ချင်ပုံမရဘူးပေါ့ဗျာ။ “ဂန့်ဂေါမြို့မှ ကြိုဆိုပါ၏” မြို့အဝင်နားရောက်တော့ ဆိုင်းဘုတ်ကိုကျုပ်အသံထွက်ပြီးဖတ်လိုက်တယ်၊ လမ်းကနည်းနည်းကြမ်းတော့ ကားကလည်းဆောင့်တယ်ဗျ၊ ဦးဘသာကြီးနဲ့ ဦးအောင်ရှိန်ကတော့ တစ်လမ်းလုံးမှေးပြီး လိုက်လာခဲ့ကြတာပဲဗျာ၊ ကျုပ်ဘေးက ရင်မောင်ကတော့ ထုံးစံအတိုင်း ပါးစပ်ကို ပွစိပွစိလုပ်ပြီး ပုတီးစိပ်နေတာပေါ့ဗျာ။ (၂) ဂန့်ဂေါမြို့ထဲက ကားဂိတ်မှာ ကားရပ်လိုက်လို့ ကျုပ်တို့ကားပေါ်ကဆင်းလာတယ်ဆိုရင်ပဲ လူကြီးတစ်ယောက်က ပြေးထွက်လာပြီးတော့ ဦးအောင်ရှိန်အရှေ့မှာ လက်အုပ်ချီတယ်ဗျ။ “ဆရာကြီးတို့ ဘယ်ကကြွလာတာလဲ” “အေးကွ၊ အရှေ့ဖက်က ရွာတွေဆီခဏလှည့်နေတာ၊ မင်းရော အဆင်ပြေရဲ့လား” “လုပ်ငန်းကိုင်ခန်းတွေ အားလုံးအဆင်ပြေပါတယ်ဆရာကြီး၊ ဒါနဲ့ ဆရာကြီးတို့ ဘာစားပြီးပြီလဲ ကျွန်တော် ဆရာကြီးတို့ကို ...
မှာဤသုံးဖန်လှရွာမှာလက်ညီုးထိုးမလွှဲအောင်ရှိပြီ ဦးငွေဆောင်မှာလွန်ခဲ့သောအတိတ်ဆီအာရုံလွင့်မျောနေစဉ် “””သူကြီးသူကြီး လာပါဦးဗျို့ ဘာကြီးလဲမသိဘူး””” မြေကျင်းတူးနေရာမှကြွက်နီတို့၏အော်သံကြောင့်အတွေးစပြတ်တောက်သွားရသည်၏ ဦးငွေဆောင်မှာရွာသားများဝိုင်းအုံနေသော မြေကျင်းဆီသွားရောက်ငုံ့ကြည့်ရာ “”ဟင်!!!!!!!!”””” သေတ္တာလိုလိုထောင့်စွန်းတစ်ခုကိုတွေ့ရသည်။ “”သူ့တပည့်ကြွက်နီက “””ဘယ်လိုလဲ သူကြီး ဆက်တူးရမလား””” “”ဘုရားပရဝုဏ်ထဲပါနေတာပဲ့ ဆက်တူးမှရမှာပေါ့””” ရွာသားတစ်ချို့က ‘”””ဘုရားတည်တာကြောင့် အစောင့်အရှောက်တွေက ရွှေသေတ္တာကြီး ပေးတယ်ထင်တယ်””” သူကြီးဦးငွေဆောင်က “”ကဲဟေ့ဆက်တူးကြတာပေါ့””” ဒီတစ်ခါတော့သူကြီးပါခါးတောင်းကျိုက်လိုက်ပြီး မြေတူးရန်ပေါက်ချွန်းကို ကောက်ကိုင်လိုက်သည်။ ရွာသူရွာသားများမှာ ဝိုင်းအုံကြည့်နေရင်း စိတ်လှုပ်ရှားနေကြသည်။ တူးရင်းတူးရင်းနဲ့ပုံပေါ်လာသော ထိုပစ္စည်းမှာ သေတ္တာပုံစံမဟုတ်ပဲ ကျောက်တ လားကြီးပုံစံဖြစ်လာရာ မောတာကြောင့်ရောစိတ်လှုပ်ရှားတာကြောင့်ပါ အသီးသီးချွေးပြန်လာကြသည်။ တစ်ချို့သွေးကြောင်သောကာလသားတွေက ကျင်းနှုတ်ခမ်းပေါ်ရောက်သွားကြပြီ။ တကယ်တမ်းရုပ်လုံးပေါ်လာသောပစ္စည်းမှာသေတ္တာတစ်ခုမဟုတ်ပဲ ကျောက်တံလားကြီးဖြစ်နေတာမို့ ...
