ပတ္တမြားမင်းမောင်

တယ်”
ဟု ကျွန်ုပ်က ရယ်မော ပြောဆိုလိုက်လေ၏။
“ကျွန်ုပ်၏ စာစကားပြောခြင်းကို မှားမည်ဟု သင်ဆိုလိုမည်လော’
ဟု စာစကားပြောသော မောင်တောင်ကျော်က ပြန်၍မေးလိုက်လေ၏။
“မမှားပါဘူး၊ ကျုပ်က ရယ်ချင်တာပါ၊ မိတ်ဆွေကို တောင်းပန်ပါတယ်””
ဟု ကျွန်ုပ်သည် အနူးအညွတ် တောင်းပန်ရလေ၏။
“ကျွန်ုပ်အား သင်တို့ တောင်းပန်လျှင် ရ၏၊ ယနေ့ နံနက်တွင် ကြိုးပေးခံရသော ပတ္တမြားမင်းမောင်နှင့်သာ တွေ့ ရပါမူ သင်တို့၏ တောင်းပန်ခြင်းကို လက်ခံလိမ့်မည် မဟုတ်ပေ” ဟု မောင်တောင်ကျော်က ဆိုပြန်၏။
“နေစမ်းပါဦး၊ ခင်ဗျားပြောတဲ့ ပတ္တမြားမင်းမောင်က ဘယ်မှာလဲ၊ သူက ဘာလုပ်တာလဲ”
“ပတ္တမြားမင်းမောင်ဆိုသည်မှာ လွန်စွာ ဆိုးသွမ်းသော လူဆိုးကြီး ဖြစ်၏၊ ယနေ့ နံနက်၌ ထိုသူအား အင်္ဂလိပ်အစိုးရက ကြိုးစင်တင်၍ သတ်လိုက်လေပြီ ဖြစ်၏”
“ခင်ဗျားနဲ့ အဲဒီလူဆိုး ပတ္တမြားမင်းမောင်က ဘယ်လိုပတ်သက်တာလဲဗျ”
ဟု ကျွန်ုပ်က စပ်စုလိုက်လေ၏။
“ထိုလူကြီးသည် ကျွန်ုပ်၏အသက်ကို တခါက ကယ်ဆယ်ခဲ့ ဖူးလေသည်၊ ထို့ကြောင့် ကျွန်ုပ် ကျေးဇူးရှင် ဖြစ်၏။ ထိုသူအား ကောင်းသောဘုံဌာနသို့ ရောက်ရှိစေရန်အတွက် ကျွန်ုပ်သည် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်၌ လာရောက်၍ ပန်း၊ ဆီမီး၊ ရေချမ်း စသည်ကို လှူဒါန်း၍ ဆုတောင်းရခြင်း ဖြစ်၏”
“အဲဒီ ပတ္တမြားမင်းမောင်အကြောင်း မသိရဘူးလားဗျာ”
ဟု ကျွန်ုပ်က တောင်းပန်လိုက်လျှင် စာစကားပြောသော မောင်တောင်ကျော်သည် ချောင်းတချက် ဟန့်လိုက်ပြီးနောက် ပတ္တမြားမင်းမောင်၏ အတ္ထုပ္ပတ္တိကို ပြောပြလေ၏။
မောင်တောင်ကျော် ပြောသမျှကို နားထောင်မိသည်နှင့် တပြိုင်နက် ကျွန်ုပ်သည် ဆေးတံဆေးအိုး၌ ဆေးကုန်နေသည်ကို မဖြည့်နိုင်တော့ဘဲ မောင်တောင်ကျော်၏ စကား၌ နစ်မျောနေမိလေ၏။ ထို့နောက် ကျွန်ုပ်နှင့်အတူ မောင်တောင်ကျော်၏ စကားကို နားထောင်လျက် ရှိကြသူများအား တစေ့စောင်းကြည့်လိုက်ရာ အားလုံးလိုလိုပင် မောင်တောင်ကျော်၏ စကား၌ နစ်မျောနေကြောင်း တွေ့ရသဖြင့် မောင်တောင်ကျော်၏ အပြောကောင်းခြင်းကို စိတ်တွင်းမှ ကျိတ်၍ ချီးကျူးရပါလေ၏။
