နာကျင်မိသည်။ နာပင် နာငြားသော်လည်း နာရမှန်းမသိ။ စကားနိုင်လု၍ ပြောလိုက်ရသော သူ့ကိုယ်ကိုပင် သူ ချီးမွမ်းလိုက်သေးသည်။ မလိုသူတို့သည် စကားအတင်စီးခံရ၍ သာ၍ပင် မလိုစိတ် ပေါက်လာကြသည်။ အခွင့်ရတိုင်း မေးငေါ့ကြသည်။ မဲ့ရွဲ့ကြသည်။ ကိုဆင် အသက်အရွယ်ကြီးလာသောအခါ ပျိုရွယ်စဉ်က မေးငေါ့ခံရ၊ အမဲ့အရွဲ့ခံခဲ့ရသော ဒဏ်ရာများသည် ကိုဆင်၏စိတ်တွင် ပေါ်လာကြလေသည်။ ထို့ကြောင့် ကိုဆင်သည် အစ်ကိုဝမ်းကွဲတယောက်ထံမှ ငွေချေး၍ ဝါးရောင်းသည်။ ဝါးစျေးကျခိုက်ဖြစ်သဖြင့် ခွက်ခွက်လန်အောင် ရှုံးပါလေ၏။ နောက်တနှစ် မိုးဦးကျသောအခါ ကိုဆင်သည် လယ်အငှါး ဆင်းထွန်ပြန် သည်။ ထွန်သွားထိသဖြင့် ...

မီးသွေးနဲ့ အမေက ကျုပ်ကို ရေ နွေးအိုးကျိုခိုင်းတာနဲ့ ရေနွေးအိုးကျိုနေရတာဗျ။ ဆွမ်းခံတောင် ဝင်လာပြီဗျ။ ရွာဦးကျောင်းက ကို ရင်လေးနဲ့ ပုဗ္ဗာရုံကျောင်းက ကိုရင်နဲ့ ဆွမ်းခံအတူ ကြွလာတာကို ကျုပ်လှမ်းကြည့်လိုက်တယ်။ “ဟေ့ကောင် တာတေ၊ မင်းက ငါလာမှာကို သိလို့ ရေနွေးတွေ၊ ဘာတွေ ကျိုနေတာလားကွ” ကျုပ်ဝိုင်းဝကို လှမ်းကြည့်လိုက်တော့ ဘန့်ဘွေး ကုန်းက ကိုစံအေးကြီးဗျ။ဝိုင်းဝမှာ မားမားကြီးရပ်ပြီး သွားအဖွေးသားနဲ့ ကျုပ်ကို လှမ်းနောက်နေတာ။ “ဟာ …ကိုကြီးစံအေး လာလေ။ ဘယ့်နှယ် ဝိုင်း ဝမှာ မတ်တတ်ကြီးရပ်လို့ ...

ရေစစ်ကန်ဆီကနေ ကိုတင့်ကို ပြောဖို့အပြင်ထွက်လာခဲ့တယ်။ ” ရေချမ်းရေ…ကိုတင့်ကို မြင်မိသေးလား…” စက်ရုံထဲလှည့်ပတ်ရှာရင်း ရေချမ်းကိုတွေ့တော့ မောင်လွင်မေးမိတယ်။ ” အေး…အခုနကတော့ ဒီလူ စက်ရုံထဲပတ်နေသေးတာပဲ။ မင်း…တစ်ရုံလုံးကို ရှာပြီးပြီလား” ” အေးဟ…မတွေ့ဘူး” ” ဒါဖြင့်ရင်တော့…ဒီလူ လိုင်းခန်းထဲမှာ ဖဲသွားရိုက်နေလောက်ပြီ…” ရေချမ်းစကားကြောင့် မောင်လွင်မျက်လုံးတောင်ပြူးသွားရတယ်။ ” ဟေ့ကောင်…ကိုတင့်လို အလုပ်သမားခေါင်းက ဖဲရိုက်လို့လား” ” ဟား…ဟား…မင်းက ဟိုဘက်အဆိုင်းကဆိုတော့ ဘယ်သိမလဲကွ၊ အဲ့ဒီ့လူက တကယ့်ကို ဖဲဂျိုး၊ ပြီးတော့ အခုလတ်တလောလေးသူပြောပြာနေသေးတယ်၊ ဘာတဲ့ကွာ…ဪ…စပွန်ဆာသေးသေးလေးရထားတယ်ဆိုလားပဲ၊ သူ့အတွက် ဖဲစရိတ်ကို အဲ့ဒီ့က ...

