တစ္ဆေလေးနေတဲအိမ်

ပုံမှန်ပြန်ဖြစ်ပြီး ခေါင်းထဲ ထည့်
လို့ရသွားတာ။ ဒီတော့မှ ညသန်းခေါင်လောက်
ကြီး သင်္ဂြု ိဟ်လိုက်ရတဲ့လူလေဗျာ။

ဒီအကြောင်းကိုတော့ ‘ဖဲသမား အသုဘ’ဆိုတဲ့
နာမည်နဲ့ တစ္ဆေမျက်လုံး အမှတ်(၁)’မှာ ကျုပ်
ရေးခဲ့တယ်။ အခု ကျုပ်ဆီကိုလာတဲ့ ကိုအောင်
သစ်ကတော့ ကိုအောင်ချစ်ညီ ဆိုပေမယ့် တ
ခြားစီဗျ။ ကိုအောင်သစ်က လူရိုးလူအေး ဖဲချ
ဖို့ မပြောနဲ့၊ ဖဲတစ်ထုပ်မှာ ဘယ်နှရွက်ပါတယ်
ဆိုတာတောင် ကျုပ်ပြောလို့ သိတာဗျ။

“အောင်မယ် တာတေက တော်တော်လိမ္မာတဲ့
ကောင်ကိုး၊ ဘိုးဥာဏ်ကို နှီးတွေထိုးပေးနေပါ
လား၊ သွား သွား ဓါးတစ်ချောင်း၊ ယူလိုက်၊ စ
ကားပြောရင်းနဲ့ ငါပါ ကူထိုးပေးမယ်၊ ဘိုးဥာဏ်
ဆီက နှီးဝါးလောင်းတွေလည်း ထပ်ယူခဲ့ဦး”

ကျုပ်တို့အိမ်မှာက နှီးထိုးတဲ့ဝါးကလေး ငါးလက်
ရှိတာဗျ။ ကျုပ်က ဝါးထရံမှာ ထိုးထားတဲ့ နှီးဖြာ
တဲ့ ဓါးတစ်လက်နဲ့ အဘဆီက နှီးဝါးလောင်း
တစ်ပွေ့ ယူလိုက်တယ်။

“ဟဲ့ အောင်သစ်ပါလား၊ ဒီနှစ် ပဲကောင်းရဲ့လား
ဟဲ့”

“မဆိုးပါဘူးဗျ၊ အရီးငွေစိန်ရဲ့၊ အတော်လေး
တော့ အရသား၊ မနက်ဖြန်ဆို ကျုပ်ဆီကြိတ်
တော့မှာဗျ၊ အရီးစားဖို့ မြေပဲဆီ ဦးလေးတစ်ပု
လင်း ကျုပ် လာပို့ဦးမယ်”

အဲဒါ ကျုပ်တို့ အညာဓလေ့ပဲဗျို့။ အလကား
ဆိုရင်းနဲ့ကို ပေးချင်ကျွေးချင် ရှိနေကြတာ။ လူ
ကြီးသူမတွေဆီကို ပဲပို့၊ ဆီပို့၊ ဆန်ပို့၊ ဟင်းပို့
အမြဲလုပ်နေကြတာဗျ။ ကံကြမ္မာနည်းလို့ လူ
ဆင်းရဲချင် ဆင်းရဲမယ်၊ စေတနာ စိတ်က
တော့ မဆင်းရဲဘူးဗျ။အဲဒါ ကျုပ်တို့ အညာ
ဒေသရဲ့စိတ်ရင်းပဲဗျ။

“ကိုကြီးအောင်သစ် ကိစ္စရှိလို့လား”

“ဟေ့အေး၊ မရှိပါဘူးကွာ၊ ပျင်းပျင်းရှိတာနဲ့
မင်းဆီကို သက်သက်လာလည်တာပါ”

ကျုပ်တို့နှစ်ယောက် နှီးထိုးရင်း စကားပြောကြ
တာပေါ့ဗျာ။ သွားလေသူ ကိုအောင်ချစ် အ
ကြောင်းလည်း ပါရဲ့။ ကိုအောင်ချစ် ဆုံးတော့
သူ့သေတ္တာထဲမှာ ကိုအောင်ချစ် ဖဲနိုင်ထားတဲ့
ငွေတွေ တော်တော်များများ ကျန်ခဲ့တဲ့ အ
ကြောင်းလည်း ပါတာပေါ့ဗျာ။ဒီလိုနဲ့ ခပ်ပေပေ
နေကြတဲ့ ထနောင်းကုန်းသားတွေအကြောင်း
ပြောပြောပြီးရယ်ကြရတာပေါ့ဗျာ။

“တာတေ၊ မင်းမြောက်ပိုင်းက ကြက်သမား င
ထွန်းအကြောင်းရော သိလား”

“ကိုထွန်းလား၊ လူတော့ သိတယ်ဗျ၊ ဒါပေမဲ့ သူ
အကြောင်းတော့ သိပ်မသိဘူး”

“ဟာ ငထွန်းက ကြက်တိုက်ပေမယ့် လူက လူ
လည်ဗျာ၊ ကိုကြီးကျော်နတ်ကို လွှတ်ကိုးကွယ်
တဲ့ကောင်ကွ”

“ဟာ ဟုတ်လား၊ အေးပေါ့ ကိုကြီးအောင်သစ်ရ၊
ကိုကြီးကျော်ကလည်း ကြက်သမားပဲကိုဗျ”

“အေးလေ၊ ဒီကောင်ငထွန်းက သူ့အိမ်မှာ ကို
ကြီးကျော်ကို အရက်ပုလင်း အမြဲဆက်ထားတာ
ကွ၊ ကြက်ဝိုင်းရှိလို့ ကြက်တိုက်သွားတော့မယ်
ဆိုရင် အရက်ပုလင်းကို စွန့်လိုက်ပြီးတော့ ခွက်
ကလေးတစ်လုံးထဲကို နည်းနည်းငှဲ့လိုက်တယ်။
ပြီးရင် သူ့ကြက်ကို ကိုကြီးကျော်ရဲ့အရက်
သောက်ခိုင်းရောဟေ့၊ တစ်ခါတခါတော့လည်း
သူ့ကြက်က သောက်တယ်ကွ၊ တစ်ခါ တစ်ခါ
တော့လည်း မသောက်ဘူး၊ ငထွန်းမှာက သ
င်္ကေတရှိတယ်။ သူ့ကြက်၊ ကိုကြီးကျော် အ
ရက်သောက်လိုက်ပြီဆိုရင် အဲဒီနေ့ ကြက်နိုင်
ပြီသာ မှတ်ပေတော့၊ တိုက်သလောက်ကို နိုင်
တာတဲ့ဟေ့၊ ကြက်က အရက်မသောက်တဲ့နေ့
ဆိုရင် နိုင်ဖို့ မသေချာဘူးဆိုပဲ”

“ဟာ ဟုတ်လား၊ တယ်လည်း ထူးပါလားဗျ”

“အေးကွ၊ ပြောရဦးမယ်၊ တစ်ရက်ကျတော့ သူ
က ကြက်ဝိုင်းကို အရင်သွားနှင့်တယ်။ သူ့တပည့်
မောင်လေးဆိုတဲ့ကောင်ကို ငထွန်းက မှာခဲ့တယ်
ကြက်ကို နှိပ်ပြုဆုပ်နယ်ပေးပြီးရင် ကိုကြီးကျော်
အရက် သောက်ခိုင်းလိုက်လို့ မှာခဲ့မယ်။ကြက်
ဝိုင်းရောက်တော့ ငထွန်းက သူ့တပည့်မောင်
လေးကို မေးသတဲ့။

“မောင်လေး ဒီကောင် အရက်သောက်သလား”

“ဟာ သောက်တယ် ငထွန်း၊ သောက်တယ်”

လို့ ပြောတော့ ငထွန်းက ဝမ်းသာသွားတာပေါ့
ကွာ။ ဒီနေ့တော့ သေချာပေါက် နိုင်ပြီပေါ့။ ဒါနဲ့
ပါသမျှပိုက်ဆံကို ပုံပြီးလောင်းလိုက်လာတဲ့ဟေ့”

“ဟာ နိုင်ရောပေါ့ ”

“ဘယ်က နိုင်ရမှာတုံးကွာ”

“ဟင်၊ ဘာဖြစ်လို့တုံး၊ သူကြက်က ကိုကြီးကျော်
အရက်သောက်တယ်လေ”

“အေး သောက်တော့ သောက်တယ်ကွ၊ ခါတိုင်း
ဆိုရင် ကြက်က တစ်ပေါက်ကောက်ပြီး သောက်
ြ့ပီးတာနဲ့ ငထွန်းက ကြက်ကို ကောက်ယူသွား
တော့တာ။ အခု သူတပည့် မောင်လေးကတော့
ဒီအထာကို မသိဘူးလေကွာ၊

