နေဝင်ချိန်လေးလှပါရစေ

ကိုင်နိုင်ဖြစ်သည့်အရွယ်

ရောက်မှဇနီးနှင့်သမီးများ၏ စရိုက်က

ပေါ်လွင်လာကြသည်။

ထမင်းကျွေးလျှင်ထမင်းပန်းကန်အား

ပစ်ပေါက်ပြီးကျွေးလေသည်။

တစ်ခါတလေဇနီးသည်က ဦးပေသီးအား

ရိုက်နှက်ကာနှိပ်စက်ပြန်သည်။

ဦးပေသီးလည်း အသက်ရှင်လျက်ငရဲသို့

ရောက်နေသည့်အလား ဆင်းရဲကြီးစွာ

ခံစားရလေသည်။

ရေချိုးသည့်အခါ ရေမဆွဲနိုင်သဖြင့်

ဇနီးသည်ကချိုးပေးလေသည်။

စေတနာပါလွန်း၍ချိုးပေးခြင်းတော့

မဟုတ်ပေ၊ဦးပေသီးခန္ဓာကိုယ်မှထွက်သည့်အနံ့အား

မခံနိုင်၍ချိုပေးခြင်းဖြစ်သည်။

ဦးပေသီးရေချိုးရမှာကိုအလွန်ကြောက်

သည်။

မကြောက်၍လည်းမဖြစ်ပေ

သူ့အကြောင်းနှင့်သူရှိလေသည်။

ရေချိုးသည့်အခါ ဇနီးသည်က

လက်သည်းများဖြင့် သွေးထွက်အောင် ကုတ်ခြစ်ကာဦးပေသီးအားရေချိုးပေး

သည်။

နာကျင်လွန်း၍အော်သည့်အခါ

ဇနီးသည်ကဦးပေသီးအား

ရိုက်ပြန်သည်။

သို့ကြောင့်ရေချိုးရမည်ကို ဦးပေသီး

အင်မတန်ကြောက်နေခြင်းဖြစ်သည်။

ညအိပ်သည့်အခါ ဦးပေသီးတစ်ယောက်

မိမိဘဝကိုပြန်တွေးပြီး ငိုခဲ့ရလေသည်။

အသက်ကြီးမှကံဆိုးလှသည့်

မိမိအဖြစ်အားတွေးမိကာ အားငယ်ဝမ်းနည်းမိလေသည်။

သို့ကြောင့်နောင်ဘဝ၌ ယခုလို

အဖြစ်မျိုးမကြုံစေဖို့ ဘုရားတရားကိုသာ

အာရုံစိုက်ပြီးဆုတောင်းနေခဲ့ရသည်။

================
“ကိုပေသီး ဒီမှာရှင်သောက်ဖို့ ကော်ဖီထုပ်လေးဖျော်လာတယ်

ထသောက်လိုက် ”

ဇနီးသည်မှာမတိုက်စဖူး

ကော်ဖီဖျော်တိုက်သည့်အတွက်

ဦးပေသီးလည်းဝမ်းပန်းတသာဖြင့်

အိပ်ရာထဲမှထကာကော်ဖီခွက်အား

သောက်လိုက်သည်။

“သောက်ပြီးရင်အိပ်တော့ကိုပေသီး

ဘာသံမှမကြားချင်ဘူး ”

“အင်းပါ”

ဦးပေသီးလည်း အိပ်ရာထဲဝင်ကာ

လှဲနေလိုက်သည်။

“ငါ့မိန်းမက ငါ့အပေါ်မေတ္တာတော့ရှိသေးသားပဲ”

ဦးပေသီးလည်း ဇနီးသည်က

ကော်ဖီဖျော်တိုက်သည်ကို ပီတိဖြစ်ပြီး

အိပ်ပျော်သွားလေသည်။

နံနက်လင်းတော့

“ဝှီ ဝှီ”

“တီ တီ ပွမ်ပွမ်”

“ဘူး ဘူးဝူး”

နားထဲ၌ဆူဆူညံညံအသံကြားသဖြင့်

ဦးပေသီးလည်းမျက်လုံးကိုဖွင့်ပြီး

ကြည့်လိုက်မိသည်။

“ဟင်”

ပတ်ဝန်းကျင်ကိုကြည့်မိတော့

ဦးပေသီးတစ်ယောက် အံ့သြထိတ်လန့်

သွားခဲ့ရသည်။

ဦးပေသီးမျက်ဝန်းမှမျက်ရည်များ

ကျဆင်းလာခဲ့သည်။

စကားမပြောနိုင်လောက်အောင်

အားအင်တို့ချိနဲ့သွားလေသည်။

မှန်ပေသည် ဦးပေသီးရောက်နေသည်မှာ

ကားလမ်းနံဘေးသို့ရောက်နေခြင်း

ဖြစ်သည်။

ကော်ဖီသောက်ပြီးအိပ်ခဲ့သည်

နိုးလာတော့ကားလမ်းနံဘေးသို့

ရောက်နေသည်။

ကော်ဖီထဲသို့အိပ်ဆေးထည့်ပြီး

မိမိအားကားလမ်းဘေးသို့လာပစ်သွား

မှန်းဦးပေသီးသိလိုက်သည်။

သို့ကြောင့်ဇနီးသည်နှင့်သမီးများအား

လုပ်ရက်လေခြင်းဟုတွေးမိကာ

ငိုနေခြင်းဖြစ်သည်။

ဦးပေသီးတစ်ယောက် ကားလမ်းဘေး၌ထိုင်ငိုနေသည့်အချိန်

လူတစ်ယောက်သူ့အနားသို့

ရောက်လာသည်။

ဦးပေသီးလည်းမျက်ဝန်းထဲမှမျက်ရည်စ

များဖြင့်မော့ပြီးကြည့်လိုက်သည်။

“အဘ ဘာဖြစ်လို့လဲဗျ

နေမကောင်းလို့လား ”

“မဟုတ်ပါဘူး ငါ့တူရယ်

အဘဝမ်းနည်းလွန်းလို့ငိုနေတာပါ။

“ဗျာဘာဖြစ်လို့လဲ အဘရဲ့

ကျွန်တော့်ကိုပြောပြလေ

ကျွန်တော်ကူညီနိုင်ရင်ကူညီရတာပေါ့။

“အဘအိပ်နေတုန်း အဘကို

ကားလမ်းဘေးမှာလာပစ်သွားကြတယ်

ငါ့တူရယ်။

အီးဟီးဟီး”

“ဗျာအဘအိပ်နေတုန်း

အဘကိုကားလမ်းဘေးမှာ

လာပစ်သွားကြတာဟုတ်လားအဘ

အဘကိုလာပစ်သွားတာ

အဘသားသမီးတွေလား”

“အဘမပြောချင်တော့ပါဘူးကွယ်

စိတ်မကောင်းလွန်းလို့ အဘသေချင်တာပဲသိတော့တယ်ကွာ”