သင့်တာချက်ပြီး————-
ဟိုဘက်လမ်းထိတ်ကအရက်ဆိုင်ကိုသွင်းရင်ငွေကောင်းကောင်းရနိုင်တယ်ကွ—–
အဲအရက်ဆိုင်ကမြွေသားရရင်သူ့ဆီလာသွင်းဘို့မှာထားတယ်—-ငါတနေ့နဲနဲသယ်လာမယ်——ရသလောက်ရောင်းပြီး——-ငါစားဘို့လဲချန်ထားရမယ်””””
””’ဖြစ်ပါ့မလားရှင်———ကျမကကိုယ်ဝန်ကြီးနဲ့မြွေမကိုင်ရဲဘူး—-””
””’မင်းမကိုင်ရဲလဲငါကိုင်မယ်—မင်းကအိမ်မှာမြွေတွေကိုသေချာလှမ်းထား—-””
ထို့နောက်မြွေဘတင်ကရလာသမျှမြွေများကိုအရက်ဆိုင်သွားသွင်းလိုက်စားလိုက်ဖြင့်အလုပ်ဖြစ်နေသည်။
သူ့အပေါင်းအသင်းများလည်းသူကိုယ်တိုင်မြွေသားဟင်းစပယ်ရှယ်ချက်ကာဧည့်ခံကြွေးမွေးလေသည်။
တရက်တွင်ကန်ထရိုက်လုပ်ငန်းရှင်ကမြေတူးတာအပြီးသတ်လုပ်ရန်မြေတူးစက်ဖြင့်တူးမည်ဖြစ်သည်။
ထိုအခါမြွေဘတင်ပျာယာခတ်သွားသည်သူ့မြွေတွင်းထဲကမြွေတွေအတွက်စိတ်ပူသွားသည်။
ဒါနဲ့အလုပ်သမားခေါင်းဆောင်အားပြောပြလိုက်၍သူမြွေသားချက်စားရန်မြွေတွေယူချင်ကြောင်းပြောလိုက်သည်ထိုအခါအလုပ်သမားခေါင်းဆောင်က
”””ဖြစ်ပါ့မလားမြွေဘတင်ရာ—–မြွေတွေကအများကြီးကွ—-တော်ကြာမြွေသိုက်တွေဘာတွေဖြစ်နေအုံးမယ်ကွ—-မြွေဆိုတာကလဲရာဇဝင်နဲ့ကွ——-မင်းအတွက်အန္တရယ်ဖြစ်နေအုံးမယ်——-””’
””ဘာမှမဖြစ်ပါဘူးဆရာရယ်——-ဒီတိုက်ဟောင်းကလူမနေတာကြာလို့မြွေတွေခိုအောင်းနေတာပါ——–မြွေသိုက်ဖြစ်တော့လဲဘာဖြစ်လဲ——-ဘဝကူးသွားလို့ကျွန်တော့်ကိုတောင်ကျေးဇူးတင်ရအုံးမှာ——-”””
ဘတင်ဆန္ဒပြင်းပြနေသဖြင့်အလုပ်သမားခေါင်းဆောင်လဲယူခွင့်ပေးလိုက်လေသည်။
ထိုနေ့ကမြွေဘတင်ကစက်နဲ့မတူးခင်ရသလောက်မြွေများသတ်ကာဘိလပ်မြေအိပ်များထဲထည့်ထားလိုက်သည်။
မြေတူးစက်နှင့်တူးသည့်အခါအပိုင်းပိုင်းဖြစ်နေသောမြွေများအားလိုက်၍ကောက်ကာ
အိမ်သို့ဂါလီဌားကာသယ်သွားလေသည်မိန်းမဖြစ်သူကလည်းငွေများများရသဖြင့်ကူညီကာလုပ်ရင်းတက်ကြွနေသည်။
အရက်ဆိုင်မျာကလည်းရောင်းကောင်း၍အိမ်အထိလာဝယ်ကြလေသည်။
ထိုမြွေပုံကြီးရပြီးသည့်နောက်ပိုင်းမြွေဘတင်အိမ်တွင်ညဘက်များ၌မြွေတွန်သံများကြားလာရသည်။
