ဇလွန်နယ်မှသရဲဆွဲခံရသူ

ကော့စိန် ရွာဦး၊ ဗျည်းညားလဗွေ
ချောင်းကမ်းပါးထိပ်မှာ ရှိတာကြောင့်.၊ ရွှေချောင်း၊ ငါးအိမ်တန်း၊ အရှေ့ဇင်ပြွန်းကုန်း၊ ကညင် ကွင်း၊ မုတ်ထောနဲ့ သပြေလှရွာတွေကို စီးမြင်နေရတယ်။

နေလုံးကြီးက အလင်းရောင်တွေကို တစ်စစီ၊ တစ်စစီ ဆွဲယူရုပ်သိမ်းသွားချိန်မှာ အမှောင်က တဖြည်းဖြည်းတိုးဝင်နေ တယ်…။ညအမှောင်ထဲမှာ ရွာတွေဆီက တလက်လက်မီးရောင် လေးတွေကို မြင်နေရတယ်။

ချောင်းထဲမှာ ရေစပ်စပ်ရောက်နေလို့ ဖားတွေ ပျော်နေ ကြဟန်တူရဲ့..။

အုံးအင်၊ အုံးအင်
သံတွေ၊ တစ်…တစ်..တစ် ဆိုတဲ့ဖားလက်တက်အော်သံတွေ ရောထွေးဆူညံနေတယ်။လေပြည်က လယ်ကွင်းပြင်တွေကိုဖြတ်သန်းပြီ။ မောင်လှတင့်ရင်ခွင်ထဲ တိုးဝှေ့လာတယ်။

မိုးငွေ့ပါတဲ့ လေပြည်ကြောင့် မောင်လှတင့် ကြက်သီး ဇီးဇီး ထသွားတယ်။ ဟ.. အေးတယ်ဟ မောင်လှတင့် ေ းခိုက်တုန်ပြရင်း စောင်ကို ဆွဲယူခြုံတယ်၊ ကင်းတဲပေါ် လဲလျောင်းလိုက်တယ်။

သူ ကင်းစောင့်ရမယ့်အချိန်က ညဉ့်နက်ပိုင်းဖြစ်လို့ စော စောပိုင်းမှာအိပ်ဖို့ ကြံလိုက်တာလည်း ဖြစ်တယ်။ ဒါပေမဲ့….၊

သူ အိပ်ဖို့ အခွင့်မသာလိုက်ဘူး။ ချောင်းတစ်ဖက်ကမ်းက ကြားရတဲ့ အလန့်အချက်ပေး ကလတက်ခေါက်သံကြောင့် ချက်ချင်းခေါင်းထောင်ကြည့်ပြီး လူး လဲထလိုက်ကြသည်။

သူ့ကင်းတဲကလည်း ဝါးကလတက်ကို တတောက် တောက်မြည်အောင် အဆက်မပြတ် ခေါက်လိုက်တယ်။တစ်ချိန်တည်းမှာပဲ ဟိုကသည်က၊ အနီးကအဝေးက၊ အရုပ်ရှစ်မျက်နှာအနှံ့ဆီက ကလတက်ခေါက်သံတွေ ဆူညံပွက် လောရိုက်အောင် ထွက်ပေါ်လာတယ်။

သူများကင်းတဲက ခေါက်လို့သာ လိုက်ခေါက်နေရတယ်၊ ဘာဖြစ်လို့ခေါက်မှန်း မောင်လှတင်တို့ မသိဘူး။ အခြားကင်းထဲတွေလည်း ချက်ချင်းတော့ သိကြဦးမှာ မဟုတ်ဘူး။

မောင်လှတင့် ကလတက်စခေါက်တဲ့ ချောင်းတစ်ဖက်ဘမ်း အမှောင်ထဲကို စိုက်ကြည့်စုံစမ်းနေမိတယ်။ ဓါတ်မီးရောင်တွေ တဝင်းဝင်းနဲ့ လူအုပ်စုတစ်စုရဲ့ လှုပ် လှုပ်ရှားရှား သွားလာနေတာကိုတွေ့ရတယ်။ တစ်စုံတစ်ဦးကို တစ်ယောက်တစ်ပေါက်၊ အော်ဟစ်ခေါ် နေကြတဲ့ အသံတွေကလည်း ဆူညံနေတယ်။ ဆူညံသံတွေက လေနဲ့အတူပါလာပြီး ကျယ်ကျယ် လောင်လောင်ကြားလိုက်၊ လေလွင့်ရာပါသွားပြီး ဝေးကွာသွားလိုက်နဲ့ ထင်ထင်ရှားရှား မကြားရဘူး။
ဘာဖြစ်တာလဲ…။ သွားကြည့်ကြရအောင် မောင်လှတင့်ကင်းအတူတူကျသူတွေကို ပြောလိုက် တယ်။

