အင်းကနေငါးဖမ်းပြီးတော့ ရွာကို မနက်စောစောလာရောင်းကြတာပေါ့၊ ငါးဘတ်၊ ငါးကြင်းလို ငါးကြီးငါးကောင်းတွေတောင် ရတတ်တယ် ငါ့တူရ” ကျုပ်လည်း ခေါင်းမဖော်တမ်းစားတာပေါ့ဗျာ၊ ရွှေမိက တက်လာပြီးတော့ ကျုပ်တို့ဘေးနားမှာလာထိုင်တယ်၊ ပြီးတော့ ကျုပ်တို့စားတာကို ပြံုံးစိစိနဲ့ကြည်နေလေရဲ့ဗျာ၊ ဟိုကောင်ချိုတူးဆို သိပ်စားနိုင်တာဗျ၊ သူ့ပန်းကန်ထဲကိုမုန့်ဖတ်ငါးဆယ်သားလောက်ထည့်ပြီးတော့ ဟင်းရည်ဆမ်းပြီး လက်နဲ့နယ်ဖတ်ပြီးစားတာပဲဗျာ၊ ငညိုကလည်း လူကောင်သာသေးတာ စားနိုင်သဗျ။ ကျုပ်တို့လူတစ်သိုက်စားလိုက်တာ စားပွဲပေါ်မှာ ပြင်ထားတဲမုန့်ဟင်းခါးတွေ အကုန်ပြောင်ပါရောဗျာ။ ကျုပ်လည်းစားပြီးတော့မှ “အားနာစရာကြီးဗျာ၊ မုန့်တွေစားလို့ကုန်သွားပြီ ဟီး ဟီး” “စားပါ၊ စားပါ ဧည့်သည်တွေအကြောင်းသိလို့ ကျွန်မက ကိုယ်စားဖို့ဖယ်ထားပြီးသား၊ စားတုန်းကတော့ အားမနာပဲနဲ့” ...

အချိန်ကာလ အထိတိုင်အောင် လာရောက်ငှားရမ်းသူများနှင့် ရှိနေခဲ့လေ သည်။ တန်ခိုးလ၏ နောက်ဆုံးရက်သတ္တပတ်ပင်ဖြစ်ပြီး အလွန်ပင်ပူပြင်းလှသော ရာသီဥတု အခြေနေမျိုးပင်ဖြစ်သည်။ ဇာတ်အဖွဲ့သားများသည်လည်း ဇာတ်ပွဲလိုက်ခြင်း ကိုပင် ခေတ္တရပ်နားထားခဲ့သော နေ့ရက်ကလေးများပင် ဖြစ်သည်ကြောင့် ရန်ကုန်မြို့ ကြီးတွင်သာ အားလုံးစုရုံးစွာ ရှိနေခဲ့ကြသည်။ တစ်နေ့ည(၇)နာရီခွဲ့ခန့်တွင် ဇာတ်အဖွဲ့ခေါင်းဆောင် ဦးအောင်တင်၏ နေအိမ် ထံသို့ လူတစ်စု ရောက်ရှိလာခဲ့ကြလေ၏။ ယောက်ျားကြီးသုံးဦးနှင့် လူပျိုပေါက်အရွယ် ကောင်လေးတစ်ဦးတို့ပင် ဖြစ်လေသည်။ လူပုံစံများမှာ တောသူတောင်သားများသာ ဖြစ်လိမ့်မည့် ဟန်ပေါ်သည်။ ရန်ကုန်မြို့ရှိ ဦးတင်အောင်၏ နေအိမ်ထံသို့ ရောက်ရှိလာ ကြသော ...