သင့်တာချက်ပြီး————- ဟိုဘက်လမ်းထိတ်ကအရက်ဆိုင်ကိုသွင်းရင်ငွေကောင်းကောင်းရနိုင်တယ်ကွ—– အဲအရက်ဆိုင်ကမြွေသားရရင်သူ့ဆီလာသွင်းဘို့မှာထားတယ်—-ငါတနေ့နဲနဲသယ်လာမယ်——ရသလောက်ရောင်းပြီး——-ငါစားဘို့လဲချန်ထားရမယ်”””” ””’ဖြစ်ပါ့မလားရှင်———ကျမကကိုယ်ဝန်ကြီးနဲ့မြွေမကိုင်ရဲဘူး—-”” ””’မင်းမကိုင်ရဲလဲငါကိုင်မယ်—မင်းကအိမ်မှာမြွေတွေကိုသေချာလှမ်းထား—-”” ထို့နောက်မြွေဘတင်ကရလာသမျှမြွေများကိုအရက်ဆိုင်သွားသွင်းလိုက်စားလိုက်ဖြင့်အလုပ်ဖြစ်နေသည်။ သူ့အပေါင်းအသင်းများလည်းသူကိုယ်တိုင်မြွေသားဟင်းစပယ်ရှယ်ချက်ကာဧည့်ခံကြွေးမွေးလေသည်။ တရက်တွင်ကန်ထရိုက်လုပ်ငန်းရှင်ကမြေတူးတာအပြီးသတ်လုပ်ရန်မြေတူးစက်ဖြင့်တူးမည်ဖြစ်သည်။ ထိုအခါမြွေဘတင်ပျာယာခတ်သွားသည်သူ့မြွေတွင်းထဲကမြွေတွေအတွက်စိတ်ပူသွားသည်။ ဒါနဲ့အလုပ်သမားခေါင်းဆောင်အားပြောပြလိုက်၍သူမြွေသားချက်စားရန်မြွေတွေယူချင်ကြောင်းပြောလိုက်သည်ထိုအခါအလုပ်သမားခေါင်းဆောင်က ”””ဖြစ်ပါ့မလားမြွေဘတင်ရာ—–မြွေတွေကအများကြီးကွ—-တော်ကြာမြွေသိုက်တွေဘာတွေဖြစ်နေအုံးမယ်ကွ—-မြွေဆိုတာကလဲရာဇဝင်နဲ့ကွ——-မင်းအတွက်အန္တရယ်ဖြစ်နေအုံးမယ်——-””’ ””ဘာမှမဖြစ်ပါဘူးဆရာရယ်——-ဒီတိုက်ဟောင်းကလူမနေတာကြာလို့မြွေတွေခိုအောင်းနေတာပါ——–မြွေသိုက်ဖြစ်တော့လဲဘာဖြစ်လဲ——-ဘဝကူးသွားလို့ကျွန်တော့်ကိုတောင်ကျေးဇူးတင်ရအုံးမှာ——-””” ဘတင်ဆန္ဒပြင်းပြနေသဖြင့်အလုပ်သမားခေါင်းဆောင်လဲယူခွင့်ပေးလိုက်လေသည်။ ထိုနေ့ကမြွေဘတင်ကစက်နဲ့မတူးခင်ရသလောက်မြွေများသတ်ကာဘိလပ်မြေအိပ်များထဲထည့်ထားလိုက်သည်။ မြေတူးစက်နှင့်တူးသည့်အခါအပိုင်းပိုင်းဖြစ်နေသောမြွေများအားလိုက်၍ကောက်ကာ အိမ်သို့ဂါလီဌားကာသယ်သွားလေသည်မိန်းမဖြစ်သူကလည်းငွေများများရသဖြင့်ကူညီကာလုပ်ရင်းတက်ကြွနေသည်။ အရက်ဆိုင်မျာကလည်းရောင်းကောင်း၍အိမ်အထိလာဝယ်ကြလေသည်။ ထိုမြွေပုံကြီးရပြီးသည့်နောက်ပိုင်းမြွေဘတင်အိမ်တွင်ညဘက်များ၌မြွေတွန်သံများကြားလာရသည်။ တခါတရံခေါင်းရင်းဘက်မှမြွေနှာမှုတ်သံကိုကြားသဖြင့်ဘတင်ထကြည့်တော့လဲဘာမြွေမှရှာမရပေ မကြာမကြာထိုမြွေသံများကြာလာရတော့ဘတင်ထထရှာရသည်မှာအိပ်ရေးပျက်လာသည်။ တခါတရံအိမ်ပတ်လည်တွင်မြွေများသွားလာနေသည်ဟုဘတင်ထင်လာမိသည်သို့ပေမဲ့အိပ်ရေးပျက်၍ စိတ်ဂယောင်ခြောက်ခြားဖြစ်သည်ဟုဘတင်ထားကာမေ့ထားလိုက်သည်။ တနေ့တွင်သူ့မိန်မကသ့ူ့အားစိတ်မကြည်လင်သည့်ပုံဖြင့်စကားဆိုသည်။ ””ကိုဘတင်ကျွန်မညကအိမ်မက်ထဲမှာ—–မြွေတွင်းထဲပြုတ်ကျသွားတာမြွေတွေက——ကျွန်မကိုဝိုင်းကိုက်ကြတယ်လို့အိမ်မက်မက်တယ်—–ကျွန်မဖြင့်လန့်လိုက်တာမပြောပါနဲ့တော့—–စိတ်တွေလဲလေးနေသလိုပဲ”””’ ”””မင်းကလဲဟိုတလောကမြွေတွေအများကြီးတွေ့ခဲ့ရလို့စိတ်စွဲပြီးမက်တာနေမှာပါ——ငါတောင်ယုန်ထင်ကြောင်ထင်ထင်နေမိသေးတယ်——အလကားခေါင်းထဲမထည့်နဲ့သတ္တဝါဆိုတာလူချွတ်မှကျွတ်တာကွ””’ တရက်တွင်ဘတင်တို့အဖွဲ့မန္တလေးကတိုက်ဟောင်းတလုံးဖြိုရန်အလုပ်ရသဖြင့်မန္တလေးသို့သွားရန်ဖြစ်လာသည်။ ဘတင်မိန်းမကိုယ်ဝန်ကလဲလရင့်လာပြီဖြစ်သဖြင့်ဘတင်ငွေရှာထားမှအဆင်ပြေမည်ဟုတွေးမိသည်။ တလောကမြွေများရောင်းရငွေလဲအနည်းငယ်စုမိဆောင်းမိသဖြင့်ဘတင်တက်ကြွနေသည်။ ဒီလိုနဲ့ဘတင်မန္တလေးသို့ရောက်သွားလေသည်သူတို့ရောက်ပြီး၃ရက်လောက်အကြာတွင် ညနေဘက်အလုပ်ပြီးတာနဲ့အလုပ်သမားခေါင်းဆောင်ကမန္တလေးတောင်ပေါ်ဘုရားသွားဖူးမယ်ဆို၍ တခါမှမရောက်ဖူးသောဘတင်တို့အဖွဲ့လဲဘုရားဖူးရန်ရောက်သွားလေသည်။ သူကမွေးကထဲကဘုရားရှိခိုးလာသူမဟုတ်ပါအိမ်နှင့်အလုပ်သွားနေလျှက်အချိန်ကုန်၍သွားသည်။ မနက်မိုးလင်းတာနဲ့အလုပ်သို့အပြေးအလွှားသွားကာညမိုးချူပ်မှပြန်လာရသဖြင့်ပင်ပန်းလို့ဟု အကြောင်းပြကာထိုးအိပ်လိုက်သည်ထို့ကြောင့်ဘုရားတခါမှမရှိခိုးဖြစ်ပါ အခုလိုတကူးတကဘုရားသွားဖူးမှသာဘုရားကန်တော့ဖြစ်သောလူမျိူးဖြစ်ပါသည်။ ဘတင်တို့အဖွဲ့မန္တလေးတောင်ဘုရားဖူးပြီးတောင်ပေါ်မှနံမည်ကြီးသောမြွေကြီးနှစ်ကောင်အား သွား၍ကြည့်ကြလေသည်ထိုအခါမြွေကိုကြည့်မိသောဘတင်တစ်ယောက်ခေါင်းနပန်းကြီးသွားသည်။ ထိုမြွေကြီးနှစ်ကောင်သည်အသက်ဝင်လာကာဘတင်အားမီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်၍ဘတင်အားခုန်အုပ်တော့မည့်ဟန်ကြောင့်ဘတင်ကနောက်သို့အလန့်တကြားခုန်ရှောင်မိလေသည်။ ထိုအခါသူ့အပေါင်းအသင်းများကဝိုင်း၍စကြလေသည်။ ...
