သတ္တဝါဆန်း

ကြောက်စရာမလို ဘူးဗျ။ ကျုပ်ကတော့ ဘယ်သူ့ကိုမှ မကြောက်ဘူး”
လို့ ပြန်ပြောခဲ့ပါတယ်။

ကျိုက်ပေါလော ဘုရားပွဲမှာ မွန်လက်ဝှေ့ကျော် ကျားကြီးနဲ့ ကျုပ်က ယှဉ်ပြိုင်ပြီး လက်ဝှေ့ထိုးသတ်ခဲ့ပါတယ်။ အားပေးတဲ့ ပရိသတ်တွေက ရုံပြည့်လျှံနေတာပဲ။

ကိုယ့်အရပ် ကိုယ့်ဇာတ်၊ ကိုယ့်ပရိသတ်တွေက
“ချကွ :. မဲလုံးတဲ့ဟေး ပွဲတိုင်းကျော်လေး .. ကော့စံနိုင်သားကွ”
လို့ ကျုပ်ကို အားပေးကြသလို့ လက်ဝှေ့ကျော် ကျားကြီးရဲ့ ပရိသတ်တွေက .
“ဟေ့ .. လက်ပံသားကျားကြီးကွ။ မညှာနဲ့ကွ” လို့ အားပေးကြပါတယ်။

လက်ဝှေ့ကျော်ကျားကြီးနဲ့ ကျုပ်တို့ဟာ ရေကုန်ရေ ခန်း ထိုးသတ်လိုက်တော့ နောက်ဆုံး ကျုပ်က ကျားကြီးကို အလဲထိုးပြီးအနိုင်ရခဲ့ပါတယ်။ ဒီအချိန်ကစပြီး မွန်ပြယ်နယ် လက်ဝှေ့လောကမှာ ကျုပ်ရဲ့အမည်ဟာ ဟိုးဟိုးကျော်သွားခဲ့ ပါတယ်။

လက်ဝှေ့ထိုးတဲ့အလုပ်ဆိုတာ နိုင်တဲ့အခါရှိသလို ရှုံး တဲ့အခါလည်း ရှိပါတယ်။ အဲ .. နိုင်တဲ့အခါဖြစ်စေ၊ ရှုံးတဲ့ အခါဖြစ်စေ အနည်းနဲ့အများတော့ ဒဏ်ရာဒဏ်ချက်ရတာ ချည်းပဲ။ လူမြင်သူမြင် ဒဏ်ရာမရတောင် အတွင်းကြေတော့ ကြေတာပဲ။ ကျုပ်ဟာ လက်ဝှေ့ကျော် ကျော်ကြီးနဲ့ လက်ဝှေ့ ထိုးသတ်လို့ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကို အိပ်ရာထဲမှာ မြင်းချေးနဲ့ ကြပ်ထုပ်ထိုးပြီး ကုသနေရပါတယ်။

ဒီအချိန်မှာ အမေဖြစ်တဲ့ ဒေါ်အုံးပွင့်က ..
“ဟဲ့ .. မဲလုံးနော် နင်ပြောလို့ မရဘူး။ နောက် တစ်ခါ ဘုရားပွဲတွေမှာ လက်ဝှေ့ထိုးတယ်လို့ ငါကြားရင် သေ မယ်သာမှတ်။ နင့်အဖေကလည်း ဘာမှမပြောဘူး၊ အံ့ရော”
လို့ပြောတော့ အဖေဖြစ်တဲ့ ဦးဋီကာက
“ဟ .. ယောက်ျားလေးပဲ။ ငါလည်း ငယ်ငယ်က လက်ဝှေ့ထိုးသတ်ဖူးတာပဲ။ ဘာဖြစ်သလဲ”
“ဘာဖြစ်ရမှာလဲ။ ဒဏ်ရာရလို့ ဆေးကုရတာနဲ့ ရတဲ့ ဆုနဲ့တောင် မကာပါဘူး”
“ဒီလောက်တော့ ရှိမှာပေါ့။ လက်ဝှေ့ထိုးသတ်တာ ပဲကွာ”
“အေး.. ဒီတစ်ခါ နှင့်အဖေမရိုက်ရင် ငါကိုယ်တိုင် ကြိမ်နဲ့ ရိုက်မယ်။ သေပြီသာမှတ်”
လို့ ပြောပြီး အမေဒေါ်အုံးပွင့်က ကျုပ်ကို ကြိမ်လုံး နဲ့ ရိုက်တာကို ခံခဲ့ရပါတယ်။

