သေသွား ခဲ့တာ။ ကလေးက သုံးနှစ်သား ယောက်ျားလေးကွ။ မိန်းမက ကိုယ်ဝန်ဆောင်သည်။ ဗိုက်ထဲမှာ ကလေးက သုံးလသားလောက်ရှိပြီ ” “ ဟာ….ကျွတ်……ကျွတ်…..။ သနားစရာဗျာ။ ဘယ်နေ့ကဖြစ်တာလဲ ” “ မနေ့မနက်ကမှဖြစ်တာ။ ဒီနေ့ညမှ ရင်ခွဲဖြစ်တယ် ” “ မင်းက မကြောက်တတ်တော့ ထူးဆန်းတာ ပြောပြမယ်ကွ ” “ လုပ်စမ်းပါဦး အစ်ကိုရာ ” “ ကားက အဲဒီအမျိုးသမီးကိုတိုက်ပြီး ဗိုက်ကို တက်ကြိတ်တယ်ထင်တယ်။ ဗိုက်ကပွင့်ပြီး သားအိမ်ထဲက ကလေးပါ အပြင်ထွက်သွားတယ်။ ...
အားပါးတရရယ်မောပြီး ခွေးတွေကိုပြန်ခေါ်ကာ သံကြိုးဖြင့်ပြန်ချည်ထားလိုက်သည်။ နောက်တစ်ရက်တွင်လည်း ၎င်းတို့အဖွဲ့ သည် ဦးမင်းလွင်တို့၏အိမ်ရှေ့သို့လာရောက်ပြီးအလှူခံပြန်လေရာ သောင်းလှိုင်ကလည်း ခွေးဖြင့်ရှူးတိုက်ပြန်သည်မို့ထွက်ပြေးကြရပြန်သည်။ သောင်းလှိုင်လည်း’ တဟားဟား’အော်ရီရင်းကျန်ခဲ့သည်။ တစ်နေ့သောမနက်တွင်တော့ ဦးမောင်လွင်တို့မိသားစုသည် မနက်စာစားနေခိုက် “ဆန်လေး လက်တစ်ဆုပ်စာလောက်အလှူခံပါတယ်ကွယ်” အိမ်ရှေ့မှ ရှမ်းသံဝဲဝဲဖြင့် အလှူခံသည့်အသံကိုကြားလိုက်ရသောကြောင့် သုံးယောက်စလုံးလှမ်းကြည့်လိုက် ကြရာ အဖိုးအိုတစ်ဦးကိုတွေ့လိုက်ရသည်။ ထိုအဖိုးအိုသည်လည်း ခေါင်းပေါင်းကိုကျကျနနပေါင်းထားပြီးဟောင်းနွမ်းနေသည့်ရှမ်းတိုင်းရင်းသားဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည်။ ကြည့်ရသည်မှာ ယခုတလောမှရောက်လာသည့် ရှမ်းဝတ်စုံကိုယ်စီဝတ်ထားသော အလှူခံအဖွဲ့နှင့်တစ်ဖွဲ့တည်းဖြစ်လိမ့်မည်။ မည်သို့ပင်ဆိုစေ အလှူခံအဖွဲ့ဆိုလျှင် မျက်စိနောက်တတ်သည့်သောင်းလှိုင်သည် သံကြိုးဖြင့်ချည်ထားသည့်ခွေးတွေကိုလွတ်ကာ ရှူးတိုက်သည်။ “ဟဲ့ ရှူး ရှူး” “ဝုတ်ဝုတ် ” ခွေးတွေလည်း ...
ကော့စိန် ရွာဦး၊ ဗျည်းညားလဗွေ ချောင်းကမ်းပါးထိပ်မှာ ရှိတာကြောင့်.၊ ရွှေချောင်း၊ ငါးအိမ်တန်း၊ အရှေ့ဇင်ပြွန်းကုန်း၊ ကညင် ကွင်း၊ မုတ်ထောနဲ့ သပြေလှရွာတွေကို စီးမြင်နေရတယ်။ နေလုံးကြီးက အလင်းရောင်တွေကို တစ်စစီ၊ တစ်စစီ ဆွဲယူရုပ်သိမ်းသွားချိန်မှာ အမှောင်က တဖြည်းဖြည်းတိုးဝင်နေ တယ်…။ညအမှောင်ထဲမှာ ရွာတွေဆီက တလက်လက်မီးရောင် လေးတွေကို မြင်နေရတယ်။ ချောင်းထဲမှာ ရေစပ်စပ်ရောက်နေလို့ ဖားတွေ ပျော်နေ ကြဟန်တူရဲ့..။ အုံးအင်၊ အုံးအင် သံတွေ၊ တစ်…တစ်..တစ် ဆိုတဲ့ဖားလက်တက်အော်သံတွေ ရောထွေးဆူညံနေတယ်။လေပြည်က လယ်ကွင်းပြင်တွေကိုဖြတ်သန်းပြီ။ မောင်လှတင့်ရင်ခွင်ထဲ တိုးဝှေ့လာတယ်။ မိုးငွေ့ပါတဲ့ ...
