လဲ့လဲ့ဆွေ မကြားရလေအောင် အသံကို ခပ်တိုးတိုး ပြောတတ်နေ၏။ ယခုဆိုလျင် ကိုမျိုးဝင်းသည် တနင်္ဂနွေနေ့လို ရုံးပိတ်ရက်တွေမှာတောင် မိသားစုကို အချိန်မပေးနိုင်ပဲ၊ အပြင်မှာ အလုပ်ကိစ္စဟူ၍ အချိန်ကုန်လွန်နေတတ်၏။ နောက်တခုကတော့ ကိုမျိုးဝင်းသည် အပြင်ထွက်တိုင်း ဝတ်ကောင်းစားလှ ဝတ်ဆင်သွားတတ်သလို၊ တကိုယ်လုံးလည်း ရေမွှေးဆွတ်ထား၍ မွှေးကြိုင်နေတတ်၏။ ယခင်က အပြင်ထွက်လျင် လူရိုသေ ရှင်ရိုသေလောက်သာ ခပ်လတ်လတ် အဝတ်တို့ကို ဝတ်သွားလေ့ရှိပြီး ၊ ရေမွှေးဆွတ်ခြင်း ပြုလုပ်လေ့ မရှိပေ။ ထို့ကြောင့် မလဲ့လဲ့ဆွေသည် ခင်ပွန်းဖြစ်သူ ကိုမျိုးဝင်းအား သင်္ကာမကင်း ဖြစ်နေဟန်တူပါ၏။ ...
နေကြရတာဆိုပဲ၊ အဘိုးကြီးက မေတ္တာသမားလူနုမဟုတ်ဘူးတဲ့ဟေ့၊ တော်တော်ကြမ်းတာဆိုပဲ၊ ပြောမရရင် သရဲ၊ တစ်ဆေ၊ စုန်း၊ ကဝေ မပြောနဲ့ နတ်မိစ်ဆာတွေကိုတောင်သစ်ပင်မှာ ကြိုးတုပ်ပြီးရိုက်တာဆိုပဲ” “ဟာ ဒီလောက်တောင်ပဲလားကွ သိန်းဇော်ရ၊ နေပါဦး၊ ဒီအကြောင်းတွေကို ဘိုးမင်းဒင်ပြောပြတာလား သူကဒါတွေကိုဘယ်လိုသိတာတုံးကွ” “ဦးတက်ခါးရဲ့အဖေ ဦးပုရှိတုန်းက ဘိုးမင်းဒင်ကဦးတက်ခါးတို့အိမ်မှာ ဝင်ထွက်သွားလာပြီး စားသောက်နေတာဆိုတော့ ဘိုးပုကြီးမသေခင်က သူ့အဖေအကြောင်းကို ပြောပြတာတဲ့ကွ” “ဪ တော်တော်စွမ်းတဲ့ အဘိုးကြီးပဲကွ နော်” “အေး ၊ အခုငါလာတာက ရွာလူကြီးတွေက ဘိုးတက်ခါးတို့ မိသားစု ကိစ္စကို အစွမ်းထက်ထက် ဆရာပင့်ဖို့ ...