ချောင်းက ပေနှစ်ဆယ်လောက်ပဲ ကျယ်တယ်၊ ရေက လည်း ခပ်စပ်စပ်၊ ခြေမျက်စိတောင် မမြုပ်သေးဘူး။ နောက်ပြီး သူတို့ကော့စိန်နဲ့ တစ်ဖက်ကမ်းရွာက တစ်ရွာ တည်းလို နေကြသူတွေ။

တစ်ယောက်နဲ့တစ်ယောက် ဆွေမျိုးတွေလို ခင်မင်နေ ဘာကြောင့် စိုးရိမ်စရာ ဘာမှမရှိဘူး။ ဒါ့ကြောင့်လည်း သွားကြည့်ကြဖို့ မောင်လှတင့် ပြောလိုက်တာဖြစ်တယ်။ သူပြောတာကို ကျန်တဲ့ကင်းသမားတွေကလည်း လက် ခံတယ်။

ဒါနဲ့ပဲ သူတို့သုံးယောက်စလုံး ချောင်းကိုဖြတ်ပြီး တစ် ဖက်ကမ်းကရွာဆီ ထွက်ခဲ့ကြတယ်။ ဓာတ်မီးရောင်တဝင်းဝင်းနဲ့ လူအုပ်ရှိရာ သွားတယ်၊ မေး မြန်းကြည့်တယ်။

ဒီတော့မှ လူတစ်ယောက် ရုတ်တရက်ဆိုသလို ပျောက် သွားလို့ ဝိုင်းဝန်းရှာဖွေနေကြတယ်ဆိုတာ သိကြတယ်။ ပျောက်သွားတဲ့သူက မောင်ဦးဆိုတဲ့သူ။ အသက်နှစ်ဆယ်လောက် လူရွယ်။
ထူးခြားတာက မောင်ဦးဟာ နေ့သေမလား၊ ညသေမလား စောင့်ကြည့်နေရတဲ့..၊အိပ်ရာပေါ်က မထနိုင်တဲ့ သေတော့မယ့် လူမမာတစ် ယောက်ဖြစ်နေတာပါပဲ။

သားရေ..၊ မောင်ဦးရေ.

ငိုသံပါကြီးနဲ့ သားကို အော်ဟစ်ခေါ်နေတဲ့ အဒေါ်ကြီး တစ်ယောက်ရဲ့အသံကို ကြားရတယ်။ ဒါ… ရွာလယ်ပိုင်းက ဒေါ်ကြည်မြကြီးရဲ့ အသံဆိုတာ မောငျလှတင့ျ သိလိုက်တယ်။

သူက ပုဆိုးမကြီး၊ သူ့ယောက်ျား ဆုံးသွားတာကြာပြီ။ သူ့မှာ သမီးကြီးတစ်ယောက်နဲ့ သားလေးတစ်ယောက်ရှိတယ်။

သမီးကြီးက အသက်အစိတ်လောက်ရှိပြီး.. သားအငယ်ကတော့ မောင်လှတင့်ထက်ကြီးတယ်၊ အ သက်နှစ်ဆယ်လောက် ရှိနေပြီ။

ဒေါ်ကြည်မြကြီးက သူ့သားကို အော်ခေါ်နေတာဆိုတော့ပြောကျတာမောငျဦးပေါ့.. လို့ မောင်လှတင့်တွေးမိတယ်။ တစ်ဆက်တည်းမှာပဲ ဘယ်လိုဖြစ်တာပါလိမ်..ဆို နားမလည်နိုင်မှုတွေနဲ့လည်း နဝေတိမ်တောင် ဖြစ်သွားရတယ်။

ဘာလို့လည်းဆိုတော့ ဒေါ်ကြည်မြကြီးရဲ့သား မော်ဦး သကေောငျပေါငျးလဲ ရောဂါဖြစ်နေတယ်ဆိုတာ သူသိတယ်။
မောင်လှတင့်တို့ရွာ ကော့စိန်နဲ့ ဒေါ်ကြည်မြတို့ ရွာက နှစ်ရွာတစ်ရွာလိုဖြစ်နေတော့ တစ်ရွာမှာ အပ်ကျတာကအစ တစ်ရွာကသိနေတတ်တယ်။

