လျှော်၍ ဒေါ်သီကိုယ်တိုင် မီးပူတိုက်ပေးမှ ဝတ်၏။ ဦးသာဖူးကိုကြည့်လိုက်လျှင် ကတုံးဆံတောက်၊ ဆံပင်ဖြူဖြူ၊ ကျောက်ပေါက်မာသဲ့သဲ့၊ အသားမည်းမည်း၊ အရပ်ပျပ်ပျပ်၊ နှုတ်ခမ်းမွှေးရေးရေးရှိသောသူ့ရုပ်ကို အနောက်ဘက်မှ သာမာန်အားဖြင့် ကြည့်မိရှုမိသည်ရှိသော် ကော်လံနှင့် အရောင်နုနု ပထမတန်းအမျိုးအစား ရှပ်လက်ရှည် ခေါက်ရိုးကျကျဝတ်လျက် ပလေကပ်ဖြူစိမ်းပြာကွက်လုံချည် ဒိုဘီချနှင့် လည်ကုပ်စပ်နှင့် လည်ပင်းစပ်မှ ပေါင်ဒါမှုန့်အစအနများကို အရင်မြင်မိကြည့်မိကြမည်သာတည်း။ အသန့်ကြိုက်၊ အနုကြိုက်၊ အကောင်းကြိုက်၊ မင်းသားလို ကျော့မော့အောင်နေတတ်ထိုင်တတ်သော ဦးသာဖူးကို ဒေါ်သီသည် သူ့အလိုလိုက်လျက် သူ့အကြိုက်သိလျက် ဝတ်ရာစားရာ နေရာတကာ၌ သူ့စိတ်တိုင်းကျဖြစ်အောင် ဂရုတစိုက် ...
ရဲဘက် မုဆိုးအောင်သန်းနှင့် တင်သောင်းတို့အပြင် ထမင်းချက် ရဲဘက်လှအေးပါ ပါလာသဖြင့် အဆင်ပြေသည်။ ဆီ၊ ဆန်၊ ဆား၊ ငရုတ်၊ ကြက်သွန်ကို ရိက္ခာက ထုတ် ပေးသည်။ ဟင်းချက်စရာ အသီးအနှံနှင့် အကောင်ပလောင်ကို မုဆိုးအောင်သန်းနှင့် တင်သောင်းက နေ့စဉ်ရှာပေးသည်။ တင်သောင်းမှာ သစ်ပင်တက် အလွန်တော်သဖြင့် စခန်းတစ်ခုလုံးက သူ့အား မျောက်ဘွဲ့ထူးပေး ထားသည်။ ထို့ကြောင့် မျောက်တင်သောင်းဟု ခေါ်ကြသည်။ တကယ်ပင် မျောက်တစ်ကောင်အလား စွမ်းဆောင်နိုင်ရည်ရှိသူ ဖြစ်သဖြင့် အလွန်အားကိုးရသည်။ ကျွန်တော်တို့ စခန်းအလုပ်တာဝန်မှာ လမ်းအူကြောင်းရှာ၊ သစ်ပင်ခုတ်၍ ...
စိတ်ရှည်လက်ရှည် ချုပ်နေလေ၏။ ၎င်းပိတ်စကလေးများသည် လွန်စွာ သေးကွေးသော်လည် အဘိုးကြီးသည် ပဆစ်ကွက် သဏ္ဌာန်ဖော်၍ စပ်စောင်တစ်ထည် ချုပ်နေခြင်းဖြစ်၏။ ထိုအချိန်မှာပင် ရာဇဝတ်အုပ် တစ်ယောက်နှင့် ပုလိပ်သား ခုနှစ်ယောက်သည် ထိုဆိုင်သို့ ရောက်ရှိလာလေ၏။ ထမင်းမှာယူ စားသောက်ကြ၏။ ညအဖို့ အိပ်စက်ရန် ကင်းကော့ကလေးများ တောင်းယူကြ၏။ သို့ရာတွင် ၎င်းတို့သည် ချမ်းအေးလွန်းသောကြောင့် အိပ်စက်ခြင်းမပြုနိုင်ဘဲ မီးဖိုကြီးဘေးတွင် စုပြုံ၍ ထိုင်နေကြလေ၏။ ထိုပုလိမ်များ ရောက်ရှိလာပြီးနောက် လူငယ်တစ်ဦး ရောက်ရှိလာလေ၏။ ထိုလူငယ်သည် ဘင်ဂျိုတစ်လုံးကို လွယ်လျက် ပတ္ထူလွယ်အိတ်တစ်လုံးကို လက်မှဆွဲလျက် ဝင်လာခြင်းဖြစ်၏။ ...