ပြေသောကြောင့်ဖခင်ကြီးအိမ်မှာပင်ဆက်နေပြီးလင်မယားနှစ်ယောက်ပုဇွန်စက်ရုံတွင်အလုပ်ဆက်လုပ်ပြီးပိုက်ဆံစုနေကြသည်။ လင်မယားနှစ်ယောက်လုံးအလုပ်ကြိုးစားမူကြောင့် နိူင်ဝင်းတို့လင်မယားကိုပုဇွန်စက်ရုံသူဌေး မှကော့သောင်းတွင်စက်ရုံအသစ်တစ်ခုဖွင့်သည့်အချိန်တွင်လင်မယားနှစ်ယောက်လုံးရာထူးတိုးလစာတိုးပေးပြီးကော့သောင်းစက်ရုံကိုရွေ့ပြောင်းခိုင်းတာကြောင့်နိူင်ဝင်းတို့လင်မယားနှစ်ယောက်မှာ ဦးဖိုးကွန်းကိုအကျိုးအကြောင်းပြောပြပြီးကော့သောင်းစက်ရုံကိုရွေ့ပြောင်းခဲ့ကြပါတော့သည် ။ တစ်ခြားသားသမီးများမှာဦးဖိုးကွန်းနဲ့ဘယ်သူမှ လာနေရန်အဆင်မပြေသောကြောင့်အိမ်ကြီးတွင်ဦးဖိုးကွန်းတစ်ယောက်သာကျန်နေရစ်ခဲ့တော့သည်။ နိူင်ဝင်းတို့လင်မယားမှာကော့သောင်းမြို့တွင် အလုပ်လုပ်ရင်းဇနီးချိုချိုမြင့်မှာသားဦးလေးတစ်ယောက်မွေးတာကြောင့်နိူင်ဝင်းတစ်ယောက်အလုပ်ကိုနဂိုကထက်ပိုပြီးကြိုးစားလုပ်ရင်းရှိနေ၏ ။ ထိုအချိန်မှာပင်.. ၊လူကြုံဖြင့်နိူင်ဝင်းထံသတင်းဆိုးတစ်ခုရောက်လာပါသည်။ ဖခင်ကြီးမှာနေမကောင်းအသည်းအသန်ဖြစ်နေ သောသတင်းပင်ဖြစ်ပါတယ်။ နိူင်ဝင်းလည်းသူတစ်ယောက်တည်း ထားဝယ်ပြန်လာပြီးဖခင်ကြီးအခြေအနေက်ုကြည့်ရာတစ်ယောက်တည်းထား၍မဖြစ်နိူင်တာမို့ တခြားညီအစ်ကိုမောင်နှမများနဲ့တိုင်ပင်ကြည့်ရာ ဘယ်သူမှဖခင်ကြီးအနားမနေနိူင်ဟုဆိုလာကြတာ ကြောင့် စက်ရုံပိုင်ရှင်သူဌေးကိုပြောပြီး ထားဝယ်ပြန်ပြောင်းလာခဲ့ကြ၏ ။ ဇနီးဖြစ်သူမှာခလေးငယ်လေးနဲ့မို့အလုပ်ထွက်ခိုင်းပြီးသူတစ်ယောက်တည်းပုဇွန်စက်ရုံမှာအလုပ်ဆင်းပါတော့တယ် ။ ဦးဖိုးကွန်းဟာတစ်ယောက်တည်းဖြစ်သလိုစားသောက်ပြီးအဟာရချို့တဲ့ကာ အိပ်ယာထဲလဲနေခြင်းပင်။ ပြုစုမယ့်သူရှိပြီးစားကောင်းသောက်ကောင်းစားး ရချိန်မှာတော့ပြန်ပြီးကျန်းမာလာပါတော့သည် ။ ဒီလိုနဲ့နေလာကြရင်းနှစ်နှစ်လောက်ကြာချိန်ရောက် တော့ ပြာသာနာတစ်ခုပေါ်ပေါက်လာ၏ ။ ထိုအရာမှာတခြားမဟုတ်မိသားစုတိုင်းဖြစ်လေ့ဖြစ်ထရှိသောအမွေကိစ္စပင်ဖြစ်သည်။ တစ်ခြားသောညီအစ်ကိုမောင်နှမများကဘာစကားမှမပြောသော်လည်းနိူင်ဝင်းအစ်မအကြီးနှစ်ယာက်မှာအဖေဖြစ်သူဦးဖိုးကွန်းကိုအနီးကပ်ပြုစုနေသောကြောင့်အိမ်ကိုတဦးတည်းအမွေအဖြစ်ရသွားမည်စိုးကာမကျေမနပ်စကားဆိုလာပါတော့သည် ။ ”….နင်တို့လည်း ခလေးတစ်ယောက်ရလို့နောက်တစ်ဗိုက်ရနေပြီ အိမ်ခွဲမနေသေးဘူးလားနိူင်ဝင်း…” ...
