အပူသည်

ကျုပ်မှာဖြင့် …”

ဆိုပြီး စကားမဆက်ပဲ အကြည့်ဆုံတာက အနည်းငယ်ကြာသွားတယ်။

“ဟော …. မိုးဖွားကျလာမှပဲ၊ လာလာ အမိုးအောက်သွားရအောင်။ အော် …. ဒီမိုးနှယ် မစွေပဲရွာမှပဲ။ ဆောင်းစရာလည်းယူမလာတော့ ခက်ပြီ”

“အမလေး ကျောင်းဒကါရဲ့၊ ကျုပ်ကိုခေါ်ဖို့များတမင်မိုးလွှတ်လိုက်ရော့လား၊ ပန်းနာသည် မိုးမိမှတော့  ကျုပ် နေ့မကူးပါဘူးတော်ရေ၊  စောင့်သာနေပေတော့ ဟီး…”

“အသက်နဲ့ အဝေးကြီးပါ ကျောင်းအမရယ် ဒီမယ် ချမ်းရင် ကျုပ်ဟာယူဝတ်ထား”

မိုးကသည်းသည်း အမိုးကမလုံ လေကအားပေးတော့ ကျောင်းအမ ခိုက်ခိုက်တုန်ပြီ ။

“သေပါပြီ၊ ဒီနေ့မှမသေရင် ကျုပ် ဘယ်လိုက်နိုင်ပါတော့မလဲ”

“ဒီကျောင်းအမနဲ့တော့ ခက်တာပဲ၊ လာလာ ဒီဘက်တိုး။ ဘယ်လိုမှတော့ မအောင့်မေ့နဲ့” ဆိုပြီး ဆွဲဖက်လိုက်တော့ ကျောင်းအမပြိုကျလာပါရော။

မနက်လည်းလင်းရော နှစ်ယောက်သား ဖက်လျက်သား။

“ကဲကျောင်းအမ ဘယ့်နှယ်လဲ၊ သေချင်တုန်းလား”

“အင်း ကျုပ်လည်းတွေးမိတာပဲ နောက်ချေးထိုးဖိုနဲ့ ချေးထိုးမပုံ သိပ်မှန်တာပဲ၊ သူလည်း ကျုပ်ကို သတိရပုံမပေါ်ပါဘူး၊ အမှတ်ရမှဖြင့် အယောင်လေးဘာလေးပြရောပေါ့နော”

ကိုမြဆောင်က အသာကြည့်ရင်း

“အုတ်ဂူတွေ ဘာတွေ လုပ်မနေပါနဲ့ ကျောင်းအမရယ်၊ အလကားပိုက်ဆံကုန်ပါတယ်။ ကျောင်းအမ အကုန်ခံတောင် ကျုပ်က နှမြောတယ်ဗျ”

“မတော်ပါဘူးရှင် တခုခု အထိန်းအမှတ်တော့ရှိမှပေါ့”

“အင်း အထိန်းအမှတ်ဖြစ်ရင် ပြီးရောပေါ့ ဟုတ်စ။ ဟော ဟိုးက ပျဉ်ချပ်လေးကောက်ချေ”

ကျောင်းအမကောက်လာတဲ့ ပျဉ်ချပ်ကို မြေပုံပေါ်စိုက်ရင်း

“ကဲ ဒီလောက်ဆို တော်ရောပေါ့၊ ကြာကြာခံချင်ရေနံလေးဘာလေး သုတ်ရောပေါ့”

ကျောင်းအမလည်း

“ကဲပါလေ သုတ်လည်းထူးမှာမှမဟုတ်တာ၊ ဒီတိုင်းပဲရှိစေတော့”

ထို့နောက် အနီးအပါး အိုးခွက်ငှားကာ  ကြက်သားကာလသားချက် ချက်စားပြီး  မြို့တက်ကာ ရထားဖြင့် ဟန်းနီးမွန်းထွက်လေသတည်း။
———–
#ပီမိုးနင်း

၁၉၃၂ မေလထုတ် သူရိယ ရုပ်စုံသတင်းတွင် ဖော်ပြပါရှိသည့် ပီမိုးနင်း၏ လက်ရာမွန် တစ်ပုဒ်ဖြစ်သည်။