ဒီတော့ ကြက်ကို လွှတ်ထားပြီး ကြိုက်သလောက်
သောက်ခိုင်းတာတဲ့ဟေ့၊ ကြက်ကို ကြိုးဝိုင်းထဲ
လည်း ချလိုက်ရော ငထွန်းကြက်ကြီးက အရက်
တွေ မူးပြီး ဒယီးဒယိုင် ဖြစ်နေရောတဲ့ဟေ့၊ ဟို
ဘက်က ကြက်ကချည်း သူ့ကို ခွပ်ပစ်တာဆိုပဲ။

ငထွန်း ကြက်ကြီးဆိုတာ ရင်ဘတ်က အမွေးတွေ
လည်း ကျွတ်ထွက်၊ လည်ပင်းမွေးကလည်း ကျွတ်
ထွက်ပြီး ပေပေကြီးရပ်ခံနေတာတဲ့ဟေ့။ တစ်ချက်
မှလည်း မခွပ်နိုင်ဘူးတဲ့ကွ။ နောက်ဆုံးတော့ ဟို
ဘက်ကြက်က အားကုန်းခွပ်ချလိုက်တာ ကြက်
တက်က ရင်ဘတ်ကို ဖောက်ဝင်သွားပြီး ဘိုင်းက
နဲ လဲကျသွားရောတဲ့ကွာ”

“ငါ့ကိုထွန်းကြက် သေရောလား”

“သေတော့ မသေဘူးတဲ့၊ ဆန့်ငင် ဆန့်ငင်ဖြစ်နေ
တာ ငထွန်းက ဆတ်ကနဲကောက်ပြီး ခြေထောက်
နှစ်ချောင်းက ကိုင်ပြီး ရိုက်သတ်ပစ်လိုက်ရောတဲ့
ဟေ့၊ ပြီးတော့မှ သူ့တပည့်ကို မေးသတဲ့။

“ဒီကောင် အရက် ဘယ်လောက်သောက်တုံး”

ဆိုတော့ သူ့တပည့်က ပြောသတဲ့။

“ခင်ဗျားကြက်က ခွက်ထဲရှိတာ အကုန်သောက်
ပစ်လိုက်တယ်”

ဒီတော့ ကြက်ငထွန်းက …

“သေပါတော့ မောင်လေးရယ်၊ တစ်ပေါက်ပဲ သောက်ခိုင်းရတာကွ”

လို့ ပြောပြီး သူ့တပည့် မောင်လေးကိုပါ သူ့ဆီက
နှင်ထုတ်ပစ်လိုက်ရောဟေ့”

“ဖြစ်မှဖြစ်ရလေဗျာ၊ ကိုထွန်းဆိုတဲ့လူက တော်
တော်ကို ပေါက်ပေါက်ရှာရှာ လုပ်တဲ့လူပဲကိုး”

“ရွာရှေ့ပိုင်းမှာနေတဲ့ ထန်းသမားငမြိုင်ဆိုတဲ့
ကောင်ရော မင်းသိလား တာတေ”

“ဟာ သိတယ်ဗျ၊ ဒီလူလည်း ကြက်တွေ ဘာ
တွေ တိုက်တာပဲလေ”

“အေး ဟုတ်တယ်၊ ဒီကောင်ကျတော့လည်း
တစ်မျိုးကွ”

“ဟင် ဘယ်လိုတုံးဗျ ကိုကြီးအောင်သစ်ရဲ့”

“ဒီကောင်က ဘိုးညီလေး ထန်းတောမှာ တက်
တဲ့ကောင်လေကွာ”

“ဟုတ်တယ်၊ ဟုတ်တယ်”

“အေး ဘိုးညီလေး ထန်းတောမှာက တစ္ဆေတစ်
ကောင်ရှိတယ်လို့ ပြောတယ်”

“ဟာ ဟုတ်လား၊ ဒါတော့ ကျုပ် မသိဘူးဗျ”

“ငါ့ကို ထန်းတောကန်ထရိုက်ဆွဲပြီး ထန်းလျက်
ချက်တဲ့ ကိုညိုပြောတာ။ အဲဒီတစ္ဆေကို ကိုညို
လည်း တစ်ခါတစ်လေ မြင်ရတယ်ဆိုပဲ။ ဒါပေ
မဲ့ ကိုညိုကတော့ မသိချင်ယောင်ဆောင်နေ
တာတဲ့ဟေ့။ ဒီတစ္ဆေက ထန်းရည် တော်တော်
ကြိုက်တယ်ဆိုပဲကွ”

“ဗျာ…တစ္ဆေက ထန်းရည်သောက်တယ် ဟုတ်
လား ကိုကြီးအောင်သစ်ရဲ့”

“ဟုတ်ပါ့ကွာ၊ ကိုညိုက ဒီကောင်သောက်ဖို့ မြူအိုး
တစ်လုံးနဲ့ ထည့်ထည့်ပေးထားရတယ်ဆိုပဲ။ အိုးထဲ
မှာ ပြောင်နေအောင်ကို သောက်တာတဲ့ဟေ့၊ ဒါပေ
မဲ့ ကိုညိုက သူ့ကို အရောမဝင်ဘဲ မသိချင်ယောင်
ဆောင်နေတော့ ကိုညို့ကို တစ္ဆေက ကြောက်
တယ်တဲ့ကွ။ အဲဒီကောင်ကို ငမြိုင်က မြင်သွားပြီး
ထန်းရည်တိုက်ပြီး မိတ်ဖွဲ့သတဲ့။ ဒီကောင်နဲ့ တ
စ္ဆေနဲ့က တော်တော်လေး ခင်သွားတော့ တစ္ဆေ
က ထန်းပင်တက်ပြီး မြူအိုးချပေးတယ်ဆိုပဲ။ ဒီ
ကောင်က ရှေ့က တက်ပြီး မြူအိုးဖြုတ်ပြီး အ
သစ်လဲရင် ဖြုတ်တဲ့ အိုးကို တစ္ဆေက လက်ကြီး
အရှည်ကြီး ထုတ်ပြီး ထန်းပင်အောက်ကို ချပေး
တာတဲ့ဟေ့။ ငမြိုင်ဆိုတာ ထန်းတောတစ်တော
လုံးကို ခဏနဲ့ပြီးအောင် တက်နိုင်တာတဲ့ဟေ့”

“ဟာ ကိုမြိုင်၊ တော်တော်အဆင်ပြေနေတာပေါ့ဗျ”

“အေး ပြေတာပေါ့ကွာ၊ ဒါပေမဲ့ တစ်ရက်ကျတော့
တစ္ဆေနဲ့ ငမြိုင်နဲ့ ဘာဖြစ်ကြတယ် မသိဘူးတဲ့ဟေ့၊
တစ္ဆေက ငမြိုင်ကို ထန်းပင်ပေါ်က ဆွဲချလိုက်တာ
ကံကောင်းလို့ မသေတာဆိုပဲ၊ အောက်မှာ ပုံထား
တဲ့ ထန်းလက်ပုံပေါ်ကို ကျလို့တဲ့ကွာ…အဲဒါကို
တွေ့တော့မှ တစ္ဆေကို အပြီးနှင်ထုတ်ပြီး ထန်း
တောထဲမှာ ပရိတ်တွေ ဘာတွေ ရွတ်ပစ်လိုက်ရ
တယ်ဆိုပဲ”

“အင်း ခက်တယ်ဗျ၊ ကိုကြီးအောင်သစ်ရဲ့၊ ဒီ
ကောင်တွေနဲ့က ခပ်ကင်းကင်းနေတာ အ
ကောင်းဆုံးပဲဗျ။ သူတို့က ကျွတ်လွတ်ဖို့ လို
သေးတဲ့ အချိန်မှာ အရိုင်းစိတ်တွေပဲ ရှိကြတာ။
ကောင်းမှုကုသိုလ်ဆိုတာ ဘာမှန်းမှသိတာ
မဟုတ်ဘူးဗျ။ သူတို့သိတဲ့အသိဆိုတာလည်း
လူတစ်ယောက်လို သိတာမဟုတ်ဘူး၊ အဲဒီထဲ
မှာမှ သူတို့ကို ကျွေးမွေးပြီး ကိုယ်ကျိုးစီးပွား
ရှာကြမယ်ဆိုရင် ပိုတောင်ဆိုးသေးတယ်။
သူတို့နဲ့ စိတ်အခန့်မသင့်ဖြစ်ရင် သူတို့ရှာ
ပေးထားတဲ့ စီးပွားဆိုပြီး အကုန်လုံးကို ဖျက်
ဆီးပစ်တက်ကြတာ။ အကောင်းဆုံးကတော့
ဘုံဘဝချင်း မတူတဲ့ သူတွေဟာ မပတ်သက်
တာပဲ ကောင်းပါတယ်”