စည်းပီးတော့မှိုအိပ်ကတော့စည်းလို့မဖြစ်ဘူးဗျ မှိုတွေရိကုန်မှာဆိုးလို့အားလုံးပီးတော့။ ”ကိုကြီးစိန်သောင်းကတာတေ မင်းနေခဲ့ဦးငါတောဝက်ထောင်လို့ကောင်းတဲ့နေရာသွားကြည့်လိုက်ဦးမယ် ကျုပ်ကတော့လွယ်အိပ်ကလေးထဲကနဂါးဆေးပေါ့လိပ်ကလေးတစ်လိပ်ထုပ်ပီး ဓမုဖြူဒေါ်ရီ မီခတ်ကလေးခတ်ပီးမီးညှိလိုက်တယ် ကိုကြီးစိန်သောင်းကတော်တော်လေးတော့ကြာသားဗျနေဝင်တော့မယ် ဒီတော့မှပြန်လာတယ်။” ”တာတေမင်းပျင်းနေပီလား” ပျင်းပါဘူးဗျာ နို့ကိုကြီးစိန်သောင်းယူသွားတဲ့ပစ္စည်းတွေရော အေးငါနေရာလိုက်ကြည့်ရင်းနေရာကောင်းတွေ့တာနဲ့ တခါထဲ ထောင်ခဲ့လိုက်ပီ။ဝက်ကိုဘိထောင်ခဲ့တယ်။တောကြက်တွေကိုသုတ်ကိုင်းထောင်ခဲ့တယ်။ ”ဘယ်နားမှာထောင်ခဲ့တာတုန်းဗျ ကိုကြီးစိန်သောင်းရဲ့” တောဝက်ဘိကတော့အုပ်ဂူကြီးနားမှာကွ တောကြက်ကတော့နည်းနည်းလှမ်းတယ်ကွ ”ဗျာ အုပ်ဂူကြီးဟုတ်လား” ”အဲ့ဒီဂုပ်ဂူကြီးကဘယ်နားမှာတုန်းဗျ” ဒီမြောက်ဘက်မှာကွမင်းကြည့်ချင်လို့လား အခုအဲ့ဘက်သွားမှာ ညအိပ်ဖို့သစ်ပင်လည်းငါရွေးပီးပီအုပ်ဂူကြီးနားမှာပဲ စားသောက်ပီးတာနဲ့တက်အိပ်ရုံပဲ ကဲမိုးမချုပ်ခင်သွားကျမယ် “နို့အိပ်တွေ သယ်ခဲ့ရမှာလားဗျ ကိုကြီးစိန်သောင်းရ ” ဟာ တာတေကလည်းမင်းအိပ်တွေ ဘယ်သူကယူမှာတုန်းကွ တောင်ပေါ်ကဆင်းမှ လာသယ်ကျတာပေါ့ ကွ” ကျုပ်နဲ့ ကိုကြီးစိန်သောင်း မြောက်ဘက်ကိုထွက်လာခဲ့တယ် ...
