သေတ္တာလေးထည်းကပိုက်ဆံ၅၀၀သ ားယူသွားတာမလား မနေ့ကလည်းအမေစားပွဲပေါ်တင်ထားတဲ့၂၀၀လည်းယူသွားသေးတယ်မလား ” အမေကကျုပ်ကိုပြောလိုက်တော့အဖေအကြည့်ကလည်းကျုပ့်ဘက်ကိုလှည့်လာတယ်လေ “သားရယ်လိုချင်ရင်လည်းပြောပေါ့ကွာအဲ့လိုလူမသိပဲတော့မယူသင့်ဘူးကွ” “မဟုတ်ဘူးအဖေသားမယူဘူးခုရက်ပိုင်းသားပိုက်ဆံမသုံးဖြစ်ဘူးအဖေပြီးတော့လည်းသားက၅၀၀လောက်ကြီးကိုဘာအတွက်ယူရမာလည်းအဖေရဲ့” အဲ့အချိန်က၅၀၀ကခုခေတ်နဲ့ဆို၁၀၀၀၀လောက်ရှိမယ်ဗျ “သားမယူပါဘူးဆိုဗျာကျိန်ရဲပါတယ်သားမယူပါဘူး” အမေကလည်းသက်ပြင်းတစ်ချက်ချလိုက်ရင်းအိမ်ထည်းကိုပြန်ဝင်သွားတယ် “အဖေ့ကျုပ်မယူဘူးနော်” “အေးပါသားရယ်” အဖေကထွေထွေးထူးထူးတော့မပြောတော့
မနက်အချိန်အခါနေထွက်လာလေပြီ နေမင်းကြီးကလည်း တောက်ပလှတဲ့အလင်းရောင်တွေကိုကမ္ဘာမြေပေါ်သို့ဖြန့်ကျက်နေသည်
“သာလှ..သားသာလှထတော့လေ” အမေ့ခေါ်သံကြောင့်ကျုပ်လည်းအိပ်ယာမှနိုးလာခဲ့သည် မနေ့ကဉီးကြီးမောင်ရဲ့လယ်မှာအလုပ်တွေဖိလုပ်မိတော့ လူကလည်းအညောင်းမိသွားတာကြောင့်လည်းဖြစ်ပါတယ် “ဟုကဲ့အမေကျုပ်နိုးပါပီ” “အေးအေးနိုးရင်လည်းမျက်နှာသစ်မနက်စာစားပြီးမင်းအဖေနောက်ကိုလိုက်သွားလိုက်အူး” “အဖေကလယ်ထည်းတောင်သွားပြီလား” “အော်ငါ့သားရယ်အချိန်လည်းကြည့်ပါအုံး” ကျုပ်လည်းမျက်နှာသစ်ပြီးမနက်စာစားကာလယ်ထည်းသို့ထွက်လာလိုက်တယ် “ငါ့သားနေမကောင်းဘူးလား” ကျုပ်ကလယ်ထည်းရောက်လာပေမယ့်လူကအညောင်းမိနေတော့လူမမာလိုဖြစ်နေတာကိုမြင်တော့အဖေကမေးခြင်းဖြစ်ပါတယ် “နေမကောင်းတာမဟုတ်ဘူးသောင်းတင်ရေမင်းသားကမနေ့ကငါ့လယ်မှာလက်စွမ်းပြသွားလို့အညောင်းမိနေတာကွ” ကျုပ်လည်းအဖေ့အမေးကိုဖြေမယ်လုပ်တုန်းဉီးကြီးမောင်ကဝင်ဖြေလိုက်တာဗျ “ကဲကဲငါ့သားလူမလန်းရင်လည်းမင်းရဲ့ဉီးကြီးမောင်လယ်တဲမှာသွားအိပ်နေအဖေ့ဘာသာလုပ်လိုက်မယ်” “ရလို့လားအဖေရဲ့” “ဟားဟားဟားဟားမင်းအဖေပါသာလှရယ်မင်းမမွေးခင်ကတည်းကလုပ်နေရတဲ့အလုပ်တွေပါကွာရပါတယ်” ကျုပ်လည်းဉိးကြီးမောင်ရဲ့လယ်တဲထည်းကိုဝင်လာလိုက်တယ် “ဉီးကြီးမောင်ရာညကငျုပ်သူခိုးအစွဲခံရသေးတယ်” “မင်းကခိုးလို့ဖြစ်မှာပေါ့သာလှရယ်” ဉီးကြီးမောင်ကကွမ်းတစ်ယာကိုယာရင်း