ထွတ်သံယိုထိ ရိုက်ပုတ်နှိပ့်စက်တတ်လာတယ် ။ ဒီလိုဖြစ်နေတဲ့ ကြားထဲ ချီးကျူးစရာ လေးစားစရာကောင်းသည့်က ခင်သုန်ရယ် ။ သူမယောကျာင်္ ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ မိန်းမဝတ္တရားတွေ ကျေပွန်အောင် ပြုမူနေထိုင်ခဲ့တယ် ။ သူမက ဒီလိုသည့်ခံလေ ထွန်းထွန်းဦးက ရောင့်တတ်လာလေပဲ ။ခင်သုန် အိမ်ထောင်ရေး ကံမကောင်းလှ ။ လင်ဆိုးမယား တဖားဖား ဖြစ်ခဲ့တယ် ။ အစပိုင်းတုန်းက ထွန်းထွန်းဦး ပြောင်းလဲလာမလားရယ်လို့ မျော်လင့်မိသေးတယ် ။ ဒါပေမယ့် ထွန်းထွန်းဦးက ထွန်းထွန်းဦးလေ …လူမိုက်က လူမိုက်ပါပဲ ။ ဘာမှာကွဲပြားမသွားဘူး ...
ပင်ပန်းဆင်းရဲ ပေဦးမည်။အဘယ်ကြောင့်ဆိုသော် ယောက်ကျာ်းဖြစ်သူ စောစောဆုံးပါးသွား၍ လူမမယ် ကလေးတယောက် နှင့် ရုန်းကန်လာခဲ့ရ သောကြောင့်ဖြစ်၏ ၊၊တပင်လဲ မူ တပင်ထူ ဆိုသော ရှေးစကားကို ပယ်ရှားကာ ပထွေးသည် ဆယ်ယောက်တယောက်သာ ကောင်း၏ ဟုတွေးပြီး သားဖြစ်သူအား ပထွေးဖြင့် မနေစေလိုသောအကြောင်း ကြောင့်လည်း နောက်ထပ် အိမ်ထောင် မပြုခြင်းဖြစ်သည် ၊၊ ယခုတွင်တော့ လောကဓံကို ခါးစောင်းတင်လာသော မုဆိုးမကြီး အရီးပျိုသည် အိပ်ယာထဲတွင် အားမတန်လို့ မာန် လျော့နေသောဟန် ဖြင့် လှဲအိပ်နေလေသည်။ ထိုအဖြစ် ထိုမြင်ကွင်းအား ...
နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ကျသွားသလိုလိုနဲ့ လုံးဝပျောက်သွားတာဆိုပဲဗျ။ ကိုမင်းနောင်တို့ မခင်သက်ဝေတို့ ဘွဲ့ရပြီးတော့ မခင်သက်ဝေက မြို့မှာ ပဲ ဆရာမပြန်လုပ်တယ်။ ကိုမင်းနောင်ကတော့ မန္တလေးသွားပြီး ပန်းချီလုပ်ငန်းလုပ်တယ်။ တစ်ခုတော့ပြောရဦးမှာဗျ။ တက္ကသိုလ်နေတုန်းမှာပဲ ကိုမင်းနောင် နဲ့ မခင်သက်ဝေက ချစ်သူတွေဖြစ်သွားကြတယ်တဲ့။ ကိုမင်းနောင်ကလည်း ပန်းချီအကျော်အမော်တစ်ယောက်ဖြစ်လာတော့ အတူနေဖို့ငွေစုနေကြတာ တဲ့ဗျ။ ဒီအချိန်မှာ ကိုထိုက်အောင်ပြန်ရောက်လာတာတဲ့ဗျို့။ ပြောစရာတစ်ခုရှိသေးတယ်ဗျ။ မုဆိုးမအမေသုံးယောက်ထဲမှာ ကိုမင်းနောင်ရဲ့အမေဒေါ်လှရီက ဈေးထဲမှာအထည်ဆိုင်ကြီးနဲ့အထည်ရောင်း သတဲ့ဗျ။ မခင်သက်ဝေရဲ့အမေဒေါ်ဝင်းနွယ်က ဈေးထဲမှာကုန်ခြောက်ဆိုင် နဲ့ကုန်ခြောက်ရောင်းတာတဲ့ဗျ။ ကိုထိုက်အောင်ရဲ့အမေဒေါ်စိန်မေကတော့ မျိုးရိုးလိုက်ချမ်းသာတာဆိုပဲ။ အမွေတွေသုံးမွေလောက်ခံရတာတဲ့ဗျ။ ရွာတွေ မှာလည်း ဘိုးဘွားပိုင်ယာတွေမှ ...
