ဓားကို ပုခုံးပေါ်ထမ်းပြီး နောက်မှ လိုက်သွားသည် ။     ပေတူးသည် ဓားထမ်းပြီး လိုက်လာသော မောင်ဘိုးထင်ကို တချက် စောင်းငဲ့ကြည့်ကာ “ဘိုးထင် ထည့်စရာ ဘာပါလဲ “     “ဘာမှ မပါဘူး “     “ထင်သား ဟိုအနားက ဝါးတလုံး သွားခုတ်ချေ “     “မင်းဘာသာ သွားခုတ်ပါလား “     “သွားဆို သွားခုတ်စမ်းပါကွာ မင်းက လျှာကို ‌ရှည်တယ် မင်းက ငှက်ပစ်တဲ့ နေရာမှာသာ ဆရာတဆူ ...

တစ်ညထဲ သုံးခါမက်တယ်တော့်” “ဟယ်…အဆန်းပါလား ညည်းအိမ်မက်က” “အဲ့တာကြောင့်ပြောတာပေါ့…ကျုပ် မက်တဲ့အိမ်မက်ကို ဆိုးရိမ်လို့ ဘွားဆီလာမေးတာ အရီးရဲ့” “ဘာတွေများမက်လို့တုန်းအေ့” ဘွားမယ်စိန်ကမေးလိုက်ခြင်းဖြစ်သည်။ ဒေါ်ဝင်းကတော့ ကွပ်ပျစ်နံဘေး၌ မတ်တပ်ရပ်လျှက်နားထောင်နေ၏။ “ဒီလိုဘွားရေ…ကျုပ်အိမ်မက်ထဲမှာလေ…ကျုပ်ယောကျာ်း ကိုကံပေါ်လယ်တောစပ်မှာ ဓားကြီးတန်းလန်းနဲ့သေနေတယ်လို့မက်တာတော့်…” ဟု…ပြောလေသည်။ “ဟယ်…ညည်းအိမ်မက်ကလည်းကြောက်စရာကြီးပဲ” “ဟုတ်တယ်အရီး…ကျုပ်အဲ့တာကိုတညထဲသုံးခါမက်လို့ ဘွားဆီကိုလာပြီး မေးတာပါတော်…..” သိန်းနုပြောသည်များကိုနားထောင်ရင်း ဘွားမယ်စိန်ငြိမ်သက်နေခဲ့သည်။ ခဏကြာမှ… “ဒီရက်ပိုင်း ညည်းယောကျာ်းကို အသွားအလာ ဂရုစိုက်ခိုင်းအေ့….အိမ်မက်ဆိုတာများကလည်းမှန်တတ်တယ်…ဒါမို့ သတိဝီရိနဲ့နေခိုင်းဦး…..” “ဟုတ်ဘွား…ဒါဆို ကျုပ်သူ့ကို​ပြောထားပါ့မယ်… ဘုရား…ဘုရား…ကျုပ်ယောကျာ်းဘေးကင်းပါစေတော်….” သိန်းနုတစ်​ယောက်သူ၏ယောကျာ်းကံပေါ်အတွက်စိတ်ပူနေလေသည်။ ထိုအချိန်၌ နန်း​ကြိုင်တစ်ယောက် အိမ်လည်ပြန်ရောက်လာလေသည်။ သူ၏မျက်နှာထက်ရှိသနပ်ခါးသည် မျက်ရည်ကြောင်းများနှင့် စိုစွတ်လျှက်ရှိ၏။ ...

နေကြလေ၏။ တစ်နေ့သ၌ နွားကျောင်းသားသူငယ်ချင်းတို့သည် သရဲဖိုးတေနှင့် ရယ်မောစရာစကား ပြောဆိုနေကြစဉ် ဖိုးဝက“မွန်းတေရယ် – မင်းနဲ့စကား ပြောရတာ လူလည်းမမြင်ရ၊ ဘာလည်း မမြင်ရနဲ့ မင်းရုပ်ကို ငါတို့ တစ်ခါ လောက် ပြစမ်းပါကွယ်”ဟု ပြောသောအခါ သရဲဖိုးတေက “ဟာ-မကြည့် ချင်ပါနဲ့ သူငယ်ချင်းတို့ရယ်”ဟု အတန်တန် ငြင်းဆန်လေ၏။ နေ့စဉ်နေ့တိုင်း ကြည့်ချင်ကြကြောင်းကို ပြောဖန်များလတ်သော် သရဲ ဖိုးတေက “ကဲ-ဒါဖြင့် မင်းတို့ကို ငါ့တစ်ကိုယ်လုံးတော့ မပြလိုဘူး၊ လက် တစ်ဖက်ပဲကြည့်ကြပေတော့။ ကဲ- မျက်စိမှိတ်ထားကြ၊ ငါကကြည့်လို့ဆိုရင် ဟောဟိုက ...

