တိုးကပ်လာကာ ” ဟေ့ မင်းက ငါတို့အကွက်ထဲ ဘာလာလုပ်တာလဲ” “ကျတ်လယ်ကိုပိုင်တာ ငါတို့ရွာက ဒေါ်အေးမိကွ အခုပြောနေတဲ့ ကောင်ကဘယ်ကလဲ” “ငါကဒီအကွက်ပိုင်ရှင်အစစ်ကွ မင်းတို့ကောင်တွေ ငါ့ကိုခွင့်မတောင်းပဲဘာလို့လာတာလဲမင်းကိုခွင့်တောင်းစရာမလိုဘူး ငါတို့ရွာသားတွေလယ်ကို ငါတို့ငါးရှဉ့် ထောင်တာ ဘယ်သူ့ဂရုစိုက်ရမှာလဲ” “ဟားဟား ဟားဟား ဟားဟား မင်းကလည်း တော်တော်သတ္တိကောင်းပါလား” “ငါကြောက်တာအိမ်ကမိန်းမပဲရှိတယ်” “အေး မင်းကတော်တော် သတ္တိကောင်းတော့ ငါလာရတာ ပေါ့ကွာ” သာနိုးသည်အသံလာရာဘက်သို့ ဂရုတစိုက် ကြည့်နေသည်။ သူ၏စိတ်ထဲတွင်တော့ သူ့လိုငါးရှဉ့်ထောင်သော တခြားရွာသားတစ်ယောက်မှ စနောက်နေသည်ဟု ထင်ထားမိသည်။ထို့ကြောင့် ...
” “ရပါတယ်ကွာ” သီတာ မည်သို့မှ မပြောတော့ဘဲ သူ၏ရှေ့တွင်ထိုင်လိုက်ရင်း “အလုပ်သွားလျှောက်တာ အဆင်ပြေလား” သူခေါင်းခါပြလိုက်ရင်း “မပြေဘူး။ဂိတ်စောင့်တဲ့ လုံခြုံရေးတွေက ပြောတယ်။အကောင်ကြီးကြီး အမြီးရှည်ရှည်တစ်ယောက်ယောက်ရဲ့ထောက်ခံချက်ပါမှတဲ့” သီတာ နှာခေါင်းရှုံ့သွားသည်။ “ကြီးကျယ်လိုက်တာ” ယင်းသို့ရေရွတ်ပြီးနောက် “ဒါဆိုယောက်ျားဘာဆက်လုပ်မယ်စိတ်ကူးထားလဲ။လက်ရှိကုမ္ပဏီကလည်း ထွက်ထားပြီးပြီ။အခုအလုပ်အသစ်ကလည်း မရဘူးဆိုတော့ မျောက်သစ်ကိုင်းလွတ်ဖြစ်နေပြီပေါ့။လုံခြုံရေးကုမ္ပဏီတစ်ခုခုမှာ အလုပ်ဆက်လျှောက်ပါလား” “ဟာကွာ။အဲဒီလိုကုမ္ပဏီတွေကနယ်တွေအထိ လနဲ့ချီပြီး ခရီးထွက်ရတာပဲကွ။တစ်ခါတလေ နှစ်တောင်ပေါက်တယ်။အဲဒါကြောင့် မလုပ်ချင်တာ” “ဪ ယောက်ျားရယ်။လောလောဆယ် အလုပ်မရှိသေးတာနဲ့စာရင် တော်သေးတယ်လေ” “နေပါအုံးကွာ။ငါစဉ်းစားပါအုံးမယ်” “သဘောပဲတော်ရေ” ပြောပြီး သီတာလည်း ကြမ်းခင်းပေါ်ချထားသည့် ခြင်းတောင်းကိုယူကာ မီးဖိုချောင်ထဲသို့ဝင်သွားသည်။ မြတ်မင်းလွင်လည်း သူ၏ဘေးတွင်ထိုင်လျက်ရှိနေသည့် ...