ဒေါ်ကြည်မြကြီးသား မောင်ဦး နေထိုင်မကောင်းဖြစ်နေ တာ ခြောက်လ၊ ခုနစ်လလောက် ရှိနေပြီ။

နောက်ဆုံး ဇလွန်မြို့နယ်၊ ဆေးရုံကတောင် အစွမ်းကုန် ကုသပြီးပြီ၊ ထူးခြားမလာလို့ဆိုပြီး အိမ်ပြန်သယ်ခွင့် ပေးခဲ့တယ် မောင်ဦးကို ဆေးရုံကနေ ရွာပြန်သယ်လာပြီး..

ဟိုဆရာ ကောင်းနိုးနိုး၊ ဒီဆရာ ကောင်းနိုးနိုးနဲ့ ကုသ ပေမဲ့လည်း မသက်သာဘူး၊ ပိုသာဆိုးလာတယ်။

ရက်ရှည်လများ ရောဂါဝေဒနာ ခံစားရ၊ အစာပင် ရေမဝင်ဖြစ်နေတာကြောင့် ပိန်လှီခြောက်ကပ်ပြီး အရိုးနဲ့ ဖြစ်နေတယ်။

မောင်ဦးတစ်ကိုယ်လုံးမှာ ခေါင်းနဲ့မျက်လုံးပဲ မြင်ရတော တယ်။
ကုသမျှဆရာတွေကလည်း တစ်ပတ်ပဲ ခံတော့မယ်ပြော သူပြော.။
တစ်လထက်မပိုတော့ဘူး ပြောသူကပြောနှင့် လက်လျှော့သွားကြတယ်။

မောငျဦး ကူကယ်ရာမဲ့ဘဝနဲ့ အိပ်ရာထဲမှာ ပက်လက် လေး ကျန်ရစ်ခဲ့တယ်။တစ်ခုထူးခြားတာက မောင်ဦး အသက်ပြင်းတယ်။ မနက်သေမလား၊ ညသေမလား စောင့်ကြည့်ရင်း..၊ စောင့ျကွည့ျရငျး ရက်တွေလတွေသာ ပြောင်းသွားတယ်။

သူကတော့ မသေဘူး။ တစ်ချို့ကလည်း မောင်ဦးက သေပြီးပြီ၊ ဒါ ဖုတ်သက် ရှိတော့တယ်၊ ဖုတ်ထုတ်ရမယ် လို့ တီးတိုး တီးတိုး ပြောလာ ကြတယ်။

ဒီလိုထိ၊ ဒီလောက်ထိ အခြေအနေ ဆိုးဆိုးရွားရွားဖြစ်နေတဲ့ လူမမာမောင်ဦးပျောက်နေတာဆိုတော့ မောင်လှ၊နားမလည်နိုင်ဘူး။ ဒါ့ကြောင့် ဒေါ်ကြည်မြကြီးအနီး ရောက်အောင်တိုးသွားယ်။

လေးလေး ဒေါ်ကြည်မြ၊ ကိုမောင်ဦးက ဘယ်လို ရောက်သွားတာလဲ….လို့ မေးကြည့်တယ်။ ဟဲ့ နင်က ဘယ်သူလဲ..

ဒေါ်ကြည်မြ၊ လက်ထဲကမီးအုပ်မြှောက်ပြီး မောင်လှတင့် ကို ကြည့်တယ်။

အော်. ကော့စိန်က ကိုလှသားကိုး.၊ ဘယ်လိုဖြစ်တာလဲ ဆိုတာတောင် မသိသေးပါဘူး သားရယ်….၊

မှောင်လာလို့ မောင်ဦးအိပ်ရာဘေးမှာ မီးခွက်လေးထွန်းပေးနေတုန်း..၊ မောင်ဦးရယ်လေ၊ ပက်လက်ကြီး လေထဲမြောက်လာတယ်။အဒေါ်ကလည်း ရုတ်တရက်ဆိုတော့ လန့်ပြီးကြောင် ကြည့်နေမိတယ်….၊

မောင်ဦးခန္ဓာကိုယ်က ရေထဲမှာ မျောနေသလို၊ လေထဲမှာ ပက်လက်အနေအထားနဲ့ မျောဝဲပြီး အိမ် အောက်အမှောင်လဲ ရောက်သွားတယ်၊