တွေတော့ပါကုန်တော့မှာပဲလေဗျာ “ဒါဆိုဘယ်လိုလုပ်ကြမလည်းကွ” “လွယ်ပါတယ်ကွာခန….ဘလေးမြရေဧည့်သည်လည်းပါလာလို့ဗျအဲ့တာခွေးလေးတစ်ချက်ထိန်းထားပေးပါအုံး” ဝင်းအောင်ပြောလိုက်တော့လည်းဘလေးမြဆိုသူကအိမ်ထည်းမှထွက်လာရင်းနဲ့လည်း “စောစောကတော့ပြောတာမဟုတ်ဘူးဝင်းအောင်ရာဧည့်သည်အားနာစရာကြီး” ကျုပ်နဲ့ဝင်းအောင်ကတော့ဘလေးမြကိုပြုံးပြပီးတော့လည်းအိမ်ထည်းဝင်လာခဲ့ကြတယ်ဘလေးမြကလည်းသူ့ခွေးကြီးတွေရဲ့လည်ပင်းကိုကိုင်ထားပြီးတော့လည်းနောက်မှာကျန်ခဲ့တယ် ခွေးများကလည်းတော်တော်ကြီးသဗျ ဘလေးမြရဲ့လက်ထည်းမှာတော့ လျှာလေးထုတ်ပြိီးအမြီးလေးယမ်းတန်းယမ်းတန်းနဲ့ဗျ “ဝင်းအောင်ကမလာစဖူးအလာထူးပါလားဘာကိစ္စရှိလို့လည်း” “အော်အမေကဘလေးမြကိုပေးစရာရှိတဲ့ငွေလေးလာပေးခိုင်းလို့ပါဟောဒီမှာဘလေးမြကိုပေးရမဲ့ငွေစေ့လားစစ်ကြည့်ပါအုံး” ဝင်းအောင်ကတော့ဘလေးမြရဲ့အမေးကိုဖြေပြီးတော့လည်း ငွေတစ်ချို့ကိုဘလေးမြရှေ့ကိုတိုးပေးတာပေါ့ “စစ်စရာမလိုပါဘူးကွာရပါတယ်ဒါနဲ့ဒီကောင်လေးကဘယ်သူလည်းကွ” ဘလေးမြကလည်းကျုပ်ကိုကြည့်ရင်းမေးတာပေါ့ “ကျုပ်ကပေါက်လှရွာကပါနာမည်ကတော့သာလှပါဉီးလေးဒေါင်းဝေတို့အိမ်ကိုအလည်လာရင်းရောက်နေတာပါ” “အော်ဒေါင်းဝေအသက်ကိုကယ်ခဲ့တဲ့ကောင်​လေးဆိုတာမင်းလားကွဲ့” “ဉီးလေးဒေါင်းဝေကကျုပ်အကြောင်းတွေ ဘလေး​ြမ ကိုပြောထားတယ်ထင်တယ်” “အေးဟုတ်တယ် ကွသူ့အသက်သခင်ကျေးဇူးရှင်ဆိုပြီးတော့လည်းခနခနပြောသေးသကွ” “ကျုပ်ကအ့လောက်ကြီးလည်းမဟူတ်ပါဘုး အဲ့အချိန်တုန်းကလည်းမအိပ်ပျော်သေးတာနဲ့ကြုံကြိုက်သွားလို့ပါမဟုတ်ရင်လည်းကျုပ်ဘာမှမတတ်နိုင်ပါဘူး” “ဒါတော့ဒါပေါ့ကွယ်” “ဒါနဲ့ဘလေးမြကျုပ်တို့ဘက်မှာကကိုယ့်ကိုကိုယ်ကျုပ်လို့ပဲသုံးတာအကျင့်ဖြစ်နေပြီဗျ ကျုပ်လို့သူံးတာကိုလည်းရိုင်းတယ်လု့ိမထင်ပါနဲ့ဗျာနော်” “ရပါတယ်သာလှရာငါတို့ဆီမှာလည်းတစ်ချို့တလေသုံး​ကြပါတယ်ကြိုက်သလိုသုံးလို့ရပါတယ် တူမကြီးရေဧည့်သည်တွေအတွက်လက်ဖက်သုပ်လေးလုပ်လာခဲ့ပါအုံး” ဘလေးမြကလည်းကျုပ်စကားကိုပြန်ဖြေရင်းနဲ့လည်းသင်းနွယ်ကိုလက်ဖက်သုပ်လုပ်ခဲ့ဖို့လှမ်းအော်လိုက်တာပေါ့ ကျုပ်တို့ကလည်း ဘာစကားမျှမပြောမိတောပဘဲတိတ်ဆိတ်နေကြတာပေါ့ ခနကြာတော့လည်းသင်းနွယ်ကတော့ လက်ဖက်သုပ်ပွဲလေးကိုင်ပြီးရောက်လာတာပေါ့ ကျုပ်တို့ရှေ့ကစားပွဲပေါ်မှာတင်လိုက်ပြီးတော့လည်းဘလေးမြဘေးမှာရပ်နေတာပေါ့ “ဘလေးမြသူကဘယ်သူလည်းဗျကျုပ်တို့ကိုမိတ်ဆက်ပေးအုံးလေ” ဝင်းအောင်ကလည်းသင်းနွယ်နဲ့မိတ်ဆက်ပေးဖို့လည်း​ပြောတာပေါ့ ဘလေးမြကလည်း သင်းနွယ်ဘက်ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီးတော့လည်း “အေးကွမင်းတို့ကိုမိတ်ဆကိပေးရမယ်ဒါကငါ့ညီရဲ့သမီးသင်းနွယ်တဲ့…သမီးသင်းနွယ်ဒါကဝင်းအောင်တဲ့ဒီရွာသားဟိုဘက်ကသာလှတဲ့ပေါက်လှကရောက်လာတဲ့ဧည့်သည် ...

