ချစ်ကံကြမ္မာ

ဝတ်ထားတာဗျာ။

ကျုပ်လဲ သူမအလှတွေငေးကြည့်နေတုံး…

“ကိုကြီးမင်းအောင် ကိုကြီးမင်းအောင်  …”

“ဘာတုံးဟ…. ပြည့်ဖြိုးရ “

” ကျွန်တော်ဗိုက်နာလာလို့ တောတိုးမလို့ ခနအဖော်လိုက်ခဲ့ပေးစမ်းပါ ကိုကြီးရာ”

ကျုပ်လဲ အဲတော့မှအသိဝင်လာပြီး

” ညီမ…..”

” ရှင်…..”

” အစ်ကို့ ခြေထောက်ကိုဖိထားတဲ့ ညီမခြေထောက်လေး ဖယ်ပေးပါလားဟင်”

” ဟုတ်..ဟုတ်ကဲ့အကို ကန်တော့နော် ညီမ တကယ်မသိလို့ပါနော် “

   “ရပါတယ်ညီမရယ် မသိလို့နင်းမိတာပဲ”

ကျုပ်လည်းအဲလိုပြောလိုက်ရော သူမ ရှက်သွားတယ်ထင်တယ်။ ခေါင်းလေးကို အောက်ကိုငုံ့ထားရောဗျ။

            ကျုပ်လဲ ဆရာသမားမောင်ပြည့်ဖြိုးကြီး တောတိုးရာ အဖော်လိုက်ပေးလိုက်ရတယ်တယ်လေ။

“ဟူး…အခုမှပဲဗိုက်ထဲ ပေါ့သွားတော့တယ်”

” ဟေ့ကောင်ပြည့်ဖြိုးရေ …မင်းကိစ္စပြီသွားရင်လဲ ဆိုင်းသွားကြည့်မယ်”

“အင်းပါ ကိုကြီးမင်းအောင်ရ”

   ကျူပ်လဲခုနက နေရာပြန်ရောက်ရော သူမကိုမတွေ့ရတော့ဘူး။ ဆိုင်းဝိုင်းကြည့်နေတဲ့ လူအုပ်ကြားထဲ လိုက်ရှာကြည့်တာလဲမတွေ့ဘူး။

ကျုပ်သိလိုက်ပြီ… သူမပြန်သွားပြီလို့။

ကျုပ်တို့လဲ ဆိုင်းသိမ်းခါနီးမှ ပြန်လာခဲ့တယ်။ အိမ်ရောက်တော့  အချိန်လင့်နေပြီမို့ အိပ်ယာဝင်ခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုမှအိပ်မပျော်ခဲ့ဘူး။ မျက်စိမှိတ်လိုက်တိုင်း သူမရဲ့ပုံရိပ်ပဲမြင်နေမိတယ်။

သူမ.. ကျုပ်ကိုစကားပြောခဲ့တဲ့ သူမရဲ့အသံလေးဟာ ကျုပ်ရဲ့နားစည်အတွင်းပိုင်းထဲထိ ပဲ့တင်သံကဲ့သို့ ထပ်ခါထပ်ခါ ပြန်ကြားယောင်နေမိတယ်။

သူမကဘယ်သူလဲ သူမနာမည်ကရောဘာလဲဆိုတဲ့ အကြောင်းအရာတွေက ကျုပ်ရဲ့အတွေးကမ္ဘာထဲ၌ ကြီးစိုးနေလေတယ်။
အဲဒီညကပင်..မိုးစင်စင်လင်းသည်ထိ အိပ်မရခဲ့ပေ။
အဲဒီလိုနဲ့ နောက်နေ့ရောက်တော့ ပြည့်ဖြိုးကျုပ်အိမ်ရောက်လာတယ်။

” ကိုကြီးမင်းအောင် ဘာလုပ်နေလဲဗျ..”

   “ဘာမှမလုပ်ပါဘူးကွာ.. မင်းရောငါ့ဆီလာတာ ဘာကိစ္စတုံး”

“ဘာမှမဟုတ်ပါဘူးဗျာ.. ပျင်းလို့ကိုကြီးအိမ်ဘက်ထွက်လာခဲ့လိုက်တာ။ ဒါနဲ့ ကိုကြီးမင်းအောင် ညကဆိုင်းကတော်တော်ကောင်းတယ်နော်”

” အေးကွ..”

ပြည့်ဖြိုးပြောလိုက်မှ ညကသူမနဲ့တွေ့ခဲ့တာလေးကို ပိုသတိရသွားတယ်။

” ပြည့်ဖြိုး ဟိုဘက်ရွာသွားကြမလား”

” ကိုကြီးမင်းအောင်က ကိစ္စရှိလို့လား..”

