သမား” ငနွားမောင်၏အခေါ်ကြောင့် ငခိုင် ဒေါသတို့ထွက်လာလေသည်။ “မပေးတော့ဘာလုပ်ချင်လဲကွာ……..” ‘ဟ…မင်းတို့ရှုံးတာလေ…မပေးလို့ရမလား….” ငနွားမောင်ပုဆိုးကိုခပ်တိုတိုပြင်ဝတ်ရင်းပြောလိုက်သည်။ “ရတယ်ကွာ…မပေးဘူး…မပေးတော့ဘာဖြစ်လဲ” “အေး……မပေးတော့……ဒါဖြစ်တယ်ကွာ………..” “ခွပ်……….” “ချကွာ….ချကြ….” ငနွားမောင်သည် ငခိုင်၏မျက်နှာအားလက်သီးဖြင့်ထိုးကာ နှစ်ဦးသားလုံးထွေးသတ်ပုတ်တော့၏။ ငနွားမောင်၏အဖော်များသည်လည်း ငခိုင်၏အဖော်များနှင့်သူတပြန်ငါတပြန်လုံးထွေးကြတော့သည်။ ငနွားမောင်နှင့်ငခိုင်လုံးထွေးနေရင်းမှ ငခိုင်သည် သူ၏ခါးကြားတွင်အသင့်ယူလာသော ဓားဖြင့် ငနွားမောင်အလှစ်၌ ငနွားမောင်၏ဗိုက်ကိုထိုးချလိုက်လေရာ….. “အ………” “ဟာ….ဓားနဲ့ထိုးသွားပြီ…………” “ပြေးဟေ့…ပြေးကြ…….” “ငနွားမောင်…ငနွားမောင်……ဟာ…..” “ဟာ…သူကြီးခေါ်ကြပါဟ…သူကြီးခေါ်ကြ” ငခိုင်တို့အုပ်စုမှာထွက်ပြေးသွားတော့သည်။ ရန်ဖြစ်ရတာခုံမင်လှသော ငနွားမောင်တစ်ယောက် ငခိုင်၏ဓားချက်နှင့်ပင် အသက်ထွက်သွားရှာ၏။ ငနွားမောင်ဖခင်ကြီးလည်း ရွာထိပ်ညောင်ပင်အောက်၌သားဖြစ်သူအလောင်းကိုတွေ့လေရာ များစွာယူကျုံးမရဖြစ်ရရှာသည်။ ထို့နောက်တော့ ငခိုင်တို့အဖွဲ့အားရှာဖွေဖမ်းဆီးကာ မြို့ဂတ်သို့လက်ရအပ်လိုက်ကြသည်။ ရွာထိပ်ညောင်ပင်ကြီးသည် အရိပ်အာဝသကောင်းလှသည်မို့ ...

ရုပ်နဲ့ “အံမယ်၊ ကျားသားမိုးကြိုး အလတ်ကောင်စောစောစီးစီးနိုးနေပါလား၊ နင့်တူတောင် မနိုးသေးဘူး” ကျုပ်အစောကြီးနိုးတာကို အထူးအဆန်းဖြစ်နေကြတယ်၊ ကျုပ်လည်းသွားဖြဲပြပြီး ဆားနည်းနည်းနှိုက်ပြီးထွက်ခဲ့တာပေါ့ဗျာ။ မခင်ကြည်ကတော့ တံစို့ထိုးပြီး မီးကင်ထားတဲ့ ခရမ်းချဉ်သီးလေးတွေကိုဖြုတ်ရင်း ထောင်းဖို့ပြင်နေတယ်ထင်ပါ့။ ကျုပ်လည်း ကိုအေးအနားထိုင်ပြီး ဟိုအကြောင်းဒီအကြောင်းပြောနေတုန်း မခင်ကြည်က မနက်စာလာပြင်ပေးတယ်၊ ကျုပ်ပါနိုးနေတာဆိုတော့ နှစ်ယောက်စာပြင်ပေးတာပေါ့၊ ထမင်းဖြူနဲ့ ခုနကကြော်ထားတဲ့ ပဲထောပတ်ကြော်ရယ်၊ ခရမ်းချဉ်သီးထောင်းလေးရယ်ဆိုတော့ ထမင်းမြိန်တယ်ဗျာ၊ ကျုပ်တို့ကိုခူးခပ်ပေးပြီးတော့ မခင်ကြည်က ဆွမ်းတော်ကပ်ဖို့အိမ်ပေါ်တက်သွားတယ်၊ မခင်ကြည်ရဲ့ ဘုရားရှိခိုးသံ တစာစာက အာရုဏ်ဦးနေလုံးကြီးနဲ့အတူတူ ထွက်ပေါ်လာတယ်ပေါ့ဗျာ။ စားသောက်ပြီးတော့ ကိုဖိုးအေးက သွားဖို့ပြင်ဆင်နေပြီဗျ၊ အိမ်ကထွက်ခါနီးကျတော့ “အလတ်ကောင်၊ ...

