တော့ သူအတော်အံ့သြသွားရသည်။
“ဟန်…”
အကြောင်းမှာ ထိုအမျိုးသမီး ချသွားခဲ့တဲ့အထုပ်က အမိုက်မဟုတ်ပဲ ကလေးတစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်။
“ကလေးလေးပါလား”
သူကပြောရင်းဆိုရင်းနဲ့ ကလေးငယ်လေးကို ကောက်ချီလိုက်ပြီး။
” တောက်…! ခလေးတစ်ယောက်ကို အဲ့တိုင်းပစ်သွားရသလား။ အေးပေါ့လေ ဒီလိုမိခင်မျိုးတွေရှိလို့လည်း အပစ်မရှိတဲ့ခလေးတွေ ဒုက္ခရောက်ကုန်ကြတာပေါ့။ ”
ခလေးငယ်လေးရဲ့ မျက်နှာကို သေချာကြည့်မိတော့ ချစ်စရာကောင်းလွန်းလှသည်။ ထို့ကြောင့် စွန့်ပစ်ခံ သနားစရာကောင်းတဲ့ ကလေးငယ်လေးကို ဂရုဏာသက်စွာဖြင့်..။
“ကဲ့ကလေးလေးရေ မင်းနဲ့ငါတော့ အရင်ဘဝက ရေစက်ကြောင့်ထင်ပါရဲ့…. အခုတော့ ငါကမင်းရဲ့မွေးစားအဖေ မင်းရဲ့အဖေ ဖြစ်ရပြီပေါ့ကွာ”
ဟု ကြည်နူးစွာ ပြုံးလိုက်မိပါတော့သည်။
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
…..
………
အချိန်ကာလများက တရွေ့ရွေ့ပြောင်းလာရာ ဆယ့်ခြောက်နှစ်ကာလသို့ပင် ရောက်ရှိခဲ့လေပြီ။
“အင်း ဘာလိုလိုနဲ့ ငါ့သားလေးတောင် အရွယ်ရောက်ပြီး ငါ့ကိုလုပ်ကိုင်ကျွေးမွေးနေပြီပဲ။ ငါ့လို လူဆိုးလူမိုက်တစ်ယောက်က ဒီလိုလိမ္မာတဲ့သားလေးကို ရလိမ့်မယ်လို့ တစ်ခါမှထင်မထားခဲ့ဖူးဘူး။ ကျေးဇူးတင်ပါတယ် ကံတရားကြီးရယ် ”
အိမ်ရှေ့က တံခါးဖွင့်သံနှင့်အတူ သားငယ်လေး လင်းရှိန်ခန့် ပြန်ရောက်လာမှ ကြက်ဥကြော်ရင်းတွေးနေမိတဲ့ အတွေးစများလည်း ပြတ်သွားခဲ့ရသည်။
“အဖေရေ သားပြန်ရောက်ပြီ”
“ဟော့ သားတောင်ပြန်ရောက်ပြီပဲ ကဲ့ရေမိုးချိုးတော့ ပြီးရင်ထမင်းစားမယ်ကွ ”
“ဟုတ်ဖေဖေ ဖေဖေဗိုက်ဆာရင် အရင်စားနှင့်လေ”
“သြော်ငါ့သားကလည်းကွာ ဖေဖေကသားမပါပဲ ဘယ်တုန်းကများ တစ်ယောက်ထဲစားဖူးလို့လဲ”
“ဟီး ဟုတ်ပြီဖေဖေ ဒါဆိုခဏပဲစောင့် သားရေချိုးတာမြန်ပါတယ်။”
“အေးပါသားရယ် ကဲ့သွား ရေသွားချိုးတော့ ဖေဖေထမင်းဝိုင်းပြင်ထားမယ်”
“ဟုတ်ကဲ့ဖေဖေ”
………
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
မေဝင့်ထည်သည် ပန်းကုံးလေးများကို လက်မှာဆွဲလျှက် လမ်းမပေါ်က ကားကျိုကားကြား များတွင် လှည့်ပတ်ရောင်းနေသည်။ ထိုစဉ် ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူငယ်လေးကိုတွေ့တော့ သူမသဘောကျသွားခဲ့သည်။ ထို့ကြောင့် ကားမှတ်တိုင်ဘက် အပြေးတပိုင်း ကူးလာပြီး သူမပန်းကုံးများကိုရောင်းလေသည်။
“မောင်လေး ပန်းဝယ်ပါဦးလား မမဈေးဦးမပေါက်သေးလို့ပါ”
“သြော်ဟုတ်ကဲ့အမ ညနေပြန်လာတော့မှ ဝယ်လို့ရမလားဗျ အခုက ကျွန်တော် အလုပ်သွားရမှာမို့လို့ ”
“ရတယ် ရတယ်မောင်လေး မမဒီမှတ်တိုင်မှာပဲ စောင့်နေမယ်နော်။ မောင်လေးဘယ်အချိန်လောက် ပြန်ရောက်မှာလဲဟင်”
“ဟုတ်ကဲ့အမ ကျွန်တော် ညနေ ငါးနာရီခွဲလောက်ဆိုရင် ပြန်ရောက်ပြီအမ”
“ဟုတ်ပြီမောင်လေး မညာရဘူးနော် မမတကယ်စောင့်နေမှာ”
“စိတ်ချပါအမရယ် ကျွန်တော်မညာတတ်ပါဘူးဗျ။ ဟော့ ကျွန်တော်စီးရမယ့်ကားလာပြီ သွားပြီနော်အမ။”
“ဟုတ်ပြီမောင်လေး ဂရုစိုက်နော် ညနေကျ မမဒီမှာပဲစောင့်နေမှာနော်။”
ကောင်လေးက ခေါင်းငြိမ့်ပြပြီး ကားပေါ်တက်သွားခဲ့သည်။ သူမက ကောင်လေးစီးသွားတဲ့ကားကို ပြုံးရွှင်ငေးကြည့်နေရာက မည်မျှကြာသွားသည်မသိ လူတစ်ယောက် ပန်းလာဝယ်နေတော့မှ သတိပြန်ဝင်လာခဲ့သည်။
