သစ္စာဆိုလိုက်တဲ့အခါ မြောင်းကျယ်ကြီးကို လွှားကနဲခုန်ကာ တဖက်ကမ်းရောက်သွားပါတော့တယ်.. ထိုအခါ ဒီလောက်ကျယ်တဲ့မြောင်းကျယ်ကြီးကို တခါတည်းခုန်လိုက်တဲ့အတွက် မကောင်းဆိုးဝါးတကယ်ဖြစ်နေပီလို့ မှတ်ယူတဲ့အိမ်ရှေ့စံဟာ သူမကို ဆက်မခြောက်လှန့်ဖို့နဲ့ ထွက်သွားဖို့ပြောပါတော့တယ်..မယ်ကာကလဲ ဝမ်းနည်းကြေကွဲမှုနဲ့အတူ ထွက်ခွာခဲ့ပီး မြောင်းကျဉ်းငယ်တခုအရောက်မှာတော့ မခုန်နိုင်တော့ဘဲ မြောင်းထဲကျကာ သေဆုံးသွားခဲ့ပါတော့တယ်.. ဘယ်လိုပဲဖြစ်ဖြစ်တူညီနေတယ့် ခြေကလိမ်မရဲ့အချက်အလက်ဟာ အိမ်သာမှာ ခြောက်လှန့်တာများပီး ကလေးနဲ့ အမျိုးသမီးများကို အဓိကသားကောင်အဖြစ်ထားတတ်တယ်လို့ဆိုပါတယ်..ခြေကလိမ်မဟာ လမိုက်ညတွေမှာ ထွက်တတ်ပီး သူမအလိုက်ခံရရင် လွတ်မြောက်ဖို့မဖြစ်နိုင်ပါဘူးတဲ့.. ဘာကြောင့်လဲဆိုရင် ခြေထောက်လိမ်နေပေမယ့် ပြေးတာအရမ်းမြန်တယ့်အတွက်ဖြစ်ပါတယ်.. ခြေကလိမ်မဟာ တွေ့ရင် မြောင်းကျဉ်းလား မြောင်းကျယ်လားမေးတတ်ပါတယ်..မဖြေမချင်းကို မေးနေတတ်ပီး အဖြေတခုခု ရတာနဲ့ တရှိန်ထိုးလိုက်ပါတော့တယ်.. ...

ကျုပ်ရဲ့ ဗီဇအတိုင်းသိချင်   လာတာပေါ့ဗျာ။   ” ဒီလိုကွတလော ဝါဆိုလကွယ်ည ၉ နာရီလောက်မှာ   ငါတို့ကာလသားတွေ သက်ကြီး ဦးပုတို့အိမ်မှာစကား   လက်စုံကြနေတာပေါ့ ”     ” အဲ့ဒီချိန် ရွာတောင်ပိုင်ဒေါ်ညိုတို့အိမ်ကနေကြောက်   လန့်တကြားအော်သံကြားလိုက်တယ်ကွ ”   ” ငါတို့ကာလသားတွေလည်း အသံကြားတာနဲ့ ဝုန်းဆို   ပြီးဒေါ်ညိုတို့ဝိုင်းကိုပြေးသွားကြတာပေါ့ ”   ” လက်ထဲမှာကလည်း ဝါးချွန် ၊ တုတ်၊ ဓားစံလို့ပေါ့ကွာ ...