ထိုအထဲတွင် အင်းစိန် စီအိုင်ဒီ၌ သင်တန်းတက်နေသော ကျွန်ုပ်၏ တူတယောက်ကမူ နားထောင်ရုံသက်သက် နားထောင်နေသည် မဟုတ်ဘဲ လက်ရေးတိုဖြင့် လိုက်လံရေးမှတ်သည်ကို တွေ့ရလေတော့၏။ မောင်တောင်ကျော်သည် ပတ္တမြားမင်းမောင်၏ အတ္ထုပ္ပတ္တိကို ထိုနေ့၌
တထိုင်တည်းပြောပြခြင်းငှာ မစွမ်းနိုင်ရကားနေ့စဉ်ရက်ဆက် ဆိုသလို ကျွန်ုပ်တို့ထံသို့ လာရောက်၍ ပြောပြခဲ့လေ၏။
အလုံးစုံပြီးဆုံးသွားသည့်အခါ၌ ကျွန်ုပ်၏ တူတော်မောင် လက်ရေးတိုသမားထံ၌ ဖူးစကက်စာရွက်များနှင့် ရေးထားသော လက်ရေးကို စာမူအမြောက်အမြား ရရှိလေ၏။ ထိုလက်ရေးတိုစာမူကို ကျွန်ုပ်က တောင်းယူ၍ မြန်မာဘာသာသို့ ပြန်၍ရေးလိုက်သည်နှင့်ပင် ပတ္တမြားမင်းမောင်၏ အတ္ထုပ္ပတ္တိ အသေးစိတ်ကို ကောင်းစွာ ရရှိလေတော့၏။
ပတ္တမြားမင်းမောင်အကြောင်းကို ပြောပြသော မောင်တောင်ကျော်သည် မူလပြောစဉ်ကပင် စာစကားဖြင့် ပြောသောကြောင့် ဤစာ အနေနှင့် ပြင်ဆင်ရန်ပင်မလိုတော့ဘဲ လွန်စွာထူးဆန်း၍ လွန်စွာမှလည်း ရဲရင့်ပြီးလျှင် လွန်စွာအနစ်နာခံတတ်သော်လည်း လူဆိုးလူမိုက်ကြီး တဦးအဖြစ်ဖြင့် ဇာတ်သိမ်းသွားရရှာသော ပတ္တမြားမင်းမောင်၏ စိတ်ဝင်စားဖွယ် အဖြစ်အပျက်တို့ကို ရရှိလေတော့သတည်း။
ထို့ကြောင့် ကျွန်ုပ်နှင့် အင်းစိန်ထောင်တွင် သိကျွမ်းခဲ့သောသူ တဦးသည် ယခုအခါ၌ မင်းသိင်္ခ ဟူသော အမည်ဖြင့် ကျော်ကြားသော စာရေးဆရာတဦး ဖြစ်နေကြောင်း သိရသဖြင့် ၎င်းထံသို့ သွား ရောက်ကာ ပတ္တမြားမင်းမောင်၏ အတ္ထုပ္ပတ္တိကို ပေးလိုက်လေတော့သတည်း။
ဗဟန်းဘက်မုခ်
လူဝကြီးထမင်းဆိုင်ပိုင်ရှင်
ဦးဖေမောင်
ပတ္တမြားဖွားမြင်ခြင်း
တနေ့သ၌ ကုန်စိမ်းရောင်းသော မိန်းမသုံးယောက်တို့သည် ကုန်စိမ်းကြိုရန်အတွက် ကုန်စိမ်းတောင်းကြီးများကို ခေါင်း၌ရွက်သူက ရွက်၍၊ ခါး၌ ခါးစောင်းတင်သူက တင်ကာ ညနာရီပြန် တချက်ထိုး လောက်တွင် တာမွေလေးဘူတာအနီး ရထားလမ်းနှင့် ကားလမ်းဆုံရာ တွင် ကမ်းနားဈေးသို့ထွက်မည့် ဈေးကြို ဘတ်စ်ကားကို စောင့်မျှော်နေကြလေ၏။ ထိုသို့ စောင့်မျှော်နေကြစဉ်အတွင်း၌ လက်ညိုးထိုး တံဆိပ် မအေးမေ ဆေးပေါ့လိပ်တလိပ်အား မီးညှိကာ တယောက်
တလှည့် ဖွာရှိုက်ကြလေ၏။
