ဗိုလ်ကျနေတဲ့ ကလေးဗိုလ်ပေါ့ဗျာ။ မိညှက်က သိုက်ကလာတယ်ဆိုပေမယ့် ဘာသိုက်ကမှန်းလည်းမသိ၊ ဘာမှလည်းမသိရဘူးပေါ့ဗျာ၊ ကျုပ်တို့ဆိုရင် “ဟဲ့ မိညှက်၊ နင်က နဂါးသိုက်ကလာတာတော့မဖြစ်နိုင်ဘူး၊ ဖြစ်ချင်းဖြစ် တီကောင်သိုက်ကလာတာဖြစ်မှာ” လို့ပြောပြီး စaနောက်ကြတာပေါ့ဗျာ၊ ကျုပ်တို့လည်း သိပ်မယုံဘူးပေါ့၊ ဒီလိုနဲ့မိညှက်နဲ့ သိုက်နဲ့ပြန်တွေ့ကြပါရောဗျာ။ (၃) ကျုပ်တို့ရွာနဲ့ အတော်လှမ်းတဲ့နေရာမှာ မှော်တောရွာဆိုတာရှိတယ်ဗျ၊ တောင်ခြေရွာကလေးတစ်ရွာပါဗျာ။ အဲဒီမှော်တောရွာရဲ့အနောက်ဘက်မှာ နတ်မှော်တောင်ဆိုတဲ့ တောင်ကြီးတစ်လုံးရှိတယ်ဗျ၊ အဲဒီနတ်မှော်တောင်မှာ သခင်မတစ်ပါးရှိတယ်၊ တောင်အတက်တစ်နေရာက ကုန်းကမူလေးအပေါ်မှာ နတ်စင်လေးထိုးပြီး ကိုးကွယ်ကြတာပေါ့ဗျာ၊ သုံးနှစ်တစ်ခါဆိုသလို အဲဒီနတ်မှော်သခင်မကို ပူဇော်တဲ့ပွဲ ကျင်းပတယ်ဗျ၊ သခင်မကို ပူဇော်တဲ့ပွဲကျရင် ကျုပ်တို့ရွာနီးချုပ်စပ်က ...
သော် ခွေးအသားမှ ထွက်သည့်အနံ့အားမခံနိုင်၍ ယခုလိုသပ်သပ်စီခွဲထားရဖြင်းဖြစ်သည်။ ================= “စိန်မြင့်ရေ အရက်နှစ်ပုလင်းဟေ့” “အေးအေး ရမယ်” “ဟေ့ ဘခက် ဆိုင်ထိုင်ပြီးမသောက် ဘူးလားကြ ” “မသောက်တော့ဘူး မင်းနိုင်ရေ အိမ်မှာပဲခွေးသားနဲ့မြည်းပြီး အေးဆေးဇိမ်ယူတော့မယ် ” “ငါ့တို့ဖို့ ခွေးသားနည်းနည်းလောက် ပေးပါဦး ဘခက်ရ ” “စားချင်အိမ်လာခဲ့ကွာ ဒီမှာကြ ဟိုလူချန်မကောင်း၊ဒီလူချန်မကောင်းနဲ့မလို့ မင်းစားချင် ငါ့အိမ်လာစားလှည့်ကွာ ” “အေး ဒါဖြင့်ရင် ငါနောက်နေ့လာခဲ့မယ်ကွာ” “အေးလာခဲ့ လာခဲ့” “ရော့ ဘခက်အရက်နှစ်လုံး” “ရော့ ပိုက်ဆံ” “ဘခက်မင်းလည်းလျှော့သောက်ဦးဟ ...
အခြေအနေကိုကြည့်ရသေးတယ်။ ဦးဘသာကြီးကလည်း ရွာကလူတွေ သူ့ကိုအဖက်မလုပ်တာသိလို့ထင်ပါရဲ့ဗျာ၊ မိုးလင်းမိုးချုပ် တောစပ်ကိုနွားအုပ်တွေမောင်းသွင်းပြီး တောထဲမှာပဲ နေတော့တာ၊ ညနေ နွားရိုင်းသွင်းချိန်ရောက်မှ နွားတွေကိုပြန်မောင်းသွင်းလာတာပေါ့၊ ဒီလိုနဲ့ ဦးဘသာကြီးနဲ့ကျုပ်နဲ့ နှစ်လလောက် ခပ်တန်းတန်းဖြစ်နေတာပေါ့ဗျာ။ ပဲရိုး၊ ပဲခက်တွေကို ကျုပ်တို့က မီးရှို့တယ်ဆိုပေမယ့် ဦးဘသာကြီးကတော့ နည်းနည်းစိမ်းတာလေးတွေကို နွားတွေကိုကျွေးတာပေါ့၊ ခြောက်သွားတဲ့ဟာတွေကိုတော့ မြေဩဇာလုပ်တယ်ဗျ၊ အဖေကလည်း တွန့်တိုတဲ့သူမဟုတ်ပါဘူး၊ နောက်ပြီး ပဲရိုးတွေကို တကူးတကယူတယ်ဆိုတော့ အမှိုက်ရှင်းပေးသလိုဖြစ်နေတော့ ကျေးဇူးတောင်တင်ရအုံးမယ်မဟုတ်လားဗျာ။ ဦးဘသာကြီးက ယာခင်းထဲ ပဲဆွတ်တဲ့နားမှာ ပုံထားတဲ့ ပဲရိုးတွေကို ကောက်ဆွကြီးနဲ့ ထိုးထိုးပြီး သူ့လှည်းပေါ်ကိုတင်နေတယ်၊ ကျုပ်လည်း ...