၊ လ္ဘက် အကြော်စုံ၊ ရေနွေးကြမ်းတို့ဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်သည်။ အလှု့ဒါယိကာမှာ ကုန်ချင်သလောက်ကုန် … အပြုံးမပျက် လှုမည့်သူ ဖြစ်သလို ၊ အလှု့ဒါယိကာမမှာလည်း ငွေထုတ်ရလို့ တချက်ကလေးမှ မငြီးငြူချေ။ စေတနာသဒ္ဓါတရား အင်မတန် ထက်သန်ကြသော လိုက်ဖက်ညီသည့် အလှုရှင်ဇနီးမောင်နှံ ဖြစ်ကြသည်။ _________ အခန်း(၂) မြသာသည် လူရွှတ်လူနောက် ဖြစ်သည်။ သူသည် လူငယ်သဘာဝ ခပ်ရွှင်ရွှင်နေတတ်သူတဦးဖြစ်သော်လည်း ရပ်ရေးရွာရေးတွင်တော့ အင်မတန် တက်ကြွသူ ဖြစ်ပါသည်။ ယခု မြသာသည် ရွာဦးကျောင်းဖြစ်သော လယ်ပြင်ကြီး မြောက်တိုက်၌ ...

သမီးလေးတစ် ယောက်မွေးဖွါးခဲ့တယ်။ “သည် သမီးမျက်နှာနဲ့ အုန်းမြင့် လိမ္မာလာလေမလား ဆိုတဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်လာပြန် တယ်။ဒါပေမဲ့ သမီးလေးသာ တဖြည်းဖြည်း ချစ်စဖွယ်ကြီးပြင်း သာတယ်……တောက်ဆတ်၊ တောက်ဆတ် လမ်းလျှောက်တတ်လာတယ်…။မပီကလာ ပီကလာ၊ ကွတ်တီးတွတ်တာစကားလေး တွေ ပြောတတ်လာတယ်…..။ အုန်းမြင့်ကတော့ လူမိုက်ကလူမိုက်ပါပဲ။မိုက်တဲ့အပြင် ဆိုးလာတယ်လို့တောင် ပြောရမယ်။ အခြားရွာက မိန်းမတစ်ယောက်ကို မယားငယ်ယူထားဘယ်ဆိုတဲ့သတင်း ထွက်လာတယ်။ အချိန်တွေကြာလာတာနဲ့အမျှ တိုးတိုးတိတ်တိတ် သ တင်းက ကျယ်လောင်လာတယ်။ ကျယ်လောင်ရာကနေ ထင်ရှားလာတယ်။နောက်ဆုံးမှာ မယားငယ်မစန်းကို အိမ်ပေါ်ခေါ်လာတဲ့ အထိ တိတိလင်းလင်းဖြစ်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ...

အောင်၊ မကောင်းတဲ့သစ်တွေနဲ့ ဆောက်လုပ်ပေးလို့ရတယ်မဟုတ်ဘူးလား” ကျုပ်လည်းခေါင်းညိတ်လိုက်တာပေါ့ဗျာ။ “အေးပေါ့၊ ဒီလိုပဲ ဘယ်ပညာမဆို ကောင်းအောင်လုပ်လို့လည်းရတယ်၊ ဆိုးအောင်လုပ်လို့လဲရတယ်၊ စုန်းကဝေပညာလည်း အဲဒီလိုပဲပေါ့ကွာ” “ဒါပေမယ့် ကျုပ်ကြားဖူးတာက စုန်းတွေအကုန်လုံးလိုလိုက လူဆိုးတွေချည်းမဟုတ်လား၊ ကောင်းတဲ့စုန်းဆိုတာ ရှိမှမရှိတာ” “ဒါကတော့ကွာ၊ ရှေးဘုရင်လက်ထက်ကတည်းက စုန်းတွေကိုမှားယွင်းပြီး ယူဆခဲ့ကြတာပေါ့ကွာ၊ မင်းသိအောင်လို့ ပြောပြရအုံးမယ်၊ မင်းတုန်းမင်းကြီးလက်ထက်က မညှာဆိုတဲံ စုန်းမကြီးတစ်ဦးနဲ့ စုန်းတွေကို မင်းကြီးက နန်းတွင်းမှာ တစ်လကိုဆယ့်ငါးကျပ်ပေးပြီးတော့ ခန့်ထားသတဲ့ကွ၊ နောက်ပြီးတော့ အထက်လမ်းဆရာတွေ ဆရာဟိန်း ၊ မြွေဆရာ ဆရာသက်ကြီး တို့ကိုလည်း နန်းတွင်းထဲခန့်ထားသေးတယ်တဲ့ကွ၊ စုန်းတွေ ...