ပြူံးစိစိနဲ့ဖြေတာဗျ “မခိုးပါဘူးဗျာဉီးကြီးမောင်ကပါကျုပ်ကိုသူခိုးစွဲနေတာလားဗျ” “ငါကစတာပါကွာဒါနဲ့မင်းကဘယ်လိုသူခိုးအစွဲခံရတာလည်း” “အမေပေါ့ဗျာသူ့ပိုက်ဆံ၇၀၀ပြောက်တာနဲ့ကျုပ်ကိုသူခိုးစွဲတော့တာပဲမယူဘူးပြောလည်းမယုံပါဘူးဗျာ” “ဟေ..ထူးဆန်းလိုက်တာကွာငါ့အိမ်ကပိုက်ဆံ၇၀၀လည်းပြောက်နေတယ်ကွငါ့အိမ်ကိုလာတာဆိုလို့မင်းနဲ့မင်းအဖေပဲရှိတယ်မင်းအဖေကတော့လုပ်မယ်မထင်ဘုးမင်းပဲထင်တယ်ငါတော့” “ဟာဗျာဉီးကြီးမောင်ကိုရင်ဖွင့်ပါတယ်ကျုပ်ကိုပါသူခိုးစွဲနေပြန်သေးတယ်” ဉီးကြီးမောင်ကကွမ်းယာကိုပါးစောင်ထည်းထည့်လိုက်ရင်းနဲ့ “ငါကတမင်နောက်တာပါဒါပေမယ့်ဒီကစ္စကငါထင်ထားသလိုများဖြစ်နေမလားမသိဘူး” “ဉီးကြီးမောင်ကဘယ်လိုထင်လို့တုန်းဗျ” “ထားပါကွာထားပါဒါနဲ့မင်းမနက်ဖြန်လယ်ထည်းမလာခင်ရွာထည်းမှာပိုက်ဆံတွေဘာတွေပြောက်သေးလားနားစွင့်ခဲ့ကြားလား” “ကဲပါကျုပ်နားစွင့်ခဲ့ပါ့မယ်”
ကျုပ်တို့လည်းညနေရောက်တော့လယ်လုပ်တာကိုဖြုတ်လိုက်တယ် ကျုပ်တို့လို့သာပြောရတယ်ကျုပ်ကဘာမှမလုပ်လိုက်ရဘုးအဖေပဲလုပ်နေရတာလေဗျာ ကျုပ်တို့အိမ်ရောက်တော့ရေမိုးချိုးပြီးထမင်းစားကြတာပေါ့ ထမင်းစားရင်းနဲ့အမေကလည်းရွာထည်းမှာပိုက်ဆံတွေပြောက်ကြတဲ့အကြောင်းကိုပြောလာတော့ကျုပ်လည်းအသာနားစွင့်နေမိတယ် ထူးဆန်းတာကလည်း အိမ်တိုင်းက၇၀၀ပဲပြောက်တာဗျ ကျုပ်လည်းတစ်ခုခုထူးပြီဆိုတာသိလို်က်ရတယ် ဖြစ်နိုင်ရင်ကျုပ်ဉီးကြီးမောင်ဆီကိုခုချက်ချင်းပြေးပြီးပြောချင်တာပေါ့ ဒါပေမယ့်လည်းမနက်မှပြောမယ်ဆိုပြီး အိပ်ယာဝင်ခဲ့လို်က်တယ် မနက်မိုးလင်းတော့ ကျုပ်ကအစောကြီးပဲနိုးနေတာပေါ့ အမေကတောင်ကျုပ်ကိုတအံ့တသြကြည့်နေတာဗျ
“ငါ့သားဒီနေ့ဝီရိယတွေကောင်းနေပါလား” “မနေ့ကအဖေပဲအလုပ်တွေလုပ်ထားရတာဒီနေ့ကျုပ်ပိုလုပ်မယ်ဗျာ” အဖေနဲ့အမေလည်းကျုပ်ကိုပြုံးပြူံးကြီး နဲ့ကြည့်နေတာပေါ့