ကောင်လေးမှတ်တိုင်က ဆင်းလာသည်နှင့် သူ့ကို အသင့်စောင့်နေတဲ့ ပန်းသည်အမကြီးကို လှမ်းမြင်ရတော့ သဘောကျစွာပြုံးမိသည်။
“အမတို့ကများ အချိန်တိကျလိုက်တာ ကျွန်တော့်ကို စောင့်နေရတာ ကြာသွားပြီလားဗျ”
ဟု ရွတ်နှောက်နှောက် စလိုက်သည်။
“အဟင်း…. မကြာသေးပါဘူးမောင်လေးရဲ့ ဒီလိုပဲလေ ကိုယ့်မောင်လေးကို တွေ့ချင်မှတော့ ဝိရိရရှိရှိ စောင့်ရတာပေါ့လို့”
“ခင်ဗျာ”
သူမစကားကိုကြားတော့ ကောင်လေး ရှက်သလိုလို ဖြစ်သွားပြီး မျက်နှာပေါ်မှာရဲခနဲ ဖြတ်သန်းသွားသည်။
“သြော်…မဟုတ်ပါဘူး…. မမပြောချင်တာက မောင်လေးကို တွေ့မှပန်းရောင်းရမှာမို့ မမက ကြိုစောင့်နေရတာလို့ပြောတာပါ”
“သြော် ဟုတ်ပါပြီမမရယ် ကဲ့ရွှေပန်း တစ်ထောင်ဖိုးလောက်ပေးဗျာ”
“ဟုတ်ပြီမောင်လေး ခနနော်”
သူကပန်းကုံးငါးကုံးကို ထုံးချည်ပြီး ကောင်လေးလက်ထဲ ထည့်ပေးလိုက်သည်။
“ကဲ့ ရပြီမောင်လေး ရော့”
“ဟုတ်အမ ကျေးဇူးပါဗျ ဒါဆိုကျွန်တော်သွားပြီနော်အမ”
“အေးအေးမောင်လေး ကျေးဇူးပါကွယ်”
သူမက ကောင်လေးကို လက်ပြ နုတ်ဆက်တော့ ကောင်လေးကလည်း ယောင်နနနဲ့ သူမကိုပြန်ပြီး လက်ပြကာ ထွက်ခွာသွားလေတော့သည်။
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
ကောင်လေးအလုပ်သွား အလုပ်ပြန်တိုင်း ထိုပန်းသည်အမျိုးသမီးနဲ့အမြဲလိုလို နုတ်ဆက် စကားပြောဖြစ်ကြရာက ခင်မင်လာခဲ့ကြသည်။
တစ်နေ့ လင်းရှိန်ခန့် အလုပ်ကပြန်လာတဲ့ ညနေခင်းတစ်ခုမှာ သူ့ဆီပြေးလာနေတဲ့ ပန်းသည်အမ ခြေခေါက်လှဲကျသွားသည်။ သူမလှဲကျသွားတာကို မြင်မြင်ချင်း ကောင်လေးက စိတ်ပူပြီး အပြေးရောက်သွားကာ ထူမပေးရှာသည်။
“အဆင်ပြေရဲ့လားအမ ဘယ်နားထိသွားသေးလဲ ”
” အား.. မပြေဘူးမောင်လေး မမခြေထောက် အရမ်းနာတယ် အား…နာလိုက်တာ”
“ဟာ ဟုတ်လား ဒါဆို ကျွန်တော် ဆေးခန်းလိုက်ပို့ပေးမယ်နော်အမ ”
“ဟင့်အင် မမဆေးခန်းမသွားချင်ဘူး ဖြစ်နိုင်ရင်လေ အိမ်ကိုပဲလိုက်ပို့ပေးပါလားဟင် ”
“ရရဲ့လားအမရယ် တော်ကြာတခုခုဖြစ်နေမှာစိုးလို့ပါအမရဲ့ ”
“ဖြစ်ပါတယ် မောင်လေးရယ် အမကဆေးရုံဆေးခန်းဆို ကြောက်တယ်။ အိမ်မှာလည်း လိမ်းဆေး၊သောက်ဆေးတွေ ရှိနေတော့ မမအဆင်ပြေပါတယ်။ အာ့ကြောင့်မမကို အိမ်ပဲ ပြန်လိုက်ပို့ပေးပါနော် ”
“အင်း ဟုတ်ပြီအမ ဒါဆိုကျွန်တော် အမရဲ့အိမ်ကိုလိုက်ပို့ပေးပါ့မယ်။ ”
“ကျေးဇူးပါမောင်လေးရယ်”
သူမက ခေါင်းလေးကိုငုံ့ပြီး နှစ်သက်စွာ ပြုံးလိုက်သည်ကိုတော့ ကောင်လေးမမြင်လိုက်ပါ။
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
“ဖေဖေ သားဒီအရွယ်မှာ ရည်းစားထားရင် အပြစ်ဖြစ်လားဟင်”
ဦးလင်းရှိန်စာအုပ်ဖတ်နေတုန်း အနားရောက်လာတဲ့ သားငယ်ကမေးလိုက်ခြင်းဖြစ်သည်။
“ဟ ငါ့သားစကားက အဆန်းကြီးပါလား။ ရည်းစားထားတယ်ဆိုတာ ဘယ်အရွယ်ဖြစ်ဖြစ် အပြစ်မှမရှိပါဘူးသားရဲ့။ ဒါနဲ့နေစမ်းပါဦး သားကဖေ့ဖေ့ကို ဒီလိုမေးခွန်းမျိုးမေးတယ်ဆိုတော့ သားမှာ ချစ်သူရှိနေလို့လား ”
“အဟီး… ဟုတ်တယ်ဖေဖေ သားမှာချစ်သူရှိနေတာ ကြာပြီ ဖေဖေဆူမှာစိုးလို့မပြောရဲတာ ”
” ဟေ ဟုတ်လား ငါ့သားကဘယ်ဆိုးလို့လဲ ကဲ့ပြောစမ်းပါဦး သားရဲ့ချစ်သူက ဘယ်သူလဲ ဘယ်ကလဲ”
