သွေးသောက်စားသည့်စုန်း

ပြောနေကြတယ်အဖေနဲ့ဉီးငွေတိုးကလည်းမန်းကျည်းပင်ကြီးအောက်မှာစကားတွေရေပက်မဝင်အောင်ပြောနေကြတယ်လေဒီတော့ကျုပ်တစ်ယောက်ထည်းကျန်တော့တာပေါ့ ကျုပ်လည်းပျင်းပျင်းရှိတာနဲ့ဉီးကြိးမောင်ရဲ့အိမ်ဘက်ကိုခြေဉီးလှည့်လာခဲ့တယ်

“ဉီးကြီးမောင်အချစ်ဆိုတာဘယ်လိုမျိုးလည်းဗျ” ကျုပ်ရုတ်တရက်မေးလိုက်တဲ့စကားကြောင့်ရေနွေးသောက်နေတဲ့ဉီးကြီးမောင်တစ်ယောက်ရေနွေးသီးမလိုတောင်ဖြစ်သွားတယ် “ငါ့ကောင်ကအချစ်ကြောင်းတွေဘာတွေမေးလို့ပါလားဧကန္တကြိုက်နေတဲ့ကောင်မလေးရှိပြီထင်တယ်” “ကျုပ်မသိဘူးဉီးကြီးမောင် အချစ်ဆိုတာဘယ်လိုမျိုးလည်း ဘယ်လိုခံစားချက်မျိုးလည်းဆိုတာကျုပ်မသိသေးဘုး” ကျုပ်ကိုဉီးကြီးမောင်ကတစ်ချက်မျှကြည့်ရင်းရွာလမ်းမကြီးဆီကိုအကြည့်လွှဲလိုက်တယ် “အချစ်ဆိုတာအဓိပ္ပါယ်များစွာဖွင့်လို့ရတဲ့ဝေါဟာရတစ်ခုပဲ ဒါကိုလည်းလူတွေကပဲဘယ်လိုဘယ်ပုံဆိုတာသတ်မှတ်ကြတာတစ်ချို့ကြတော့လည်းသနားချစ်ချစ်တဲ့သူရှိတယ်အဲ့တာကိုတော့သနားချစ်ပေါ့ တစ်ချို့ကြရင်တော့မြင်မြင်ချင်းချစ်မိတဲ့သူရှိတယ်အဲ့တာကိုတော့မြင်မြင်ချင်းအချစ် ကိုချစ်တဲ့သူကတစ်ခြားသူကိုချစ်နေတာတောင်ကိုယ့်ဘက်ကချစ်မြဲချစ်နေတာကိုတော့တစ်ဖက်သက်အချစ်ပေါ့ကွာ”
“ဒါနဲ့ဉီးကြီးမောင်မှာလည်းအချစ်ဇာတ်လမ်းတစ်ခုတော့ရှိတယ်မဟုလားမညာချင်ပါနဲ့ဗျာ” ကျုပ်ပြောလိုက်တော့ဉိီးကြီးမောင်ကကျုပ်ကိုမျက်စောင်းကြီးထိုးပြီးကြည့်တယ်ဗျ ပီးတာနဲ့ရွာလမ်းမကြီးကိုပဲပြန်ကြည့်တယ်ကျုပ်စိတ်ထည်းတော့သူချစ်တဲ့သူကရွာလမ်းမကြီးပဲလားလို့တောင်တွေးနေမိတယ် “ရှိခဲ့တာပေါ့ကွာ ငါလည်းပုထုစဉ်လူသားတစ်ယောက်ပဲအချစ်ဆိုတဲ့ခံစားချက်တော့ရှိခဲ့တာပေါ့ကွာ” ကျုပ်လည်းစိတ်ဝင်စားသွားတာနဲ့ “ရှိရင်လည်းပြောပြပါဗျာဉီးကြီးမောင်ရဲ့အချစ်ဇာတ်လမ်းလေးကိုနားထောင်ချင်လို့ပါဗျ” ကျုပ်ကသာရီရီမောမောပြောလိုက်ပေမယ့်ဉီးကြီးမောင်ရဲ့မျက်နှာမှာတော့လွမ်းစွတ်မှုတွေကတော့အထင်းသားပေါ်နေတယ် “လွန်ခဲ့တဲ့နှစ်၅၀လောက်ကပေါ့ကွာ” ဉီးကြီးမောင်ကတော့့သောက်လက်စရေနွေးခွက်ကိုအကုန်မော့လိုက်ရင်းသူ့ရဲ့အချစ်ဇာတ်လမ်းကိုစတင်ပါတော့တယ်