*ဖိုးထွားနှင့် ကတက်ချဉ်*📖📖📖 ****************************** လယ်တွင်းသားစောချစ် တနင်္ဂနွေရုံးပိတ်ရက် မိသားစု မနက်စာစားနေကြစဉ် ‘ကတက်ချဉ်’ လမ်းပေါ်မှ ဈေးသည်၏အသံ ‘ဟ. . . ကတက်ချဉ်တဲ့’ ကျွန်တော်စိတ်ဝင်တစား ပြောလိုက်မိသော ကြောင့်…. ‘စားချင်လို့လား . ကတက်ချဉ်သည်လာဦး’ ကျွန်တော့်ဇနီးက ကျွန်တော့်ကိုမေးရင်း တစ် ဆက်တည်း ကတက်ချဉ်သည်ကို လှမ်းခေါ်လိုက် သည်။ ကတက်ချဉ်သည်ရောက်လာ၍ ကတက်ချဉ်ဇလုံကြီးကို ခေါင်းပေါ်မှချသည်။ မြင်လိုက်ရုံနှင့် သိ ပါသည်။ ညိုညိုဖားဖားအပြားကြီးကြီး ရာဘာရွက် ကြီးများ. . . . . ...
တောင် နေခဲ့ဖူးတာဆိုပဲ။ အခုလည်း သူ့အဘိုး၊ ဦးရွှေကျုတ်က ညောင်ဝိုင်းသူကြီးဗျ။ဒီကောင် ဘကျုတ်၊ ကျုပ်တို့ရွာကို တစ်ခါမှ လာဖူးတာ မဟုတ်ဘူးဗျ “ဘကျုတ် မင်း ငါတို့ဝိုင်းကို တော်တော်ရှာလိုက်ရသလား” “အေး …နည်းနည်းတော့ ရှာရတာပေါ့ကွ ဒါပေမဲ့ မင်းကို ဒီရွာမှာ မသိတဲ့ လူမှ မရှိတာကွာ မင်းနာမည်က ငါတို့ညောင်ဝိုင်းမှာပါ ပေါက်နေတဲ့ဟာ” “ဟေ …ဘယ်လိုပေါက်နေလို့တုံးကွ ဘကျုတ်ရ” “ထနောင်းကုန်းက တာတေက ပယောဂတွေ သိုက်တွေ နိုင်တယ်လို့ ကျော်ကြားနေတာကွ “ “ဟာ မဟုတ်ပါဘူး ဘကျုတ်ရာ၊ ...
တဲ့ ချိုင့်ကြီးတွေကလည်း ရှိသေးတယ်မဟုတ်လား။ နင်းလာရင်းနဲ့ သိပ်မကြာပါဘူးဗျာ၊ လာပို့ရွာနားရောက်တော့ မနှင်းကြည်တို့စက်ဘီးကိုလှမ်းမြင်ရပြီဗျ၊ စိုင်းရာဇာက သူတို့နောက်က ဘယ်သူမှလိုက်မလာဘူးထင်လို့ အေးအေးဆေးဆေးနင်းနေတာပေါ့ဗျာ၊ ကျုပ်တို့လည်း အသံကုန်ဟစ်ပြီးအော်တယ်။ “ခွေးကောင်၊ စက်ဘီးကိုရပ်စမ်း” ကျုပ်တို့အော်တော့ စိုင်းရာဇာက လှည့်ကြည့်တယ်ဗျ၊ ပြီးတာနဲ့ သူလည်း စက်ဘီးကိုအားစိုက်နင်းတော့တာပဲ၊ ဒီကောင်စီးထားတဲ့စက်ဘီးကလည်း ကောင်းတယ်ဗျ၊ သူကြီးစီးနေတဲ့စက်ဘီးအသစ်ကြီးဆိုတော့ ပြေးတာပေါ့ဗျာ၊ ကျုပ်တို့နင်းနေတဲ့စက်ဘီးကတော့ သံချေးကိုက်နေတဲ့စက်ဘီးကြီးဗျ၊ မောင်ဗမာဘီးဆိုတာ ခိုင်တာတော့ခိုင်ပါရဲ့ စက်ဘီးကသံနဲ့လုပ်ထားလို့ အလေးကြီးပဲ၊ အမြင့်ကလည်းအမြင့်ကြီးဗျ၊ ထိုင်ခုံဆိုရင်လည်း မာမာကြီးဗျာ။ အနောက်က ကယ်ရီယာခုံဆိုရင် သစ်သားပြားတွေတပ်ထားတာမဟုတ်လား။ စက်ဘီးနင်းရင်း စက်ဘီးကလည်း အသံစုံမြည်နေလိုက်သေးတယ်။ ...