တခါတရံခေါင်းရင်းဘက်မှမြွေနှာမှုတ်သံကိုကြားသဖြင့်ဘတင်ထကြည့်တော့လဲဘာမြွေမှရှာမရပေ
မကြာမကြာထိုမြွေသံများကြာလာရတော့ဘတင်ထထရှာရသည်မှာအိပ်ရေးပျက်လာသည်။
တခါတရံအိမ်ပတ်လည်တွင်မြွေများသွားလာနေသည်ဟုဘတင်ထင်လာမိသည်သို့ပေမဲ့အိပ်ရေးပျက်၍
စိတ်ဂယောင်ခြောက်ခြားဖြစ်သည်ဟုဘတင်ထားကာမေ့ထားလိုက်သည်။
တနေ့တွင်သူ့မိန်မကသ့ူ့အားစိတ်မကြည်လင်သည့်ပုံဖြင့်စကားဆိုသည်။
””ကိုဘတင်ကျွန်မညကအိမ်မက်ထဲမှာ—–မြွေတွင်းထဲပြုတ်ကျသွားတာမြွေတွေက——ကျွန်မကိုဝိုင်းကိုက်ကြတယ်လို့အိမ်မက်မက်တယ်—–ကျွန်မဖြင့်လန့်လိုက်တာမပြောပါနဲ့တော့—–စိတ်တွေလဲလေးနေသလိုပဲ”””’
”””မင်းကလဲဟိုတလောကမြွေတွေအများကြီးတွေ့ခဲ့ရလို့စိတ်စွဲပြီးမက်တာနေမှာပါ——ငါတောင်ယုန်ထင်ကြောင်ထင်ထင်နေမိသေးတယ်——အလကားခေါင်းထဲမထည့်နဲ့သတ္တဝါဆိုတာလူချွတ်မှကျွတ်တာကွ””’
တရက်တွင်ဘတင်တို့အဖွဲ့မန္တလေးကတိုက်ဟောင်းတလုံးဖြိုရန်အလုပ်ရသဖြင့်မန္တလေးသို့သွားရန်ဖြစ်လာသည်။
ဘတင်မိန်းမကိုယ်ဝန်ကလဲလရင့်လာပြီဖြစ်သဖြင့်ဘတင်ငွေရှာထားမှအဆင်ပြေမည်ဟုတွေးမိသည်။
တလောကမြွေများရောင်းရငွေလဲအနည်းငယ်စုမိဆောင်းမိသဖြင့်ဘတင်တက်ကြွနေသည်။
ဒီလိုနဲ့ဘတင်မန္တလေးသို့ရောက်သွားလေသည်သူတို့ရောက်ပြီး၃ရက်လောက်အကြာတွင်
ညနေဘက်အလုပ်ပြီးတာနဲ့အလုပ်သမားခေါင်းဆောင်ကမန္တလေးတောင်ပေါ်ဘုရားသွားဖူးမယ်ဆို၍
တခါမှမရောက်ဖူးသောဘတင်တို့အဖွဲ့လဲဘုရားဖူးရန်ရောက်သွားလေသည်။
သူကမွေးကထဲကဘုရားရှိခိုးလာသူမဟုတ်ပါအိမ်နှင့်အလုပ်သွားနေလျှက်အချိန်ကုန်၍သွားသည်။
မနက်မိုးလင်းတာနဲ့အလုပ်သို့အပြေးအလွှားသွားကာညမိုးချူပ်မှပြန်လာရသဖြင့်ပင်ပန်းလို့ဟု
အကြောင်းပြကာထိုးအိပ်လိုက်သည်ထို့ကြောင့်ဘုရားတခါမှမရှိခိုးဖြစ်ပါ
အခုလိုတကူးတကဘုရားသွားဖူးမှသာဘုရားကန်တော့ဖြစ်သောလူမျိူးဖြစ်ပါသည်။
ဘတင်တို့အဖွဲ့မန္တလေးတောင်ဘုရားဖူးပြီးတောင်ပေါ်မှနံမည်ကြီးသောမြွေကြီးနှစ်ကောင်အား