“     “ဟုတ်ကဲ့ပါ အဘ “ သူတို့သည် ဘုရားကုန်းလေးပေါ် တက်သွားပြီး ရွာဦးစေတီကို အတန်‌ကြာအောင်ဖူးမျှော်ကြပြီးနောက် ဘုရားကုန်းပေါ် မှ ပြန်ဆင်းလာကာ ဦးဖိုးဝေမှ     “လူလေးတို့ အဘနောက်ကသာ လိုက်ခဲ့ကြပါ”     “ဟုတ်ကဲ့ အဘ “     “ကဲ ကဲ သွားကြတာပေါ့ အထူးသဖြင့် မောင်လူသစ်ရေ မင်းတရားရဖို့ မျှော်လင့်ပါတယ် “     ဦးဖိုးဝေသည် ထိုမျှသာ စကားဆိုပြီး တရုတ်စကားပင်များရှိရာ  ဘုရားကုန်းတောင်ဘက်ခြမ်းသို့ ဦးဆောင်၍ သွားလေသည်။လကွယ်ညဖြစ်ပေငြား ကြယ်ရောင်လေးများကြောင့် ...

ကြောင်းများကလည်းအထင်းသား။ ဘွားစန်းသည်က စိတ်မမှန်ရှာတော့။ ဗန်ဒါစိမ်းရွာ၌ ဘွားစန်းသည် အသက်အကြီးဆုံးပုဂ္ဂိုလ်တစ်ယောက်ပင်ဖြစ်၏။ “ဘွားစန်း…ဘာလို့ဒီကိုရောက်နေတာလဲ” ဟု…လွန်းနီနီမေးလေတော့ လူနှစ်ယောက်လက်ကြား၌ ယက်ကန်ယက်ကန်ပါလာသော ဘွားစန်းမှာ လွန်းနီနီအား သူ၏မည်းနက်နေသော သွားကြီးများပေါ်သည်အထိ ပြုံးရယ်ပြကာ… “ဟီးးးး….သခင်မလေး….လပြည့်ရက်နီးပြီ… ဂရုစိုက်နော်….ဟီးးး…ဟီး…ဟီးးး…….” ပြောချင်ရာပြောနေသည့်ဘွားစန်းကိုကြည့်၍ လွန်းနီနီသက်ပြင်းချလိုက်သည်။ “ကဲ…ဘွားစန်းကို သူ့အိမ်ဆီပြန်ခေါ်သွားကြ… ကျန်တဲ့သူတွေ ဇာရီကိုထပ်ရှာကြမယ်……….. ” လွန်းနီနီ၏စကားအတိုင်းပင် ပျောက်ဆုံးနေသော မိန်းမပျိုအား ဆက်လက်ရှာဖွေကြ၏။ ညသည်ပင်တဖြေးဖြေးနက်လာခဲ့လေတော့သည်။ ရှာဖွေမတွေ့သည့်အဆုံး၌… “ကဲ…မနက်မှဆက်ရှာကြတာပေါ့…ကိုယ့်အိမ်ကိုပြန်ကြတော့” “ဟုတ်ကဲ့….မမလေး……” “ဟုတ်ကဲအစ်မ…..” ရွာသားများနှင့်အသက်ကြီးသူများကလွန်းနီနီကို မမလေးဟုခေါ်ကြပြီး ရွာရှိလူငယ်များကတော့ အစ်မဟုခေါ်ကြလေသည်။ ******************* နောက်တစ်နေ့နံနက်၌… “အစ်မ…အစ်မ…ချောင်းစပ်….ချောင်းစပ်မှာ………” ...

