သမီးလေးတစ် ယောက်မွေးဖွါးခဲ့တယ်။
“သည် သမီးမျက်နှာနဲ့ အုန်းမြင့် လိမ္မာလာလေမလား ဆိုတဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်လာပြန် တယ်။ဒါပေမဲ့ သမီးလေးသာ တဖြည်းဖြည်း ချစ်စဖွယ်ကြီးပြင်း သာတယ်……တောက်ဆတ်၊ တောက်ဆတ် လမ်းလျှောက်တတ်လာတယ်…။မပီကလာ ပီကလာ၊ ကွတ်တီးတွတ်တာစကားလေး တွေ ပြောတတ်လာတယ်…..။
အုန်းမြင့်ကတော့ လူမိုက်ကလူမိုက်ပါပဲ။မိုက်တဲ့အပြင် ဆိုးလာတယ်လို့တောင် ပြောရမယ်။ အခြားရွာက မိန်းမတစ်ယောက်ကို မယားငယ်ယူထားဘယ်ဆိုတဲ့သတင်း ထွက်လာတယ်။ အချိန်တွေကြာလာတာနဲ့အမျှ တိုးတိုးတိတ်တိတ် သ တင်းက ကျယ်လောင်လာတယ်။
ကျယ်လောင်ရာကနေ ထင်ရှားလာတယ်။နောက်ဆုံးမှာ မယားငယ်မစန်းကို အိမ်ပေါ်ခေါ်လာတဲ့ အထိ တိတိလင်းလင်းဖြစ်သွားတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ခင်ခင်ဦးအနေနဲ့ ထူးပြီး ခံစားရဘူး။ နဂိုကတည်းက ဝဋ်ကြွေးဆပ်တယ်လို့ သတ်မှတ်ထားတစ်ခုတော့ ရှိတယ်။မြန်မာ့ဓလေ့ရိုးရာ၊ အစဉ်အလာက တစ်လင်တစ်မယား စနစ် ထွန်းကားတဲ့ ဓလေ့ထုံးစံရှိတယ်။
တစ်ယောက်ကတစ်ယောက် ပြောင်းရမှာကို အရှက် အကြောက်ကင်းသူကလွဲပြီး မလုပ်နိုင်ဘူးလို့ ခံယူထားတယ်။ တစ်ပင်လဲလို့ တစ်ပင်ထူပြီး အားကိုးရာ ရှာတာမှာ တောင် ကန့်သတ်မှုတွေ ရှိတယ်။
ဒီလို ဓလေ့ထုံးစံတွေကြားမှာ မယားငယ် အိမ်ပေါ်ခေါ်တင်လာတဲ့ကိစ္စကိုတော့ ခင်ခင်ဦး မလိုလားဘူး။
ဒါပေမဲ့ မကျေနပ်တဲ့နှလုံးသား မရှိဘူး။ မယားငယ်နဲ့ တစ်အိမ်တည်းနေပြီး ယောက်ျားတစ် ယောက် အတူပေါင်းရမှာကို ရှက်တဲ့စိတ်ပဲရှိတယ်။ ဒါ့ကြောင့် ကွာပေးဖို့ပြောတယ်။ခင်ခင်ဦးရဲ့ ဝဋ်ကြွေးတွေ၊ ကြေဖို့အချိန်မရောက်သေးလို့ ပဲ ထင်ရဲ့…..
အုန်းမြင့်က ကွာမပေးဘူး။ နှစ်ဆောင်ပြိုင် အိမ်မကြီးရဲ့နောက်ဖေး၊ နွားတင်းကုပ် ဘေးမှာ တဲလေးဆောက်ပြီး ခင်ခင်ဦးနဲ့သမီးကိုထားတယ်။
အဲဒီအချိန်ကစပြီး မယားငယ်က၊ မယားကြီး ဖြစ်သွား တယ်။
ခင်ခင်ဦးကလည်း မယားဘဝကနေ၊ ကျွန်ဘဝကို ရောက်သွားတယ်။ တစ်အိမ်လုံးစားဖို့ ထမင်းဟင်း၊ ချက်ပြုတ်ပေးရရုံမက ဘူး၊ မယားငယ်ရဲ့ ထမီအင်္ကျီမကျန် လျှော်ဖွပ်ပေးရတယ်။
အုန်းမြင့်က မယားငယ်မစန်းကို ရွှေပေါ်မြတင်၊ ပွဲတက် ယားအဖြစ်ထားပေမဲ့ ခင်ခင်ဦးခမျာမှာတော့ ကျွန်မယားဘဝနဲ့ နေနေရတယ်။
“ဒီကောင်မလေး သိပ်ဝဋ်ကြီးတာပဲ..
“ဘယ်ဘဝက အငြိုးတွေများပါလာလို့ ဒီလောက်ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဘဝဆိုးနဲ့ ကြုံနေရတာလဲ…
ခင်ခင်ဦးရဲ့အဖြစ်ကို မမြင်ရက်သူတွေက မြည်တမ်းသည်းတွားကြတယ်။မျက်ရည်ကျ ကြရတယ်။အုန်းမြင့်နဲ့ပတ်သတ်လို့ ခင်ခင်ဦးရဲ့နှလုံးသားတွေက ကျောက်စိုင်ကျောက်ခဲတွေလို မာကျောတယ်၊ ခံစားချက်မဲ့တယ်
သမီးလေးကို လစ်လျူရှုတဲ့အတွက်ကိုတော့ ခင်ခင်ဦး နာကြဉ်းတယ်၊ အမျက်သိုမိတယ်။အုန်းမြင့်ကလည်း ခင်ခင်ဦးနဲ့ရတဲ့သမီးလေးကို (ခင်ခင် ဦးအပေါ် မကျေနပ်ချက်ကြောင့်လား၊ မယားငယ် မကြိုက်မှာစိုး တာကြောင့်လား မသိဘူး) လုံးဝမချစ်ဘူး။ ချီဖို့ ချော့ဖို့ ဝေးလို့..၊