” ကိစ္စရှိတယ်လို့တော့မဟုတ်ပါဘူးကွာ… ဒီအတိုင်းပျင်းလို့သွားမလားလို့…  ပြီးတော့တို့ရွာကကိုသာအောင်ကြီးလဲ အဲဒီဘက်ရွာသူ မိစုနဲ့ညားပြီးထဲကအဲရွာမှာပဲနေတာဆိုတော့ မတွေ့တာကြာပြီလေ… ကိုသာအောင်ကြီးကိုလဲ တွေ့ချင်လို့ကွ…”

ကျုပ်စိတ်ထဲမှာ တစ်ကယ်တွေ့ချင်တာက ညတုံးကတွေ့ခဲ့တဲ့ ကောင်မလေးတစ်ယောက်ပေါ့ဗျာ။

       အဲဒီလိုနဲ့ ကျုပ်လဲပြည့်ဖြိုးကိုအဖော်စပ်ပြီး သူမရှိရာရွာလေးသို့ထွက်လာခဲ့ကြသည်။ရွာလေးထဲရောက်တော့ အရင်ဦးဆုံးကိုသာအောင်ကြီးတို့အိမ်ကို သွားလည်ခဲ့တယ်။ ကိုသာအောင်ကြီးအိမ်မှ အပြန်..အချိန်ကား ညနေစောင်း၍ ပျိုမေတစ်သိုက်တို့၏ ရေခပ်ဆင်းချိန်ဖြစ်လေသည်။ ထိုအချိန်၌ ကျုပ်အတွေးထဲတွင် ဒီအချိန်ဆိုသူမများရေခပ်ဆင်းလေမလား။

             ” ပြည့်ဖြိုးရေ.. ချောင်းဘက်ကိုသွားကြမယ်ကွာ”

” ကိုကြီးမင်းအောင်က ဘာသွားလုပ်မလို့တုန်းဗျ”

” ဒီလိုပဲပေါ့ကွာ.. ငါကိစ္စလေးရှိလို့ပေါ့ဟ မင်းလိုက်မှာသာလိုက်ခဲ့စမ်းပါကွာ..”

ကျုပ်လဲ ပြည့်ဖြိုးကိုခေါ်ပြီးချောင်းရှိရာသို့ထွက်လာခဲ့သည်။
ချောင်းရှိရာသို့ ရောက်လာသောအခါ ကျုပ်အတွက် ကံကြမ္မာကမျက်နှာသာပေးတာလား ဒါမှမဟုတ် ကျုပ်နဲ့သူမကပဲရေစက်ပါတာလားမသိဘူး။ ချောင်းကမ်းနံဘေး၌ ရေခပ်နေသောသူမကိုတွေ့လိုက်ရတယ်။ သူမရေခပ်နေတာကို မလှမ်းမကမ်းကနေငေးကြည့်နေမိတုံး…

     “ကိုကြီးမင်းအောင်.. ကိုကြီးမင်းအောင်”

“ဟေ….ဘာတုန်းဟ ပြည့်ဖြိုးရ”

” ကိုကြီးမင်းအောင်  ချောင်းဘက်လာတာ ရေခပ်ဆင်းတဲ့အပျိုချောတွေကိုငမ်းမလို့ မဟုတ်လား”

ဆိုပြီးအဲကောင်က ရယ်ကျဲကျဲပြောလိုက်တော့ ကျုပ်လည်း သူခိုးလူမိသလိုဖြစ်ပြီး

” ဟား…ဟား…ပြည့်ဖြိုးရေ မင်းပြောတာတစ်ဝက်ပဲမှန်တယ်ကွ “

” ဘယ်လိုကြီးတုန်းဗျ ကိုကြီးမင်းအောင်ရ ..မှန်ရင်မှန်တယ် မမှန်ရင်မမှန်ဘူးပေါ့..”

” ဒီလိုကွ ..ပြည့်ဖြိုးရ ချောင်းဘက်လာတာ ရေခပ်ဆင်းတဲ့အပျိုချောတွေကို ငမ်းဖို့မဟုတ်ဘူးကွ …. အပျိုချောလေးတစ်ယောက်ထဲကိုပဲငမ်းဖို့ဆိုပိုမှန်တာပေါ့ကွာ..”

   ” သြော်..အဲသလိုကိုးဗျ..ဟဲဟဲ..
ဒါနဲ့ကိုကြီးမင်းအောင်က ဘယ်တစ်ယောက်တုန်းဗျ”

“ထမိန်(ထဘီ)မှာအနီရောင် အစင်းကျားလေးတွေကျားထားပြီး ပန်းနုရောင်ရင်ဖုံးအက်ျီလေးနဲ့ တစ်ယောက်ကွ”

ကျုပ်နဲ့ပြည့်ဖြိုးစကားပြောနေတဲ့ အချိန်အခိုက်အတန့်တွင်း…. .