ထိုအချိန်တွင်တော့အသက်၇၀အရွယ်ဉီးကြီးမောင်မဟုတ်ပဲ အသက်၂၀အရွယ်လွမ်းနောင်ဆိုသည့်လူငယ်လေးအသွင်ဖြစ်ပါတယ် ထိုအချိန်တွင်တော့ပေါက်လှရွာလေးကတော့ယခုပေါက်လှရွာနှင့်မတူအိမ်ခြေအားဖြင့်၇၀မျှလောက်သာဖြစ်ပါတယ် ရွာအပြင်ကုက္ကိုပင်ကြီးအောက်မှာတော့လွမ်းနောင်ဆိုသည့်လူငယ်လေးနှင့်ယုဝတီဟူသောချစ်သူနှစ်ဉီးကတော့လူကြီးများအလစ်တွင်တွေ့ဆုံနေကြသည်
“အကိုယုအကို့ကိုပြောစရာရှိတယ်” “ပြောလေယုရဲ့” ယုဆိုသောမိန်းကလေးကတော့လွမ်းနောင်ရဲ့ပုခုံးပေါ်သို့ပါးလေးအပ်ရင်း “ယုကိုအိမ်ကလူကြီးတွေကညောင်လှကသူဌေးသားနဲ့အိမ်ထောင်ချပေးမယ်လို့ပြောတယ်ယုအကိုနဲ့မခွဲနိုင်ဘူး” ယုကလည်းမျက်ရည်များနှင့်ရစ်ဖွဲ့နေသည့်မျက်ဝန်းအိမ်များနှင့်ပြောခြင်းဖြစ်သည် “ယုရယ်အကိုလည်းယုကိုမခွဲနိုင်ပါဘူးယုရယ် အကုိယုကိုတစ်ခုမေးမယ်နော်” လွမ်းနောက်ကတော့ယုရဲ့လက်မောင်လေးများကိုဆုတ်ကိုင်ရင်းနဲ့ “ယုဆင်းဆင်းရဲရဲနေရမယ့်ဒဏ္ကိုခံနိုင်ရဲ့လား” လွမ်းနောင်၏စကားများကဘယ်သို့ဉီးတည်နေသည်ဆိုတာယုတစ်ယောက်သိသည် “ယုဆင်းရဲတဲ့ဒဏ္ကိုလည်းမကြောက်ဘူးယုအကိုနဲ့ဝေးရမှာကိုပဲကြောက်တယ်” “ဒါဆိုယုအကိုနဲ့လိုက်ခဲ့တော့နော်အကိုခုညယုကိုလာခိုးမယ်ယုပြင်ဆင်စရာရှိတာတွေပြင်ဆင်ထားနော်” “ဟုတ်ကဲ့အကိုယုပြင်ဆင်ထားပါ့မယ်” လွမ်းနောင်ကတော့ယုရဲ့ပါးပြင်လေးကိုနမ်းရှိုက်လိုက်သည် အချိန်လည်းကြာနေပြီမို့လွမ်းနောင်နှင့်ယုတို့လည်း