” ဟုတ်ဖေဖေ သူ့နာမည်က မေဝင့်ထည်တဲ့ သူက ကားလမ်းပေါ်မှာ ပန်းရောင်းဖေဖေရဲ့။ ပြီးတော့ သားထက်လည်း အသက်အများကြီး ကြီးတယ်”
” သြော် နာမည်ကတော့ လှသားကွ။ အေးအေး အသက်ကြီးတာငယ်တာတော့ ကိစ္စမရှိပါဘူး။ အဓိကက ငါ့သားအပေါ်မှာ ချစ်ခင်ကြင်နာပြီး ဂရုစိုက်ပေးရင်ပြီးတာပဲမလား။”
” ဟုတ်ကဲ့ဖေဖေ သူကသားကိုတော့ တော်တော်ချစ်ပါတယ်ဖေဖေရ”
“ဒါဆိုရင်ဘာလိုသေးလဲ သားရယ်။ သားအလုပ်အားတဲ့ရက် အိမ်ကိုခေါ်လာခဲ့ ဖေဖေအကဲခတ်ကြည့်ရတာပေါ့ ဟုတ်လား”
“ဟုတ်ကဲ့ဖေဖေ ဟို… ဖေဖေသားတို့ကို သဘောတူမှာလားဟင် ”
“ဖေဖေက သားကိုစိတ်ဆင်းရဲအောင် ဘယ်တုန်းကများ လုပ်ဖူးလို့လဲသားရယ်”
“ကျေးဇူးတင်ပါတယ်ဖေဖေရယ်”
ဘယ်လောက်ပဲ သဘောတူစေဦးတော့ တဦးတည်းသောသားလေးမို့ နှမြှောမိတာတော့အမှန်။
“အင်း သီးချိန်တန်သီး ပွင့်ချိန်ပွင့်ဆိုတော့လည်း ဘယ်တတ်နိုင်မလဲလေ။ ငါ့သားစိတ်ချမ်းရင် အဆင်ပြေရင် ငါလည်းကျေနပ်ရမှာပေါ့။ ”
လင်းရှိန်ခန့်က အတွေးများနဲ့ တွေဝေငြိမ်ကျသွားတဲ့ ဖခင်မျက်နှာကိုမြင်ရတော့ အပြစ်မကင်းသလို ခံစားလိုက်ရသည်။။
“ဖေဖေ စိတ်မကောင်းဖြစ်နေတာလားဟင် ။ စိတ်မကောင်း မဖြစ်ပါနဲ့ဖေဖေရယ်။ တကယ်လို့ဖေဖေ သဘောမတူရင် သားအိမ်ထောင်မပြုပါဘူး ”
ဦးလင်းရှိန်က ငိုင်ကျနေတဲ့မျက်နှာထားကို အပြုံးယဲ့ယဲ့လေးဖြင့် အရောင်ပြန်တင်လိုက်ရင်း။
“မဟုတ်ပါဘူးငါ့သားရယ် ဖေဖေက သားလေးကို အခုချိန်ထိ ကလေးပဲရှိသေးတယ်လို့ ထင်နေတာ။ အခုမှငါ့သားက အရွယ်ရောက်နေပြီဆိုတာကို သတိထားမိလို့ပါကွယ်။ သီးချိန်တန်လို့သီးတယ် ပွင့်ချိန်တန်လို့ပွင့်တာကို ဖေဖေက ဘာလို့သဘောမတူရမှာလဲ။ ငါ့သားစိတ်ချမ်းသာပြီး ပြုံးနေရင်ကို ဖေဖေက အလိုလို ပျော်နေရတာပါကွယ်။ ”
“သားက ဖေ့ဖေ့အတွက် အမြဲတမ်း ကလေးပါပဲဖေဖေရယ်”
လင်းရှိန်ခန့်ထိုသို့ပြောရင်း ဖခင်ရဲ့ပေါင်ပေါ်ကို ခေါင်းလေးအုံးပြီး ချွဲနေမိသည်။ ဦးလင်းရှိန်က သားလေးရဲ့ ခေါင်းလေးကို ဖြေးဖြေးချင်း ပုတ်ပေးရင်းနဲ့….။
“ဟုတ်ပါပြီ ဖေဖေ့ရဲ့ ချစ်သားလေးရာ ”
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-
မေဝင့်ထည်က ပန်းကုံးလေးများကို ခါတိုင်းကဲ့သို့ ကားကျိုကားကြား လမ်းမပေါ် ဟိုသည်ကူးသန်းရောင်းနေပေမယ့် ပန်းများက တစ်ကုံးမှ ရောင်းမထွက်သေး အချိန်က နေ့ခင်းဘက်တောင် ရောက်လို့နေပါပြီ။
“စိတ်ညစ်လိုက်တာ ဒီနေ့ကျမှ ပန်းတွေကလည်း မရောင်းရ။ ဈေးဦးကလည်းမပေါက်နဲ့ ငါ့ဘဝကြီးကလည်း စိတ်ပျက်စရာ ကောင်းလိုက်တာ ”
သူမထိုသို့ တွေးနေစဉ်မှာပဲ။
“ညီမလေး ”
ခေါ်သံကြားရာဘက်ကို လှည့်ကြည့်မိတော့ ကားပေါ်ကနေ သူမကို မျက်စပျစ်ပြပြီး လှမ်းခေါ်နေတဲ့လူတစ်ယောက်ကို တွေ့ရသည်။ သူမ အချိန်ဆိုင်းမနေပဲ ထိုနေရာသို့ အပြေးလေးရောက်သွားခဲ့သည်။
” ဘယ်ဟာလေးယူမလဲအကိုလေး ”
ထိုလူက မျက်မှောင်ကျုံ့လိုက်ပြီး။
“ညီမမှာ ဒီပန်းလေးပဲရှိတာမလား အကိုက ဘာတွေများ ထပ်ရနိုင်သေးလို့လဲ ”
“သြော်အကိုရယ် အကိုသာလိုချင်တယ်ဆိုရင် ညီမမှာရှိတဲ့ အရာအားလုံးက အကို့အတွက်ပါပဲ”
လူကြီးရဲ့မျက်လုံးက အရောင်လက်သွားပြီး…။
” သေချာလို့လား ”
ထိုသို့ ပြန်မေးလိုက်တဲ့အခါ မေဝင့်ထည်က တချက်ပြုံးလိုက်သည်။
“ညီမ ဘာလို့ဒီပန်းတွေကိုရောင်းတာလဲ အကိုလေးမသိချင်ဘူးလား ”