“ဟေ့….ကောင်မလေးတွေ ကိုရီးတို့ရေကူခပ်ပေးရမလား.”

” မလိုပါဘူး..ကျမတို့ ဖာသာ ကျုပ်မတို့ခပ်ပြီးပြီး….”

        “ဒီလိုဆိုလဲ… ကိုရီးတို့ကူသယ်ပေးမယ်လေ”

” ရတယ် မလိုဘူး ကျမတို့ရှေ့ကသာ ဖယ်ပေး…”

“မဖယ်ဘူးဆိုရင်ရော…ကွာ.. ဟား..ဟား….”

“ရှင်တို့ မူးလာရင်ကို့လမ်းကိုသွားနော် ကျမတို့ကိုမနှောက်ယှက်နဲ့”

“ဒါဆိုရင်.. ချစ်တယ်လို့ ပြောလေ ကိုရီးတို့ကဖယ်ပေးမှာပေါ့..ဟား..ဟား…”

ဆိုပြီးငမူးတစ်သိုက်က ကောင်မလေးတွေကို ရစ်သီရစ်သီလာလုပ်နေတော့ ကျုပ်လဲမနေနိုင်တော့ဘဲ

   ” ရွာလမ်းမကြီးမှာ မိန်းကလေးတွေကို မူးပြီးလိုက်နှောက်ယှက်တာတော့ မကောင်းပါဘူးကွာ”

ဆိုပြီးဝင်ပြောလိုက်တော့ ဟိုငနဲတွေကကျုပ်ကို

” တောက်…မင်းက ဘာကောင်မို့လို့ ငါ့ကိစ္စကိုဝင်ရှုပ်တာလဲကွ”

” ကျုပ်က ဘာကောင်မှတော့မဟုတ်ပါဘူးဗျာ…ဒါပေမဲ့ကျုပ်ရှေ့မှာမိန်းကလေးတစ်ယောက်ကို လိုက်နှောက်ယှက်နေတာတော့ လက်ပိုက်ကြည့်မနေတတ်တဲ့ကောင်ပေါ့ဗျာ”

“ဟား… ဟား…ရာဇာအကြောင်းမသိသေးဘူးထင်တယ် .. ဒီမယ်..ကိုယ့်လူ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကို ဝင်မရှုပ်နဲ့ ဝဝစားစဝေးဝေးနေ သဘောပေါက်တယ်နော်..”

“ကျုပ်က သဘောမပေါက်ဘူးဆိုရင်ရော”

“ဒီကောင်တော့ သေချင်ပြီထင်တယ်
ရော့ကွာ…”

“ခွပ်..”
ဆိုပြီး ကျုပ်ကိုအထိုး ကျုပ်လဲဘယ်ဘတ်လက်နဲ့ကာပြီး ညာဘတ်လက်သီးဖြင့် ပင့်လက်သီးကြွေးလိုက်ရာ..

” ခွပ်…ခွပ်…”

”  အား..”

ဆိုပြီးရာဇာဆိုတဲ့သူ လဲကြသွားရော။ အဲချိန်မှာ…ရာဇာဆိုတဲ့လူကလဲကြနေရာကနေ ကုန်းထလာပြီး…

      ” ဟေ့ကောင်   အခုအကြွေးကိုမှတ်ထား မင်းတစ်နေ့ ပြန်ပေးဆပ်ရမယ်”

အဲလိုပြောပြီး လှည့်ထွက်သွားရော။
အဲချိန်ကြမှာ ကြောင်ကြည့်နေတဲ့ပြည့်ဖြိုးက..

“ကိုကြီးမင်းအောင် ဘာဖြစ်သွားသေးလဲ”

        ” ဘာမှမဖြစ်ပါဘူးကွာ “”

” ဒီက အစ်ကို့ ကိုကျေးဇူးတင်ပါတယ်နော်.
အစ်ကိုသာမကူညီရင် အဲဒီ.အရက်သမားတွေ ညီမတို့ကိုလိုက်နှောက်ယှက်နေမှာ ..ဒါနဲ့ .အစ်ကိုရောတကယ် ဘာမှမဖြစ်ပါဘူးနော်”

” ရပါတယ်ဗျ…အစ်ကိုတကယ်ဘာမှမဖြစ်ပါဘူး..ဒါနဲ့လေ. ညီမနာမည်ကဘယ်လိုခေါ်တုံး…”

” ညီမနာမည်က.. ဝတီပါ အစ်ကို့နာမည်ကရော”

” အစ်ကို့နာမည်က မင်းအောင်ပါ ညီမလေးတို့ရဲ့ ရွာရဲ့ဘေးချင်းကပ်ရက် ဒေါ်ငြိမ်းရွာကပါ.. အစ်ကို့ဘေးကတစ်ယောက်ကတော့ ပြည့်ဖြိုးလို့ခေါ်တယ် အစ်ကိုတို့ရွာကပဲ..”