သွား၍ကြည့်ကြလေသည်ထိုအခါမြွေကိုကြည့်မိသောဘတင်တစ်ယောက်ခေါင်းနပန်းကြီးသွားသည်။
ထိုမြွေကြီးနှစ်ကောင်သည်အသက်ဝင်လာကာဘတင်အားမီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့်
စိုက်ကြည့်လိုက်၍ဘတင်အားခုန်အုပ်တော့မည့်ဟန်ကြောင့်ဘတင်ကနောက်သို့အလန့်တကြားခုန်ရှောင်မိလေသည်။
ထိုအခါသူ့အပေါင်းအသင်းများကဝိုင်း၍စကြလေသည်။
””ဟေ့ကောင်ဘတင်—–ဘာဖြစ်တာလဲကွမြွေမြင်တာနဲ့စားချင်ပြန်ပြီးလား———ဒါမြွေရုပ်ထုတွေကွမင်းမလဲမြွေမြင်တာနဲ့အငြိမ်ကိုနေလို့မရပါလားကွ””’
သူငယ်ချင်းများနောက်နေသည်ကိုပင်စကားပြန်မပြောနိုင်လောက်အောင်ဘတင်ဆွံ့အနေမိသည်။
သူဘဝတစ်သက်တာတွင်မြွေဆိုတာသူ့အတွက်စားစရာဖြစ်ကာသူမစားဘူးသောမြွေသားမရှိခဲ့
မြွေမကြောက်မြွေများစွာသတ်လာခဲ့သူကဒီမြွေနှစ်ကောင်ကိုမြင်၍မကြောက်စဖူးကြောက်သွားမိသည်။
ဒါနဲ့သူကမြွေတွေနားကပ်မကြည့်ပဲခပ်ဝေးဝေးကနေအကဲခတ်ရာမြွေနှစ်ကောင်သည်
သူ့မျက်လုံးထဲလှုပ်ရှားနေသည်ကိုထင်ထင်ရှားရှားမြင်နေရသဖြင့်ဘယ်သူ့မှမပြောရဲပဲလန့်နေမိသည်။
သူမန္တလေးတောင်ပေါ်ကပြန်လာကထဲကသူ့စိတ်တွေမကြည်မလင်ဖြစ်လာသည်မြွေကြီးနှစ်ကောင်
အသက်ဝင်လာသောပုံစံသာမြင်ယောင်နေမိသည်သူအဲဒီညမှာပဲခြောက်ခြားစရာအိမ်မက်ကိုမက်ပြန်သည်။
အိမ်မက်ထဲတွင်သူ့မိန်းမသည်ကလေးမွေးနေရာသို့သူရောက်သွားလေသည်ထိုအခါ
အလွန်ထူးဆန်းစွာပင်သူမိန်းမကမြွေများကိုမွေးလေသည်မြွေတွေမွေးလာသည်မှာလဲ
နဲတာမဟုတ်ပဲအလွန်များကာထိုမြွေများသည်မွေးခန်းအပြင်သို့ပြေး၍ထွက်လာကြကာ
နေရာအနှံ့အပြားသို့ရှောက်သွားကြရာသူလဲအလန့်တကြားတအော်လိုက်မိလေသည်။
”” ‘မြွေတွေ—–မြွေတွေ””’
သူ့အော်သံကြောင့်နဘေးမှာအိပ်နေသူများလန့်နိုးကုန်ကာသူ့အားအပြစ်တင်ကြသည်။
””’မြွေဘတင်တိုကတော့ကွာ——ယောင်တာတောင်မြွေကိုယောင်ရတယ်လို့——မင်းမြွေကြိုက်တာတော့ရှားတယ်ကွ—–ကြည့်ယောင်ကွငါတို့အိပ်ရေးပျက်တယ်”” ‘
ဘတင်ကတောလန့်၍့အိပ်၍မပျော်တော့ပါသူ့မိန်းမလဲစိတ်ပူလျှက်ရှိသည်။