ဖြစ်သလို အထပ်သားပြားတွေကာ၊ အထပ်သားပြားတွေမိုး ၊ အထပ်သားပြားတွေခင်းနဲ့ တဲလိုလိုအခန်းလိုလိုတွေဆောက်နေကြရတာဗျ. ကိုယ့်အဖွဲ့လူဘယ်လောက်များများတဲကတစ်လုံးနှစ်လုံးထက်မပိုကြဘူး။ ဘာကြောင့်လဲဆိုတော့.. ဒီဆောက်လုပ်ရေးဝင်းထဲကယာယီပေးထားတဲ့ နေရာတွေမှာညဆိုဘယ်အလုပ်သမားမှမအိပ်ကြ၊မနေကြလို့လေ။ ညဘက်ကိုသူတို့တွေက ဆောက်လုပ်ရေးဝင်းရဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ ချောင်းစပ်ကဒီရေတောထဲမှာ ခပ်မြင့်မြင့်တဲတွေထိုးပြီးဝင်ပုန်းအိပ်ကြတာများတယ်၊ ဒါကလဲ. မလေးရှား လ.ဝ.က အပါအဝင် ရဲ နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းဖမ်းစီးတဲ့အော်ပရာစီဆိုတဲ့ခိုးဝင်ပြည်ပနိုင်ငံသား များဖမ်းစီးရေးက အချိန်မရွေးဝင်လာဖမ်းစီးသလို အထူးသဖြင့်ညဘက်အိပ်ချိန်တွေမှာဆောက်လုပ်ရေးလို့နေရာမျိုး၊ နိုင်ငံခြားသားရွေ့ပြောင်းအလုပ်သမားအများဆုံးရှိတဲ့နေရာမျိုးတွေကိုဝင်ရောက်ဖမ်းစီးတတ်တာကြောင့်၊ အလုပ်ချိန်နဲ့ထမင်းချက်ပြုတ်စားသောက်ချိန်မျိုးသာ ဝင်းထဲမှာနေကြပြီးညဆို တောထဲသွားအိပ်ကြသူတွေများပါတယ်။ ကျွန်တော်ရောက်ပီး (၄)ရက်လောက်ပဲရှိသေးတယ် အဲ့ဆောက်လုပ်ရေးဝင်းထဲက မြန်မာပြည်သားမွန်လူမျိုးအသိတွေအတော်များများကိုရသွားတော့တာပဲ၊ ဒါကလဲအကောင်းတော့မဟုတ်ဘူး အဲ့ဒီမှာ အရက်သွားသောက်ရာကနေ ကိုမျိုးချစ်တွေနဲ့တွေ့ပြီး ရိုက်ပွဲဖြစ်လိုက်ရာကနေ “ရန်ကုန်” ...
ပဲပြုတ်တောင်းရွက်၍ အိမ်မှ ထွက်သွားသည်။ ဒေါ်ဖွားတင်က နံနက်စာ ချက်ထားရ၏။ အိပ် ရာထဲက လူမမာသားကို ပြုစုရ၏။ မြေးတွေ ကို ကိုယ်လက်သုတ်သင်ပေးရ၏။ ကျွေး မွေးရ၏။ ဤသို့ လှုပ်ရှားရင်း ရုန်းကန်ရင်း ဖြင့် နေ့တစ်နေ့တာ ကုန်ဆုံးသွားရသည်။ နေ့တွေက လအဖြစ်သို့ ပြောင်းလဲသွား၏။ လ တွေက နှစ်အဖြစ် ကူးပြောင်းသွားပြန်သည်။ ရက်တွေ လတွေ တိုးတိုးလာသလို ထွန်းမောင် ၏ ရောဂါလည်း တဖြည်းဖြည်း ဆိုးလာခဲ့သည်။ ပြင်းထန်သော ဆေးဝါးတွေ သောက်မျိုခဲ့ရ၍ သူ့ခေါင်းက ...
