၊ အခန်းပတ်ပတ်လည်ကိုပဲ ကြည့်
နေ၏။
” အော်၊ ညီလေး တို့ပါလား၊
အင်း၊ ပြောရရင် အကိုက ဒီရွာသား ဟုတ်တယ်
ဆိုလည်း မှန်တယ်၊ မဟုတ်ဘူးဆိုလည်းမှန်တယ်ဗျ ”
ကျနော့် ရဲ့စကားကြောင့် ကောင်လေးနှစ်ယောက်
ကြောင်သွားသည်ထင့်။
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြ၏။
” ဟုတ်တယ် ညီတို့ရေ၊ အကိုက ဒီရွာမှာ မွေးပြီး မြို့
ကို ပြောင်းသွားတာလေ၊ ဒါ့ကြောင်း ဒါ့ကြောင်း ”
ထိုအခါမှ ကောင်လေး နှစ်ယောက် သဘောပေါက်သွား
ကြတော့၏။
ကျနော်လည်း သန့်ရှင်းနေတာတွေ ပြီးသွားတော့
အိပ်ကုတင်ပေါ် တတ်ထိုင်လိုက်၏။
အဲဒီမှာ အရပ်ရှည်တဲ့ တစ်ယောက်က အခန်းကိုပတ်ချာ
လည်အောင်ကြည့်ပြီး၊
” အကို၊ အကိုက ဒီအခန်းမှာ နေမှာလား ” ဆိုပြီး
မလုံမလဲတဲ့မျက်နှာနဲ့ မေးပါလေရော။
” ဟုတ်တယ်ညီလေး၊ ဘာဖြစ်လို့လဲ ”
ကျနော်က ဘာမှ မဖြစ်ပေမဲ့ သူတို့နှစ်ယောက်ကတော့
ပူးကပ်ကပ်ထိုင်ပြီး၊ အဲဒီ အရပ်ရှည်ကပဲ
” အကို၊ ဒီအခန်းက သရဲခြောက်တယ်ဗျ၊ သရဲခြောက်လို့ ဘယ်သူမှ မနေပဲ ပိတ်ထားတာ ” တဲ့လေ။
ကျနော် ပြုံးမိသွားတာပေါ့။
” အကိုက မယုံဘူးမလား၊ ဒီအခန်းမှာ တစ်ပါတ်ပြည့်
အောင် ဘယ်သူမှ မနေရဲကြဘူးဗျ၊
အကုန်လုံး ထွက်ပြေးကုန်ကြတာ ”
” ဟား ဟား၊ ကဲပါ ငါ့ညီတို့ရယ်၊ ထားလိုက်ပါ၊
ဘုန်းကြီးကျောင်းထဲကသရဲပဲ မကြမ်းလောက်ပါဘူး၊
ကုသိုလ်တွေ အမျှတွေ လိုချင်လို့ လာနေတာ နေမှာပေါ့ ”
ကျနော်က ထိုသို့ပြောတော့ ကောင်လေးနှစ်ယောက်က ကျနော့်အတွက် စိုးရိမ်နေသလိုပါပဲ။
” ကဲ၊ ငါ့ညီတို့ အကိုက ထူးမြတ်အောင်ပါ၊
ထူးမြတ်လို့ ခေါ်လို့ရပါတယ်၊ ညီလေးတို့ကရော ”
ကျနော်က စကားလမ်းပြောင်းလိုက်ပေမဲ့ ကောင်လေးတွေကတော့ အခန်းထဲသာ ဝှေ့ဝိုက်ကြည့်နေကြတုန်းပင်။
ပြီးမှ အရပ်ရှည်က
” ဟုတ်ကဲ့အကို၊ ကျနော်က အောင်ဘ ပါ၊ သူက ဝင်းနိုင်၊
ကျနော်တို့က အကို့အခန်းနဲ့ တစ်ခန်းကျော်လောက်မှာ
အိပ်ကြတာပါ ”
” ဒါနဲ့ အကိုက သရဲ တစ်ဆေတွေကို အယုံအကြည်မရှိဘူးလား”
ဝင်းနိုင်ဆိုတဲ့ ခပ်ဝဝ တစ်ယောက်က ကျနော့်ကို
ထိုသို့မေးတော့ ကျနော်က ပြုံးပြီး၊
” ယုံတယ် မယုံဘူးဆိုတာထက်၊ သရဲ ခြောက်တယ်ဆိုတာ
