သဗျာ၊ ဒါနဲ့ သူနဲ့နီးလိုနီးငြား လာခဲ့တာပေါ့။ ခင်ဝိုင်းက အသက်က ဆယ့်ရှစ်လောက်ဝန်းကျင်ဗျ၊ ကျုပ်တို့နဲ့ဆို ဆွေမျိုးမကင်းပဲတော်တာ၊ အမျိုးဝေးတယ်ပေါ့ဗျာ၊ အသားအရည်ကတော့ ခပ်လတ်လတ်ပဲဗျ၊ မပိန်မ၀လေးပေါ့ဗျာ၊ အရပ်ကတော့ နည်းနည်းပုတယ်ဗျ။ နောက်ပြီးတော့ ကိုယ်လုံးကိုယ်ပေါက်ကလည်း တော်တော်ကြည့်ကောင်းတယ်၊ ကျောလယ်လောက်ရှိတဲ့ဆံပင်ကို ကျစ်ဆံမြီးလေးကျစ်ထားရင် သိပ်ယဉ်တာပါဗျ၊ ကျုပ်ကလည်း သူ့ကိုငေးတာပေါ့ဗျာ၊ သူနဲ့ကျုပ်အကြည့်ချင်းဆုံရင် ကျုပ်ကိုပြုံးပြပြိးတော့ ခေါင်းကြီးငုံ့သွားတာဗျ၊ ကျုပ်ကလည်း အဲဒါကိုကြည့်ပြီး လွှတ်ကြွေတာပေါ့ဗျာ။ ထားပါတော့၊ ဒါနဲ့ပဲ ကလေးတွေကို အဖော်လိုက်ပေးတဲ့ ခင်ဝိုင်းနဲ့နီးအောင် ကျုပ်လည်း အိမ်က မျောက်တစ်သိုက်ကို ရွာထိပ်ကိုမောင်းလာခဲ့တာပေါ့၊ ကလေးတွေက အတိုင်အဖောက်ညီပါတယ်၊ ...

ဘာတွေ သောက်နေတုန်း ရေနဲ့ ဝေါခနဲ လှမ်းပက်တာတဲ့ဗျ” “ဟေ…ဟုတ်လား၊ ဒီလိုခြောက်တာ တစ်ခါ မှ မကြားဖူးပါလား” “ဒါတင်နကသေးဘူးဗျ။ ညဘက် ခေါင်မိုးပေါ် ကို အုန်းခနဲ ခုန်ချတာတဲ့။ ပြီးတော့ အိမ်ပေါ် ထပ်က ပစ္စည်းတွေကို ဂွမ်းခနဲနေအောင် တွန်းချ၊ တွန်းလှဲတဲ့ ကိုကြီးတာတေရေ” “ဟင်…ဒါဆိုရင် ဒီသရဲက ဘာကိုလိုချင် လို့တုံး” “ဘာလိုချင်ရမှာတုံးဗျ၊ စားချင်တာလေ။ အဲ ဒီလို အခြောက်ခံရတဲ့အိမ်က အမဲသားဝယ် ပြီး ကျွေးရတယ်တဲ့။ အမဲသားကလည်း နည်း နည်းကျွေးလို့ မရဘူးတဲ့ဗျို့၊ ...

