိုက်သည် ထိုစဉ်သူခြေထောက်ကိုအေးစက်နေတဲ့လက်ကြီးတစ်ဘက်ကလာကိုင်ပြီးဆွဲချနေသည်။
ကိုတင်မြင့် အသံကုန်အော်ရင်း သူ့ခြေထောက်ကိုပြန်ရုန်းကာ ကုန်းရုန်းထလိုက်သည် ထို့နောက်နီးရာအိမ်ပျဉ်ထောင်နံရံကို ကိုယ်လုံးဖြင့်ဝင်တိုက်တော့သည် လေးငါးချက်လောက်အားနဲ့ဝင်တိုက်လိုက်တော့အိမ်ကိုကာထားသောပျဉ်ချပ်များကွာကြကုန်သည်

သူထိုအပေါက်မှနေပြီး‌‌ေအာက်သို့ခုန်ချ
လိုက်ရာခြေကျင်းဝတ်လည်ပြီးပြန်မထနိုင်ပဲဖြစ်နေသည်

ကိုတင်မြင့်အောက်ရောက်သွားတာမြင်တော့မောင်ပုလည်းသူ့လိုပင်ခုန်ချလိုက်သည် မောင်ပုအောက်‌ကိုရောက်ပြီးထပြေးမည်အလုပ် လဲနေသောကိုတင်မြင့်ကသူခြေထောက်ကိုဆွဲထားသည်ပြေးလို့မရတော့

“မောင်ပု ငါ့ကိုထူပါဦးကွ ငါထလို့မရတော့ဘူး”

မောင်ပုလည်းကိုတင်မြင့်လက်ကိုဆွဲပြီးထူရင်း

“ကိုတင်မြင့်မြန်မြန်ထဗျ ဟိုမှာလာနေပြီ”

မောင်ပုအသံတုန်တုန်ယင်ယင်ဖြင့်ကိုတင်မြင့်ကိုအတင်းထခိုင်းနေသည် ကိုတင်မြင့်လည်းကြိုးစားထပြီးမောင်ပုကိုအားပြုကာထော့နင်းထော့နင်းဖြင့်ခြံအပြင်ရောက်‌အောင်သွားနေရသည်။

သူတို့နှစ်‌ေယာက်ထိုသို့ဖြစ်နေစဉ် ကိုတင်မြင့်၏ခြေထောက်ကိုဆွဲချ‌သောမောင်ညွန့်အိမ်အောက်မှ ထွက်လာသည်
ဦးမြနဲ့မနှင်းလည်းသူတို့နောက်ကိုတ‌ေရွ့‌ေရွ့ဖြစ်လိုက်လာသည် ကိုတင်မြင့်နှင်မောင်ပုကိုသူတို့အိမ်ဝိုင်းထဲမှထွက်ခွင့်မပေးလိုကြတော့

ထိုစဉ်ဆူဆူညံညံအသံများကြောင့်လန်နိုးလာသည့်ရွာသားများဓာတ်မီးတဝင်းဝင်းနှင့်သူတို့ထံရောက်လာကြသည်။

“ဘယ်သူတွေတုန်းကွ ဘာဖြစ်ကြတာတုန်း”

သူတို့နှစ်ယောက်ရွာသားများသူတို့ထံလာနေတာမြင်တော့

“မြန်မြန်လာကြပါဗျ ပြီးမှအကုန်ပြောပြပါ့မယ်
အခုမြန်မြန်လာကြပါဗျ ဒီအိမ်ဝိုင်းထဲကမြန်မြန်ထုတ်ပေးကြပါဦး”

တုန်ယင်နေသောအသံများဖြင့် ရွာသားများကိုအတင်းအကူအညီတောင်းနေကြသည်။သူတို့အသံကိုကြားတော့
ရွာသားတစ်ဦးက

“ဟာ တင်မြင့် မောင်ပု မင်းတို့ဘာဖြစ်ကြတာတုံး”

“ပြီးမှအကုန်ပြောမယ် ဒီအိမ်ဝိုင်းထဲကအပြင်‌ေရာက်‌ေအာင်မြန်မြန်ကူကြပါဦး”