တယ်။ “ခွေးကောင်၊ စက်ဘီးကိုရပ်စမ်း” ကျုပ်တို့အော်တော့ စိုင်းရာဇာက လှည့်ကြည့်တယ်ဗျ၊ ပြီးတာနဲ့ သူလည်း စက်ဘီးကိုအားစိုက်နင်းတော့တာပဲ၊ ဒီကောင်စီးထားတဲ့စက်ဘီးကလည်း ကောင်းတယ်ဗျ၊ သူကြီးစီးနေတဲ့စက်ဘီးအသစ်ကြီးဆိုတော့ ပြေးတာပေါ့ဗျာ၊ ကျုပ်တို့နင်းနေတဲ့စက်ဘီးကတော့ သံချေးကိုက်နေတဲ့စက်ဘီးကြီးဗျ၊ မောင်ဗမာဘီးဆိုတာ ခိုင်တာတော့ခိုင်ပါရဲ့ စက်ဘီးကသံနဲ့လုပ်ထားလို့ အလေးကြီးပဲ၊ အမြင့်ကလည်းအမြင့်ကြီးဗျ၊ ထိုင်ခုံဆိုရင်လည်း မာမာကြီးဗျာ။ အနောက်က ကယ်ရီယာခုံဆိုရင် သစ်သားပြားတွေတပ်ထားတာမဟုတ်လား။ စက်ဘီးနင်းရင်း စက်ဘီးကလည်း အသံစုံမြည်နေလိုက်သေးတယ်။ စက်ဘီးကိုလည်း အမြန်နင်း၊ လမ်းကလည်း ကြမ်းဆိုတော့ စက်ဘီးကခုန်လိုက်တာမှ ပြောမနေပါနဲ့ဗျာ၊ အရှေ့မှာထိုင်နင်းနေတဲ့ကျုပ်တောင်မှ ဖင်တော်တော်ကြိမ်းနေပြီဗျ။ သစ်သားနဲ့လုပ်ထားတဲ့ ကယ်ရီယာခုံမှာ ထိုင်လိုက်လာတဲ့ ရင်မောင်တစ်ယောက်တော့ ...