အကြောင်း အမျိုးမျိုးရှိတယ်တဲ့ ငါ့ညီတို့ရ၊
တစ်ချို့က တမင်ကြောက်စေချင်လို့ ခြောက်လှန့်တတ်ကြသလို၊
တစ်ချို့ ကလည်း ကျွတ်တမ်းဝင်ချင်လို့ အမျှပေးဝေစေ
ချင်လို့၊
တစ်ချို့ကလည်း သူတို့ ရှိနေကြောင်းသိစေချင်လို့ အမျိုးမျိုးပေါ့ကွာ၊
တစ်ချို့က တွယ်ကပ်စရာတစ်ခုခုရှိပြီး၊ အဲဒီတွယ်ကပ်စရာမှာပဲ စိတ်စွဲကာသေသွားတော့ သူတို့တွယ်ကပ်နေတဲ့အရာကို ကာကွယ် တဲ့အနေနဲ့ ခြောက်လှန့်တာတို့ ဘာတို့ပေါ့ကွာ၊
အကြောင်းပြချက်တွေကအများကြီးပဲ ငါ့ညီတို့ရ၊
အခြောက်ခံရတဲ့သူကလည်း ကံနိမ့်နေတာမျိုးတို့ဘာတို့မှာပေါ့၊
သူတို့က သူတို့လမ်းသူတို့သွား ကိုယ်ကလည်းကိုယ့်လမ်းကိုယ်သွားပေမဲ့ ၊
ကိုယ်က ကံနိမ့်နေတဲ့အခါမျိုးမှာ မြင်ရ ကြုံရတာမျိုး
စသည်ဖြင့်ပေါ့ ကွာ ”
ကျနော်လည်း သူတို့ကို သိသလောက်
မှတ်သလောက်လေး ပြောပြလိုက်တော့တာပေါ့။
သူတို့က ကျနော့်ကို တားကြပေမဲ့ ကျနော်ကလည်း
နေဖြစ်အောင်နေလိုက်ပါသေး၏။
ပထမညကနေ တတိယည အထိ၊ အခန်းထဲ
တစ်ယောက်ယောက် ဝင်လာလိုလို၊
တစ်ယောက်ယောက်က ကျနော့် ခြေရင်းမှာ ရပ်ပြီး
စိုက်ကြည့်နေသလိုလိုတော့ ခံစားရသည်မှာအမှန်။
ဒါပေမဲ့ ကျနော် ညအိပ်ခါနီးတိုင်း ဘုရားရှိခိုး၊ သတ္တဝါတွေကို မေတ္တာပို့ပြီး၊
” ဤ အခန်းထဲ တစ်ခြားတစ်စုံတစ်ယောက်ရှိနေပါက
ကြှနျုပျလညျး သင့်ကို မနှောက်ယှက်တာမို့
ကျွန်ုပ်ကိုလည်း မႏွောက္ယွက္ပါနဲ႕ ၊
ဒီနေ့ဒီအချိန်ထိ ပြုခဲ့ဖူးသမျှ ကုသိုလ်တွေကိုလည်း သင့်ကိုရည်စူးပြီး အမျှပေးပါတယ်၊ သာဓု ခေါ်ပါ ” ဟု ပြောပြီး
အိပ်လေ့ရှိပါတယ်။
ဒါပေမဲ့ စတုတ္ထညမှာပဲ ထူးခြားလာတော့၏။
ရာသီက ဟေမန္တဥတုမို့ စောင်ကိုခေါင်းမြီးခြုံပြီး ကျနော်
အိပ်နေခဲ့၏။
ခါတိုင်းလိုပါပဲ ကျနော့်ခြေရင်းနားမှာ တစ်ယောက်ယောက်
လာရပ်နေသလို ခံစားလာရပြီး ကြက်သီးတွေထလာ
ပါတော့၏။
အဲဒီမှာပဲ ကျနော့် မျက်လုံးတည့်တည့် နေရာက နေပြီး
စောင်ကို
” ဝုန်း ” ကနဲ ဆွဲပါလေရော။
စောင်က လွင့်ထွက်သွားပြီး ကျနော် မြင်တွေ့လိုက်ရတာက
” အဆိပ်တတ်နေသလိုမျိုး ညိုမဲရောင်ကားကာ ပေါက်ကွဲလုလုဖြစ် နေသော ဧရာမ လက်ကြီးတစ်ဖက်၊