ကလေးလဲကျပြီး ငိုနေရင်တောင် တစ်ချက်ကလေး လှည့်မကြည့်ဘူး။
ဒီလိုနဲ့ ခင်ခင်ဦးနဲ့ သူ့ရဲ့သမီးလေး၊ သေကွဲကွဲရမယ့် နေ့ တစ်နေ့က ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တယ်။အဲဒီနေ့က ထုံးစံအတိုင်း နွားကျောင်းသားက တင်းကုပ် ထဲကနွားတွေ ထုတ်သွားတယ်။နွားတွေထွက်သွားတာနဲ့ တင်းကုပ်ထဲက နွားချေး၊ အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်ရတယ်။ က ခင်ခင်ဦးရဲ့ နေ့တဓူဝအလုပ်။
ဒါ နွားချေးတွေ့ကြုံးနေတုန်းမှာ သမီးငယ်က တဲမျှ တစ်ယောက်တည်း ဆော့ကစားနေတယ်။
တော်တော်လေးကြာတော့ သမီးငယ်ရဲ့ စူးစူးဝါးဝါးအော်သံနဲ့ လှေကားပေါ်က တစ်စုံတစ်ခုကျတဲ့ တဒုန်းဒုန်းအသံ ကြီးကို ကြားလိုက်ရတယ်။
ကြားရတာက အိမ်မကြီးဆီက……..။ခင်ခင်ဦး စိုးရိမ်တကြီး အိမ်မကြီးဆီပြေးသွားတယ်။ လှေကားရင်း၊ အုတ်တမံသလင်းမှာ သွေးအလိမ်းလိမ်း နဲ့ စကားမေးမရတော့တဲ့ သမီးလေးကိုတွေ့ရတယ်။
ခင်ခင်ဦး လှေကားပေါ်မော့ကြည့်မိတော့ အုန်းမြင့်နဲ့ သူ့မယားမစန်းကို အပေါ်ထပ်လှေကားထိပ်မှာ ငုံ့ကြည့်နေတာ တွေ့ရတယ်။
ခင်ခင်ဦးမျက်လုံးတွေ မီးဝင်းဝင်း တောက်သွားတယ်။ ငါ့သမီးကို…” ဒီလောက်ပဲ ပြောနိုင်တယ်။ ဒေါသထွက်လွန်းလို့ အသံတွေတုန်ပြီး တိမ်ဝင်သွားတယ်။
သမီးလေးကို ပွေ့ယူပြီး…. ဆေးဆရာကြီး ဦးကြာညွန့်အိမ်ကို ပြေးတယ်။ ဣန္ဒြေတွေ၊ သိက္ခာတွေ၊ ရှက်ရမှာတွေ၊ ကြောရမှာတွေ သူဘာတစ်ခုမှ မမြင်တော့ဘူး။
ဆံပင်တွေကလည်း ဖိုးရိုးဖားရား၊ ခြေထောက်မှာလည်း ဖိနပ်မပါ၊ ပွေ့ထားတဲ့ ကလေးကလည်း သွေးအလိမ်းလိမ်းနဲ့။ သမီးအတွက် စိုးရိမ်စိတ်က ငယ်ထိပ်ရောက်နေတာ ကြောင့် ခင်ခင်ဦးရဲ့မျက်လုံးတွေကလည်း ပြူးကြောင်နေတယ်။ အဲဒီအချိန်မှာ သူ့အသွင်ဟာ စိတ်မနှံ့တဲ့ အရှုးမတစ်ယောက်နဲ့မခြားဖြစ်နေတယ်။ဖြစ်မယ်ဆိုလည်း ဖြစ်လောက်ပါရဲ့…..၊
သူ့သမီးလေးသာ သူ့ကမ္ဘာဖြစ်နေတာကိုး။
သူ့ကမ္ဘာလေး မပျက်စီးဖို့၊ သူ့သမီးလေးအသက်ကိုကယ်တင်နိုင်ဖို့ အရူးလုံးလုံးစိတ်နဲ့ သူပြေးခဲ့တာဖြစ်တယ်။
သူ ဘယ်လိုပဲကြိုးစားခဲ့ပေမဲ့ သူ့ကမ္ဘာလေး ပျက်စီး သွားခဲ့တယ်။
သမီးလေးဟာ သူ့လက်ထဲမှာပဲ ဘဝတစ်ပါးကိုပြောင်း သွားခဲ့ရတယ်။
ဆရာကြီးဦးကြာညွန့် ကလေးမလေးရဲ့လက်ကို ကိုင် ပြီး စမ်းသပ်ကြည့်တယ်၊ ပြီးတော့…၊
“ကလေး အသက်မရှိတော့ဘူး သမီးရယ်…”လို့ ပြောလိုက်တယ်။
ခင်ခင်ဦးအသည်းနှလုံးတွေ တစ်စစီ၊ တစ်စစီ ကြေကွဲ လွင့်စင်သွားတယ်။
ရပ်တည်ခြင်းငှာ မစွမ်းသာတော့ဘဲ နေရာမှာတင် ပျော့ ခွေလဲကျသွားခဲ့တယ်…။
အဆိုးထဲက အကောင်းလို့ပဲ ပြောရမယ်ထင်ပါရဲ့…..။ ရက်လည်ပြီးတဲ့ညမှာ ခင်ခင်ဦး ရွာကနေ တိတ်တဆိတ် ထွက်ခွါသွားတယ်။
ဒီလို ထွက်ခွါခြင်းဟာ အုန်းမြင့်အပေါ်မှာ သူဆပ်ရမယ့် ဝဋ်ကြွေးတွေ ကြေသွားလို့ပဲလို့ တစ်ရွာလုံးက မှတ်ထင်ယူဆခဲ့ ကြပါတယ်။
“ခင်ခင်ဦး ရွာကိုပြန်ရောက်လာပြီတဲ့..”
“ခင်ခင်ဦး ပြန်ရောက်လာပြီဟေ့..”