စားစရာများ…ဆော့စရာများကိုသာ အဓိကထားခိုး၏။ ငယ်စဥ်းကတည်းကထိုသို့ခိုးယူသော ရွှေအိုးသည် ယခုအသက်သုံးဆယ်ကျော်အရွယ်ရောက်လာသောအခါ ဖခင်ကြီးမရှိတော့သောကြောင့်မိခင်ကို ကိုယ်တိုင်ရှာဖွေကျွေးမွေးသည်ဟူ၍မရှိ။ မိခင်ကြီးကပင် ရွှေအိုးခိုးသမျှကိုဒိုင်ခံလျော်ပေးနေရတော့၏။ “ကျုပ်ခြံထဲကမာလကာသီးအလုံးကြီးတာကြီးကိုမှ ဒီကောင်ရွေးခိုးသွားတာဗျ…” “ကျုပ် အိမ်မှာနေပူလှမ်းထားတဲ့ အမဲသားတွေကို အရီးသားလာခိုးသွားတယ်ဗျို့…” ဟူ၍မကြာခဏဆိုသလိုအတိုင်ခံရ၍ အလျော်ပေးနေရသည်မှာ ဒေါ်အုန်းကြည်အတွက်အလုပ်တစ်ခုသဖွယ်ဖြစ်နေခဲ့သည်။ “တော်သေးတာပေါ့……ငါ့လင်ကလယ်လေးကိုင်းလေးနဲ့ထားခဲ့ပေလို့…မဟုတ်ရင်တော့ဒင်းလုပ်နေပုံနဲ့ဆို.. အမယ်လေးးးးးးအုန်းကြည်တို့ခွက်ဆွဲရတော့မယ်ဟေ့ ခွက်ဆွဲရတော့မယ်…..” ပြောမနိုင်ဆိုမနိုင်သော ရွေအိုးကို ဒေါ်အုန်းကြည် စိတ်ပျက်နေခဲ့သည်။ “ငါ့သားရွှေအိုး….မင်းကိုလေ အမေတို့ကလင်မယားက သြော်…ငါ့သားလေး အဖိုးတန်လေးဆိုပြီး ရတနာတွေနဲ့ခိုင်းနှိုင်းပြီး ရွှေအိုးလို့ပေးခဲ့တာကွဲ့… အခုမင်းကြည့်စမ်း…တရွာလုံးလည်း မင်းကို တန်ဖိုးရှိတယ်မထင်…သူတို့ဆီမင်းသွားရင် ဘာများပျောက်လေမလဲအတွေးနဲ့ နေနေကြရတာလေ….။ မင်းအကျင့်တွေကို ပြင်သင့်ပြီငါ့သား ပြင်သင့်ပြီကွဲ့” “ဟာဗျာ…အမေကလည်း ...