ကျုပ်ပြောခဲ့သလို တစ်ခုမှလွင့်ပစ်စရာမလိုဘဲ အသုံးဝင်တဲ့အပင်ဆိုတော့ ကျုပ်တို့အညာသားတွေနဲ့ မိတ်ဆွေလို့တောင် တင်စားလို့ရပါတယ်ဗျာ။ ဒီနေ့လည်း ကျုပ်တို့ညီအကိုတွေ လယ်ထဲဆင်းလာကြတယ်ဗျာ၊ လယ်ထဲမှာတစ်မနက်ခင်းလုံး ပေါင်းသင်ပြီးတဲ့အချိန် နေ့လည်ထမင်းစားဖို့ရောက်လာပါရော၊ ထုံးစံအတိုင်း ဦးဘသာလယ်စောင့်တဲက ကျုပ်တို့လယ်စောင့်တဲနဲ့ ကပ်နေတာဆိုတော့ ဦးဘသာပါ ထမင်းထည့်တဲ့ချိုင့်ကလေးကိုင်ပြီး ကျုပ်တို့နဲ့ ထမင်းအတူစားဖို့ ကူးလာပါရောဗျာ။ “အလတ်ကောင်ရေ၊ ဘာဟင်းချက်သလဲကွ” “ဒီနေ့တော့ ဟင်းကောင်းတယ်ဗျ၊ ဖရုံညွန့််နဲ့ မျှစ်ဆတ်ဟင်းချက်တယ်၊ မန်ကျည်းသီးစိမ်းလေးတွေ ကို စပ်စပ်ကလေးထောင်းထားတယ်ဗျာ” “အောင်မာ၊ မင်းပြောတာနဲ့တင် သွားရေကျလာပြီကွ၊ မှန်းစမ်း၊ မင်းအမေလက်ရာ စားကြည့်ရအောင်” ဖရုံရွက်နဲ့မျှစ်ဆတ်ဆိုတာ ဒီအချိန်ဒီကာလမှာ စားလို့အကောင်းဆုံးဟင်းပေါ့ဗျာ၊ အခုလိုမိုးလယ်ကာလဆိုရင် ...

သေးသော ဇနီးသည်၏ ခေါင်းလေးအား တစ်ချက်ပုပ်ကာ “စိတ်ချ ညနေအစောပြန်ခဲ့မယ် သမီးလေးကိုဂရုစိုက် ခြံတံခါးပိတ်ထား” မေ ခေါင်းငြိမ့်ပြလိုက်ရင်း ကားမောင်းထွက်သွားသော ယောင်္ကျားကို မျက်စိရှေ့မှပျောက်ကွယ်သွားသည်ထိ ရပ်ကြည့်နေပြီးမှ ခြံတခါးပိတ်ကာ ဝင်လာခဲ့သည်။ “သမီးလေးရေ ထတော့ မျက်နှာသစ်ပြီး မနက်စာ စားရအောင်” အိပ်ရာထက်မှသမီးလေးကို တစ်ချက်နမ်းရင်း နှိုးလိုက်လေသည်။ ထိုစဉ် နှိုးလာသော ထက်လွန်းက အခန်းဝအားကြည့်နေရင်းမှ “မေမေ ဘယ်ကဖွားဖွား ရောက်နေတာလဲ ..ဟင်” သမီးစကားကြောင့် ခင်မေ တုန်လှုပ်စွာ အခန်းပေါက်ဝကိုလှည့်ကြည့်လိုက်ရင်း “သမီးလေး ဘယ်သူကိုတွေ့လို့လဲ” “ဖွားဖွားလေ” “ဘယ်ကဖွားဖွားလဲ ...