အဒေါ်သတိရလို့ လှမ်းဆွဲလိုက်သေးတယ်၊ မမိဘူး… အဲဒါကြောင့် လူတွေစုပြီး လိုက်ရှာနေကြတာ…၊ ချောင်းထဲလည်း နှံ့နေပြီ၊ ကွင်းတွေထဲလည်း နေပြီမတွေ့သေးပါဘူး သားရယ်…မောင်ဦး ပျောက်သွားတဲ့အကြောင်း ဒေါ်ကြည်မြက မောငျလှတင့ျကို ရှင်းပြတယ်။

ပြီးတာနဲ့ သားရေ… သားရေ… မောင်ဦးရေ… လို့သနားစရာကောင်းလောက်အောင် အော်ခေါ်နေပါတယ်။ မောင်လှတင့်တို့အဖွဲ့လည်း လူအုပ်ကြီးနဲ့ သွားရာပြီ လိုက် ရှာကြတယ်။

မောင်ဦးရဲ့နာမည်ကို တကြော်ကြော်အော်ဟစ်ပြီး ခေါ် ကြတယ်။
အဲဒီအချိန်မှာ အလန့်အချက်ပေး ကလတက် ခေါကျသံ တွေကြောင့် တပ်မတော် တပ်စိတ်တစိတ်နဲ့ ရဲတွေပါ ၊ ရာက် လာတယ်။

ရွာလူကြီးက မောင်ဦးပျောက်သွားတဲ့ အကြောင်းစုံကို ရှင်းြပမှ ပြန်သွားကြတယ်။လူအုပ်ကြီးကတော့ လက်နှိပ်ဓါတ်မီးတွေ တဝင်း ဝင်း၊ အုပ်ပီး ဘလက်လက်နဲ့ တစ်နေရာကနေ တစ်နေရ ၊ ရွေ့ လျားရှာဖွေနေကြတယ်။

မောင်ဦး… မောင်ဦး.. ဆိုတဲ့ အသံကလည်းပတ် ၀တျ ကျင်တစ်ခုလုံး ဆူဆူညံညံ၊ အုတ်အုတ်ကျက်ကျက် ပျံ့လင့်နေတယ်.။

ဦးမောင်ငွေရေ.. ကျွန်တော် ဒီမှာဗျို့.. ဗျို့ ဦးမောင်ငွေ… ကျွန်တော်ဒီမှာဗျို့..

ရှာကြပါဦးဟ…။ ဘယ်ကပြောနေတာတုန်း.. ဟုတ်တယ်၊ မောင်ဦးအသံမှ မောင်ဦးအသံ…။ ချောင်းထဲရော၊ ကွင်းတွေထဲရော၊ ဘယ်မှရှာမရတဲ့အ ဆုံး လူအုပ်က ရွာပြန်ဝင်လာတယ်။

ရွာက ချောင်းကမ်းပါးမှာ မျက်နှာချင်းဆိုင်တည်ထားတဲ့ရွာတန်းရှည်….။ရွာလယ်လမ်းအတိုင်း ဓါတ်မီးတွေထိုး၊ တကြော်ကြော် အော်ခေါ်လာကြတယ်။

ရွာထိပ်အရောက်မှာ တုံ့ပြန်ပြောကြားလာတဲ့ မောင်ဦး ရဲ့အသံကို ကြားလိုက်ကြရတယ်။ အရပ်ရှစ်မျက်နှာအနှံ့ ဓါတ်မီးတွေထိုးရှာကြတယ်။ မောင်ဦးရေ… မင်း ဘယ်မှာလဲဟေ့.. “

မောင်ဦး ရေ… မင်းဘယ်မှာလဲ.. သားရေ သား၊ မောင်ဦး သားဘယ်မှာလဲ.. ဦးမောင်ငွေ အော်ပြီးမေးတယ်။ ဒေါ်ကြည်မြကလည်း ငိုသံကြီးနဲ့ မေးတယ်။ လူတွေ အသံငြိမ်သွားတယ်။ မောင်ဦး ဘယ်နေရာကနေ ပြန်ထူးတယ်ဆိုကာသိဖို့ငြိမ်ပြီး နားထောင်နေကြတယ်။ ဦးမောင်ငွေ. ကျွန်တော် ဒီမှာဗျို့… ဒီတစ်ခါတော့ မောင်ဦးအသံ ဘယ်ကလာလဲဆိုတာ အားလုံးသိလိုက်ကြပြီ….။