ခပ်မှုန်မှုန် လူရိပ်တစ်ခု ”
” အောင်မလေး၊ သရဲ သရဲ သရဲ ”
ဒါပေမဲ့ ကျနော့် အသံက ထွက်မလာပဲ တစ်နေ၏။
သို့သော် အခန်းထဲ ကြည့်လိုက်တော့ အရိပ်က ရှိမနေ
တော့၍၊ ကျနော် ကြောက်စိတ် အနည်းငယ် ပြေလျော့သွား၏။
ကျနော်လည်း ” အမြင်မှားတာ နေမှာပါ ” ဟု တွေးကာ၊
ထုံးစံအတိုင်း မေတ္တာပို့ပြီး၊ အိပ်ရာပေါ် ပြန်လှဲရုံရှိသေး၊
ရုတ်တရက် ကျနော့်ရင်ဘက်က လေးလံလာပြီး၊
အသက်ရှုကြပ်လာပြန်၏။
” ဟာ၊ ဘာဖြစ်တာလည်း၊ ဟူး ဟူး ဟူး ”
ကျနော် လေကို ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်ပေမဲ့
အသက်ရှု မဝ ဖြစ်နေဆဲဖြစ်၍၊
မျက်လုံးကို မှေးကာ ကြည့်လိုက်တော့၊ ကျနော့် ရင်ဘက်
ပေါ်မှာ ကျနော့်ကို ကျောပေးကာ ခွလျက်ထိုင်နေသော၊
သတ္တဝါတစ်ကောင်။
ထိုသတ္တဝါမှာ ခန္ဓာကိုယ်တစ်ခုလုံး အဝတ်အစား မပါရှိပဲ
ပိန်လိန်ချုံးကပ်ကာ အရိုးပေါ်အရေတင် ဆိုသလိုဖြစ်နေ
၏။
” အောင်မလေး၊ ဘုရား၊ ဘုရား ”
” သ သ သရဲ သရဲ ”
ကျနော် အော်ပေမဲ့ အသံက ထွက်မလာပေ။
” ကျိ၊ ကျိ၊ ကျိ ”
ထို သတ္တဝါက ကျနော့် မျက်နှာဘက်ကို ကျောပေးပြီး
ထိုင်နေပေမဲ့ ဦးခေါင်းမှာ တစ်ဖြည်းဖြည်းနှင့် ကျနော့်
ဘက်လှည့်လာနေ၍၊
ကျနော်လည်း စိတ်ထဲမှ သိသမျှ မှတ်သမျှ တရားစာတွေ
ကို ရွတ်ရင်း၊ အတင်းရုန်းကန်ပြီး အော်ဟစ်တော့မှ၊
ကျနော့်အသံ ထွက်လာပါတော့၏။
” သရဲ၊ သရဲ၊ အောင်မလေး ၊ သရဲ သရဲ ”
ကျနော် အသံကုန်အော် ဟစ်လိုက်တော့
အောင်ဘနဲ့ ဝင်းနိုင် အပြေး ရောက်ရှိလာ၏။
အဲဒီအချိန် ခုန်နေတဲ့ ကျနော့်ရင်အစုံရဲ့ အသံက ဘေးနားကလူတွေ ကြားရသလောက်ပါပဲ။
ရင် တစ်ဒိန်းဒိန်းခုန်ပြီး အသားတွေလည်း
တဆက်ဆက်တုန်နေ၏။
ပြီးတော့ အသက်ရှုလည်း သိပ် မဝ။
အောင်ဘနဲ့ ဝင်းနိုင် ပြေးလာကြပေမဲ့ အခန်းဝမှာပဲ ရပ်ပြီး၊
” အကို၊ အကို၊ ဟိုမှာ ဟိုမှာ ” ဆိုပြီး၊
ကျနော့်အခန်းရဲ့ ဘေးပြူတင်းပေါက်ကို ညွှန်ပြပြီး
အော်ဟစ်နေကြတော့ ကြောက်ကြောက်နဲ့ ကျနော်လည်း
ကြည့်မိလိုက်၏။
” အောင်မလေး၊ ၇ ပေ ၈ ပေ လောက်ရှည်မဲ့
လူရိပ်ကြီးတစ်ခု၊
ကျနော့ကို စိုက်ကြည့်နေသည်မှာ မလှုမ်မယှက်ပင်။