ကိုင်နိုင်ဖြစ်သည့်အရွယ် ရောက်မှဇနီးနှင့်သမီးများ၏ စရိုက်က ပေါ်လွင်လာကြသည်။ ထမင်းကျွေးလျှင်ထမင်းပန်းကန်အား ပစ်ပေါက်ပြီးကျွေးလေသည်။ တစ်ခါတလေဇနီးသည်က ဦးပေသီးအား ရိုက်နှက်ကာနှိပ်စက်ပြန်သည်။ ဦးပေသီးလည်း အသက်ရှင်လျက်ငရဲသို့ ရောက်နေသည့်အလား ဆင်းရဲကြီးစွာ ခံစားရလေသည်။ ရေချိုးသည့်အခါ ရေမဆွဲနိုင်သဖြင့် ဇနီးသည်ကချိုးပေးလေသည်။ စေတနာပါလွန်း၍ချိုးပေးခြင်းတော့ မဟုတ်ပေ၊ဦးပေသီးခန္ဓာကိုယ်မှထွက်သည့်အနံ့အား မခံနိုင်၍ချိုပေးခြင်းဖြစ်သည်။ ဦးပေသီးရေချိုးရမှာကိုအလွန်ကြောက် သည်။ မကြောက်၍လည်းမဖြစ်ပေ သူ့အကြောင်းနှင့်သူရှိလေသည်။ ရေချိုးသည့်အခါ ဇနီးသည်က လက်သည်းများဖြင့် သွေးထွက်အောင် ကုတ်ခြစ်ကာဦးပေသီးအားရေချိုးပေး သည်။ နာကျင်လွန်း၍အော်သည့်အခါ ဇနီးသည်ကဦးပေသီးအား ရိုက်ပြန်သည်။ သို့ကြောင့်ရေချိုးရမည်ကို ဦးပေသီး အင်မတန်ကြောက်နေခြင်းဖြစ်သည်။ ညအိပ်သည့်အခါ ဦးပေသီးတစ်ယောက် မိမိဘဝကိုပြန်တွေးပြီး ငိုခဲ့ရလေသည်။ ...
ကလေးက စိတ်ဖောက်တော့တာပဲ” .. ဘယ်လိုတွေ ဖောက်တာလဲဆိုတော့ .. အော်ဟစ်သောင်းကျန်းတယ် .. ရွာလမ်းပေါ်လျှောက်ပြေးတယ် .. “တစ်ခါတစ်ခါ သောင်းကျန်းရင် ကလေးပေမယ့် အရမ်းကြမ်းတယ် ဆရာမ” လို့ရှင်းပြပါတယ် .. ဆရာမက ကလေးကိုပဲ ဝင်ခိုင်းပြီး စစ်လိုက်တယ် .. အားလုံးသိအောင်လို့ပါ .. ကလေးကိုဝင်ပူးပြီးတော့ “မကျေနပ်လို့လုပ်တာ” လို့ပြောပါတယ် .. ဘာကိုမကျေနပ်တာလဲ လို့ မေးတော့ .. “သူ့ကို မခြေမငံပြန်ပြောတဲ့အတွက်ကြောင့် လုပ်တာ” ဆရာမက “သေချာလို့လား” လို့ ပြန်မေးတော့ ...
ဟာဆိုတော့ ဆာတိုင်းလည်း တောင်းစားလို့မကောင်းဘူးမဟုတ်လား၊ ဒီတော့ အဲဒီကောက်ညှင်းထုပ်တစ်ဝက်နဲ့ပဲ ဗိုက်ဖြည့်လိုက်ရတာပေါ့ဗျာ။ ဒါနဲ့ပဲဇရပ်ကြမ်းပေါ်မှာ လွယ်အိတ်ကိုခေါင်းအုံးပြီး ကျောခင်းလိုက်ရတာပေါ့၊ ဦးဘသာကြီးကတော့ မအိပ်ဘဲ ငုတ်တုတ်ထိုင်နေတယ်ဗျ။ “ဦးဘသာကြီး မအိပ်သေးဘူးလားဗျ” “အေးကွ၊ ငါကွမ်းတအားစားချင်နေတာကွ” “နေအုံး၊ ခရီးသည်တွေဆီကနေ ကျုပ်လိုက်တောင်းကြည့်မယ်” ဖြစ်ချင်တော့ ခရီးသည်တွေထဲမှာ ကွမ်းပါတဲ့သူမရှိဘူးဗျ၊ ခရီးသည်တွေက မိန်းမနဲ့ ကလေးတွေများတယ်၊ ပြီးတော့ ယောက်ျားတွေကလည်း ကွမ်းအစ်မသယ်ကြဘဲ တွေ့တဲ့နေရာကနေ ဝယ်စားကြတဲ့သူတွေထင်ပါရဲ့ဗျာ။ ဟုတ်တော့ဟုတ်တယ်ဗျ၊ ကျုပ်လုပ်လိုက်လို့ သူ့ကွမ်းအစ်ကြီးကျပြီး ကွမ်းသီးတွေရော၊ ကွမ်းတွေရော၊ ဆေးတွေ၊ ထုံးတွေရော တစ်စစီဖြစ်သွားတာလေ၊ ဒန်နဲ့လုပ်ထားတဲ့ ကွမ်းအစ်တောင်မှ ...