ဟာ… ညောင်ပင်ကြီးပေါ်ကဟေ့..ဓါတ်မီးနဲ့ ထိုးကြည့်ကြပါဟ.. ညောင်ပင်ကြီးရဲ့ နေရာအနှံ့ ဓါတ်မီးရောင်တွေ စုပြုံကျ ရောက်သွားတယ်။

ညောင်ပင်ကြီးက ရွာရဲ့ အဓိကရညောင်ပင်ကြီး၊ နှစ်ပရိစ္ဆေဒ များစွာကတည်းက ရှိခဲ့တဲ့ညောင်ပင်ကြီး၊ ပင်စည်လုံးပတ်ကြီးက ကိုးပေခန်းတစ်ခန်းစာလောက် ပြီး ညောင်မုတ်ဆိတ်တွေ၊ ညောင်ထောက်မြစ်တွေ၊ ကိုင်းဂျီတွေနဲ့ ဧရာမညောင်ပင်ကြီးပါ။ ညောင်ပင်ကြီးအောက်မှာ ကွင်းပိုင်၊ နယ်ပိုင်နတ်ကွန်း လယ်ဝင်လယ်ထွက် ပူဇော်ပသချင်ရင် သည်ညောင်ပင် ကြီးဆီ လာရတယ်။

ရှင်ပြု၊ နားသ နတ်ပြချင်ရင်လည်း သည်ညောင်ပင်ပဲ။ သာရေး၊ နာရေး၊ ရပ်ရေး၊ ရွာရေးမှာ အရေးပါတဲ့ အဓိ ကရ ညောင်ပင်ကြီးပေါ်ကိုမှ မောင်ဦး ဘယ်လိုလုပ်ပြီး ရောက်နေ ရတာလဲ..။

ဟော တွေ့ ပြီဟေ့… ဟိုမှာဟေ့

ဘယ်မှာလဲဟ.. ဘယ်မှာလဲဟ အောက်က ကိုင်းတွေနဲ့ ကွယ်နေလို့ မမြင်ရတာ၊ ညောင်ပင်ထိပ်ဖျားက ကိုင်းကြီးပေါ်မှာလေ..

ဟာ… ဟုတ်တယ်ဟေ့၊ မောင်ဦး… ညောင်ကိုင်းပေါ် မှာ ငုတ်တုတ်ကြီးထိုင်နေတယ်…

လူတွေရဲ့ တစ်ယောက်တစ်ပေါက် ပြောသံတွေနဲ့ ဆူညံ့ ပွက်လောရိုက်နေတယ်။

မောင်ဦးကို တွေ့သွားကြတာဖြစ်တယ်။

ဓါတ်မီးတွေအားလုံး မောင်ဦးဆီကို စုပြုံထိုး ထားကြတယ်။ ကာဆီး ရှုပ်ထွေးနေတဲ့ ကိုင်းခက်၊ ကိုင်းလက်တွေ ကြားကနေ ညောင်ကိုင်းတစ်ကိုင်းပေါ်မှာ မျောက်တစ်ကောင် ကို ငုတ်တုတ်ထိုင်နေတဲ့ မောင်ဦးကို တွေ့နေကြရတယ်။ မောင်ဦးအဝတ်အစားတွေက အိပ်ရာထဲမှာ ရှိတုန်းက အတိုင်း စွယ်တာအင်္ကျီ၊ အပေါ်က စစ်ဂျာကင်အဟောင်းကြီးကိုဝတ်ထားတယ်။

ဒီနေရာမှာ အံ့ဩစရာကောင်းတာက မောင်ဦးလို အရိုး ပေါ်အရေတင်၊ တစ်နေ့ရွှေ၊ တစ်နေ့ငွေ့ လူမဟက ဘယ်လိုလုပ် ပြီး ညောင်ပင်ထိပ်ထိတက်နိုင်တာလဲ၊လူတွေ၊ အမျိုးမျိုး ဝေဖန်ပြောဆိုနေကြတယ်။ နောက်ပြီး မောင်ဦး ဆောင့်ကြောင့်ထိုင်နေတဲ့ညောင် တိုင်းက လက်မောင်းလုံးလောက်ပဲ ရှိတယ်။ မောင်ဦး ထိုင်သာထိုင်နေတယ်၊ နားနေတဲ့ ငှက်တစ်ကောင်လိုပဲ ဘာကိုမှကိုင်မထားဘူး။ ကျန်သေးတယ်၊ မောင်ဦးဆီက ဘာသံမှထွက်မလာ တော့ဘူး၊ မျက်လုံးတွေ မှိတ်ထားတယ်။