မှထွက်ပေါ်လာခဲ့၏။ “တောက်…” နောက်တစ်ချက်ထပ်မံကာတောက်ခေါက်သံက ထွက်ပေါ်လာပြန်သည်။ ပုံပန်းသဏ္ဌာန်မမြင်ရ…အရိပ်မမြင်ရသော ရွာလမ်းဆီမှ တောက်ခေါက်သံကြောင့် လမ်းမနားရှိအိမ်မှ လူများနိုးလာခဲ့ကြသည်။ “တောက်…” တောက်ခေါက်သံကအဆက်မပြတ်ထွက်ပေါ်နေပြန်သည်။ တစ်စုံတစ်ခုကိုမကျေမနပ်ဖြစ်နေသော တောက်ခေါက်သံကို နားစွင့်ယုံသာနားစွင့်နေကြပြီး မည်သူမှ တဲအိမ်အပြင်ကို မထွက်ရဲကြပေ။ ခွေးများကလည်း ထိုရွာလမ်းမပေါ်၌အုပ်စုလိုက် အူနေကြသည်မှာကြားရသူများအဖို့ခြောက်ခြားဖွယ်ကောင်းသောညတစ်ညဖြစ်နေခဲ့သည်။ သုံးချက်တီးလောက်မှ ခွေးအူသံများကော… တောက်ခေါက်သံပါပျောက်ကွယ်သွားခဲ့၏။ နောက်တစ်နေ့နံနက်ရောက်တော့ ထန်းစုရွာ၌ ထိုသတင်းကပြောလို့မပြီးနိုင်ဖြစ်​နေခဲ့သည်။ “ညက တောက်ခေါက်သံကြီးကိုကြားရတာ ကျုပ်ဖြင့် ကြောက်လိုက်တာမအေးရယ်…” “အိုအေ…အရက်မူးသမားတွေဖြစ်မှာပါ” “မဖြစ်နိုင်တာတော်… လူတော့မ​ဖြစ်နိုင်တာသေချာပါတယ်…” “ရွာထိပ်ကကိုပေါက်စလေသိတယ်မလား… သူလည်းတောက်ခေါက်သံကြားလို့ထကြည့်တယ်ဆိုပဲဟဲ့… သူမြင်လိုက်တာတော့ထဘီကိုတိုတိုဝတ်ထားပြီး ဆံပင်ကိုဖျားလျားကြီးချထားတဲ့မိန်းမတစ်ယောက် ရွာလမ်းမပေါ်မှာ လမ်းလျှောက်နေတာကိုတွေ့ခဲ့တယ်တဲ့…” “တစ်ရွာကအရူးမများရောက်လာတာလား” ...

လေးတွေ ထုတ်ထားတဲ့ အိတ်နဲ့ အုန်းမုန့်ခွက် တစ်ခုပါလာတယ် “မင်းခေါ်မယ်ဆိုရင် ငါပြောတဲ့အတိုင်းခေါ်” “အေး” “ငါ အုန်းမုန့်ခွက်ကို စည်းဝိုင်း ဝိုင်းလိုက်မယ်ကွာ ဝိုင်းပြီးတာနဲ့ မင်းက ပြောရမယ် အမဲသားကြိုက်တဲ့ အောင်ဒင်ကြီး မင်းကို ငါတွေ့ချင်လို့ခေါ်နေတယ် အမဲသားကျွေးမယ် ငါ့ဆီလာခဲ့ အဲ့လိုမျိုး သုံးခါပြော ပြီးရင် စည်းဝိုင်းထဲကို အမဲသားတုံးတစ်တုံး ပစ်ထည့်လိုက်” ပြောပြီး အညာသား က စည်းဝိုင်း ဝိုင်းတယ် မိုးထက် က ပြောပြီး အမဲသားတုံးကို စည်းဝိုင်းထဲ ပစ်ထည့်လိုက်တယ် အညာသား က ...