“သြော်… ဟုတ်ကဲ့ အစ်ကို “

“အဲဒါဆို ..ညီမလေးကို  အစ်ကိုတို့က  အိမ်ထိလိုက်ပို့ပေးမယ်လေ တော်ကြာခုနက အမူးသမားတွေနဲ့ တိုးနေမှာဆိုးလို့”

  ” ဟုတ်… အဲဒါဆိုလဲ ကျေးဇူးပါပဲအစ်ကိုတို့…”

ကျုပ်လဲ  ဝတီ့ကိုအိမ်လိုက်ပို့ရင်း တစ်လမ်းလုံးစကားတွေပြောဖြစ်တယ်။ ပြီးတော့ ဟိုညကဆိုင်းကြည့်ရင်း သူမ..ကျုပ် ခြေထောက်လေးကို တက်နင်းမိတဲ့အကြောင်းတွေပြောတော့….

” သြော်..အဲဒါအစ်ကို ကိုး. ညီမလေ.အဲဒီညက ရှက်ပြီး ပြန်မကြည့်ရဲလို့ မကြည့်လိုက်ရဘူး.”

ပြည့်ဖြိုးကတော့ ဘေးနားကနေ ပြုံးစိစိနဲ့ပေါ့။

” အစ်ကို.. ဟိုရှေ့ဆို ..ဝတီတို့အိမ်ပဲ လိုက်မပို့တော့နဲ့နော် “

”   အင်း..ညီမ ဒါနဲ့လေ ညီမကိုဝတီလို့ ခေါ်လို့ရမလား”

“ရပါတယ်ရှင့်..အစ်ကိုကြိုက်သလိုခေါ်ပါ”

” အဲဒါဆို မနက်ဖြန်ဝတီတို့ရေခပ်ဆင်းတဲ့နေရာကို အစ်ကိုလာလို့ရမလား “

“အင်း …အစ်ကိုလာချင်လာခဲ့ပေါ့”

” အဲတာဆို အစ်ကိုတို့ပြန်တော့မယ်နော်..”

   ” ဟုတ်”

ဆိုပြီး ကျုပ်ကိုပြုံးပြသွားတယ်။

ကျုပ်တို့လဲအိမ်ပြန်လာခဲ့ရာ ရွာလမ်းလေးတစ်လျောက်လုံးကပုံရိပ်တွေဟာ ကျုပ်မျက်လုံးထဲတော့ပန်းချီကားချပ်တွေလိုပဲ အင်မတန်လှပနေတယ်။ ကြားလိုက်သမျှအသံတွေဟာလဲ  တေးသံတွေကဲ့သို့ သာယာလျက်ရှိတယ်။ ကျုပ်တစ်ခုတော့သိလိုက်တယ် ကျုပ်အခုလိုဖြစ်နေတယ်ဆိုတာကသူမရဲ့အပြုံးလေးနဲ့သက်ဆိုင်နေတယ် ထင်တယ်။
အဲဒီလိုနဲ့ ကျုပ်လဲနေ့တိုင်းသူမဆီသွားဖြစ်ခဲ့တယ်။
ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာ မိန်းမကြိုက်တော့ မျှော်လိုက်ရတာ ဆိုသလိုပဲ။ ကျုပ်လဲ အားရင်အားသလို သူမဆီကိုအကြောင်းမရှိအကြောင်းရှာပြီး ချောင်းပေါက်မတက် သွားဖြစ်ခဲ့တယ်။ အဲလိုနဲ့ တဖြည်းဖြည်း တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေငြိတွယ်လာကြတယ်။

တစ်နေ့တော့ ……

“ဝတီ ..အစ်ကိုလေ ဝတီကိုအရေးကြီးပြောစရာရှိတယ် ..”

“ဟုတ် အစ်ကိုပြောလေ”

“အစ်ကို…. ဝတီကိုလေ…မေတ္တာရှိနေပြီ..”

“ဟာ.. အစ်ကိုကလည်း ဘာတွေပြောနေမှန်းမသိဘူး”

“ဝတီက.. အကို့မေတ္တာကိုမယုံလို့လား အစ်ကိုလေ ဝတီ့ကို မြင်မြင်ချင်းထဲက ချစ်ခင်စုံမက်ခဲ့တာပါ..”

“မဟုတ်ပါဘူးအစ်ကိုရယ် ဝတီယုံပါတယ် ဒါပေမဲ့”

” ဒါပေမဲ့ဘာဖြစ်လို့လဲ ဝတီ… ကို့မှာ ဘာအားနဲချက်ရှိလို့လဲ ဝတီမကြိုက်တဲ့အချက်တွေရှိရင်ပြောပါ ကိုအကုန်ပြင်ပါ့မယ်..”