“ဉီးကြီးမောင်….ဉီးကြီးမောင်” ကျုပ်လည်းလယ်ထဲရောက်တာနဲ့ ဉီးကြီးမောင်ရဲလယ်တဲထည်းကိုပြေးဝင်ခဲ့တယ် “သာလှရယ်ဖြေးဖြေးလာလည်းရပါတယ်ကွဘယ်မှမပြေးပါဘူး” “ဉီးကြိးမောင်ပြောသလိုကျုပ်နားစွင့်လို်က်တော့သတင်းရလာခဲ့ပြီ” “ဟေ..ရွာထည်းကလူတွေလည်းပြောက်ကြတာလား” “ပြောက်တယ်ဗျပြောက်တာမှ၇၀၀တေွကြည်းပဲပြောက်တာဒါနဲ့ဉီးကြီးမောင်ကရွာထည်းကသူတေရွာထည်းကသူတွေနဲ့ပြောနေတော့ဉီးကြီးမောင်ကရွာထည်းကမဟုဘူးလား” “ဟုတော့ဟုပေမယ့်ငါကရွာရဲ့အစွန်လေးဆိုတော့ရွာထည်းကသတင်းတွေသိပ်မသိဘူးကွ” ကျုပ်လည်းဉီးကြီးမောင်ကိုသတင်းပေးပြီးပြိမို့လယ်ထည်းကိုဆင်းလာခဲ့လိုက်တယ်ကျုပ်တို့နာရီအတော်ကြာအလုပ်လုပိပြီးတော့နေ့လည်ထမင်းစားချိန်ရောက်လာခဲ့တယ် အမေကလည်းခံတောင်းလေးနဲ့ထမင်းလာပို့တယ်ဗျ “အမေဘာဟင်းတွေချက်လာတာလည်းဗျ” “နင့်အဖေအကြိုက်ဖရုံသီးလေးနဲ့ကြက်သားလေးနဲ့ရောထားတယ်” “အမေကလည်းကျုပ်အကြိုက်တော့မဟုဘူးအဖေ့အကြိုက်တဲ့တရားသလား” အမေကကျုပ်ကိုမျက်စောင်းထိုးရင်း “နင်ကကောမကြိုက်လို့လား” “ဟဲဟဲသိပ်ကြိုက်တာပေါ့” ကျ်ုပ်လည်းအမေ့ကိုသွားကြီးဖြီးပြလိုက်တာပေါ့ ကျုပ်တို့လည်းနေလည်စာထမင်းကိုကျုပ်တို့လယ်တဲမှာမစားဘဲဉီးကြီးမောင်ရဲ့လယ်တဲမှာသွားစားကြတယ် အဖေက ဉီးကြီးမောင်ကိုအရင်ဉီးချပြီးမှထမင်းစားတယ် ဉီးကြီးမောင်ကလည်းတစ်ယောက်ထည်းသမားမို့ဟင်းကျွေးချက်တာမကောင်းမှန်းသိလို့အဖေကဉီးကြီးမောင်နဲ့အတူစားနေကြတဲ့လေ ကျုပ်နဲ့အဖေလည်းတနေကုန်အလုပ်လုပ်ပြီးညနေရောက်တော့ပြန်ကြတာပေါ့ဉီးကြီးမောင်ကအသက်အရွယ်ရသူမို့နေ့လည်၁နာရီကျော်ကတည်းကပြန်သွားတယ်ဗျ မပြန်ခင်လည်းညကျရင်ကျုပ်ကိုသူ့အိမ်လာခဲ့ဖို့မှာသွားတာနဲ့ကျုပ်လည်းထမင်းစားပြီးဉီးကြီးမောင်အိမ်ကိုထွက်လာလို်က်တယ်