ထိမ်းသိမ်းစောင့် ရှောက်ခိုင်းတာ ကို‌ထွန်းမောင်တို့အဖွဲ့ကျ ဧည့်ခံကြို ဆိုရေးနဲ့ ထမင်းကျွေးတဲ့ရုံတွေမှာ ထမင်းကျွေးရမဲ့တာ၀န်ဗျ ဘုရားပွဲရပ်ဆိုတာ ရွာကသူဌေး သူကြွယ်တွေ ရွာရဲ့မျက်နှာဖုံးတွေ စုပေါင်းပြီး ထမင်းရုံကြီးနှစ်ရုံ ဆောက်ပြီး အရပ်လေးမျက်နှာက လာသမျှလူတွေကို ထမင်းကို ဆာတဲ့အချိန်၀င်စား ပျက်သွားတယ် လို့ကိုမရှိဘူး အချိန်ပြည့်ကျွေးတာ ဒီ‌‌ေန့ကြက်သားနဲ့ဆို နောက်နေ့၀က်သား အလျှံပယ်ကိုကျွေးတာ ကျုပ်တို့လဲ အဲ့ရက်တွေကျ ပင်ပန်း ကျတယ် တစ်ရွာလုံးပဲ ဒါပေမဲ့ ပင်ပန်းတာကို သတိမရကျဘူး အပျော်တွေစုနေတဲ့အချိန် ဘုရားပွဲ ရက်လုံးလုံးပြီးမှသာ လူတွေက ပင်ပန်းတယ်လို့ငြီးကျတာ အခုလဲ ဘုရားပွဲရက်ဆိုတော့ ကိုယ့်တာ၀န် ...

ချိုကခြံတံခါးကိုဖွင့်ပေးရင်း ငိုယိုနေသောလင်မယားကိုပြောလိုက်သည်။ မောင်တိုး…မောင်အုန်းနဲ့သူကြီးဦးနောင်ချိုတို့က ထိုလင်မယားအနောက်မှဘွားမယ်စိန်တို့ ခြံဝိုင်းထဲသို့ဝင်လာခဲ့ကြသည်။ ငိုယိုနေသာလင်မယားမှာ ဘွားမယ်စိန်ရှိသော ကွပ်ပျစ်ခင်းဆီသို့သွား၍ လက်အုပ်များကိုချီကာ… “အမေကြီး…ကျုပ်သမီးလေး… ကျုပ်သမီးလေးကိုကယ်ပေးပါ…” “ဟုတ်ပါတယ်ဗျာ…ကျုပ်တို့သမီးလေးကိုကယ်ပေးနိုင်ရင်ကယ်ပေးပါအမေရယ်…” ဟုမျက်နှာအထက်၌မျက်ရည်များ…နှပ်များပေပွနေရင်းမှ ပြောနေကြသည်။ ဘွားမယ်စိန်ကထိုသူတို့ကိုကြည့်ရင်း… “မောင်ရင်တို့ကဘယ်သူတွေလဲ” ဟု…မေးလေတော့ “ဘွား သူတို့ကအင်တိုင်းရွာကပါ… ပြောရရင်ဗျာ…ရေတွင်းထဲကျပြီး သေနေတဲ့ ကလေးမလေးရဲ့မိဘတွေပါပဲဗျာ…” “အလို…” သူကြီးဦးနောင်ချို၏စကားကြောင့်ဘွားမယ်စိန် အံ့သြသွားသည်။ “မြေကြီးပေါ်မထိုင်ကြပါနဲ့… လာပါကွပ်ပျစ်ခင်းပေါ်ဝင်ထိုင်ကြပါကွယ်…” ဘွားမယ်စိန်ကသနားစိတ်ဖြင့်ကွပ်ပျစ်ခင်းပေါ်သို့ ဝင်ထိုင်ခိုင်းလေသည်။ သူတို့ကလည်းဘွားမယ်စိန်စကားအတိုင်း ကွပ်ပျစ်ခင်း၌ဝင်ထိုင်ကြရှာသည်။ သူကြီးဦးနောင်ချိုကထန်းလက်ခုံ၌ထိုင်ပြီး မောင်တိုးနဲ့မောင်အုန်းကတော့ ကွပ်ပျစ်ခင်းနံဘေးတွင် မတ်တပ်ရပ်ကြည့်နေကြသည်။ သူတို့နည်းတူ.. ဒေါ်ဝင်းနဲ့နန်းကြိုင်တို့မှာလည်း ကွပ်ပျစ်ခင်းမှဆင်း၍ထန်းလက်ခုံ၌ ဝင်ထိုင်နေကြတော့၏။ “မောင်ရင်တို့လင်မယားကဘွားဆီကိုဘာကြောင့်များ ...

