။ “ဒီလို ကိုကြီးတာတေရဲ့၊ ကျုပ်က လေထဲမှာ ရောက်နေတာဗျ” “ဟေ…ဟုတ်လား၊ ကောင်းကင်မှာလား” “မဟုတ်ဘူးဗျ။ အိမ်ထဲမှာပဲ ၊ လေထဲမှာ မျောနေသလိုပဲဗျ၊ ကျုပ်အောက်ကို ငုံ့ ကြည့်လိုက်တော့ ဖျာပေါ်မှာ စောင်ခြုံပြီး ခွေခွေလေး အိပ်နေတဲ့ ကျုပ်ကို မြင်နေ ရတယ်ဗျ။ ကျုပ်ပြောတာ ကိုကြီးတာတေ နားရှုပ်သွားပြီလား မသိဘူး၊ ကျုပ်ပြော ချင်တာက လေထဲမှာလည်း ကျုပ်ပဲဗျ၊ ဖျာပေါ်မှာ အိပ်နေတာလည်း ကျုပ်ပဲဗျ၊ ကျုပ်က နှစ်ယောက်လို ဖြစ်နေတဲ့ သ ဘောပေါ့ဗျာ။ ကျုပ် ...
အေးးးးးး မြေချမဲ့ကျင်းက တောင်နဲ့မြောက်အလျားတူးထားဒါပေါ့ ခေါင်းကိုမြောက်ဘက်ကထားပီးချမယ်ဟေ့ အေး ငညိုဘယ်လိုချမလဲ မလွယ်ဘူးဟ အေးကွာမထူးပါဘူး ဘယ်သူမြင်ဒါမှတ်လို့ ပစ်ချမယ် ၁ ၂ ၃ “ဝုန်း” ကဲမြေဖို့ကွာ သွားမှိန်းကျမယ် ငွေတစ်ရာဆိုတော့ အမုန်းဆွဲမယ်ဟေ့ ဟားးဟားးဟားးးး သူတို့မသိလိုက်တဲ့အချက်က ၃ရက်နေ့ည၁၂နာရီတိတိမှာ အလောင်းရဲ့ခေါင်းဟာ ပစ်ချတဲ့အရှိန်နဲ့ ရွာဘက်ကို မျက်နာလှည့်သွားခဲ့တယ်လေ မနက်ရွာပြန်ရောက်တော့ ဟေ့ ဒေါ်အေးလှဆုံးပီတဲ့ကွ ဟာ ဟိုတစ်လောင်းက မနေ့ကမှမြေချထား ရသေးတယ် လာပြန်ပီ အေးကွာသွားကူရအောင် နွေဆိုတော့ အရိပ်ကောင်းတဲ့သစ်ပင်အောက်မှာ ဝိုင်းဖွဲ့ပီး မနေ့က လေယာဉ်တွေဘယ်လောက်များ ကြောင်း ...
ခုမှ သတိပြုမိသည်။ လင်းစ ဆောင်းနံနက်မို့ နှင်းတွေ ဝေနေအောင် ကျသည်။ တောတောင် တစ်ခုလုံး မြရည်ရွန်းသစ်ရွှ စိမ်းလဲ့လဲ့။ ရှင်မတောင်ကြီး ကို ကြည့်နေကျ ဝသီပါ၍ လှမ်းကြည့်လိုက်ရာ နှင်းငွေရည် စိန်ပွင့်တို့ ဖုံးလွှမ်း နေသဖြင့် မမြင်ရ အိပ်တန်း ထစ ကျေးငှက် သရကာတို့ မြည်ကျူးသံစုံက ချိုင့်ကြီးဒေသ၏ သဘာဝ တေးသံသာအဖြစ် ထွက်ပေါ်လျက်ရှိသည်မှာ ငြိမ့်ငြိမ်ညောင်းညောင်း ညှင်းညှင်းသွဲ့သွဲ့ သာသာယာယာ။ ဘုတ်ပူသံ’ ချိုးကူသံ ခါတွန်သံ ငုံးမြည်သံၢ တောစာများ အိပ်တန်း ဆင်းသံ ...