“သာလှရောက်လာပြီလားလာထိုင်ထိုင်” “ဒါနဲ့ဘာကိစ္စရှိလို့လည်းဉီးကြီးမောင်ရဲ့” “ငါတို့သူခိုးဖမ်းရမယ်ကွ” “ဟာဗျာလာပြန်ပြီသူခိုး ဘယ်လိုဖမ်းမှာတုန်း” “ငါအတည်ပြောတာကွရိုးရိုးသူခိုးမဟုဘူး စောရသူခိုး” “ဘာလည်းဗျာစောရသူခိုးက” “မင်းကလည်းဒါလေးတောင်မသိဘူးလားကွစောရမှော်အောင်ရင်မင်းကြိုက်သလောက်ခိုးဘယ်သူမှသတိထားမိမှာမဟုသလိုမြင်ရမှာလည်းမဟုဘူးအဲ့လိုဖြစ်ဖို့ဆိုရင် တစ်ဆယ်တန်ကနေတစ်ရာတန်အထိဆယ်ရွက်ကိုရှာပြီးတာနဲ့ရေမှာနှစ်ရတယ်အဲအထည်းကပိုက်ဆံကိုမျက်စိမှိတ်ပြီးလက်နဲ့ယူရတယ် တစ်ဆယ်တန်ရရင်တစ်လပဲခိုးလို့ရမယ်နှစ်ဆယ်ဆိုနှစ်လပေါ့နှစ်ဆရရင်ရတဲ့သူကလည်းနှစ်လအတွင်းမှာ၂နဲ့စတဲ့ပိုက်ဆံကိုကြိုက်သလိုခိုးလို့ရတယ်ကွ ဉပမာနှစ်ဆယ်နှစ်ရာနှစ်ထောင်စသဖြင့်တပါ့ကွာ” “ဟာဗျာအတော်မိုက်တဲ့နည်းပဲဗျလိုက်လုပ်ကြည့်အုံးမယ်” “သူခိုးကခုကတည်းကမိနေပြီေဟ ့” “ဟဲဟဲကျုပ်ကစတာပါဗျာ” “အေးကွလုပ်နည်းကလွယ်မလိုနဲ့ခက်တယ်ကွပိုက်ဆံကိုနှိုက်လို့ပိုက်ဆံပါမလာရင်အဲ့လူကဘေးဒုက္ခတွေကြုံရတယ််အရွယ်မတိုင်ခင်မှာလည်းသေဆုံးတတ်ကြရတယ်” “ဟာဗျာလွယ်မလိုနဲ့ခက်သားဗျ” “အေးကွငါတို့ခုဖမ်းရမဲ့ကောင်ကလည်းစောရအောင်ထားတဲ့ကောင်ဖြစ်ရမယ်စောရကိုမှခုနှစ်ဆယ်ကျထားတဲ့သူဖြစ်မယ်ကွကဲကဲစကားမများနေနဲ့တော့ငါ့လွယ်အိပ်ထည်းကကွမ်းတစ်ရာကိုဝါးထားလိုက်” ကျုပ်လည်းကွမ်းတစ်ရာကိုဝါးထားလိုက်တယ် ဉီးကြီးမောင်ကဖန်မီးအိမ်လေးတစ်ခုကိုကို်င်ရင်းနဲ့ ရှေ့ကသွားတာပေါ့ “ဒါနဲ့ဘယ်လိုဖမ်းမှာလည်ဉီးကြီးမောင်ရဲ့” “မင်းမြင်ရမှာပေါ့ကွာဘာပဲမြငမမြင်ဟောဒီကြိုးနဲ့ပြစ်နော်” ဉီးကြီးမောင်ကပြောရင်းနဲ့ကြိုးခွေလေးတစ်ကိုထုတ်ပေးတယ်ကျုပ်လည်းကြိုးခွေကိုကြည့်တော့အတော်လေးသေးသဗျ မကြာပါဘူးကျုပ်တို့ရွာအပြင်ကိုရောက်လာတယ်ဉီးကြီးမောင်ကတော့မီးအိမ်လေးကိုမီးငြိမ်းရင်း တယောက်ယောက်ကိုစောင့်နေသလိုရှိနေတာဗျ မကြာပါဘူးခြေသံတစ်ခုကိုကြားရပြီးရွာထည်းကနေလူတစ်ယောက်ထွက်လာတယ်ဗျ ကျုပ်တို့ကိုပထမမြင်တော့တွန့်သွားပေမယ့်အေးအေးလူလူပဲဆက်ပြီးလျှောက်လာတယ် ကျုပ်တို့အနားကိုရောက်တော့ဉီးကြီးမောင်ကလက်ညှိုးနဲ့ထိုးရင်းနဲ့