ကျနော် ထပြေးလိုက် ချင်ပေမဲ့ တစ်ခုခုလုပ်လိုက်ရင်ဖြင့် ဆိုတဲ့ အတွေးကြောင့် ကြောက်ကြောက်နဲ့
ထိုင်နေမိတော့၏။
အရိပ်ကြီးကလည်း အတန်ငယ်ကြာသည်အထိ စိုက်ကြည့်
ပြီးမှ ပြူတင်းပေါက်ကနေပြီး ခုန်ထွက်သွားတော့၏။
ဒီတော့မှ အောင်ဘနဲ့ ဝင်းနိုင် ကျနော့်အခန်းထဲဝင်လာကြ
တော့၏။
****** ***** ***** ****
မနက်ရောက်တော့ ဆရာတော်ဘုရားကို
အကြောင်းစုံလျှောက်ထား လိုက်၏။
ဆရာတော်ဘုရားက သက်ပြင်းချပြီး၊
” အင်း၊ ကပ္ပိယ ဦးရှိန် ခုထိ မကျွတ်လွတ်သေးဘူးကိုး၊ သဗ္ဗေသတ္တာ ကမ္မသကာပါပဲ၊
လောဘ လောဘ၊ တယ်လည်း ကြောက်စရာကောင်းပါလား “ဟု မိန့်ကြားပါတော်မူ၏။
ကျနော်လည်း လက်အုပ်ကလေးချီပြီး
“ဆရာတော်ဘုရား၊ တပည့်တော် သိပ်မရှင်းဘူးဘုရား ” ဟု လျှောက်တော့
ဆရာတော်ဘုရားက၊ ကျနော့်ကိုကြည့်ပြီး၊
” အင်း၊ သိလိုတဲ့သူရှိလည်း ပြောပြရတာပေါ့၊
ဦးရှိန်ကို ကောင်းရာမွန်ရာသို့
ရောက်စေချင်တယ်ကွယ် ” ဟု မိန့်ကြားပြီး၊
ဆရာတော်ဘုရားက ထွေးအိုးထဲ ကွမ်းရည် ပျစ်ကနဲ ထွေးထုတ်လိုက်၏။
” တင်ပါ့ဘုရား ”
” အိမ်း၊ လွန်ခဲ့တဲ့ လေးနှစ်တုန်းက၊ ဒီကျောင်းမှာ
ကပ္ပိယကြီးဦးရှိန် ဆိုပြီး ရှိခဲ့တယ်ကွဲ့ ”
“တင်ပါ့ဘုရား ”
” ဦးရှိန်က ရိုးသားတဲ့ကပ္ပိယကောင်းတစ်ယောက်ပါ၊
အင်း၊ လောဘတွေ အထွဋ်အထိပ်သို့ မရောက်မီ
အချိန်ထိပေါ့ ”
” တင်ပါ့ဘုရား၊ အမိန့်ရှိတော်မူပါဘုရား ”
ကျနော့် နဘေးမှာ ထိုင်နေကြတဲ့ ကိုရင်တွေ ဦးဇင်းတွေ ဘယ်သူမှ တုတ်တုတ်မျှ မလှုပ်ပဲ စိတ်ဝင်စားစွာနားစွင့်နေ
ကွ၏။
” အင်း၊ တစ်နေ့ ၊ ပြောရရင် အဲဒီနေ့က
တန်ဆောင်မုန်းလပြည့်နေ့ကွဲ့၊
ရွာမှာ ဘုံကထိန်ရှိတဲ့နေ့ပေါ့ကွယ်၊
မြို့က ဒကာကြီးတစ်ယောက်က ဉာဏ်တော် ၆ လက်မရှိတဲ့၊ ရွှေစစ်စစ်နဲ့ သွန်းထားတဲ့ ထိုင်တော်မူသွန်းစက်တော်
တစ်ဆူ လာလှူတယ်ကွဲ့ ”
” တင်ပါ့ဘုရား ”
” အဲဒီ ဆင်းတုတော်ကိုလာလှူကတည်းက ဦးရှိန်
တစ်ခုခုကြံနေပုံပဲ၊
ည ရောက်လည်းရောက်ရော ဦးရှိန်ရော
ဆင်းတုတော်ပါ ပျောက်သွားတော့တာပါပဲ၊
ဘုရား အနေကဇာတောင် မတင်လိုက်ရသေးဘူးကွဲ့ ”
” တင်ပါ့ဘုရား၊ ဒါ ဒါ ဒါဆို ……….”