တော့ သူအတော်အံ့သြသွားရသည်။ “ဟန်…” အကြောင်းမှာ ထိုအမျိုးသမီး ချသွားခဲ့တဲ့အထုပ်က အမိုက်မဟုတ်ပဲ ကလေးတစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်။ “ကလေးလေးပါလား” သူကပြောရင်းဆိုရင်းနဲ့ ကလေးငယ်လေးကို ကောက်ချီလိုက်ပြီး။ ” တောက်…! ခလေးတစ်ယောက်ကို အဲ့တိုင်းပစ်သွားရသလား။ အေးပေါ့လေ ဒီလိုမိခင်မျိုးတွေရှိလို့လည်း အပစ်မရှိတဲ့ခလေးတွေ ဒုက္ခရောက်ကုန်ကြတာပေါ့။ ” ခလေးငယ်လေးရဲ့ မျက်နှာကို သေချာကြည့်မိတော့ ချစ်စရာကောင်းလွန်းလှသည်။ ထို့ကြောင့် စွန့်ပစ်ခံ သနားစရာကောင်းတဲ့ ကလေးငယ်လေးကို ဂရုဏာသက်စွာဖြင့်..။ “ကဲ့ကလေးလေးရေ မင်းနဲ့ငါတော့ အရင်ဘဝက ရေစက်ကြောင့်ထင်ပါရဲ့…. အခုတော့ ငါကမင်းရဲ့မွေးစားအဖေ မင်းရဲ့အဖေ ဖြစ်ရပြီပေါ့ကွာ” ဟု ...
ဝတ်ထားတာဗျာ။ ကျုပ်လဲ သူမအလှတွေငေးကြည့်နေတုံး… “ကိုကြီးမင်းအောင် ကိုကြီးမင်းအောင် …” “ဘာတုံးဟ…. ပြည့်ဖြိုးရ “ ” ကျွန်တော်ဗိုက်နာလာလို့ တောတိုးမလို့ ခနအဖော်လိုက်ခဲ့ပေးစမ်းပါ ကိုကြီးရာ” ကျုပ်လဲ အဲတော့မှအသိဝင်လာပြီး ” ညီမ…..” ” ရှင်…..” ” အစ်ကို့ ခြေထောက်ကိုဖိထားတဲ့ ညီမခြေထောက်လေး ဖယ်ပေးပါလားဟင်” ” ဟုတ်..ဟုတ်ကဲ့အကို ကန်တော့နော် ညီမ တကယ်မသိလို့ပါနော် “ “ရပါတယ်ညီမရယ် မသိလို့နင်းမိတာပဲ” ကျုပ်လည်းအဲလိုပြောလိုက်ရော သူမ ရှက်သွားတယ်ထင်တယ်။ ခေါင်းလေးကို အောက်ကိုငုံ့ထားရောဗျ။ ...
တစ်ယောက်ကိုင်ကြတာကိုပြောတာဗျ။ (၂) အခုလိုဆောင်းတွင်းကာလမျိုးဆိုရင်တော့ ကာလသမီးတွေက ခြံကျယ်တစ်ခုမှာ စုပြီးမီးပုံကြီးဖိုကြတယ်၊ အဲဒီအနားမှာ အနီးအပါးအိမ်က ကာလသမီးတွေစုပြီး အတင်းတုပ်ကြ၊ သတင်းဖလှယ်ကြပေါ့ဗျာ၊ စကားပြောတယ်ဆိုပေမယ့်လည်း အလုပ်နဲ့လက်နဲ့တော့မပြတ်ဘူးဗျ၊ အပေါ်က စကားပြောရင်း ပဲကြီးအခွံခွာတဲ့လူကခွာ၊ နောက်နေ့စားဖို့ ငါးခြောက်ခေါင်းချွေတဲ့လူကချွေ၊ ဟင်းနုနယ်သင်တဲ့လူက သင်နဲ့ပေါ့။ ဒီလိုမီးပုံမျိုးဆိုရင်တော့ ကျုပ်တို့ကာလသားတွေအတွက် ပွဲတော်ပဲပေါ့ဗျာ၊ ကာလသား လေးငါးယောက်လောက်စုပြီး ကာလသမီးတွေရှိတဲ့မီးပုံဆီကိုသွားပြီး လူပျိုလှည့်တာပေါ့ဗျာ၊ မိန်းကလေးတွေလုပ်တဲ့အလုပ်ကို ကူပေးတဲ့လူက ကူပေးတာပေါ့၊ အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် လှော်ပေးကြတာပေါ့ဗျာ၊ အဲဒီလိုမီးပုံနဲ့တိုးလို့ကတော့ ညသန်းခေါင်တင်မကဘူး၊ မနက်နှစ်နာရီသုံးနာရီလောက်ထိုးတော့မှ လူစုခွဲကြတယ်၊ အိမ်ပြန်တော့မှ အိပ်ရာထဲအတင်းဝင်အိပ်ကြပေါ့ဗျာ၊ အိပ်ရေးမဝတော့ မနက်မထနိုင်ထနိုင်နဲ့ ...