“ချုပ်စေနဂိုပြန်စေ” ထိုသူကလည်းသူ့ကိုမြင်ရလို့ကျုပ်တို့ကိုအံသြစွာကြည့်ရင်းနဲ့ကျောက်ရုပ်ကြီးလိုတောင့်တောင့်ကြီးဖြစ်သွားတယ် “သာလှကြိုးနဲ့ပြစ်လိုက်တော့” ဉီးကြီးမောင်ပြောကာမှကျုပ်လည်းသတိဝင်လာတယ်လက်ထညး်မှာရှိတဲ့ကြိုးနဲ့လည်းထိုသူကိုပြစ်လိုက်တယ် ဝုန်းဆိုတဲ့အသံနဲ့အတူမီးခိုးလူံးကြီးထွက်လာပြီးထိုသူကလည်းလှုပ်လှုပ်ရှားရှားဖြစ်လာတယ် “ကျုပ်ကိုလွှတ်ပေးခဗျားတို့သေချင်လို့လား” ထိုသူကိုလည်းကျုပ်ပြစ်လိုက်တဲ့ကြိုးကနွယ်ရှင်သဖွယ်ရစ်ပတ်နေတာဗျ “ကဲသာလှရွာထည်းကိုသွားသူကြီးအုန်းကိုခေါ်ပြီးသူခိုးဖမ်းထားတယ်လို့ပြောပြီးခေါ်ခဲ့” ကျုပ်ကလည်းရွာထည်းကိုပြေး သူကြီးအုန်းကိုနှိုးပြီးတော့လည်းရွာထိပ်ကိုထွက်လာခဲ့တယ် “သူကြီးဒီကောင်ကရွာထည်းမှာလှည့်ပြီးခိုးနေတဲ့သူခိုးပဲ” သူကြီးအုန်းကလည်းသူခိုးကိုထိပ်တူံးခတ်ထားလိုက်ပြီးမနက်ရောက်တော့ရဲစခန်းကိုပို့လိုက်တယ် “ဉီးကြီးမောင်ပြောတော့ကျုပ်တို့ကသူ့ကိုမမြင်ရဘူးဆို” “မင်းကကွမ်းစားထားတယ်မလားကွအဲ့တာကြောင့်မြင်ရတာဒီကောင်ကလူလည်ကွဒီမှာ၇လခိုးပြီးရင်သစ်မလဲရွာကိုဉီးတည်တော့မှာဒီကောင်ကအစကတော့ရုန်းတယ်ကွငါအစီအရင်လုပ်ထားတဲ့ကြိုးကရုန်းလေကြပ်လေဆိုတာသိတော့မှမရုန်းတော့တာဒီကောင့်ကိုကြိုးနဲ့ပတ်ခံရတော့သူ့မှာရှိတဲ့စောရမှော်ကလည်းပြောက်သွားတာကွ” “အဲ့ကြိုးကဘာနဲ့လုပ်ထားလို့အ့လောက်စွမ်းရတာလညး်ဉီးကြီးမောင်ရဲ့” “မင်းတော်တော်စပ်စုပါလားကဲအိမ်ပြန်တော့ရပီ” ကျုပ်လည်းမိးအိမ်လေးထွန်းပြိးအိမ်ပြန်ခဲ့တာပေါ့ အိမ်ရောက်တော့ အမေကောအဖေကောကကျုပ်ကိုထိုင်စောင့်နေကြတာဗျကျုပ်လည်းဖြစ်သမျှအကုန်ပြောပြပြီးအိပ်ယာဝင်ခဲ့ကြပါတော့တယ် နောက်နေ့တွင်သူကြီးအုန်း၏စစ်မေးမူကြောင့်လည်းထိုသူကသိုက်ထွေးဆိုသူဟူ၍သိခဲ့ရပါတယ် မြိုင်ကလေးမှာအတော်သောင်းကျန်းခဲ့သူဟူ၍လည်းသိခဲ့ကြရပါတယ် ကံအားလျှော်စွာနဲ့ကျုပ်နဲ့ဉီးကြီးမောင် လည်းကျုပ်ရွာကိုစောရသိုက်ထွေးလက်က ကယ်လိုက်နို်င်ခဲ့ပါတယ်
Leave a Reply