က ပေးလိုက်သော ဆေးခွင့် တစ်ပတ်ထပ်ရပါသည်။ သားအိမ်ခြစ်သည် ဆိုသော်လည်း စူးခြင်း၊ နာခြင်း အောင့်ခြင်း လုံးဝ မခံစားရပါ။ သုံးပတ် ပြည့်၍ ကျွန်မ အလုပ်ဆင်းသောအခါ စင်္ကာပူနိုင်ငံသူ အလုပ်သမား အမျိုး သမီးများကျွန်မနားဝိုင်းလာကြပါသည်။ တစ်ယောက်တစ်ပေါက်မေးကြပြီး မကျေမနပ်ပြောနေသည်များကို ကျွန်မနားထောင်ကြည့်သောအခါ သူတို့ ကိုယ်ဝန်ပျက်ကျပါက ခွင့်တစ်ပတ်သာရသည်။ ကျွန်မကမူ ခွင့်သုံးပတ် ရလိုက်သည်တဲ့လေ။ ကျွန်မရောခင်ပွန်းသည်ပါအလုပ်အကိုင်အဆင်ပြေပါလျက်နှစ်ဖက် မိဘများအသက်ကြီးရင့်ကြပြီမို့၁၉၉၇ ခုနှစ်တွင်မြန်မာပြည်သို့အပြီးပြန်လာ ခဲ့ကြပါသည်။ မြန်မာပြည်ပြန်ရောက်ပြီးမကြာမီကျွန်မကိုယ်ဝန်ရှိပါသည်။ သားကြီးမှာအသက်(၁၁)နှစ်ရှိပါပြီ။ကျွန်မအသက်က(၃၈)နှစ်ကလေးမရ နိုင်တော့ဟု ထင်ထားရာမှ ကိုယ်ဝန်ရှိလာသဖြင့် အလွန်ဝမ်းသာမိပါသည်။ ကိုယ်ဝန် (၆)လခန့်ရသောအခါ ...

စကားပြောနေတုန်း တစ်ခုံကျော်က သူငယ်ချင်းကောင်မလေးတစ်ယောက်က ကြားသွားပြီး ဝင်ပြောလိုက်သေးတယ် “ ဆရာမ ခင်မာကြည်တစ်ယောက် သနားပါတယ်နော် သူ့ခမျာ… မိသားစုကလည်း ပြည့်စုံ… ၊အရာရာအဆင်ပြေနေတုန်း ၊ အသက်ကလည်းအရွယ်တင်နုပျိုနေတဲ့အချိန်အခုလို မမျှော်လင့်တဲ့ အဖြစ်ဆိုးကြီး ကြုံလိုက်ရမယ်လို့ ထင်ထားမှာတောင်မဟုတ်ဘူး ၊ ဆိုးလိုက်တဲ့ ကားသမားတွေ ၊အတင်းလုမောင်းနေကျ အခုတော့ လူပါသေရပြီ ” “ ကားသမားတွေ ကြမ်းတာလည်းကြမ်းတာပေါ့ ဆရာမလည်း ဆိုင်ကယ်ဖြည်းဖြည်းမှ မစီးတာ… ပြီးတော့ ဦးထုပ်မပါ ဘာမပါဆိုတော့အကာအကွယ်မဲ့ပြီး ကားအောက်ထဲချိတ်ပါသွားရှာတာ…. ” “ မင်းတို့တော့မသိဘူး အဲ့နေ့က ...