မိမိအိမ်ရှိရာသို့ပြန်လာခဲ့ကြသည် လမ်းတွင်တော့လွမ်းနောင်တစ်ယောက်အတွေးများပင်လယ်ဝေနေသည် “ငါယုကိုသွားခိုးရမလားတကယ်လို့ငါယုကိုလက်ထက်လိုက်ရင်ကောယုကဆင်းဆင်းရဲရဲနေနိုင်ပ့မလား” အိမ်ပြန်လမ်းမှာတော့လွမ်းနောင်တစ်ယောက်တစ်​ယောက်ထည်းရေရွတ်ရငး်မေးခွန်းများစွာထုတ်နေမိသည် ညအချိန်ကလည်းဝင်ရောက်လာခဲ့သည် ညအချိန်ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်လျှက်ရှိသည် လရောင်အနည်းငယ်ကြောင့်လည်းမီးမပါပဲသွားလို့ရသည် ကျွန်းသားများနဲ့ဆောက်ထားတဲ့အိမ်ကြီးတစ်လုံးရဲ့ခြံနောက်မှာတော့အမှောင်ရိပ်တစ်ခုရပ်နေသည် ထိုသူကတော့လွမ်းနောင်ဖြစ်သည် မကြာခင်အချိန်မှာတော့ အိမ်ပေါ်မှဖန်မီးအိမ်လေးတစ်လုံးလင်းလာပြီးခြံအနောက်ဖက်ကိုထွက်လာသည် “ယု” “အကို” ချစ်သူနှစ်ဉီးလည်းပွေ့ဖက်လိုက်ကြသည် “အကုိယုတို့ပြေးရအောင်လေအဖေနဲ့အကိုကြီးနိုးလာလို့ယုတို့ကိုမြင်သွားအုံးမယ်” ယုကတော့သူယူလာသည့်အထုတ်များကိုစွဲလျှက်ပြေးရန်ပြောသည် “မဟုတ်ဘူးယု အကိုယုနဲ့လက်မထက်နိုင်ဘူး” ယုကလည်းမျက်လုံးလေးအပြူးသားနှင့် “ဒါနောက်ရမယ့်အချိန်မဟုတ်ဘူးအကိုလာလာပြေးရအောင်” ယုကပြောနေပေမယ့်လွမ်းနောင်ကတော့တုပ်တုပ်မှမလှုပ်ရပ်မြဲတိုင်းသာရှိသည် “အကုိယုနဲ့လက်မထက်နို်င်ဘူးယုကိုအကိုမချစ်ခဲ့ဘူးအကို့မှာအရမ်းချစ်ရတဲ့ချစ်သူရှိတယ်နောက်လဆိုရင်သူပြန်လာတော့မှာ” ယုရဲ့ခြေများကလည်းယိုင်သွားပြီးလဲကျမတတ်ဖြစ်သွားသည် “အကုိဘာလို့ဒီလိုလုပ်ရတာလည်းယုမှာ… ယုမှာဘာအပြစ်တွေရှိလို့လည်း” ယုရဲ့အသံကလည်းတိမ်ဝင်သွားသည်မျက်ရည်များကလည်းပါးပြင်ထက်သို့စီးကျနေသည် “ယုမှာဘာအပြစ်မှမရှိပါဘူးအကိုယုကိုမချစ်နိုင်ဘူးအကိုဒီစကားကိုလာပြောတာယုကအခုချိန်ကစပြီးအကိုနဲ့ဘာမှမသက်ဆိုင်တော့ဘူး” ယုကလည်းသူအရမ်းချစ်ရသည်လွမ်းနောင်ထံမှစကားများကိုမယုံကြည်နိုင်ဖြစ်နေသည် “ရတယ်အကို