အဲဒီလက်ကိုပါ ပုတ်ချပြီးတော့ ဆက်ပြေးတော့တာပေါ့ဗျာ။ ခြေဦးတည့််ရာပြေးရင်း ဘယ်ကိုရောက်လို့ ဘယ်ကိုပေါက်ကုန်မှန်းလည်း မသိပါဘူးဗျာ၊ မောလို့ နားလိုက်ရတယ်၊ နားနေရင်း ဟိုးအရှေ့က ဆီမီးခွက်အရောင်ကလေးလှမ်းတွေ့တယ်ဗျ။ ကျုပ်ဖြင့်ပျော်သွားတာပဲ၊ ဆီမီးခွက်ရှိရင် လူရှိတာကြိမ်းသေပဲမဟုတ်လား၊ ဒါနဲ့ ဆီမီးခွက်အလင်းရောင်အနောက်ကို ခပ်မြန်မြန်ပြေးလိုက်လာခဲ့တာပေါ့ဗျာ။ ပြေးလာရင်းနဲ့ မီးရောင်ကတဖြည်းဖြည်းနီးလာတယ်ဗျ၊ အနားရောက်တော့အိမ်ကလေးတစ်အိမ်ကိုတွေ့ပြန်ပါရော၊ အိမ်ရှေ့မှာဆင့်ကလေးထိုးထားပြီးတော့ ဆင့်အပေါ်မှာ အဘွားကြီးတစ်ယောက်က ဒူးတစ်ဖက်ထောင်ပြီးထိုင်နေတယ်၊ ကျုပ်လည်း အဘွားကြီးကိုတွေ့တော့ အားကိုးတကြီးနဲ့အမြန်ပြေးဝင်ခဲ့တာပေါ့ဗျာ။ “အမေကြီး၊ ကျုပ်မောလာလို့ ဒီမှာခဏနားခွင့်ပြုပါ” အဘွားကြီးက ကျုပ်ကိုကြည့်ရင်း “နားပါတော်၊ နားပါ၊ ခဏမကလို့ တစ်သက်လုံးနားရင်လည်း စိတ်မဆိုးဘူး” အဘွားကြီးစကားကြားရတာကတော့ တစ်မျိုးပဲဗျ၊ ...
သေသေချာချာ အိပ်ပြီးတော့ကို စောင့်တာတဲ့ဟေ့၊ညသန်းခေါင်ကျော်လောက်ရောက်တော့ မီးဖိုခန်းထဲက အိုးသံခွက်သံတွေကြား လို့ တံခါးဖွင့်ကြည့်လိုက်တယ်တဲ့ဟေ့” “ဟင်……ဘာမြင်လို့တုံးကွ စံဘော်ရ” “အကောင်ကြီးတဲ့ကွာ၊နဲတာကြီးမဟုတ်ဘူးဆိုပဲ၊ အရီးမြတင် ပြောတာကတော့ ဆင်ကြီးတစ်ကောင် မတ်တပ်ရပ်နေသလိုပဲတဲ့ဟေ့၊တစ်ကိုယ်လုံး အမွှေးအမျှင်တွေ ဖုံးနေတာတဲ့ကွ၊လက်သည်းခြေသည်းတွေက သံကောက်ကြီးတွေတပ်ထားသလိုကို ဖြစ်နေတာတဲ့ ဟေ့၊မျက်လုံးကြီးတွေဆိုတာ ရဲတောက်နေတာဆိုပဲ၊ ပါးစပ်ကြီးဖြဲပြီး ဝက်သားတုံးတွေကို လက်ခုပ်ကြီးနဲ့ ကျုံးကျုံးပြီး ထည့်နေတာတဲ့ကွ” “ဟေ………အရီးမြတင်က ဘာလုပ်လိုက်တုံး” “ဟာ တာတေရာ၊အရီးမြတင်က လုပ်ဖို့နေနေသာကွာ၊အောင်မယ်လေး သရဲကြီးတော့လို့ ငယ်သံပါအောင် အော်ပြီး လဲကျသွားလိုက်တာ သတိကို မရတော့တာဟေ့ သူ့အိမ်သားတွေလည်း အိပ်ရာက နိုးလာပြီး အပြေးအလွှားရောက်လာကြတာပေါ့ကွာ။သူတို့ ...
