လည်း လှေတစ်စီးနဲ့ပဲဗျ။
လှော်တက်နဲ့ ရေကို ဖြန်းကနဲရိုက်လိုက်ရင် သူ့ဘဲအုပ်က သူလိုချင်တဲ့ဘက်ကို ကူးကြရောဗျို့။
ချောင်းဘေးက လတာပြင်ထဲမှာတော့ င
ပျံတွေဆိုတာ တဖျတ်ဖျတ်ခုန်နေတာဗျို့။
ဂဏန်းနီနီလေးတွေကလည်း လတာထဲမှာ ဟိုပြေး ဒီပြေးနဲ့ဗျ။
အဲဒီလတာပြင်ထဲမှာ ငါး
မြွေထိုးချိတ်နေတဲ့ လူတွေလည်း ရှိသဗျ။
ငါးမြွေထိုးချိတ်ဆိုတာက တံဇဉ်အကျိုးနဲ့
လုပ်ထားတဲ့ သံပြားကောက်ကောက်ကလေးပေါ့ဗျာ။
ဝါးလုံးတစ်လံသာသာလောက် ထိပ်မှာ အဲ
ဒီချိတ်ကောက်ကို တပ်ထားတာဗျို့။
ပြီးရင်အဲဒီဝါးလုံးကို လေထဲမှာ လွှဲလွှဲပြီး လတာထဲက ငါးမြွေထိုးကို ချိတ်ရတာဗျ။
ငါးမြွေထိုးက ကောက်ထားတဲ့ သံချိတ်ကလေးမှာ
ညှပ်ပြီး ပါလာတာပေါ့ဗျ။
သူ့ဓလေ့နဲ့သူတော့
တော်တော်ကို အဆင်ပြေတာဗျို့။ချောင်းကမ်းပါးမှာတော့
စက်ကတုံးပင်တွေ။
ကိုရံကြီးပင်တွေ၊ ဆွမ်းမွှေးပင်တွေ၊ကန်ဇွန်း
ပင်တွေ၊ခရမ်းပြာရောင် အပွင့်လေးတွေပွင့်
တဲ့ ခရာပင်တွေ၊ လမုပင်တွေနဲ့ပေါ့ဗျာ။
ကျုပ်တို့အညာမှာကတော့ နွားသုံးကြတာ
ပေါ့ဗျာ။ အောက်ပြည်မှာက ကျွဲသုံးတာဗျ။
မိုးတွေ ရေတွေများတဲ့ ဒေသဆိုတော့ ကျွဲ
သုံးကြရတာပေါ့ဗျာ။ ကျုပ်ဖြင့် ကျွဲနားကို
ကပ်ကို မကပ်ဝံ့တာဗျ။ချိုကြီးတွေကလည်း
ရှည်ရှည်ကွေးကွေးကြီးတွေလေဗျ။
တာတေဆိုတဲ့ ကျုပ်က နွားဆိုရင် လွှတ်
ကျွမ်းကျင်တာဗျ။အဲ ကျွဲကျတော့ ကျုပ်အ
နားကိုတောင် မသီရဲဘူးဗျို့။ကျုပ်တို့အညာ
မှာ နွားတွေက ရွှံ့လူးတယ်ဆိုတာ ဘယ်ရှိ
မှာတုံးဗျာ။ ကျွဲကျတော့ ရွှံ့လူးတယ်ဗျ။
သူတို့ပြောတာတော့ ကျွဲဆိုတာ လူးချပေး
ရတယ်ဆိုပဲ။ သူတို့တွေဆီမှာ ‘ကျွဲလူးအိုင်’
တွေ ရှိတယ်ဗျ။ညွံအိုင်တွေပေါ့ဗျာ။ကျွဲလေး
ငါးကောင် ဆင်းပြီး လူးနိုင်လောက်အောင်
ကျယ်တယ်ဗျ။ ကျွဲတွေကို လူးချဖို့ မောင်း
သွားပြီး ကျွဲလူးအိုင်ရောက်ရင် လူးချပေး
ရတာပေါ့ဗျာ။ ကျွဲကြီးတွေက ရွှံ့ညွံတွေ
ထဲမှာ တစ်ကိုယ်လုံးစိမ်ပြီး နေကြတာဗျ။
ခေါင်းလေးပဲ ဖော်ထားတာ။ ကျွဲတွေ၊ ကျွဲ
လူးအိုင်ထဲက တက်လာတော့မှ ချောင်းထဲ
ကို မောင်းချပြီး ရေချိုးခိုင်းရတာ။ချောင်းထဲ
မှာ ရေစိမ်နေရင်တော့ ရေထဲမှာ တစ်ကိုယ်
လုံးငုပ်ပြီး စိမ်ကြတာဗျ။’ဖူး’ဆိုတဲ့ နှာမှုတ်သံ
ကြီးတွေနဲ့ ရေထဲကနေ ပေါ်ပေါ်လာတဲ့ ကျွဲ
ကြီးတွေကို ကြည့်ရတာ ကြည့်လို့ကောင်း
သားဗျ။ ဒါကတော့ အောက်ပြည်ရဲ့ဓလေ့
ပေါ့ဗျာ။ ကိုညွန့်မောင်ရဲ့ငါးသလောက်ငပိ
ကောင်က ငါးသလောက် ပိုက်ချတဲ့အိမ်
တွေမှာ လိုက်ဝယ်ရတာကိုဗျ။
တစ်နေရာတည်းမှာ များများဝယ်လို့ရတာ
မှ မဟုတ်တာ။ရာဇူဒိုင်ကနေ တပ်ချောင်း၊
ကွင်းချောင်းဘက်ကို သွားဝယ်ပြီး ကျုပ်
တို့ ပြန်လာကြတော့ လိုက်ပို့တဲ့ အုန်းညွှန့်
က ရေဆင်းတံတားလေးဘေးကို လှေထိုး
ဆိုက်လိုက်တယ်။
လှေအဆင်း၊ မြင်းအတက် ဆိုပေမယ့်
လည်း လှေကနေ တံတားပေါ်ကို ပြန်
တက်တာလည်း မတက်တတ်ရင် ကိုး
ရို့ကားရား ဖြစ်တာပဲဗျ။ ခြေထောက်
တစ်ဖက်ကို လှေထဲမှ ထိန်းထားပြီး
တက်ရတာ။အောက်ပြည်က ရွာတွေ
ဆိုတာက ချောင်းကမ်းဘေးမှာ တန်း
ပြီး တည်ကြတာ။အိမ်တွေ၊ ခြံတွေ၊
ဥယျာဉ်တွေကလည်း ချောင်းကမ်း
ဘေးမှာပဲ တန်းပြီးရှိနေတာဗျ။
အိမ်တိုင်း အိမ်တိုင်းမှာ ချောင်းထဲကို
ဆင်းတဲ့ ရေဆင်းတံတားလေးတွေနဲ့
ဗျ။ အဲဒီတံတားလေးတွေမှ လှေတစ်
စင်းလောက်ကတော့ အမြဲချည်ထား
ကြတာ။ ကျုပ်တို့တည်းတဲ့အိမ်က ရာ
ဇူဒိုင် သူကြီးဦးဖိုးဆင်ရဲ့အိမ်ဗျ။ကျုပ်
တို့ကို လိုက်ပို့တဲ့ အုန်းညွန့်က သူကြီး
ဦးဖိုးဆင်ရဲ့ စာရင်းငှား ကိုကွန့်ရဲ့သား