“အဲလိုမဟုတ်ပါဘူး.. အစ်ကိုရယ် ..ဝတီမှာ အစ်ကိုကြီးတစ်ယောက်ရှိတယ်။ ဝတီ ရီးစားထားတာသိရင် မလွယ်ဘူးဘူး အဲဒါကြောင့်ပါ”

” ဝတီရယ် ဘာများလဲလို့ စိတ်ပူလိုက်ရတာ….  ဝတီအကိုကြီးသိလဲ ကိုတစ်ယောက်လုံးရှိတာပဲ  ကိုကာကွယ်ပေးမှာပေါ့ …. ကို အသက်ရှင်နေသ၍ ဝတီ့ဘဝကို မှဲ့တစ်ပေါက်မစွန်းအောင် ကိုကာကွယ်ပေးမှာပေါ့”

         “ဟွန်း…ဟွန်း…စကားတွေ သိပ်တက်နေတယ်ပေါ့  ….ပုဝါပါးနဲ့ ကြက်သားထုပ်ရင်စွန်းတတ်တယ်တဲ့ တစ်ရွာသားကိုရီးစားလုပ်ရင် လွမ်းတတ်တယ်တဲ့တော့”

         ” သြော်..ဝတီရယ်ကို့အချစ်ကို မယုံသေးတာလား… ဝတီယုံအောင် ဘယ်လိုသက်သေပြရမလဲ ပြော”

“မဟုတ်ပါဘူး.. ဝတီကအစ်ကို့ကိုသဘောပြောတာပါ…ဒီလိုလုပ်လေ .. ဝါဆိုလပြည့်နေ့ကြရင် အစ်ကို့ကိုအဖြေပေးမယ်လေ…”

“ဟာ… ဝတီ တကယ်ပြောတာနော်..”

“ဟုတ်…ဒါပဲနော် ဒီရက်ထဲ အဖြေအတင်းမတောင်းရဘူးနော်”

“အင်းပါ ဝတီရဲ့….  အဲဒါဆို ကိုပြန်လိုက်အုံးမယ် ”

“အင်း.. ဂရုဆိုက်ပြန်အုံး”

“အွန်း..ဝတီ….”

ကျုပ်လဲ ဝတီကိုနှုတ်ဆက်ရင်း အိမ်ကိုပြန်လာခဲ့လိုက်တယ် ကျုပ်ရင်ထဲမှာလဲတလှပ်လှပ်နဲ့ အမြန်ဝါဆိုလပြည့်နေ့ ရောက်ပါစေလို့သာ ဆုတောင်းနေမိတယ်။ အချိန်တွေနေ့ရက်တွေက စောင့်နေလို့လားမသိဘူး အရမ်းကိုကြာညောင်းတာပဲ။အဲလိုနဲ့ ကျုပ်မျှော်လင့်နေတဲ့နေ့လေးတစ်နေ့ကို ရောက်လာပါတော့တယ် ။အဲနေ့လေးကတော့….

       ဝါဆိုလပြည့်နေ့လေးတော့ ရောက်ပြီလေ….

        ကျုပ်လဲရေမိုးချိုးပြီး ဗီရိုထဲရှိအကောင်းဆုံးဟူသော အင်္ကျီနှင့်ပုဆိုးကိုထုတ်၍ဝတ်လိုက်တယ်။
ပြီးတော့ ဝတီလေးရှိရာအရပ်သို့ရောက်လာခဲ့တယ်။
တွေ့နေကြနေရာလေးရောက်တော့ ဝတီက …မရောက်သေးဘူး အဒါနဲ့ပဲမတ်တပ်လေးရပ်ပြီးစောင့်နေလိုက်တယ်။ ရင်ထဲမှာတော့ရင်ခုန်သံတွေက မီးရထားကြီးသုံးစီးလောက် ပြိုင်တူမောင်းနေလား ထင်မှတ်ရတယ် တစ်ဒုန်း ဒုန်း တစ်ဒိုင်းဒိုင်းနဲ့ပေါ့။
ခဏကြာတော့..ဝတီရောက်လာခဲ့တယ်။

“အစ်ကို.. စောင့်နေရတာကြာပြီလား”

” မကြာသေးပါဘူး ဝတီရယ်.. ကို ဝတီ့ဆီကအဖြေလေးသိချင်လို့… စောင့်နေတာ.. ဝတီပြောပါအုံး…”

“ဟာ.. အစ်ကိုကလဲဇွတ်ပဲ.. “

“ပြောပါနော် …ဝတီ ကို့ရင်တွေအရမ်းခုန်နေလို့ပါ”

“အင်းပါ..ဝတီလဲ အစ်ကို့ကိုချစ်ပါသတယ့်ရှင်..”

“ဝတီ.. တကယ်ပြောတာနော် ..”