လည်း စကားမပြောဘဲ သူတို့လုပ်စရာရှိတာကို လုပ်နေကြတယ်၊ အသက် ငါးဆယ်လောက်ရှိမယ့် အဘိုးကြီးတစ်ယောက်ကတော့ တရားထိုင်သလိုထိုင်နေတယ်ဗျ၊ သူ့အရှေ့မှာလည်း ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ထွန်းထားတယ်၊ အနားရောက်တော့မှ သူက တရားထိုင်နေတာမဟုတ်ဘူးဗျ၊ သူ့ရှေ့က ဖယောင်းတိုင်ကြီးကို မျက်တောင်မခတ်ဘဲသေသေချာချာကြည့်နေတာဗျ၊ ဖယောင်းတိုင်က ဝါဆိုဖယောင်းတိုင်လောက်ရှိမယ့် ဖယောင်းတိုင်အကြီးကြီးပါဗျာ။ (၂) ကျုပ်ကြမ်းပြင်ပေါ်ကိုထိုင်လိုက်တယ်ဆိုရင်ပဲ အဲဒီလူကြီးက ချောင်းတစ်ချက်ဟန့်တယ်ဗျ၊ ကျုပ်ကိုတော့ လှည့်တောင်မကြည့်ဘူး။ “ငါတို့ဘယ်သူတွေလဲ၊ ဘာလို့ရွာထဲမှာ မတည်းခိုတာလဲဆိုတာ မင်းသိချင်တယ်မဟုတ်လား၊ ဘာလဲ မင်းအဖေသူကြီးက မင်းကိုကြည့်ခိုင်းလိုက်လို့လား” ကျုပ်ဖြင့်လန့်ပြီးတုန်သွားတာပဲဗျာ၊ ဒီလူကြီးက အကြောင်းစုံသိနေတာကိုးဗျ။ သူ့အသံကတော့ နည်းနည်းဒေါသထွက်နေသလိုပဲဗျာ။ “ဟုတ်၊ ...
ထပ်ခိုးကအခန်းထဲကို သူကလွဲ၍ ဘယ်သူမှ ဝင်တာကြိုက်သူမဟုတ်။ ထို့ကြောင့် မခင်မမသည် ထပ်ခိုးက အခန်းထဲကို အရေးအကြောင်း မရှိလျှင် သွားလေ့မရှိချေ။ လှေကား ခြေနင်းပြားသစ်သားတွေကို နင်းရတာက ဒီညကျမှ ပိုပြီး အေးနေသယောင်ပင်။ ခြေနင်းပြားတစ်ပြားပေါ်ကို ခြေလှမ်း တစ်လှမ်း နင်းတက်လိုက်တိုင်း ခြေဖဝါးသည် စိမ့်ခနဲ အေးစက်စက်နှင့် ကြမ်းရှရှကို ထိတွေ့နေမိသည်။ လှေကားထိပ် ရောက်သည့်အခါ၊ မခင်မမသည် မီးခလုပ်ကို ဖွင့်လိုက်သည်။ လျှောက်လမ်း မီးက ဖျတ်ခနဲ လင်းသွား၏။ ” အင်း … ဟင်း … ...
……လယ်ကွင်းထဲက တစ္ဆေများ ********* ******* ******** ငယ်ဘဝများဆီသို့…………. ။ ဗျို့ ကိုကြီးလှ…..အဆင့်သင်ဖြစ်ပြီလားဗျ… သွားကြရအောင်လေ…ပဲ ခင်းစောင့်ဖို့ နောက်ကြနေတော့မယ်…လာဗျို့ဟုအော်ဟစ်ခေါ်လိုက်သော ကိုခွေးပုအသံကြောင့် ကိုလှဘော်လဲ ဆောင်ဓားက်ို ကျောတွင်လွယ်လိုက်ပြီး လက်ကဓာတ်ခဲ ငါးတောင့်ထိုး ဓာတ်မီးကို..ယူကာ…လောက်လေးဂွ နှင့်လောက်စာလုံးများထည့်ထားသော..လွယ်အိတ်ပါ.လွယ်လျှက် အိမ်ပေါ်ထပ်မှ လှေကားအတိုင်းဆင်းလာသည်။ တပို့တွဲလ မို့အချမ်းက…ပိုနေသည် မြောက်လေကလေးများကလဲ..တသုန်သုန် တိုက်ခတ်လျှက်…ဆောင်း၏အငွေ့သက်က်ို ဖန်ဆင်းနေရှာသည်။ ကိုကြီးလှ အေးတယ်နော်..ခုည.အရင်ညတွေထက်အအေးဓာတ်ပိုနေသလိုပဲဗျ ဟု ကိုခွေးပုက စကားစရင်း…နည်းည်းလောက် သောက်ကြမလား ကိုကြီးလှ ကျွဲတဲကုန်းရွာထဲက သံချောင်းဆိုင်က ၂လုံးဆွဲလာတယ်ဟုဆိုကာ.သူ့လွယ်အိက်ကိုပုတ်ကာ….ပြောလိုက်သည်။ နှစ်ဦးသား စကားတပြောပြောဖြင့်လမ်းလျှောက်လာရာ..သူဆို့စောင့်ရမည့် လယ်ကွင်းများဆီမှ ...