ဗျ။ ကျုပ်တို့ သူကြီးအိမ်ကို တက်လာ
တော့ သူကြီးအိမ်ပေါ်မှာ လူတွေရောက်
နေကြတယ်ဗျ။ ရွာထဲက ရွာသားတွေ
ဘာများ အမှုအခင်းဖြစ်လို့တုံးလို့ ကျုပ်
က နားစွင့်ရင်း အိမ်ပေါ်ကို တက်လာ
တာဗျို့။ သူကြီးရဲ့ အိမ်က တစ်ထပ်
အိမ်ဗျ။ ဒါပေမဲ့ အတော်လေးတော့
ကျယ်ပါတယ်။
“ဟော ကျုပ်ဧည့်သည်တွေတောင်
ပြန်လာပြီဗျ”
သူကြီးက ပြောလိုက်တော့ ထိုင်နေ
တဲ့ လူတွေက ကျုပ်တို့ကို လှည့်ကြည့်
တယ်။ အားလုံးခြောက်ယောက်ဗျ။
“ဒါ ထနောင်းကုန်းက ကျုပ်ညီ ဘိုးသင်
ရဲ့သား ညွန့်မောင်တဲ့ဗျ၊ ဟိုသူငယ်က
ညွန့်မောင်နဲ့ ပါလာတာလေ၊မောင်တာ
တေတဲ့ဗျ။ သူတို့အရပ်မှာ ပြန်ရောင်းဖို့
ငါးသလောက်ဆားနယ် လာဝယ်တာ
လေဗျာ။အဲဒါ ခင်ဗျားတို့လည်း သတင်း
နည်းနည်းဖြန့်လိုက်ပါဦးဗျာ၊ငါးသလောက်
ငပိကောင် ရောင်းဖို့ ရှိတယ်။ ဒီက ဝယ်
တယ်လို့၊ ဈေးကတော့ ပေါက်ဈေးပဲပေါ့
ဗျာ၊ ကဲ ညွန့်မောင်ရော မောင်တာတေ
ရော ထိုင်ကြ၊ ထိုင်ကြ”
ကျုပ်တို့လည်း သူကြီးနဲ့ မလှမ်းမကမ်းမှာ ဝင်ထိုင်လိုက်ကြတာပေါ့ဗျာ။
“အေး ငရွှေရ မင်းစောစောက စကားကို
ဆက်စမ်းပါဦးကွ”
သူကြီးက ကိုရွှေဆိုတဲ့လူကို ပြောတယ်။
အသားညိုညို ခပ်ထွားထွားနဲ့ ကိုရွှေဆို
တဲ့လူက ကျုပ်တို့အိမ်ပေါ်ကို တက်လာ
လို့ ပြတ်သွားတဲ့စကားစကို ပြန်ဆက်
တယ်ဗျ။
“ဒီလိုသူကြီးရေ …ကျုပ်လယ်ထဲက ကျွဲ
လူးအိုင်ကို သူကြီး သိတယ်မို့လား”
“ကျွဲလူးအိုင်၊ ဟ ငရွှေရဲ့၊မင်းလယ်ထဲမှာ
က ကျွဲလူးအိုင်က နှစ်အိုင်တောင် ရှိတာ
မို့လား၊ ဘယ်အိုင်ကို ပြောတာတုံး”
“ဟိုအိုင် သူကြီးရာ၊ ကနစိုပင်ကြီးရှိတဲ့
အိုင်လေဗျာ”
“အေး…ဒါဆို သိပြီ၊ လမုတောကြီးရှိတဲ့
အိုင်ပေါ့”
“ဟုတ်တယ်၊ ဟုတ်တယ် ”
“အေး …အဲဒါ ဘာဖြစ်တုံး”
“လွန်ခဲ့တဲ့ သုံးလေးရက်က ကျုပ်တို့ကျွဲ
တွေ လူးချပြီး ပြန်တက်လာတော့ ကျွဲတစ်
ကောင် အပေါ်မှာ ပုဆိုးအကွက်ကြီးဝတ်
ထားတဲ့ အင်္ကျီကိုယ်တုံးလုံးနဲ့ လူကြီးတစ်
ယောက် စီးပြီး ပါလာတယ်တဲ့ဗျ။ အရွယ်
ကတော့ ရိုးရိုးလူအရွယ်ပဲတဲ့ သူကြီးရဲ့။
ဆံပင်စုတ်ဖွားကြီးနဲ့ မျက်လုံးကြီးတွေက
နီနီရဲရဲကြီးတွေဆိုပဲ”
“ဟင် ဘယ်သူက တွေ့တာတုံး”
“ကျုပ်သား ငဆယ် တွေ့တာဗျ သူကြီးရဲ့”
“ဟင် ဟုတ်လား၊ ငဆယ်က ဘာလုပ်
လိုက္တုံး”
“ဟာ သူကြီးရာ ဒီကောင်တွေက တော်ရုံ
တန်ရုံ ကြောက်တတ်တဲ့အကောင်တွေမှ
မဟုတ်တာ၊လက်ထဲက လေးခွနဲ့ လှမ်းပစ်
လိုက်တယ်တဲ့ဗျ၊ အဲဒီလူက ကျွဲပေါ်ကနေ
နောက်ဂျွမ်းပစ်ချပြီး ပျောက်သွားရောတဲ့
ဗျို့။ ဒီတော့မှ သရဲမှန်းသိပြီး ကျွဲတွေကို
ခပ်သုတ်သုတ်မောင်းပြီး ချောင်းထဲမှာ
ရေသွားချတယ်တဲ့ဗျ”
သူကြီးဦးဖိုးဆင်က ခေါင်းကို နှစ်ချက်
လောက် ညိတ်လိုက်ပြီးတော့မှ ပြော
တယ်ဗျ။
“ငရွှေရာ ဒါမျိုးတွေက အဆန်းမှ မဟုတ်
တာကြာ၊ နာနာဘာဝ၊ ဝိနာဘာဝ ဆိုတာ
တွေဟာ ရှိကြတာပေါ့ကွာ၊ သူတို့လည်း
သူတို့ဘာသာ နေကြတာပါ၊ တစ်ခါတ
လေ အကြောင်း တိုက်ဆိုင်တဲ့အခါ မြင်
ရတာပေါ့”
“တိုက်ဆိုင်တာ မဟုတ်ဘူး သူကြီးရဲ့၊
တမင်ပြတာ၊အဲဒီညပဲ ကျုပ်သား ငဆယ်
ဖျားလိုက်တာ မပြောပါနဲ့တော့ဗျာ၊ သန်း
ခေါင်လောက်ကျတော့ ကယောင်ကတမ်း
တွေပြောရောဗျ။ပထမတော့ ကျုပ်က က
ယောင်ကတမ်းတွေ ပြောတယ်ထင်တာ။
နောက်တော့မှ ဒီကောင်က ကြမ်းပြင်ကို
လက်ဝါးနဲ့ဗြန်းကနဲရိုက်ရိုက်ပြီးပြောတာဗျ”
“ဟေ မင်းသား ငဆယ်က ပြောတာလား”
“ဘယ်က ဟုတ်ရမှာတုံး သူကြီးရာ၊
ကျုပ်သားကို သူမြင်ခဲ့တဲ့ သရဲက ဝင်
ပူးပြီး ပြောတာဗျ”
“ဟေ…ဘာပြောတာတုံး ငရွှေရဲ့”
“ငါက ကျွဲလူးအိုင်က သရဲကွ၊ငါ့ကို အမဲ