ညနေ တော်တော်စောင်းတော့မှ ကိုအောင်သစ်
ပြန်သွားတယ်။ ကျုပ်လည်း ထမင်းစားသောက်
ပြီးတော့ အမေတို့ အဘတို့နဲ့ စကားထိုင်ပြောနေ
တာ။ ကိုးနာရီကျော်တော့ အိပ်ရာဝင်ခဲ့တယ်။

ရွာဓလေ့ဆိုတာ ဒီလိုပဲဗျ။ စောစောအိပ်ရာဝင်
ကြတာလေ။ တစ်နေ့လုံးလည်း တောက်တက်
တောက်တက်နဲ့ တစ်ခုမဟုတ် တစ်ခုလုပ်နေ
ကြတာလေဗျာ၊ ညရောက်တော့ စောစော
အိပ်ချင်ကြတာပေါ့ဗျာ။

“ဟဲ့ တာတေ၊ တာတေ၊ ထစမ်းပါဦးဟဲ့”

အမေ ကျုပ်ကို လာပြီးလှုပ်နှိုးလို့ ကျုပ်
နိုးလာတာဗျ။

“အေမ ဘာတုံး”

“ဟဲ့ လူသံတွေ ကြားလို့ ရွာထဲမှာ ဘာဖြစ်တုံး
မသိဘူး”

“ဟင် ဟုတ်လား၊ ဘယ်ဘက်က ကြားတာတုံး”

“မြောက်ပိုင်းကလို့ ထင်တာပဲ”

ကျုပ် အိပ်ရာက ကပျာကယာ ထပြီး အသံကို
နားစွင့်လိုက်တယ်။ ဟုတ်တယ်ဗျ။ လူသံတွေ
ကြားတယ်။ မီးလောင်တာတော့ မဖြစ်နိုင်ဘူး။
ကင်းတဲတွေက သံချောင်းမှ မခေါက်တာ ရန်
တွေ ဘာတွေများ ဖြစ်ကြလို့ လူသတ်မှုတွေ
ဘာတွေများ ဖြစ်သလား။ ကျုပ် ဟိုတွေး ဒီ
တွေး လုပ်နေတုန်း ရှိသေးတယ်ဗျို့။

“ကိုကြီးတာတေ ကိုကြီးတာတေ”

ဟော ကျောက်ခဲအသံဗျ။ ဒီရွာမှာ ကျုပ်ထက်
ဆယ်ဆလောက် စပ်စုတဲ့ကောင် ပေါ်လာပြန်
လေဗျာ။ ကျုပ်က ဓါတ်မီးလေးထိုးပြီး ဝိုင်းထဲ
ကို ဆင်းလာခဲ့တယ်။

“ကျောက်ခဲ၊ ဘာသံတွေတုံးကွ”

“ဟာ မြောက်ပိုင်းက ကိုအာလူးတို့အိမ်ကြီးဗျာ”

“ဟေ…ကိုအာလူးတို့အိမ်ကြီး ဘာဖြစ်လို့တုံး၊
မီးလောင်တာလား”

“မီးလောင်တာ မဟုတ်ဘူး ကိုကြီးတာတေ၊
အပေါ်ကို ကြွတက်သွားတာဗျ”

“ဘာ …ဘယ်လို၊ အိမ်ကြီးက အပေါ်ကို ကြွ
တက်သွားတာ ဟုတ်လား ကျောက်ခဲ”

“ဟုတ်တယ် ကိုကြီးတာတေ၊ အိမ်ကြီးက ပထ
မတော့ ငလျင်လှုပ်သလို လှုပ်နေတာတဲ့ဗျ။
နောက်တော့ မြေကြီးက ကျွတ်ထွက်ပြီး ကြိုး
နဲ့ဆွဲသလို လေထဲမှာ မြောက်နေတယ်ဗျို့”

“ဟာ လေထဲမှာ မြောက်နေတယ် ဟုတ်လား”

“ဟုတ်တယ်ဗျ၊ မြေကြီးကနေ နှစ်တောင်
လောက်ကို မြောက်နေတာ၊ လူတွေကတော့
ဆင်းပြေးကုန်ကြပြီ၊ ဒါပေမဲ့ ကိုအာလူး ဆင်း
လာတာ မတွေ့လို့ ဝိုင်းခေါ်နေကြတာ ဆူညံ
နေတာပဲဗျာ”

“ကိုအာလူးက ဘာလို့ ဆင်းမလာတာတုံးကွ
အိပ်ပျော်နေလို့လား”

“မဟုတ်ဘူးဗျ ကိုကြီးတာတေရဲ့၊ ခေါ်လို့မရတဲ့
အဆုံး သူတို့ဝိုင်းမြောက်ဘက်က ကိုစိန်ညိုဆို
တဲ့ လူက အိမ်ပေါ်ကို ဖက်တက်ပြီး သွားကြည့်
တယ်။ လူတွေက ဝိုင်းအော်ကြတာ ဆူညံနေ
တာပါပဲဗျာ”

“ဘာတွေကို အော်ကြတာတုံးကွ”

“ဟဲ့ စိန်ညို သတိထား၊ သတိထား၊ အိမ်ကြီးလှုပ်
နေတယ်၊ တက်လို့မရရင် ပြန်ဆင်းခဲ့ဆိုပြီး အော်
နေတာဗျ။ ဟုတ်တော့လည်း ဟုတ်တယ်ဗျ၊ အိမ်
ကြီးကို အလယ်တည့်တည့်လောက်ကနေ ကြိုး
တစ်ချောင်းနဲ့ ဆွဲထားသလိုပဲဗျ။ ဟိုဘက်လည်
လိုက်၊ ဒီဘက်လည်လိုက် ဖြစ်နေတာ”

“ဒါနဲ့ နေပါဦးကွ၊ ကိုစိန်ညိုက ကိုအာလူးကို နှိုး
ပြီး ခေါ်လာရောလား”

“ကိုအာလူးက သေနေတာဗျ”

“ဟေ…ဘယ်လိုကွ၊ ကိုအာလူးက သေနေပြီ
ဟုတ်လား ကျောက်ခဲ”

” ဟုတ်တယ်ဗျ၊ ကိုစိန်ညိုက အောက်ကိုလှမ်း
ပြောလို့ ယောက်ျား နှစ်ယောက် သုံးယောက်
လှုပ်ယမ်းနေတဲ့ အိမ်ကြီးပေါ်ကို ဖက်တက်သွား
ကြပြီး ကိုအာလူးရဲ့အလောင်းကို ခဲရာခဲဆစ်
အောက်ကို ချလာကြတယ်။ အခု ကိုအာလူးအ
လောင်းက ဝိုင်းထဲက တန်းလျားပေါ်မှာဗျ။ လူ
တွေ အုံကြည့်နေတယ်”

“ကဲ လာကွာ၊ သွားကြည့်ရအောင်”

ကျုပ်က အမေနဲ့ အဘကို အကျိုးအကြောင်းပြော
ပြီး ကျောက်ခဲနဲ့ ရွာမြောက်ပိုင်းကို ထွက်လာခဲ့
တယ်။ဟုတ်ပါ့ဗျာ။ ကိုအာလူးတို့ဝိုင်းထဲမှာ လူမှ
အုံနေတာဗျို့။ ကျုပ်ရောက်တော့ သူကြီးတောင်
ဝိုင်းထဲက ထွက်သွားပြီ။ ဆယ်အိမ်ခေါင်းတွေနေ
ခဲ့တယ်။ ရာအိမ်မှူးနှစ်ယောက်တော့ သူကြီးနဲ့
ပါသွားတာ တွေ့လိုက်တယ်ဗျ။

“ငါတော့ မသင်္ကာဘူးကွ မောင်ကံရ၊ အာလူးသေ
တာ ပုံမှန်မဟုတ်ဘူးလို့ထင်တယ်”

ကျုပ်က တန်းလျားပေါ်မှာ တင်ထားတဲ့ ကိုအာ
လူး အလောင်းကို ကြည့်လိုက်တယ်။ စောင်အ
နီကြားလေး လွှမ်းထားလို့ဗျ၊ ကျုပ်ကြည့်လိုက်
တဲ့အချိန်မှာပဲ ဆယ်အိမ်ခေါင်း ကိုကံက အုပ်
ထားတဲ့စောင်ကို ဖယ်ပြီး အလောင်းကို သေ
သေချာချာ စစ်ကြည့်တယ်ဗျ။

ဒီတော့မှ ကျုပ်က ကိုအာလူးအလောင်းကို မြင်
ရတာဗျို့။ ကျောက်ခဲလည်း အလောင်းကို မြင်
ရသေးပုံ မပေါ်ဘူးဗျ။ ကျုပ်ဘေးမှာ ကပ်ပါလာ
ပြီး အခုမှ ကြည့်တာ။

“ဟာ”