“အင်း… သိခွင့်ရရင်ပေါ့”
” ညီမက ရွှေပန်းတွေဆို သိပ်…ကြိုက်ပြီး သိပ်…ပန်ချင်တာလေ အဲ့ဒါကြောင့် ညီမအကြိုက်ဆုံးဖြစ်တဲ့ ဒီရွှေပန်းတွေကိုပဲ ရောင်းဖြစ်နေတာပေါ့အကိုရဲ့”
“ဒါဆိုပွဲကပြီးပြီပေါ့။ ရော့ ဒီလိပ်စာအတိုင်း ဒီနေ့ည ၉နာရီအရောက်လာခဲ့။ မင်းရဲ့အပြုအစုသာကောင်းရင် ထိုက်တန်တဲ့ တုန့်ပြန်မှုရဖို့ အကိုအာမခံတယ် ”
” ဒီအပိုင်းတော့ စိတ်ချအကို ဒါက ညီမရဲ့အကျွမ်းကျင်ဆုံးမို့လေ ”
“ကောင်းပြီလေ ဘယ်လောက်ထိကျွမ်းကျင်လဲဆိုတာ ဒီညလက်တွေ့စမ်းကြည့်ရတာပေါ့။ ကဲ့အကိုသွားပြီနော်။”
“ဟုတ်ကဲ့အကိုလေး”
မျက်နှာပေါ်မှာ ကာလာအစုံခြယ်သထားပြီး ခန္ဓာကိုယ်ပေါ်မှ လှပကျော့ရှင်းစွာဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် လိပ်စာကဒ်လေးကို သေချာငုံ့ကြည့်သည်။ ပြီးနောက် hotelရဲ့ အပေါ်ထပ်ဆီသို့ မောကြည့်ကာ ပြုံးလိုက်တော့သည်။ သူမကတော့ ကားလမ်းပေါ်တွေမှာ အဝတ်ခတ်နွမ်းနွမ်းနဲ့ ပန်းလိုက်နေတဲ့ မေဝင့်ထည် တစ်ယောက်ပင် မဟုတ်ပါလား။
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
ပန်းခြံက ခုံတန်းလေးတစ်ခုမှာ မေဝင့်ထည်နှင့် လင်းရှိန်ခန့် တို့ ချစ်သူနှစ်ဦး ရှိနေကြသည်။ လင်းရှိန်ခန့်က မျက်နှာမသာမယာရှိနေတဲ့ သူမကိုကြည့်လိုက်ပြီး ထိုသို့မေးလိုက်သည်။
” မမဘာတွေ အဲ့လောက်ထိ တွေးနေတာလဲဟင် ”
“မောင့်အကြောင်းပေါ့”
“ဟင့် မောင့်အကြောင်း ဟုတ်လား ကဲ့ပြောစမ်းပါဦးဗျာ မောင့်အကြောင်း ဘာတွေတွေးပြီး စိတ်မကောင်းဖြစ်နေတာလဲဆိုတာ”
“ဘာဖြစ်ရမလဲမောင်ရယ်။ မမက မောင့်ထက် အသက်အများကြီးကြီးတော့ တချိန်ချိန်ကျရင် ထားသွားခံရမှာကို တွေးပြီး စိတ်ပူနေတာလေ ”
“ဟာ မဟုတ်တာ မမရယ် မောင်ကလေ မမကိုသိပ်ချစ်လွန်းလို့ ဖေဖေ့ကိုတောင် ပြောပြီးသွားပြီ ”
“ဟင်… ဟုတ်လား ဒါဆို ဖေဖေက ဘာပြောလဲဟင် မမနဲ့သဘောတူရဲ့လား ”
ကောင်းလေးက မျက်နှာညိုးကျသွားသည်။
” အင်း…. ဖေဖေက ဘာပြောလဲဆိုတော့”
လင်းရှိန်ခန့်ရဲ့မျက်နှာကို အကဲ့ခတ်နေတဲ့ မေဝင့်ထည်တစ်ယောက် အနည်းငယ် ထိတ်လန့်သွားရသည်။
“မြန်မြန်ပြောပါမောင်ရယ် မမစိတ်ပူလှပြီ မောင့်ဖေဖေက သူ့သားနုနုထွဋ်ထွဋ်လေးနဲ့ မမနဲ့ကို သဘောမတူဘူးတဲ့လားဟင်”
” ဖေဖေက ဘာပြောလဲဆိုတော့ ”
သူက မေဝင့်ထည်ရဲ့မျက်နှာကို ငေးစိုက်ကြည့်ရင်း…။
“သူ့ရဲ့ချွေးမလောင်းနဲ့ တွေ့ချင်လို့ အိမ်ကိုအမြန်ဆုံးခေါ်ခဲ့ပါတဲ့လေ ”
ဟုပြောလိုက်သည်။ သည်အခါမှ မေဝင့်ထည်တစ်ယောက် ရင်ထဲကအစိုင်အခဲတခု ပြုတ်ကျသွားရတော့သည်။
“ဟယ် မောင်ကသိပ်ဆိုးတာပဲ။ ဒီကဖြင့်စိတ်ပူလိုက်ရတာဟွန့်”
“ချစ်လို့စတာပါမမရယ်။ ဘယ်လိုလဲ မောင်နဲ့အခု တစ်ခါတည်းလိုက်ခဲ့မယ်မလား ”
“မောင့်သဘောပါတဲ့ရှင်……. ”
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^
“ဖေဖေ ”
အိမ်တံခါးဖွင့်သံနှင့်အတူ သားရဲ့ခေါ်သံကြားလို့ ကြည့်လိုက်တော့ သားဖြစ်သူကဝင်မလာပဲ တံခါးဝမှာရပ်နေသည်ကို တွေ့လိုက်ရသည်။
“အော့ သား လာလေ အဲ့မှာဘာရပ်လုပ်နေတာလဲ ”
“ဟုတ် ဟို ဟိုလေ ဖေဖေ သား သားရဲ့ချစ်သူကို ခေါ်လာတာ”
လင်းရှိန်ခန့်က ထိုသို့မရဲတရဲပြောရင်း သူ့နောက်မှာ ရှိနေတဲ့အမျိုးသမီးတစ်ယောက်ကို ခေါ်ပြသည်။