ဒီသတင်းကြောင့် တစ်ရွာလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားတယ်။
ဟုတ်တယ်။လွန်ခဲ့တဲ့သုံးနှစ်က ရွာက တိတ်တဆိတ်ထွက်သွားတဲ့ ခင်ဖင်ဦးတစ်ယောက်….မမျှော်လင့်ဘဲ ရွာကိုပြန်ရောက်လာပြီ ဖြစ်တယ်။ ခင်ခင်ဦးအပေါ် သနားကြင်နာနေသူတွေ၊ ချစ်ခင်သူတွေ၊ လွမ်းတသသရှိနေသူတွေ ခင်ခင်ဦးရောက်နေတဲ့ မိခင်ကြီးဒေါ် ညိုအိမ်ကို သွားကြတယ်။
ခင်ခင်ဦး၊ အုန်းမြင့်အိမ်ကို မသွားဘူး၊ မိခင်ကြီးအိမ်မှာ ပဲ နေတယ်။သုံးနှစ်လောက် ကြာခဲ့ပြီဖြစ်တာကြောင့် လင်ခန်းမယား ခန်းပြတ်ပြီလို့ တွေးထားဟန်ရှိတယ်။
အချိန်က ကုစားပေးလိုက်တာကြောင့်လည်း ဖြစ်မယ်၊ အသည်းတွေ ပိုမာလာဟန်ရှိတယ်။
ခင်ခင်ဦးရဲ့အသွင်က ဟိုးတုန်းကအသွင်နဲ့ ခြားနားနေတယ်၊ ပိုပြီးလည်း တည်ငြိမ်လာတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူ၊ ရဲရင့်သူတစ်ယောက်ရဲ့ အသွင်တွေ ထင်ထင်ရှားရှား ပေါ်လွင်နေတယ်။ တစ်ခုကောင်းတာက အုန်းမြင့်ကိုယ်တိုင်ကလည်း ခင် ခင်ဦးဆီ ၀လာဘူး၊ ဘာသိဘာသာပဲ နေတယ်။
သဘောက သူ့ဘက်ကလည်း ပြတ်ပြီဆိုတဲ့သဘော။ ဒီလိုအနေအထားကို ခင်ခင်ဦးကလည်း ကြိုက်တယ်။ ရောက်တဲ့နေ့ကစပြီး အုန်းမြင့်တို့လင်မယားနဲ့ မျက်နှာ ချင်းမဆိုင်မိအောင် ရှောင်တယ်။
မရှောင်နိုင်လို့ တည့်တည့်တိုးရင်လည်း အသိမိတ်ဆွေ တွေလို ခေါ်ပြောနှုတ်ဆက်တာ လုပ်တယ်။
ရွာသူရွာသားတွေကလည်း လွတ်လပ်ငြိမ်းချမ်းသွားတဲ့ ခင်ခင်ဦးအတွက် ဝမ်းသာနေကြတယ်။ ဒီလိုနဲ့ ခင်ခင်ဦးရွာကိုပြန်ရောက်လာတာ ခြောက်လ တင်းတင်း ပြည့်သွားခဲ့တယ်။ အဲဒီအချိန်မှာပဲ သူတို့ရွာမှာ တဲ့ အဖြစ်အပျက်ကြီးတစ်ခုကို ကြုံလိုက်ကြရတယ်။ အဖြစ်အပျက်က အံ့ဩစရာကောင်းတယ်။ ထိတ်လန့်ချောက်ချားစရာလည်း ကောင်းတယ်။ လူ့အသက် သေဆုံးမှုတွေလည်း ပါဝင်နေခဲ့တယ်။
ခြံဝင်းတံခါးရဲ့ အတွင်းဘက်မလှမ်းမကမ်းမှာ … လာင်းသုံးလောင်းရှိနေတယ်။
အုန်းမြင့်၊ သူ့မိန်းမ၊ ပြီးတော့ (၂)နှစ်အရွယ် သူတို့ရဲ့သမီးလေးရဲ့ အလောင်းတွေ…..။
ထူးခြားချက်က တံခါးတွန်းဖွင့်ပြီး ခြံထဲဝင်လိုက်တာနဲ့ အကောင်းသားကြီးကနေ ရုတ်တရက်၊ ဗိုင်းခနဲ လဲကျသေဆုံး သွားကြတဲ့ အဖြစ်ပါ။
အုန်းမြင့်ရဲ့အဖြစ်ဆိုးကို မြင်လိုက်တာနဲ့ သူ့မိန်းမမိစန်းက ပွေ့ ထားတဲ့ကလေးကိုချပြီး ခြံထဲအမြန်ပြေးတယ်။ သူ့ယောက်ျား လဲကျနေတဲ့ဆီ သွားတယ်။ အဲဒီမှာ သူပါလဲကျ သေဆုံးသွားတယ်။
သမီးငယ်လေးကလည်း တောက်တောက် တောက် -တောက်နဲ့ မအေ့နောက် ပြေးလိုက်သွားတယ်။ ခြံထဲဝင်လိုက်တာနဲ့ မအေ့ဆီတောင် မရောက်လိုက်ဘူး။ မြေပေါ်လဲကျပြီး ပက်လက်လေးသေသွားတယ်။ သူတို့အိမ်က ရွာလယ်ပိုင်းမှာ၊နောက်ပြီး နေ့လယ်ဘက်ဖြစ်နေလို့ ဖြစ်ပုံပျက်ပုံအလုံး စုံကို အိမ်နီးနားချင်းတွေအားလုံး သိနေ၊ မြင်နေရတယ်။
ရုတ်တရက်ကြီး တစ်ယောက်ပြီးတစ်ယောက် လဲကျ သေဆုံးနေရတဲ့ အဖြစ်ကိုကြည့်ပြီး အံ့ဩထိတ်လန့်နေကြတယ်။ သတင်းက တောမီးလောင်သလို ချက်ချင်းပျံ့နှံ့သွား တယ်။
တစ်ရွာလုံးကလူတွေ အုန်းမြင့်တို့ အိမ်ရှေ့လမ်းပေါ်မှာ စုပြုံရောက်လာကြတယ်။ “ခြံထဲကို ဘယ်သူမှမဝင်ကြနဲ့…..မဝင်ကြနဲ့…..””
ရွာထိပ်မှာနေတဲ့ ဆရာကြီးဦးကြာညွန့် ရောက်လာပြီး အော်ဟစ်ပြောတယ်။
တစ်ချိန်တည်းလိုလို ရွာလူကြီးပါ ရောက် ပါတယ်။ “ဆရာကြီး ဘယ်လိုဖြစ်တာလဲ ခင်ဗျ..” ရွာလူကြီးက ဦးကြာညွန့်ကို မေးတယ်။
“ကျုပ်လည်း အတိအကျတော့ မပြောနိုင် သးဘူး၊ ဒါပေမဲ့ မျက်မြင်တွေ့တဲ့လူတွေ ပြောတဲ့စကားအတိုင်း ဆိုရင်တော့ ရိုးရိုးသားသား မဖြစ်နိုင်ဘူး….။
ဒါဟာ အသက်သေအောင်ထိ ပြုလုပ်ထားတဲ့ အောက် လမ်းပညာသည်ရဲ့ အစီအရင် ဖြစ်နိုင်တယ်ဗျ…”
“ဒါဆို ဘယ်လိုဆက်လုပ်ကြမလဲ..” ရွာလူကြီးက စိုးရိမ်တကြီးအသံနဲ့ မေးတယ်။
““စောင့်ကြည့်ရဦးမှာပဲ…””
လောလောဆယ်တော့ အုန်းမြင့်တို့ခြံထဲကို ဘယ်သူမှ မဝင်အောင် ပြောရမယ်…။
ဝင်တဲ့သူမှန်သမျှ အောက်လမ်းစက်မိပြီး အသက်သေ သွားနိုင်တယ်…”
“ဒါဆိုရင် ဒီအလောင်းတွေကို မသင်္ဂြိုဟ်ဘဲ ဒီအတိုင်း ထားရတော့မှာလား ဆရာကြီး.