ပါပဲဗျာ၊ လောက်သေရွက်ကို နေပူလှန်းရင် အာနိသင်ပျက်တယ်တဲ့ဗျ၊ ဒါကြောင့် နေရိပ်မှာပဲ လှန်းကြတာပါ၊ ကျုပ်တို့အညာဘက်က ခပ်ပူပူဆိုတော့ အိမ်တံစက်မြိတ်အောက်ချိတ်ထားရုံနဲ့ သုံးရက်လောက်ဆိုရင် လောက်သေရွက်တွေက ခြောက်သွေ့ပြီးကြွပ်နေတာပါပဲ၊ ဒီအခါ အစည်းလိုက်ကလေး သိမ်းထားကြတယ်၊ တစ်ချို့ကလည်း အရွက်တွေချွေပြီးတော့ ရေနွေးအိုးဟောင်းတစ်ခုထဲ ထည့်သိမ်းထားတတ်ကြတယ်။ အိမ်က ရေနွေးအိုးကြီးက မြေရေနွေးအိုးကြီးဗျ၊ မနက်ခင်းလင်းပြီဆိုတာနဲ့ အမေက ထင်းမီးမွှေးပြီး မြေရေနွေးကရားကြီးနဲ့ ရေနွေးတစ်အိုးတည်တာပါပဲဗျာ၊ ရေနွေးဆူရင် အဲဒီလောက်သေရွက်ကလေး လေးငါးရွက်လောက် ခပ်ထည့်လိုက်ပြီး ရေနွေးကရားအိုးအသေးလေးထဲ ကဲ့ကဲ့ပြီး သောက်ကြတာပေါ့၊ လောက်သေရွက်ကိုအထင်မသေးနဲ့ဗျ၊ သူက လက်ဖက်ခြောက်နဲ့အရသာအရမ်းတူတယ်၊ အရောင်အဆင်းကလည်း လက်ဖက်ခြောက်နီးနီးပဲ၊ ...

ရောက်သွားကာလမ်းပြောင်းပြန်ဖြစ်သွားရသည်။ လမ်းပြောင်းပြန်အခြေနေမှ ကိုယ့်လမ်းကိုယ်ပြန်မောင်းရန် ကွေ့လိုက်ပေမယ့်လို့ရှေ့တည့်တည့်ဆီမှ ဘွားခနဲပေါ်လာသည့် ကားတစ်စီး…. “ကျွီ…….” အမလေး!… ကားဘရိတ်ဆွဲသံအရှည်ကြီးကြားပြီးနောက်ုမြပန်းရဲ့ကားလေးကိုအရှိန်ပြင်းပြင်းနှင့်အတိုက်ခံလိုက်ရသည်။ ဒုန်း….ဝုန်း… အား…. ကားလမ်းမထက်သို့နှစ်ပတ်လောက်လည်သွားပြီး မြပန်းမျက်နှာဟာ လမ်းမနှင့်ပွတ်တိုက်မိကာ အတော်ပင်နာကျင်သွားရသည်။ “မေမေ…အီးဟီးဟီး…” “အူဝဲ…အူဝဲ…အူဝဲ” သားနဲ့သမီးရဲ့ငိုသံဟာနားထဲကြားလိုက်ပေမယ့်ကားလမ်းမနဲ့ရိုက်ခက်မိတဲ့အရှိန်ဟာပြင်းထန်လွန်းလှတာမို့ အရာအားလုံးဟာအမှောင်ဖုံးလွှမ်းသွားရသည်။အသက်မဲ့နေသည့်အမျိုးသမီးတစ်ဦးရယ် အော်ဟစ်ငိုနေသည့်၃နှစ်အရွယ်ကောင်မလေးတစ်ယောက်ရယ် ဘာမှမသိရှာပဲအငိုရပ်သွားသည့်၇လအရွယ်ကလေးငယ်တစ်ဦးရယ်ဟာ သည်းထန်စွာရွာသွန်းနေသည့် မိုးရေထဲမှာမှောက်လျှက်ဖြစ်နေသည့်ကားပေါ်တွင်တည်ရှိလျှက်… >>>>> “ဂြိုလ်ဆိုးမ ကံဆိုးမ ဒါတွေအားလုံးဟာနင့်ကြောင့်ဖြစ်ရတာ နင်ကငါ့သားနဲ့ငါ့မိန်းမကိုသတ်လိုက်တဲ့ လူသတ်သမား သွားစမ်း ထွက်သွားစမ်း” ဆေးရုံပေါ်၌မသိနားမလည်သေးသည့်ကလေးငယ်လေးကိုအော်ဟစ်နှင်ထုတ်နေသည့်အမျိုးသားတစ်ဦးကိုအားလုံးဟာဝိုင်းကြည့်နေသည်။ “နင့်ကြောင့် သေရတာ…နင့်ကြောင့် အားလုံးဟာနင့်ကြောင့်” ထိုစွပ်စွဲချက်များကို ထိုအချိန်ကနားမလည်ခဲ့ပေမယ့် အရွယ်ရောက်လာသည်နှင့်အမျှ သေဆုံးခြင်းဆိုသည့်အကြောင်းရာနှင့်အတူ လူသတ်သမားဆိုသည့်စကားလုံးကြမ်းများကိုနားလည်စပြုလာခဲ့လေသည်။ ...

