ဦးလေး ဒီစက်ဘီးကစျေးဘယ်လောက်လည်းဗျ “ ” ဒီစက်ဘီးက ရှစ်ရာငါ့တူ “ ” ဟုတ်ကဲ့ဦးလေး “ မိုးညိုတစ်ယောက်လည်း မိမိ၌ပါလာသော ငွေစက္ကူများအားရေတွက်ကြည့်ရာ လေးရာခုနှစ်ဆယ်သာရှိသဖြင့် ထိုစက်ဘီးနှင့်အလှမ်းဝေးသွားသည်။ ” ဦးလေး ငါးရာတန်လောက်ထဲကမရှိဘူးလား … ကျွန်တော်မှာလည်းအဲလောက်ပဲပါလို့ဗျ “ ” ဒီက.. ငါ့တူကအဲလောက်ပဲပါတယ်ဆိုရင် ဦးလေးမှာငါးရာတန်စက်ဘီးတစ်စီးတော့ရှိတယ် “ ” ဟုတ်ကဲ့ဦးလေး ကျွန်တော်ကိုအဲဒီစက်ဘီးလေးပြပေးပါလား “ ” အေး ငါ့တူခနစောင့် “ ဆိုပြီး စက်ဘီးရောင်းတဲ့ဦးလေးသည်လည်း သူ၏ဆိုင်အတွင်းသို့ဝင်သွားကာ ခနအကြာတွင် မိုးပြာရောင်စက်ဘီးလေးအား ယူ၍ထွက်လာသည်။ ...
အားလုံးပြီးလေမှ ခြေလက်ဆေးကျောပြီး ကွပ်ပျစ်အနီးထန်းလက်ခုံ၌ အမောပြေဝင်ထိုင်ကြတော့သည်။ “ရော့…မောင်ရင်တို့အမောပြေ ရေနွေးကြမ်းလေးသောက် ဘွားကြိုငှဲ့ပေးထားတော့အနေတော်ပဲကွဲ့” “ဟုတ်ကဲ့ဘွား…” “မောင်တိုးတို့ခဏနားပြီးရင်အရီးတို့နဲ့ထမင်းစားကြမယ်နော်” “ဟာအရီးကလည်းဗျာ…” “ဘာလဲမစားတော့ဘူးလို့ပြောမလို့လား…မောင်တိုး” “ဟဲ…မဟုတ်ပါဘူးဗျ…စားမယ်လို့ပြောမလို့… ဟီး…ဟီး….” “သေနာလေးကတော့…ငါ့ကိုဆိုစနောက်လို့မပြီးဘူး” “ကျုပ်အရီးမို့စတာပါဗျာ” “အေးပါဟယ်…အေးပါ…” ဒေါ်ဝင်းနဲ့မောင်တိုးတို့ စနောက်နေကြသည်ကို မောင်အုန်းကပြုံးပြုံးကြီးကြည့်နေခဲ့သည်။ မောင်တိုးနဲ့မောင်အုန်းမတူညီသည့် အချက်ကလည်းရှိသေးသည်။ မောင်အုန်းက အစအနောက်မရှိလှ… သူ့ဘာသာအေးအေးလူလူနေတတ်၏။ မောင်တိုးကတော့ ထိိုသို့မဟုတ်… စတတ်…နောက်တတ်ပြီးပျော်ပျော်နေတတ်သည်။ သူရွာ၌ မစနောက်ဖူးသည့်လူဆို၍ ဘွားမယ်စိန်တစ်ဦးသာရှိ၏။ ဘွားမယ်စိန်ကိုတော့ ချစ်ကြောက်ရိုသေရှာသည်။ ဒါ့အပြင်မောင်တိုးနဲ့မောင်အုန်းတူသည့်အချက်ကရှိသေးသည်။ ထိုသည်က ရွာကိုချစ်ခင်သည့်စိတ်နှင့် ဘွားမယ်စိန်အပေါ်ရိုသေ လေးစားကြသည့်အချက်ပင် ဖြစ်ပေသည်။ ဒေါ်ဝင်းပြင်ဆင်ပေးသော ထမင်းဝိုင်း၌ ...