“သိန်းရှင်ရေ ဟိုမှာ စက်ဘီးပတ္တရောင်ပုလိပ်တော့ ကျုပ်တို့ဆီကို လာနေပြီ”
မိန်းမတယောက်က ခပ်လှမ်းလှမ်းတွင် စက်ဘီးဖြင့်လာလျက် ရှိသော ပတ္တရောင်ပုလိပ်ကို မေးငေါ့ပြရင်း သိန်းရှင်ဆိုသူ မိန်းမအား ပြောလိုက်လေ၏။ ပတ္တရောင်ပုလိပ်လည်း စက်ဘီးနင်း၍ လာရာမှ ဓာတ်မီးတိုင်အောက်သို့ရောက်လျှင် စက်ဘီးပေါ်မှ ဆင်းကာ ချိန်းကြိုးကို ပြန်၍ တင်နေရလေ၏။
“ကျုပ်တို့ဆီကို လာတာမဟုတ်ဘူး၊ အဲဒီပုလိပ်က ညည်းဆီကို လာတာ၊ ညည်းကို ရိသဲ့သဲ့စကားပြောဖို့ လာတာ မိကြည်”
ဟု သိန်းရှင်ဆိုသူ မိန်းမပြန်၍ ပြောလိုက်လေ၏။ :
“ငါ့ဆီကို လာလို့ အလကားပဲ၊ ငါ့ဗိုက်ကို မြင်ရင် ပုလိပ်က တခါတည်း ထွက်ပြေးမယ်၊ ဟိ … ဟီ”
ဟု ရယ်မောလိုက်၏။
“ဗိုက်အကြောင်းတော့ မပြောနဲ့ ကောင်မရေ၊ ညည်းမှချည်း ဗိုက်ရှိတာ မဟုတ်ဘူး၊ .ဟောဒီမှာ”
ဟု ဆိုကာ မကလေးမဆိုသည့် မိန်းမက ကိုးလခန့် ရှိပြီဖြစ်သော သူ့ ဗိုက်ကြီးအား ကော့၍ ပြလိုက်ရာ မသိန်းရှင်နှင့် မကြည်တို့က ရယ်မောကြလေ၏။ အမှန်အားဖြင့် ထိုကုန်စိမ်းသည် သုံးဦးစလုံးသည် ကိုယ်ဝန်ဆောင်များ ဖြစ်ကြလေ၏။ ထိုအထဲတွင် မကလေးမ ဆိုသည့် မိန်းမသည် သနားစရာကောင်းလှပေသည်။ ကိုယ်ဝန်သုံးလရှိသည့်အခါကပင် သူ၏ လင်ယောက်ျားသည် သူ့အားပစ်သွားတာဆိုတော့ဟု မသိန်းရှင်ဆိုသော မိန်းမက ပြောလိုက်ရာ ….
“မကလေးမက မသနားနဲ့ ကောင်မရေ၊ ကလေး မွေးတယ်ဆိုတာ ငါတို့ မိန်းမတွေ အလုပ်ပဲ၊ ယောက်ျားက ပစ်သွားလည်း မမွေးချင်လို့ မရတော့ဘူး၊ မွေးရမှာပဲ၊ တခုပဲဆုတောင်းတယ်၊ ငါမွေးမယ့်ကလေးဟာ ယောက်ျားလေး ဖြစ်ပါစေလို့၊ ပြီးတော့ လူဆိုး လူမိုက်ကလေးလည်း ဖြစ်စေချင်တယ်၊ သူ့အဖေလို ပျော့စိ ပျော့ညံ့ မဖြစ်စေချင်ဘူး၊ လူကြည့်တော့ ရိုးပုံရိုးပန်းနဲ့ မခုတ်တတ်တဲ့ ကြောင်လိုကောင်မျိုးတွေက လူရှုပ်တွေ ဖြစ်တာ များတယ်၊ ကျားကျားလျားလျား ဆိုးမိုက်မိုက်ကောင်မျိုးတွေက တည်တည်ကြည်ကြည် လူတွေဖြစ်တတ်သေးတယ် တော်ရေ”
ဟု ပြောကစ ဆေးပေါ့လိပ်ကြီးကို ပါးစပ်၌တေ့လျက် အားရးပါးရ ရှိုက် – ဖွာလိုက်လေတော့၏။
ထိုအခါ၌ ပတ္တရောင်ပုလိပ်လည်း ၎င်းတို့အနီးသို့ ရောက်ရှိလာ လျှင် ….