ကျုပ်ရော ကျောက်ခဲရော ပြိုင်တူအော်လိုက်
ကြတာဗျို့။ ကိုအာလူးရဲ့မျက်လုံးကြီးတွေက
ကြောက်စရာတစ်ခုခုကို တွေ့ပြီး တအား
ကြောက်သွားတဲ့ပုံဗျ။

ပါးစပ်ကြီးဟပြီး မျက်လုံးကြီးတွေ ပြူးထွက်နေ
တယ်။ ခေါင်းက ဆံပင်တွေတောင် ထိုးထိုး
ထောင်ထောင်ဖြစ်နေတဲ့ပုံပဲဗျ။ ဒီလူမသေခင်
တော်တော်ကို ကြောက်လန့်ပြီး သေသွားပုံပဲဗျို့။

ကျုပ်မြင်ဖူးသမျှ အလောင်းတွေထဲမှာတော့
ကိုအာလူးအလောင်းလောက် ကြောက်စရာ
ကောင်းတာမျိုး တစ်ခါမှကို မမြင်ဖူးပါဘူးဗျာ။
ဟာ ကျုပ် ခုမှ ကြည့်မိတာဗျို့။ ကိုအာလူးရဲ့
အလောင်းမှာ ဗိုက်ကြီးက ပြားချပ်နေပါရော
လားဗျ။ ဒါ ဘယ်လိုဖြစ်တာပါလိမ့်။

ကျုပ်လိုပဲဗျ။ ဆယ်အိမ်ခေါင်းတွေကလည်း အ
လောင်းရဲ့ဗိုက်ကို ဖိပြီးစမ်းကြည့်နေကြတယ်။
နောက်တော့ ဆယ်အိမ်ခေါင်းတွေစုပြီး တိုးတိုး
နဲ့ မသင်္ဂြိုဟ်ခင် အလောင်းကို ဗိုက်ခွဲကြည့်ဖို့
ပြောနေကြတယ်။

မနက်မိုးမလင်းခင်ပဲ အလောင်းစင်လုပ်၊ အ
လောင်းကို ရေချိုးပေးဖို့ ဆယ်အိမ်ခေါင်းတွေ
က ဝိုင်းနောက်ဘက်ကို သယ်သွားတယ်။ လူ
တွေကို တစ်ယောက်မှမလိုက်ရဘူးဆိုပြီး တား
ထားလိုက်တယ်။

“တာတေ၊ မင်းလိုက်ခဲ့၊ မင်းက အတွေ့အကြုံ
ရှိတယ်”

ကိုကံက ကျုပ်ကို ခေါ်တာနဲ့ ကျုပ်အသာလိုက်
သွားလိုက်တယ်ဗျ။ ဝိုင်းနောက်ဘက်ရောက်
တော့ တန်းလျားဟောင်းတစ်လုံးပေါ်မှာ ကို
အာလူးရဲ့ မျက်လုံးကြီးတွေပြူးပြီး ပါးစပ်ကြီး
ဟနေတဲ့ အလောင်းကို တင်လိုက်ကြတယ်။

ပြီးတာနဲ့ ရေချိုးဖို့ အဝတ်အစားတွေ ချွတ်တယ်။
ပြီးတော့ စတိသဘော ရေနှုတ်မှုတ် သုံးမှုတ်
လောင်းလိုက်ကြတယ်။ ပြီးတာနဲ့ အသင့်ပါလာ
တဲ့ ဓါးလေးနဲ့ ကိုကံက အလောင်းရဲ့ဗိုက်ကို ခွဲ
လိုက်တယ်ဗျ။

“ဟာ”

ဗိုက်ထဲမှာ အူတွေ၊ အသည်းတွေ၊ နှလုံးတွေ
ဘာမှကို မရှိတော့ဘူးဗျို့။ ဟောင်းလောင်းကြီး
ဗျာ၊ ဗိုက်က အခွံကြီးပဲ ရှိတော့တာဗျ။

“ကဲ ငါမပြောဘူးလားကွ၊ မောင်ကံရ၊ ကဲ မြန်
မြန်ပြန်ချုပ်လိုက်တော့ ”

သူတို့ဖွက်ယူလာတဲ့ အပ်ချည်ကြိုးအနက်နဲ့ ဗိုက်
ကို မြန်မြန်ပြန်ပြီး ချုပ်လိုက်ကြတယ်။ သွေးဆို
တာ တစ်စက်တောင် မရှိဘူးဗျ။ အရုပ်ကြီးတစ်
ရုပ်ကို ခွဲလိုက်သလိုပဲ။ ဗိုက်ကို ပြန်ချုပ်ပြီး အ
ဝတ်အစား ပြန်ဝတ်ပြီး ဝိုင်းရှေ့ကို ပြန်သယ်
လာကြတယ်။ အလောင်းစင်ပေါ်မှာ အလောင်း
ကို သေသေချာချာ ပြင်ပေးပြီး ထုံးစံအတိုင်း
ကန်တော့ပွဲပြင်တယ်။ အလောင်းရဲ့ခေါင်းရင်း
မှာ ဖယောင်းတိုင် ထွန်းလိုက်တယ်။

ပြောရဦးမယ်ဗျ။ ကိုအာလူးဆိုတာက အသက်
သုံးဆယ်ကျော်လောက် ရှိပြီ။သူ့မိဘယာမှာပဲ
လုပ်ကိုင်နေတာဗျ။ အိမ်ထောင်လည်း မပြုဘူး။
လူက ခပ်ရိုးရိုးပဲ နေတာပါ။ ဒါပေမဲ့ ကိုအာလူးမှာ
ဝါသနာတစ်ခုတော့ ရှိတယ်ဗျ။ ယုန်လိုက်တော့
တော်တော်ဝါသနာပါတယ်။သူ့မှာ ယုန်လိုက်တဲ့
ခွေးကောင်းနှစ်ကောင် ရှိတယ်။ တစ်ခါ တစ်ခါ
ခွေးနှစ်ကောင်ခေါ်ပြီး ယုန်လိုက်တတ်တယ်။

ကိုအာလူး ယုန်လိုက်ရင် မရတဲ့အခါ မရှိဘူးဗျ။
ကျုပ်က လေထဲမှာ ကြိုးနဲ့ဆွဲထားသလို ဖြစ်နေ
တဲ့ အိမ်ကြီးကို သေသေချာချာ ကြည့်နေတာဗျ
သူများတွေလည်း ကျုပ်လိုပဲ ကြည့်နေကြတယ်။
ကြည့်ဆို ထူးဆန်းနေတာကိုဗျ။

မြေကြီးထဲမှာစိုက်ထားတဲ့ အိမ်တိုင်တွေက မြေ
ကြီးထဲကနေကျွတ်ထွက်ပြီး မြေကြီးပေါ်မှာ နှစ်
တောင်လောက်ကို လွတ်နေတာဗျ။ ပြီးတော့
အိမ်ကို ကြိုးနဲ့ချည်ပြီး ချိတ်ထားသလို လေထဲ
မှာ မြောက်နေတာ။ လေပြင်းပြင်းတိုက်ရင် အိမ်
ကြီးက လေထဲမှာ လှုပ်စိလှုပ်စိနဲ့ ယမ်းနေတယ်
ဆယ်အိမ်ခေါင်းတွေက ရွာထဲမှာ ညထဲက ကင်း
ချထားလိုက်တယ်။ ထူးတာတွေ့ရင် သံချောင်း
ခေါက်ဖို့လည်း မှာထားကြတယ်။

ခေါင်းမသွင်းခင် အလောင်းကို ဘယ်သူမှ ကြည့်
ခွင့်မပေးတော့ဘူး။ ဟုတ်တော့ ဟုတ်တယ်ဗျ။
ဝိုင်းနောက်မှာ ရေချိုးနေတုန်းကတည်းက ကျုပ်
ကြည့်နေတာ။ ကြည့်ရင်းနဲ့ကို ကြောက်စရာ
ကောင်းလာတာဗျ။ ကိုအာလူးက နဂိုကတည်း
က သွားလည်း နည်းနည်းခေါတော့ မျက်လုံးကြီး
တွေ ပြူးထွက်နေပြီး ပါးစပ်ကြီးက ကြောက်လွန်း
လို့ အော်နေတဲ့ ပါးစပ်ကြီးဗျ။

ဟလို့။ ပြီးတော့ လူဆိုတာ သေပြီးသွားရင် နှုတ်
ခမ်းတွေ ဘာတွေ တိုတက်သွားတာလေဗျာ။ ဒီ
တော့ ကိုအာလူးရဲ့ခေါနေတဲ့ သွားတွေက ပိုခေါ
ထွက်လာတော့ ဗြုန်းစားကြီး မြင်လိုက်ရရင် လူ
တိုင်း လန့်သွားမယ့်ပုံပဲဗျို့။ ဒါကြောင့်လည်း
ဆယ်အိမ်ခေါင်းတွေက အလောင်းကို ကြည့်
ခွင့်မပေးတော့တာဗျ။