ဒီညရောဆို လေးရက်ပေါ့ အစက သူများတွေပြောတာ မယုံဘူး မနေ့ညက ကိုယ်တိုင် သွားကြည့်ခဲ့တာ မျက်မြင်ကိုယ့်တွေ့ပဲ မမရေ ” ” ဟုတ်လား ဒါဆိုရင် စုန်းဖြစ်ရမယ် ယမင်းလေးရော အသွားအလာဆင်ခြင်နော် ဟိုစပ်စပ်ဒီစပ်စပ်နဲ့မလုပ်နဲ့ ဟင်းဟင်း ” ခင်လွှမ်းက အဲ့လိုပြောပြီး စနောက်လိုက်ရာ ယမင်းက မျက်နှာလေးနီရဲသွားပြီး ” ဟာ မမကလည်း ယမင်းက မယုံလို့သွားကြည့်တာပါ ဟိုစပ်စပ်ဒီစပ်စပ်နဲ့မလုပ်ပါဘူးနော် ပြန်တော့မယ် ညနေမှ ပြန်လာခဲ့မယ် ဟွန့် ” ယမင်းလည်း အဲ့လိုပြောပြီး စိတ်ကောက်ဟန်ဖြင့် အိမ်ပေါ်မှပြေးဆင်းသွားလေသည်။ ...
အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ၊ ထိုင်ကောင်းခြင်း မှုထိုင်ရ၊ ထကောင်းခြင်း မထရ၊ ဟိုပြေး သည်လွှားဗျာများ လူသားဘ၀၊ ဂနာမငြိမ်သော ဘဝကို ကျရောက်သူများမှာ မိုးမလုံသောအိမ်၌ နေရသော မိသားစု ဖြစ်သည်။ ငတော၏ သား ဆယ်တန်းကျောင်းသားငမုံးက မိုးရွာ လေတိုင်း မိုးလုံရာစုထိုင်ရင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှာ ရေဘေးဒုက္ခသည်များ စာရင်းပေးဖို့ စာရင်း ကောက်ရင် အနော်တို့ ပါနိုင်ပါသည်ဟု ရယ်ကျဲကျဲ ပြောနေကြ။ ရှစ်တန်းကျောင်းသူ လေးခင်မက နှုတ်ခမ်းစူပြီး၊ ကုတွေ၊ ...
ကောင်လေး ငါ့ကိုလည်းကြည့်ပါဦးကွ” မောင်ဘိုးထင် ငုတ်တုပ်ပြန်ထိုင်ပြီးကြည့်လိုက်သည်၊ သူအံဩသွားကာ “ကျုပ်ကို ငွေငါးဆယ်ပေးတဲ့ ဦးအုန်းမဟုတ်လား “ “ဟုတ်တယ်လေကွာ မင်းငါ့ဆီမှာ အလုပ်လုပ်ရမှာ ငါခေါ်လိုက်တာကွ” “ဟာဗျာ မသိပါဘူး ကျုပ်ကိုဘယ်သူကများခေါ်လဲလို့ “ ဦးအုန်းသည် တန်းလျားတွင်ထိုင်နေသော မောင်ဘိုးထင်ကို သွားခေါ်ဆောင်ပေးသော လူရွယ်အား ကြည်ကာ “ကဲညိုမောင် မင်းက တဲပြန်တော့ ဒီကောင်လေးက အိမ်မှာပဲနေရမှာ ထမင်းစားသွားဦး ငါချက်ထားတယ် “ “တော်ပြီ ကျနော် တဲရောက်မှပဲစားတော့မယ် သွားပြီဆရာကြီး “ “အေးအေး ကျေးဇူးကွာ ညိုမောင်” ညိုမောင်အမည်ရလူရွယ်သည် ...