“တကယ်ပြောတာပါ့လို့  ဘာလဲအစ်ကိုက ဝတီကိုမယုံလို့လား”

“မဟုတ်ပါဘူးဝတီရယ် ကိုနားကြားများမှားသလားလို့ သေချာအောင်ထပ်မေးတာပါကွာ..”

ဝတီကအဲလို့ဖြေလိုက်တော့ ကျုပ်လဲအရမ်းပျော်သွားတယ်။ ကျုပ်စိတ်ထဲမှာတော့ မိုးအောက်မြေပြင်ဒီကမ္ဘာတစ်ခွင်မှာငါသာသည် ကံအကောင်းဆုံးပဲလို့ ကြိမ်းဝါးလိုက်တယ်။
ဘာလို့လဲဆိုတော့ ကိုယ်ချစ်နေတဲ့သူဆီကချစ်တယ်ဆိုတဲ့စကားသံကြားရတာလောက် ကြည်နူးစရာ စိတ်ချမ်းသာစရာကောင်းတာမရှိဘူးလေ။

“ဝတီ..ဒါဆိုရင် ကိုတို့ချစ်သူတွေဖြစ်သွားကြပြီပေါ့နော်..”

“အင်းပေါ့ အစ်ကိုရ…ဝတီတို့တွေချစ်သူဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ရော ပြီးတော့ဝါဆိုလပြည့်နေလဲဖြစ်တော့ ဝါဆိုပန်းခူးချင်တယ် အစ်ကိုလိုက်ပို့ပေး”

” ဟုတ်ပါပြီ.. ဝတီရယ်… ဝတီသွားချင်တဲ့နေရာအကုန်လုံး အကိုလိုက်ပို့ပေးမယ်လေ..”

  “ဟုတ်အစ်ကို ”

“အဲဒါဆိုရင် ဝတီခနစောင့်ဦး အစ်ကို ကိုသာလှကြီးဆီက လှေခနသွားငှါးလိုက်အုံးမယ်..”

      ခဏဆိုပြီး ..ကျုပ်လဲကိုသာလှကြီးဆီက လှေငှားပြီးဝတီနဲ့အတူ ချောင်းရိုးတစ်လျောက် ဝါဆိုပန်းများလိုက်ခူးလိုက်သည်။(ဝါဆိုပန်းဆိုသည်မှာ ဝါဆိုလပြည့်နေ့၌ ခူးသောပန်းများအားလုံးကို ဝါဆိုပန်းဟုခေါ်သည်) ။ ဝတီ လက်ထဲ၌လဲဝါဆိုပန်းများ တပွေ့တစ်ပိုက်များဖြစ်နေလေသည်။ ပန်းများနဲ့အတူ ပြိုင်လှနေသောသူမကို ကျုပ်ငေးကြည့်နေမိသည်။

“အစ်ကို ဘာမို့လို့အဲလောက်တောင်ကြည့်နေတာတုံး”

” ဒီလိုပါကွာ…ကို့ချစ်သူလေးက ဝါဆိုပန်းတွေထက်လှနေတာကို ကြည့်နေတာပါ..”

” အစ်ကိုကတော့… ပိုပြီ ကို့ငါးချဉ်ကိုယ်ချဉ်နေပြီ…”

” မဟုတ်ပါဘူး..အစ်ကိုတကယ်ပြောတာ ကိုယ့်ချစ်သူလေးကိုက ယမင်းရုပ်လေးလိုလှနေတာ”

” ဟုတ်ပါပြီအစ်ကိုရယ်.. ခဏနေဝတီပြန်တော့မယ် …အိမ်ကနေအကြာကြီးထွက်လာတာ အကိုကြီးသိရင်မလွယ်ဘူး”

       ” ဝတီကလဲ တွေ့တာမှမကြာသေးဘူး ပြန်မယ်ဆိုတာကြီးပဲ…ကိုက ကိုယ့်ချစ်သူလေးကိုတွေ့လို့တောင်မဝသေးဘူး ဖြစ်နိုင်ရင် ရာဇဝင်ထဲကလို့ အာခံတွင်းထဲမှာထည့်ထားချင်တာ ဒါပေမဲ့တစ်ခုတော့ရှိတယ် 😁😁ရှုးရှုးတော့ မ​ပေါက်ချရဘူးနော်”

” ဟာ. ..အကိုကလဲ ရွှတ်နောက်နောက်နဲ့ စကားကောင်းပြောနေတဲ့ဟာကို”

” မဟုတ်ပါဘူး.. ကို့ချစ်သူလေးကိုချစ်လို့ ကြည်စယ်တာပါ..ဒါဆိုလည်းပြန်ကြစို့…”

အဲလိုနဲ့ ဝတီ့ကိုသူ့အိမ်နားထိလိုက်ပို့ပေးပြီးပြန်လာခဲ့လိုက်တယ်။ အဲ့နေ့လေးက ကျုပ်ရဲ့အပျော်ဆုံးနေ့လေးပေါ့ ဗ်ာ။….။