ကျနော် ဆက်ပြီးပြောသင့်မပြောသင့်တွေးကာ
စကားကို ရပ်ထားလိုက်၏။
” ပျစ် ”
ဆရာတော်က ကွမ်းတံတွေး ထွေးတော်မူပြန်၏။
” အင်း၊ ခိုးတဲ့အပြစ်ထက် စွပ်စွဲတဲ့ အပြစ်က ပို ကြီးတော့ ဘယ်သူမှ ဘာမှ မပြောကြတာပဲကောင်းပါတယ်လေ”
” တင်ပါ့ဘုရား၊ ဦးရှိန် ဘယ်လိုဖြစ်သွားတာပါလိမ့်
ဘုရား ”
” အင်း၊ ဆင်းတုတော်ပျောက်သွားပြီး နောက်တစ်နေ့မှာပဲ အမှိုက်ပုံ တွေကြား ညိုမဲပြီးသေနေတဲ့ ကပ္ပိယကြီးကို တွေ့ရတော့တာပဲ ”
” ဘုရား၊ ဘုရား ”
” ဆရာဝန်တွေပြောကြတာတော့ မြွေကိုက်ခံရပြီး၊
အဆိပ်တတ်လို့ သေသွားတာတဲ့လေ ”
ဆရာတော်ဘုရားက မိန့်တော်မူနေပေမဲ့
ဆရာတော့မျက်နှာက တော်တော်လည်းမကောင်းပေ။
ကပ္ပိယကြီးအတွက် စိတ်မကောင်းဖြစ်နေပုံရ၏။
” ဘုရားဆင်းတုတော်ကိုတော့ မတွေ့ရတော့ဘူးပေါ့၊
အဲဒီအချိန်က စပြီး တကာလေး ခုနေတဲ့အခန်းမှာ
လာ နေတဲ့သူတွေ မကြာခဏ ဆိုသလို ဦးရှိန်ကို
မြင်တွေ့ကြရတော့တာပဲ၊
ဆရာတော်လည်း နေ့တိုင်း အမျှပေးဝေပါတယ်၊
ဒါပေမဲ့ ဦးရှိန် ခမျာ ခုထိ မကျွတ်လွတ်နိုင်ရှာသေးဘူးကွဲ့”
ဦးရှိန် အကြောင်းကို သိရတော့ ဝမ်းနည်းသလိုလို
စိတ်မကောင်းသလိုလိုနဲ့ ဘာဖြစ်လို့ဖြစ်မှန်းမသိ။
ဆရာတော်ဘုရားကရော တစ်ခြားသံဃာတော်တွေ
ကျောင်းသားတွေကပါ အဲဒီအခန်းထဲ ဆက်မနေဖို့
တားကြတာကြောင့် ကျနော်လည်း အောင်ဘတို့နဲ့ အတူနေဖို့၊ ဆုံးဖြတ်လိုက်ရတော့၏။
ဒါပေမဲ့ ကျနော် ထိုည လုံးဝ မအိပ်ပဲ အောင်ဘတို့
အိပ်သည်အထိ စောင့်နေလိုက်၏။
သူတို့အိပ်သွားပြီဆိုတော့မှ သူတို့မသိအောင် အခန်းထဲက တိတ်တိတ်ကလေးထွက်ပြီး၊
ကပ္ပိယကြီး ဦးရှိန်ရဲ့ အခန်းထဲကိုဝင်ကာ
အိပ်ရာခင်းပြီး၊
” ဦးရှိန်၊ ခင်ဗျားရှိနေတယ်ဆိုတာ ကျုပ်သိပါတယ်၊
ဒါ့ကြောင့်
အမှန်တရားကိုသိရအောင် ခင်ဗျား ကူညီပေးပါ” ဟု ပြော
ပြီး၊ အိပ်ရာပေါ်လှဲချလိုက်တယ်ဆိုရင်ပဲ၊
ရုတ်တရက် လေစိမ်းတွေတိုက်ကာ ကြောစိမ့်တတ်
လာပါတော့တယ်။ ဒါပေမဲ့ ကျနော်လုံးဝမလှုပ်။