တာတေ၊ မင်းက ငါလာမှာကို သိလို့ ရေနွေးတွေ၊ ဘာတွေ ကျိုနေတာလားကွ” ကျုပ်ဝိုင်းဝကို လှမ်းကြည့်လိုက်တော့ ဘန့်ဘွေး ကုန်းက ကိုစံအေးကြီးဗျ။ဝိုင်းဝမှာ မားမားကြီးရပ်ပြီး သွားအဖွေးသားနဲ့ ကျုပ်ကို လှမ်းနောက်နေတာ။ “ဟာ …ကိုကြီးစံအေး လာလေ။ ဘယ့်နှယ် ဝိုင်း ဝမှာ မတ်တတ်ကြီးရပ်လို့ ” ကျုပ်ခေါ်လိုက်တော့မှ ခြေလှမ်းကျဲကြီးနဲ့ ဝိုင်းထဲ ကို ဝင်လာတာဗျ။ ကျုပ်က အိမ်ပေါ်ကို ခေါ်ပြီး ထိုင်ခိုင်းရတယ်။ မီးဖိုချောင်ထဲက ထွက်လာတဲ့ ကျုပ်အမေက မျက်လုံးကို လက်ဝါးနဲ့ အလင်း ရောင် ...
လိုက်တာ နောက်ဆုံးကျတော့ပူကိုမပူ တော့တာဗျ၊၊ ဒီလိုနဲ့ပဲ မရင်မွေးမယ့်အချိန်ရောက်လာရောဗျို့၊၊ အချိန်ကျတော့လည်း တခြားကလေးတွေမွေးရသလိုဗိုက်နာ တာပဲဗျ၊၊ ကျုပ်တို့ရွာက ဝမ်းဆွဲသည်ဒေါ်လုံးတင်ကြီးမွေးပေး တာဗျ၊၊ တခြားကလေးတွေ မွေးသလိုပုံမှန်မွေးတာပဲတဲ့ဗျ၊၊ ဒါပေမဲ့မွေးလာတဲ့ကလေးက တစ်ထွာသာသာလောက်သာရှိ တဲ့ သားခြောက်ကလေးတဲ့ဗျို့၊၊ တစ်ချို့ကတော့ လူခြောက်လို့ ခေါ်တာပေါ့ဗျာ၊၊ မရင် လူခြောက်ကလေးမွေးလို့တဲ့ ဆိုတဲ့ သတင်းကထနောင်းကုန်း မှာပျံ့နှံ့သွားရောဗျို့၊၊ ကျုပ်တို့ရွာက လူတွေဆိုတာ လူခြောက်မမြင်ဖူးလို့သွားကြည့်ကြတာ ကိုဖိုးထွေးတို့အိမ်ကလေး ပြိုမှာစိုးလို့ဆယ်အိမ်ခေါင်းကိုကံသာ ကိုယ်တိုင်ဝိုင်းထဲကသရက်ပင်အောက်မှာ စားပွဲတစ်လုံးခင်း ပြီးပြရတာဆိုပဲ၊၊ သူများသာပြောတာ သွားကြည့်တဲ့ထဲမှာ တာတေဆိုတဲ့ကောင်က ရှေ့ဆုံးကပေါ့ဗျာ၊၊ ကျုပ်လည်းခုမှ လူခြောက်မြင်ဖူးတာဗျ၊ ကျုပ်သေသေချာချာကြည့်တာဗျ၊၊ ...