ထားပြီးနောက်… “လာထိုင်ကွဲ့…” “ဟုတ်ကဲ့ခင်ဗျ…” “နေကပူပါဘိနဲ့ကွယ်… ဘယ်ကနေများလာခဲ့ရတာလဲ” “ကျုပ်က ပူကင်းရွာကလာတာပါ…” ဟုပြောရင်းဝါးခမောက်ကိုချွတ်လိုက်သည်။ “ဟူးး…” နဖူးမှချွေးများကိုလက်ဖြင့်သပ်ချရင်းဝါးခမောက်ကို ယပ်တောင်သဖွယ်ခတ်လေတော့… “မိဝင်း…ဒီကလေးကိုယပ်တောင်ပေးလိုက်စမ်းဟဲ့…” “ဟုတ်ကဲ့အမေ …ငါ့တူ…ဒီယပ်တောင်ယူပြီးခတ်” “ဟုတ်ကဲ့” ဒေါ်ဝင်းကသူကိုင်ထားသော နှီးယပ်တောင်လေးကို ပေးလိုက်သည်။ “ကဲ…ရေနွေးလေးလည်းသောက်ဦးကွဲ့… လာရင်းကိစ္စကနောက်မှပြော… အခုတော့အရင်အမောဖြေဦး…” “ဟုတ်ကဲ့” ဘွားမယ်စိန်က ဧည့်သည်ကိုရေနွေးပန်းကန်ပေးလိုက်သည်။ အညာသူ…အညာသားတို့၏ထုံးစံအတိုင်း နေပူထဲမှလာသူကိုရေအေးမတိုက်ဘဲ ရေနွေးပူပူကိုသောက်စေသည်။ ဒါမှလည်းနေသာထိုင်သာရှိကြပုံရ၏။ အမောဖြေပြီးလေတော့လည်း… “ပူလိုက်တာဗျာ…” ဟုငြီးတွားပြန်သည်။ “ပူတာကတော့​ပြောမနေနဲ့ကွယ်… လယ်ကွက်တွေထဲမှာမြေကြီးတွေတောင်ခြောက်ပြီးကွဲတောင်နေပါပေါ့လား…” “ဟုတ်ပါ့ဗျာ…အယ်ဗျာ… အမောဖြေရင်းနဲ့လာရင်းကိစ္စကိုတောင်မေ့နေလိုက်တာ…” “အခုသတိရရင်ပြောပေါ့… ဘွားတို့ကမောင်ရင်အမောပြေတာကို စောင့်နေတာကွဲ့” “ဟုတ်ကဲ့…ကျုပ်နာမည်ကထွေးမောင်လို့ခေါ်ပါတယ်ခင်ဗျာ… အခုလာရတာကလည်းအရေးကြီးပါတယ်… ...

သည်။ ကျွန်တော်က အလယ်က။ နောက်တွင် တပ်ကြပ်ကြီးဦးမြကြီးက သေနတ်ကို ထမ်း၍ အေးဆေးစွာ လိုက်ပါလာသည်။ ဂုံညင်းလျှိုအစပ်ရောက်တော့ ဒေါင်းဖို၊ ဒေါင်းမ တွန်သံကို ကြားရသည်။ မုဆိုးအောင်သန်းက လက်ပြသဖြင့် ကျွန်တော်နှင့် တပ်ကြပ်ကြီး အနီးရှိ ပျဉ်းမပင် ပင်စည်ကြီးအကွယ်သို့ ကပ်လိုက်ကြသည်။ အောင်သန်းနှင့် တင်သောင်းတို့ ရှေ့တက်သွားကြပြီး လောက်လေးခွကိုယ်စီထုတ်ကာ တောချုံများကို အကာအကွယ်ယူ၍ တက်သွားကြသည်။ မကြာပါ။ “ဖောက်… ဖောက်… ဖောက်…” ဟူသော လေးခွပစ်သံ ကြားရပြီး ဒေါင်းတွန်သံ ပျောက်သွားသည်။ ၅ မိနစ်ခန့်ကြာတော့ ...