သားတစ်ပိဿာချက်နဲ့ ထမင်းဝအောင်
ကျွေး၊ မကျွေးရင် နင့်သားကို ငါသတ်
ပစ်မယ်တဲ့ဗျ”
“ဟေ ဟုတ်လား၊ ဒါနဲ့ မင်းက ”
“ဟာ ကျွေးရတာပေါ့ဗျာ၊ မြို့သွား အမဲ
သွားဝယ်၊ သေသေချာချာချက်ပြီး ဆန်
ကောထဲမှာ ငှက်ပျောဖက်ခင်း၊ ထမင်း
တွေ ဟင်းတွေ ပုံပြီး ကျွဲလူးအိုင်က က
နစိုပင်ကြီးအောက်မှာ သွားကျွေးလိုက်
တာ။ ငဆယ်လည်း ဖျားတာ ချက်ချင်း
ယူပစ်သလိုကို ပျောက်သွားတာဗျို့”
” အင်း…ငတ်ရှာလွန်းလို့ ထင်ပါတယ်ကွာ၊
တစ်ခါတလေ စားချင်းသောက်ချင်လို့ နေ
မွာပါကြာ”
“ဟာ တစ်ခါတစ်လေ မဟုတ်ဘူးဗျ သူ
ကြီးရဲ့၊ ကျုပ်သားမြင်ပြီး နောက်တစ်နေ့
မှာ ဟိုဘက်က ရေခန်းချောင်းမှာနေတဲ့
ကိုသုန်ရဲ့သား ငအေးလည်း ဖြစ်တယ်ဗျ။
ငအေးက ကျွဲလူးအိုင်က လမုတောထဲမှာ
ခြောက်တောင်ဗျိုင်းကို လေးခွနဲ့ ပစ်လိုက်
တာ ဗျိုင်းကျသွားလို့ သွားကောက်တာတဲ့
ဗျို့။ လမုပင်တွေနားရောက်တော့ အဲဒီအ
ကောင်ဗျ၊ ပုဆိုးကွက်တုံးကြီးနဲ့တဲ့၊ အင်္ကျီ
မပါဘူးတဲ့၊မျက်လုံးနီနီကြီးတွေနဲ့တဲ့၊ ဆံပင်
က အရှည်ကြီးတဲ့ဗျ၊ ငအေး ပစ်လိုက်တဲ့
ဗျိုင်းကို ပါးစပ်ကြီးနဲ့ ကိုက်ထားတာတဲ့ဗျာ၊
ငအေးကို မျက်လုံးနီနီကြီးနဲ့ စိုက်ကြည့်
နေတာတဲ့ဗျို့၊ ငအေးဆိုတဲ့ကောင် ငယ်
သံပါအောင် အော်ပြီးပြေးတော့တာ၊ အိမ်
ရောက်တော့ သတိလစ်နေလို့ မနည်းကို
နှာနှပ်ယူရတာတဲ့ သူကြီးရေ”
“ဟေ ဒီလောက်တောင် ဖြစ်နေတာ
လားဟ”
“နေဦးဗျ သူကြီးရ၊ ကျုပ်ပြောပြဦးမယ်၊
အဲဒီကောင်လေးလည်း အဲဒီည ဖျားတာ
တဲ့ဗျာ၊ ဖျားရင်းနဲ့ ကျွဲလူးအိုင်သရဲဝင်ပူး
ပြီး ကြက်တစ်ကောင်ချက်နဲ့ ထမင်းကျွေး
ရမယ်ဆိုလို့ ကျုပ်လုပ်သလိုပဲ သွားလုပ်
လိုက်မှ ပျောက်သွားတာတဲ့ဗျ”
“ဟာ ငရွှေရ၊ တော်တော်ဆိုးနေတာပဲကွ၊
မင်းပြောပေလို့ပဲကွာ၊ငါ ဒါတွေ ဘာမှကြား
တာ မဟုတ်ဘူး”
“ဟုတ်တယ် သူကြီးရဲ့၊ ပထမတစ်ခါ ကျုပ်
သား ငဆယ်ဖြစ်တုန်းက ကျုပ်လည်း ဇဝေ
ဇဝါ ဖြစ်နေတာဗျ၊ ဟုတ်မှဟုတ်ရဲ့လားပေါ့
ဗျာ၊ ပြီးတော့ သူကြီး ပြောသလိုပေါ့၊ တစ်
ခါတလေ ဖြစ်တာနေမှာပါလို့လည်း တွေး
လိုက်မိတာကိုးဗျ၊ ဒါပေမဲ့ ကိုသုန်သား င
အေး ထပ်ဖြစ်တော့ ကျုပ်နည်းနည်းစိုးရိမ်
လာတာနဲ့ သူကြီးကိုတော့ ပြောမှပဲဆိုပြီး
လာပြောတာဗျ”
“အေး ငါဆရာတော်ကို သွားပြီးတိုင်ပင်
ကြည့်ဦးမယ်ကွာ”
သူကြီးက ဆရာတော်ကို အားကိုးပုံရတယ်
ဗျ။ ဒါပေမဲ့ ဒီစကားကို လာပြောတဲ့ ရွာသား
တွေကတော့ သိပ်ပြီး ကြိုက်ပုံမရဘူးဗျ။
“သူကြီးရာ ဒီကိစ္စက ဆရာတော်နဲ့ သိပ်မ
ဆိုင်ပါဘူးဗျာ၊ ဆရာကောင်းကောင်းရှာပြီး
နှင်ထုတ်လိုက်ရင် ပိုကောင်းမယ်ဗျ”
“အေးလေ ပိုကောင်းတာတော့ ဟုတ်တာ
ပေါ့ကွ ငရွှေရ၊ ဆရာက ဘယ်သွားရှာရမှာ
တုံး၊ မင်းမှာရော ဆရာအဆက်တွေ ဘာ
တွေ ရှိလို့လား”
“ဆရာအဆက်တော့ မရှိပါဘူးပေါ့ဗျာ။
ဒီလိုပဲ စုံစမ်းရမှာပေါ့ဗျာ”
“နေဦး ကိုရွှေကြီးရဲ့၊ ခင်ဗျား ဆရာ ရှာနေ
တုန်း ဒီသရဲက ငြိမ်နေပါ့မလား”
“ဟာ မငြိမ်လည်း ဒီလိုပဲ ကျွေးမွေးထားရ
မှာပေါ့ကံမြင့်ရာ၊ ဆရာ ရှာလို့ ရတော့မှ
ဒင်းကို တွယ်ထုတ်ပစ်ရမှာပေါ့”
ကိုကံမြင် ထောက်ပြတာကို သူကြီးလည်း
စဉ်းစားနေပုံပဲဗျ။ခေါင်းလေး တညိတ်ညိတ်
လုပ်ပြီး တွေးနေတယ်။ ကိုရွှေလည်း ကိုကံ
မြင့် ဆိုတဲ့ လူကို ပြောသာ ပြောလိုက်တာ
ဗျ။ သူလည်း ဘာလုပ်ရင်ကောင်းမလဲဆို
ပြီး စဉ်းစားနေပုံပဲဗျ။
“သူကြီး၊ သူကြီး၊ သူကြီး ရှိလားဗျ”
“ဟေ ရှိတယ်ဟေ့၊ ရှိတယ်၊ ဘယ်သူတုံး
ဟ၊ ပျာတိပျာယာနဲ့ ဘာများအရေးကြီးနေ
လို့တုံး၊ အိမ်ထဲဝင်ခဲ့လေ”
ပြောသာ ပြောတာဗျ။ အချိန်က မှောင်ရိပ်