အိပ်ပျော်နေသလိုလို၊ မေ့မြောနေသလိုလို ဖြစ်နေတယ်။
ကဲ မောင်ဦးကတော့ ဆင်းနိုင်မှာမဟုတ်ဘူး…။ သူ့ကို `အောက်ချကြရမယ်။ ဘယ်လိုလုပ် ချကြမလဲ လူကြီးတွေ တိုင်ပင်ကြတယ်။

နောက်တော့၊ ညောင်ကိုင်းတစ်ကိုင်းမှာ စက်သီးဆင်၊ ကြိုးတပ်၊ ကြိုးတစ်ဖက်မှာ စောင်ပုခက်လုပ်မယ်.၊ မောင်ဦးကို စောင်ပုခတ်ထဲ ပွေ့ထည့်၊ စက်သီးနဲ့ အောက်ကိုချဖို့ စိတ်ကူးကြရတယ်။ စိတ်ကူးအတိုင်းပဲ လုပ်ဆောင်ကြတယ်။ လွယ်မယ်ထင်ပေမဲ့ တော်တော်ကြီးကို ခက်ခက်ခဲခဲ လုပ် လိုက်ကြရတယ်။

ပထမ ညောင်ပင်စောင့်နတ်နဲ့ ကွင်းပိုင်၊ နယ်ပိုင်တွေကို တောင်းပန်တိုးလျှိုးရတယ်။ ပြီးမှ အားကောင်းမောင်းသန် လူငယ်လူရွယ် ဆယ့်လေး-ငါးယောက်လောက် ညောင်ပင်ပေါ်တက်ရတယ်။ စက်သီးဆင်တဲ့သူက ဆင်၊ မလွတ်မကင်း ဖြစ်နေတဲ့ ညောင်ကိုင်းတွေကို ခုတ်ချတဲ့သူက ခုတ်ချ။ ညောင်ကိုင်းပေါ် ငုတ်တုတ်မေ့နေတဲ့မောင်ဦးကို လိမ့်ကျမသွားအောင် ထိန်းသူကထိန်းထား။

စက်သီးကြိုးဖျား စောင်ပုခက်ဆင်သူက ဆင်နှင့်၊ တစ် နာရီလောက် အချိန်ယူလိုက်ရတယ်။

အားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ မောင်ဦးကိုပွေ့ ပြီး စောင်ပုခတ်ထဲထည့်တယ်။ စက်သီးကြိုးနဲ့ ဖြည်းဖြည်းချင်း အောက်ချယူကြရ

ညကြီးမင်းကြီး၊ ဓါတ်မီးရောင် တဝင်းဝင်း၊ သစ်ကိုင်း ခတ်သံ တဒုန်းဒုန်း၊ ကိုင်းကျိုးကျသံ တဖြောင်းဖြောင်း၊ ပြောသံ ဆိုသံ၊ အော်သံဟစ်သံ တညံညီနဲ့…

တပျော်တပါး ပွဲတော်ကြီးကျင်းပနေသလိုပဲ.။ဒီလိုနဲ့ မောင်ဦး အောက်ကိုရောက်လာတယ်။သတိကတော့ မရသေးဘူး၊ မြောနေမေ့နေတုန်းပဲ။

စောင်ပုခက်ကို ငါးလုံးနဲ့လျှိုထမ်းပြီး မောင်ဦးကို အိမ်ပြန်သယ်လာကြတယ်.။

မောင်ဦး သူ့အိမ်ရောက်သွားမှ မောင်လှတင့်တို့အဖွဲ့ သည်း ကင်းတဲကို ပြန်လာခဲ့ကြတယ်။

ထူးတာတော့ တော်တော်ထူးဆန်းတဲ့ အဖြစ်အပျက်

စာရေးသူက အေးနေပြီဖြစ်တဲ့ ရေနွေးကြမ်းကို မော့ သောက်ပြီး ဦးလှတင့်ကို ပြောလိုက်တယ်။

ထူးတာပေါ့ စာရေးဆရာရယ်၊ ထူးလို့လည်း ပြောပြ ချင်တာပေါ့..။
နောက်နေ့မှာ ကျွန်တော် ဒေါ်ကြည်မြကြီးအိမ်ကို သွား တယ်…..