တစ်ဦးမလို့ နတ်တွေဟာ သူ့အလိုအကျဖြည့်ဆည်းပေးခဲ့ရတယ်။” “ဒါဆို အခုပူနေတာကရော သူလုပ်တာပဲလားဆရာ။” “မဟုတ်ဘူးကွ။ ဒါကိုအကျဉ်းချုပ်ထပ်ပြောပြမယ်။ အဲဒီလိုဒီဇရပ်ကို မောင်သာလူးက သစ္စာဆိုအဓိဌာန်ပြုခဲ့ပြီး နှစ်နှစ်ဆယ်အကြာမှာ ဒီဇရပ်ပေါ်ကို စုန်းညီအစ်မရောက်လာတယ်။ သူတို့နာမည်ကလှလှနဲ့ပပတဲ့ ပညာအစွမ်းလည်းအတော်ထက်ကြတယ်ကွ။ ဒါပေမဲ့ သူတို့က ကဝေမြောက်စုန်းတစ်ဦးနဲ့တိုက်ပြီး နယ်လုခဲ့ကြရာမှာ ရှုံးသွားလို့ သူတို့နယ်ကနေထွက်လာခဲ့ကြရတာ။ အခုဒီဇရပ်မှာ နားကြတော့ ဆောင်းတွင်းကြီးပဲ။ သူတို့ရဲ့ရင်ထဲမှာဒေါသအပူမီးတွေတောက်လောင်နေတုန်းဆိုတော့ ဒီဇရပ်ထဲဝင်လိုက်တာနဲ့ ပိုအေးသွားကြလို့ အမြင်ကတ်ပြီး ဒီဇရပ်အောက်‌ခြေမှာ သူတို့ရဲ့မီးစက်ကို ဗူးနဲ့ထည့်ပြီး မြေမြှုပ်ခဲ့ကြတယ်လေ။ အဲဒီတော့ ဒီဇရပ်ရောက်လာသူတွေက အပူဒဏ်ခံရတာပေါ့ကွာ။ ဒါပေမဲ့ မိုးတွင်းနဲ့ဆောင်းတွင်းမှာသာ သူတို့ရဲ့မီးစက်ကပူပြီး မောင်သာလူးသစ္စာအဓိဌာန်ပြုထားခဲ့တဲ့ ...

ကယ်တင်နေရတာ။” ”ဒါဆို.. မင်းကငါတို့ဆီပြန်လာတာမဟုတ်ဘူးပေါ့။” ”မဟုတ်ဘူး…. ရွာကိုဒုက္ခပေးနေတဲ့… အောက်ပညာသည်ကို… ငါလာဆုံးမရတာဘဲ။” ”အေးကွာ…မင်းကတော့… ၇ရက်သားသမီးတွေကိုကယ်တင်အုံးပေါ့။ အခုတော့ မင်းအဖေနဲ့မင်းအမေဝမ်းသာသွားအောင်… လိုက်တွေ့လိုက်ပါအုံးကွာနော်။” ”အေးပါ… ငါလဲမင်းပြောသလိုစဥ်းစားထားပါတယ်ဟန်ကြီးရာ။ မင်းတို့ထင်းခုတ်ပြီးရင်သွားကြတာပေါ့။ ဪဒါနဲ့…ဗျား​လေးရော…ပါမလာဘူးလား။” ”ဒီနေ့မှပါမလာတာကွ။ မနက်ကဝမ်းတွေလျှောနေလို့ဆိုလားဘဲ။” ”အေးအေး… ဒါဆိုလဲမင်းတို့သစ်ခုတ်ပြီးရင်သွားကြမယ်။” ဤသို့နှင့် ထူးအောင်နှင့်ဟန်ကြီးက သစ်ခုတ်နေကြ၏။ သူရကတော့ ဘေးမှထိုင်ကာ ​ရှေးဟောင်းနှောင်းဖြစ်များနှင့် ရွာကလူများ၏ သာရေး၊ နာရေးကိုထိုင်မေးနေခဲ့သည်။ နေမွန်းမတည့်ခင်အချိန်၌ ထင်းနှစ်စီးရပြီဖြစ်၍ ထူးအောင်နှင့်ဟန်ကြီးသည် တစ်ယောက်တစ်စီးထမ်းကာ တောထဲမှ သူရနှင့်အတူထွက်၍ မြင်းခကျေးရွာထဲကို အတူတကွဝင်လာခဲ့ကြ၏။ လမ်း၌ နေအိမ်များကိုထင်းစီးဝင်ထားကာ သူရ၏အိမ်ကိုလျှောက်လှမ်းလာခဲ့သည်။ ...