“ခင်ဗျားတို့ သုံးယောက် ဘာလုပ်နေတာလဲ”
ဟု မေးလိုက်ရာ မကလေးမက …
“ဘာလုပ်နေတာ ရှင်မြင်သလဲ”
ဟု ပြန်၍ ပြောလိုက်လေ၏။
“မဟုတ်ပါဘူး၊ ကျုပ်က အကူအညီလိုရင် အကူအညီပေးမလို့ မေးတာပါ”
“မလိုပါဘူး သွားစမ်းပါ”
ဟု မကလေးမက အော်ငေါတ်လွှတ်လိုက်ရာ၊ အကူအညီပေးလိုသော ပတ္တရောင်ပုလိပ်လည်း ၎င်းတို့အနီးမှ ထွက်ခွာ၍ သွားလေတော့၏။
“ကလေးမကလည်းအေ၊ အကောင်းပြောတာကို ဒီလိုပဲ ငေါက်လွှတ်သလား”
ဟု မသိန်းရှင်ဆိုသော မိန်းမက ပြောလေ၏။
“ဘယ်လိုမှန်း မသိပါဘူးတော်၊ ဟောဒီကလေး ကိုယ်ဝန် ရကတည်းက စကားပြောရင် ဘုကလန့်ချည်း ပြောချင်နေတယ်”
ဟု မကလေးမက ပြန်၍ ပြောလိုက်လျှင်
မသိန်းရှင်နှင့် မကြည်တို့သည် ရယ်မောကြပြန်၏။
ထို့နောက် သူတို့သုံးဦးသည် ကုန်စိမ်းကြိုသည့် ဘတ်စ်ကား လာသည့်ကားနှင့်လိုက်ပါသွားကြပြီးလျှင် ကမ်းနားဈေး၌ ကုန်စိမ်းများကို ဝယ်ယူကြလေ၏။ ဝယ်ယူပြီးသည့်အခါ၌ မသိန်းရှင်က အချိန်စောသေးသည်ဟု ဆိုကာ ဆူးလေပန်းခြံတွင် ကပြလျက်ရှိသော ဇာတ်ပွဲကို သွားရောက်ကြည့်ရှုရန် ဆွယ်သဖြင့် ဗိုက်ကြီးသည်သုံးယောက်တို့သည် ကုန်စိမ်းတောင်းကြီးများကိုရွက်၍ ဆူးလေပန်းခြံဆီသို့ လျှောက်လာကြလေတော့၏။
ဆူးလေပန်းခြံ၌ကား ခပ်ညံ့ညံ့ဇာတ်အဖွဲ့တဖွဲ့သည် ပတ္တမြားငမောက် ဟူသော ထိုးဇာတ်တဇာတ်ကို ကပြလျက်ရှိလေ၏၊ ထိုဇာတ် မှာ ငမောက်ဆိုသော သူဆင်းရဲတယောက်သည် ကြက်ဥလုံးအရွယ်အစား ရှိသော ပတ္တမြားကြီးတလုံးကို တူးဖော်ရရှိခဲ့ရာ ထိုပတ္တမြားကြီးအား ထက်ခြမ်းခြမ်း၍ တရုတ်ပြည်ဘက်သို့ တခြမ်းကို ရောင်း၍ ကျန်သော တခြမ်းကို ဘုရင်အား ဆက်သခဲ့လေသည်။ ဘုရင်လည်း လွန်စွာ အားရတော်မူ၍ ထိုပတ္တမြားအား “ပတ္တမြားငမောက်” ဟူ၍ အမည် ပေးပြီးလျှင် ငမောက်ကိုလည်း ဆုလဒ်များ ချီးမြှင့်ခဲ့လေသည်။ သို့ရာတွင် နောက်နှစ်၌ ငမောက်၏ ပတ္တမြားတခြမ်းကို ရရှိထားသော တရုတ် ကုန်သည်တို့သည် မြန်မာဘုရင်ထံသို့ လာရောက်၍ ရောင်းချကြလေရာ မြန်မာဘုရင်လည်း ငမောက်ထံမှ ရရှိထားသော ပတ္တမြားနှင့် ဆက်စပ် ကြည့်ရာ ပတ္တမြားကြီးတလုံး၏ ပုံသဏ္ဌာန်ကို ရရှိလေ၏။ ထို့ကြောင့်