သူတို့နှစ်ယောက်ထိုသို့ပြောလိုက်တော့ ရောက်လာကြတဲ့လူတွေကသူတို့ကိုဖေးမပြီးအိမ်ဝိုင်အပြင်ရောက်အောင်ခေါ်ထုတ်သွားကြသည်။

ထိုနောက်လမ်းပေါ်မှာမ‌နေပဲမောင်ညွန့်အိမ်၏ရှေ့ဘက်အိမ်ဝိုင်းထဲသို့ရောက်အောင်‌ေခါ်သွားလိုက်ကြသည်။

ထိုသို့ကိုတင်မြင့်နှင်မောင်ပုတို့နှစ်ယောက် သူတို့အိမ်ဝိုင်းထဲကထွက်သွားတာမြင်တော့ မနှင်းတို့သုံးယောက်ဘာမှလုပ်လို့မရတော့ ဒါကြောင့်အိမ်ခေါင်မိုးပေါ်တက်သွားပြီ ကိုတင်မြင့်နဲ့မောင်ပုတို့ရှိနေတဲ့ရှေ့ဘက်အိမ်ကိုကြည့်ပြီးလက်ညှိုး‌ေငါက်‌ေငါက်ထိုးလျှက်ဒေါသတကြီးအိမ်ခေါင်မိုးကိုသာဖနောင့်ဖြစ်တဝုန်ဝုန်းပေါက်နေတော့သည်။

ထိုအသံတွေကိုလည်းအနီးအနားမှာရှိနေသူများအကုန်ကြားလိုက်ရသည်။

“ဟ နောက်ဘက်အိမ်ကတဝုန်းဝုန်းနဲ့ဘာတွေဖြစ်နေတာတုန်းပဲဟ”

ကိုတင်မြင့်တို့နှစ်ယောက်ကိုအကျိုးအကြောင်းမေးဖို့ပြင်နေသူများမမေးဖြစ်သေးပဲမောင်ညွန့်အိမ်ဘက်သို့ဝိုင်ကြည့်နေကြသည်။

“ဟာ ဟိုဟာဘာကောင်ကြီးတုန်း အိမ်ခေါင်မိုးပေါ်မှာ”

“ဘယ်မှာတုန်းဟ ဘယ်နားမှာတုန်း”

“ဟိုမှာလေကွာ အိမ်ခေါင်းမိုး‌ေပါ်မတ်တပ်ရပ်ကြီး လျှောက်သွားနေတာ”

တချို့မြင်လိုက်ရသည်တချို့က‌တော့မမြင်ရ
သူတို့ကြည့်နေတုန်းမှာပဲအိမ်နံရံကိုပုတ်တဲအသံတွေ
သွပ်မိုးပေါ်လျှောက်သွားနေသံ‌ေတွကိုပိုပြီးကျယ်ကျယ်‌ေလာင်‌ေလာင်ကြားနေရသည်။

အိမ်ဝိုင်းထဲတွင်လည်း အရိပ်မဲ‌ကြီးကိုမြင်လိုက်ရသူတွေလည်းရှိသည်။

“ဟေ့ကောင်တွေအဲ့ဒါ မကောင်းဆိုးဝါးတစ္စေသရဲတွေဟ ဘုရားစာလေးဘာလေးရွတ်ကြဦး”

“ဒါတင်မြင့်တို့မောင်ပုတို့နဲ့ဆိုင်လိမ့်မယ်ကွ ဒီကောင်တွေဘာမဟုတ်တာတွေများသွားလုပ်တုံးမသိဘူး”

“ဒီကောင်တွေကိုဒီနားထားလိုမရတော့ဘူး ရွာလယ်ပိုင်းကိုခေါ်သွားလိုက်”

“ဒီကောင်တွေကိုမကျေနပ်လိုလုပ်နေတာဖြစ်မယ်”

ထိုသို့လူတစ်ဦးကပြောလိုက်မှ ကိုတင်မြင့်နှင့်မောင်ပုကိုရွာလယ်ပိုင်းရှိရွာလူကြီးအိမ်သို့ခေါ်သွားလိုက်သည်။