တာပေါ့ဗျာ။ “အို . . . အားနာလိုက်တာမောင်လေးရယ်” “ရပါတယ်၊ ကျွန်တော်လည်း အသံမပြုလိုက်မိလို့ပါ၊ ကျွန်တော်ဘာဝိုင်းကူပေးရအုံးမလဲ” “နေပါစေ၊ ရပါတယ်၊ ကိုယ့်အိမ်ကိုလာလည်တဲ့သူကို ကျုပ်ဘယ်ခိုင်းရက်ပါ့မလဲ၊ အေးအေးဆေးဆေးသာနေ ငါ့မောင်ရေ” “မဟုတ်တာပဲ မမနှင်းရယ်၊ ဧည့်သည်ဆိုပေမယ့်လည်း ကျုပ်ကတော့ အိမ်ဦးခန်းမှာ အခန့်သားထိုင်မစားချင်ဘူးဗျ၊ အိမ်ရှင်တွေကိုလည်း ကူညီပေးချင်သေးတာ” ကျုပ်က မမနှင်းလို့ခေါ်လိုက်တော့ မနှင်းကြည်က ရှက်သွားသလိုလိုပဲဗျ၊ နောက်တော့ ခေါင်းညိတ်ပြီး “ဒါဖြင့်ရင်လည်း ဟောဒီအမှိုက်လေးတွေ ကျုံးပြီး အိမ်နောက်ဖေးကို သွားစုထားပေးပါ မောင်လေးရယ်” ကျုပ်လည်း အမှိုက်တွေချက်ခြင်းကောက်ကျုံးတာပေါ့ဗျာ၊ အမှိုက်ဆိုပေမယ့် သစ်ရွက်ခြောက်တွေပါ။ ...

ဘွားမယ်စိန်ကဆက်ပြီး… “ကဲ…သွားကြမယ်ပါဆိုဟယ်…ဟိုမှာအပူးခံနေရတဲ့လူ ပင်ပန်းနေရောမယ်….” “ဟုတ်…ဟုတ်ကဲ့…အဘွား…” ထိုသို့ဖြင့် မည်သူမျှ ဆက်မအံ့သြဝံ့ကြ။ ဘွားမယ်စိန်တောင်ဝှေးကိုထောက်၍ ထွက်လာရာ ရွာလယ်သို့သာ မောင်အုန်းတို့သုံးယောက်သားလိုက်လာကြတော့၏။ ဘွားမယ်စိန်သည် တော်ရုံအချိန်၌ သူ၏တောင်ဝှေးအားမသုံးတတ်။ ယခုလို အချိန်၌သာ သူ၏ တောင်ဝှေးကြီးအား အသုံးပြုတတ်ပေသည်။ ဘွားမယ်စိန်၏တောင်ဝှေးလက်ကိုင်၌ မြွေဦးခေါင်းရုပ်ကြီးထု့လုပ်၍ထား၏။ ထိုတောင်ဝှေးအား ဘွားမယ်စိန်မှလွှဲ၍ ဘွားမယ်စိန်၏ သားသမီးများ မည်သူမှမကိုင်ကြရ။ ထိုသို့ဖြင့်ဘွားမယ်စိန်တို့ရွာလယ်ပိုင်းသို့ရောက်လာ၏။ ဘွားမယ်စိန်တို့ရောက်လာချိန်၌ ရွာမှ ကလေး၊လူကြီးအတော်ပင်စုံလင်စွာရောက်ရှိနေကြပြီဖြစ်သည်။ “ဘွားမယ်စိန်ရောက်ပြီဟေ့…ကလေးတွေ နောက်ဆုတ်ကြစမ်း…” လူကြီးအချို့ကအသံပြုကြသည်။ သရဲပူးခံထားရသည်ဆိုသော မောင်တိုးသည် သူ၏အိမ်ရှေ့ဗန်ဒါပင်အောက်၌ တင်ပုလ္လင်ခွေကာထိုင်နေ၏။ မျက်လုံးပြူး မျက်စံပြူးဖြင့်သာ ထိုင်နေပြီး ...