“သြော် ဟုတ်လား အေးအေး ဒါဆိုသမီးကို အိမ်ထဲခေါ်ခဲ့လေသားရဲ့”
” ဟုတ်ကဲ့ဖေဖေ”
“လာမမ ”
“ဖြစ်ပါ့မလားမောင်ရယ် ”
“ဖြစ်ပါတယ်မမရဲ့ မောင့်ဖေဖေကသဘောကောင်းတယ် ဘာမှမကြောက်နဲ့နော် မောင်ရှိတယ် ”
” အင်းပါ”
ဦးလင်းရှိန်က အိမ်ထဲဝင်လာတဲ့ သူမကိုတွေ့တော့ ထိုမျက်နှာကို တနေရာရာမှာ တရင်းတနှီးတွေ့ဖူးသလို ခံစားလိုက်ရသည်။ သူက သူ့ရှေ့ရောက်လာတဲ့ ထိုအမျိုးသမီးကို သေချာကြည့်ပြီး ပြန်လည်တွေးတောရင်းက တစုံတခုကို မှတ်မိသွားခဲ့သည်။
“ဟင်… ဒါ…ဒါ ဟိုမိန်းခလေးပဲမလား။ ဘုရားဘုရား ဘာတွေဖြစ်ကုန်တာပါလိမ့်”
” ဖေဖေ”
သားငယ်ရဲ့ခေါ်သံကြားမှ အတွေးကမ္ဘာထဲရောက်နေတဲ့ ဦးလင်းရှိန် သတိပြန်ဝင်လာခဲ့သည်။ ပြီးနောက် ရင်ထဲကအပူများကို ခဏမျိုသိပ်သိမ်းဆည်းလိုက်ပြီး ဟန်မပျက်ပြုံးပြလျှက်။
” ဟေ အေး သား ”
” ဒါက သားပြောပြတဲ့ သားရဲ့ချစ်သူမေဝင့်ထည်ပါဖေဖေ”
“သြော်အေးကွယ် ငါ့သားကသိပ်တော်တာပဲ ကြည့်စမ်း တကယ်လိုလှတဲ့ချွေးမလေးကို ရလာတာပဲ ”
ဦးလင်းရှိန်စကားတွေထဲမှာ တစုံတခုသော အဓိပ္ပါယ်က နစ်ဝင်နေသည်ကိုတော့ သူတို့သိမည်မထင်။
“ကဲ့သား ချွေးမလေးစားဖို့ တခုခုသွားဝယ်ပါဦးကွယ် ”
” ဟုတ်ကဲ့ဖေဖေ”
” ဟို ရပါတယ်အန်ကယ် သမီးမစားတော့ပါဘူး”
သူမကအားနာဟန်ဖြင့် ငြင်းရှာသည်။ သို့ပေမယ့် ဦးလင်းထိန်ကတော့။
“အိုဘယ်ဟုတ်ပါ့မလဲကွယ် ကဲ့သားလေး သွားဝယ်ကွယ် သွား”
” ဟုတ်ကဲ့ဖေဖေ မမခဏစောင့်နော်”
သူမခမျာ ယောက္ခမရှေ့မှာ ကောင်လေးကိုသူနဲအတူ ရှိနေစေချင်သော်လည်း ခေါင်းငြိမ့်ပြပြီးကျန်ခဲ့ရုံသာ တတ်နိုင်ရှာတော့သည်။
“သမီးအသက် ဘယ်လောက်ရှိပြီလဲ”
“သမီးအသက် ၃၈နှစ်ပါအန်ကယ်”
“သြော် ဒါဆို သားလေးနဲ့တော်တော်ကွာတာပဲ”
ဦးလင်းရှိန်ဘဝင်မကျဟန်ဖြင့် သူမကိုစေ့စေ့ကြည့်ကာ ဆက်၍ပြောသည်။
” သမီး အသက်နှစ်ဆယ်အရွယ်မှာ အိမ်ထောင်ကျပြီး ကလေးရခဲ့မယ်ဆိုရင် အန်ကယ့်သားက သမီးရဲ့ သားအရွယ်ပဲရှိဦးမှာနော်”
ဒီစကားကိုကြားတေယ့ ဘာရယ်မသိပဲ သူမလန့်ဖြန့်သွားရသည်။
“ရှင်…သြော်.. ဟုတ်.. ဟုတ်ကဲ့အန်ကယ်”
“အေးကွယ် စိတ်မရှိနဲ့နော် အန်ကယ်က သဘောရိုးနဲ့ပြောတာပါ”
“ဟုတ်ကဲ့ ရပါတယ်အန်ကယ် ”
“အေးအေး ဒါနဲ့သမီးကို အန်ကယ်မေးစရာရှိတယ်။ စောနက သားလေးရှေ့မှာဆိုတော့ မေးလို့ မကောင်းလို့လေ။ အဲ့ဒါ သမီး အမှန်တိုင်းဖြေနော် ”
“ဟင်….ဒုက္ခပါပဲ ငါညဥ့်ငှက်အလုပ်လုပ်တာ သူသိသွားပြီလား မသိဘူး ဟူး မဟုတ်ပါစေနဲ့”
သူမထိုသို့တွေးလိုက်ပြီး မလုံမလဲဖြစ်နေတဲ့စိတ်ကို အတတ်နိုင်ဆုံးထိန်းကာ ပြန်ပြောသည်။
“ဟုတ် ဟုတ်ကဲ့ မေးပါအန်ကယ် သမီး အမှန်တိုင်းဖြေပါ့မယ်”
သူမအမူအရာကို မြင်တော့ ဦးလင်းရှိန် ဘုရားတမိသွားသည်။
“ဘုရားဘုရား ဒီမိန်းမ မဟုတ်ပါစေနဲ့…..”
“အင်း …. ဟိုး…လွန်ခဲ့တဲ့ ၁၈နှစ်လောက်တုန်းက သင်္ဃန်းကျွန်းဘူတာနှဘေးက ညောင်ပင်အောက်မှာ သမီး အထုပ်တစ်ထုပ်လာပစ်သွားတယ် မဟုတ်လား… ”
” ရှင်….”
သူမထိတ်လန့်စွာ အော်မိသွားသည်။
” အန်ကယ်မေးတာ ဖြေလေ ဟုတ်တယ်မလား”
ဦးလင်းရှိန်ရဲ့ ဒေါသတကြီး မေးလိုက်သံကြောင့် ကြောက်လန့်တုန်လှုပ်စွာနဲ့ပဲ အလိုလိုဖြေမိရက်သား ဖြစ်သွားသည်။
“ဟုတ်… ဟုတ်ပါတယ် အန်ကယ် ”
“မိန်းမယုတ် ”
“ဖြန်း…. “အာ့…..”