တောင်မရှိဘူးဗျို့၊ ဘေးကိုကြည့်လိုက်တော့လည်း ခြံစည်းရိုးတွေကာရံထားတဲ့ အိမ်တွေက တိတ်ဆိတ်လို့ဗျ၊ တစ်ချို့အိမ်တွေကတော့ မီးခွက်အလင်းရောင်လေးတွေ မြင်နေရသားပဲ၊ ကျုပ်တို့လည်း ရွာလယ်အတိုင်းလျှောက်လာရင်း ရွာလယ်မှာ ရွာသားတစ်သိုက်နဲ့တွေ့ကြပါရောဗျာ၊ ဒီရွာသားတွေလည်း ဓါးတွေလှံတွေနဲ့ကို စောင့်နေတာဗျ။ ဦးဘသာက အနားကိုကပ်သွားပြီးတော့ “လူလေးတို့၊ ဒီရွာမှာ ဦးလူလှအိမ်က ဘယ်အိမ်များလဲ” ဒီလူတွေက ကျုပ်တို့ကိုစိမ်းစိမ်းကြီးစိုက်ကြည့်တယ်ဗျ။ “ခင်ဗျားတို့ကို မမြင်ဖူးပါလား၊ ခင်ဗျားတို့ ဘယ်ကလာတာလဲ” “ဇီးကုန်းရွာကနေ လာခဲ့ကြတာပါ” ဒီတော့ အခြားလူတစ်ယောက်က “ဦးလူလှဆီလာတာဆိုတော့ ဆိုင်းလာငှားတဲ့ပုံပဲ” သူတို့အချင်းချင်းပြောရင်း ခေါင်းညိတ်လိုက်ပြီး “မြောက်ဘက်ကိုကွေ့သွားလိုက်ဗျာ၊ အဲဒီမှာ ဦးလူလှအိမ်ရှိတယ်၊ ခင်ဗျားတို့မြင်ရင်တွေ့လိမ့်မယ်၊ မှားစရာမရှိပါဘူး” ...

ပါ၊အရွယ်နဲ့မလိုက်အောင်လည်း မိဘအပေါ် သိတတ် ဘယ်၊ အကူအညီပေးတယ်။ ကျော်တင့် မောင်မင်းနိုင်ကို ကြည့်မရဘူး၊ အလိုလို မုန်းတီးနေတယ်…..။တစ်ဦးတည်းသော သားအဖြစ်ကနေ မောင်မင်းနိုင်ဆိုတဲ့ ပြိုင်ဖက်နောက်တစ်ဦး ပေါ်လာတာရယ်….၊ သူ၊ အိမ်က ပစ္စည်းပစ္စယတွေ အလစ်သုတ်ခိုးယူတဲ့အ ခါ မောင်မင်းနိုင်ကို ဂရုတစိုက်၊ သတိထားနေရတာတွေကြောင့် ဖြစ်တယ်။ မောင်မင်းနိုင်ကလည်း ကျော်တင့်ရဲ့ မကောင်းတဲ့အ ကျင့်စရိုက်ကို သိတယ်၊ဂရုတစိုက် စောင့်ကြည့်တယ်၊ ကျော်တင့်ရဲ့မသမာမှုတွေ တွေ့တာနဲ့ မိဘတွေဆီ ချက် ခြင်းပြန်တိုင်လေ့ရှိတယ်။ ဒါတွေကြောင့်လည်း ကျော်တင့်ရဲအမုန်းတွေ မောင်မင်း နိုင်ဆီ စုပြုံရောက်နေတာဖြစ်တယ်၊. ဒီနေ့ ...

ပေါ့။ လှယဉ်ကလည်း ကျုပ်လိုပဲဗျ။ လူအလစ်မှာ ကျုပ်ကို မသိ မသာ ခိုးကြည့်တယ်။ တိုတိုပြောကြပါစို့ဗျာ။ ဘိုးအောင်စိန်ရဲ့ အလှူအပြီးမှာ သူ့သမီး လှယဉ်နဲ့ ကျုပ်နဲ့ သမီးရည်းစားတွေ ဖြစ် ကြတာပေါ့ဗျာ။ လူသတင်း လူချင်းဆောင် ဆိုတဲ့အတိုင်းပေါ့ဗျာ။ လှယဉ်နဲ့ ကျုပ်နဲ့ ကြိုက်နေကြတဲ့သတင်းကို လူချင်းဆောင် ကြရင်းနဲ့ ဘန့်ဘွေးကုန်းရော၊ ထနောင်း ကုန်းရော သိကုန်ကြတာပေါ့။ ကျုပ်တို့ရွာဦးဘုရားလေးမှာ လှယဉ်နဲ့ ကျုပ်နဲ့ တစ်ခါတလေ ချိန်းတွေ့ကြတယ်။ ထူးတော့ ထူးသားဗျ ။ အဲဒီလိုတွေ့တဲ့ အခါတိုင်း လှယဉ်က ...