ငမောက်သည် မိမိအား ပတ္တမြားကြီးတလုံးလုံးကို
မဆက်သဘဲ တခြမ်းသာလျှင် ဆက်သခဲ့ကြောင်း သိရှိသွားသဖြင့် ငမောက်အား မီးရှို့သတ်ဖြတ်သော ဇာတ်ဖြစ်လေသည်။ ဗိုက်ကြီးသည် သုံးယောက် သည် ပွဲခင်း၏အလယ်သို့ တိုးကပ်နိုင်သမျှ တိုးကပ်၍ ပွဲကိုကြည့်ရှုလေ ၏။ ထိုသို့ ကြည့်ရှုနေစဉ်အတွင်း မကလေးမက …..
“ထိုင်ကြပါ ထိုင်ကြပါ”
“ဘာမှဖြစ်တာမဟုတ်ပါဘူး၊ ဗိုက်ကြီးသည်တယောက်
ပွဲခင်း ထဲမှာ ပတ္တမြားမွေးတာပါ၊ အဲ …. အဲ … ယောင်လို့ ကလေး မွေးတာပါ”
ဟု ကြေညာလိုက်ရာ ….
ပွဲကြည့်ပရိသတ်များသည် ပတ်တုတ်၍မရအောင် ပွဲကျ၍ သွားလေတော့၏။ ပွဲခင်းအလယ်မှစ၍ ကုန်စိမ်းသည် မကလေးမ မွေးဖွားခဲ့သော သားကလေးသည် “ပတ္တမြား” ဟူ၍ အနွတ္တအမည် တွင်လေတော့သတည်း။
(ပတ္တမြားမင်းမောင်၏ သုသာန်ကျောင်းဆရာတော်ထံ၌ ပညာသင်ယူပုံထူးဆန်းမှုခင်းများ ကျူးလွန်ခဲ့ပုံမှအစ၊ ဗြိတိသျှအစိုးရအား အနှောင့်အယှက်ပေးခဲ့ပုံ စသော ဝတ္ထုဇာတ်လမ်းတို့ကို ဆက်လက် ၍ ရေးသားဖော်ပြသွားပါမည်။)
သဗ်ဗသေတ်တာကမ်မသကာ
မင်းသိင်္ခ
ဆားပုလင်းနှင်းမောင်နှင့် မိန်းမလှကျွန်းအပါအဝင်
ဝတ္ထုတိုများ-မှ
စာစီ စာရိုက် Heain Minn Zar
ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်…
ခိုင်နီလာမောင်ပတ္တမြားမင်းမောင်
____________________ မင်းသိင်္ခ
စာစကားပြောသော မောင်တောင်ကျော်
ကျွန်ုပ်သည် မြန်မာပြည်အရပ်ရပ်ရှိ အကျဉ်းထောင်များသို့ လှည့်လည်ကာ ထောင်မှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်ဖြစ်ရာ ဆိုးပေ့ မိုက်ပေ့ ရမ်းကားပေ့ဆိုသည့် ဗွေဆိုးပါသော သူများနှင့် မလွဲမရှောင်သာ ရေစက်ဆုံခဲ့ရသည်။