မို့လားကွာ ” ” ဟုတ်တာပေါ့ဗျာ. ကိုဘပွားတို့ညီအစ်ကိုက အဖေကြီးကိုတော်တော်ဂရုစိုက်ကြတာပါဗျာ။ဒါနဲ့ ဘိုးစံဖေကြီး နေကောင်းရဲ့မဟုတ်လား ” “ဆုးံသွားပြီ တာတေရဲ့ ” “ဗျာ ဘယ်တုန်းကလဲ ကျူပ်ဖြင့်သတင်းမကြားရပါလားဗျာ ” “မနေ့က ရက်လည်တာကွ. သတင်းမကြားဆိုရက်လည်းမထားဘူးလေကွာ.အားချင်းပဲသဂြိုဟ်လိုက်တာ ” “အို ဘာဖြစ်လို့တုံးဗျ ” ” တာတေရ။ရွာထဲက လူတချို့က သူတို့ရွာကိုငါတို့ပြောင်းလာတာ သိပ်မကြိုက်ကြဘူးကွ ” ” ဟ ဘာလို့တုံး ” “အဖေက ရူးနေတာကိုးကွ။ သူတို့ရွာကို အရူးပြောင်းလာတယ်ဆိုတော့ မကြိုက်ကြဘူးကွ။ အခုလည်း အရူးသေတယ် ...

ဘွားမယ်လှတို့ယာပေါ့ကွ” “အဲဒီယာထဲမှာ ခြေရာကြီးတွေ့လို့ဗျ” “ဘာခြေရာတုံးကွ ကျောက်ခဲရ” “ဟ ယာထဲမှာ လူခြေရာတွေ့တာ ဆန်းလို့လားကွ ကျောက်ခဲရ” “ဟာ …ဆန်းပါပြီလားဗျာ ခြေရာက လူခြေရာ ဆိုပေမယ့် တစ်တောင်လောက် ရှိတာဗျ။ ဒါလူကြီးလက်နဲ့ တိုင်းတာနော်။ ကျုပ်လက်နဲ့ တိုင်းကြည့်တာတော့ တစ်တောင်ကျော်တယ်ဗျ” “ဟေ မင်း ရောက်ပြီးသွားပြီလား ကျောက်ခဲရ” “ဟာ ရောက်ပြီးပြီပေါ့ဗျ။ထနောင်းကုန်းက တာတေ့တပည့် ကျောက်ခဲပဲဗျာ ရှေ့ဆုံးကပေါ့” “အင်း ဒီသတင်းကို တို့ရွာသားတွေ သိသွားကြပြီလားကွ” “သိလို့ပဲ တစ်ရွာလုံး သွားကြည့်ကြပြီးပြီဗျ။ မကြည့်ရသေးတာဆိုလို့ ကိုကြီးတာတေပဲ ...

ငါတို့ရွာသားတွေလယ်ကို ငါတို့ငါးရှဉ့် ထောင်တာ ဘယ်သူ့ဂရုစိုက်ရမှာလဲ”     “ဟားဟား ဟားဟား ဟားဟား မင်းကလည်း တော်တော်သတ္တိကောင်းပါလား”     “ငါကြောက်တာအိမ်ကမိန်းမပဲရှိတယ်”     “အေး  မင်းကတော်တော် သတ္တိကောင်းတော့ ငါလာရတာ ပေါ့ကွာ”     သာနိုးသည်အသံလာရာဘက်သို့ ဂရုတစိုက် ကြည့်နေသည်။ သူ၏စိတ်ထဲတွင်တော့ သူ့လိုငါးရှဉ့်ထောင်သော တခြားရွာသားတစ်ယောက်မှ စနောက်နေသည်ဟု ထင်ထားမိသည်။ထို့ကြောင့် ကြောက်စိတ်တို့ကင်းမဲ့နေပြီး အလုပ်ပျက်သည်ဟု တွေးကာ စိတ်တိုဒေါသထွက်နေမိသည်။မကြာသောအချိန်တွင် ခြေသံများသည် နီးသထက်နီးလာပြီး သူ၏အနားသို့ ရောက်လာ၏။ ခြေသံသည်သာကြားရပြီးရုပ်အား မမြင်ရသောအခါ သာနိုးပါးစပ်အဟောင်းသားဖြစ်မိ၏။ထို့နောက် ကြောက်စိတ်တို့သည် ဒီရေအလားတိုးလာကာ ...