စက္ကဘာလလေးဟာသဘောကောင်းသူဖြစ်ပြီး ပြည်သူအကျိုးကိုအမြဲလိုလားသူဖြစ်တာကြောင့်ပင် “ပြန်လည် စဉ်းစားတော်မူပါ ဘုရား ဒီကစက္ကဘာလလေးဟာ အပြစ်တော် ကြီးကြီးမားမားမလုပ်ထားတာကြောင့် သူ့အတွက်ဒီပြစ်ဒဏ်ဟာ မသင့်တော်ကြောင်းပါဘုရား” မင်းတရားကြီးကရာဇပလ္လင်ပေါ်ပြန်လည်ထိုင်ချကာ “ကဲဒါဆို ငမိုက်သား သင်ကိုယ်တိုင်အပြစ်ကိုဆုံးဖြတ်လော့” ရဲရဲနီနေတဲ့ မျက်လုံးအစုံနဲ့ စက္ကဘာလအားကြည့်ကာ ပြောလိုက်လေတယ် “မှန်လှပါ ဖခမည်းတော်ဘုရား သားတော် ဒီတိုင်းပြည်ကနေ ရာသက်ပန်ထွက်သွားပါ့မယ် ဒီလိုခံနားထည်ဝါလှတဲ့ စည်းစိမ်ကြီးကိုလည်း သားတော်မလိုလားကြောင်းပါ ” “ကောင်းပြီလေ ဒါဆို ကဲမှူးမတ်အပေါင်းတို့ အမိန့်တော်ချမှတ်မယ် ဒီငမိုက်သားစက္ကဘာလအား ပြည်နှင်ဒဏ်ပေးစေ ” ဘုရင်မင်းမြတ်ရဲ့ မျက်လုံးထဲတွင်ကား သနားတဲ့အရိပ်ရောင်များမရှိပေ ထိုအချိန်တွေ စက္ကဘာလ၏ဘေးတွင်ရပ်နေသော မြဧကရီလေးက ...
“ကဲ သက်ခိုင်ရေ” “မင်းပဲ စစ်ပေးလိုက်ပါကွာ” “ပယောဂဆိုရင်လဲ ကုပေးလိုက်ပေါ့” “မင်းလဲ ပညာမစမ်းရတာ ကြာပီမလား” ထိုအခါသက်ခိုင်က ” ဆရာရော မလိုက်ခဲ့ဘူးလား ” “ငါတော့လိုက်ကြည့်မယ်” “ကုတာတော့ မင်းပဲကုလိုက်” … သက်ခိုင်လဲ အိမ်ပေါ်တက်ပြီး ဘုရားစင်ရှေ့ထိုင် ဘုရားရှိခိုး၊ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေ၊ အထက်ဆရာကြီးတွေကိုကို ပင့်ဖိတ်တိုင်တည်ပြီးနောက်မှာတော့… ” ကျုပ်သည် ဤပညာရပ်ကို လိုက်စားသည့် အချိန်မှစ၍ အရက်သေစာသောက်စားခြင်းမရှိခဲ့ပါ၊ သူတစ်ပါးသားမယားကိုစော်ကားခြင်းမရှိခဲ့ပါ၊ သူတစ်ပါးပစ္စည်းကိုခိုးယူခြင်းမရှိခဲ့ပါ၊ သူတစ်ပါးမျက်ရည်ပေါက်ကြီးငယ်ကျအောင် မတရားဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပါ၊ မုသားစကားပြောဆိုခြင်းမရှိခဲ့ပါ” “ဤ သစ္စာစကား မှန်ကန်ပါက ယခုမိန်းကလေးခံစားနေရသော ...
အင်းသူကြီးကလည်း စိတ်မပူစမ်းပါနဲ့ဗျာ။ ကျုပ်လျှောက်သွားနေတာ နယ်ပေါင်းစုံလာပြီ။ ဒါမျိုးတွေ ပြောကြလွန်းလို့လည်း ရိုးနေပြီ။ ဘာမှ မပူနေနဲ့ ။ ငမဲလှေလှော်တော့ကွာ။ သေနတ်ထဲကို ကျည်ဖြည့်ထားပြီးပြီလား” “ဟုတ်ကဲ့ဆရာ … ကျည်ဖြည့်ထားပြီးသားပါ။ မောင်းတင်ပြီး ပစ်ရုံပါပဲ” ဆိုကာ သေနတ်ကို လှမ်းပေးပြီး လှော်ထွက်သွားလေသည်။ တဲပေါ်က လူများကတော့ ဘဆွေ၏ လုပ်ရပ်ကို မကျေနပ်သော်လည်း ဘာမျှမတတ်နိုင်ဘဲ ခေါင်းခါနေကြရ၏။ နာရီဝက်ခန့် ကြာသည့်အခါ သရဲမီးက တဖြည်းဖြည်း နီးလာ၏။ ခဏကြာတော့ “ဒိုင်း” ဟူသော သေနတ်သံကို ကြားရသည်။ ဘာတွေ ...