“အဲဒီလိုလည်း မဟုတ်ပါဘူး..၊ဘယ်လိုအောက်လမ်းစက်လည်းဆိုတာ သိအောင်လုပ်ပြီး စက်ကိုဖြတ်ရမယ်၊
အောက်လမ်းစက်ပြတ်သွားရင် ခြံထဲဝင်လို့ ရမှာပါ..” ဆရာကြီး ဦးကြာညွန့် ရွာလူကြီးကို ရှင်းပြတယ်။ ပြီးတော့ အုန်းမြင့်တို့ မိသားတစ်စုလုံးကို သေဒေ လောက်တဲ့အထိ အမုန်းအငြိုးရှိသူ ဘယ်သူဖြစ်နိုင်မလဲဆိုတာ စဉ်းစားကြည့်တယ်။
ဆရာကြီးရဲ့ မျက်လုံးထဲမှာ တစ်စုံတစ်ယောက်ကို ပြက်ပြက်ထင်ထင် မြင်လိုက်ရတယ်။ သူက ခင်ခင်ဦးဆိုတဲ့ မိန်းမတစ်ယောက်….၊ သေသူအုန်းမြင့်ရဲ့ ပထမ-မယား…. သမီးလေးတစ်ယောက်ရမှ အုန်းမြင့်ရဲ့ စွန့်ပစ်မှုကိုခံခဲ့ရတဲ့သူ။
တစ်ရွာတည်းသားတွေ ဖြစ်တာကြောင့် သူတို့အ ကြောင်းကို ဆရာကြီးအနေနဲ့ အစကအဆုံး၊ တစ်လုံးအကျန် သိနေခဲ့တယ်။
အုန်းမြင့်ကို သေစေလောက်တဲ့အထိ အငြိုးအတေးကြီး နိုင်တဲ့အရာဆိုလို့ အုန်းမြင့်ရဲ့ပထမ-မယား၊ ခင်ခင်ဦးနဲ့ပတ်သက် တဲ့ အကြောင်းအရာပဲ ရှိတယ်။
အဖြစ်အပျက်က ကြာတော့ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစ်တဲ့အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်တွေကို တွေးမိတာနဲ့ ဆရာကြီးဦးကြာ ညွန့် ရွာလယ်လမ်းအတိုင်း အသာလျှောက်လာခဲ့တယ်။
အုန်းမြင့်တို့အိမ်နဲ့ မျက်စောင်းထိုးမှာရှိတဲ့ အိမ်ကိုဂရု တစိုက် ကြည့်လာတယ်။
အဲဒီအိမ်က ခင်ခင်ဦးနေတဲ့အိမ်…ဆရာကြီးဦးကြာညွန့် ထင်တဲ့အတိုင်းပဲ… အိမ်ရှေ့ လသာဆောင်ကနေ အုန်းမြင့်တို့အိမ်ဘက်မျက်နှာမူကြည့်နေတဲ့ ခင်ခင်ဦးကို တွေ့ရတယ်။ ခင်ခင်ဦး အံကိုတင်းတင်းကြိတ်ထားတယ်။ မျက်လုံးတွေကလည်း မီးဝင်းဝင်းတောက်နေတယ်။ အဲဒီအချိန်မှာပဲ ခင်ခင်ဦးဟာ သူ့ကိုလျှို့ဝှက်အကဲခတ်နေ တဲ့ ဆရာကြီးဦးကြာညွန့်ကို မြင်သွားတယ်။ သူက ဆရာကြီးရဲ့မျက်လုံးတွေကို စိုက်ကြည့်တယ်။ ဒါဟာ အသံတိတ်၊ ပညာပြိုင်လိုက်တာပဲ….။ တော်တော်ကြာတဲ့အထိ တစ်ယောက်မျက်လုံး တစ်ယောက် စိုက်ကြည့်နေကြတယ်။ အရင်ဆုံး မျက်လုံးကို စ-လွှဲဖယ်လိုက်သူက ခင်ခင်ဦး ဒါဟာ သူ့အနေနဲ့ အရှုံးပေးလိုက်ခြင်းဆိုတာ သူရော ဆရာကြီးဦးကြာညွန့်ရော သိလိုက်ကြတယ်။
“ကဲ… ကဲ၊ ငါ့သမီးလေး စိတ်ကိုလျော့ထားတော့ သမီးရဲ့ဆန္ဒလည်း ပြည့်ဝခဲ့ပြီ မဟုတ်လား.။ အခုအချိန်က အပြစ်မရှိတဲ့သူတွေရဲ့အသက်တွေ အလ ဟဿမဆုံးရှုံးအောင် တားဆီးရမယ့်အချိန် ဖြစ်နေပြီ၊ ဒါ့ကြောင့် ဆရာကြီးမေးတာကို မှန်မှန်ဖြေ၊ ဟုတ်ပြီ
အရိပ်အကဲကြည့်ပြီး အတတ်သိလိုက်တဲ့ဆရာကြီးဟာ ခင်ခင်ဦးရှိတဲ့ အိမ်ပေါ်ထပ်ထိတက်သွားပြီး ခင်ခင်ဦးကို ပြောလိုက် တယ်။
ခင်ခင်ဦးက ဆရာကြီးဦးကြာညွန့်ကို ရိုသေစွာနဲ့လက်အုပ်ချီ ရှိခိုးတယ်။
““တောင်းပန်ပါတယ် ဆရာကြီးရယ်….၊သူနဲ့ပတ်သက်ပြီး ဘယ်လိုမှမခံစားနိုင်တာကြောင့် က လဲ့စားချေမိပါတယ်…။ဝဋ်ကြွေးပါရင်လည်း နောင်ဘဝ ကျွန်မပြန်ဆင်ပါ့မယ်” “အေးပေါ့ကွယ်….၊ အကြွေးရှိရင်တော့ ဘယ်သူမဆို ဆပ်ကြရမှာ ပေါ့….။ သမီးရဲ့ အနေအထားကိုကြည့်ရင် ပညာသည်စစ်စစ် မဟုတ်ဘူးဆိုတာ ဆရာကြီးသိတယ်၊
သမီး တစ်ပွဲတိုးအောက်လမ်း မဟုတ်လား” ““ဟုတ်ပါတယ် ဆရာကြီး…’ “ဒါဆိုရင် ဘယ်နှသက် ခွင့်တောင်းခဲ့လဲသမီး…” “ခုနစ်သက်ပါ ဆရာကြီး….” “မိုက်လိုက်ပါပေ့ သမီးရယ်..၊ ကဲ… ကဲ၊ ဆရာကြီးနောက်မှ ပြန်လာမယ်၊ ခုတော့ သွားလိုက်ဦးမယ်..”