ဝါးဘိုးခြမ်းကလေးအုပ်လိုက်ပြီး လှဲချလိုက်တယ်။ ဒါ တာတေ့စည်းစိမ်ပေါ့ဗျာနော့။ ကျုပ် အိပ်ပျော်သွားလိုက်တာဗျာ။ နေ့ခင်းကြောင်တောင်ကြီးမှာ အိပ်မက်တွေ ဘာတွေမက်လို့ဗျ။ အိပ်မက်ထဲမှာ ကျုပ်ကို ဓါးမြတိုက်နေတာဗျ။ ဓါးမြက ကျုပ်ကို သေနတ်နဲ့ ချိန်လို့ဗျ။ ကျုပ်ကလည်း ကြောက်ကြောက်လန့်လန့်နဲ့ အိတ်ကပ်ထဲ ရှိသမျှငွေတွေ အကုန်ပေးလိုက် ဖို့ စိတ်ကူးနေတာဗျ။ အိတ်ထဲကို လက်နှိုက်ပြီးဆွဲထုတ်လိုက်တော့ … “ဟာ နှစ်ကျပ်ခွဲပဲ ရှိတာပါလား” အိပ်မက်ထဲမှာတောင် ကျုပ် လန့်ပြီး ပြောလိုက်တာဗျ။ ဓါးမြတော့ ကျုပ်ကို စိတ်ဆိုးတော့မှာပဲ။ ငွေကလည်း ဒါပဲပါတယ်။ ဘယ်လိုပြောပြရဲပါမလဲလို့ အိပ်မက်ထဲမှာ ...
ထဲဝင်ပြီးအိမ်တိုင်ခုတ် နေတယ်ကွ။ တို့ဘထွေး ကိုတင်ကြည်ကအိမ်တိုင်တစ်စုံမှာလို့ ဖိုးထောင်ကသူ့လူတွေနဲ့တောထဲဝင်သွားတာ နှစ် ရက်ရှိ ပြီကွ” ကျူပ်တိုရွာက အလယ်ရိုးမနဲ့ သုံးမိုင်လောက်ပဲဝေးတာဗျ ။ အစ်မညှက်ယောကျာၤး ကိုဖိုးထောင္က သူအဖေပေးခဲ့တဲ့ ယာကလေးလည်းလုပ်တယ်။ အားတဲ့အချိန်တောင်ပေါ်တက်ပြီးအိမ်တိုင်တို ခြံတိုင်တို ခုတ်ပြီးရောင်းတယ်ဗျ။ သူအဖေဘိုးအောင်သိန်း လက်ထက်ကတည်းက ဒီအတိုင်းပဲ လုပ်ခဲ့တာ။ သစ်ခုတ်ဝါးခုတ်အားကြီးကျွမ်းကျင့်တယ်။ ကျူပ်လည်း ကိုသာဆန်းနဲ့လိုက်ခဲ့တာ။ ကိုဖိုးထောင်တို့ဝိုင်းနားရောက်တော့လူကိုအုံနေတာပဲဗျာ။ ရွာထဲမှာလူတောင်ကျန်သေး ရဲ့လားလို့တောင် ထင်ရတယ်။ “ဟော တာတေ လာပြီဟေ့” တစ်ယောက်ကအော်လိုက်တော့ လူတွေကကျူပ်ကို လှည်ကြည့်တယ်။ ကျူပ်ကိုလူတွေက ပယောဂဆရာများ ထင့်နေရော သလားဗျာ။ ...