တစ်ရွာလုံးလည်းအုတ်အုတ်ကျက်ကျက်ဖြင့်အထိတ်တလန့်ဖြစ်ကုန်ကြသည်။

ရွာလူကြီးအိမ်ရောက်တော့ရွာလူကြီးဦးသာရင်ကသူတို့နှစ်ယောက်ကိုဘယ်လိုဖြစ်တာလဲဆိုတာမေးမြန်းသည်
သူတို့လည်းဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်တော့

“မင်းတို့နဲကွာသူတပါးပစ္စည်းများသွားယူချင်ရတယ်လို့ မင်းတိုလုပ်လို့အခုတစ်ရွာလုံးထိတ်လန်ကုန်ကြပြီ
အဲ့ဒါကောင်းလား”

ရွာလူကြီဦးသာရင်သူတို့နှစ်ယောက်ကိုအပြစ်တင်သည်။သူတို့နှစ်ယောက်လည်းရှက်လဲရှက်ကြောက်လဲကြောက်ဖြင့်ခေါင်းကိုသာငုံ့ထားကြတော့သည်။

(၄)

နောက်နေ့မနက်ရောက်တော့ တစ်ရွာလုံး မောင့်ညွန့်အိမ်မှာညကဖြစ်ပြက်ခဲ့သည်များကိုသာပြောဆိုနေကြသည်။ကိုတင်မြင့်နဲ့မောင်ပုကတော့ ရှက်လဲရှက်ကြောက်လဲကြောက်ဖြင့်အိမ်ပေါ်ကကိုအောက်မဆင်းရဲတော့

“ဒီကောင်တွေကွာ သူများပစ္စည်းကိုအချောင်လိုချင်တာခံရတာတောင်နဲသေးတယ်”

“နေဦးကွ သူတို့ခံရတာကအရေးမကြီးဘူး မောင်ညွန့်တို့မိသားစုကဘာကြောင့်မကျွတ်လွတ်သေးတာလဲအဲ့ဒါသိချင်တာ”

“အေး အဲ့ဒါလဲဟုတ်တာပဲ သူတို့အတွက်ရည်စူးပြီး
ကုသိုလ်လုပ်အမျှအတန်းပေးဝေထားတာ ကြာတောင်မကြာသေးဘူး”

“ဒါတွေထားလိုက်ပါတော့ကွာ ညရောက်ရင်သာ ဘာတွေဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရဦးမယ်”

ထိုသို့ရွာသားများတစ်ဦးနဲ့တစ်ဦးပြောဆိုနေကြတာ‌ေတွကို‌ေနရာအနှံကြား‌ေနရ‌ေတာ့သည်။

ရွာသားများသူတို့ထင်သည့်အတိုင်း

မိုးချုပ်မှောင်လာသည်နှင့် ခွေး‌ေဟာင်သံ‌ေတွကိုစကြားလာရတော့သည်။

မောင်ညွန့်တို့အိမ်ဘေးမှခွေးများမောင်ညွန့်အိမ်ကိုကြည့်ပြီးဟောင်နေကြခြင်ဖြစ်သည်။ထို့မှတဆင့်ရွာအပြင်တစ်လျှောက်နောက်ကနေလိုက်ပြီးဟောင်နေကြပြန်သည်။

တဖြည်းဖြည်းရွာတောင်ပိုင်းထိုမှရွာရှေ့ပိုင်းသို့‌ေရာက်သွားပြန်သည်ခဏ‌ေန‌ေတာ့ရွာမြောက်ပိုင်းက‌ေခွးများလည်ရွာအပြင်ကိုကြည့်ပြီး‌ေဟာင်‌ေနပြန်သည်နောက်ရွာနောက်ပိုင်းစသည်ဖြင့်တရွာလုံးခွေးဟောင်သံများဖြင့်ဆူညံနေတော့သည်။