ညမကတော့ယုံစားလိုက်ရတာအကိုကတော့လုပ်ရက်တယ်ပေါ့ဒီလိုဆိုလည်းယုရှေ့ကိုဘယ်တော့မှပေါ်မလာနဲ့တော့ရော့ဒီမှာအကိုပေးထားတဲ့ဖန်မီးအိမ်” ယုကလည်းပါးပြင်ထက်ကမျက်ရည်များကိုသုတ်လျှက်လက်ထဲမှဖန်မီးအိမ်လေးကိုလွမ်းနောင်ရဲ့ရှေ့သု့ိပြစ်ချလိုက်ရင်းအိမ်ထည်းသို့ပြန်ဝင်သွားခဲ့တယ် “ယုရယ်အကိုယုကိုမချစ်လို့မဟုတ်ပါဘူးအကိုယုကိုအသက်ထက်ပိုချစ်ပါတယ်ယုဘဝကောင်းစားဖို့အရေးအကို့နှလုံးသားနဲ့ရင်းခဲ့ရတာပါယုရယ်” ထိုစကားများကလည်းလွမ်းနောင်၏နှလုံးသားမှပြောဆိုနေသည့်စကားများဖြစ်နေသည် အိမ်အပြန်လမ်းတွင်တော့ခြေထောက်များကလဲယိုင်နေပြီ ဆိုးဝါးလွန်းလှသည့်နှလုံးသားဒဏ္ရာကလည်း တစ်ဆစ်ဆစ်နှင့်နာကျင်လွန်းလှသည် ရှိသမျှအားတို့ကိုစုစည်း၍လေးလံသောခြေလှမ်းတို့ဖြင့်အိမ်သို့အရောက်ပြန်ခဲ့သည် နောက်နေ့တွင်တော့ယုအိမ်နားသို့သွား၍ခိုးကြည့်မိသည် တစ်လခန့်ကြာသည့်အခါမှာတော့ယုတစ်ယောက်ညောင်လှရွာကသူဌေးသားတစ်ယောက်နှင့်မိဘတွေသဘောတူညီမှုအရလက်ထက်လိုက်ကြသည် မဂ်လာပဲဲပြီးသည့်နောက်ယုတစ်ယောက်ညောင်လှရွာသို့ပါသွားခဲ့လေပြီ

လွမ်းနောင်တစ်ဖြစ်လဲဉိးကြီးမောင်ကတော့သူရဲ့အချစ်ဇာတ်လမ်းအဆုံးမှာတော့မျက်ရည်များကဝဲတက်လာသည် ကျုပ်လည်းဉီးကြီးမောင်ရဲ့ဇာတ်လမ်းကိုကြားရတော့လည်းစိတ်မကောင်းဖြစ်မိသည် ကျုပ်စိတ်ထည်းမှာလည်းသူပျော်ရွင်ဖို့အတွက်ပေးဆပ်ခြင်းကသာအချစ်လို့ကောက်ချက်ချလိုက်ပါတယ် ကျုပ်လည်းဉီးကြီးမောင်အနားမှာဆက်နေရင်မကောင်းတော့မည်ကိုတွေး၍ အိမ်သို့ပြန်လာခဲ့သည်

“အကုိသာလှ” စောမွန်ကလည်းကျုပ်နာမည်ကိုခေါ်ရင်းနဲ့ကျုပ်ဘေးကကွပ်ပြစ်မှာဝင်ထိုင်လိုက်ပါတယ် တောစံပယ်လေးကိုနှီးလေးနဲ့သီကာခေါင်းပေါ်မှာတင်ထားပြီး