ယောက်ကတော့ရောက်မလာခဲ့ချေ စိုးမင်းက ဇော်ကြီးနားကပ်လာပြီးတော့ “ဇော်ကြီး မင်းထွန်းကျော်ကိုတွေ့မိသေးလား” “အေးကွ ဒီနေ့ထွန်းကျော် လာတာငါလည်းမတွေ့မိဘူး ဒီကောင် ဘယ်တွေလျောက်သွားနေလဲမသိဘူး ငါ့မင်္ဂလာဆောင်တောင်မလာဘူး”ဆိုပြီးစိတ်မကောင်းစွာနဲ့ပြောလေသည် ဒီလိုနဲ့မင်္ဂလာပွဲကပြီးဆုံးသွားပါတယ် ထွန်းကျော်တယောက်ကတော့ မြေနီကုန်းရွာကိုသွားနေပါတယ်မြေနီကုန်းရွာက လူမိုက် အောင်ဒင်တို့ဆီရောက်တော့ “ကိုကြီးအောင်ဒင် ” “ဟာ ဘယ်သူလဲလို့ ထွန်းကျော်မင်းပါလား မလားစဖူးနဲ့ အကြောင်းတခုခုတော့ရှိရမယ် ငါဘာကူညီပေးရမလဲ” “ကိုကြီးသာဒင်တို့ ကတော့ ချက် ဆိုနားကမီးတောက်ပြီးသားဘဲဗျာ ဟုတ်တယ် ကိုကြီးသာဒင်ရေကျတော်တို့ရွာက ဇော်ကြီးက ကျတော်ကောင်မလေးကို ကျတော်ဆီကလုသွားတယ်ဗျာ” “အယ့်တော့ ငါကအယါ့ကောင်ကိုဘာလုပ်ပေးစေချင်တာလဲ” “အယ့်ကောင်မရှိမှ ကျတော်ကထွေးမြကိုအပိုင်ရမှာဗျ ဒီလောကထဲမှာဒီကောင်မရှိလေကောင်းလေဘဲဗျ” “ကိစ္စ ပြီးအောင်လုပ်ပေးမယ် ...
သည်။ ထို့နောက်ဒေါ်စန်းရီလည်း ဆရာတော်အား ထိုင်ကန်တော့လိုက်သည်။ ထိုအခါ ဆရာတော်မှ… ” အခုလို လှူဒါန်းရသောဆွမ်းအကျိုးကျေးဇူးကြောင့် သက်ရှည်၊အဆင်းလှ၊ချမ်းသာ၊ဗလ၊ဉာဏ်ပညာဟူသော ဆွမ်းအကျိုးငါးပါးတို့ကိုမတောင်းပဲ ပြည့်ပါစေကွယ် ” ” ပေးတဲ့တဲ့ဆုနဲ့ပြည့်ပါရလို၏ဘုရား. ” ထို့နောက် ဒေါ်စန်းရီလည်း အိမ်ထဲသို့ပြန်ဝင်လာလိုက်သည်။ ဒေါ်စန်းရီတွင် သားတစ်ယောက် သမီးတစ်ယောက်ရှိလေသည်။ သားကြီး၏နာမည်မှာ တာနောဖြစ်ပြီး သမီးငယ်နာမည်မှာ မြတ်နိုးဖြစ်သည်။ ဒေါ်စန်းရီ၏ခင်ပွန်းမှာ ဦးလှမောင်ဖြစ်ပြီး မြတ်နိုးလေး ၁၂နှစ်သမီးလောက်တွင် ပိုးထိ၍ ဆုံးသွားလေသည်။ ဒေါ်စန်းရီတို့မိသားစုတို့သည်လည်း ရေလဲဆိုသည့်ကျေးရွာလေးမှာ နေထိုင်ကြသည်။ လူချမ်းသာစာရင်းထဲ၌ မပါသော်လည်း ပြေပြေလည်လည် နေနိုင်စားသောက်နိုင်ကြသည်။ ဒေါ်စန်းရီသားကြီး ...