မောင်ဦးအကြောင်း နောက်ဆက်တွဲကို သိချင်၊ စပ်စု ချင်လို့ပေါ့ဗျာ…။

ဒေါ်ကြည်မြအိမ်ရောက်မှ ညက ဖြစ်တဲ့၊ ပျက်တဲ့သတင်း၊ချက်ချင်းပျံ့နှံ့သွားတယ်ဆိုတာ သိလိုက်ရတယ်။

ဒေါ်ကြည်မြအိမ်မှာ ရွာလူကြီးတွေရော၊ ဇလွန်မြို့နယ်က ပါတီကောင်စီလူကြီးတွေရော၊ ရဲတွေရော၊ ဆရာဝန်တွေရော စုံ လို့ပဲဗျ….. ရောက်နေကြတယ်။

ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေဆိုကာ လမ်းပေါ် မှာ ပြည့်နေတယ်။

ကျွန်တော်လည်း အတတ်နိုင်ဆုံး ရှေ့ရောက်အောင်တိုးပြီး လူကြီးတွေ မေးမြန်း၊ ပြောဆိုနေတာကို နားထောင်ရတာဖြစ်ပုံက ဒီလိုတဲ့ဗျ. ညက မောင်ဦး သရဲအဆွဲခံရတာတဲ့.. မောင်ဦး အိပ်ရာထဲမှာ မေ့တစ်ချက်၊ မြောတစ်ချက် ဖြစ်နေတုန်း လူကြီးတစ်ယောက် အိမ်ပေါ်တက်လာတယ်တဲ့။ အဲဒီလူကြီးက မောင်ဦးကိုပွေ့ချီပြီး အောက်ကိုခန်ဆင်း တာတဲ့။

ပြီးသွားတော့ ရွာထိပ်ညောင်ပင်ကြီးပေါ်ကို ခေါ်သွားတယ်။ မောင်ဦးက မောလိုက်တာလို့ပြောတော့ မောင်ဦး ဗိုက်ကိုလှန်ပြီး လျှာနဲ့လျက်ပေးတယ်တဲ့။

တော်တော်ကြာအောင် လျှာနဲ့လျက်ပေးပြီးချိန်မှာ သူ့ကို ရှာတဲ့လူအုပ်ကြီး ညောင်ပင်ကြီးနား ရောက်လာတယ်။ ဒီတော့မှ မောင်ဦးကိုခေါ်လာတဲ့လူကြီးက.၊ ဟိုမှာ မောင်ငွေတို့အုပ်စု၊ မင်းကို လိုက်ရှာနေကြ
ဦးမောင်ငွေ၊ ကျွန်တော် ဒီမှာရှိတယ် ပြောလိုက် လို့
ပြောတယ်။ပြောခိုင်းတဲ့အတိုင်းသာ ပြောလိုက်ရတာ၊ မောင်ဦးအနေ နဲ့ကတော့ အမှောင်ထဲမှာ ဦးမောင်ငွေကိုလည်း မမြင်ဘူး။ ဘယ်သူ့ကိုမှလည်း မမြင်ဘူး၊ ဘာသံမှလည်း မကြားရဘူးတဲ့….။ ဒီအကြောင်းတွေကို မောင်ဦးက လူကြီးတွေကို ပြောပြ နေတယ်။

မြို့နယ်ကလူကြီးတွေကလည်း ယုံရခက်၊ မယုံရခက်၊ အံ့အားတွေ သင့်လို့ပေါ့..။

သူ့ကိုခေါ်သွားတဲ့လူကြီးရဲ့ ပုံပန်းသဏ္ဍာန်ကို မေးတော့ မောင်ဦးက..၊

အမွေးတွေ အမျှင်တွေနဲ့ မဟုတ်ဘူး၊ လူကြီးတစ် ယောက်ပဲ၊ အရပ်မြင့်မြင့် တုတ်တုတ်ခိုင်ခိုင်နဲ့.။နှုတ်ခမ်းမွေးကြီးရှိတယ်၊ ကွမ်းတွေစားပြီး တပျစ်ပျစ် နဲ့ ထွေးတယ်…. လို့ ပြောတယ်။

ဒီလိုပြောတော့၊ မောင်ဦးအမေ ဒေါ်ကြည်မြက.. ဟဲ့… အဲဒါဆို အဲဒါ… နင့်အဖေပေါ့… လို့ ပြောတယ်။ ငယ်ငယ်ကတည်းက ဆုံးသွားတာကြောင့် မောင်ဦးက သူ့အဖေကို မမှတ်မိဘူး။ဒီတော့မှ မောင်ဦးအသည်းအသန်ဖြစ်နေတာကို သေ သွားတဲ့သူ့အဖေက လာခေါ်ပြီးဆေးကုပေးတယ်ဆိုတာ သဘော ပေါက်ကြတယ်။

