ခြေကလိမ်မ မယ်ကာက

သစ္စာဆိုလိုက်တဲ့အခါ မြောင်းကျယ်ကြီးကို လွှားကနဲခုန်ကာ တဖက်ကမ်းရောက်သွားပါတော့တယ်..

ထိုအခါ ဒီလောက်ကျယ်တဲ့မြောင်းကျယ်ကြီးကို တခါတည်းခုန်လိုက်တဲ့အတွက် မကောင်းဆိုးဝါးတကယ်ဖြစ်နေပီလို့ မှတ်ယူတဲ့အိမ်ရှေ့စံဟာ

သူမကို ဆက်မခြောက်လှန့်ဖို့နဲ့ ထွက်သွားဖို့ပြောပါတော့တယ်..မယ်ကာကလဲ ဝမ်းနည်းကြေကွဲမှုနဲ့အတူ ထွက်ခွာခဲ့ပီး မြောင်းကျဉ်းငယ်တခုအရောက်မှာတော့ မခုန်နိုင်တော့ဘဲ မြောင်းထဲကျကာ သေဆုံးသွားခဲ့ပါတော့တယ်..

ဘယ်လိုပဲဖြစ်ဖြစ်တူညီနေတယ့် ခြေကလိမ်မရဲ့အချက်အလက်ဟာ အိမ်သာမှာ ခြောက်လှန့်တာများပီး ကလေးနဲ့ အမျိုးသမီးများကို အဓိကသားကောင်အဖြစ်ထားတတ်တယ်လို့ဆိုပါတယ်..ခြေကလိမ်မဟာ လမိုက်ညတွေမှာ ထွက်တတ်ပီး

သူမအလိုက်ခံရရင် လွတ်မြောက်ဖို့မဖြစ်နိုင်ပါဘူးတဲ့.. ဘာကြောင့်လဲဆိုရင် ခြေထောက်လိမ်နေပေမယ့် ပြေးတာအရမ်းမြန်တယ့်အတွက်ဖြစ်ပါတယ်..

ခြေကလိမ်မဟာ တွေ့ရင် မြောင်းကျဉ်းလား မြောင်းကျယ်လားမေးတတ်ပါတယ်..မဖြေမချင်းကို မေးနေတတ်ပီး အဖြေတခုခု ရတာနဲ့ တရှိန်ထိုးလိုက်ပါတော့တယ်.. မြောင်းကျဉ်း လို့ဖြေမိရင် သင်ဟာ မြောင်းကျဉ်းတခုကို ကျော်ပီးမှ

သူမက ဆက်မလိုက်တော့ဘဲ လွတ်မြောက်မှာဖြစ်ပါတယ်.. မြောင်းကျယ်လို့ ဖြေမိရင်လဲ မြောင်းကျယ် တဘက်ကို ကူးနိုင်မှ လွတ်မြောက်မှာဖြစ်ပါတယ်.. သူမဆီမှာ မိသွားရင် တော့ သင့်ကိုအသက်အန္တရာယ်ဒုက္ခပေးမှာဖြစ်ပါတယ်..

အရင်ခေတ်အခါက တောရွာတွေထဲမှာ အပြေးမြန်တဲ့ လူငယ်တွေစုပီး ခြေကလိမ်မ ခေါ်ကြလေ့ရှိပါတယ်.. “လမိုက်ချိန်ည ညည့်နက် ၊ လူခုနှစ်ယောက်လက်ချင်းဆက် ၊ အုန်းပင်လက်ဝဲရစ် ခုနစ်ပတ် ၊ ခြေကလိမ်မထွက်” လို့ ဆိုရိုးရှိပီး သူမကို ဒီနည်းနဲ့ခေါ်လို့ရတယ်လို့ဆိုပါတယ်..

(ကိုးကား- ဒဿကျော်စွာ ခြေကလိမ်မ မယ်ကာက)