တွေကြောင့် ချက်ချင်းသ င်္ဂြိုဟ်ရတာ…..။ တစ်ရက်ထဲထားပြီးနောက်နေ့သင်္ဂြိုဟ်တာတွေရှိတတ် ပေမဲ့ သုံးရက်မြောက်တဲ့နေ့မှာ သင်္ဂြိုတ်တာကတော့ ရွာရဲ့ထုံးစံပါ။ ဒါပေမဲ့ ရက်လည်ဆွမ်းသွတ်ကို သုံးရက်နဲ့လုပ်တာတော့ ထုံးစံမရှိဘူး၊ အစဉ်အလာ မဟုတ်ဘူး။ ရွာရဲ့ သမိုင်းတစ်လျှောက်မှာလည်း တစ်ကြိမ်တစ်ခါ တောင် မကြုံဖူးဘူး….။ ကာလ၊ ဒေသ အခြေအနေအရ ငါးရက်နဲ့ဆွမ်းသွတ်ကာ ရှိခဲ့ပေမဲ့…။ ထုံးစံက သေဆုံးပြီးခုနစ်ရက်တင်းတင်း ပြည့်မြောက်တဲ့နေ့မှ ရက်လည်ဆွမ်းသွတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကာယကံရှင်တွေရဲ့အလိုကျ ရပ် တွက်လူကြီးတွေက ခွင့်ပြုလိုက်တယ်။ တန်ခူးလဆန်း (၂)ရက်နေ့၊ နေ့ခင်းမှာပဲ မသန်းနုရဲ့ရုပ် အလောင်းကို သုသာန်ပို့ပြီး သင်္ဂြိုဟ်လိုက်တယ်။နောက်နေ့ဖြစ်တဲ့ ...
စိတ်မမှန်ရှာတော့။ ဗန်ဒါစိမ်းရွာ၌ ဘွားစန်းသည် အသက်အကြီးဆုံးပုဂ္ဂိုလ်တစ်ယောက်ပင်ဖြစ်၏။ “ဘွားစန်း…ဘာလို့ဒီကိုရောက်နေတာလဲ” ဟု…လွန်းနီနီမေးလေတော့ လူနှစ်ယောက်လက်ကြား၌ ယက်ကန်ယက်ကန်ပါလာသော ဘွားစန်းမှာ လွန်းနီနီအား သူ၏မည်းနက်နေသော သွားကြီးများပေါ်သည်အထိ ပြုံးရယ်ပြကာ… “ဟီးးးး….သခင်မလေး….လပြည့်ရက်နီးပြီ… ဂရုစိုက်နော်….ဟီးးး…ဟီး…ဟီးးး…….” ပြောချင်ရာပြောနေသည့်ဘွားစန်းကိုကြည့်၍ လွန်းနီနီသက်ပြင်းချလိုက်သည်။ “ကဲ…ဘွားစန်းကို သူ့အိမ်ဆီပြန်ခေါ်သွားကြ… ကျန်တဲ့သူတွေ ဇာရီကိုထပ်ရှာကြမယ်……….. ” လွန်းနီနီ၏စကားအတိုင်းပင် ပျောက်ဆုံးနေသော မိန်းမပျိုအား ဆက်လက်ရှာဖွေကြ၏။ ညသည်ပင်တဖြေးဖြေးနက်လာခဲ့လေတော့သည်။ ရှာဖွေမတွေ့သည့်အဆုံး၌… “ကဲ…မနက်မှဆက်ရှာကြတာပေါ့…ကိုယ့်အိမ်ကိုပြန်ကြတော့” “ဟုတ်ကဲ့….မမလေး……” “ဟုတ်ကဲအစ်မ…..” ရွာသားများနှင့်အသက်ကြီးသူများကလွန်းနီနီကို မမလေးဟုခေါ်ကြပြီး ရွာရှိလူငယ်များကတော့ အစ်မဟုခေါ်ကြလေသည်။ ******************* နောက်တစ်နေ့နံနက်၌… “အစ်မ…အစ်မ…ချောင်းစပ်….ချောင်းစပ်မှာ………” ဟု…သီရိအပြေးတပိုင်းဖြင့် လွန်းနီနီထံသို့ရောက်လာလေသည်။ ...