ထိုသို့ ရေစက်ဆုံခဲ့ရသောသူများအနက် ကျွန်ုပ်အနေနှင့် မေ့၍ မရနိုင်အောင် စွဲစွဲမြဲမြဲ မှတ်သားမိသော ထောင်သားများ၊ ဘာရာ နှစ်ကြီးသမားများ၊ ကျွန်းကျများ၊ ကြိုးသမားများ အတော်အတန် ရှိခဲ့ဖူး ပါသည်။ ဥပမာအားဖြင့် ဘာရာနှစ်ကြီးသမား ဗိုလ်တထောင်ငမိုး၊ ဘာရာဆိတ်ဖွား၊ ခြောက်ထောင်ပြန်အုံးဖေ(ဘုံဘေအုံးဖေ)၊ ဗိုလ်နန်းဝေ၊ ကျွန်းကျမိုးသီး၊ ကြိုးကျမောင်သံဟိတ်ခေါ် မြိုင်ရာဇာတာတေ၊ ကြိုးကျမိုးကောင်း၊ ကြိုးကျနတ်ဆေး၊ လက်ကောက်ညိုသစ်(မောင်သေတ္တာ) မှ အစပြု၍၊ နောက်ဆုံး ကျွန်ုပ် ပင်စင်ယူမည့်နှစ်တွင် ကြုံခဲ့ရသော ဓားမြှောင်ဘသိန်းခေါ် ဆရာသိန်း စသည်တို့ ဖြစ်ပါသည်။
အကယ်၍များ ကျွန်ုပ်သည် စာရေးဆရာ တယောက်သာ ဖြစ်ခဲ့ပါမူ အထက်ဖော်ပြပါသူတို့ တဦးစီ၏ ဖြစ်ကြောင်းကုန်စင်များကို ဝတ္ထုရေးသားလျှင်ပင် ဝတ္ထုစာအုပ်ကောင်းများ အမြောက်အမြား ပေါ်ထွက်လာစရာအကြောင်း ရှိပေသည်။ သို့ရာတွင် စာရေးခြင်း (အထူးသဖြင့်) ဝတ္ထုရေးခြင်းအလုပ်မှာ လွယ်ကူသော အလုပ်မဟုတ်သည့်အားလျော်စွာ စာရေးရန် မကြိုးပမ်းတော့ဘဲ ပင်စင်ယူပြီးသည့် နောက်၌ ဗဟန်းဘက်တွင် ထမင်းဆိုင်တဆိုင် ဖွင့်လှစ်ကာ ထမင်းသည်ကြီး လုပ်၍နေလေတော့၏။
တနေ့သ၌ ကျွန်ုပ်၏ ထမင်းဆိုင်သို့ လူတယောက် ရောက်ရှိ လာပြီးလျှင် ထမင်းတပွဲ မှာ၍ စားလေတော့၏။
“ထမင်းတပွဲ စားလိုပါသည် ခင်ဗျာ”
ဟု ဆိုသူက ထမင်းတပွဲ မှာလိုက်၍ စားပွဲထိုးလုပ်သော ကောင်ကလေးက ပြုံးစေ့စေ့နှင့် ကျွန်ုပ်၏ မျက်နှာသို့ လှမ်းကြည့်လေ၏။
ကျွန်ုပ်၏ ဆိုင်မှ စားပွဲထိုးကလေးက မည်သည့်ဟင်းနှင့် စားသောက်လိုကြောင်း မေးမြန်းပြန်၍ ထိုသူက ….
“ဝက်သားဟင်းနှင့် စားလိုပါသည်”
ဟု ပြန်၍ ဖြေလိုက်လျှင် ကျွန်ုပ်၏ စားပွဲထိုးကလေးသည် ကျွန်ုပ်၏ အနီးသို့ လာရောက်၍ ..
“ဆရာ ဆရာ၊ ဒီလူက တမျိုးပဲ၊ စကားပြောတာ စာရေးတဲ့အတိုင်း ပြောနေတယ်”
ဟု ပြောဆို၍ ထမင်းဟင်းများကို ပြင်ဆင်ပေး၏။
ထိုသူသည် စားပွဲထိုးကလေးချပေးသော ထမင်းကို အနည်းငယ် စားသောက်ကြည့်၍ …
“ဟေ့ သူငယ်၊ သင်၏ ထမင်းသည် လွန်စွာမာနေသည်” ဟု ပြောလိုက်လေ၏။ ကျွန်ုပ်၏ စားပွဲထိုးကလေးမှာလည်း နောက်ပြောင်ခြင်းအလုပ်၌ ဝါသနာပါလှသည် ဖြစ်ရာ ထိုသူအား ….