အလှည့်ကျမှ ကြီးကြီးကျယ်ကျယ်” “အေးပါ၊ မင်းမယံုံတော့လည်း မတတ်နိုင်ဘူးပေါ့၊ မင်းဆီက ဟင်းစားမရတော့လည်း သူများဆီက တောင်းရမှာပေါ့ကွာ” ဦးလေးကြီးက လှည့်ထွက်သွားသည့်အခါ ကိုသံခဲက ထိုဦးလေးကြီးအား မျက်စောင်းထိုးကာကြည့်နေမိသည်။ ထိုဦးလေးကြီးက သိနေသလားတော့ မပြောတတ်ပေ၊ ကိုသံခဲအား လည်ပြန်လှည့်ကြည့်ရင်း “တကယ်လို့ မင်းစိတ်ပြောင်းသွားပြီးတော့၊ ငါ့ကိုဟင်းစားပေးချင်တယ်ဆိုရင်တော့ သုဿန်ကျွန်းကိုလာခဲ့” “ဟင်း၊ ရပါလိမ့်မယ် အားကြီးကြီး၊ ခင်ဗျားကြီးကို ကျုပ်ဘယ်တော့မှ မပေးဘူးဗျာ၊ စိတ်ချ” ကိုသံခဲက ပြောဆိုလိုက်ကာ ငါးတစ်ကောင်ကိုဖြုတ်လိုက်လေသည်။ ထို့နောက် လှည့်ကြည့်လိုက်သည့်အချိန်တွင် ထိုဦးလေးကြီးတစ်ယောက် ပျောက်ချင်းမလှပျောက်သွားလေရာ ကိုသံခဲပင် စိတ်ထဲထင့်သွားမိသည်။ “အိုကွာ၊ ...

တစ်ယောက်အဖြစ် နာမည်ရလာခဲ့ တော့သည်… ကိုသောင်းစိန်မောင်းသောကားမှာ ညနေ လေးနာရီခွဲ တွင် ကား စထွက်ပြီး … မနက် သုံးနာရီတွင် ( ….. မြို ့ ) သို့ဆိုက်ရောက်ရ သည်…ထိုမြို ့တွင်ပင် တစ်ညအိပ်ကာ နောက်ရက်ညနေလေးနာရီခွဲ ကားကို ပြန်လည် မောင်းပြန်ရလေသည်…ဂိတ်ပိုင်ရှင်က ကိုသောင်း စိန်၏ ရိုးသားမှု လူရင်းတစ်ယောက်ဖြစ်မှုတို့ကြောင့် အခြားသူများ နှင့်မတူ အခွင့်အရေးပေးထားလေသည်…. ထိုဂိတ်တွင်ပင် ကျောချ စရာအခန်းကျဉ်းတစ်ခန်းဖွဲ့၍ ကိုသောင်းစိန်လာလျှင် နားရန်ထား ပေးထားသည်… ထို့ကြောင့် ကျန်ကားဆရာများက ...

တွေခုတ်နေတုန်းဘာမှ မဖြစ်ကြဘူး “ကျုပ်တို့သုံးယောက်လုံး ဘာမှမဖြစ်ဘူးဗျ ပြောပါဦး ဦးလေးရဲ့ အကြောင်းကိစ္စရှိလို့လား” “ဟ၊ ကိုနိုင်ရ၊ အကြောင်းကိစ္စမှ သေးသေးလေးမဟုတ် ဘူးကွ အကြီးကြီး၊ အကြီးကြီး” အဲဒီဝါးတွေက ပိုင်ရှင်ရှိတယ်ကွ တောင်ယာထဲမှာ သူတို့ရှိတယ် …” “ဦးလေးကတော့ နောက်နေပြန်ပြီ၊ တောင်ယာတဲကို ကျွန်တော်တို့ တက်ကြည့်ခဲ့ပါတယ်။ ဘယ်သူမှမရှိဘူး” “မင်းတို့ တယ်ခက်တဲ့ကောင်တွေပဲ၊ ဒုက္ခတော့များတော့မယ် …” အဲဒီတောင်ယာထဲမှာ ကရင်ဖထီးကြီးနှင့် အမိုးကြီးတို့ နှစ်ယောက်နေတယ်ကွ။ မင်းတို့က ဘယ်မ​ြင်ရပလဲ။ ဖထီးကြီးတို့က နာနာဘာဝတွေဥစ္စာ” “ဗျာ နာနာဘာဝတွေဟုတ်လား”” “တုတ်တယ်ကွ၊ ...