အောက်ခြေသို့ဆင်းလာနေခဲ့၏။ “တောက်…တွေ့ကြသေးတာပေါ့ကွာ… ဟိုကဒေါသတွေဒီမှာတွေ့ပြီပေါ့…” ဦးဘိုကျော်ကလှည်းထိပ်ရှိဓားကိုလှမ်းကာယူထား၏။ အပင်ကြီးအနီးသို့ရောက်လေနွားများက နှာများမှုတ်၍ မသွားချင်သလိုဖြစ်နေကြသည်။ “ခွေးမသားတွေ…သွားကြစမ်း…” “ဖြန်း…ဖြန်း…ဖြန်း….” ဓားကိုခဏချ၍ နွားများကိုကြိမ်ဖြင့် အဆက်မပြတ်ရိုက်လေသည်။ ထိုအခုမှပေကပ်ကပ်လုပ်နေသောနွားများက ခုန်ပေါက်ကာပြေးကြတော့၏။ “ဟင်…” နွားများကအတင်းပြေးနေသော်လည်း လှည်းနောက်မြီးကို တစ်စုံတစ်ယောက်ကဆွဲထားသည့်အလားနေရာမှ မရွေ့ဖြစ်နေသည်။ အပင်ဆီသို့ကြည့်တော့လည်းစောစောက မည်းမည်းအရာကြီးကိုမတွေ့ရတော့ပေ။ “မိညွှန့်…လာ…နဖားကြိုးဆွဲထား…” အခြေအနေကိုကြည့်၍ ဦးဘိုကျော်က မိန်းမဖြစ်သူနဲ့နေရာလဲလိုက်သည်။ လှည်းနောက်ပိုင်းသို့ဥိးဘိုကျော်ပြောင်းထိုင်သည်နှင့် လက်ထဲကိုင်လာသောဓားဖြင့် ရမ်းကာခုတ်လေ၏။ “ဆွဲစမ်း…ဆွဲထားစမ်းကွာ…မင်းပဲဆွဲနိုင်မလား… ကြည့်ရသေးတာပေါ့…” ဟုပြောရင်း ဓားကိုရမ်းကာခုတ်နေချိန် နွားလှည်းကို ဆက်မဆွဲထားတော့ပဲလွှတ်ပေးလေရာ နွားများမှာရွာသို့ကဆုန်ပေါက်ပြေး၍လှည်းအထက်မှ ဦးဘိုကျော်တို့မိသားစုပင် လှည်းပေါ်မှပြုတ်မကျစေရန် မနည်းထိန်း၍ လိုက်လာခဲ့ကြရ၏။ သလွန်ရွာထိပ်၏ထနောင်းပင်ရဲ့အကြောင်းသည် ...
ထွက်လာခဲ့လေသည်။ “ဟင်း…ကိုမြင့်နိုင် ကိုမြင့်နိုင် ရှင်ကအနီးစပ်ဆုံးအချစ်ကို မမြင်နိုင်ပဲ ဟိုကောင်မမိမွှေးရဲ့မာယာတွေကြားမှာ နစ်မြောနေတယ်ပေါ့လေ။ ရှင်သူ့ကိုဘယ်လောက်ပဲချစ်ချစ် တချိန်မှာရှင်ကကျွန်မအပိုင်ပဲ ဖြစ်လာစေရမယ်၊ရှင်စောင့်ကြည့်နေပါ ကိုမြင့်နိုင် ” မြနှင်းဆီရင်ထဲမှ ရက်စက်သည့် အငြိုးအတေးများကဖုံးလွှမ်းနေ တော့သည်။ ================== “ဟိတ်…” “အမယ်လေး ကိုရယ်လန့်သွားတာပဲ” “စောင့်နေရတာကြာပြီလား မွှေး” “သိပ်မကြာသေးပါဘူး ကိုရယ်” “ကိုယ်လည်းအိမ်မှလုပ်စရာလေးတွေ ရှိနေသေးလို့ နည်းနည်းကြာသွားတာ ခွင့်လွှတ်နော် မွှေး” “ရပါတယ်ကိုရယ် မွှေးစိတ်ထဲဘယ်လိုမှသဘောမထား ပါဘူး။ “မွှေးကိုကြည့်ရတာ တစ်နေ့တခြား ပိုပိုလှလာတယ်ကွာ၊စိတ်တောင်မချ နိုင်အောင်ဖြစ်နေပြီကွာ။ မွှေးကိုအမြန်ဆုံးပိုင်ဆိုင်ချင်ပြီ” “ကိုရယ်အဲလောက်လည်း မြှောက်ပင့်မနေပါနဲ့၊စိတ်မချစရာ ဘာရှိလဲ။ ...