ပါသည်။.ထို့နောက် လယ်သူရင်းငှားတွေနှင့်အတူ လယ်အလုပ်ကိုသာ ဦးဆောင်ပြီး လုပ်ကိုင်ပါတော့သည်။ တစ်နေ့။ နေ့လည်ဆယ့်နှစ်နာရီထိုးပြီမို့အဖေလည်း လယ်ထဲမှပြန်လာပြီး ကျွန်မတို့နှင့်အတူ နေ့လည်စာစားပါသည်။ ပြီးနောက် တရေးတမောအိပ်စက်ဖို့ပြင်ဆင်နေခိုက်တွင် လယ်သူရင်းငှားတစ်ယောက် အလောတကြီးရောက်လာပါသည်။ “ကိုသိန်းထိုက်.. ကိုသိန်းထိုက်” “ဟေ ဘာလဲ” “ဟိုကောင် အောင်မောင်း လွှထိလို့” ထိုစကားကြောင့်အဖေလည်း အထိတ်တလန့်ဖြစ်သွားပါသည်။ ထို့နောက် “အခြေအနေ တော်တော်ဆိုးလား ကိုကျော်ဦး” “ဆိုးတယ်ဗျ။အကြောတွေ ပြတ်လုနီးပါးပဲ” “ဒုက်ခပါပဲ” အဖေလည်းညည်းညူပြီး “ခဏစောင့်၊ကျုပ်ပိုက်ဆံယူလိုက်ဦးမယ်” ပြောပြီး အဖေလည်း အိမ်ပေါ်သို့တက်ကာ ပိုက်ဆံယူပါသည်။ ပြီးနောက် ကိုကျော်ဦးနှင့်အတူ လယ်တောသို့လိုက်သွားပါသည်။ နောက်မှသိရသည်ကား ...
ဗိုလ်မထားဘူးဟေ့” လူနာမရွှေ ပါးစပ်မှ ထွက်လာသောစကားကြောင့် အားလုံးအံ့သြသင့်သွားကြသည်။ “စုန်းမ မယ်ခို “ဆိုပါကလား။ “မယ်ခို”ပြုစား ထားသည်ဟု နားလည်လိုက်ကြသည်။ အန္တိမ အဆင့်ရှိ့ ဆရာကြီးသည် အတွေ့အကြုံ များ စွာ ရင့်ကျက်နေသည် ပွဲရ ဆရာကြီးတစ်ဦးအ နေဖြင့် စုန်း ကဝေ သရဲတစ္ဆေ နာနာဘဝတို၏ လှည့်စားတတ်သော မာယာများ အမူ့အကျင့် များကို ထုံးလိုခြေ ရေလိုနောက်ခဲ့ပြီဖြစ်သည်။ ထိုနောက် ဆရာကြီးက ခပ်ပြုံးပြုံး မျက်နှာထား ဖြစ် မယ်ခိုတဲ့လား…ကောင်းပြီလေ မယ်ခို ဆို တော့လဲ ...
သွေးသောက်ရုံသာ သောက်သွားသော ကျားဖြစ်သဖြင့် မုဆိုးများက နွားသေနှင့် ကိုင်းထောင်ဖမ်း၍ မရဟု ဆိုသည်။ မုဆိုးများ ပြောသည်မှာလည်း အမှန်ပင် ဖြစ်သည်။ နွားသေနှင့် ထောင်ထားသော ကိုင်းထဲက နွားသေကိုလာမစားသော ကျားကို ကိုင်းထောင်ဖမ်း၍ မရနိုင်ပေ။ သေနတ်နှင့် စောင့်ပစ်ရန်ကလည်း သူတို့၏ ရွာသူကြီးမှာ တစ်ဆယ့်နှစ်ရွာပိုင် လူကြီးမဟုတ်သဖြင့် အင်္ဂလိပ်မင်းများက သေနတ် ထုတ်မပေးထား။ ဤကိစ္စအတွက် သူကြီးဖြစ်သူမှာလည်း မျက်နှာငယ်ရသည်။ လိုအခါ သူတို့နယ်တစ်ဝိုက်တွင် နာမည်ကြီးနေသော’ကျားသတ်ကောင်း ဦးဂေါ်လာကြီး’ ကို ငှားရန် တိုင်ပင်ကြရသည်။ ဤသည်မှာလည်း သူတို့နယ် ...