       အဲလိုနဲ့ပဲ ကျုပ်တို့ချစ်သူနှစ်ဦးလုံးက တစ်ယောက်အပေါ်တစ်ယောက် သိပ်ချစ်ကြတဲ့စုံတွဲလေး တစ်တွဲဖြစ်လာခဲ့တယ်။ လူတိုင်းအားကျတဲ့ စုံတွဲလေးပေါ့။ ကျုပ်လဲ ဝတီနဲ့ဆုံတွေ့ရတာဟာ ကျုပ်အတွက်ကံကောင်းချင်းပဲလို့ မှတ်ယူထားတယ်။

.တစ်နေ့တော့ ကျုပ်ရဲ့ကံကောင်းချင်းတွေက မတည်မြဲခဲ့ဘူး။

ဝတီနဲ့ ချိန်းထားလို့  ဝတီရှိရာရွာဘက်သို့အသွား
ဟိုရောက်တော့ ဝတီကရောက်တောင်ရောက်နေပြီ။ ဒါနဲ့ကျုပ်လည်း

” ဝတီ..ရောက်နေတာကြာပြီလား”

“မကြာသေးပါဘူး ကိုရာ”

   ” ကိုနဲနဲနောက်ကြသွားတယ်.. ကိုလေဝတီကိုအရမ်းလွမ်းတာပဲ..”

“ဝတီလဲ အတူတူပါပဲအကိုရာ”

အဲလိုပြောပြီး ကျုပ်ရင်ခွင်ထဲတိုးဝင်လာတယ်။ကျုပ်လဲပြန်လည် ပွေ့ဖက်ထားလိုက်တယ်။
အဲအချိန်…..

“တယ်လဲသာယာနေကြတာကို ”

အသံကြားလို့ကြည့်လိုက်ရာ ရာဇာတို့ဖြစ်နေတယ်။

“ဝတီ.. ဝတီ.. နင်ကငါ့ကိုတော့ပြန်မချစ်ပဲ တစ်ရွာသားတော့ ရီးစားလုပ်တယ်ပေါ့ဟုတ်လား..”

“ဟဲ့…ရာဇာ နင့်လမ်းနင်သွားနော် ငါတို့ကိုမနှောက်ယှက်နဲ့..”

ကျုပ်လဲ အကုသိုလ်များမှာဆိုးလို့

” ဝတီလာ တို့တွေတစ်နေရာသွားကြမယ်..”

ဆိုပြီးဝတီလက်ကိုဆွဲပြီးအသွား…

          “နေပါအုံး.. နောင်ကြီးရ တစ်ပွဲတစ်လှမ်းအကဲစမ်းကြတာပေါ့ ..”

အဲလိုပြောပြီးကျုပ်ရှေ့ကနေပိတ်ရပ်နေတာ
ကျုပ်လဲ..

“ဒီမှာကိုရာဇာ ကျုပ်ပြသနာမဖြစ်ချင်ဘူးကျုပ်ရှေ့ကနေဖယ်ဗျာ..”

     “မဖယ်ဘူးဆိုတော့ မင်းကဘာလုပ်ချင်လဲ”

” ဘာလုပ်ချင်လဲဆိုတော့ ရော့ကွာ..”

“ခွပ်…ခွပ်..”

” အား…”

ကျုပ်လဲ ရာဇာကို့စပြီးထိုးလိုက်တယ် ရာဇာလည်းလဲကြသွားတယ်။

ကျုပ်လဲ ဟိုဘက်အလှည့်…

” ခွပ်…”

” အားး”

အသံကြားလို့လှည့်ကြည့်လိုက်တော့ဝတီဗျ ။ကျုပ်ကို ရာဇာကအနောက်ကနေ တုတ်နဲ့ချောင်းရိုက်တာကို ဝတီကကျုပ်အစားဝင်ခံသွားတာ။ အဲဒါနဲ့ကျုပ်လည်း ပူထူသွားပြီး

“ဝတီ.. ဝတီ…”

ဝတီခေါင်းတစ်ခုလုံး သွေးချင်းချင်းနီနေပြီဗျ။

” ဝတီ..ဝတီ.. ကိုခေါ်နေတာကြားလား..

ဝတီ….”