စရာမလိုဘူးဗျ၊ ပုံမှန်ဆိုရင် ရွာသားတွေက စိုက်ချိန်ပျိုးချိန်ဆိုရင် တရုတ်ကြီးဆီက ငွေသွားချေးပြီးတော့ ဘာပေါ်ညာပေါ်၊ သီးနှံထွက်ချိန်ဆိုရင်တော့ အတိုးရော အရင်းပါပြန်ဆပ်ကြတယ်၊ တရုတ်ကြီးကလည်း အတိုးသိပ်မတောင်းပါဘူး သုံးပြားတိုး၊ ငါးပြားတိုးလောက်ပဲဆိုတော့ သူ့အရပ်နဲ့သူ့ဇတ်အဆင်ပြေနေတာပေါ့ဗျာ။ အဲ၊ ဒါပေမယ့် အဲဒီတုန်းက ကျုပ်ဦးလေးတစ်ယောက်က တစ်ရွာသူကိုယူပြီးတော့ ရွာမှာလာနေတယ်ဗျ။ ဦးလေးနာမည်က ဖိုးထွန်း၊ သူ့မိန်းမ နာမည်က မကြည်တဲ့၊ မကြည်က အောက်အကြေသူပါ၊ ဧရာဝတီတိုင်းကဆိုလားပါပဲ၊ သူတို့လင်မယားက ဘုန်းကြီးကျောင်းဘေးနားက မြေကွက်လပ်ကလေးကို ရှင်းပြီးတော့ အိမ်ကလေးဆောက်ပြီးနေကြတယ်၊ အိမ်ဆောက်ဖို့ ငွေလိုတော့ တရုတ်ကြီးဆီကနေ သွားပြီးချေးတာပေါ့၊ ဦးလေးဖိုးထွန်းဆိုတာကလည်း ပိုင်ဆိုင်မှုသိပ်မရှိဘဲ ...
ဘယ်သွားမှာလဲ ” “ကျုပ် သဖန်းပိုးရွာလူကြီး မစပါယ်ဖြူ အိမ်ပြန်သွားမယ် “ “ဟကောင်တွေ မင်းတို့မှာ ဘာအစွမ်းအစတွေ အစီအရင်တွေရှိလို့ ဒီလိုကိစ္စတွေလုပ်နေရတာလဲ ကိုယ့်ရွာကိုယ် အေးဆေး ပြန်ကြစမး်ပါ ကိုယ်နဲ့မဆိုင်တာ တွေ ဝင်မပါ ပါနဲ့ “ “ဟ ဦးကြီး မတရားမှုတွေဖြစ်နေရင် ပါသင့်ပါရမှာပဲ ကိုယ်တဘို့ ပဲ ကြည့်တယ်ဆိုရင် နွားဖြစ်သွားမှာပေါ့ ဗျ” ဖိုးထွေး၏ စကားကြားသောအခါ မောင်ဘိုးထင်သည် လှည်းဘေးတွင် ချည်ထားသော နွားနှစ်ကောင်အားကြည့်လိုက်သည် ထိုအခါ နွားနှစ်ကောင် ...
ပြောနေကြတယ်အဖေနဲ့ဉီးငွေတိုးကလည်းမန်းကျည်းပင်ကြီးအောက်မှာစကားတွေရေပက်မဝင်အောင်ပြောနေကြတယ်လေဒီတော့ကျုပ်တစ်ယောက်ထည်းကျန်တော့တာပေါ့ ကျုပ်လည်းပျင်းပျင်းရှိတာနဲ့ဉီးကြိးမောင်ရဲ့အိမ်ဘက်ကိုခြေဉီးလှည့်လာခဲ့တယ် “ဉီးကြီးမောင်အချစ်ဆိုတာဘယ်လိုမျိုးလည်းဗျ” ကျုပ်ရုတ်တရက်မေးလိုက်တဲ့စကားကြောင့်ရေနွေးသောက်နေတဲ့ဉီးကြီးမောင်တစ်ယောက်ရေနွေးသီးမလိုတောင်ဖြစ်သွားတယ် “ငါ့ကောင်ကအချစ်ကြောင်းတွေဘာတွေမေးလို့ပါလားဧကန္တကြိုက်နေတဲ့ကောင်မလေးရှိပြီထင်တယ်” “ကျုပ်မသိဘူးဉီးကြီးမောင် အချစ်ဆိုတာဘယ်လိုမျိုးလည်း