နောက်တစ်နေ့ရောက်တော့ ဆယ်အိမ်ခေါင်း
တွေက လူစုပြီး အိမ်ကို ပြန်ဆွဲချဖို့ လုပ်ကြ
တယ်။ အိမ်ကို ကြိုးလုံးကြီးကြီးနှစ်ချောင်းနဲ့
အိမ်ထဲကနေပြီး သိုင်းလိုက်တယ်။ ပြီးတာနဲ့
လူစုပြီး အောက်ကို ဆွဲချကြရောဗျို့။

ဟာ အိမ်ကြီးက ဟိုဘက် ဒီဘက် တအားကို
ယမ်းခါနေတော့တာဗျို့။

“ဟေ့ တော်ကြတော့၊ မဆွဲကြနဲ့တော့၊ ဟာ၊
ဟာ၊ မြင့်တက်သွားပြီးဟေ့၊ ရပ်တော့ ရပ်
တော့၊ ထပ်တက်သွားပြီ”

ကြောက်လန့်တကြားနဲ့ ဝိုင်းအော်ကြတာဗျ။ဟုတ်
တော့လည်း ဟုတ်တယ်ဗျို့။ အိမ်ကြီးကို ကြိုးနဲ့
သိုင်းပြီး ဆွဲချကြတာ။ အောက်ကိုနိမ့်မလာဘဲ
အပေါ်ကိုသာ ထပ်တက်သွားတယ်ဗျ။

“တာတေ၊ ဒါ ဘယ်လိုဖြစ်တာတုံး”

ဆယ်အိမ်ခေါင်းတွေ ကျုပ်ကို မေးတာဗျ။

“လေးလေးတို့ ဘာမှထပ်ပြီး မလုပ်နဲ့တော့ဗျ။
ဒီအိမ်ကို နောက်ထပ် အောက်ဆွဲချရင် အပေါ်
ကို ထပ်တင်ပေးလိုက်လိမ့်မယ်”

“ဟေ ဟုတ်လား၊ ဒါဆိုရင် ဒီအိမ်ကို တစ်
ယောက်,ယောက်က အပေါ်ကို ဆွဲထားတာ
လားကွ တာတေရ”

“ဟုတ်တယ်ဗျ၊ ဒါပေမဲ့ ဘယ်သူလုပ်ထားတာ
တုံး ဆိုတာတော့ ကျုပ်လည်း မသိနိုင်သေးဘူး၊
လေးလေးတို့ကို ကျုပ်တစ်ခုပေးမယ်ဗျာ၊ ဒီလို
အိမ်အကြီးကြီးတစ်လုံးကို အခုလို လေထဲမှာ
ချိတ်ဆွဲထားသလို လုပ်ထားတာ အရင်တုန်း
က လေးလေးတို့ မြင်ဖူးကြလား”

“ဟာ ဘယ်မြင်ဖူးမှာတုံး တာတေရ”

“ဒါ မဖြစ်နိုင်တာကို လုပ်ထားတာဗျ၊ ဘယ်သူ
မှ မလုပ်နိုင်တာမျိုးကို လုပ်ထားနိုင်တဲ့သူရဲ့အ
စွမ်းဟာ နည်းနည်းနောနော ဟုတ်ပါ့မလားဗျာ”

“အေးကွ၊ တာတေပြောတာ ဟုတ်တယ်၊ ဒါဆို
ရင် ငါတို့ ဘာဆက်လုပ်မတုံး”

“ဘာမှမလုပ်ဘဲ ဒီအတိုင်းထားဗျာ၊ ကိုအာလူး
အလောင်းကိုသာ မြေအမြန်ကျအောင် လုပ်
ပေတော့ လေးလေးရေ”

“အေး ညက ညဦးတည်းက ဆုံးတာဆိုတော့
ဒီနေ့ဆိုရင် နှစ်ရက်ရပြီပေါ့ကွာ။ မနက်ဖြန်
သုံးရက်ဆို သင်္ဂြ ိုဟ်မှာပဲလေကွာ”

ကိုကံက ပြောတော့ ကျန်တဲ့ ဆယ်အိမ်ခေါင်း
တွေလည်း သဘောတူကြတယ်။

“ကဲ ဒါဆိုရင် ဖိုးဝင်းရေ၊ ခေါင်းမြန်မြန်စပ်ခိုင်း
ကွာ၊ ပြီးတာနဲ့ ခေါင်းသာသွင်းထားလိုက်ကွာ”

“ဟုတ်ကဲ့ ကိုကံ၊ ကျုပ် ပျဉ်ပုတ်သွားဝယ်ခိုင်း
လိုက်တယ်၊ ရောက်တာနဲ့ တိုင်းထွာပြီး ခေါင်း
စပ်တော့မှာပဲ”

ကျုပ်လည်း အိမ်ပြန်လာခဲ့တယ်ဗျ။ ကျောက်
ခဲကတော့ မနက်အစောကြီးတည်းက ပြန်သွား
တာ။ ကျုပ်အိမ်ရောက်တော့ အမေတို့ အဘ
တို့တောင် ထမင်းစားတော့မလို့လုပ်နေကြပြီ။
ကျုပ်က ရေကပျာကယာချိုးပြီး အဝတ်အစား
လဲလိုက်တယ်။ ပြီးတော့ အဘတို့နဲ့ တစ်ခါ
တည်း ဝင်စားလိုက်တယ်။

အမေက မောင်မခေါ်ပဲလေး နှပ်ထားတာဗျ။
စားလို့ကောင်းပါ့ဗျာ၊အိနေတာပဲ။ အမဲခြောက်
ကို ရေစိမ်ပြီး အတုံးလေးတွေတုံး ခရမ်းချဉ်
သီးနိုင်နိုင် ချက်ထားတာလေးကလည်း ချဉ်
ချဉ်လေးဆိုတော့ ညက အိပ်ရေးပျက်နေတာ
နဲ့ အတော်ပေါ့ဗျာ။

ဗိုက်တင်းသွားတာနဲ့ အိပ်ရေးပျက်တာက ပြ
တော့တာပေါ့ဗျာ။ မျက်လုံးတွေလေးပြီး ပိတ်
ကျလာရောဗျို့။ ကျုပ်လည်း ထုံးစံအတိုင်း မန်
ကျည်းပင်အောက်ကသစ်သားကွပ်ပျစ်ပေါ်ကို
ရောက်လာတော့တာပေါ့ဗျာ။ဝါးဘိုးခြမ်းလေး
ပေါ်ကို ပုဆိုးဟောင်းလေး ခင်းပြီး လှဲချလိုက်
တာနဲ့ အိပ်ပျော်သွားတော့တာဗျို့။

အိပ်ပျော်ကာစမှာ တစ်ချက် တစ်ချက် ကိုယ်
ဟောက်သံကိုယ်ကြားပြီး လန့်လန့်အောင် နိုး
လာရောဗျာ။ ကျုပ်တောင်ပေါ်ကို တက်နေတာ
ဗျ။ ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး၊ ကို
အာလူးနဲ့ ကျုပ်နဲ့ဗျ။ ကိုအာလူးနဲ့ ယုန်လိုက်
အင်မတန်ကောင်းတဲ့ဆိုတဲ့ ခွေးညိုကြီးနှစ်
ကောင်လည်း ပါတယ်ဗျို့။

ခွေးတွေက အမဲလိုက်ခွေး ပီသပါပေရဲ့ဗျာ။
တရှူးရှူးနဲ့ အနံ့ခံနေကြတာဗျ။ မျက်လုံးတွေ
ကလည်း အရောင်လက်လက်နဲ့ဗျို့။ တောင်
ပေါ်ကို တက်လာလိုက်တာ တော်တော်ရောက်
လာတဲ့အထိ ယုန်တစ်ကောင်မှကို မတွေ့တာဗျ။

“ကိုအာလူး ခင်ဗျား အရင်တုန်းက ဒီတောင်ပေါ်
မှာ ယုန်လိုက်ဖူးလား”

“ဟေ့အေး မလိုက်ဖူးဘူးကွ၊ ဘာဖြစ်လို့တုံး
တာတေရ”

“ယုန်တွေရှိတဲ့ အရိပ်အခြေ မမြင်လို့ဗျ၊ ပြီးတော့
ဒါကို ဘာတောင်လို့ ခေါ်တုန်း”

“ခွေးမတက်တောင်လို့ ခေါ်တာပဲကွ”

“ဟင် ဟုတ်လား၊ ခင်ဗျားခွေးတွေကတော့ တက်
လို့ပါလားဗျ”

“အေးလေကွာ၊ ရှေးတုန်းက လူကြီးတွေက ဘာ
ရည်ရွယ်ချက်နဲ့များ ခေါ်ခဲ့တာလည်း မသိတာ”