မြင်တွေ့ခဲ့ရသည်။ အိတ်ကြီးအတွင်း၌ မည်သည့်ပစ္စည်းများစွာ ပါလာသနည်းဟု ဇနီးဖြစ်သူ မမိဆုမှာမသိရှိခဲ့သေးပေ။ သို့နှင့်ဦးဌေးလွင်မှာ အိတ်ထုတ်ကြီးကိုပင် ဖြီလိုက်သည်နှင့် အိတ်ထုတ်ကြီးအတွင်း၌ ထုတ်လာခဲ့သည်က စံပါးကြီးမြွေကြီးတစ်ကောင်ပင် ဖြစ်နေလေခဲ့သည်။ ရုတ်တရက်ဖြစ်သော်ကြောင့် မမိဆုသည်လည်း လန့်သွားခဲ့လေ၏။ မြွေကြီး၏အရွယ်စားမှာ လုံးပတ်အားဖြင့် သုံးလက်မကျော်ကျော်နှင့် အရှည်အားဖြင့် ရှစ်ပေကျော်မျှရှည်လျားပြီး လွန်စွာကြီးမားလေခဲ့သည်။ ဦးဌေးလွင်ဟာ ထိုကဲ့သို့သော် မြွေမျိုးကိုမူ ကြောက်လန့်ဖို့ရာမဆိုနှင့် ရပ်ကွက်အတွင်း၌ ရေမြွေမှအစ၊ မြွေပွေးကဲ့သို့သော် မြွေဆိုးများတွေ့ရှိပါက လိုက်လံဖမ်းစည်းတတ်သည်မှာ ဦးဌေးလွင်၏ ဝါသနာကြီးတစ်ရပ်ပင်ဖြစ်လေသည်။ စံပါးကြီးဟူသော မြွေအမျိုးစားမှာ ပေါက်တတ်သည့် မြွေမျိုးစားမဟုတ်၊ ထိုမြွေမှာ သူ၏ခန္ဓာကိုယ်ဖြင့် အရွယ်အစားကြီးမားသော၊ ...
လည်း လှေတစ်စီးနဲ့ပဲဗျ။ လှော်တက်နဲ့ ရေကို ဖြန်းကနဲရိုက်လိုက်ရင် သူ့ဘဲအုပ်က သူလိုချင်တဲ့ဘက်ကို ကူးကြရောဗျို့။ ချောင်းဘေးက လတာပြင်ထဲမှာတော့ င ပျံတွေဆိုတာ တဖျတ်ဖျတ်ခုန်နေတာဗျို့။ ဂဏန်းနီနီလေးတွေကလည်း လတာထဲမှာ ဟိုပြေး ဒီပြေးနဲ့ဗျ။ အဲဒီလတာပြင်ထဲမှာ ငါး မြွေထိုးချိတ်နေတဲ့ လူတွေလည်း ရှိသဗျ။ ငါးမြွေထိုးချိတ်ဆိုတာက တံဇဉ်အကျိုးနဲ့ လုပ်ထားတဲ့ သံပြားကောက်ကောက်ကလေးပေါ့ဗျာ။ ဝါးလုံးတစ်လံသာသာလောက် ထိပ်မှာ အဲ ဒီချိတ်ကောက်ကို တပ်ထားတာဗျို့။ ပြီးရင်အဲဒီဝါးလုံးကို လေထဲမှာ လွှဲလွှဲပြီး လတာထဲက ငါးမြွေထိုးကို ချိတ်ရတာဗျ။ ငါးမြွေထိုးက ကောက်ထားတဲ့ သံချိတ်ကလေးမှာ ...
သူမအား ပြုစားထား၍ သရဲတစ္ဆေနှင့် အသေသတ်ခိုင်းနေခြင်းပင်ဖြစ်သည်ဟု ဒေါ်မြင့်မြင့်စန်းမှာမူ သိရှိနေခဲ့ရသည်။ ထိုတင်မက အပြင်သို့သွားသည့်အခါတွင်လည်း သူမအနားတွင် တစ်ဦးတစ်ယောက် လိုက်ပါလာသည့်အတိုင်း ခံစားနေခဲ့ရလေသည်။ နေအိမ်တွင် တစ်ယောက်တည်းရှိနေချိန်၌လည်း သူမနှင့်အတူ တစ်ဦးတစ်ယောက် အတူရှိနေခဲ့သည်ဟု ခံစားနေရခါ ကြောက်ရွှံ့စိတ်နှင့် စိတ်ဆင်းရဲကြီးစွာ ဖြစ်နေခဲ့ရပေသည်။ ထိုကဲ့သို့အဖြစ်ပျက်များကြောင့် ခင်ပွန်းသည် ဦးလှငွေသည်လည်း ကားမောင်းမထွက်နိုင်၊ ဇနီးဖြစ်သူ၏အနားတွင် နေထိုင်ပေးနေခဲ့ရင်း စုဆောင်းမိထားသော ငွေလေးများဖြင့် ထိုင်စားနေခဲ့ရသည်။ ဇနီးဖြစ်သူ၏ အဖြစ်များကြောင့် ဦးလှငွေသည်လည်း ပယောဂါဆရာပေါင်းစုံနှင့် လိုက်လံကုသပေးခဲ့သည်။ ထိုတင်မက သံဃာတော်ဆရာများနှင့်လည်း ဆရာစုံအောင် လိုက်လံကုသပေးခဲ့ပါသည်။ သို့သော်လည်း ...