ရွာအစွန်အိမ်မှလူများ‌‌ေကြာက်လန့်လာကြသည် သူတို့ရွာကိုတစ်စုံတစ်ဦးရွာအပြင်မှနေ၍လှည့်ပတ်ကြည့်နေခြင်းဖြစ်မည်ဆိုတာသိလိုက်သည်။

ထိုကြောင့်သူတို့ထွန်းထားသည်မီးရောင်များကိုမှိတ်လိုက်ကြပြီး ရွာအပြင်ဘက်သို့ချောင်းမြောင်းကြည်လိုက်ကြသည်။

ရွာကိုပတ်သွား‌ေနသည့်အရိပ်ကြီးသုံးခု သူတို့ရွာထဲကိုကြည့်ပြီးတရွေ့ရွေ့ သွားနေကြသည် ရွာအစွန်အိမ်မှလူများအသံမထွက်ရဲ့တော့ ဒါ‌မနှင်းတို့ဖြစ်မည်ဆိုတာသူတို့သိလိုက်သည် ကလေးနှင်အမျိုးသမီးများမ‌ေနရဲ၍ ရွာလည်ရှိဆွေမျိုးများအိမ်သို့ ညတွင်းချင်းသွားနေရသည်

အိမ်၌ယောက်ကျားသားများသာကျန်ခဲ့ကြသည်။

ဤသို့ဖြစ် မနက်မိုးလင်းတော့ရွာလူကြီးနှင့်ရွာသားများတိုင်ပင်ကြသည်။

“ဦးကြီးသာရင် ကျုပ်တို့မြင့်ဆောင်ကိုခေါ်မှဖြစ်မယ်နော့် ဒီအတိုင်းနေလို့တော့မဖြစ်ဘူး”

ကိုပြူးပြောလိုက်တော့ရွာလူကြီးဦးသာရင်က

“ညကတည်းကငါ ကိုဘိုခင်ဆီသွားပြီး
မြင့်ဆောင်ကိုအသိပေးဖို့ပြောထားပြီးပြီ အခုမနက်ပဲမောင်စိုးကိုလွှတ်ပြီးခေါ်ခိုင်းထားတယ် မကြာခင်ရောက်လာလိမ့်မယ်”

“လောလောဆယ် ကပ္ပိယကြီးကိုသွားခေါ်ခိုင်းထားတာ
မရောက်သေးဘူးလား”

ရွာလူကြီးဦးသာရင် ထိုသို့မေးလိုက်တော့ရွာသားတစ်ဦးကပြန်၍ပြောသည်။

“ဟိုမှာလာနေပြီဗျ”

ကပ္ပိယကြီး သူတို့ရှိရာသို့တောင်ဝှေးကိုလက်ကကိုင်လျှက်ပြုံးပြုံး ပြုံးပြုံဖြစ်လာနေသည်။

“ကပ္ပိယကြီး ထိုင်ပါဦး”

ဦးသာရင်ကပ္ပိယကြီးကိုနေရာထိုင်ခင်းပေးရင်းပြောလိုက်သည်။

“မောင်မြင့်ဆောင်ရောမတွေ့ပါလား”

“ဟုတ်ကဲ့ သွားခေါ်ခိုင်းထားပါတယ် မကြာခင်ရောက်လာမှာပါ”

“ကျုပ်လည်း ညကတည်းကခွေးဟောင်သံတွေ ဆူညံနေတာတော့ကြားသားဗျ”

“ဟုတ်တယ် ကပ္ပိယကြီး တစ်ရွာလုံးလည်းကောင်းကောင်းမအိပ်ကြရဘူး ရွာစွန်ကလူတွေဆိုပိုဆိုးတာပေါ့ဗျာ ကလေးနဲ့အမျိုးသမီးတွေတောင်ရွာလည်ကအိမ်တွေဆီပို့ထားရတယ်”

“အင်း ဒါနဲ့တင်မြင့်နဲ့မောင်ပုရော ဒီမှာရှိလား”

ကပ္ပိယကြီးကလူအုပ်ထဲသို့ကြည့်၍မေးသည်။

“ဟုတ် ကျွန်တော်တို့ရှိပါတယ် ကပ္ပိယကြီး”