ငါ့ကို မြင်ရပြီး ငါက မင်းကို ဘာလို့ မမြင်ရတာတုံးကွ” “ဟား၊ ဟား၊ ဟား၊ ဟား၊ ဒါကတော့ ဆရာစား ချန်ထားတာပေါ့ကွ၊ ဆရာကတပည့်ကို ပညာ ကုန်ပေးမလားကွ” ဒီကောင်က အ ထစ် အထစ်နဲ့ ပြောပြီး ရယ်နေတာဗျ။ “ဟာကွာ ဘချစ်ရာ၊ မင်းကလည်း သူငယ်ချင်း အရင်းခေါက်ခေါက်ကိုများ ဆရာစား ချန်နေရ သေးသလားကွာ” ဒီတော့မှ ဘချစ်က ရယ်ရင်း ပြောတာဗျ။ “ငါ နောက်တာပါ တာတေရာ၊ မင်းက အခုမှ ကိုယ်ပွားစပြီးထုတ်တာလေကွာ၊ ...
ဆုံးဖြစ်လာတယ်ဗျရွာကလူတွေကလဲသွေးရိုးသားရိုးမဟုတ်ဘူးဆိုတာသိကျတယ် တစ်ယောက်တစ်မျိုးအမျိုးမျိုးပြောနေကျတယ် အဲ့ဒါနဲ့အဲ့ဒီအရုပ်မကြီးကိုယူပြီးအသုဘချတော့မသာနဲ့အတူမြေကြွင်းထဲထည့်မြုတ်ခိုင်းလိုက်တယ်မနက်လေးနာရီဒေါင်ဆိုတာနဲ့အရုပ်မကြီးကတံခါးကိုပြန်ရောက်နေတယ် ဒါနဲ့ မီးနဲ့ရှို့လဲမီးမလောင်ဖူး တူနဲ့ထုလဲနည်းနည်းမှတောင်မပဲ့ဘူးဗျ ဒါနဲ့ပဲ့ဒေါင်ငှားပြီးဧရာ၀တီမြစ်ထဲကိုဝေးဝေးလောက်သွားပြီးပစ်ချလိုက်လဲ မနက်ဆိုပြန်ရောက်နေတယ်ဗျ ဆရာတွေကိုအမျိုးမျိုးပင့်ပြီးဖျက်စီးခိုင်းလဲဆရာတွေ သေကျ ပြေးကျရူးကျနဲ့အမျိုးစုံကို ဖြစ်တော့တာပဲ ဒါနဲ့ကျုပ်ကိုခေါ်မေးတယ် ကျုပ်လဲဒီလိုတစ်ခါမှမကြုံဖူးတော့ကျုပ်ရဲ့ဆရာကြီးကိုပင့်လိုက်တယ်ဗျ ဆရာကြီးဦးရန်သိန်းကြွလာတယ်ဗျ အရုပ်ကြီးကို အရှေ့ကျပြီးကန်တော့ပွဲပေးပြီးဆရာကြီးကပုတီး၁၀၈ပတ်စိပ်တယ်ဗျပြီးတော့ဦးမောင်မြကိုအခုလိုပြောတယ်ဗျ မောင်ရင်အခုအရုပ်မကြီးကအစိမ်းတိုက်ပညာရပ်နဲ့စီမံထားတာကွဲ့မောင်ရင်တစ်အိမ်သားလုံးကိုအပြတ်ရှင်းဖို့ရောက်လာတဲ့အရုပ်မကြီးမနက်ဖြန်လပြည့်နေ့ကျရင်ပညာသယ်ဘက်က အစိမ်းသရဲမကိုလွတ်လိုက်ပြီးအသေသတ်ခိုင်းတော့မယ်ကွဲ့ ဒါကြောင့် ယုတ်ညံ့တဲ့ပညာရပ်ကို