        ဝတီတစ်ယောက် ကျုပ်ကိုအပြီးအပိုင်နှုတ်ဆက်သွားလေပြီ။ကျုပ်ဘဝလေးထဲမှ ဝတီတစ်ယောက် အပြီးအပိုင်ထွက်သွားခဲ့ပြီလေ…။

အဲနေ့ဟာ.. ကျုပ်အတွက်မေ့လို့မရနိုင်တဲ့ ဝမ်းနည်းစရာ အကောင်းဆုံးနေ့တစ်နေ့လေးပေါ့။

နောက်နေ့ကြတော့    ရာဇာကိုသက်ဆိုင်ရာလူကြီးတွေက လူသတ်မှုနဲ့ ဖမ်းသွားခဲ့တယ်။

ကျုပ်လဲ ဝတီနဲ့တွေ့နေကြနေရာလေး သွားပြီး
ဝတီကိုထိုင်လွမ်းနေတုံး..ကျုပ်နောက်ကနေ

         “မင်းအောင်ဆိုတာ မင်းလား”

“ဟုတ်ပါတယ်.. ဘာဖြစ်လို့လဲဗျ..”

” သြော် .. ဒါဆိုငါ့ညီမလေးဝတီသေရတာ မင်းကြောင့်ပေါ့ ငါ့ညီမလေးသေသလို မင်းသေရမယ်”

ကျုပ်လဲသူအဲလိုပြောမှ ဝတီ့အစ်ကိုမှန်း ရိပ်စားမိတော့တယ်။

” ဟုတ်ပါတယ်ဗျာ..ဝတီသေတာ ကျုပ်ကြောင့် ကျုပ်အသုံးမကျလို့သေရတာပါ.. အဲတော့အစ်ကို ကျုပ်ကိုသတ်ချင်သတ်ပါဗျာ..”

   ” အေး မင်းကိုငါသတ်မယ်”

ကျုပ်ကို သတ်မယ်ဆိုပြီး ခါးကြားကဓားမြှောင်ကိုထုတ်ပြီးပြေးအထိုး ကျုပ်လဲရုတ်တရက်ဆိုတော့
ညာဘက်လက်နဲ့ ကာလိုက်ရော…

“ဝုန်း…”

“..အားး..”

ဆိုပြီးဝတီအစ်ကို လွင့်ထွက်သွားရာ ပြန်ကို မထနိုင်တော့တာ။

ကျုပ်လဲနားမလည်နိုင်တော့ဘဲ ညာဘက်လက်ကို ပြန်ကြည့်လိုက်တော့…..

အရောင်တွေထွက်နေပြီး အင်း ၊စမအက္ခရာလေးတွေ ပေါ်နေတာတွေ့လိုက်ရတယ်။
ကျုပ်လဲ အဲတော့မှသိလိုက်ရတယ်။ ဆရာကြီးဦးမှိုင်းလုံ လက်ဝါးခြင်းထပ်ပြီးကျုပ်ကိုပေးခဲ့တဲ့တာဟာတကယ်တော့ ကိုယ်လုံအင်း..ကို (ကိုလုံအင်းဆိုတာက အမှောက်ပရောဂါများ ပြုစားမရသလို အသက်ဘေးနဲ့ကြုံလာလျှင်လဲ အင်းစောင့်ပုဂ္ဂိုလ်များမှ ကာကွယ်ပေးတတ်သည်။ဆရာကြီးဉီးမှိုင်းလုံအကြောင်းသိချင်ရင်တော့ *မင်းအောင်နှင့် နဂါးခုနှစ်ဖော်သိုက်* ဝတ္ထုတိုတွင်ဖတ်ရှုနိုင်သည်)

ဆရာကြီးကကျုပ်ဒီနေ့လို အဖြစ်တွေကြုံမှာများကြိုသိနေလို့ ပေးခဲ့တာများလား ဗျာ။

     ####ပြီး####

မင်းအောင်တစ် ရှေ့လျောက် ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုလူမျိုးနဲ့ ဆုံရအုံးမလဲ သိချင်ရင်တော့

***မင်းအောင်၏ ပညာသင်ခန်း***ဆိုတဲ့ ဇာတ်လမ်းလေးမှာ ပြန်ဆုံမယ်ဗျာ။

ဤဇာတ်လမ်းလေးသည် စာရေးသူ၏အတွေးပုံရိပ်များသာဖြစ်သည်။

မှတ်ချက်။ ။ ကျွန်တော်သည် ဝါရင့်စာရေးစရာကြီးများမဟုတ်သဖြင့် စာပေအရေးအသားညံ့ဖျင်းမှုများရှိခဲ့ပါက စာဖတ်သူများအနေနှင့် ဖြည့်စွက်လို့ဖတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စာဖတ်သူပရိတ်သတ်အားလုံး စိတ္တသုခ ကာယသုခ နှစ်ဖြာသောသုခများနှင့်ပြည့်စုံနိုင်ကြပါစေ။

စာရေးသူ
ပိုင်လေး

ကျွန်တော်ရေးသမျှ.  ….

                        .   …….စာမူတိုင်းကို အဖြတ်အတောက်များ နှင့်စာလုံးပေါင်းသက်ပုံများအား…
စိစစ်ပေးသော..စာရေးဆရာမလေး “ခွန်း” အားအထူးပင်ကျေးဇူးတင်ရှိပါသည်။