““ဟုတ်ကဲ့ပါ ဆရာကြီး..”
ဆရာကြီးဦးကြာညွန့် အိမ်ပေါ်က ခပ်သုတ်သုတ်ဆင်းတယ်။
အုန်းမြင့်တို့အိမ်ရှိရာဆီ ပြန်လှည့်ခဲ့တယ်။ နေက မွန်းတည့်လောက် ရောက်နေပြီ။ ဘယ်သူမှ မဝင်ရဲတာကြောင့် အလောင်းတွေကိုပြုပြင် စီရင်မယ့် သူမရှိဘူး။
မြေပေါ်မှာ ပိုးလိုးပက်လက်၊ အမြင် မတင့်မတယ်ဖြစ် – နေတယ်။
အုန်းမြင့်ရဲ့အိမ်နဲ့ မျက်နှာချင်းဆိုင်၊ လမ်းတစ်ဖက်က သစ်ပင်ကြီးအရိပ်မှာ ရွာလူကြီးတွေနဲ့ ရွာသားေတာ်တော်များအား ထိုင်နေကြတယ်။
အဲဒီအထဲမှာ အုန်းမြင့်ရဲ့ အဖေ၊ အမေနဲ့ ဆွေမျိုးသား ချင်းတွေ ပါတယ်။ငိုတဲ့သူကငို၊ ရှိုက်တဲ့သူက ရှိုက်နှင့်…၊အချို့ကလည်း စိုးရိမ်ကြောက်လန့်တဲ့အကြည့်နဲ့ ကြည့်နေကြတယ်။
““ဆရာကြီး ဘယ်ပျောက်သွားတာလဲ..”
ရွာလူကြီးက ဆရာကြီးဦးကြာညွန့် ရောက်လာတာနဲ့မေးတယ်။
““အဲဒါတွေ မေးမနေနဲ့တော့ ဦးသိန်းရေ…၊ အခု ဖြစ်နေတဲ့ကိစ္စက တစ်ပွဲတိုးအောက်လမ်းပညာ သည်ရဲ့ အစီအရင်တွေပဲ၊
အသက် ခုနစ်သက်သေမှ အောက်လမ်းစက်ပြတ် တယ်…”
““ဟာ….. ဒါဆို နောက်ထပ်လေးယောက် သဦးမှာ လား…၊ ဒုက္ခပါပဲ…”
ရွာလူကြီးဦးသိန်း အလန့်တကြား ညည်းတွားလိုက် တယ်။ဆရာကြီးဦးကြာညွန့်ကတော့ စကားမပြန်ဘဲ တစ် တစ်ခုကို လေးလေးနက်နက် စဉ်းစားနေတယ်။ အဲဒီအချိန်မှာ တဝုန်းဝုန်း၊ ဆူဆူညံညံအသံ ကြားလိုက်
ကြည့်လိုက်တော့….။
ရွာလယ်လမ်းအတိုင်း နွားကြီးတွေ ပြေးလာနေတယ် နွားကျောင်းသားတစ်ယောက်လည်း နွားတွေနောက ခပ်လှမ်းလှမ်းကနေ ပြေးလိုက်လာတယ်။
နွားကျောင်းသားကိုမြင်လိုက်တာနဲ့ ဆရာကြီးဦးကြာညွန့် ထိတ်လန့်စိုးရိမ်သွားတယ်။ “ဟာ” ခနဲ အာမေဋိတ်သံနဲ့အတူ ထရပ်တယ်။နွားကျောင်းသားဆီကို ပြေးသွားတယ်။ မျက်နှာချင်းဆိုင်က ပြေးလာတဲ့နွားတွေ ဆရာကြီးဘေးကနေ တဝုန်းဝုန်းပြေးသွားကြတယ်။ ရွာလူကြီး ဦးသိန်းရော၊ ကျန်တဲ့ ရော၊ ဆရာကြီးဦးကြာညွန့် ဘာလုပ်တယ်ဆိုတာ မသိဘူး။ အံ့ဩစွာနဲ့ပဲ ကြောင်ကြည့်နေကြတယ်း အဖြစ်အပျက်က အရမ်းမြန်တယ်။ စက္ကန့်အနည်းငယ်အတွင်းမှာ လျှပ်ပြက်လိုက်သလို ဖြစ် သွားတယ်။
နွားသုံးကောင်ဟာ အုန်းမြင့်ခြံထဲ တန်းဝင်သွားကြ တယ်။
ခြံထဲဝင်မိလိုက်တာနဲ့ မမြင်ရတဲ့အားကောင်းမောင်းသံ လူကြီးတ ယောက်က ထိပ်ကို ပေါက်ဆိန်ကြီးနဲ့ထုလိုက်သလို တစ်ကောင် ပြီး တစ်ကောင် ဗုန်းခနဲ၊ ဗုန်းခနဲ ပစ်လဲသွားကြတယ်။ ဆရာကြီးဟာ နွားတွေနဲ့အတူ ခြံထဲပြေးလိုက်သွားမယ့် ကျောင်းကို အချိန်မီဖမ်းဆွဲ၊ တားဆီးနိုင်ခဲ့တယ်။
နွားကျောင်းသားကတော့ ဘာမပြော၊ ညာမပြော၊
လက်ဆွဲတားဆီးခံလိုက်ရတာကို နားမလည်နိုင်တဲ့အကြည့်နဲ့ ဆရာကြီးဆီကို ကြည့်နေတယ်။ ဆရာကြီးက နွားကျောင်းသားကို သစ်ပင်ရိပ်အောက် – ဆွဲခေါ်လာခဲ့တယ်။
နွားတွေ အတုံးအရုံး၊ လဲကျ သေဆုံးနေတာကို ပြ ကြက်တယ်။
နွားတွေနဲ့အတူ ခြံထဲဝင်သွားရင် မင်းလည်းနွားတွေလို သေမှာပဲ….”