သနပ်ခါးဖွေးဖွေးလေးကိုလူးထားတဲ့စောမွန်ကလည်းရူမညီးစဖွယ်ရှိလှတယ် “ဘာတွေဒီလောက်စိုက်ကြည့်နေတာလည်းအကိုရဲ့” စောမွန်ပြောတောမှကျုပ်လည်းငေးကြည့်နေတာကိုရပ်လိုက်မိတယ် “အော်ဒါနဲ့စောမွန်ကရှုခင်းတွေသွားကြည့်တော့မှာလား” “ဟုတ်တယ်လေအကိုရဲ့မနက်ကပြောတော့လိုက်ပို့ပေးမယ်ဆို” “ဟုတ်ပါတယ်လိုက်ပို့ပေးမယ်နော်” ကျုပ်လည်းစက်ဘီးလေးကိုနင်းရင်းရှုခင်းလှတဲ့ရွာမြောက်ဘက်ကိုထွက်လာခဲ့တယ် “အကုိသာလှရယ်ရှုခင်းတွေကလှလိုက်တာရှင်ညမတော့ဒီမှာပဲတစ်သက်လုံးနေချင်သွားပြီ” စောမွန်ရဲ့စကားကြောင့်ကျုပ်လည်းရင်တွေခုန်သွားတယ် “တစ်သက်လုံးနေချင်လည်းဒီရွာသားတစ်ယောက်ကိုရွေးလိုက်ပေါ့ဗျ ” “ေဟာအကိုကညမကိုအထင်ကြီးနေတာပဲညမကိုဘယ်သူမှမကြိုက်ပါဘူးရှင်” “ဟဲဟဲအကိုကတော့ချွင်းချက်နော်” ကျုပ်ကလည်းပွဲလန့်တုနး်ဖျာခင်းလိုကတာပေါ့ “အကုိ်ရယ်မနောက်ပါနဲ့ရှင်” “မနောက်….ပါပါ” “သာလှရွာမြောက်ကိုဘာလာလုပ်တာလည်းကွ” “မြွေလာရှာတာဟေ့မြွေလာရှာတာ” ကျုပ်ကလည်းအရေးထဲစကားဝင်ရှုပ်တဲ့ကျုပ်သူငယ်ချင်းဖိုးတုတ်ကိုရွဲ့လိုက်တာပေါ့ ဖိုးတုတ်ကလည်း “ငါ့အထင်တော့မင်းမြွေရသွားပြီမလားမြွေတောင်မှမြွေမလေးကွ” ဖိုးတုတ်စကားကိုကြားတော့စောမွန်လည်းရှက်သွားတယ်နဲ့တူပါတယ်ခေါင်းလေးကိုငုံ့နေတယ် “ဒီကောင်ကတော့ကွာ” ကျုပ်ကလည်းစောမွန်အရှက်ပြေဖိုးတုတ်ကိုအော်နေတာပေါ့ သကောင့်သားဖိုးတုတ်ကလည်းတဟားဟားရိိီပြီးလယ်ထည်းဆင်းသွားတယ်ဗျ “အကိုသာလှညမတို့ပြန်ကြမယ်လေ” “အော်ဟုတ်” ကျုပ်ကလည်း​စောမွန်နဲ့အတူအိမ်ပြန်လာခဲ့ကြတယ် အချိန်ကလည်းညနေ၄နာရီလောက်သာရှိသေးတာမို့ဉီးကြီးမောင်အိမ်ကိုထွက်လာလိုက်တယ် ခြံရှေ့ကိုရောက်တာနဲ့တင်းကုပ်ထည်းမှာနှီးဖြာနေတဲ့ဉီးကြီးမောင်ကိုမြင်တာနဲ့အသာဝင်လာခဲ့တယ်ကျုပ်အနားကိုရောက်တော့ “ခုညငါပညာပြိုင်စရာရှိတယ်မင်းမြင်ဖူးချင်လား” “မြင်ဖူးချင်တာပေါ့ဗျာဘယ်အချိန်လာရမလည်းပြော” “၁၂နာရီကွမင်းနဲ့လည်းဆက်စပ်နေတယ်” “ဗျာကျုပ်နဲ့ကောဆက်စပ်နေတာလားဗျစိတ်ဝင်စားလာပြီဗျာ” “စိတ်ဝင်စားရင်လည်းည၁၂နာရီရွာထိပ်သချိုင်းကိုလာခဲ့” “ဟာဗျာသချိ်ုင်းကြီးကိုလားကြောက်စရာကြီးဗျာ”