ဖြစ်သည်။ကိုပိန် ညအမှောင်ထုကို ကြည့်ရင်း ဖိုးစီကို သတိရသွားမိသည်။ ဖိုးစီရှိစဉ်က ချောင်းမြောင်းအနှံ့ မြွေမကြောက် ကင်းမကြောက် နှစ်ယောက်သား ငါးဖားရှာခဲ့သည့် အဖြစ်များ။ကိုပိန် တွေးရင်း အိပ်မက်ထဲတွင် တွေ့ခဲ့ရသည့်ချောင်းနှင့် ငါးအုပ်ကြီး။ ကိုပိန် ငါးအုပ်ကြီးကို တွေ့လိုဇောဖြင့် ချောင်းရိုးဆီသို့ လှမ်းနေမိသည်။ “ဝုန်း…” “ဗွမ်း…ဗွမ်း…” ရုတ်တရက် ကြားလိုက်ရသည့် ငါးပွက်သံများကြောင့် ကိုပိန် ချောင်းရိုးဘေးအရောက် ခြေလှမ်းများ တုန့်ခနဲ ရပ်သွားမိသည်။ကိုပိန်နားစွင့်ကြည့်လိုက်သည်။ ချောင်းရိုးအနှံ့ ငါးများ မြူးနေသည့်အသံက ဆက်တိုက်ပေါ်လာသည်။ “ငါ …အိပ်မက်ထဲမှာ တွေ့ရတဲ့ ချောင်းရိုးပါလား ဒါဆို ...
နေရဲဘူးအစ်မရဲ့…” “ဟဲ့…လင်မယားရန်ဖြစ်တာပဲဟယ်…ဒါငါ့အမေနဲ့ ဘာဆိုင်လို့တုန်း….” “မိဝင်းရယ် ညည်းလည်း မောင်ဘစီပြောတာဆုံးအောင်နားထောင်စမ်းပါအေ…” ဘွားမယ်စိန်က သမီးဖြစ်သူအား ပြောလိုက်လေတော့ ဦးဘစီကဆက်ပြီး… “လင်မယားရန်ဖြစ်တာလို့ကျုပ်တို့လည်း အစပိုင်းကထင်ခဲ့တာ…ခက်တာကဗျာ ဒီကောင်ကညဘက်ဆိုမအိပ်ဘူးဗျ….ငုပ်တုတ်ကြီးထိုင်ပြီး ပါးစပ်ကတဟီးဟီးနဲ့ကိုရယ်မောနေတာ…။နေ့ဘက်များကျတော့ အိပ်လိုက်တာများ နိုးလို့ကိုမရပါဘူးဗျာ…” “ဟယ်…ဘယ်လိုကြီးတုန်း…” “အဲ့လိုတွေဖြစ်နေလို့ ဘွားနဲ့ကျုပ်တို့ လာတိုင်ပင်တာပါ။သူ့မိန်းမမိဇယ်လည်း တငိုငိုတရီရီနဲ့ကိုဖြစ်နေလို့ပါ ဘွားရယ်…” ဦးဘစီက ဘွားမယ်စိန်ကိုပြောလိုက်လေတော့… ဘွားမယ်စိန်က … “အင်း…ဒီကောင်လေး တောတက်တာဘာအမှားများလုပ်ခဲ့တာလဲမသိဘူး” “ဒီတစ်ခေါက်သူတောတက်တာ…ရွာနောက်ပိုင်းက မုဆိုးဦးခိုလည်းပါတယ်ဘွားရဲ့” ” သူကောလိုက်သွားတာဆိုတော့ အခုသူရောဘယ်လိုအခြေအနေရှိလဲ မောင်ဘစီရဲ့” “အင်း…သူကတော့ဘာမှမဖြစ်ဘူးဘွားရဲ့…။သူကတော့အကောင်းတိုင်းပါပဲ” “အင်း…အနာသိမှဆေး ဖော်ရမှာမောင်ဘစီ…အဲ့မုဆိုးဦးခိုကိုဘွားဆီကိုခေါ်ခဲ့… သူလာမှအကြောင်းစုံသိရမှ ဇော်လတ်ကိစ္စကိုဘွားစီစဥ်ပေးလို့ရမယ်ကွဲ့” “သြော်…ဟုတ်ဘွား…။ဒါဆို ...