ကျုပ်တို့ပြောနေတုန်းပဲ ရှိသေးတာဗျ။ ကိုအာ
လူးရဲ့ခွေးတွေက တုန့်ကနဲ ရပ်ပစ်လိုက်ကြတယ်

“ဟော ပြောရင်းဆိုရင်း ခင်ဗျားခွေးတွေ ရပ်လိုက်
ကြပြီ၊ ဆက်မသွားတော့ဘူး တွေ့လား ကိုအာလူး”

ကိုအာလူးက သူ့ခွေးတွေကို ချော့ခေါ်ကြည့်
တယ်။ ခွေးတွေကတော့ ရှေ့ဆက်ပြီးတော့
မသွားတော့ဘူးဗျ။ မသွားရုံတင် မဟုတ်ဘူး။
အမြီးတွေပါ ကုပ်နေကြတာဗျ။

“ကိုအာလူး ဒီကောင်တွေ ကျားနံ့တွေ ဘာတွေ
ရလို့လားမှ မသိတာ”

“ဟာ တာတေကလည်း ဒီတောတွေမှာ ကျားမှ
မရှိတာ”

ပြောပြောဆိုဆိုနဲ့ ကိုအာလူးက ရှေ့ကို ဆက်
သွားတယ်။ကျုပ်က သူ့နောက်က လိုက်တယ်။
ခြေသုံးလေးလှမ်းလောက်လှမ်းပြီးတော့ ကိုအာ
လူ ရှေ့ကို ဆက်မသွားတော့ဘဲ တုန့်ကနဲ ရပ်
လိုက်တယ်ဗျ။

“ဘာတွေ့လို့တုံး ကိုအာလူး”

“ရှေ့မှာ တောင်တစ်လုံးကွ”

ဟာ ဟုတ်သားပဲဗျ၊ ရှေ့မှာတောင်တစ်လုံး ရှိနေ
တာပဲ။ ဒါကြောင့် ခွေးတွေ ဆက်မသွားတာကိုး။

“ကိုအာလူး ခင်ဗျားပြောတဲ့ ခွေးမတက်တောင်ဆို
တာ ဒီတောင်ဖြစ်လိမ့်မယ်ဗျ၊ ဒါကြောင့် ခင်ဗျား
ခွေးတွေ ဆက်မတကိတော့တာဗျ”

“အေး ဟုတ်မယ်ကွ၊ ကဲ ခွေးတွေ ဒီမှာပဲ ထားခဲ့
ကွာ၊ မင်းနဲ့ငါ ဆက်တက်ကြရအောင် ရောက်ဖူး
တာပေါ့ တာတေရာ”

ကျုပ်နဲ့ ကိုအာလူး တောင်ပေါ်ကို ဆက်တက်
ကြတယ်။ သိပ်မတက်ရဘူးဗျ။ ခွေးမတက်
တောင်ပေါ်ကို ရောက်လာတယ်။ ဟာ တောင်
ထိပ်က သန့်ရှင်းနေတာပဲဗျာ။ မြေကြီးပေါ်မှာ
အမှိုက်တစ်စ မရှိဘူးဗျ။ သန့်ရှင်းပြီး ပြောင်
လက်နေတာပဲဗျာ။

“ကိုအာလူး ဒီတောင်ထိပ်မှာ ရသေ့တွေ ဘာ
တွေများ သီတင်းသုံးသလား မသိဘူးဗျ”

“ဟေ…ဘာဖြစ်လို့တုံးကွ”

“ကြည့်လေဗျာ၊ တောင်ထိပ်တစ်ခုလုံး အမှိုက်
သေသေချာချာ လှည်းထားတာဗျ”

“အေးကွ၊ မင်းပြောတာလည်း ဟုတ်တာပဲ။
တော်တော်တော့ ထူးခြားတဲ့ နေရာကွ”

ကျုပ်နဲ့ ကိုအာလူး ရသေ့ကျောင်းတွေ ဘာတွေ
များ တွေ့မလားဆိုပြီး လိုက်ရှာကြည့်ကြတာဗျာ။

“ဟာ…ဟိုမှာ ဟိုမှာ ကြည့်စမ်း တာတေ”

ကိုအာလူး လက်ညှိုးထိုးပြတဲ့နေရာကို ကျုပ်
ကြည့်လိုက်တော့ ပြောင်ရှင်းနေတဲ့ ကုန်းပြောင်
ပြောင်လေးပေါ်မှာ အိမ်ကလေးတစ်လုံးဗျ။အိမ်
က အမြင့်တစ်ပေလောက်ပဲ ရှိတာ။ ကလေး
တွေ ကစားတာမျိုးလည်း မဟုတ်ဘူးဗျ။

အိမ်အကြီးကြီး တစ်လုံး မဆောက်ခင် နာမူနာ
ပုံစံထုတ်ထားတဲ့ အိမ်လေးမျိုးဗျ။ ခေါင်းမိုးမှာ
လည်း စုလစ်မွန်းချွန်းတွေ ပါတယ်ဗျ။ သစ်သား
နဲ့ ဆောက်တာ။ နက်မှောင်နေတဲ့ သစ်သားဗျ။
အိမ်က အဆောင်ဆောင် အခန်းခန်းတွေနဲ့
အိမ်အကြီးကြီးကို အိမ်အသေးလေး ချုံ့ထား
တဲ့ ပုံမျိုးဗျာ။

“ဟား ဟား ဟား ဟား”

ကိုအာလူးက သဘောကျပြီး ရယ်တော့တာပဲ
ဗျာ။ ကျုပ်က မှင်တက်မိသလို ဖြစ်ပြီး ဘာမှကို
မပြောနိုင်တော့တာဗျ။

ကိုအာလူးက သူ့ခါးမှာ ထိုးထားတဲ့ ဓါးချွန်နဲ့ အိမ်ကလေးရဲ့တိုင်တွေကိုတူးပါလေရောဗျာ။
ကျုပ်လည်း ပါးစပ်က ဘာမှ မပြောနိုင်ဘဲ ငေး
ကြည့်နေမိတော့တာဗျို့။ ကိုအာလူးက အိမ်
လေးကို တူးပြီးတာနဲ့ ဆွဲမလိုက်တယ်။ အိမ်
လေးက အကိုက်ကို ကျွတ်ထွက်လာတာဗျို့။

“ဒီအိမ်လေးကွာ ချစ်စရာကောင်းလိုက်တာ
တို့ရွာက ကလေးတွေ ကြည့်ဖို့ အိမ်ယူသွား
ရမယ်ကွ”

လို့ ပြောပြီး အိမ်ကလေးကို သေသေချာချာ
ကြည့်ပြီး ပြုံးပြုံးကြီး လုပ်နေတယ်ဗျ။ ပြီးတော့
မှ ဘာစိတ်ကူးရသွားတယ် မသိပါဘူးဗျာ။ သူ့မှာ
ပါတဲ့ကြိုးနဲ့ အိမ်ကလေးကို ချည်တယ်။ ပြီးတော့
ပေါက်ပင်ကြီးတစ်ပင်ရဲ့ ကိုင်းကျနေတဲ့ ကိုင်းမှာ
ကြိုးကို ချည်လိုက်တယ်။ အိမ်ကလေးက လေ
ထဲမှာ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဖြစ်နေတော့တာ
ပေါ့ဗျာ။ ပြီးတော့မှ အိမ်ကလေးကို တံခါးတွေ
ဖွင့်၊ ပြတင်းပေါက်တွေ ဖွင့်ပြီး ပြောသဗျ။

“ငှက်ကလေးတွေ နေချင်ရင် နေ
လို့ရတာပေါ့ကွာ”

လို့ ပြောပြီး တောင်ပေါ်ကနေ ပြန်ဆင်းသွား
တယ်။ ကျုပ်လည်း သူ့နောက်က ကပ်ပြီးလိုက်
လာခဲ့တယ်။ ကျုပ်လည်း သူ့နောက်က ကပ်ပြီး
လိုက်လာခဲ့တယ်။ ကျုပ်ပါးစပ်ကတော့ စကား
တစ်ခွန်းမှကို ပြောလို့မထွက်တာဗျာ။

“တာတေ ထတော့လေ၊ နေတောင်စောင်းနေ
ပြီ၊ အကြာကြီး အိပ်လို့၊ နေထိုင်မကောင်း ဖြစ်
နေဦးမယ်၊ ထတော့”

အမေက နှိုးမှ နိုးသွားတာဗျ။ ဒီတော့မှ နေ့ခင်း
ကြောင်တောင်ကြီး အိပ်မက် မက်နေမှန်း ကျုပ်
သိသွားတာ။