ခဏနေတော့ ကျနော့်ခြေကို တစ်ယောက်ယောက်က
လာကိုင်သလိုမျိုး ခံစားလာရပြီး၊
ခေါင်းထဲ မှိတ်ကနဲဖြစ်သွားပါတော့၏။
****** ***** ***** ***** ******
ကျနော် ရောက်နေတာက မြူတွေထနေတဲ့ နေရာတစ်ခုသို့ပင်၊
ဘေးပတ်လည်ကိုကြည့်လိုက်တော့လည်း ဘယ်သူမှမရှိ။
ကျနော် လန့်သွားပြီး အောင်ဘတို့ကိုရော ကိုရင် မုနိန္ဒ
ကိုပါ အော်ခေါ်ပေမဲ့ ဘယ်သူ့ဆီကမှ တုန့်ပြန်သံထွက်မလာပေ။
ထိုအခိုက်မှာပဲ လူတစ်ယောက် ကျနော့်ဘေးနားမှ
ဖြတ်ပြေးလာတာကို မြင်တွေ့လိုက်ရတော့၏။
သူ့လက်ထဲမှာလည်း တစ်ခုခုကိုကိုင်လို့။
ကျနော် အသေအချာပြည့်တော့မှ ဘုရားကျောင်းဆောင်
ငယ်လေးဖြစ်နေပြီး၊
ကျောင်းဆောင်ငယ်ရဲ့ အတွင်းမှာ အရောင်လက်နေတဲ့
ရွှေဆင်းတုတော်တစ်ဆူကို ဖူးတွေ့လိုက်ရတော့၏။
” ဟာ၊ ဒါ ဒါ ကပ္ပိယ ဦးရှိန်များလား ”
“ဦးရှိန် ဦးရှိန်၊ ဗျို့ ဦးရှိန် ”
ကျနော် အော်ခေါ်နေပေမဲ့ ဦးရှိန်က ကျနော့်ခေါ်သံကို
မကြားသလို ကျနော့်ကိုလည်းမြင်ပုံမရချေ။
ဦးရှိန် ပြေးလာပြီး သူအိပ်တဲ့အဆောင်နဲ့ ခပ်လှမ်းလှမ်း
အရောက်၊
ဒူးရငျးပိန်နဲ ပင်လေး အောက်မှာပဲ ကျောင်းဆောင်နှင့်တကွ ဘုရားဆင်းတုတော်ကို မြေမြှပ်လိုက်၏။
ပြီးသည်နှင့် ဝေးယာကို ကြည့်ပြီး ခပ်သုတ်သုတ်လေး
အပြန်၊ အမှိုက်ပုံကြီးနားအရောက်မှာ ဘယ်က ဘယ်လို
ရောက်လာမှန်း မသိတဲ့ မြွေဟောက်တစ်ကောင်က
ဦးရှိန်ကို ပေါက်လိုက်ပါတော့၏။
“‘ အား ”
ဦးရှိန် ခေါင်းငုံ့ပြီးကြည့်လိုက်တော့ မြွေက နောက်တစ်ခါ ထပ်ပေါက်ပြန်၏။
” ရှူးး ”
” အား ”
” ဝုန်း ”
ဦးရှိန် အမှိုက်ပုံကြားသို့ လဲကျသွားပါတော့၏။
ကျနော် အော်ခေါ်ပေမဲ့ ဦးရှိန်ကား ကျနော့်အသံကိုမကြားသည်သာတည်း။
” ဦးရှိန်၊ ဦးရှိန် ”
ကျနော် အမှိုက်ပုံနားသွားကာ ဦးရှိန်ကို ကြည့်လိုက်တော့
ဦးရှိန် မရှိတော့ပြီ၊
” ဟင်၊ ဘယ်ရောက်သွားတာလည်း ”
ကျနော် ဟိုဟို သည်သည် ကြည့်နေမိ၏။
ထိုစဉ်မှာပဲ အမှိုက်ပုံထဲမှ ညိုမဲနေတဲ့ လက်အစုံ
ရုတ်တရက် ထွက်လာကာ ၊