နောက်၃ရက်လောက်နေရင်အလုပ်ပြီးပြီဆိုတော့သူအိမ်သိုပြန်ရန်စိတ်စောနေမိသည်။
မမြင်ရသေးသောသားသမီးအတွက်လဲကြိုတင်ရင်ခုန်နေမိသည်မြွေကြီးနှစ်ကောင်အကြောင်းလဲတွေးလျှက်ရှိသည်။
သူဟိုတွေးဒီတွေးနှင့်မိုးလင်းခါနီးမှမှေးကနဲပြန်အိပ်ပျော်သွားလေသည်။
ဒီတခါသူ့အိမ်မက်ထဲတွင်သူ့မိန်းမသည်ပန်းများခေါင်းတွင်ဝေနေအောင်ပန်ထားကာ
အဝတ်အစားသစ်များဝတ်ကာသူ့အားလက်ပြ၍ခရီးထွက်သွားလေသည်။
သူလဲမိန်းမဖြစ်သူအားလှမ်းခေါ်ရင်းအိမ်မက်ကလန့်နိုးသွားလေသည်။
””’မိန်းမ—-မိန်းမ—-””
သူနိုးတော့မိုးအတော်လင်းနေပြီသူ့စိတ်တွေမလန်းဆန်းပဲအလုပ်ထဲရောက်သွားသည်။
သူကြားဘူးသည်ကမိုးလင်းခါနီးမက်သောအိမ်မက်သည်မကြာခင်တွင်ဖြစ်တတ်သည်ဟုသိထားသည်။
သူ့စိတ်တွေလေး၍နေသည်အလုပ်သာလုပ်နေပေမဲ့သူ့တွင်တက်ကြွမှု့တွေရှိမနေပေ
သူကတိုက်ဘေးတွင်ဆင်ထားသောငြမ်းများအားဖြုတ်နေသည်ဒီအချိန်မှာဘဲ
ဘဝတူအလုပ်သမားတစ်ယောက်ကအော်၍ပြောလိုက်သည်။
””’ကိုဘတင်——ကိုဘတင်—–ခင်ဗျားမိန်းမကိုယ်ဝန်ကြီးနဲ့မြွေကိုက်ခံရလို့သေပြီလို့——အကြောင်းကြားတယ်——စိတ်မကောင်ဘူးဗျာကလေးပါသေသွားတယ်——””’
ထိုအလုပ်သမားကမဆင်မခြင်အသိပေးလိုက်သောစကားကြောင့်ငြမ်းပေါ်ရောက်နေသော
ဘတင်သည်ခေါင်းထဲမိုက်ကနဲဖြစ်သွားကာစိတ်လွတ်ကိုယ်လွတ်ဖြင့်ငြမ်းပေါ်မှပြုတ်ကျသွားလေသည်။
အောက်ရောက်တော့ပွဲချင်းပြီးသေနေသောမြွေဘတင်အလောင်းအားကြည့်ကာ
ဘဝတူအလုပ်သမားများအလွန်စိတ်မကောင်းဖြစ်ကာအလုပ်ရှုတ်သွားကြလေသည်။
အလုပ်ရှင်ကဘတင်တို့လင်မယား၏အသုဘကိုတာဝန်ယူ၍အဆင်ပြေအောင်လုပ်ပေးလိုက်သည်။
ထိုအချိန်မှစ၍မြွေသားအလွန်ကြိုက်သောဘတင်လောကကြီးကပျောက်ကွယ်သွားခဲ့ပေမဲ့
သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာတော့မြွေဘတင်အကြောင်းပြောစမှတ်တွင်နေတော့သည်။
ပြီး
D Moe Moe
မှတ်ချက်
မြွေပုံများပို့ပေးသောအကောင့်ပိုင်ရှင်ဗေဒါနှင့်
ပင်လယ်ပြာပြာရေပြာပြာဗေဒါဘာကြောင့်စိမ်းရတယ်
်အကောင့်ပိုင်ရှင်များအားအထူးကျေးဇူးတင်ပါသည်။
Leave a Reply