တစ်ယောက် အရောက် အပေါက်နည်းသွားတော့တာပေါ့ဗျာ။ “သိန်းဇော် လာလေ သူငယ်ချင်း ” ဒီကောင်ကလည်း ခေါ်ရင်း ဝင်လာတာ လှေကားတောင် ရောက်နေပြီဗျ။ ကျုပ်ထိုင်နေတဲ့ တန်းလျားမှာပဲ ဝင်ထိုင်တာဗျ။ ကျုပ်ကလည်း နဂါးဆေးပေါ့လိပ်တစ်လိပ်နဲ့ မီးခတ်ကလေး ကမ်းပေးလိုက်တယ်။ သိန်းဇော်ကလည်း နဂါးဆေးပေါ့လိပ်ကလေး မီးညှိပြီး ဖွာလိုက်တယ်။ “သိန်းဇော် မင်း ဘာစားခဲ့ပြီလဲ၊ ထမင်းကြမ်း စားမလား” “ဟာ ငါ ထမင်းကြမ်း စားပြီးပြီကွ” “ဟဲ့ ဒါ ဘယ်သူတုံး၊ သိန်းဇော်လား၊ မလာတာတောင် ကြာပြီ” “ဟုတ်တယ် အရီးရေ၊ ...
ယာထဲကို ထွက်သွား ရောဗျ။ မနက်မိုးလင်းလို့ သူ့တူတွေတူမတွေ ယာထဲဆင်းလာပြီဆိုရင် ပဲတွေ နှမ်းတွေက အားလုံး နှုတ်ပြီးသားတွေတဲ့ဗျာ။ နှုတ်ယုံတင်မကပဲ အဆင်သင့် ပုံထားပြီးသား ဗျ။ နှမ်းဆိုလည်း ထောင်ပြီးသားဗျ။ အဲ တစ်ခုတော့ရှိသဗျ။နှမ်းတွေပဲတွေ အားလုံးကို သိမ်းပြီးပြီဆိုရင်တော့ အရီးမယ်ခက အိုးကြီးတွေ နဲ့ အမဲသားတွေ အပြည့်ချက်တာဗျို့။ ကျုပ်က လှည်းမောင်းရတာပေါ့ဗျာ။ လှည်းပေါ်မှာ ထမင်းအိုးဟင်းအိုးတွေ တင်ပြီး ရွာပြင်ထွက်။ ရွာပြင်မှာ ငှက်ပျောဖက်တွေခင်းပြီး ထမင်းနဲ့ အမဲသားဟင်းကို ဖက်တွေပေါ်မှာ လိုက်ပုံရတာဗျာ။ ပြီးတော့ အရီးမယ်ခက ကျွေးတော့မွေးတော့ ...
ကြောက်တဲ့သူ မရှိပါဘူး” အဘထင်က ကျုပ်ပြောတဲ့ စကားကို သဘောကျတယ်ဗျ။ “ဒါဆိုရင် ငါမေးမယ်။ မင်း သရဲကြောက်တတ်သလား” “ဟာ ကြောက်တာပေါ့ အဘထင်ရ။ ကြက်သီးတွေ တဖျန်းဖျန်းထအောင် ကြောက်တာဗျ။ ဒါပေမဲ့ ကျုပ်က ထွက်တော့ မပြေးဘူးဗျ။ “ဟား ဟား ဟား ဟား တာတေ။ အဲဒါ မင်း မကြောက်တတ်တာပေါ့ကွ မင်းပြောတဲ့ ကြက်သီးတွေ တဖျန်းဖျန်း ထတယ်ဆိုတာ ကြောက်တာ မဟုတ်ဘူးကွ။ လန့်တာ ။ အဲဒါ လန့်သွားတာကွ” “ဟင် ဟုတ်လားဗျ ...
ပုံမှန်ပြန်ဖြစ်ပြီး ခေါင်းထဲ ထည့် လို့ရသွားတာ။ ဒီတော့မှ ညသန်းခေါင်လောက် ကြီး သင်္ဂြု ိဟ်လိုက်ရတဲ့လူလေဗျာ။ ဒီအကြောင်းကိုတော့ ‘ဖဲသမား အသုဘ’ဆိုတဲ့ နာမည်နဲ့ တစ္ဆေမျက်လုံး အမှတ်(၁)’မှာ ကျုပ် ရေးခဲ့တယ်။ အခု ကျုပ်ဆီကိုလာတဲ့ ကိုအောင် သစ်ကတော့ ကိုအောင်ချစ်ညီ ဆိုပေမယ့် တ ခြားစီဗျ။ ကိုအောင်သစ်က လူရိုးလူအေး ဖဲချ ဖို့ မပြောနဲ့၊ ဖဲတစ်ထုပ်မှာ ဘယ်နှရွက်ပါတယ် ဆိုတာတောင် ကျုပ်ပြောလို့ သိတာဗျ။ “အောင်မယ် တာတေက တော်တော်လိမ္မာတဲ့ ကောင်ကိုး၊ ဘိုးဥာဏ်ကို ...