သမ်းနေပြီ။ ကျုပ်တို့ တပ်ချောင်းဘက်က
ပြန်ရောက်ကတည်းက ညနေတော်တော်
စောင်းနေပြီ။ သူကြီးနဲ့ ရွာသားတွေ ကျွဲလူး
အိုင်သရဲအကြောင်း ပြောနေကြတာ တော်
တော်ကြာနေပြီပဲ၊ မှောင်စပြုပြီပေါ့ဗျာ။
“ဟင် စောဖေပါလား၊ ရေးကြီးသုတ်ပျာ
နဲ့ ဘာဖြစ်လာတာတုံးကွ”
ပုဆိုးတစ်ထည် ခေါင်းပေါင်းပြီး ဝင်လာတဲ့
စောဖေ ဆိုတဲ့လူက အသက်လေးဆယ်
လောက် ရှိပြီဗျာ။ သူကြီးရှေ့မှ ခပ်သုတ်
သုတ် ဝင်ထိုင်လိုက်တယ်။
“သူကြီး ချောင်းကူးတံတားနားက ဒေါ်မဲ
စိန်ကြီး ဆုံးသွားလို့ဗျ”
“ဟေ မမဲစိန် ဆုံးသွားပြီ ဟုတ်လား၊ဘာ
ဖြစ်တယ်မှလည်း မကြားပါလား၊မနေ့က
တောင် ငါနဲ့ ဆရာတော့်ကျောင်းမှာ တွေ့
သေးတာပဲ စောဖေရဲ့၊ ဘာဖြစ်လို့တုံးကွ၊
ဗြုန်းစားကြီးပါလား”
ကိုရွှေတို့၊ ကိုကံမြင့်တို့တွေလည်း အံ့သြ
ပြီး တစ်ယောက် တစ်ပေါက်တွေ ပြောနေ
ကြတာ၊သူကြီးအိမ်မှာ ဆူဆူ ဆူဆူဖြစ်လို့
ဗျာ။
“ဗြုန်းစားကြီးဆုံးတာ သူကြီးရဲ့၊ ညနေ
ကတင် ကျွဲတွေသွားလိုက်ဦးမယ် ဆိုပြီး
ထွက်သွားတာတဲ့၊ ကျွဲလူးအိုင်နားရောက်
တော့ သူ့ကျွဲတွေ တွေ့သတဲ့ဗျ၊ဒါပေမဲ့
သူ့ကျွဲပေါ်မှာ ပုဆိုးကွက်တုံးကြီးနဲ့ လူ
တစ်ယောက်ကို တွေ့တယ်တဲ့ဗျ၊အင်္ကျီ
မပါဘူးတဲ့၊ ဆံပင်ဖားလျားကြီးနဲ့ မျက်လုံး
နီနီကြီးတွေနဲ့ဗျ။ သူ့ကျွဲတစ်ကောင်ကို စီး
ထားတာတဲ့ဗျို့၊ ဒါနဲ့ မမဲစိန်က ဟဲ့ အဲဒါ
ငါ့ကျွဲလို့လည်း ပြောလိုက်ရော ကျွဲတွေ
က သူ့ကို လိုက်ခတ်တော့တာပဲတဲ့ဗျာ။
ဒီမှာတင် မမဲစိန်လည်း အိမ်အရောက်
အသက်လုပြီး ပြေးရတာတဲ့ဗျာ။ ရွာထဲ
ဝင်ကာနီးတော့ နောက်တစ်ချက် လှည့်
ကြည့်သေးတယ်တဲ့ဗျ။ ကျွဲပေါ်မှာ အဲဒီ
အကောင် ပါလာတာပဲတဲ့ဗျ၊ ဒါနဲ့ သူအိမ်
အရောက် ပြေးပြီး အိမ်အပေါ်အတက်မှာ
သတိလစ်ပြီး ဝုန်းကနဲ ထိုးလဲတော့တာ
ပဲတဲ့ဗျ၊ သူ့သားတွေက အမေ့ ဘာဖြစ်
လို့တုံး ဆိုပြီး မနည်းကို သတိရအောင်
လုပ်ယူကြရသတဲ့”
“သတိကော ပြန်ရသေးသလား”
သူကြီးက ဝင်မေးတာဗျ။ ဒီတော့ လာပြော
တဲ့ ကိုစောဖေက သူ့ခေါင်းမှာ ပေါင်းလာ
တဲ့ ပုဆိုးခေါင်းပေါင်းကို ဆွဲဖြုတ်လိုက်ပြီး
“ရတယ် သူကြီး၊ သတိပြန်ရတယ်၊ သတိ
ပြန်ရပြီး ဒီအကြောင်းတွေ ပြောသေးတယ်
အဲဒါတွေ ပြောပြီးမှ ဆတ်ကနဲ တွန့်သွား
ပြီး မျက်ဖြူကြီးလန့်သွားတာတဲ့ဗျ။ ‘အား’
ဆို အသံနက်ကြီးနဲ့ တစ်ချက်အော်ပြီး ငြိမ်
သွားတာ၊ အသက်မရှိတော့ဘူးတဲ့ဗျာ”
“ဟာ ဖြစ်မှဖြစ်ရလေဗျာ၊ နေပါဦး၊ သူတို့
ကျွဲတွေကရော ဘယ်ရောက်ကုန်တုံး ကို
စောဖေရဲ့”
ကိုရွှေက မေးတာဗျ။
“ကျွဲတွေကတော့ တင်းကုပ်ထဲမှာ ပြန်
ရောက်နေတာတဲ့ဗျို့။ ဘာမှမဖြစ်သလိုပဲတဲ့ဗျ”
“ဟာ ဖြစ်မှဖြစ်ရလေဗျာ၊ မမဲစိန်က ကျုပ်
ထက် နှစ်နှစ်ပဲ ကြီးတာဗျ”
“မဲစိန်က မင်းထက် နှစ်နှစ်ကြီးတာပေါ့
ကွ မောင်ရွှေရ၊ ငါနဲ့က မီးဝင်မီးထွက်တဲ့၊
အမေတို့ ပြောတာ”
ကိုကံမြင့်ကြီးကလည်း စိတ်မကောင်းတဲ့
ပုံစံနဲ့ ဝင်ပြောတယ်။
“သူကြီးရေ ကျွဲလူးအိုင်က သရဲကတော့
အချိန်ဆွဲလို့ မဖြစ်တော့ဘူး သူကြီးရေ၊
ကဲ ကျုပ်တို့လည်း အသုဘအိမ် တန်း
သွားကြမှာပဲဗျာ”
“အေး …သွားကြရမှာပေါ့ကွာ၊ ငါလည်း
လိုက်မှာပါ”
“ဘကြီးသွားရင် ကျုပ်တို့လည်း လိုက်မယ်
ဗျာ၊ပြီးတော့ ဘကြီးကို ပြောရဦးမယ်၊ဟော
ဒီ မောင်တာတေက ဘကြီးတို့ အခုဖြစ်နေ
တဲ့ကိစ္စမျိုးတွေကို နားလည်တယ်ဗျ၊သူ့မှာ
အတွေ့အကြုံတွေ အများကြီးရှိတယ်၊ ဆ
ရာသမားတွေ နောက်ကိုလည်း ကောင်း
ကောင်းလိုက်ဖူးတယ်”
“ဟေ ဟုတ်လား မောင်တာတေ၊ အဆင်
သင့်လိုက်တာကွယ်၊ အောက်ပြည်အောက်
ရွာရောက်တုန်း ကျုပ်တို့ကို တစ်ဆိတ်ကူ
ညီခဲ့ပါ မောင်တာတေရယ်”