နွားကျောင်းသားခမျာ ဒီတော့မှ ကြောက်လန့်ပြီး ဒူးတွေ တဆတ်ဆတ် တုန်သွားတယ်။
“ဦးသိန်းရေ ခင်ဗျား ရာအိမ်မှူးတွေထဲက တစ်ယောက် ကို ကြက်နှစ်ကောင်အရှင် ရှာခိုင်းပေးပါ၊ အရေးကြီးလို့ အမြန်ရလေ၊ ပိုကောင်းလေပဲဗျို့…” ဆရာကြီးက ရွာလူကြီးဦးသိန်းကို ပြောလိုက်တယ်။ ဦးသိန်း၊ ရာအိမ်မှူးတစ်ယောက်ခေါ်ပြီး ကြက်အရှင်နှစ် ကောင်ရဖို့ စီစဉ်တယ်။
ရာအိမ်မှူးလည်း ထွက်သွားပြီး သိပ်မကြာခင်မှာ ကြက်အရှင်နှစ်ကောင်ပိုက်ပြီး ပြန်ရောက်လာတယ်။ “တစ်ကောင်ကို ခြံတံခါးဝကနေ ခြံထဲကိုလွှတ်လိုက်။ဆရာကြီးအမိန့်ဆုံးတာနဲ့ ရာအိမ်မှူးက ကြက်တင် ကောင်ကို ခြံဝကနေ၊ ခြံထဲခေါင်းတည်ပြီး လွှတ်တယ်။ ကြက်ကလည်း လူ့လက်ကလွတ်တာနဲ့ ခေါင်းတည်း ထားတဲ့အတိုင်း ခြံထဲကိုပြေးဝင်သွားတယ်။ ချက်ချင်းမှ ချက်ချင်းဆိုသလိုပါပဲ….။
ကြက်ဟာ အကောင်းအတိုင်းကနေ လဲကျသွားတယ်၊ တောင်ပံ တဖျတ်ဖျတ်ရိုက်ခတ်ပြီး ငြိမ်ကျသွားတယ်။
“ကျန်တဲ့ ကြက်တစ်ကောင် ထပ်လွှတ်လိုက်ဦး…” ဆရာကြီးက ထပ်ပြီး အမိန့်ပေးလိုက်တယ်။ ရာအိမ်မှူးကလည်း စောစောကအတိုင်း ကြက်ကိုခြံထဲ လင်းတည်ပြီး ခြံဝကနေလွှတ်လိုက်တယ်။ ကြက်က ခြံထဲဝင်ပြေးသွားတယ်။ ပြီးတော့ နွားသေတစ်ကောင်ရဲ့ ကိုယ်လုံးပေါ်တက်၊ ပိုးမွှားကောင်လေးတွေ ရှာစားနေတယ်။ ကြည့်နေတဲ့သူအားလုံး “ဒီကြက်လည်း သေမှာပဲ”လို့
ဆထားကြတယ်။ခု…။ ကြက် မသေတာတွေ့တော့ ဇဝေဇဝါဖြစ်ကုန်ကြတယ်။
“ပညာသည်က အုန်းမြင့်တို့မိသားစုသုံးယောက်နဲ့ ဆွေ ထဲက လေးယောက်၊ စုစုပေါင်း ခုနစ်ယောက်အသက် ဆုံး အောင် စီရင်ထားတယ်…။
အခု လူသုံးယောက်၊ နွားသုံးကောင်နဲ့ ကြက်တစ် တစ်ကောင် သေပြီဆိုတော့ အသက် ခုနှစ်သက်၊ အလောင်း ခုလောင်းပြည့်သွားပြီ….၊
အောက်လမ်းပညာစက်လည်း အဆုံးသတ်သွားပြီ၊ ဒါ့ကြောင့် နောက်ဆုံးလွှတ်လိုက်တဲ့ကြက်၊ မသေတာ ဖြစ်တယ်…။
ခုချိန်ကစပြီး အုန်းမြင့်တို့ခြံထဲကို ဘယ်သူဝင်ဝင်၊ လုပ်စရာ ကိုင်စရာရှိတဲ့ကိစ္စတွေ၊ လုပ်လို့ကိုင်လို့ ရပြီ.. ဆရာကြီးဦးကြာညွန့် ခွင့်ပြုလိုက်ပေမဲ့ ခြံထဲကိုဘယ်သူ မဝင်ရဲသေးဘူး။ကြောက်ကြောက်လန့်လန့်နဲ့၊ ဝင်ရမှာ တွန့်ဆုတ်တွင် ဆုတ် ဖြစ်နေကြတယ်။
ဆရာကြီးက သူတို့ဖြစ်နေတဲ့အခြေအနေကို ရိပ်မိတာ ကြောင့် ရှေ့ကပဲ
ဦးဆောင်ဝင်လိုက်တယ်။
“ကဲ… လာကွ… လာကွ….။
ကျုပ်ပဲ ရှေ့ကဦးဆောင်သွားမယ်၊ ခင်ဗျားတို့ ကျုပ်နောက်က လိုက်ခဲ့ကြပါ.. ပြောရင်းဆိုရင်း ခြံတံခါးကိုတွန်းဖွင့်ပြီး ဆရာကြီး ဝင်သွားတယ်။ဒါတောင် လူတွေက နောက်ကနေ ထက်ကြပ်မကွာမလိုက်ရဲကဘူး
ခြံထဲရောက်လို့ ဆရာကြီး ဘာမှမဖြစ်တာမြင်မှ မဝံ့မရဲ
ဝင်လာကြတယ်။ ပြီးတော့ အုန်းမြင့်တို့မိသားစုရဲ့ စုရဲ့ အလောင်းတွေကို ဦး ကသယ်တယ်၊ အလောင်းတွေကို သန့်စင် ဆင်တယ်။ သန့်စင်ပေးပြီး အိမ်ပေါ်မှာပြင် ကျန်တဲ့သူတွေက နွားသေတွေကို နောက်ဖေးနွားတင်း တပ်ထဲ သယ်ပို့တယ်၊ ဟင်းလျာအဖြစ် ကိုင်တွယ်နေကြတယ်။ ဒီလို လူတွေအားလုံး၊ ကိုယ်စီကိုယ်ငှ အလုပ်တွေနဲ့ ယာက်ယက်ခတ် ရှုပ်ထွေးနေချိန်မှာ ဆရာကြီးဦးကြာညွန့် ခြံအ ကို ထွက်လာခဲ့တယ်။
ရွာလယ်လမ်းမအတိုင်း အရှေ့ဘက်ဆီ လျှောက်လာအိမ်တစ်အိမ်ရဲ့ရှေ့ကိုရောက်တော့ ခြံထဲဝင်သွားတယ်။ သူ ဝင်လိုက်တဲ့ခြံက တစ်ပွဲတိုးအောက်လမ်းပညာသည် လေး ခင်ခင်ဦးရဲ့ ခြံပဲဖြစ်ပါတယ်။“ဘယ်လိုလုပ်ပြီး ဒီပညာတွေကို တတ်လာတာလဲ
ဆရာကြီးကို ရှင်းပြပါဦး…”
ဆရာကြီးလာမယ်ဆိုတာ ကြိုသိနေတာကြောင့် ခင်ခင်ဦးက ဘုရားခန်းမှာ သင်ဖြူးဖျာခင်းထားတယ်။ ရေတကောင်း၊ ကွမ်းအစ်၊ ထွေးခံ စသည်ဖြင့် အသင့်ချ ထားတယ်။