ကျနော် လည်ပင်းအား လာ ညှစ်ပါတော့၏။
” ဝုန်း ”
” အားးးး ”
ကျနော် လန့် နိုးသွားခဲ့၏။
” ဟင်”
ကျနော်လန့်ပြီး လင်ပင်းကို စမ်းကြည့်လိုက်ကာ
အိပ်မက်မှန်း သိလိုက်ရတော့မှ သက်ပြင်းချနိုင်တော့၏။
ဒီတော့မှ၊ ဦးရှိန်က သူ့ကို ကူညီစေချင်မှန်း
ကျနော် သဘောပေါက်သွားတော့၏။
ကျနော်လည်း အချိန်ဆွဲမနေတော့ပဲ အောင်ဘနဲ့ ဝင်းနိုင် ကိုသွားနှိုးပြီး၊ ဆရာတော်ဘုရားကိုလည်း နှိုးကာ
အကြောင်းစုံကို လျှောက်ထားလိုက်၏။
အကုန်လုံးက မယုံတဝက်ယုံတဝက်နဲ့ပေမဲ့ ဒူးရငျးပိန်နဲ
ပင်လေးအောက် သွားတူးကြည့်တော့၊ တကယ်ပင်
ဘုရားဆင်းတုတော်ကို အံ့သြစွာတွေ့လိုက်ရတော့၏။
ဘုရားဆင်းတုတော်ကို ခိုးသွားတာက တကယ်ပင်ကပ္ပိယမှန်း သိသွားတော့ အကုန်လုံး တုန်လှုပ်သွားကြ၏။
နောက်တစ်နေ့ မနက်အရောက်မှာတော့ ဘုရားကို အနေကဇာတင်ပြီး၊ ရွာသူရွာသားများ ဦးဆောင်ကာ
သံဃာတော်တို့ကို ဆွမ်းကပ်လှူဒါန်းကြ၏။
ပြီးတော့မှ ကပ္ပိယကြီး ဦးရှိန်ကို အထူးတလည်ဖိတ်ကြားပြီး ရေစက်ချ၊ အမျှပေးဝေကြတာပေါ့။
သာဓု သုံးကြိမ်လည်းဆုံးရော ဘယျကဘယျလိုရောကျလာမှနျးမသိတဲ့ဒူးရငျးပိန်နဲ အရွက်ကလေးတစ်ရွက်က
ကျနော့်ခေါင်းပေါ်မှာသို့၊ ပြုတ်ကျလာ၏။
ကျနော် ခေါင်းပေါ်မှ ယူပြီး ကြည့်လိုက်တော့၊
အပင်ပေါ်မှ ယခုလောလောလတ်လတ်၊ ခူးလာသည့်
အတိုင်းပင်။
ထိုနေ့က စပြီး၊ ကပ္ပိယ သရဲကို လုံးဝမတွေ့ရတော့ပေ။
ကပ္ပိယကြီး ကျွတ်လွတ်သွားပြီလို့ တော့ ယုံကြည်မိပါ၏။
လောဘတရားတွေ ကြီးစိုးလာတဲ့အခါ အမှန်အမှား
ခွဲခြားမသိနိုင်တော့ပဲ၊
အမှောင်တွေဖုံးကာ ကိုယ်လုပ်သမျှ အမှန်ဟု ထင်နေမိ
ပါတော့၏။
ကပ္ပိယကြီး အဘယ်ဘုံ အဘယ်ဋ္ဌာန ကို ရောက်သွား
မှန်းမသိပေမဲ့၊
ဘုရားဆင်းတုတော်ကတော့ ကြည်ညိုဖွယ်ရာ၊
ကိန်းဝပ်စံပါယ်လျက် ရှိနေဆဲတည်း။ ။
****** ****** ***** ****** *******
{ ပြီးပါပြီ }
ရွှင်လန်းချမ်းမြေ့ကြပါစေ။။
ရိုသေလေးစားစွာဖြင့် = wizard { ဝိဇ္ဇာ }
Leave a Reply