ဟုတ်လားဗျာ၊ ကျုပ်တို့ခေတ်ကလည်း ပိုးပန်းတယ်ဆိုရင် စကားပြောတာလောက်ကနေ အဆင့်မတက်ဘူးဗျ၊ ရည်းစားသညာဖြစ်ပြီဆိုတော့မှ တစ်ယောက်နဲ့တစ်ယောက် လက်ကလေးဘာလေးကိုင်ရတာ၊ ဒါတောင် ရှက်တဲ့လူတွေဆိုရင် လူမြင်သူမြင်နေရာမှာ လက်ကိုင်ဝံ့တာမဟုတ်ဘူးဗျာ၊ တစ်ချို့အိမ်တွေဆိုရင် မိန်းကလေးတွေအိပ်တဲ့အိပ်ခန်းအောက်က ကြမ်းပြင်မှာ လက်တစ်နှိုက်စာလောက် အပေါက်ကလေးဖောက်ထားသေးသဗျ၊ ကျုပ်တို့အခေါ်တော့ အပျိုနှိုက်တယ်ခေါ်တာ၊ ခင်ဗျားတို့ မိုက်မိုက်ရိုင်းရိုင်းတွေမတွေးပါနဲ့ဗျာ၊ သမီးရည်းစားနှစ်ယောက် အဲဒီအပေါက်ကလေးကနေ စကားတွေပြောကြ၊ တစ်ယောက်လက်တစ်ယောက်ကိုင်ကြတာကိုပြောတာဗျ။ (၂) အခုလိုဆောင်းတွင်းကာလမျိုးဆိုရင်တော့ ကာလသမီးတွေက ခြံကျယ်တစ်ခုမှာ စုပြီးမီးပုံကြီးဖိုကြတယ်၊ အဲဒီအနားမှာ အနီးအပါးအိမ်က ကာလသမီးတွေစုပြီး အတင်းတုပ်ကြ၊ သတင်းဖလှယ်ကြပေါ့ဗျာ၊ စကားပြောတယ်ဆိုပေမယ့်လည်း အလုပ်နဲ့လက်နဲ့တော့မပြတ်ဘူးဗျ၊ အပေါ်က စကားပြောရင်း ပဲကြီးအခွံခွာတဲ့လူကခွာ၊ ...
အကြောင်းများရှိလို့ ရောက်လာခဲ့ကြတာလဲကွဲ့…” “ပြောရဦးမယ်ဗျာ…ဟောဒါကျုပ်တူနဲ့တူမပါ… သူတို့ကတခြားရွာမှာနေကြတာပါ… ဒါကတော့ကျုပ်တူရဲ့မိန်းမခင်ဗျ…” “သြော်…အေး…အေး…” ဘွားမယ်စိန်က အမျိုးသမီးတစ်ဦးကို သေချာစူးစိုက်ကြည့်နေခဲ့၏။ ပြီးနောက်… “ကလေးမ…ညည်းနာမည်ဘယ်လိုခေါ်လဲ” ဟုမေးတော့… “ကျုပ်နာမည်က မတင်ကြည်ပါ…” “ညည်းမှာအမှောင်ဓာတ်တွေများနေတယ်… ညည်းကိုမကျေနပ်တဲ့သူရှိနေတယ်ကလေးမ…” “ကျုပ်တို့လည်းအဲ့တာကြောင့်လာကြတာပါခင်ဗျာ… ကျုပ်အစ်မ နေထိုင်မကောင်းဖြစ်ပြီးကတည်းက သူမဟုတ်သလိုဖြစ်လာလို့ပါ…” “ဘယ်လိုမျိုးတွေဖြစ်တာလဲကွဲ့…” “ဖြစ်ပုံကဗျာ… တစ်ခါတစ်လေကျုပ်တို့ကိုဒေါသတွေထွက်နေတတ်တယ်… အကြောင်းအရင်းမရှိဘဲပစ္စည်းတွေကိုပေါက်ခွဲတယ်… အယ်နောက်ပြီးသူမဟုတ်သလို…ဘာမှမမှတ်မိပြန်ဘူးဗျာ… တစ်ခါတစ်လေကျပြန်တော့ ထမင်းတွေဟင်းတွေက်ို အားရပါးရစားပြန်တယ်…လူငါးယောက်စာထမင်းဟင်းကို သူကတခဏနဲ့စားနိုင်တယ်ဗျ… ပိုဆိုးတာကညဘက်တွေလမ်းထလျှောက်ပြီး မနက်ချက်ဖို့ထားတဲ့ဟင်းစိမ်းတွေကို ယူယူစားတာပဲအမေကြီးရဲ့” ဟု…မောင်ဖြစ်သူကပြောပြလေသည်။ ရွာသူကြီးဦးမျိုးသစ်ကလည်း… “ဟုတ်တယ်ဗျ…ကျုပ်တူမကြည့်ရတာ မမြင်အပ်တာတွေဝင်စီးနေပုံရတယ်… အဲ့သည်ဟာတွေဝင်စီးပြီးစားချင်တာစားပြီးရင် သူဘာမှမမှတ်မိဘူးဖြစ်နေတာ… ကျုပ်တူကသူ့အစ်မအကြောင်းပြောပြတော့ ကျုပ်လည်းဘွားဆီကိုအပြေးခေါ်လာခဲ့ရတာပဲဗျာ…” ...