လူကြီးတွေပေးသမျှကို ဖြေနေတဲ့မောင်ဦးကိုကြည့်ပြီး မြို့နယ်ဆရာဝန်ကြီးတွေတောင် အံ့အားသင့်နေတယ်။ ဘယ်လိုမှ အသက်မရှင်နိုင်တော့ဘူးလို့ သတ်မှတ်ထားတဲ့သူက လူကောင်းပကတိ ပြုံးပြုံးရွှင်ရွှင် ပြောနေတာကိုး။ တစ်ရွာလုံးလည်း အုတ်အော်သောင်းတင်း အံ့ဩနေ ကြတယ်။

နေ့သေမလား၊ ညသေမလား၊ စောင့်နေရတဲ့မောင်ဦး…၊ ဖုတ်ထုတ်ရမလိုတောင် ဖြစ်နေတဲ့ မောင်ဦး..သရဲဆွဲခံရပြီးကတည်းက လူကောင်းပကတိ ဖြစ်သွားတယ်။

နောက်နေ့ချက်ချင်းဆိုသလို ရောဂါဝေဒနာတွေ ယူပစ် သလို ပျောက်သွားတာကိုးဗျ..

သရဲဆွဲခံရတယ်ဆိုတဲ့ ဇာတ်လမ်းတွေ၊ ကျွန်တော် တော်တော်များများ ကြားဖူးပါတယ်….၊ ဒါပေမဲ့ အခုဦးလှတင့်ပြောတဲ့ သရဲဆွဲခံရတဲ့ အဖြစ်က တော့ အများနဲ့မတူ၊ တစ်မူထူးခြားတဲ့ ဇာတ်လမ်းပါပဲ ဒီအတွက် ဦးလှတင့်ကို ကျေးဇူးတင်ပါတယ်…

နေပါဦးဗျ..၊ ပြောစရာ နည်းနည်းကျန်သေးတယ် ဦးမောင်ငွေနဲ့ ပတ်သက်တာလေး..

ဟုတ်ကဲ့… ပြောပါဦး

ဦးမောင်ငွေနဲ့ မောင်ဦးရဲ့အဖေက အသက်ချင်းကွာစေ မဲ့ တော်တော်လေး ခင်ပင်ခဲ့ကြတာတဲ့..၊

ဒါ့ကြောင့် မောင်ဦးပျောက်လို့လိုက်ရှာကြတော့ သရဲက ဦးမောင်ငွေကို နာမည်တပ်ပြီး အခေါ်ခိုင်းတာဖြစ်မယ်ဗျ…

ဟုတ်တယ်၊ ဒီကိစ္စက ရွာမှာရော၊ တစ်မြို့နယ်လုံးမှာ ရော တော်တော်နဲ့မရပ်ဘူး၊ ပြောကြတယ်…၊ပြောတိုင်း ပြောတိုင်း၊ ဦးမောင်ငွေနာမည်က ပါနေတယ် ဦးမောင်ငွေကို သရဲကတောင် သိတဲ့သူဆိုပြီး နာမည် ကြီးသွားခဲ့တယ်ဗျ…

ဒါလည်း ရေစက်တစ်မျိုးပေါ့ဗျာ…။ မဟုတ်ဘူးလား

မှန်တယ်ဗျို့၊ ဒီလို နာမည်ကြီးရာကနေ ဦးမောင်ငွေနှင့် ဒေါ်ကြည်မြတို့မိသားစု ပိုပြီးရင်းနှီးသွားကြတယ်၊ ရင်နှီးရာကနေ ကြင်နာ၊ ကြင်နာရာကနေ သံယောဇင်ဦးမောင်ငွေနဲ့ မောင်ဦးအစ်မ၊ ဖူးစာဖက်တွေ ဖြစ်သွား

ဗျာ….၊ ဟုတ်လား..

စာရေးသူရဲ့ အပြန်လမ်းမှာတော့..၊ ထူးထူးဆန်းဆန်း သရဲဆွဲခံရတဲ့ ဇလွန်နယ်က မောင် ဦးရဲ့အဖြစ်နှင့်…ထူးထူးခြားခြား ဖူးစာဆုံခဲ့ကြတဲ့ ဦးမောင်ငွေနဲ့ မောင်ဦးအစ်မတို့ရဲ့အဖြစ်က လွှမ်းမိုးလိုက်ပါလျက် ရှိနေပါတော့ တယ်။

#မောင်မှိုင်းညို့(ချောင်းဦး)