“ကျုပ်လည်း ဘကြီးတို့ ပြောဆိုနေတာ
တွေကို နားထောင်နေပါတယ်၊ ကျုပ်တစ်
ခုမေးချင်တာက အရင်တုန်းက ဒီကျွဲလူး
အိုင်မှာ ဒါမျိုးဖြစ်ခဲ့ဖူးသလားဗျ”
“ဟာ တစ်ခါမှ မဖြစ်ဖူးပါဘူး မောင်တာ
တေရယ်”
ကိုရွှေက ပျာပျာသလဲ ဝင်ပြောတာဗျ။
“အင်း ဒါဆိုရင် တခြားက လွင့်လာတဲ့အ
ကောင်ဗျ၊ ဒီသရဲကြည့်ရတာ တော်တော်
ဆိုးတဲ့ပုံဗျ၊ ကျုပ်အခြေအနေကြည့်ပြီး
လုပ်သင့်တာ လုပ်ပေးပါမယ်”
“ဟာ ကျေးဇူးတင်ပါတယ်ကွာ၊ တော်
သေးတာပေါ့ ငရွှေရာ၊ ဆရာ မရှာရဘဲ
ဆရာက အိမ်ပေါ်မှာ အဆင်သင့် ရောက်
နေပေလို့ကွာ”
“ဟာ ဘကြီး၊ကျုပ်က ဆရာ မဟုတ်ပါဘူး
ဗျ၊ ဒီကိစ္စမျိုးတွေ ဗဟုသုတ ရှိတာပါဗျ”
“ဆရာ ဟုတ်ဟုတ် မဟုတ်ဟုတ်ပါ မောင်
တာတေရယ် ကျုပ်တို့က မောင်တာတေ
ကို အားကိုးကြတာပါကွာ”
စကားလက်စသတ်ပြီး အသုဘအိမ်
ကို ကျုပ်တို့ လာခဲ့ကြတယ်။ရာသီက
ဆောင်းရာသီဗျ။ ဒါပေမဲ့ အောက်ပြည်
က ဆောင်းတွင်းက ကျုပ်တို့ အညာ
သားတွေအတွက်တော့ နေလို့ကောင်း
ရုံလေးပဲဗျ၊ လုံးဝကို မချမ်းတာ။သူကြီး
အိမ်က ကျုပ်တို့ လူစုထွက်လာတော့
မိုးချုပ်စပေါ့ဗျာ။ သူကြီးက ငါးတောင့်
ထိုး ဓါတ်မီးကြီး တဝင်းဝင်းနဲ့ ထိုးသွား
နေတာဗျ။ အိမ်တွေမှာတော့ ရေနံဆီ
မှန်အိမ်လေးတွေ ထွန်းလို့ပေါ့ဗျာ။
အိမ်တွင်ရှေ့က ဖြတ်သွားတိုင်း လူတွေ
စုပြီး ကျွဲလူးအိုင်သရဲအကြောင်းကို ပြော
နေကြတာဗျ။ ဒီသတင်းက တစ်ရွာလုံး
ကို ပျံ့နေတဲ့ပုံပဲဗျ။ လူတွေ အကုန်လုံး
လည်း ကြောက်နေကြတဲ့ ပုံပဲဗျ။ လူဆို
တာ သရဲ တစ္ဆေ ကြောက်တတ်တဲ့ အ
မျိုးပဲဗျာ၊ ကြောက်တာပေါ့။
“အိ အိ အိ အိ အိ”
ဟာ ခွေးတွေ ကြောက်နေပြီဗျို့။ ‘တအီ
အီ’နဲ့ အိမ်အောက်တွေ တိုးဝင်နေကြလေ
ရဲ့ဗျာ၊ ဒါမျိုးတွေ ကျုပ် ကြုံဖူးပေါင်း များ
ပြီလေဗျာ၊ရွာထဲကို ကြောက်စရာကောင်း
တဲ့ မကောင်းဆိုးဝါးတစ်ကောင် ရောက်
နေတာ သေချာနေပြီပေါ့ဗျာ။
ကျုပ်က ဆရာတော့ မဟုတ်ပါဘူးဗျာ။
ဒါပေမဲ့ ပြောရရင်တော့ ဆရာတစ်ပိုင်း
လိုတော့ဖြစ်နေတာပေါ့လေ။ ကျုပ်သွား
လေရာကို ကျုပ်ရဲ့ဆေးလွယ်အိတ်ကို
ယူလာနေကျဗျ။ အခုလည်း သူကြီးတို့
လူစုနဲ့ အသုဘအိမ် လိုက်မလာခင်မှာ
ကျုပ်ရဲ့ဟန်းဘက်အိတ်ကြီးထဲမှာ ထည့်
လာတဲ့ ဆေးလွယ်အိတ်ကို ကျုပ်ယူပြီး
စလွယ်သိုင်း လွယ်ခဲ့တာဗျ။
ကျုပ်တို့ အသုဘအိမ်ရောက်တော့ အ
သုဘက ပြင်တောင်ထားပြီဗျ။ အောက်
ပြည်အောက်ရွာရဲ့ ထုံးစံအတိုင်းပေါ့ဗျာ။
ဝါးခြမ်းတွေကို ကပ်စီးပြီး အလောင်းစင်
လုပ်ထားတာပေါ့။ညနေကမှ ကျွဲလူးအိုင်
သရဲလိုက်လို့ ရုတ်တရက် သေသွားတဲ့
ဒေါ်မဲစိန်ရဲ့အလောင်းက ဝါးကပ်ပေါ်မှာ
ဆန့်ဆန့်ကြီးပေါ့ဗျာ။
ထုံးစံအတိုင်း အလောင်းကို ထဘီအသစ်
အင်္ကျီအသစ်တွေ လွှမ်းထားတယ်ဗျ။ ရွာ
သားတွေလည်း ဟိုက ရောက်လာ၊ ဒီက
ရောက်လာနဲ့ စုစု စုစု လုပ်နေကြတာပေါ့
ဗျာ။ အသုဘအိမ်မှာ ပြောတဲ့ အကြောင်း
အရာကလည်း တစ်ခုတည်းပဲဗျ။
အဲဒါကတော့ ပုဆိုးကွက်တုံးကြီး ဝတ်
ထားတဲ့ ကျွဲလူးအိုင်သရဲ၊ ကိုရွှေ့သား
ငဆယ်၊ ကိုသုန့်သား ငအေးနဲ့ သရဲစီး
တဲ့ ကျွဲအလိုက်ခံရတဲ့ ဒေါ်မဲစိန်ရဲ့အ
သေဆိုး၊ ပြီးတော့ ကနစိုပင်ကြီးရှိတဲ့
ကျွဲလူးအိုင်ဘက်ကို မသွားကြဖို့၊ ကျွဲ
တွေကိုလည်း အဲဒီဘက် မလွှတ်ဖို့ပေါ့
ဗျာ။ ဒေါ်မဲစိန်တို့ အိမ်ရှေ့မှာ ကနဖျင်း
တစ်ခုကိုလည်း ညတွင်းချင်း ထိုးနေ
ကြလေရဲ့ဗျို့။ ဟိုကတစ်လုံး၊ ဒီက
တစ်လုံးနဲ့ ယူလာတဲ့ အောက်လင်း
ဓါတ်မီးကြီးတွေလေးလုံး ထွန်းထား
တာနဲ့တင် မီးတွေ လင်းထိန်နေတာ
ပါဗျာ။အလောင်းကတော့ အိမ်ပေါ်
မှာပဲ ရှိသေးတာဗျ။