အီအီဖြင့်လူကြားထဲသို့ အတင်းတိုးဝင်နေကြလေသည်။ “အူဝူဝူးဝူ” “ဒီနေ့ညမှပဲရွာထဲကခွေးတွေ တိုက်ထားတဲ့အတိုင်းပြိုင်တူအူနေကြ ပါလား။ “မကောင်းဆိုးဝါးမြင်လို့အူတာ နေမှာပေါ့ သမီးရယ်၊ခွေးဆိုတာက လူတွေမမြင်ရတာကိုမြင်နိုင်စွမ်း ရှိကြတယ်လေ သမီးရဲ့” “အင်း…အမေပြောသလိုဆိုရင် ရွာထဲမှာမကောင်းဆိုးဝါးရှိနေလို့ ခွေးတွေအူနေတာပေါ့နော်။ “အေးပေါ့ သမီးရဲ့မကောင်းဆိုးဝါးဆိုတာ နေရာတိုင်းမှာရှိတတ်ကြတာပဲလေ” “အမယ်လေးတွေးရင်းနဲ့ ကြက်သီးတွေတောင်ထလာပြီအမေရေ “ဘာမှကြောက်စရာမလိုပါဘူး သမီးရယ်၊ဘုရားစာလေးပဲရွတ်နေပေါ့။ ရွာထဲ၌ရှိသောလူများလည်း ထူးဆန်းလှသည့်ခွေးအူသံများကြောင့် ကြက်သီးတဖြန်းဖြန်းထနေကြလေ သည်။ ================= နံနက်လင်းသည်နှင့်ရွာထဲ၌ သတင်းတစ်ခုအားထူးဆန်းစွာ ကြားလိုက်ရပေသည်။ “မြင့်ရီသားလေးဆုံးလို့တဲ့” “ဟယ်…ဟို၄နှစ်သားလေး ငမောင်လား” “အေးလေဟယ် မြင့်ရီလည်း အရူးမီးဝိုင်းသလိုခံစားနေရရှာတာအေ့” “ဘယ်လိုဖြစ်ပြီးဆုံးတာလဲအေ့ မနေ့ကတောင်ကလေးကအကောင်း ကြီးရှိသေးတာကို။ “မနေ့ညက ...

ရာသီဥတု အေးမြလာ လေလေဖြစ်သည်။ အမှောင်ထုက သိပ်သည်းလာသည်။ မိချောရေခက်သွက်သွက်ကွယ် ဟီးဟီး မိချောသည် ရုတ်တရက် ဒေါသတကြီး ဟီလိုက်လေသည်။ ဖဲဖောင်ပြင် သုသာန်ကို ဖြတ်ကာ တိုက်ခတ်လာသော လေထုတွင် ညှီစို့၊ ပုပ်အက်အက် အနံ့ ပါလာသည်။ ကျွန်တော်နှာခေါင်းတစ်ချက်ရှုံ့လိုက်မိသည်။ မိချောသည် စိတ်ဆိုး မာန်ဆိုးဖြင့် ဦးခေါင်းကို တယမ်းယမ်း ခါနေသည်။ သုသာန် ပတ်ဝန်းကျင်ရှိ တဲစုစုကလေးတွေဆီမှ ရေနံဆီခွက် ဝါကျင့်ကျင့်ကလေးတွေ ဟိုတစု ဒီတစု မြင်နေရပေသည်။ တချက်တချက် ကလေးငိုသံကြားရသည်။ လေထုထဲတွင် အော်ဂလီဆန်ဖွယ် အနံ့က ...