“ကြောက်ရင်လည်းမလာနဲ့ပေါ့ကွာ” “ဟဲဟဲကျုပ်ကစတာပါ” ကျုပ်ကလည်းဒါမျိုးကိစ္စတွေဆိုရင်သိပ်စိတ်ဝင်စားတာနဲ့ကြောက်တဲ့စိတ်ကိုဖယ်ပြီးည၁၂နာရီရွာအပြင်သချိုင်းကိုထွက်လာလိုက်တယ် “သာလှရောက်လာပြီလားဟောဟိုကကုက္ကိုပင်နောက်ကနေကြည့်” ကျုပ်လည်းဉီးကြီးမောင်ရဲ့မှာကြားချက်အရကုက္ကိုပင်ကြီးနောက်မှာပုနး်နေလိုက်တယ်မကြာပါဘူးခွေးအူသံတွေကိုကြားရခြင်းနဲ့အတူသချိုင်းထည်းကိုဝင်လာတဲ့ခြေသံနှစ်ခုကိုလည်းကြားရတယ် “ဒီမှာအဘိုးကြီးအရင်တစ်ခါကမနိုင်ခဲ့တာမှန်ပေမယ့်ကျုပ်ဒီတစ်ခါခဗျားကိုနိုင်အောင်တိုက်ပြမယ်” “အော်မင်းတို့ကနှစ်​ယောက်ပါလားနှစ်ယောက်လည်းရပါတယ်ကွာကဲကဲမင်းတို့အရင်စ” ဉီးကြီးမောင်ကတော့ကွင်းပြင်တစ်ခုရှေ့မှာရပ်နေတယ်ဉီးကြီးမောင်ရဲ့ရှေ့မှာတော့အနက်ရောင်ဝတ်စုံကြီးကိုဝတ်ထားသည့်လူနှစ်ယောက်ကတော့ သူတို့ရဲ့လက်တွေကိုဆန့်တန်းရင်းအစိမ်းရောင်ရှိတဲ့အလင်းတန်းတွေကိုထုတ်ကြတယ် ကျုပ်ကြားဖူးသလောက်ဆိုရင်တော့ဒါတွေကစက်တွေဖြစ်မယ်ထင်တယ်ဗျ ဉီးကြီးမောင်ကလည်းသူ့ဆီပြေးလာတဲ့စက်တွေကိုလက်နဲ့ပုတ်ချလိုက်တယ်ဖြောင်းဆိုတဲ့အသံနဲ့အတူစက်တွေကလည်းဘေးကိုလွင့်ထွက်ကုန်တယ် “မင်းတိုးတက်လာပါတယ်ဒါပေမယ့်ဒီလောက်နဲ့မရသေးဘူးကွ” ဉီးကြီးမောင်ကပြောရင်းနဲ့မြေကြီးကိုခြေနဲ့တစ်ချက်ပေါက်လိုက်တော့လိမ္မော်ရောင်မီးလူံးကြီးကမြေအောက်ကနေထိုသူနှစ်ဉီးဆီုကိုတစ်ဟုန်ထိုးပြေးရင်းထိုသူနှစ်ယောက်ရဲ့အောင်ကိုရောက်တော့ကျယ်လောင်စွာပေါက်ကွဲသွားတယ် ထိုသူနှစ်ဉီးကလည်းအရှောင်မြန်လို့သာတော်ကာကျတာဗျ “သက်ရှိလေပြွေဒီအဘိုးကြီးကိုဝါးမျိုလိုက်စမ်း” ဝတ်ရုံအနက်နှင့်လူနှစ်ယောက်ကတော့အက်ကွဲတဲ့အသံကြီ​းနဲ့ပြိုင်တူအော်လိုက်တော့ လေပြွေကြီးတစ်ခုကလည်းဉီးကြီးမောင်ဆီသို့အပြေးဝင်လာပေမယ့် ဉီးကြိးမောင်အနားကိုရောက်တော့အတားအဆီးရှိသည့်အလားရပ်တန့်သွားတယ် “ယက္ခနဲ့သက္ခဒီနှစ်ကောင်ကိုမလှုပ်နိုင်အောင်ချုပ်ထားကြစမ်း” ဉီးကြီးမောင်ရဲ့ဘီးလူကြီးနှစ်ကောင်ကလည်းဝတ်ရုံနက်နဲ့လူနှစ်ယောက်ကိုဒူးထောက်ထားစေပြီးဖမ်းထားတာဗျ “သာလှရပြီငါ့ဆီလာခဲ့” ကျုပ်ကလည်းဉီးကြီးမောင်ခေါ်နေပြီမို့ကုက္ကိုပင်နောက်ကထွက်ပြီးဉီးကြီးမောင်အနားကိုရောက်လာတယ် “ဒီနှစ်ယောက်ကစုန်းကွစုန်းတောင်မှရိုးရိုးစုန်းမဟုတ်ဘုးလူ့သွေးနဲ့အသားကိုတစ်နှစ်တစ်ခါစားပေးကြရတဲ့စုန်းပဲ” “ဟာဗျာကြောက်စရာကောင်းလိုက်တာဗျာ” “အေးကွမင်းဒီထက်ကြောက်ရအုံးမယ်” ီကြီးမောင်ကပြောရင်းနဲ့ဝတ်ရုံတွေကိုဆွဲလှန်လိုက်တယ် “ဟာစောမွန်” ကျုပ်လည်းအံ့သြကြောက်ရွံ့မူတွေတစ်သီကြိိးဖြစ်သွားတယ်ဘာလို့လည်းဆိုတော့ကျုပ်မြင်နေရတဲ့သူနှစ်ယောက်ကစောမွန်နဲ့သူ့အဖေငွေတိုးဖြစ်နေလို့ပဲ “မင်းအံ့သြ သွားသလားသာလှရဲ့ဒီအကောင်ငွေတိုးကလွန်ခဲ့တဲ့ ၁၀နှစ်လောက်ကငါ့ကိုတစ်ခါပညာပြိုင်ခဲ့ပေမယ့်သူရှုံးသွားတော့ဒီရွာကထွက်ပြီးပညာတွေလိုက်သင်နေတာကွသူပညာသင်ရင်းအရမ်းရက်စက်တဲ့သွေးသောက်စားပညာကိုယူခဲ့ပုံရတယ်ဒါတွေကလည်းသူပညာသင်တဲ့အထည်းမှာငါ့တပည့်တယောက်ပါတာနဲ့သူပြောတာကြောင့်သိရတာ” ကျုပ်ကတော့စောမွန်ကိုကြည့်ရင်း “စောမွန်ကဘယ်ကနေပါလာတာလည်းဉီးကြီးမောင်ရဲ့” “စောမွန်အဖေငွေတိုးကသူတစ်ယောက်ထည်းငါ့ကိုမနိုင်မှန်းသိလို့ရလိုရငြားသူ့သမီးစောမွန်ကိုပါပညာသင်ပေးခဲ့တာကွ” “ဒါဆိုဉီးကြီးမောင်ကဘာဆက်လုပ်မာလည်း” ကျုပ်ကလည်းပြောရင်နဲ့မျက်ရည်တွေဝဲလာတယ် စောမွန်ကစုန်းတစ်ယောက်ဆိုတာအမေတို့သာသိရင်ကျုပ်ကိုစောမွန်နဲ့သဘောတူမှာမဟုတ်တော့မှာကိုတွေးရင်း ကျုပ်စောမွန်ကိုဖွင့်ပြောမဲ့အစီစဉ်တွေကလညး်သဲထဲရေသွန်ဖြစ်ရတာပေါ့ “ငါသူတို့ကိုမသတ်ပါဘူးကွာငါသူတို့ကိုပညာတွေသိမ်းလိုက်မယ်လူကောင်းဘဝနဲ့အသက်ဆက်ရှင်ကြပါ” ဉီးကြီးမောင်ကပြောရင်းနဲ့ဉီးလေးငွေတိုးရဲ့ခေါင်းအရှေ့မှာလက်ကိုဖြန့်လိုက်တယ်အနက်ရောက်အငွေ့တွေကလည်းဉီးငွေတိုးရဲ့ခေါင်းကတစ်ဆင့်ဉီးကြီးမောင်ရဲ့လက်ထည်းမှာအလုံးငယ်လေးတွေအဖြစ်စုနေတယ် “ငါမစွန့်ဘူးငါ့ကိုသတ်ချင်သတ်လိုက်” ရုတ်တရက်ဉီးငွေတိုးကခေါင်းကိုမော့ရင်းအော်လိုက်တော့အငွေ့တွေကလည်းဆက်ပြီးမထွက်တော့ဘဲရပ်တန့်သွားတယ် “သာလှစောမွန်ကိုဆွဲပြီးအနောက်ကိုပြေးတော့” ကျုပ်လည်းဘာမှနားမလည်ပေမဲ့စောမွန်ကိုဆွဲပြီးနောက်ကိုဆုတ်လိုက်တယ် ကျုပ်နောက်ကိုဝါးတစ်ပြန်လောက်ဆုတ်လိုက်ပြီးမကြာပါဘူးဉီးကြီးမောင်လည်းကျုပ်တို့အနားကိုရောက်လာတယ်စောမွန်ကတော့ဒူးထောက်လျက်သားရှိနေတဲ့သူ့အဖေဆီကိုအတင်းရုန်းပြေးနေတာကြောင့်မနည်းဆွဲနေရတယ် “ဟာစောမွန်မသွားနဲ့” ကျုပ်ဆွဲနေသည့်ကြားထည်းမှစောမွန်ကတော့ဉီးငွေတိုးဆီကိုပြေးသွားလိုက်တယ်ဉီးငွေတိုးရဲ့ကိုယ်ကလည်းမီးကျီးခဲကြီးလိုနီရဲလာပြီး စောမွန်အနားရောက်သည့်အခါမှာတော့လုံးဝပေါက်ကွဲထွက်သွားတယ် အဖြူရောင်မီးခိုးလုံးကြီးကတော့ထိုနေရာအနှံကိုပျံနှ့ံသွားတယ် “ဘယ်တတ်နိုင်ပ့မလည်းကွာငါတို့လည်းတားတာပဲလေသူကိုကဒီလမ်းကိုရွေးချယ်သွားပဲ” ကျုပ်လည်းထိုနေရာသို့ကြည့်လိုက်တော့စောမွန်၏ငွေလတ်ပတ်လေးတစ်ခုကိုသာတွေ့ခဲ့ရပါတော့တယ် ကျုပ်ရင်ထည်းမှာလည်းဝမ်းနည်းပူဆွေးမူတွေကဖြေမဆည်နိုင်အောင်ရှိလှသည် “ဉီးကြီးမောင်ဘာလို့ဉီးငွေတိုးကဘာလို့ကိုယ့်ကိုယ်ကိုအဆုံးစီရင်ရတာလညး်” “အေးကွပညာတတ်ထားတဲ့သူကသူ့ပညာမရှိတော့ရင်တစ်ရက်တောင်အသက်မရှင်ချင်ကြဘူးကွစောမွန်ကလည်းသူ့အဖေသေမှာသိတော့သူလည်းမနေချင်တော့ဘူးထင်ပါတယ်သူ့အဖေနောက်ကိုလိုက်သွားတာပဲ” ကျုပ်လည်းဘာစကားမှမပြောဖြစ်တော့ပါ ကျုပ်အိမ်ကိုသာဝမ်းနည်းပူဆွေးမူတွေနဲဲပြန်လာခဲ့ပါတော့တယ်ကျုပ်တို့အတူစီးခဲ့တဲ့စက်ဘီးလေးကတော့အိမ်နံရံမှာရှိနေဆဲဖြစ်ပါသည်။