ခန္ဓာကိုယ်မှာ ရှိသမျှအားအင်ကို စုပြီး သူမပါးပြင်ကို တအားလွဲကာရိုက်ချပစ်လိုက်တော့သည်။
” မင်း အဲ့ဒီထဲမှာ ကလေးတစ်ယောက်ထည့်ပြီး လာပစ်သွားတာမဟုတ်လား… ဟန်”
အလိပ်လိပ်တက်လာတဲ့ ဒေါသများအကြား ဝမ်းနည်းမှုပူလောင်မှုတို့က ရောထွေးနေကာ သူမကို အော်ဟစ်မေးပစ်လိုက်သည်။
“ဟုတ် ဟုတ်ကဲ့ ပစ်မိပါတယ် အဟင်းဟင်းဟင်း ”
သူမတုန်ရီငိုရှိုက်နေရင်းက ဝန်ခံလိုက်ရရှာသည်။
” အေး အဲ့ဒါ မင်းအခုလက်ထပ်မယ့် ငါမွေးစားထားတဲ့ ငါ့ရဲ့သားပဲကွ ”
” ရှင်”
ကြားလိုက်ရတဲ့ စကားသံက သူ့ခေါင်းကို ပြင်းထန်တဲ့မိုးကျိုးစက်ကွင်းများစွာက ပစ်ချလိုက်သလို ခံစားလိုက်ရသည်။ သူမရဲ့ ပြူးကျယ်နေတဲ့ မျက်ဝန်းတွေထဲမှာ မယုံနိုင်ခြင်းများစွာ နာကျင်ခြင်းများတို့က နေရာယူလို့ထားသည်။
” မဟုတ်တာ မဖြစ်နိုင်တာ ဒါကျွန်မသားလား… မဟုတ်ဘူး မဟုတ်ပါဘူး မဖြစ်နိုင်ဘူး ဒါ… ဒါ.. မဟုတ်ဘူး လုံးဝမဖြစ်နိုင်ဘူး အဟင်းဟင်းဟင်းဟင်း”
ခေါင်းငိုက်စိုက်ကျပြီး မျက်ရည်များတသွင်သွင်စီးကျနေတဲ့ ဦးလင်းရှိန်က ယူကျုံးမရဖြစ်နေရှာသည်။ ပြီးတော့ မေဝင့်ထည်၏ မျက်နှာအား မော့ကြည့်လိုက်ပြီး။
“သွားပါပြီကွာ ငါ့သားလေးဘဝတော့ သွားပါပြီ။ ကြည့်စမ်းပါဦး မင်းတို့လို မိခင်စိတ်မရှိတဲ့ မိန်းမယုတ်တွေကြောင့် ငါတို့နိုင်ငံမှာ ခလေးတွေရဲ့ အသက်ပေါင်းများစွာ ဘယ်လောက်ထိတောင် ဆုံးရှုံးခဲ့ပြီးပြီလဲ ..ဟန်။ ”
ဟု ရွံရှာမုန်းတီးစွာ ပြောချလိုက်သည်။ သူမကတော့ လင်းရှိန်ခန့်က သူ့သားဆိုသည်ကို လက်မခံနိုင် လုံးဝလက်မခံချင်ပါ။ ထို့ကြောင့် ဦးလင်းထိန်ကို လက်ညိုးငေါက်ငေါက်ထိုးရင်း ပြန်လည်ငြင်းဆန် ပြောဆိုနေတော့သည်။
“ဟင့်အင်း မဟုတ်ဘူး မဖြစ်နိုင်ဘူး ငါ့သားမဖြစ်နိုင်ပါဘူး ရှင်လိမ်နေတာ လိမ်နေတာ”
“ဖြန်း….”အာ့……”
“မင်းပါးစပ်ကိုပိတ်ထား မင်းတို့သိပ်ရက်စက်တဲ့မိန်းမတွေ ခွေးထက်ယုတ်တဲ့မိန်းမတွေ။ အခုတော့မင်းသားနဲ့မင်း ပြန်ညားကြမယ့် အခြေနေတောင်ရောက်ကုန်ပြီ ကဲ့ကောင်းကြသေးရဲ့လား ။ ကောင်းကြသေးရဲ့လား။ သွားမင်းအခုချက်ချင်း ငါ့အိမ်ကထွက်သွား…ထွက်သွားလေ မိန်းမယုတ်ရဲ့”
ဦးလင်းရှိန်ရဲ့အော်ဟစ် မောင်းထုတ်သံအဆုံး လင်းရှိန်ခန့်လည်း ပြန်လို့ရောက်လာခဲ့သည်။ ရောက်ရောက်ခြင်းကြားလိုက်ရတဲ့ အကြောင်းအရာက သူ့ကို အံ့သြထိတ်လန့်သွားစေသည်။
“ဖေဖေဘာဖြစ်တာလဲ မမ မမကော ဘာလို့ငိုနေတာလဲ ဘာဖြစ်ကြတာလဲဟင်။ သားကိုပြောကြပါဦး ဘာဖြစ်ကြတာလဲလို့”
မေဝင့်ထည် က လင်းရှိန်ခန့်ကို မြင်ရတော့ ရင်မဆိုင်ရဲတော့ပဲ အိမ်ထဲမှ ပြေးထွက်သွားတော့သည်။ လင်းရှိန်ခန့်မှာတော့ သူစျေးဝယ်ထွက်သွားချိန်ခဏအတွင်းမှာ ဖခင်နဲ့သူ့ရဲ့ချစ်သူတို့ ဘယ်လိုပြဿနာတွေဖြစ်သွားကြသည်ကို နားမလည်နိုင်စွာဖြင့် မျက်ရည်များ ဝိုးစို့လာကာ ထိုသို့မေးရှာသည်။
“ဖေဖေ ဘယ်လိုဖြစ်တာလဲဖေဖေရယ် သားကိုရှင်းပြပါဦး ဖေဖေတို့ဘာဖြစ်ကြတာလဲဟင်”
ဦးလင်းရှိန် ပါးစပ်အဟောင်းသားဖြစ်နေရာက… ။
“သား …..သားရယ်”
ဦးလင်းရှိန်ရဲ့အသံများက ဆို့နစ်နစ်ရှိနေပြီး သားငယ်လေးကို ဆွဲဖက်ကာ မျက်ရည်များကလည်း အဆက်မပြတ် စီးကျလိုလာပါတော့သည်။
“ဖေဖေဘယ်လိုပြောရမလဲသားရယ်။ ဒီမိန်းမယုတ် မင်းအမေအရင်းပါလို့ ဖေဖေဘယ်လိုစိတ်မျိုးနဲ့ ပြောထွက်ရက်မှာလဲ။ ကံဆိုးလိုက်တဲ့ငါ့သားလေး…. ငါ့သားလေးကံဆိုးလိုက်တာ……”
“ဖေဖေ သားကိုသနားရင် ဘာဖြစ်ကြတာလဲဆိုတာလေး သားကိုရှင်းပြပါဦးဖေဖေရယ်”
သားငယ်ရဲ့မျက်နှာလေးကို ဂရုဏာသက်စွာကြည့်ရင်း အမှန်တိုင်းပြောမပြရက်တာကြောင့် ထိုသို့လီ-းလွဲကာ ပြောဖို့ ဆုံးဖြတ်လိုက်သည်။
“သား…. ဖေဖေ…. ဖေဖေဘယ်လိုပြောရမလဲသားရယ်။ သူက သူကသားရဲ့… သားရဲ့အမေ……သားရဲ့အမေကို… အဆိပ်ခတ်သတ်ခဲ့တဲ့မိန်းမ သားရဲ့ ”