ဪဒီလိုလား…ဒါဆိုဆရာကြီးမေးဦးမယ်…လူလေးတို့ထိုးမဲ့ထိုးကွင်းက အစွမ်းသိဒ္ဓိမပါတဲ့ အလှထိုးကွင်းသက်သက်လား ဒါမှမဟုတ် ဂါထာမန္တရားတွေရွတ်ပြီး ထိုးရတဲ့သိဒ္ဓိအစွမ်းရှိတဲ့ ထိုးကွင်းမျိုးလားကွဲ့…” ” ဗ်ာ…ကျွန်တော်တို့နားမလည်ဘူးဗျဆရာကြီး…အဲဒါတွေရဲ့အဓိပ္ပါယ်ကို ရှင်းပြပါဦးဗျ…” ” အေးအေး…ရှင်းပြမှာပေါ့ကွဲ့…ထိုးကွင်းဆိုတာဒီလိုရှိတယ်ကွဲ့…ဒီမြန်မာ့ရာဇဝင်မှင်ထိုးကွင်းတွေဟာ အလှထိုးတဲ့ထိုးကွင်းနှင့် ကာယသိဒ္ဓိတွေပေါက်မြောက်အောင် ထိုးတဲထိုးတဲ့ ထိုးကွင်းဆိုပြီးနှစ်မျိုးရှိတယ်ကွဲ့…အလှထိုးတဲ့ထိုးကွင်းမျိုးကတော့ အရေပြားပေါ်အလှဆင်တဲ့ အရုပ်တွေထိုးတဲ့သာမန်ထိုးကွင်းမျိုးပေါ့…နောက်တစ်မျိုးကတော့ နတ်မှော်ဆေး၊မှော်ဝင်ဆေး၊ကာယသိဒ္ဓိကိုယ်ခံဆေး၊ကာယသိဒ္ဓိပီယဆေး စတဲ့ဆေးတွေကို မှင်နဲ့ရောပြီး ကိုယ်ထိုးချင်တဲ့အရုပ်၊အင်း၊စမတွေကို နတ္ခမိချိန်မှာ ဂါထာမန္တာန်တွေရွတ်ပြီးထိုးရတယ်ကွဲ့…အဲဒီလိုထိုးတဲ့အခါမွာ သာမန်အလှထိုးကွင်းတွေက ဘာမှမဖြစ်တတ်ပေမဲ့ ဒုတိယတစ်မျိုးဖြစ်တဲ့ ထိုးကွင်းမျိုးကတော့ နက္ခမိရင် မိသလိုဆေးအစွမ်းထက်တတ်ကြတယ်ကွဲ့…” ” ဪဒီလိုလားဆရာကြီး…” ” ဟုတ်တယ်လူလေးတို့…တချို့လူတွေထိုးကြတဲ့ ဘီလူးရုပ်တို့၊ကျားရုပ်တို့၊ကြောင်ရုပ်တို့ မြင်ဖူးကြမှာပေါ့…အေးအဲဒီအရုပ်တွေက နက္ခမိရင် အင်မတန်အစွမ်းထက်ကြတာကွဲ့…ဒါပေမဲ့သူတို့မှာလည်း အားနည်းချက်၊အားသာချက်ဆိုတာရှိသေးတယ်ကွဲ့…” ” ...
ကြောက်စရာမလို ဘူးဗျ။ ကျုပ်ကတော့ ဘယ်သူ့ကိုမှ မကြောက်ဘူး” လို့ ပြန်ပြောခဲ့ပါတယ်။ ကျိုက်ပေါလော ဘုရားပွဲမှာ မွန်လက်ဝှေ့ကျော် ကျားကြီးနဲ့ ကျုပ်က ယှဉ်ပြိုင်ပြီး လက်ဝှေ့ထိုးသတ်ခဲ့ပါတယ်။ အားပေးတဲ့ ပရိသတ်တွေက ရုံပြည့်လျှံနေတာပဲ။ ကိုယ့်အရပ် ကိုယ့်ဇာတ်၊ ကိုယ့်ပရိသတ်တွေက “ချကွ :. မဲလုံးတဲ့ဟေး ပွဲတိုင်းကျော်လေး .. ကော့စံနိုင်သားကွ” လို့ ကျုပ်ကို အားပေးကြသလို့ လက်ဝှေ့ကျော် ကျားကြီးရဲ့ ပရိသတ်တွေက . “ဟေ့ .. လက်ပံသားကျားကြီးကွ။ မညှာနဲ့ကွ” လို့ အားပေးကြပါတယ်။ လက်ဝှေ့ကျော်ကျားကြီးနဲ့ ...