ပူကြနဲ့” “ကျေးဇူးတင်ပါတယ်အမေကြီးရယ်… ဒါဆိုရင်ကျွန်မပြန်ပါဦးမယ်…” “အေး…အေး…အေး…” မိန်းကလေးက ဘွားမယ်စိန်ကိုနှုတ်ဆက်ပြီး ပြန်သွားခဲ့သည်။ ဘွားမယ်စိန်ကထိုမိန်းကလေး၏ကျောပြင်ကိုငေးကြည့်ရင်း ကွပ်ပျစ်ခင်း၌ထိုင်မြဲအတိုင်းထိုင်နေလေသည်။ နောက်တစ်နေ့နံနက်ခင်း၌… “အမေ…ဒီမှာကောက်ညှင်းပေါင်းလေးနဲ့ ပဲကြော်လေး နံနက်စာပြင်ပေးထားတယ်” “အေး…အေး…အေး…” ဘွားမယ်စိန်က ကွပ်ပျစ်ခင်း၌တည်ခင်းပေးထားသော ဒေါ်ဝင်းပြင်ဆင်ပေးထားသည့် နံနက်စာကို မစားဖြစ်သေးဘဲ အတွေးများနေခဲ့ပေသည်။ သူ၏အတွေးသည် ညကအိမ်မက်အတွင်းလာရောက်သွားသော ဥစ္စာစောင့်မလေး၏အကြောင်းပင်။ “အမေ…စားတော့လေ… ကျုပ်ငှဲ့ပေးထားတဲ့ရေနွေးကြမ်းတွေတောင်အေးကုန်ပြီ အမေရဲ့…” ဒေါ်ဝင်းကသတိပေးလေတော့မှ… “အေးပါမိဝင်းရယ်… စားမှာပါဟဲ့…” ဟု…ဘွားမယ်စိန်ကပြန်ကာပြောသည်။ ကောက်ညှင်းပေါင်းနဲ့အကြော်ကိုရော၍စားရင်း အကြမ်းရည်လေးကိုသောက်၏။ စားလို့ပြီးချိန်၌… “ဒီနေ့ညည်းရွာထဲသွားဦးမှာလား” ဟု…အနီး၌ထိုင်ကာ ကန်စွန်းရွက်ခြွေနေသော ဒေါ်ဝင်းကိုမေးလိုက်ပြန်သည်။ “အမေက ကျုပ်ကိုဘာခိုင်းချင်လို့လဲ” “ညည်းရွာထဲသွားဖြစ်ရင်…ညည်းတူမောင်တိုးတို့ကို ...
ဒေါသထွက်နေကြကြောင်း တစ်ရွာလုံးသိရှိသွားကြတော့၏။ ထိုသို့ဖြင့် နှစ်ရက်မျှကြာလေတော့… သန်းခေါင်ယံ လမိုက်ညတစ်ည၌… “အီးးးးး…..ဟီးးးး…ဟီးးးး…..ဟီးးး…… ဟီး……ဟီးးးးး” ငိုသံကြီးတစ်သံ ကောင်းကင်ယံကိုပင် ဖောက်ထွင်း၍ထွက်ပေါ်လာလေရာ တစ်ရွာလုံးပင်ကြားနိုင်၏။ ထိုအသံကြီးသည် မိမိတို့အိမ်ရှေ့၌ထိုင်ငိုနေသယောင်… တဖန် အိမ်နောက်ဖေးမှ ငိုကြွေးနေသယောင်ဖြင့်… ငိုသံကြားသော ရွာသူ၊ရွာသားများသည် အိပ်ရာထဲမှ လူးလဲ ထထိုင်လာကြပြီး ထိုအသံကြီးအား နားစွင့်နေကြလေသည်။ ငိုသံကြီးသည်ကလေးငယ်တစ်ယောက်၏ငိုကြွေးသံမဟုတ် ကွဲအက်အက်ခြောက်ကပ်ကပ်အသံကြီးဖြင့် ရှိုက်ငင်တကြီးငိုကြွေးနေသည့် မိန်းမတစ်ယောက်၏အသံပင်ဖြစ်သည်။ တစ်ရွာလုံးလူကုန်ကြားရသော်လည်း မည်သူကမျှအိမ်အပြင်သို့မထွက်ရဲကြ။ ကလေးများသည် မိဘများအနားတွယ်ကပ်ထိုင်နေကြပြီး… လူကြီးများသည်လည်း ထိတ်လန့်နေမိကြ၏။ “ဘယ်ကအသံကြီးလဲ” “ကျုပ်လဲဘယ်သိမလဲတော်…တစ်ရွာလုံးကြားရတာလား ဒါမှမဟုတ် ကျုပ်တို့အိမ်ပဲ ကွက်ပြီးကြားတာလားဆိုတာ သိရအောင် ...