ဒါပေမဲ့ အိပ်မက်က တော်တော်လေးကို ဆန်းနေ
တာဗျ။ ဘယ့်နှယ်ဗျာ၊ သေသွားတဲ့ ကိုအာလူးနဲ့
ကျုပ်နဲ့ ယုန်လိုက်သွားကြလို့တဲ့။ပြီးတော့ တောင်
ပေါ်မှာ ထူးထူးဆန်းဆန်း အိမ်ကလေး တစ်လုံး
တွေ့လို့တဲ့ဗျာ။ဟိုလူကလည်း လက်ဆော့လိုက်
တာ လွန်ပါရောလား။ အိမ်ကို မြေကြီးထဲက တူး
ယူပြီး သစ်ပင်မှာ ကြိုးနဲ့ ဆွဲထားခဲ့တယ်

ဟာ…ဒါ ..ဒါ တကယ်ဖြစ်တာထင်တယ်။ ကိုအာ
လူးတောထဲမှာ တကယ်လုပ်ခဲ့တာ ထင်တယ်။
ဒါကြောင့် သူတို့အိမ်ကြီး လေထဲမှာ မြောက်
တက်နေတာဖြစ်မယ်။ ဟာ ဒုက္ခပါပဲဗျာ။ ကိုအာ
လူး ကျုပ်ကို အိပ်မက်ပေးတာ ထင်တယ်ဗျ။ သူ
တစ်ယောက်တည်း ယုန်လိုက်သွားတော့ ဘာ
ဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ မသိတော့ ကျုပ်
ကို အသိပေးပြီး အကူအညီတောင်းတာဖြစ်မယ်။

ကျုပ် အိပ်နေရာကနေ ကပျာကယာထပြီး အဘ
ကို သွားမေးလိုက်တယ်။

“အဘ ခွေးမတက်တောင်ဆိုတာ ရှိလား”

“ဟာ ရှိတာပေါ့ကွ။ ကပ္ပလီစုကနေ ညောင်ဝိုင်း
ဘက်ကို နည်းနည်းဆက်လျှောက်ပြီး တောင်
ပေါ်တက်ရတာလို့ ပြောကြတယ်။ အဘတော့
တစ်ခါမှ မသွားဖူးဘူး ဘာဖြစ်လို့တုံး”

“ကိုအာလူးတို့ကိစ္စက အဲဒီတောင်ပေါ်မှာ ဖြစ်
ခဲ့ပုံရတယ် အဘရဲ့”

“အေးလေ၊ ဒီသူငယ်က ခွေးတွေခေါ်သွားပြီး
တောင်တွေပေါ်မှာ ယုန်လိုက်တတ်တယ် ပြော
တာပဲ၊ ဘာတွေများ လုပ်ခဲ့လို့တုန်းမှ မသိတာ။
သူတို့ အိမ်ကြီးကလည်း လေထဲမှာ မြောက်နေ
တယ်ဆိုတော့ တော်တော်ကို ဒေါသတကြီးနဲ့
လုပ်လိုက်တာပဲ လူလေးရေ”

“ဟာ ဒေါသဘယ်လောက်ကြီးနဲ့ လုပ်လဲဆိုရင်
ကိုအာလူးဗိုက်ထဲမှာ အူတွေ၊ အသည်းတွေ
ဘာမှကို မရှိတော့တာသာ ကြည့်လေ အဘ
ရာ”

ကျုပ် ကိုအာလူးအသုဘကို မသွားတော့ဘူးဗျ။
အိမ်မှာပဲ ငြိမ်ပြီး တွေးနေလိုက်တယ်။ ညကျ
တော့ ကျောက်ခဲ ရောက်လာတယ်။

“ဘယ်လိုလဲကွ ကျောက်ခဲ၊ ဘာထူးသေးလဲ”

“ဘာမှ မထူးတော့ပါဘူးဗျာ၊ အိမ်ကြီးကတော့
ဒီအတိုင်းပဲဗျ။ လေထဲမှာ တွဲလွဲကြီး ဖြစ်တုန်း
ပဲဗျ၊ ကိုကြီးတာတေရာ ဘာတွေသိပြီလဲ”

“သိတော့ သိပြီ ကျောက်ခဲရဲ့၊ ဒါပေမဲ့ မသေချာ
သေးဘူး၊ ငါ နေ့ခင်းက အိပ်ပျော်သွားတဲ့အချိန်
မှာ ကိုအာလူး ငါ့ကို အိပ်မက်ပေးတယ်။ သူ ဘာ
လုပ်ခဲ့တယ်ဆိုတာကို ပြတယ်ကွ၊ ဒါပေမဲ့ မသေ
ချာသေးဘူး။ တကယ်လို့ အဲဒီအိပ်မက်ထဲကအ
တိုင်း ဟုတ်တယ်ဆိုရင်တောင်မှ ငါ့သဘောနဲ့
ငါ မလုပ်ရဲဘူးကွ၊ ဒီကိစ္စဟာ ဘယ်လိုပုဂ္ဂိုလ်
မျိုးနဲ့ ပတ်သက်နေမှန်းကို မသိတာကွ”

“ဟာ ဟုတ်လား ကိုကြီးတာတေ”

ဒီကောင် ပါးစပ်လုံတယ်ဆိုတာတော့ ကျုပ်က
သိပြီးသားဗျ။ ဒါကြောင့်လည်း အရိပ်အမြွက်
လောက် ပြောပြလိုက်တာ။ ညရောက်တော့
ကျုပ်မှာ တော်တော်နဲ့ အိပ်မပျော်ဘူးဗျ။ ဒါနဲ့
အမေတို့ ထိုင်ပြီး စကားပြောနေတာ ညသန်း
ခေါင်ကျော်မှာပဲ အိပ်ဖြစ်တော့တယ်ဗျို့။

ကျုပ် မဖဲဝါရဲ့ ကိုယ်ပွားရုပ်ကလေးကို ထုတ်
ယူပြီး မဖဲဝါကိုအကြောင်းကြားလိုက်တယ်။

“မဖဲဝါ ကျုပ်တို့ရွာမှာတော့ တော်တော်ကို ထူး
ဆန်းတဲ့ အဖြစ်အပျက် ဖြစ်နေတယ်၊ကိုအာလူး
ဆိုတဲ့လူ ကြောက်စရာ ကောင်းအောင် အသေ
ဆိုးနဲ့ သေသွားတယ်၊ အူတွေ အသည်းတွေ
ထုတ်စားသွားတာဗျ၊ ပြီးတော့ ကိုအာလူးတို့
နေတဲ့ အိမ်ကြီးက မြေကြီးထဲကနေ ကျွတ်
ထွက်ပြီး လေထဲမှာ တစ်ခုခုနဲ့ ချိတ်ထားသ
လို တွဲလောင်းကြီး ဖြစ်နေလို့ဗျ။ ကျုပ်ဘာ
လုပ်ပေးရမယ်ဆိုတာ ပြောပြပါ၊ သင်္ချိုင်းရှင်
မကြီး မဖဲဝါ”

ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိတာနဲ့ ကျုပ် အိပ်ပျော်
သွားရောဗျာ။ အိပ်မက်ထဲမှာ မဖဲဝါကို မမြင်
ရဘူးဗျ။ လေတွေက တဟူးဟူး တိုက်နေတာ
ဘယ်နေရာမှန်းလည်း ကျုပ် မသိဘူး။ ကျုပ်
အဝတ်တွေဆိုတာလည်း တိုက်ထဲမှာ တ
ဖျတ်ဖျတ် လွင့်နေတာဗျ။ ကျုပ် ဆံပင်တွေ
တောင်လေ တိုက်ထဲမှာ လွင့်နေတာ။

“တာတေ ငါပြောမယ်၊ အာလူးဆိုတဲ့ကောင်
ခွေးမတက်တောင်မှာနေတဲ့ တစ္ဆေလေးရဲ့
အိမ်ကို မြေကြီးထဲကနေ တူးပြီး သစ်ကိုင်း
မှာ ကြိုးနဲ့ တွဲလောင်းဆွဲထားခဲ့တယ်။ အဲဒီ
အချိန်က တစ္ဆေလေး ခရီးသွားနေလို့ မသိ
လိုက်တာ။ မဟုတ်ရင် အဲဒီနေရာမှာတင် ပွဲ
ချင်းပြီးသွားမှာ။ တစ္ဆေလေးဆိုတာ သက်
တမ်း ထောင်ကျော် ရှိနေပြီ။

သူ့မှာရှိတဲ့ အစွမ်းတွေက တစ်ချို့နတ်တွေ
တောင် တုလို့မရဘူးဟဲ့ ကြားလား၊ နင့်အ
ကောင်က တကယ်ပုဂ္ဂိုလ်ကိုမှ သွားပြီး စော်
ကားမိတာကိုး။ တော်သေးတာပေါ့ တာတေ
ရာ၊ အာလူးတစ်ယောက်ပဲ သတ်လို့၊ တစ်
အိမ်လုံး သတ်သွားလည်း ငါက အံ့သြမှာ
မဟုတ်ဘူး”