ဘယ်လိုခံစားချက်မျိုးလည်းဆိုတာကျုပ်မသိသေးဘုး” ကျုပ်ကိုဉီးကြီးမောင်ကတစ်ချက်မျှကြည့်ရင်းရွာလမ်းမကြီးဆီကိုအကြည့်လွှဲလိုက်တယ် “အချစ်ဆိုတာအဓိပ္ပါယ်များစွာဖွင့်လို့ရတဲ့ဝေါဟာရတစ်ခုပဲ ဒါကိုလည်းလူတွေကပဲဘယ်လိုဘယ်ပုံဆိုတာသတ်မှတ်ကြတာတစ်ချို့ကြတော့လည်းသနားချစ်ချစ်တဲ့သူရှိတယ်အဲ့တာကိုတော့သနားချစ်ပေါ့ တစ်ချို့ကြရင်တော့မြင်မြင်ချင်းချစ်မိတဲ့သူရှိတယ်အဲ့တာကိုတော့မြင်မြင်ချင်းအချစ် ကိုချစ်တဲ့သူကတစ်ခြားသူကိုချစ်နေတာတောင်ကိုယ့်ဘက်ကချစ်မြဲချစ်နေတာကိုတော့တစ်ဖက်သက်အချစ်ပေါ့ကွာ” “ဒါနဲ့ဉီးကြီးမောင်မှာလည်းအချစ်ဇာတ်လမ်းတစ်ခုတော့ရှိတယ်မဟုလားမညာချင်ပါနဲ့ဗျာ” ကျုပ်ပြောလိုက်တော့ဉိီးကြီးမောင်ကကျုပ်ကိုမျက်စောင်းကြီးထိုးပြီးကြည့်တယ်ဗျ ပီးတာနဲ့ရွာလမ်းမကြီးကိုပဲပြန်ကြည့်တယ်ကျုပ်စိတ်ထည်းတော့သူချစ်တဲ့သူကရွာလမ်းမကြီးပဲလားလို့တောင်တွေးနေမိတယ် “ရှိခဲ့တာပေါ့ကွာ ငါလည်းပုထုစဉ်လူသားတစ်ယောက်ပဲအချစ်ဆိုတဲ့ခံစားချက်တော့ရှိခဲ့တာပေါ့ကွာ” ကျုပ်လည်းစိတ်ဝင်စားသွားတာနဲ့ “ရှိရင်လည်းပြောပြပါဗျာဉီးကြီးမောင်ရဲ့အချစ်ဇာတ်လမ်းလေးကိုနားထောင်ချင်လို့ပါဗျ” ကျုပ်ကသာရီရီမောမောပြောလိုက်ပေမယ့်ဉီးကြီးမောင်ရဲ့မျက်နှာမှာတော့လွမ်းစွတ်မှုတွေကတော့အထင်းသားပေါ်နေတယ် “လွန်ခဲ့တဲ့နှစ်၅၀လောက်ကပေါ့ကွာ” ဉီးကြီးမောင်ကတော့့သောက်လက်စရေနွေးခွက်ကိုအကုန်မော့လိုက်ရင်းသူ့ရဲ့အချစ်ဇာတ်လမ်းကိုစတင်ပါတော့တယ် ထိုအချိန်တွင်တော့အသက်၇၀အရွယ်ဉီးကြီးမောင်မဟုတ်ပဲ အသက်၂၀အရွယ်လွမ်းနောင်ဆိုသည့်လူငယ်လေးအသွင်ဖြစ်ပါတယ် ထိုအချိန်တွင်တော့ပေါက်လှရွာလေးကတော့ယခုပေါက်လှရွာနှင့်မတူအိမ်ခြေအားဖြင့်၇၀မျှလောက်သာဖြစ်ပါတယ် ရွာအပြင်ကုက္ကိုပင်ကြီးအောက်မှာတော့လွမ်းနောင်ဆိုသည့်လူငယ်လေးနှင့်ယုဝတီဟူသောချစ်သူနှစ်ဉီးကတော့လူကြီးများအလစ်တွင်တွေ့ဆုံနေကြသည် “အကိုယုအကို့ကိုပြောစရာရှိတယ်” “ပြောလေယုရဲ့” ယုဆိုသောမိန်းကလေးကတော့လွမ်းနောင်ရဲ့ပုခုံးပေါ်သို့ပါးလေးအပ်ရင်း “ယုကိုအိမ်ကလူကြီးတွေကညောင်လှကသူဌေးသားနဲ့အိမ်ထောင်ချပေးမယ်လို့ပြောတယ်ယုအကိုနဲ့မခွဲနိုင်ဘူး” ယုကလည်းမျက်ရည်များနှင့်ရစ်ဖွဲ့နေသည့်မျက်ဝန်းအိမ်များနှင့်ပြောခြင်းဖြစ်သည် “ယုရယ်အကိုလည်းယုကိုမခွဲနိုင်ပါဘူးယုရယ် အကုိယုကိုတစ်ခုမေးမယ်နော်” လွမ်းနောက်ကတော့ယုရဲ့လက်မောင်လေးများကိုဆုတ်ကိုင်ရင်းနဲ့ “ယုဆင်းဆင်းရဲရဲနေရမယ့်ဒဏ္ကိုခံနိုင်ရဲ့လား” လွမ်းနောင်၏စကားများကဘယ်သို့ဉီးတည်နေသည်ဆိုတာယုတစ်ယောက်သိသည် “ယုဆင်းရဲတဲ့ဒဏ္ကိုလည်းမကြောက်ဘူးယုအကိုနဲ့ဝေးရမှာကိုပဲကြောက်တယ်” “ဒါဆိုယုအကိုနဲ့လိုက်ခဲ့တော့နော်အကိုခုညယုကိုလာခိုးမယ်ယုပြင်ဆင်စရာရှိတာတွေပြင်ဆင်ထားနော်” “ဟုတ်ကဲ့အကိုယုပြင်ဆင်ထားပါ့မယ်” ...
သေတ္တာလေးထည်းကပိုက်ဆံ၅၀၀သ ားယူသွားတာမလား မနေ့ကလည်းအမေစားပွဲပေါ်တင်ထားတဲ့၂၀၀လည်းယူသွားသေးတယ်မလား ” အမေကကျုပ်ကိုပြောလိုက်တော့အဖေအကြည့်ကလည်းကျုပ့်ဘက်ကိုလှည့်လာတယ်လေ “သားရယ်လိုချင်ရင်လည်းပြောပေါ့ကွာအဲ့လိုလူမသိပဲတော့မယူသင့်ဘူးကွ” “မဟုတ်ဘူးအဖေသားမယူဘူးခုရက်ပိုင်းသားပိုက်ဆံမသုံးဖြစ်ဘူးအဖေပြီးတော့လည်းသားက၅၀၀လောက်ကြီးကိုဘာအတွက်ယူရမာလည်းအဖေရဲ့” အဲ့အချိန်က၅၀၀ကခုခေတ်နဲ့ဆို၁၀၀၀၀လောက်ရှိမယ်ဗျ “သားမယူပါဘူးဆိုဗျာကျိန်ရဲပါတယ်သားမယူပါဘူး” အမေကလည်းသက်ပြင်းတစ်ချက်ချလိုက်ရင်းအိမ်ထည်းကိုပြန်ဝင်သွားတယ် “အဖေ့ကျုပ်မယူဘူးနော်” “အေးပါသားရယ်” အဖေကထွေထွေးထူးထူးတော့မပြောတော့ မနက်အချိန်အခါနေထွက်လာလေပြီ နေမင်းကြီးကလည်း တောက်ပလှတဲ့အလင်းရောင်တွေကိုကမ္ဘာမြေပေါ်သို့ဖြန့်ကျက်နေသည် “သာလှ..သားသာလှထတော့လေ” အမေ့ခေါ်သံကြောင့်ကျုပ်လည်းအိပ်ယာမှနိုးလာခဲ့သည် မနေ့ကဉီးကြီးမောင်ရဲ့လယ်မှာအလုပ်တွေဖိလုပ်မိတော့ လူကလည်းအညောင်းမိသွားတာကြောင့်လည်းဖြစ်ပါတယ် “ဟုကဲ့အမေကျုပ်နိုးပါပီ” “အေးအေးနိုးရင်လည်းမျက်နှာသစ်မနက်စာစားပြီးမင်းအဖေနောက်ကိုလိုက်သွားလိုက်အူး” “အဖေကလယ်ထည်းတောင်သွားပြီလား” “အော်ငါ့သားရယ်အချိန်လည်းကြည့်ပါအုံး” ကျုပ်လည်းမျက်နှာသစ်ပြီးမနက်စာစားကာလယ်ထည်းသို့ထွက်လာလိုက်တယ် “ငါ့သားနေမကောင်းဘူးလား” ကျုပ်ကလယ်ထည်းရောက်လာပေမယ့်လူကအညောင်းမိနေတော့လူမမာလိုဖြစ်နေတာကိုမြင်တော့အဖေကမေးခြင်းဖြစ်ပါတယ် “နေမကောင်းတာမဟုတ်ဘူးသောင်းတင်ရေမင်းသားကမနေ့ကငါ့လယ်မှာလက်စွမ်းပြသွားလို့အညောင်းမိနေတာကွ” ကျုပ်လည်းအဖေ့အမေးကိုဖြေမယ်လုပ်တုန်းဉီးကြီးမောင်ကဝင်ဖြေလိုက်တာဗျ “ကဲကဲငါ့သားလူမလန်းရင်လည်းမင်းရဲ့ဉီးကြီးမောင်လယ်တဲမှာသွားအိပ်နေအဖေ့ဘာသာလုပ်လိုက်မယ်” “ရလို့လားအဖေရဲ့” “ဟားဟားဟားဟားမင်းအဖေပါသာလှရယ်မင်းမမွေးခင်ကတည်းကလုပ်နေရတဲ့အလုပ်တွေပါကွာရပါတယ်” ကျုပ်လည်းဉိးကြီးမောင်ရဲ့လယ်တဲထည်းကိုဝင်လာလိုက်တယ် “ဉီးကြီးမောင်ရာညကငျုပ်သူခိုးအစွဲခံရသေးတယ်” “မင်းကခိုးလို့ဖြစ်မှာပေါ့သာလှရယ်” ဉီးကြီးမောင်ကကွမ်းတစ်ယာကိုယာရင်း ပြူံးစိစိနဲ့ဖြေတာဗျ “မခိုးပါဘူးဗျာဉီးကြီးမောင်ကပါကျုပ်ကိုသူခိုးစွဲနေတာလားဗျ” “ငါကစတာပါကွာဒါနဲ့မင်းကဘယ်လိုသူခိုးအစွဲခံရတာလည်း” “အမေပေါ့ဗျာသူ့ပိုက်ဆံ၇၀၀ပြောက်တာနဲ့ကျုပ်ကိုသူခိုးစွဲတော့တာပဲမယူဘူးပြောလည်းမယုံပါဘူးဗျာ” ...
အမေဘာဖြစ်တာလဲ မသိဘူး ” “အေး လာပြီ လာပြီ သမီးရေ ” “ဟင် မိန်းမဘယ်လိုဖြစ်တာလဲကွာ “ကျွန်မလည်းမသိပါဘူးတော် လူကနေရင်းထိုင်ရင်းနဲ့ မူးနောက်ပြီးအန်ချင်နေတာ “ငါဆရာဝန်သွားခေါ်လိုက်ဦးမယ် သမီး နင့်အမေကို ကုတင်ပေါ်လှဲနေခိုင်းလိုက်ဦး အဖေ ရွာဆေးမှူးကိုသွားခေါ်လိုက်ဦးမယ် ကြားလား” “ဟုတ်စိတ်ချပါ အဖေ မြန်မြန်တော့ခေါ်လာခဲ့နော် ဒေါ်ခင်မမတစ်ယောက် အိမ်တွင်နေရင်းထိုင်ရင်း သွေးများအန်သည့်အတွက်ကြောင့် သမီးဖြစ်သူယမုံနှင့်ခင်ပွန်းဖြစ်သူဦးစိုးမောင်တို့ ပြာယာခတ်နေကြရသည်။ မကြာခင်ရွာဆေးမှူးနှင့်ဦးစိုးမောင်တို့ အိမ်သို့ရောက်ရှိလာပြီး ဒေါ်ခင်မမ၏ ဝေဒနာအားစမ်းသပ်ရှာဖွေကြတော့သည်။ “လူနာက ဘာရောဂါလက္ခဏာမှမရှိသလို အစာအဆိပ်သင့်တာလည်းမဟုတ်ပေဘူး ကျွန်တော့်အထင်ပြောရရင် ဒါဟာ အဲ” “ဆရာပွင့်ပွင့်လင်းလင်းပြောပါခင်ဗျာ ဘာမှအားမနာပါနဲ့ဗျာ ...