နေရတာအဆင်ပြေ ရဲ့လား ” ” ပြေပါတယ် ဒီလိုနေလာတာကြာပါပြီကွယ်” ” ဟုတ်ကဲ့ဒေါ်သောင်း” ဒေါ်သောင်းကကျုပ်ကို…ညနေတိုင်းလာလာ နှိပ်ပေး နေကျလေ…အသက်ကကြီးပေမဲ့…အတော်သန်တယ်ဗျ.. ခုလိုသမ္မာအာဇီဝ..လုပ်စားတော့လူတိုင်းကချစ်ကြခင်ကြ လေးစားကြပေါ့ဗျာ…တစ်နေ့…ကျုပ်တောထဲကနေ… ဆိတ်ကျောင်းပြန်လာတော့…မကြားချင်တဲ့သတင်းဆိုးကြီး ကြားလိုက်ရတယ်ဗျာ…. ” ဒေါ်သောင်းဆုံးပြီးတဲ့ ဆူးလေကုန်းရွာကအပြန်မှာ… မြွေပေါက်ခံရတာတဲ့ စိတ်မကောင်းလိုက်တာကွာ” ” ဟာ.. ” ဒီတစ်လုံးတည်းသာပြောနိုင်တော့တယ်ဗျာ…ကျုပ် ကဒေါ်သောင်းကိုအတော်သံယောဇဉ်ကြီးတာလေဗျာ… ကျုပ်မျက်ရည်တောင်ကျမိတယ်…ကျုပ်အဖွားတစ်ယောက် ဆုံးရှုံးသွားသလိုပါပဲဗျာ…လူတွေဆိုတာ…အိုရမယ်…နာရ မယ်…သေရအုံးမယ်မဟုတ်လား…ကျုပ်တို့အားလုံးလည်း တစ်နေ့ဒီလမ်းကိုသွားကြရမှာပဲ…မနက်တုန်းကတောင်.. ဒေါ်သောင်းကိုမြင်လိုက်ရသေးတာ…နေ့မြင်ညပျောက်ဆို တဲ့စကားက…ဒေါ်သောင်းအတွက်များဖြစ်နေလေသလားဗျာ….ကျုပ်တို့ သူငယ်ချင်းတွေလည်းဒေါ်သောင်းနေအိမ်ကို သွားပြီညတိုင်း…စောင့်အိပ်ပေးရတာပေါ့…. “ဒေါ်သောင်းရေ ကျုပ်ကိုလာခြောက်ပါအုံးဗျာ” စိတ်ထဲကရွတ်နေမိတယ်…ဒါပေမဲ့ညတိုင်းအရိပ်အယောင် လေးတောင်မတွေ့ရမမြင်ရပါဘူး…ဒီလိုနဲ့ရက်လည်တဲ့ည ရောက်လာတော့…ကျုပ်ဆုတောင်းတာလေးပြည့်ဝသွား တယ်…ကျုပ်အိပ်နေတုန်း…ကျုပ်ခြေထောက်လေးကို… တစ်စုံတစ်ယောက်က…နှိပ်ပေးနေသလိုခံစားရတော့… ...