အိမ်ရှေ့က ဘုရားခန်းလိုနေရာမှာ ကျုပ်
တို့တွေ စုပြီးထိုင်နေကြတာပေါ့ဗျာ။ အိမ်
နောက်ဖေး မီးဖိုချောင်မှာတော့ အသုဘ
လာတဲ့လူတွေကို ကျွေးဖို့မွေးဖို့ ကြက်
သားဟင်း ချက်နေပုံပဲဗျ။
ဟင်းနံ့က အိမ်ရှေ့အထိ ထွက်လာတယ်
ငံပြာရည်ချက်နံ့လည်း ရတယ်။ကျုပ်ထိုင်
နေတာက အိမ်ရှေ့ကို ကျောပေးထား
တာဗျ။ ဒီတော့ ကျုပ်မျက်စိတွေက ဒေါ်
မဲစိန်ရဲ့အလောင်းကြီးကို မြင်နေရတာ
ပေါ့ဗျာ။
“ဟာ”
ကျုပ်စိတ်ထဲမှာ’ဟာ’ကနဲကို ရေရွတ်
လိုက်တာဗျ။ ကျုပ်မြင်နေရတဲ့ ဒေါ်မဲ
စိန်ရဲ့အလောင်းကြီးကတော့ ဓလေ့
အတိုင်းပေါ့ဗျာ။ ခြေထိပ် လက်ထိပ်
ခတ်ထားတာပေါ့လေ။ခြေမနှစ်ချောင်း
ကို ပူးပြီး အပ်ချည်ကြိုးနဲ့ အထပ်ထပ်
ချည်တုပ်ထားတာလေဗျာ။
ဒီလိုပဲ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်
မှာ ယှက်ပြီး လက်မနှစ်ဖက်ကို အပ်
ချည်ကြိုးနဲ့ ခိုင်ခိုင်ချည်တုပ်ထားတာ
ပေါ့ဗျာ။ တကယ်ကတော့ အလောင်း
တောင်းလာတဲ့အခါ ကိုးရိုးကားရား
ကြီး မဖြစ်အောင် လုပ်တာဗျ။ ကျုပ်
‘ဟာ’ကနဲ ဖြစ်သွားတာက ဒေါ်မဲစိန်
ကို ချည်ထားတဲ့ ခြေထိပ်ကြိုးတွေ
ပြတ်ထွက်သွားလို့ဗျ။
“ဟော ”
လက်ကို ချည်ထားတဲ့ လက်ထိပ်ကြိုး
တွေလည်း ပြတ်ထွက်သွားပြီဗျို့။
“ဟား ဟား ဟား ဟား ”
ကျုပ် ကြည့်နေတုန်းမှာပဲ ဆံပင်ဖားလျား
နဲ့ ဒေါ်မဲစိန်ရဲ့အလောင်းကြီးက ဝုန်းကနဲ
ထထိုင်ပြီး တဟားဟားနဲ့ အော်ရယ်တော့
တာပဲဗျာ။
“ဟာ အလောင်းကြီး ထလာပြီဟေ့၊ ပြေး
ကြ၊ ပြေးကြ”
“ဟာ အလောင်းကြီး၊ အလောင်းကြီး”
အသံမျိုးစုံနဲ့အော်ပြီး အိမ်ပေါ်က လူတွေ
ဆင်းပြေးကြတော့တာပေါ့ဗျာ။
“ဟား ဟား ဟား ဟား”
အိမ်ပေါ်မှာ ကျုပ်ရယ်၊ ကိုညွန့်မောင်
ရယ်၊ ကိုရွှေရယ်၊ကိုကံမြင့်ရယ်ပဲ ကျန်
တော့တယ်ဗျို့။တစ်အိမ်လုံး ဝရုန်းသုန်း
ကားကိုဆင်းပြေးကုန်ကြတာဗျာ၊ အရပ်
ပျက်သလားတောင် ထင်ရတယ်၊ ရွာထဲ
ကလူတွေကလည်း ပြေးလာပြီး ကြည့်
ကြတယ်ထင်တယ်ဗျို့။
အိမ်ရှေ့မှာ လူကိုဖွေးနေတော့တာဗျာ။
ဒါပေမဲ့ အိမ်ပေါ်ကိုတော့ ဘယ်သူမှ မ
တက်ကြဘူးဗျ။ တချို့ကလည်း ဒေါ်မဲ
စိန် မသေသေးဘူးလို့ ပြောကြတာ
ကျုပ် ကြားရတယ်ဗျ။
” ငါ့ကို ကျွေးကြ၊ ငါ ဆာတယ် ဟား
ဟား ဟား”
ဆံပင်ဖားလျားကြီး ချထားတဲ့ ဒေါ်မဲစိန်
ရဲ့ အလောင်းကြီးက မျက်စိကြီး စုံမှိတ်
ပြီး အော်နေတာဗျ။ လက်စသတ်တော့
ဒီသရဲဟာ ဒေါ်မဲစိန်နောက်ကနေ ကပ်
လိုက်လာပြီး ဒေါ်မဲစိန်အသက်ထွက်
သွားကတည်းက ဒေါ်မဲစိန်ရဲ့ကိုယ်ထဲ
ကို ဝင်နေလိုက်ပုံပဲဗျ။
ဒါဟာ ဖုတ်ကောင်အစစ်ပဲဗျ။
“ကိုရွှေတို့ ကိုကံမြင့်တို့ အခုနေ နတ်ဝင်
သည်တစ်ယောက်လောက် အမြန်ရှာလို့
ရမလားဗျ”
ကျုပ်က ရုတ်တရက် မေးလိုက်တော့
ကိုရွှေက ချက်ချင်းပြန်ပြောတာဗျ။
“ဟာ မောင်တာတေကလည်း အခုဆုံး
သွားတဲ့ မမဲစိန်က နတ်ဝင်သည်လေကွာ”
“ဟာ ငရွှေ မဲစိန်က သေသွားပြီပဲကွ၊
ဘယ်လိုလုပ်ခေါ်မှာတုံး၊ မောင်တာ
တေ ပြောတာက ရွာထဲက နတ်ဝင်
သည်တစ်ယောက်ကို ပြောတာ”
“သြော် ငါကလည်း အယောင်ယောင်
အမှားမှားတွေ ပြောလိုက်တာ ထင်ပါ
ရဲ့ကွာ၊ အေး ရှိတယ်၊ ရှိတယ်၊ ဟောဒီ
ကံမြင့်မိန်းမက ဒီရွာမှာ မမဲစိန်နဲ့အပြိုင်
ဟောနိုင်ပြောနိုင်တဲ့ နတ်ဝင်သည်ပဲကွ”
“ဟာ နေရာကျသဗျာ၊ ကဲ ကိုကံမြင့် ခင်
ဗျားမိန်းမကို မြန်မြန်ခေါ်ပေတော့ဗျာ၊ ဒီ
လိုမလုပ်ရင် ဒီသရဲဟာ ခင်ဗျားတို့ ရွာကို
ဆက်ပြီး ဒုက္ခပေးတော့မှာဗျ”
“နို့ မောင်တာတေရဲ့ အခုထထိုင်နေ
တာ မဲစိန်ကြီး မဟုတ်ဘူးလားကွ”
“ဟာ မဟုတ်ဘူးဗျ ကိုကံမြင့်ရဲ့၊ အဲဒါ
ခင်ဗျားတို့ ပြောတဲ့ ကျွဲလူးအိုင်သရဲကြီး