ဖွာရင်းသွားလိုက်ကြတယ်။ ” ဟာ…တို့ထက် ကြိုရောက်နေတဲ့သူတွေရှိနေတာပဲ…” ခင်တန်းကလေးတစ်ခုကို လွန်ပြီးချိန် မန်ကျည်းတန်းဆီမှာ ဓာတ်မီးရောင်တွေ တဝင်းဝင်းနဲ့ လှမ်းတွေမိတာမို့ ကျုပ်ကရေရွတ်လိုက်တယ်။ ဖိုးအေးက ခြေလှမ်းတွေကို ရပ်ပြီး တစ်ချက်လှမ်းကြည့်ရင်း တွေးနေတယ်။ ” ဒီကွင်းက လူရောက်နေပြီဆိုတော့ တခြား ကွင်းရှာကြည့်ပါဦး…” ဖိုးအေးက ဆီခံကပ်ပြီး တိုနေပြီဖြစ်တဲ့ ဆေးလိပ်တိုကို လွှင့်ပစ်လိုက်တယ်။ ပြီးတော့…။ ” ကြိုးကြာကွင်းတစ်ကွင်းတော့ ကျန်သေးတယ်…” ဖိုးအေးပြောတဲ့ ကြိုးကြာကွင်းက တက်ယ်လည်း အကွက်အကွင်းကျပါတယ်။ ဒါပေမယ့် သွားရမှာကတော့ အတော့်ကို လှမ်းလေတာ။ ” နဲနဲဝေးနေမလားလို့…” ...

ပါ၊ ဖန်ခွက်ထူထူကြီးမှာ ငါးကြင်းရဲ့အကြေးခွံတွေလို အကွက်တွေပါတဲ့ခွက်ကြီးပေါ့။ ကျုပ်လက်လှမ်းယူမယ်လုပ်တုန်း ဘသောင်းက ခွက်ထဲကို အနီရောင်အလုံးကလေးတစ်လုံးပစ်ထည့်လိုက်တယ်ဗျ၊ အလုံးကလေးက သေးသေးလေးပါဗျာ၊ ဆန်ကွဲစေ့လောက်ပဲရှိမှာ၊ အဲဒီအလုံးကလေးက ရေထဲရောက်သွားတယ်ဆိုရင်ပဲ အနီရောင်အချောင်းအချောင်းတွေထွက်လာပြီးတော့ တစ်ခွက်လုံးအနီရောင်ဖြစ်သွားပါရောလား။ လက်လှမ်းနေတဲ့ကျုပ်တောင်မှ လက်တွန့်သွားတယ်ဗျာ၊ ဘသောင်းက လှမ်းထိုးပေးတာနဲ့ မဝံ့မရဲနဲ့လှမ်းယူလိုက်တာ။ “သောက်လိုက်စမ်းပါကွာ၊ မင်းအကုန်ကောင်းသွားမယ်” ကျုပ်လည်း ရေခွက်ကိုသေချာကြည့်နေမိတယ်၊ ရေခွက်တစ်ခုလုံးက သွေးတွေလိုရဲရဲနီနေပြီဗျ၊ အနံ့ခံကြည့်တော့ ဘာအနံ့မှတော့မရဘူး၊ ဒါနဲ့တစ်ကျိုက်လောက်သောက်မယ်ဆိုပြီး ရေကိုငုံလိုက်တဲ့အခါ ချိုလိုက်တာပြောမနေပါနဲ့၊ ဇီးဖျော်ရည်လိုအရသာမျိုးဗျ၊ အရသာကောင်းတယ်ဆိုလို့ကတော့ ကျုပ်တို့က သောက်ပြီးသားပဲဗျာ၊ တစ်ခွက်လုံးကို မော့ချလိုက်တော့တာပဲ၊ ချိုတဲ့အရသာအနောက်မှာ ရှတတအရသာကလေးလဲ ပါသဗျ။ ...