ဆရာကြီး ဆေးလိပ် မသောက်တတ်တာကို သိတဲ့အတွက် ဆေးလိပ်ခွက်တော့ တည်ခင်းမထားဘူး။ ဖျာပေါ်ထိုင်မိတာနဲ့ ဆရာကြီးက ခင်ခင်ဦးကို တန်းပြီး မေးလိုက်တာဖြစ်တယ်။
““ဆရာကြီးကတော့ တစ်ရွာလုံးကို ဆေးကုသပြီး စောင့်ရှောက်ပေးသူလည်း ဖြစ်တယ်…ကျွန်မအနေနဲ့လည်း လေးစားရိုသေသမှု ရှိပါတယ်။ ဒါ့ကြောင့် အဖြစ်မှန်အတိုင်း မချွင်းမချန် ပြောပြပါမယ် ဒီလို စကားခံပြီး ခင်ခင်ဦးက ဆိုးရွားလှတဲ့ သူ့ဘဝ ကြောင်းတွေ…..အုန်းမြင့်ရဲ့ အနိုင်ကျင့်မှုအောက်မှာ ငရဲကျခံနေရသာ ဖြစ်ပျက်ခဲ့တဲ့ ခံစားမှုတွေနဲ့.. ၊
တစ်ပွဲတိုးအောက်လမ်းာညာရပ်ကို သင်ယူဖြစ်ခဲ့တဲ့ အကြောင်းတွေကို ဆရာကြီးဆီမှာ မချွင်းမချန် ဖွင့်ဟပြောကြား ဝန်ခံခဲ့ပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်ခွဲခန့်ကာလမှာ ခင်ခင်ဦး ရွာကထွက်ခွါ တယ်။
ဒီလို တစ်ယောက်တည်း ခြေဦးတည့်ရာထွက်ခွါသွားဝံ့တဲ့ သတ္တိမျိုး ခင်ခင်ဦးမှာမရှိပါဘူး။
ဒါပေမဲ့ ကိုယ်ရော စိတ်ပါ လူရုပ်မပေါ်အောင် အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်နေတဲ့ အုန်းမြင့်လက်က လွတ်ဖို့လမ်းက ဒီလမ်းနှစ်လမ်းပဲ ရှိတယ်။ စောစောပိုင်းကတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး သေပစ်လိုက်ဖို့ သူအကြိမ်ကြိမ် ကြံစည်ခဲ့သေးတယ်။ လူ မမယ်အရွယ် သမီးလေးရဲ့မျက်နှာကြောင့်သာ ဆွဲ ချသေမယ့်အကြံကို အကြိမ်ကြိမ် လက်လျှော့ခဲ့တာဖြစ်တ ယ်။
ရုတ်တရက် မမျှော်လင့်ဘဲ၊ သမီးလေး ဆုံးပါးသွားချိန်မှာတော့ သူ့အတွေးတွေ တစ်မျိုးပြောင်းသွားတယ်။ လှေကားခြေရင်းမှာ သွေးအလိမ်းလိမ်းနဲ့ လဲကျနေတဲ့ သမီးလေးကို အပေါ်လှေကားထိပ်ကနေ ငုံ့ကြည့်နေတဲ့ အုန်းမြင့် တို့လင်မယားရဲ့မျက်နှာကို သူ့မျက်လုံးထဲက မဖျောက်နိုင်ခဲ့ဘူး။ သမီးလေးကို သူတို့လင်မယား တွန်းချလိုက်တာလို့ပဲ စိတ်ထဲ စွဲနေတယ်။
နှလုံးသားထဲက နာကြည်းနေတယ်။ ကိုယ့်ကိုယ်ကို သတ်သေမယ့်အကြံကို စွန့်လွှတ်လိုက်တယ်။
အဲဒီနေရာမှာပဲ ကလဲ့စားချေမယ်… တစ်ဆွေတစ်မျိုးလုံးကို သတ်ပစ်မယ်…..။ အမှုန့်ချေပစ်မယ်.. ဆိုတဲ့ နာကြည်းစိတ်တွေ ဝင်လာတယ်။
အမျက်ဒေါသတွေက လောင်စာအပြည့်ရှိနေတဲ့ မီး တောက်ကြီးလို တိုးပြီးတောက်လောင်လာတယ်။
ဒီအကြောင်းကြောင့် သူ ရွာက ထွက်ခဲ့တာဖြစ်တ အချိန်ကာလများစွာ၊ ဒုက္ခဆင်းရဲအမျိုးမျိုး၊ အဖုံဖုံကို ခံစားရင်း သူ့ရဲ့ နာကြည်းစိတ်တွေက ပိုပြီးခိုင်မာလာတယ်။တစ်နေ့မှာတော့ တောင်ပေါ်ဒေသက ရွာလေးတစ်ရွာကို သူ ရောက်သွားတယ်။
လူရုပ်ပျောက်အောင် ပိန်လှီခြောက်သွေ့နေတဲ့၊ အာဟာ ရပြတ်ပြီး မေ့လဲနေတဲ့သူ့ကို တိုင်းရင်းသား အဘိုးအဘွားလင်မ ယားက ကယ်တင်ပြီး စောင့်ရှောက်ခဲ့တယ်။
သူကလည်း မိခင်ဖခင်အရင်းပမာ ပြုစုစောင့်ရှောက် တယ်…..ရက်တွေလတွေ ကြာမြင့်လာတာနဲ့အမျှ သူတို့ရဲ့သံယော ဇဉ်တွေကလည်း ရင့်သန်လာတယ်.. ခိုင်မြဲ တွယ်တာလာတယ်။
အဘိုးအဘွားရဲ့ ဆင်းရဲဒုက္ခဟာ ခင်ခင်ဦးရဲ့ ဒုက္ခ ဆင်းရဲ ဖြစ်လာတယ်။
ခင်ခင်ဦးရဲ့ ကြေကွဲဝမ်းနည်းမှုတွေကလည်း အဘိုးအ ဘွားနှစ်ယောက်ရဲ့ ကြေကွဲဝမ်းနည်းမှုတွေ ဖြစ်လာတယ် .. ဒီလို အနေအထားမှာ ခင်ခင်ဦးပဲကံကောင်းတာလား၊ အုန်းမြင့်တို့ပဲ ကံဆိုးချင်တာလား မသိဘူး။ အဘွားက ပညာသည်ဖြစ်နေတယ်။ “ သမီး သူတို့ကို ကလဲ့စားချေချင်တယ် အမေ
ကလဲ့စားချေဖို့ အသက်ဆက်ရှင်နေရတာပါ၊ သူတို့ကို ကလဲ့စားချေနိုင်ဖို့ သမီးကို အမေ့ပညာသင်ပေးပါ…..”