ကျုပ်ကို ပြုံးပြီမေးတာဗျ။ “ဟုတ်တယ် မောင်တာတေရဲ့ ဆေးလိပ်ဆိုတာကလည်း ကိုယ်သောက်နေကျ တံဆိပ်ပဲ သောက်လို့ရတာကွဲ့ ဆေးစပ်ပြောင်းလိုက်ရင် ချောင်းဆိုးရောကွဲ့ ကျုပ်လည်း အဘဆရာပွါးကြီးဆီမှာ ပညာယူတုန်းဆိုရင် နဂါးပဲ သောက်ခဲ့တာ။ ပခုက္ကူမှာက ဆေးလိပ်ကို စုံလို့ ဒါပေမယ့် ကျုပ်က နဂါးပဲ သောက်ခဲ့တာ” “အစ်ကို ဘဝင်းကို ပြောရဦးမယ် ဟောဒီမောင်တာတေက ကျုပ်နဲ့ မတွေ့ခင်ကတည်းကအစ်ကိုနွံဖနဲ့ တွေ့တာဗျ” “ဟေ…ဟုတ်လား မောင်တာတေ အစ်ကိုနွံဖဆိုတော့ ကျုပ်တို့ ဆရာတူ တပည့်တွေထဲမှာ အကြီးဆုံးကွဲ့ ကျုပ်တို့ အားလုံးရဲ့ အစ်ကိုကြီးလို နေလာတာ ...

တွေကြောင့် တစ်ခါတည်း ကလေးနှစ် ယောက် ကြားထဲမှာပဲ နှစ်နှစ်ခြိုက်ခြိုက် သူမလည်းအိပ်ပျော်သွားခဲ့လေတော့သည်။ မနက်မိုးသောက်မလင်းခင် ငွေတာရီက အစောဆုံး အိပ်ရာကထလိုက်ပြီး သားနဲ့သမီးအားနိုးကာ စောဦးစွာ.ထွက်လာခဲ့သည်။ အစားပေါကြွယ်လှတဲ့ ရွာဦးကျောင်းဘက်သို့ ထွက်လာသော်လည်း သူ့မထက်အရင်ရောက်နေကြတဲ့ သူတွေ အများကြီးတွေ့ရတော့ ငွေတာရီလည်းမျက်မှောက်ကြုတ်လိုက်ပြီး.. ” ကဲ..သားနဲ့သမီး.လာလာ…. ဟို အပင်အရိပ်နားက စောင့်နေနော် အမေ ကျောင်းအောက်ဘက်အစာ သွားရှာအုန်း.မယ်..အမေမလာ မချင်း..စောင့်နေ..” သားဖြစ်သူက သူ့ဗိုက်ကလေးပွတ်ရင်း “အမေ..မြန်မြန်ပြန်လာခဲ့နော် သားဗိုက်အရမ်းဆာ နေပြီး” .”အေးပါသားရယ်….သမီး..လဲ.မောင်လေးကို ဂဂုစိုက်အုန်းနော်” “ဟုတ်ကဲ့အမေမေ..” သားနှင့်သမီးကို တတွတ်တွတ် မှာကြားပြီး ...