“ဗျာ”
“ဟုတ်… ဟုတ်ရဲ့လားဖေဖေရယ် ဒါ ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ ဖေဖေသားတို့ကို သဘောမတူချင်လို့ ညှာနေတာမဟုတ်လား ဟုတ်တယ်မလားဟင်”
“မဟုတ်ဘူးသား မဟုတ်ဘူး ဖေဖေ ဖေဖေမညာပါဘူးသားရယ်။ သားမေမေက ဆရာဝန်လို့ ဖေဖေပြောဖူးတာ သားမှတ်မိတယ်မလား”
“ဟုတ် ဟုတ်ကဲ့ဖေဖေ”
“အေးသူက သားမေမေရဲ့ အချစ်ဆုံး သူငယ်ချင်း။ သားမေမေက သူ့ထက်ပညာကျွမ်းကျင်ပြီးရာထူးမြင့်တော့ သူကမနာလိုစိတ်မွေးပြီး သားမေမေကို အယုံသွင်းအဆိပ်ခတ်သတ်လိုက်တာ။”
“ဗျာ…ရက်စက်လိုက်တာဗျာ ဒါဆို အဲ့မိန်းမက သားကိုအမိမဲ့သားဖြစ်အောင် လုပ်လိုက်တာပေါ့ ဟုတ်လားဖေဖေ ”
“ဟုတ်တယ်သား ။ သူရောက်လာတုန်းက ဖေဖေသူ့ကိုသေချာကြည့်နေတာ သားသတိထားမိမှာပေါ့။ ဖေဖေက သားရှေ့မပြောချင်လို့ သားကိုရှောင်ခိုင်းပြီး သားပြန်မလာခင်သူ့ကိုမောင်းထုပ်ပေမယ့် အဲ့ဒီမိန်းမက မျက်နှာပြောင်တိုက်ပြီး ပေကပ်နေတယ်။ ဒါနဲ့ပဲ သားရဲ့မြင်ကွင်းရှေ့မှာ ဒီလိုတွေတွေ့ရတော့တာပါပဲသားရယ်။ ဘယ်လိုကံများပါလိမ့် ကိုယ့်အမေကိုသတ်ခဲ့တဲ့သူနဲ့ ချစ်သူဖြစ်ရတယ်လို့ ဖေဖေရင်ကျိုးရပါပြီသားရယ် ဖေဖေရင်ကျိုးရပါပြီကွာ ”
“ဖေဖေရယ် သားမသိလို့ပါ သားတကယ်မသိလို့ပါဖေဖေရယ်။ စိတ်ချဖေဖေ သားရဲ့မေမေ့ကို ရက်ရက်စက်သက်သတ်ခဲ့တဲ့ အဲ့ဒီမိန်းမိကို သားကလဲ့စားပြန်ချေမယ် ”
နာနာကျင်ကျင်အံကြိတ်ပြီး ပြောထွက်ပေါ်လာတဲ့ သားငယ်လေးရဲ့စကားကြောင့် ဦးလင်းရှိန် အထိတ်တလန့်ဖြစ်သွားရသည်။
“မလုပ်ရဘူးသား။ သားသူ့ကို ဘာမှမလုပ်ရဘူးနော်။ သူလုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ဥပေဒက သူ့ကိုအပြစ်ပေးပြီးပါပြီသားရယ်။ ဘာမဟုတ်တဲ့ ဒီမိန်းအတွက်နဲ့ ငါ့သားတခုခုဖြစ်မှာ ဖေဖေမလိုလားဘူး။ ဒါကြောင့်သူ့ကိုဘာမှမလုပ်နဲ့နော်။ ဖေဖေက ငါ့သားအတွက် ငါ့သားအတွက်ပြောနေတာပါသားရယ်”
“ဖေဖေကလည်းဗျာ ကိုယ့်အမေကို ရက်ရက်စက်စက် သတ်ခဲ့တဲ့သူကို သားကဘာမွ လက်တုန်မပြန်ရတော့ဘူးလား။ သူ့ကြောင့် သူ့ကြောင့်သား အမေဆိုပြီး ခေါ်လို့မရတဲ့ဘဝ ဖြစ်ခဲ့ရတာလေ။ သားမွာ ဘာမှတောင် တုန့်ပြန်ပိုင်ခွင့် မရှိဘူးလားဖေဖေရယ်။ မေ့မေ့တွက် ကျွန်တော့်အတွက် ဘာမှ ဘာမှတုန့်ပြန်ခွင့်မရှိတော့ဘူးလား”
လင်းရှိန်ခန့်တစ်ယောက် ခံပြင်းဒေါသများနဲ့အတူ နာကျည်း ပေါက်ကွဲလို့ နေရှာသည်။
“စိတ်လျော့ပါသားရယ် ငါ့သားစိတ်လျော့ပါ။ ဖေဖေကသားကို မဖြစ်သင့်တာမဖြစ်အောင်… မဖြစ်သင့်တာ မဖြစ်အောင်တားနေရတာပါ။ သူလည်းဥပဒေကပေးတဲ့ ပြစ်ဒဏ်ကို ခံရပြီးပါပြီကွယ် ။ မကြာခင် သူ့ရဲ့ဝဋ်ကြွေးအတိုင်း သူ့ဘာသာဇာတ်သိမ်းသွားပါလိမ့်မယ်။ ငါ့သားဘာမွ လုပ္စရာမလိုဘူး ဖေဖေ့ကိုယုံနော် ငါ့သားသူ့ကိုဘာမှမလုပ်ရဘဲ သူ့ဇာတ်သူသိမ်းသွားပါလိမ့်မယ်ကွယ်”
“လောကကြီးက စိတ်နာဖို့ ကောင်းလိုက်တာဖေဖေရာ။ ကံတရားက သားဘဝကိုရက်ရက်စက်စက် ကစားပစ်တယ်။ သားမှာဘာအပြစ်ရှိလို့ ဒီလိုဘဝမျိုးကိုပိုင်ဆိုင်ခွင့် ပေးရတာလဲ။ သားဘာအမှားတွေများလုပ်မိလို့ သားကို မိစုံဖစုံဘဝမျိုးမပေးနိုင်ရတာလဲဗျာ ”
“ဝမ်းမနည်းပါနဲ့သားရယ် ငါ့သားမှာဘာအပြစ်မှမရှိပါဘူး။ မျက်နှာလိုက်တဲ့ လောကဓံတရားတွေကြားမှာ ငါ့သားတစ်ယောက်ထဲ အထီးနေကျန်နေတာမျိုး မဟုတ်ပါဘူးကွယ်။ လောက်ကမှာ သားထက် ဘဝဆိုးတဲ့ ကလေးတွေအများကြီး ရှိပါသေးတယ်။ သားမွာ ဖေဖေတစ်ယောက်လုံးရှိတာပဲ ဘာမှဝမ်းမနည်းနဲ့ အားလည်းမငယ်နဲ့ ဖေဖေရှိတယ်။ ဟုတ်ပြီနော်သား”
“ဟုတ်ကဲ့ ဟုတ်ကဲ့ပါဖေဖေရယ်”
ဦးလင်းရှိန်သည် သူ့ဘဝကို စိတ်ပျက်ဝမ်းနည်းပြီး နာကျင်ငိုကြွေးနေရှာတဲ့ သားငယ်လေးကို ထွေးပွေ့ နှစ်သိမ့်ပေးလိုက်သည်။
…………..