မိန်းမလှလေးများသည် မျက်နှာပွင့်သည်။ ကံကောင်းသည်ဟု မှတ်ယူကြသည်။ ထိုရွာများမှ မိန်းမလှ မိန်းမချော အပျိုလေးများ မှန်သမျှ အိပ်မက်ပင် မက်ရလောက်သော ကွမ်းတောင်ကိုင် ဖြစ်ခွင့်မှာ အလွန်ပင် ခဲယဉ်းလှသည်။ ယခု ကြံခတ်ခြုံရွာတွင် ကွမ်းတောင်ကိုင်ခွင့်ရမည်ဆိုလျှင် ကိုင်ခွင့်ရနိုင်သည့် မိန်းခလေးငါးယောက်မျှ ရှိနေပါသည်။ ထိုငါးယောက်လုံးလုံး အဖက်ဖက်က ပြည့်စုံသူများ ဖြစ်ကြသည်။ ယခု အလှူရှင် မြနှင်းအေးကလည်း ထိုငါးယောက်ထဲမှ တစ်ယောက်အပါအဝင် အပျိုချောလေး ဖြစ်နေသည်။ သို့ကြောင့် အလှူ့ရှင်သမီးလည်း ဖြစ်ပြန် ကွမ်းတောင်ကိုင်ခွင့်ရှိသူလည်း ဖြစ်သည်။ သို့ကြောင့် ကျန်မိန်းကလေးများ ကွမ်းတောင်ကိုင်ခွင့်အား ...

စားစရာမျိုး၊ ဟင်းချက်စရာမျိုးပေးတတ်သေးတာ။ ပြောရင်းဆိုရင်း အကိုကြီးက သံပုံးနဲ့လွန်ကြိုးရှည်ကြီးကို ယူလာတယ်ဗျ၊ သူ့ပုံစံကြည့်ရတာတော့ တွင်းဆယ်မယ့်ပုံစံပဲဗျာ၊ ကျုပ်လည်းအကိုကြီးကိုကြည့်ရင်း “အကိုကြီး၊ ဒီနေ့ဘယ်တွင်းဆယ်မှာတုန်းဗျ” “ရွာလယ်က ကဝေတွင်းကိုဆယ်မှာလေကွာ” ကျုပ်လည်းအဖေ့ကိုကြည့်လိုက်မိတယ်၊ အဖေက ခေါင်းညိတ်ရင်း “အေးလေကွာ၊ ရွာသားတွေကို ငါမနေ့ကပြောထားပြီးပြီ၊ ဒီနေ့ရွာလယ်ရေတွင်းကိုဆယ်မှာမို့လို့ ရေခပ်စရာရှိရင် မနေ့ကတည်းက ကြိုခပ်ထားလို့ပြောပြီးသားပါကွ” “ဆယ်ဆိုတော့လည်း ဆယ်တာပေါ့အဖေရာ” “ကဲအလတ်ကောင်၊ မင်းက မောင်မြင့်အိမ်သွားကွာ၊ ရွာထဲက ကာလသားတွေစုလာခဲ့၊ တွင်းဆယ်ရင် ဝိုင်းကူဖို့ပေါ့” ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။ “မသန်း၊ မင်းကောက်ညှင်းကရပြီလား” “ရတော့မယ်ကိုဘမောင်၊ နောက်နာရီဝက်လောက်ဆိုရင်ရပြီ” အဖေက ခေါင်းညိတ်ရင်း “အေးအေး၊ ...

၊ အခန်းပတ်ပတ်လည်ကိုပဲ ကြည့် နေ၏။ ” အော်၊ ညီလေး တို့ပါလား၊ အင်း၊ ပြောရရင် အကိုက ဒီရွာသား ဟုတ်တယ် ဆိုလည်း မှန်တယ်၊ မဟုတ်ဘူးဆိုလည်းမှန်တယ်ဗျ ” ကျနော့် ရဲ့စကားကြောင့် ကောင်လေးနှစ်ယောက် ကြောင်သွားသည်ထင့်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြ၏။ ” ဟုတ်တယ် ညီတို့ရေ၊ အကိုက ဒီရွာမှာ မွေးပြီး မြို့ ကို ပြောင်းသွားတာလေ၊ ဒါ့ကြောင်း ဒါ့ကြောင်း ” ထိုအခါမှ ကောင်လေး နှစ်ယောက် သဘောပေါက်သွား ကြတော့၏။ ကျနော်လည်း ...