ဝင်ခဲ့လေဗျာ။ကျုပ်ဒီမှာ မန်ကျည်းရွက် ခူးလို့ဗျ။ “သြော် …အေး အေး” ကိုလူတော်က ဝိုင်းထဲဝင်လာပြီးတော့ အိမ်ပေါ်တက် သွားတယ်။အမေနဲ့ စကားပြောနေတယ်ဗျ။ ကိုလူတော်ဆိုတာ မနှစ်က ဆုံးသွားတဲ့ ကျုပ်သူငယ်ချင်း လူကျော်ရဲ့ အစ်ကိုကြီးလေဗျာ။ကျုပ်ရေးခဲ့တဲ့ တိုက်နွားဆိုတဲ့ ဝတ္ထုမှာ ရှာဖတ်ကြည့်ဗျာ။ အဲဒီညကဆိုရင် ကျုပ်မှာသူငယ်ချင်း လူကျော် သေသွားလို့ ဝမ်းနည်းနေတာကတစ်မျိုး ။တိုက်နွား ကြီးက နောက်ထပ်ရွာသားတွေကို သတ်မှာ စိုးရိမ်လို့ မဖဲဝါနဲ့ နှစ်ယောက်ပေါင်းပြီး ချည်မန်း ကွင်းစွပ်ရတာက တစ်မျိုးနှင့် လှုပ်တောင် မလှုပ်နိုင်တော့ ပါဘူးဗျာ။ အမေ့အတွက် မန်ကျည်းရွက်တွေ ...

အောက်ပိုင်းသေနေတာက တစ်ကြောင်းမို့ လမ်းတော့ထမလျှောက်နိုင်ပေ။ _ _ _ _ _ “လာကြစမ်း ဘယ်တွေရောက်နေကြလဲ တစ်ယောက်မှမရှိဘူးလား” ဒေါ်မြအေးသည် သူ့အနားလူမရှိလျှင်မနေ မကျင်ခင်နှင့် မြေးများအား တစ်ချိန်လုံး အော်ခေါ်နေတတ်ပြီး သူ့အား နင်းခိုင်း နှိပ်ခိုင်း တစ်ချိန်လုံး လုပ်ခိုင်းနေတတ်သည်။ ထမင်းဟင်းလဲ မစားပေ။ တစ်နေကုန်နေလို့ အတင်းကျွေးကာမှ တစ်နပ်လောက်သာ စားသည်။ “လာပြီ အမေရေ အမေအတွက် ကြက်လေးပြုတ်ပေးမို့ပါ” “ငါမစားဘူး မပြုတ်နဲ့ နင်တို့တွေငါ့နားမှာ တစ်ယောက်မှမရှိဘူး ငါ့ကိုတစ်ယောက်ထဲ ပစ်ထားကြတယ်အီးးးးဟီးးးဟင့်..” ဒေါ်မြအေးတစ်ယောက် သူ့အားပစ်မထားကြစေရန် ...

ကျေနပ်တဲ့သူတစ်ယောက် ပေါ်လာတယ်။ သူကတော့ သေသူ မသန်းနုပဲဖြစ်တယ်။ လူသေရင် သုံးရက်ထားတယ်။ သုံးရက်မြောက်တဲ့နေ့မှ သင်္ဂြိုဟ်ရတယ်။ နှစ်သစ်ကူးရက်နဲ့ကြုံလို့ ကူးစက်ရောဂါကြောင့်သေတာနဲ့၊ အခြားသော အကြောင်းအရာတွေကြောင့် ချက်ချင်းသ င်္ဂြိုဟ်ရတာ…..။ တစ်ရက်ထဲထားပြီးနောက်နေ့သင်္ဂြိုဟ်တာတွေရှိတတ် ပေမဲ့ သုံးရက်မြောက်တဲ့နေ့မှာ သင်္ဂြိုတ်တာကတော့ ရွာရဲ့ထုံးစံပါ။ ဒါပေမဲ့ ရက်လည်ဆွမ်းသွတ်ကို သုံးရက်နဲ့လုပ်တာတော့ ထုံးစံမရှိဘူး၊ အစဉ်အလာ မဟုတ်ဘူး။ ရွာရဲ့ သမိုင်းတစ်လျှောက်မှာလည်း တစ်ကြိမ်တစ်ခါ တောင် မကြုံဖူးဘူး….။ ကာလ၊ ဒေသ အခြေအနေအရ ငါးရက်နဲ့ဆွမ်းသွတ်ကာ ရှိခဲ့ပေမဲ့…။ ထုံးစံက သေဆုံးပြီးခုနစ်ရက်တင်းတင်း ပြည့်မြောက်တဲ့နေ့မှ ရက်လည်ဆွမ်းသွတ်တယ်။ ...