“ထမင်း မာနေသည်မှာ မှန်ပါ၏၊ ဤကဲ့သို့ မာရခြင်းမှာ ကျွန်ုပ်၏အပြစ် မဟုတ်ပါ၊ ဆန်၏ အပြစ်သာလျှင် ဖြစ်ပါသည်၊ . ထို့ကြောင့် သင်သည် သည်းခံ၍သာ စားပါလော့”
ဟု ပြောလိုက်ရာ အနီးအပါးတွင် စားသောက်နေကြသောသူများပင် “ဝါးခနဲ’ ရယ်မောကြလေ၏။ ကျွန်ုပ်လည်း မရယ်ဘဲ မနေနိုင်သဖြင့် ရယ်ရလေတော့၏။
ထိုသူလည်း စားပွဲထိုးကလေးက နောက်ပြောင်သည်ကို စိတ်မဆိုးဘဲ အောက်ပါအတိုင်း ပြောလေ၏။
“လူတို့သည် စကားပြောသည့်အခါ၌ တမျိုးပြော၍ စာရေး သည့်အခါ၌ တမျိုးရေးကြလေသည်၊ ဤသို့ ပြုလုပ်ခြင်းကြောင့် သတ်ပုံမှားခြင်း၊ ကြိယာ၊ ကြိယာဝိသေသန၊ ဝိဘတ် စသည်တို့ အထား အသို မမှန်ဘဲ စာကိုရေးသားကြရခြင်း ဖြစ်လေတော့၏။ ထို့ကြောင့် ကျွန်ုပ်မောင်တောင်ကျော်သည် မြို့ပိုင်မင်း၏ ရုံးတော်၌ ပြာတာအလုပ်ကို ရသည့်နေ့မှစ၍ စကားပြောလျှင် စာရေးသည့်အတိုင်း ပြောလေတော့သတည်း။”
ကျွန်ုပ်လည်း ထိုသူ၏စကားကိုကြားရလျှင် ရယ်မော၍ ကျွန်ုပ်၏ ဆိုင်တွင်း၌ စားသောက်နေကြသူအပေါင်းလည်း ကျွန်ုပ်ကဲ့သို့ပင် ရယ်မောလေ၏။ တယောက်သောသူဆိုလျှင် ရယ်လွန်း၍ ထမင်းများပင် သီး၍သွားသဖြင့် ၎င်း၏ မိန်းမက ကျောကိုထု၍ ပြေပျောက်စေရန် ပြုစုပေးရလေ၏။
စာစကားပြောသော မောင်တောင်ကျော်လည်း ၎င်းအား လှောင်ပြောင် ရယ်မောကြောင်းသိလျှင် လွန်စွာစိတ်ဆိုး၍ အောက်ပါအတိုင်း ကြိမ်းမောင်းလေ၏။
“သင်တို့သည် ကျွန်ုပ်အား လှောင်ပြောင်ရယ်မောကြ၏။ ကျွန်ုပ် လွန်စွာစိတ်ဆိုးသည်၊ ယနေ့ နံနက်၌ ကြိုးပေးခံရသော လူဆိုးကြီး ပတ္တမြားမင်းမောင် ကဲ့သို့သာ ကျွန်ုပ်၌ အစွမ်းသတ္ထိ ရှိခဲ့ပါမူ ကျွန်ုပ်သည် သင်တို့အား မုချမသွေ ဇီဝိန်ချွေပါအံ့”
“ဟား … ဟား … ဟား … စိတ်မဆိုးပါနဲ့ဗျာ၊ ကျုပ် ဒီထမင်းဆိုင်ရဲ့ ဆိုင်ရှင်ပါ၊ အသက်လည်း ခြောက်ဆယ် ကျော်ပါပြီ၊ ခင်ဗျားလို စကားပြောတဲ့ လူမျိုးကိုတော့ ဒီတခါပဲ တွေ့ဖူးသေးတယ်”