မြင့်လွင် ’ မသိခဲ့ပေ ။ သူငယ်ချင်းများ စုံလျှင်လည်း ဖဲရိုက်သည် ၊ ဘယ်နေရာမှာ ဘယ်နား ဖဲဝိုင်းရှိမည်ဆိုသည့် သတင်းကို ‘ မြင့်လွင် ’ အမြဲလိုလို စောင့်မျှော်နားစွင့်နေတတ်သည် ။ အသုဘ အိမ်ရှိသည်ဟုသိရလျှင်လည်း ‘ မြင့်လွင် ’ တစ်ယောက် ထို အသုဘ အိမ်တွင် အသုဘ ဖြစ်သည့် နေမှစ၍ ရက်လည်နေ့ထိ တိုင်အောင် ညဘက်တိုင်း နေ့စဉ် မပျက် သွားရောက်တတ်ပြီး ဖဲရိုက်လေသည် ။ ရှိုး ၊ ...
နေကြတဲ့ ပရိတ်သတ်ကြီးခင်ဗျာ… ကျုပ်နာမည်ကိုမြွေနိုင်ဆရာခိုင်လို့ခေါ်ပါတယ်… ကျုပ်ရဲ့ဆရာ့…ဆရာကြီးများထံမှာ နှစ်ပေါင်းများစွာကြာအောင်ပညာသင်ကြားခဲ့သူပါ… အခုကျုပ်ပြမယ့်ပညာကို ပရိတ်သတ်ကြီးတို့သေချာကြည့်နိုင်ပါတယ်…ဟောသည် သေတ္တာထဲမှာမကြာခင်ရက်ပိုင်းကမှ ဖမ်းဆီးထားတဲ့အဆိပ်ပြင်းမြွေဟောက်နှစ်ကောင်ရှိပါတယ်… ဒီကောင်တွေနဲ့ကျုပ်… သူတပြန်… ငါတပြန် ပညာပြိုင်ကြည့်ကြမယ်ဗျာ… ကျုပ်ကစရင်သူကပေါက်မယ်… သူကပေါက်ရင်ကျုပ်ကလည်းကျေကျေနပ်နပ်ကြီးအကိုက်ခံမယ်ဗျာ…အဲ့သည်လိုအဆိပ်ပြင်းတဲ့အကောင်ကို ကျုပ်ဘယ်လိုယှဉ်မလဲဆိုတာ အားလုံးမျက်မြင်ကြည့်ရှု့နိုင်ပါတယ်ခင်ဗျာ….။ နောက်ပြီးကြိုပြီး သတိပေးစရာလေးရှိပါတယ်… အဲ့တာကတော့ ကျုပ်မြွေနိုင်ဆရာခိုင်ရဲ့ပညာကို စမ်းချင်တဲ့ စုန်း၊တစ္ဆေ၊ကဝေ၊မြေဖုတ်၊သရဲ၊ကျတ်၊အသူရကာယ်ဘာကောင်ကိုမှကျုပ်ကဂရုမစိုက်ပါဘူး… ပညာပြိုင်ချင်ရင်ချက်ချင်းကျုပ်ကိုပြောပါ… အကယ်၍ဟောသည်ရွာမှာပြုစား၊ခြောက်စားခံထားရသူများရှိရင်လည်းကျုပ်ဆီကိုလာပါ… ပြုထား…ခြောက်ထားတဲ့ပညာသည်ကျုပ်ရှေ့မှာ ဒူးထောက်ပြီးငိုစေရပါမယ်… ကဲဗျာ…ပြောနေတာကြာပါတယ်… ကျုပ်ရဲ့ပညာကိုအားလုံးရှု့စားကြပါခင်ဗျာ…” ဟု…မြွေနိုင်ဆရာခိုင်ကပြောလိုက်သည်။ မြွေနိုင်ဆရာခိုင်၏ဥပဓိရုပ်ကခန့်ညားပြီး လူလေးစားဖွယ်ရုပ်မျိုးရှိသည်။ သူ၏အသံကလည်းပြတ်သားမာကျော၏။ မောင်တိုးနဲ့မောင်အုန်းက ရှေ့ဆုံး၌ ထိုင်ကာကြည့်ကြသည်။ ဘွားမယ်စိန်ကလည်းသူတို့၏အနောက်၌တောင်ဝှေးကြီးကို ထောက်၍စိတ်ဝင်တစားကြည့်နေ၏။ သူတို့ကြည့်နေစဉ် မြွေနိုင်ဆရာခိုင်က ...