“ဟာ ကျုပ်တို့ကို ကူညီပါ မဖဲဝါရယ် ကျုပ်တို့
ဘယ်လိုလုပ်ရမလဲ”

“အေး တစ္ဆေလေးက လူတစ်ယောက်ရဲ့ လက်
သန်းလောက်ပဲ ရှိတာ၊ ဒါပေမဲ့ သူ့အလိုရှိရင်
အိမ်လောက်ဖြစ်ဖြစ် တောင်လောက်ဖြစ်ဖြစ်
ဖန်ဆင်းနိုင်တယ်။ ခွေးမတက်တောင်ကြော
ကြီး တစ်ခုလုံးရဲ့ တောင်ပိုင်ကြီးက တစ္ဆေလေး
ပဲဟဲ့၊ နင်တို့ သိလား”

“ကျုပ်တော့ ဘာမှကို မသိတာပါဗျ”

“ဒါဆိုရင် ငါပြောမယ်၊ သုံးရက်အတွင်း နင်တို့
အရောက်သွား၊ တစ္ဆေလေးရဲ့ လျှို့ဝှက်ချက်
က အူတွေ အသည်းတွေ ကလီစာတွေ သိပ်
ကြိုက်တာ။ နင်တို့ အမဲအူ အသည်းကလီစာ
စုံအောင် ချက်ပြီး သွားကျွေးကြ။ ပြီးရင် အာ
လူးအစား နင်တို့ တောင်းပန်ကြ။ ချည်ထားတဲ့
တစ္ဆေလေးနေတဲ့အိမ်ကို သေသေချာချာယူပြီး
နဂိုနေရာမှာ ပြန်ပြီးတည်ပေးလိုက်၊ ပြီးတော့
သူ့အိမ်နဲ့ ဘေးပတ်ဝန်းကျင်ကို အမွှေးနံ့သာ
ဖျန်းပေး၊ လက်သမားခေါ်သွားခိုင်းတာက
အိမ်ကို သေသေချာချာ စရွေးကိုက်ပြီး ပြန်
တည်ဖို့ သိလား၊ သူ့အိမ်ကို ရွဲ့ရွဲ့စောင်းစောင်း
တည်ပေးလို့ကတော့ နင်တို့အကုန်လုံးကို
သတ်လိမ့်မယ် တာတေ၊ နင် ဦးဆောင်ပြီး
သေသေချာချာ လုပ်ပေးလိုက် ကြားလား”

“ဟုတ်၊ ဟုတ်ကဲ့ပါ၊ မဖဲဝါ၊ ကျုပ် လိုက်သွားပါ့
မယ်”

ကျုပ် လန့်နိုးလာတော့ အရုဏ်တောင် မတက်
သေးဘူးဗျ။ ဒါနဲ့ ကျုပ် ပြန်အိပ်လိုက်တယ်။ ကို
အာလူး အသုဘချပြီးလို့ နှစ်ရက်ကြာတော့
ကျုပ်နဲ့ ဆယ်အိမ်ခေါင်းသုံးယောက် လက်သ
မားကောင်းကောင်း နှစ်ယောက်ခေါ်ပြီး အမဲ
သားဟင်းအိုးကြီးကို ဝါးပိုးလုံးနဲ့ လျှိုထမ်းပြီး
ခွေးမတက်တောင်ကို တက်ခဲ့တယ်။

တောင်ပေါ်ရောက်တော့ ကျုပ်အိပ်မက်ထဲမှာ
တွေ့ရတဲ့ အတိုင်းပါပဲဗျာ။ ကိုအာလူး အိပ်မက်
ပေးဘူးတဲ့နေရာမှာ အိမ်ကလေးကို ကြိုးနဲ့ချည်
ပြီး ပေါက်ကိုင်းကြီးမှာ တွဲလွဲဆွဲထားတာကို
ကျုပ်တို့ တွေ့ရောဗျို့။

ကိုကံတို့ ဆယ်အိမ်ခေါင်းတွေလည်း ကျုပ်ပြော
ထားတာကို ကြိုသိနေကြတာဆိုတော့ အခုလို
မြင်လိုက်ရတဲ့အချိန်မှာ တော်တော်ကို အံ့သြ
သွားကြတာဗျို့။ လက်သမားဆရာနှစ်ယောက်
က သစ်ပင်မှာ တွဲလောင်းဆွဲထားတဲ့ အိမ်က
လေးကို ဖြုတ်ချပြီး နဂိုနေရာက တိုင်ပေါက်က
လေးတွေမှာ တိတိပပလေး စွပ်ချပြီး ရွဲ့စောင်း
မနေအောင် သေသေချာချာ တိုင်းထွာကြတယ်
ဗျ။ ပြီးတော့မှ အိမ်ကလေးကို ခိုင်နေအောင်
မလှုပ်အောင် ပြန်လုပ်ပေးကြတယ်။

ကျုပ်စိတ်ထင်တော့ တစ္ဆေလေးကို မဖဲဝါက
ကြိုတင်ပြီး တောင်းပန်ထားတဲ့ပုံဗျ။ ကျုပ်တို့
လာမယ်ဆိုတာကိုလည်း တစ္ဆေလေး ကြိုသိ
နေတယ်ထင်တယ်။ ဒါကြောင့် ကျုပ်တို့ကို
ဘာမှ မလုပ်ဘဲ ကြည့်နေတာဖြစ်မယ်။

အိမ်ကို ကျကျနန ပြန်ဆောက်ပေးပြီးတော့မှ
ကျုပ်တို့ယူလာတဲ့ အမဲကလီစာ ဟင်းအိုးကို
အဖုံးဖွင့်ပြီး ကျွေးလိုက်တယ်။

“ခွေးမတက်တောင်ပိုင်ကြီး တစ္ဆေလေးခင်ဗျာ။
ကျုပ်တို့ ရွာသား ကိုအာလူးရဲ့ မသိမှု မိုက်မဲမှု
တွေအတွက် ကျုပ်တို့ရွာသား အားလုံးက တ
စ္ဆေလေးကို တောင်းပန်ပါတယ်ဗျာ။ ကျုပ်က
မဖဲဝါရဲ့မိတ်ဆွေ တာတေပါ၊ တစ္ဆေလေးကြိုက်
တဲ့ အမဲကလီစာများကို တစ္ဆေလေးစားဖို့ ယူ
ဆောင်လာပါတယ်၊ ပျော်ပျော်ကြီး စားပါ
တစ္ဆေလေးဗျာ”

ကျုပ်က မျက်ကွင်းဆေးကွင်းထားတော့ မြင်ရပြီ
ပေါ့ဗျာ။ ဟုတ်ပါ့ဗျာ။ လက်သန်းလောက်ကလေး
ရှိတာဗျ။ သူ့အိမ်ကဘေးကို တံခါးဖွင်ပြီး ထွက်
လာတာ။

“တစ္ဆေလေးဗျာ ထနောင်းကုန်းရွာသားတွေက
အမိုက်အမဲ အာလူးအစား တောင်းပန်ပါတယ်
တွဲလောင်းဆွဲထားတဲ့ အိမ်ကြီးကို ပြန်ချပေးပါ
ဗျာ၊ မဖဲဝါရဲ့မိတ်ဆွေ ကျုပ် တာတေက တောင်း
ပန်ပါတယ်ဗျာ”

ဟော တစ္ဆေလေးက ခေါင်းမှာ ဦးထုပ်အနီလေး
ဆောင်းထားတာဗျ။ သူ့ခေါင်းက ဦးထုပ်ကလေး
ကို ချွတ်ပြီး ကျုပ်ကို ဝှေ့ပြတယ်။ ပြီးတော့ ပြန်
တော့ဆိုတဲ့ ပုံစံမျိုး လက်ဟန်ပြတယ်ဗျ။

ကျုပ်လည်း ကိုကံတို့ ဆယ်ခေါင်းတွေကို လက်
ကုတ်ပြီး သုတ်ခြေတင်ခဲ့ကြရောဗျို့။ရွာပြန်ရောက်
တော့ ရွာထဲမှာ ကျွက်စီ ကျွက်စီ ဖြစ်နေတယ်ဗျ။
ဘာဖြစ်ကြပြန်ပြီလဲလို့ စုံစမ်းလိုက်တော့ ကိုအာ
လူးတို့ အိမ်ကြီး နဂိုအတိုင်း ပြန်ဖြစ်သွားလို့ဆိုပြီး
သွားကြည့်နေကြတာတဲ့ဗျို့။

ဒီတော့မှ ကိုကံရော ဆယ်အိမ်ခေါင်းတွေရော
လက်သမားဆရာနှစ်ယောက်ရော ပြုံးနိုင်ကြ
တော့တာပေါ့ဗျာ။

ကျုပ် အိမ်ပြန်ရောက်တော့ နေတောင် အတော်
စောင်းပြီဗျ။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ တာတေ