နည်းနည်းဒေါသထွက်နေသလိုပဲဗျာ။ “ဟုတ်၊ ဟုတ်ပါတယ် အဖေက ဦးကြီးတို့ ဘာလို့ရွာထဲမှာ မတည်းခိုတာလဲဆိုတာ သိချင်ပါတယ်၊ နောက်ပြီး အဖေကဒီရွာက သူကြီးဆိုတော့ မဖြစ်သင့်တာမဖြစ်ရအောင် ကြိုပြီးသိထားချင်တာပါ” ဒီတော့မှ ထိုင်နေတဲ့ဦးလေးကြီးက ဖယောင်းတိုင်ကြီးကိုမီးမှုတ်လိုက်တယ်ဗျာ။ “ငါတို့က မကောင်းတဲ့လူတွေမဟုတ်ပါဘူးကွာ၊ ဒီရွာမှာ လုပ်စရာရှိလို့လာခဲ့တာ” “မကောင်းတဲ့လူတွေမဟုတ်ဘူးဆိုတာတော့ ယုံပါတယ်၊ ဦးလေးတို့က ဘာလုပ်စရာရှိလို့လဲ” “ငါ့နာမည် ဦးဖီးလို့ခေါ်တယ်ကွ၊ သာယာ၀တီကနေလာတယ်၊ ငါတို့က မင်းတို့ရွာကိုဘာမှမလုပ်ဘူး၊ မင်းတို့ကိုလည်း ဘာမှမထိခိုက်စေရဘူး၊ ဒါကြောင့်မို့လို့ မင်းတို့ရွာထဲတောင်မဝင်ဘဲ ရွာပြင်မှာပဲတည်းခိုတာ” “ကောင်း. . ၊ ကောင်းပါပြီ ဦးကြီး” ကျုပ်လည်း ...

မြွေနိုင်တဲ့ အမေယဉ်ကိုကိုးကွယ်ကြတာဖြစ်မယ်။” “ဟင်….” မသိလျင်မည်သည့်အကြောက်တရားမျှ ကျွန်ုပ်ထံတွင်ရှိနေလိမ့်မည်မဟုတ်၊ သို့သော် ယခုအခါ ဒူးခေါင်းကျော်မျှပေါက်ရောက်နေခဲ့သော မြတ်ပင်များကိုတွင် ဖြတ်သန်းနေခဲ့ချိန်၌ ဦးကြီးထံမှ ထို့ကဲ့သို့ပြောဆိုလိုက်သံကိုပင် ကြားလိုက်ရသည်နှင့် ကျွုန်ပ်၏ခြေလှမ်းများ တွန့်ဆုတ်ရပ်တန့်သွားခဲ့ရလေသည်။ “ဟ… တူကြီး၊ လျောက်လေကွ။ ဘာဖြစ်တာတုန်း။ ညောင်းသွားတာလား” “ဟာ… မဟုတ်ပါဘူး။ ဦးကြီးပြောလိုက်မှပဲ ကျွန်တော်မလျောက်ရဲတော့တာ၊ ဦးကြီး ကျွန်တော်မလိုက်ရဲတော့ဘူးဗျာ” “ဟင်… ဘာဖြစ်လို့တုန်းကွ” “မြွေ… မြွေတွေပေါတယ်ဆို…” “ဟုတ်တယ်လေကွ… ငါကမြွေပေါတယ်ပဲပြောတာ။ လူတွေကို မြွေတွေက ကိုက်တယ်လို့ပြောတာမှမဟုတ်ပဲ။ ရန်ကုန်သားကြီးကလည်း သွေးနည်းလိုက်တာ” “နည်းတယ်ဗျ၊ နည်းတယ်။ မြွေနဲ့တူတဲ့အကောင်ဆိုရင် ...