ကြည့်လိုက်တော့ ညဆယ်နာရီပင်ထိုးေနပြီ။ ပတ်ဝန်းကျင်သည်လည်းတိတ်ဆိတ်ညိမ်သက်လျှက်ရှိနေပြီး ဂိတ်တဲအနီးအနည်းငယ်လောက်သာ မီးအလင်းရောင်ရှိသည်။ ခြံအတွင်းမှာတော့ မပီဝိုးတဝါးလရောင်ရေးရေးလေးသာရှိ၍မှုန်ဝါးဝါး အသစ်စက်စက်တိုက်အိမ်ကြီးကတော့ခြံဝန်းအလည်မှာ ထည်းထည်းကြီးရှိနေသည်။ ကိုကျော်ဦီးလည်းထိုင်နေရသည်မှာညောင်းလာပြီ ဖြစ်၍ ဂိတ်တဲပေါ်မှဆင်းလိုက်ပြီ အိမ်ကြီးနဲ့ဂိတ်တဲကြားရှိမြေကွက်လပ်ပေါ်တွင် အညောင်းပြေလမ်းလျှောက်နေလိုက်သည်။ သူဒီလိုလမ်းလျှောက်နေးရင်း အိမ်ကြီး၏နောက်ကျောဘက်မှညည်းသံသဲ့သဲ့ကြားလိုက်မိသလိုရှိသည် ပီပီသသတော့မဟုတ် ကိုကျော်ဦးရပ်၍နားထောင်ကြည့်လိုက်သည် မကြားရတော့ ဒါနဲ့ပဲ သူလဲလမ်းဆက်လျှောက်နေလိုက်သည်။ သိပ်မကြာခင်မှာပဲ လူတစ်ယောက်၏ တအင်းအင်း ညည်းညူနေသံကြီးကို သူ ပြန်ပြီးကြားလာရပြန်သည် ကိုကျော်ဦး သေချာနားစွင့်လိုက်သည် ထိုအသံသည် အဝေးမှလေနှင့်ပါလာသောအသံမဟုတ် ဒီခြံထဲမှပင်ထွက်ပေါ်လာသောအသံတစ်ခု လေလည်းမတိုက် သူလမ်းဆက်မလျှောက်သေးပဲအသာရပ်၍ အသံလာရာအိမ်ကြီးနောက်ကျောဘက်ဆီသို့နားစွင့်ထားမိသည်။ ...
စံကျော်မောင်းတဲ့ကားရောက်လာလို့ တိုက်နယ်ဆေးရုံသွားမွေးဖွားကာမှ လျှောလျှောရှူရှူမွေးဖွားရတော့တယ်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို သူလိုရင်ကိုယ်ကူ ကိုယ်လိုရင်သူကူ ဒီနားမယ် ဒီသုံးအိမ်လေးရှိတာ။ အရင်ကများဆို အဘိုးကြီးဆုံးပြီးစမယ် စံကျော်နဲ့ ဖွားလှမြန်းတို့သားအမိရဲ့ တစ်အိမ်ထဲရှိတာ ။ ရွာထဲကမိမွှေး တစ်ရွာသားဖိုးတာနဲ့အိမ်ထောင်ကျပြီး ဖွားလှမြန်းတို့အိမ်ခြေရင်း မိမွှေးမိဘပိုင်တဲ့ မြေကွက်အလွတ်လေးထဲ တဲလေးတစ်လုံးလာထိုးနေလို့နေရာအဖော်ရှိတာ။ မကြာပါဘူး မိမွှေးရဲ့ မတော်ရလည်းရ တော်လည်းရတဲ့ ဆွေမျိုးနီးစပ် ငလှိုင် အရှေ့ရွာက မယ်ကျော့နဲ့ညားပြီး ဖွားလှမြန်းတို့အိမ်ခေါင်းရင်း အိမ်လေးဆောက်နေပြန်တော့ တစ်အိမ်ထဲထီးထီးကြီး နေလာတဲ့ဖွားလှမြန်းအိမ်က ခြေရင်းခေါင်းရင်းအိမ်နှစ်အိမ်ရဲ့ အလယ်ထဲရောက်သွားရတယ်။ အိမ်သိပ်မကပ်နိုင်တဲ့ စံကျော်အဖို့ ခြေရင်းခေါင်းအိမ်တွေ ရှိနေလို့ အမေဖြစ်သူ ...