လူအုပ်ထဲမှာထိုင်နေသောကိုတင်မြင့်ကပြောလိုက်သည်သူ့ဘေးတွင်တော့မောင်ပုကထိုင်နေသည်

ကပ္ပိယကြီးသူတို့ကိုဆက်မေးရန်ပြင်နေစဉ် ကိုမြင့်ဆောင်ရောက်လာ၍ဆက်မ‌‌ေမးဖြစ်‌ေတာ့ သူ့ကိုမြင်တော့ရွာလူကြီးက

“လာမောင်မြင့်ဆောင်ထိုင် ကပ္ပိယကြီးလည်းဒီမှာရောက်နေတယ်”

“ဟုတ်ကဲ့ဦးကြီး”

ကိုမြင့်ဆောင်ပြောပြောဆိုဆိုတန်းလျှားအလွတ်ပေါ်မှာဝင်ထိုင်လိုက်သည် ကပ္ပိယကြီးကသူကိုပြုံးပြီးကြည့်နေသည်။

ကိုမြင့်ဆောင်တဲသိုပြန်ရောက်နေသည်ဖြစ်ပြီး
ရွာမှအဖြစ်အပြက်များကိုသူမသိ လမ်း၌မောင်စိုးပြောပြ၍သာအနည်းအကျဥ်းသိခဲ့ရသည်။

“တင်မြင့်ပြောစမ်းပါဦးကွ ဘယ်လိုဖြစ်တာတုံး”

ကိုမြင့်‌ေဆာင် ကိုတင်မြင့်ကို‌ေမးလိုက်သည်

ကိုတင်မြင့်လည်းသူတို့ပျဉ်ချောင်းသွားခွါသည်မှစ၍သရဲအခြောက်ခံရသည်အထိပြောပြလိုက်သည်။

“ဒါနဲ့မင်းတို့နှစ်ယောက်က ဘယ်လိုစိတ်ကူးရမိလို့များပျဉ်းချောင်တွေကိုသွားခွါရတာတုံး”

ကိုမြင်ဆောင်ထိုသို့ဆက်မေးလိုက်တော့ကိုတင်မြင့်က
သူနှင့်မောင်ပုဆွမ်းကျွေးသည့်နေ့ကပန်းကန်‌ေဆးရင်းပြောဆိုတိုင်ပင်ခဲ့တာတွေကိုပြန်‌ပြောပြလိုက်သည်။

တင်မြင့်စကားဆုံးတော့ ကိုမြင့်ဆောင်ကပ္ပိယကြီးကိုကြည့်လိုက်သည်။

“အင်း တင်မြင့်နဲ့မောင်ပုပြောနေတာတွေကို မောင်ညွန့်တို့မိသားစုကြားပြီး သာဓုမခေါ်ပဲနေတာလိုက်တာကွ
သူတို့ရဲအိမ်ကိုစောင့်ရှောက်ဖို့ပေါ့ကွာ”

“အဲ့ဒါဆို သူတို့အိမ်မှာပဲသူတို့နေ့ပေါ့ ဘာကြောင့်ရွာကိုပတ်ကြည့်နေတာလဲ မဆိုင်တဲ့သူတွေကြောက်လန့်အောင်”

စိတ်ခတ်ဆတ်ဆတ်ရွာသားတစ်ဦးကထိုသို့ပြောလိုက်တော့

“အဲ့ဒါသူတို့အိမ်ကိုဖျက်စီးသွားတဲ့ တင်မြင့်နဲ့မောင်ပုကို
လိုက်ရှာနေကြတာကွ ရွာထဲမဝင်နိုင်လို့ ရွာအပြင်ဘက်က‌ေနပတ်ကြည့်နေတာ”

ကပ္ပိယကြီးရဲ့စကားကိုကြားလိုက်တော့ရွာသားများ

လန့်ဖြန့်သွားကြ‌‌သည်။

စာစဉ် (၈) ကိုမကြာမီ တင်ဆက်ပေးပါမည် ။

အားလုံးကို လေးစားစ‌ွာဖြင့် – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