တားစီးရမယ် အဆိပ်ကိုအဆိပ်နဲ့တားရမယ် ယုတ်ညံ့တဲ့အစီရင်နဲ့ပြုလုပ်ထားဒီအရုပ်မကြီးကို သူ့ထက်ယုတ်ညံ့နိမ့်ကျတဲ့ အိမ်သာကြွင်းထဲထည့်ပစ်လိုက်သူပြန်မရောက်လာတော့ဘူး ဒါပေမဲ့ပညာသယ်ဘက်က အစိမ်းတိုက်ပြီးမနက်ဖြန်ညမှသူသေကိုယ်သေပညာကုန်ထုတ်သုံးကျမှာ ကျုပ်ကိုဆရာကြီးကကိုယ်တစ်ပိုင်းပျက်အရုပ်မကြီးကိုအိမ်သာကြွင်းထဲပစ်ချခိုင်းလိုက်တယ်ဗျ ကျုပ်လဲသွားပစ်ချလိုက်တယ်ဆရာကြီးပြောသလိုပဲဗျေနာက်ေန့တံခါး၀ကိုအရုပ်မကြီးပြန်မရောက်လာတော့ဘူး ဒါပေမဲ့ ဒီညအစိမ်းတိုက်ပြီးပညာသယ်ဘက်ကသူသေကိုယ်သေပညာပြိုင်မှာဆိုတော့ဆရာကြီးကကျုပ်ကို သူ့ကိုကူညီပေးဖို့နဲ့အင်းနိုးဂါထာရွတ်ပြီးသရဏဂုံစမအင်းတော်ကြီးကို အသက်သွင်းထားခိုင်းတယ် ပြီးတော့သက်သက်လွတ်ပဲစားခိုင်းတယ်ဗျ ဆရာကြီးဦးရန်သိန်းက ကျုပ်ကိုပြောတယ်ဗျ မောင်သိန်းအခုတွေ့မဲ့ပညာသယ်က ရှေးခေတ်ထဲကအစဉ်ဆက်ပညာကမ်းခြင်းခံရတဲ့ ပညာသယ်ကွ ...
ကံစီဆိုသည့်လူမှာဂရုမစိုက်။ ကျွအသေအား လမ်းဘေးရှိ တဲငယ်တလုံးရှေ့တွင်ပင် အသား ဖျက်ယူနေလေသည်။ ….. “သားလေး ထ ထတော့ အမေကျောင်းသွားတော့မယ်” “အာ အစောကြီးရှိပါသေးတယ်အမေကလဲ” “ထပါသားရယ် နေတောင်မြင့်နေပီကွဲ အမေသားဖို့ စားပွဲပေါ်မှာ ထမင်းကြော်ထားခဲ့တယ် ထစားတော့” “ဟာ ဒီအမေဘယ်လိုဖြစ်နေတာလဲ ကိုယ်သွားစရာရှိတာသွားပါလားဗျာ ဒီမှာညတုန်းက သောက်တာများသွားလို့ ခေါင်းကိုက်နေတာ မထချင်သေးပါဘူးဆို ထပီးရင်လဲ သားသတ်ဖ်ု့ပဲ ရှာရမှာပဲ” ဒေါ်သီသည် သားဖြစ်သူစကားများကြောင့် စောင်ပါးလေးအား အသာဆွဲခြုံပေးထားခဲ့ကာ ရွာဦးကျောင်းဘက် ထွက်ခဲ့လေတော့သည်။ သူနှိုးမိသဖြင့် သားကောင်များစောစီးသေကြရမည်ကို လည်းမလိုလားပါ။ ကံစီမှာ အသက်ဆယ်ကိုးနှစ်အရွယ်။ ...