ဗျ။ ဒေါ်မဲစိန် ဝိညာဉ်ခွာတဲ့အချိန် အ
သက်မကုန်ခင် သူ ဝင်နေလိုက်တာ။သူ့
ကို နှင်မထုတ်နိုင်ရင် ဒီကိုယ်ထဲကနေ
တော်တော်နဲ့ ထွက်မှာမဟုတ်ဘူးဗျ”
“ဟေ ဟုတ်လား၊ ဒါဆို ငါ အခုပဲ ငါ့
မိန်းမကို သွားခေါ်ခဲ့မယ်”
အိမ်ရှေ့က လူအုပ်ကြီးကတော့ ဆူညံ
ဆူညံနဲ့ပေါ့ဗျာ။
“ကဲ သူကြီး ဒီကောင်ကြီးကို ထမင်း
ကျွေးလိုက်ဗျာ၊ မစားရမချင်း အေးမှာ
မဟုတ်ဘူးဗျ”
“နေပါဦး မောင်တာတေရဲ့၊ စားပြီးရင်
ရော ဒီကောင် ထွက်သွားမှာလား”
“ဒီပုံစံက ထွက်မယ့်ပုံစံ မဟုတ်ဘူး သူ
ကြီးရဲ့၊ ဆက်စားနေဦးဗျ၊ အဲဒီကိစ္စ သူ
ကြီး မပူနဲ့၊ ကျုပ်လုပ်မယ်၊ အခုတော့
ထမင်းကျွေးထားလိုက်ဗျာ”
“အေး အေး၊ ကဲ မောင်ရွှေ အိမ်ထဲမှာ
လည်း ဘယ်သူမှ မရှိကြတော့ဘူးကွ၊
မင်းပဲ ထမင်းကျွေးလိုက်ကွာ”
သူကြီးက ခိုင်းတော့ ကိုရွှေက အိမ်နောက်
ဖေးကို ဝင်သွားတယ်။ ကိုညွန့်မောင်လည်း
နောက်က လိုက်သွားတယ်ဗျ။ဟော ကိုရွှေ
နဲ့ ကိုညွန့်မောင် ပြန်ထွက်လာပြီ။ လင်ဗန်း
ကြီးထဲမှာ ထမင်းတွေပုံပြီး စောစောက လူ
တွေကို ကျွေးဖို့ ချက်ထားတဲ့ ကြက်သား
ဟင်းတွေ အပေါ်က လောင်းထည့်လာတာ
ပေါ့ဗျာ။ ဒေါ်မဲစိန်ကြီးကလည်း ဆံပင်ဖား
လျားကြီးနဲ့ အလောင်းဝင်လုပ်ထားတဲ့ ဝါး
ကပ်ပေါ်မှာ တင်ပလ္လင်ခွေကြီး ထိုင်လို့ဗျ။
“ဟား၊ ဟား၊ ဟား၊ ဟား၊ ငါစားမယ်၊
ငါ့ကိုကျွေး”
ကိုရွှေက ထမင်းလင်ဗန်းကိုထိုးပေးလိုက်
တယ်။ကိုညွန့်မောင်က ရေဖလားကြီးကို
ဘေးမှာ ချပေးလိုက်တာဗျ။ ဟာ စားပြီ
ဗျို့။ ဒေါ်မဲစိန်ကြီး ပေါင်ကြီးကားထိုင်ပြီး
စားနေတာဗျ။ ကြက်ရိုးတွေကို တဂျွတ်
ဂျွတ်ဝါးပြီး စားနေတာဗျို့။တကယ်တော့
ဒေါ်မဲစိန် ဘယ်ဟုတ်မှာတုံးဗျာ၊ ကျွဲလူး
အိုင်သရဲကြီး စားနေတာပေါ့
“မောင်တာတေ ဟောဒါ ငါ့မိန်းမ မယ်
တင်ကွ၊ မင်း လိုတာပြော”
ကိုကံမြင့်နဲ့ သူ့မိန်းမ ရောက်လာပြီဗျ၊
ကျုပ် အလုပ်စရတော့မှာပေါ့လေ။
“ကဲ သူကြီး ကျုပ် အလုပ်စလုပ်တော့
မယ်”
“လုပ်ပါ မောင်တာတေရယ်၊ လုပ်ပါ၊
လုပ်ပါ၊ ငါတို့ရွာသားတွေကို ကြုံတုန်း
ကူညီခဲ့ပါကြာ”
“ကဲ ကိုရွှေ အိမ်ရှေ့မှာ အုံနေတဲ့လူတွေ
ဟိုဘက် ဒီဘက် ခပ်ဝေးဝေး ကပ်ခိုင်းဗျာ
လမ်းပေါက်ကျယ်ကျယ် လိုချင်တယ်၊အ
ခု ကျုပ်ပင့်မယ်သူက ကျွဲလူးအိုင်သရဲ
ထက် အဆတစ်ရာမက ကြမ်းတဲ့သူဗျ”
“ဟေ ဟုတ်လား၊ ဘယ်သူများတုံးကွဲ့
မောင်တာတေရဲ့”
သူကြီးက ကျုပ်ကို စိုးရိမ်တကြီး မေး
တယ်
“မဖဲဝါလေ သူကြီးရဲ့”
“ဟေ၊ ဟာ”
‘ဟေ’ဆိုတာက သူကြီးပါးစပ်က လာတဲ့
အံ့သြတဲ့အသံပေါ့ဗျာ။ ‘ဟာ’ဆိုတာက
ကိုရွှေရဲ့ပါးစပ်က ထွက်လာတဲ့ အာမေ
ဋိတ်သံဗျ။ ကိုရွှေ အိမ်ရှေ့က လူအုပ်ကို
ရှင်းတယ်။ ဝင်ပေါက်ပေါ်လာပြီ။ ကိုရွှေ
နည်းနည်းခြောက်လိုက်ပုံရတယ်ဗျ။
လူတွေရှဲသွားပြီး ဘာသံမှ မထွက်ဘဲငြိမ်
နေကြတယ်ဗျ။ ကျုပ်က နတ်ဝင်သည်
ဒေါ်မယ်တင်ကို ခေါ်ပြီး အိမ်ပြင်ထွက်
လာခဲ့တယ်။ အိမ်အပြင်မှာ ထွန်းထား
တဲ့ အောက်လင်းဓါတ်မီးကို ငြိမ်းခိုင်း
လိုက်တယ်။
မီးအလင်းရောင်အောက်ကို မဖဲဝါ မဝင်
ဘူးဆိုတာ ကျုပ်သိတယ်လေဗျာ၊ ဒေါ်
မယ်တင်က ဆံပင်ဖားလျားချပြီး လက်
အုပ်ချီထားတယ်။ မြေပြင်မှာ ကြုံ့ကြုံ့
လေးထိုင်လို့ပေါ့ဗျာ။ ကျုပ်က လွယ်
အိတ်ထဲက မဖဲဝါ ကျုပ်ကို အပ်ထား
တဲ့ ‘ကိုယ်တူကိုယ်ခွဲ’အရုပ်ကလေးကို
ထုတ်ယူလိုက်တယ်။ ပြီးတာနဲ့ မဖဲဝါကို
ကျုပ် ပင့်တယ်။ ဒီတုန်းမှာပဲ အိမ်ထဲမှာ
စားသောက်နေတဲ့ ကျွဲလူးအိုင်သရဲကြီး
က စားသောက်လို့ပြီးသွားပြီဗျ။
“ငါ့ကို ဆေးလိပ်တိုက်၊ ငါ ဆေးလိပ်
သောက်ချင်တယ်”
ဒီသရဲလေသံက တော်တော်မာလာပြီ