………………
သူမအိမ်ကို ပြန်ရောက်သည်နှင့် ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်ထိုင်ချလိုက်သည်။ ထိုအခိုက် ဖြစ်ခဲ့ပြီးသော အဖြစ်အပျက်များက သူမအာရုံထဲမှာ ရုပ်ရှင်ပြကွက်သဖွယ် တရိပ်ရိပ်ပေါ်လို့လာသည်။ သူမခြေထောက်နာဟန်ဆောင်ပြီး အိမ်ပြန်ပို့ခိုင်းတဲ့ ညနေခင်းမှာ သူမ၏သားကို သူမကိုယ်တိုင် မြူစွယ်ဖျားရောင်းခဲ့ပြီး သူ့မ၏သားနှင့် ရမ္မက်နွံထဲလက်ပစ်ကူးခဲ့မိသည်။ ပုံရိပ်များလွင့်ပြယ်သွားချိန်မှာတော့ သူမကိုသူမခွင့်မလွတ်နိုင်အောင် ရွံရှာမုန်းတီး စက်စုတ် လာခဲ့သည်။
” ငါကမိန်းမယုတ်ပဲ။ ဟုတ်တယ် ငါကမိန်းမယုတ်။ ငါ့သားကို ငါကိုယ်တိုင် ရက်ရက်စက်စက်စွန့်ပစ်ခဲ့တယ်။ ပြီးတော့ ငါကိုယ်တိုင်ငရဲယူရတာ အားမရလို့ ငါ့သားကိုပါ ငါ့ရဲငရဲတွေကိုခွဲဝေပေးခဲ့မိတယ်။ ငါလိုမိန်းမက ဒီလောကမှာမရှိသင့်တဲ့ မိန်းမ။ ငါကလူလို့မခေါ်ထိုက်တဲ့ မိန်းမယုတ် ။ငါက တကယ့်ကို ခွေးထက်မိုက်တဲ့ ခွေးထက်ယုတ်တဲ့ မိန်းမယုတ်မ။….. မေမေ့ကို ခွင့်လွတ်ပါ…. ခွင့်လွတ်ပါသားလေးရယ်… မေမေ့ကိုခွင့်လွတ်ပါ….အဟင်းဟင်းဟင်းဟင်း”
သူမအားရအောင် အော်ဟစ်ငိုကြွေးလို့အပြီးမှာတော့ နံရံထောင့်က ပိုးသတ်ဆေးပုလင်းကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲအကုန် လောင်းထည့်လိုက်ပါတော့သည်။
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^^-^-^
(ပြီး) ဝတ္ထု – ဝေဘုန်းစျာန်(မိုင်းဝယ်သား)
#စာရေးသူ – #ဝေဘုန်းဇျာန်(မိုင်းဝယ်သား)
ဒီဝတ္ထုကို လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်က ရေးသားခဲ့တာပါ။ ဒါကြောင့် လိုအပ်ချက်နဲ့ အမှားများကိုနားလည်ပေးဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။
သွေးကစကားပြောတယ်ဆိုတာ ရုပ်ရှင်ဇာတ်လမ်းမှာပဲရှိပါတယ်။ အပြင်မှာစကားမပြောတဲ့ သွေးတွေနဲ့ ပြန်မပတ်သက်မိနိုင်ဘူးလို့ မပြောနိုင်ပါဘူးခင်ဗျ။ လောကကြီးမှာ ကိုယ့်သွေးသားမှန်းသိသိကြီးနဲ့တောင် တဏှာရမ္မက်ကို လက်ပစ်ကူးနေသူတွေကြားဖူးမှာပါ။ မကြားဖူးရင်လည်း ကျွန်တော်ရေးထားတဲ့ “အမကြီးအမိအရာ” ဆိုတဲ့ ဖြစ်ရပ်မှန်ဝတ္ထုကိုဖတ်ကြည့်ပြီး အဲ့ပိုစ့်အောက်က ဖြစ်ရပ်မှန်မန့်တွေကိုလည်းဖတ်ကြည့်လေ့လာနိုင်ပါတယ်။ ဒီတော့ ကိုယ့်သွေးမှန်းမသိတဲ့ စကားမပြောတဲ့သွေးတွေနဲ့ပြန်ဆုံပြီး အဖြစ်ဆိုးမျိုးမကြုံရအောင် ကိုယ့်သားကိုယ့်သမီးကို မွေးပြီးရင် စွန့်မပစ်ကြဖို့နဲ့ မကျွေးမွေးနိုင်ရင် အိမ်မပိုင်ရင် ကလေးမမွေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
မှတ်ချက် -(မြန်မာစာ မကျွမ်းကျင်တဲ့အပြင် သိမ်းထားတဲ့စာမူကို copy ပြန်ချတာဖြစ်လို့ စာလုံးပေါင်းအမှားနဲ့ စာပြောင်းပြန်များအတွက် နားလည်ခွင့်လွတ်ပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။ ဒီလောက်အဆင်မပြေမှုများတဲ့ ဝတ္ထုကို အခုလိုသည်းခံ ဖတ်ရှုပေးခဲ့ပေးခဲ့ကြတဲ့ မိတ်ဆွေများကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ )
Leave a Reply