နှလုံးသားချင်း ထပ်တူကျနေတဲ့အဘွားကလည်း ခင် ခင်ဦးရဲ့ဆန္ဒကို မကန့်ကွက်ဘူး။
ခင်ခင်ဦး လုပ်ချင်တဲ့အတိုင်း လုပ်နိုင်အောင် ကူညီတယ်၊ အောက်လမ်းပညာအတတ်ကို သင်ပေးတယ်။ တစ်ခုရှိတာက အောက်လမ်းပညာကို ပြည့်ပြည့်စုံစုံ သင်ပေးတာမဟုတ်ဘဲ တစ်ပွဲတိုး အောက်လမ်းပညာကိုပဲ သင် ပေးတယ်။
တစ်ပွဲတိုး အောက်လမ်းပညာက တစ်ပွဲ၊ တစ်ကြိမ်ပဲ အသုံးပြုလို့ရတဲ့ အတတ်ပညာ။တစ်ကြိမ် အသုံးပြုပြီးတာနဲ့ အောက်လမ်းပညာတွေ သူ့ကိုယ်ကခွာသွားမယ်၊ ဒီပညာကို မတတ်တဲ့ ရိုးရိုးလူတစ် ေယာက် ပြန်ဖြစ်သွားမယ်။
ကောင်းတာက ဒီတစ်ပွဲတိုး အောက်လမ်းပညာကို ကမ္မ ဇိဒ္ဓိ တန်ခိုးကြီးတဲ့နတ်တွေက စောင့်ရှောက်ကူညီပေးကြတယ်။ ဒါ့ကြောင့် တော်ရုံဆရာတစ်ယောက်အနေနဲ့ကြားဝင် ဖျက်ဆီးဖို့ မဖြစ်နိုင်ဘူး။
တစ်ပွဲတိုးအောက်လမ်းပညာကို ပိုင်ပိုင်နိုင်နိုင် တတ် မြောက်တာနဲ့ ခင်ခင်ဦး ရွာကိုပြန်လာတယ်။
ဘယ်သူမှမရိပ်မိအောင် ကိုယ်ရှိန်သတ်ပြီး အခြေအနေကို စောင့်ကြည့်ခဲ့တယ်။
အခွင့်သာတဲ့တစ်နေ့မှာ သူ့ရဲ့အဆုံးစွန်သော က လဲ့စား ချမှုကို ပြုလုပ်လိုက်တာပဲ ဖြစ်တယ်။
“သမီးက ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရသူဆိုတော့ ဆရာကြီး ဘာမှမပြောလိုပါဘူး….၊
ဘယ်လိုပဲဖြစ်ဖြစ် ကလဲ့စားချေတယ်ဆိုဟာ ရန်ကို ခုန်ချင်း တုံ့နှင်းတာသာဖြစ်တဲ့အတွက် မကောင်းဘူးလို့ ဆရာ ကြီးပြောချင်တယ်..”
ခင်ခင်ဦးရဲ့ စကားအဆုံးမှာ ဆရာကြီးဦးကြာညွန့်က ဆုံးမတယ်။
“ပြုသူအသစ်၊ ဖြစ်သူအဟောင်းဆိုတာ သမီးနားလည် တယ်…..ပြုခဲ့မိတဲ့ အပြစ်ရဲ့ရန်ကြွေးရှိရင်လည်း သမီး အပြုံးမပျက် ခံယူပါ့မယ်…။
ဒီဘဝမှာတော့ သမီးခံစားခဲ့ရတဲ့ လောကငရဲ တွက်၊မရှုမလှ သေပွဲဝင်ခဲ့ရတဲ့သမီးလေးအတွက် ကလဲ့စားချေလိုက် ရတာကိုပဲ ကျေနပ်မိတယ် ဆရာကြီး..”
ဆရာကြီးဦးကြာညွန့် ခင်ခင်ဦးရဲ့ မျက်နှာကို ကြည့်လိုက်တယ်။
ခင်ခင်ဦးမျက်နှာက တည်ငြိမ်နေတယ်။ တစ်ပွဲတိုး အောက်လမ်းပညာနဲ့ လူ့အသက်တွေသေတဲ့ အထိ သူ့ရဲ့ရက်စက်တဲ့ လက်စားချေမှုကို ဘယ်ပုဒ်မ၊ ဘယ်ဥပ ဒေနဲ့မှ အရေးယူလို့မရပေမဲ့..
သံသရာထဲက ဘဝတစ်ခုမှာတော့ ဒီအပြစ်ရန်ကြွေးကို မဖြစ်မနေ ပေးဆပ်ရမယ်ဆိုတာ သိနေတဲ့မျက်နှာ။ ဒီလို..အပြစ်ကြွေးဆပ်ရမယ့်အချိန် ကျရောက်လာရင် လည်း ရဲရဲဝံ့ဝံ့ ခံယူလိုက်မယ်ဆိုတဲ့ မျက်နှာမျိုးဆိုတာ ဆရာကြီး ဦးကြာညွန့် သတိပြုမိလိုက်တယ်။
“ဒီအချိန်ကစပြီး ရတနားသုံးပါးကို ကိုးကွယ်အား … းရာဟူ၍ ဆည်းကပ်ပူဇော်ပါ…၊ ကံငါးပါးကို လုံအောင်ထိန်းပါ… ကဲ…. ဆရာကြီးပြန်မယ် သမီး…” ခင်ခင်ဦး ဆရာကြီးကို ပုဆစ်ဒူးတုပ်ပြီး တိခြင်းငါးပါးနဲ့ကန်တော့တယ်။
“ဆရာကြီးရဲ့စကားကို မြေဝယ်မကျ နားထောင်ပါ့ မယ်…””လို့ ကတိပြုတယ်။
ဆရာကြီးဦးကြာညွန့်. ပြန်သွားချိန်မှာတော့ ခင်ခင်ဦး မျက်လုံးအိမ်က မျက်ရည်တွေ တပေါက်ပေါက်ကျလာတယ်။ ပြီးတော့ ရှိုက်ကြီးတငင် ငိုချလိုက်တယ်။ ဒီငိုကြွေးခြင်းဟာ ကလဲ့စားချေလိုက်ရတဲ့အတွက် ဝမ်း သာလွန်းလို့ငိုတဲ့ ငိုကြွေးခြင်းလား…။သံသရာအဆက်ဆက်ကအကုသိုလ်များလားပင်ဖြစ်တော့သည်။
ပြီးပါပြီ
ရွင်လန်းချမ်းမြေ့ကြပါစေ
Leave a Reply