ဗျ။ နောက်ဆိုရင် တစ်ရွာလုံးကို ဒုက္ခ
ပေးတော့မှာ သေချာတယ်ဗျ၊ ကိုညွန့်
မောင်က ဆေးပေါ့လိပ်တစ်လိပ်ကို မီး
ညှိပြီး ပေးလိုက်တယ်။
အောက်ပြည်အောက်ရွာက တောရွာ
တွေမှာသောက်တဲ့ ဆေးပေါ့လိပ်ဆို
တာ ငါးမူးလုံးလောက် ရှိတာဗျ။ အဲဒီ
ဆေးပေါ့လိပ်ကြီးကို သရဲကြီးက အား
ရပါးရ ဖွာနေတယ်။ဟော လာပြီ။လာ
ပြီ။ ကျုပ်လက်ထဲမှာ ကိုင်ထားတဲ့ မ
ဖဲဝါရဲ့ ကိုယ်ပွားအရုပ်ကလေး ဆတ်
ကနဲ ဆတ်ကနဲ တုန်သွားတယ်။
ဟာ ဝင်သွားပြီဗျို့၊ ဒေါ်မယ်တင်ရဲ့ကိုယ်
ထဲကို မဖဲဝါ ရောက်သွားပြီ။ ဒေါ်မယ်တင်
က လက်ကြီးတွေ ကွေးကောက်ပြီး ထိုင်
ရာကနေ ထတယ်၊ အိမ်ထဲကို မျက်လုံး
ပြူးကြီးနဲ့ လှမ်းကြည့်တယ်။
“မဖဲဝါ ကျုပ် တာတေပါ၊ အောက်ပြည်
ကို အလည်လာရင်း ဒီမှာ အခက်အကြုံ
နေလို့ မဖဲဝါကို အကူအညီတောင်းတာ
ပါ၊ ကျွဲလူးအိုင်မှာနေတဲ့ ဒီသရဲက ဘယ်
က ရောက်လာမှန်း မသိဘူး မဖဲဝါ၊ ဒေါ်
မဲစိန်ကိုသတ်ပြီး ကိုယ်ထဲဝင်နေတယ်၊
အလောင်းစင်ပြင်ပြီးမှ ထလာပြီး စား
လားသောက်လားတွေ လုပ်နေတယ်
ဗျ၊ ဒီကောင်ကြီးကို ရှင်းပေးပါ မဖဲဝါ”
မဖဲဝါက အိမ်ထဲကို စိုက်ကြည့်နေ
တယ်ဗျ။
“တာတေ ဒါ တောကြီးတစ္ဆေ တစ်
ကောင်ဟဲ့၊ ဒါကြောင့် တအားကြမ်း
တမ်းနေတာ၊ နယ်ကျွံပြီး ရောက်လာ
တာ၊ မပူနဲ့၊ ငါပြန်ခေါ်သွားမယ်၊ ဟေ့
အိမ်ထဲကအကောင် အခု ထွက်ခဲ့စမ်း”
မဖဲဝါရဲ့ အသံကြီးက ဟိန်းပြီးထွက်လာ
တယ်
“သေချင်လို့လား၊ ဘယ်ကကောင်မတုံး”
“သိချင်ရင် နင် အခုချက်ချင်းထွက်ကြည့်၊
တောကြီးတစ္ဆေကောင်”
“အောင်မာ ကောင်မ၊ သေပေတော့ ”
ပြောပြောဆိုဆိုနဲ့ ဒေါ်မဲစိန်ကြီးက ဆံ
ပင်ဖားလျားကြီးနဲ့ အိမ်ပြင်ကို ထွက်
လာတယ်၊ အိမ်ပြင်ရောက်တော့ ဒေါ်
မယ်တင်ကို တွေ့တာပေါ့ဗျာ။
“ရော့ မသာမ၊ ဒါသောက်”
ပြောပြောဆိုဆိုနဲ့ ဒေါ်မဲစိန်က သူ့လက်
ထဲက မီးရဲရဲနဲ့ ဆေးပေါ့လိပ်ကြီးနဲ့ ဒေါ်
မယ်တင်ကို လှမ်းပစ်တယ်။ ဒါက လူ
တွေ အမြင်ပေါ့ဗျာ။ ညနေက သေသွား
တဲ့ ဒေါ်မဲစိန်နဲ့ နတ်ဝင်သည် ဒေါ်မယ်
တင်ပေါ့။ တကယ်ကတော့ ကျွဲလူးအိုင်
သရဲကြီးနဲ့ မဖဲဝါပေါ့ဗျာ။
မဖဲဝါက သရဲကြီး ပစ်လိုက်တဲ့ ဆေး
လိပ်ကို လက်နဲ့ ပုတ်ထုတ်လိုက်ပြီး
သရဲကြီးကို စူးစူးဝါးဝါးကြည့်တယ်။
ကျွဲလူးအိုင်သရဲကြီး မဖဲဝါမှန်း သိသွား
ပုံရတယ်ဗျ။မဖဲဝါ ရှေ့ကို တစ်လှမ်းချင်း
လျှောက်လာပြီး ဒူးထောက်တယ်။
မဖဲဝါရဲ့လက်ဝါးကြီးတစ်ဖက် လေထဲ
ကို မြောက်တက်သွားပြီး ပြန်ကျလာ
တယ်။
“ဘုန်း၊ ဘုန်း၊ ဘုန်း”
ကျွဲလူးအိုင်သရဲကြီးရဲ့ ကျောကုန်းပေါ်ကို
သုံးချက်ဆင့်ရိုက်လိုက်တယ်။ ဟာ ဒေါ်
မဲစိန်ရဲ့ အလောင်းကြီး ဝမ်းလျားမှောက်
လဲကျသွားပြီဗျို့။ ဟော မဖဲဝါ ဝင်နေတဲ့
ဒေါ်မယ်တင်ကြီးလည်း ခွေကနဲ လဲကျ
သွားပြီဗျ။
ကျုပ်က ဒေါ်မယ်တင်မျက်နှာကို ရေနဲ့
တောက်ပြီး ခပ်မြန်မြန် နှိုးလိုက်တယ်။
ဒေါ်မယ်တင် သတိပြန်ရလာပြီ။
“ကဲ ကိုရွှေရေ …ခင်ဗျားတို့ လူတွေခေါ်
ပြီး ဒေါ်မဲစိန်ရဲ့ အလောင်းကို ပြန်ပြင်ကြ
ပေတော့ဗျာ၊ ပြီးတော့ အောက်လင်းဓါတ်
မီးကြီးလည်း ပြန်ထွန်းတော့ဗျို့၊ခင်ဗျားတို့
ရွာမှာ ဘာအန္တရာယ်မှ မရှိတော့ပါဘူးဗျာ”
“ဟာ ဟုတ်လား မောင်တာတေ”
သူကြီးက ကျုပ်ကို ဝမ်းပမ်းတသာ
မေးတယ်ဗျ
“ဟုတ်ပါတယ် သူကြီးရယ်၊ နယ်ကျွံပြီး
ရောက်လာတဲ့ တောကြီးတစ္ဆေကို မဖဲ
ဝါကြီး ပြန်ခေါ်သွားပါပြီဗျာ၊ ဘာမှမရှိတော့ပါဘူး”
ရွာသားတွေလည်း ဒီတော့မှ ဆူညံ ဆူ
ညံနဲ့ လုပ်စရာတွေ ပြန်လုပ်ကြတာပေါ့ဗျာ။ နှစ်ရက် သုံးရက်ကြာတော့ ကိုညွန့်မောင်နဲ့ ကျုပ်အညာကို ပြန်ခဲ့ကြတယ်
ပြီးပါပြီ
Leave a Reply