နောက်ပြီးတော့ ကျုပ်ဟာ ငယ်ငယ်လေးထဲက
ကြက်ပစ်ငှက်ပစ်ရတာကို အလွန်ဝါသနာပါရှိခဲ့ပါတယ်။ လောက်လေးခွကို ကိုင်ပြီး ပစ်ခတ်နေရရင် အလိုလိုပျော်ရွှင် နေတဲ့ လူစားမျိုးပါ။ သွားလေရာမှာ လွယ်အိတ်တစ်လုံးနဲ့ လောက်စာလုံး၊ လောက်လေးခွတို့ ပါရှိပါတယ်။

အလုပ်အားတာနဲ့ ကျုပ်ဟာ တောထဲကို တစ် ယောက်တည်းသွားပြီးမှ ငှက်ပစ်ထွက်ခဲ့ပါတယ်။ ကျုပ်ရဲ့ အပေါင်းအသင်း သူငယ်ချင်းဖိုးထောင်က . .
“ဟေ့ကောင် မဲလုံး။ မင်းက မင်းကိုယ်မင်း အင် မတန်မှ လက်တည့်တယ်လို့ ကြွားတဲ့ကောင်း ငါတော့ မယုံ
ဘူး။ လက်တွေ့ပစ်ပြစမ်း။ ဟိုမှာနားနေတဲ့ ငှက်ကို တစ်ချက် တည်းနဲ့ ထိအောင်ပစ်နိုင်လို့လား”
ဒီအခါမှာ ကျုပ်က

ဟာ .. စိန်လိုက်လေကွာ၊ မဲလုံးပါကွ။ ငှက်တစ် ကောင်ကို နှစ်ခါပြန်ပြီး မပစ်ဘူး။ ဒီမှာကြည့် ..” လို့ပြောပြီး လွယ်အိတ်ထဲက လောက်လေးခွနဲ့ လောက်စာလုံးကို ထုတ်ပြီး ငှက်ကို ချိန်ပြီး ပစ်ထည့်လိုက်ရာ ငှက်ရဲ့ ရင်အုံတည့်တည့်ကို ထိမှန်ကာ ငှက်ဟာ နောက်ကို လန်ပြီး သစ်ပင်ပေါ်က ပြုတ်ကျကာ သေသွားပါတော့တယ်
“တွေ့တယ်မဟုတ်လား။ တစ်ချက် တစ်ကောင်ပဲ”
လို့ ကျုပ်က ပြောလိုက်ပါတယ်။ အဲဒီလောက်ထိကို ကျုပ်ရဲ့ လက်ဟာ ဖြောင့်တယ်လေ။

အဲဒီလိုမှ တောထဲကို သွားရောက်ပြီး ကြက်ကလေး၊ ငှက်ကလေးတွေကိုမှ မပစ်ခတ်ရရင် ချောင်းကမ်းစပ်ကို သွား ကာ ကျုပ်ဟာ ငါးမျှားတံတစ်ချောင်းနဲ့ တီကောင် ငါးစာတွေ ရှာပြီး ငါးမျှားနေလေ့ရှိပါတယ်။

ဒီအခါမှာ ကျောင်းဆရာကြီး ဦးအုန်းက လာရောက်ပြီး
“မဲလုံး .. ငါးမျှားနေပြန်ပြီလား” .
ကျုပ်က လှည့်ကြည့်လိုက်ပြီး –
“ဟုတ် … မဟုတ်ပါဘူးဆရာကြီး” .
“ဘာမဟုတ်ရမှာလဲ။ လက်ထဲမှာ ငါးမျှားတံနဲ့ လက် ပူးလက်ကြပ်မိနေတာတောင် မဟုတ်ပါဘူးလို့ လုပ်နေပြန်ပြီ။ မင်းဟာ အတော်ကို အကုသိုလ်များတဲ့ကောင်ကလေးပဲ။ ဒီ မကောင်းတဲ့အလုပ်တွေကို မလုပ်ပါနဲ့တပည့်ရာ။ သွားသွား အိပ်နေ”
လို့ ကျုပ်ကို မောင်းထုတ်လိုက်ပါတယ်။

(၂)
ဒီလို့နဲ့ နေလာလိုက်တာ ကျုပ်ဟာ အရွယ်ရောက် . လာတဲ့အချိန်အခါမှာ ကျုပ်ရဲ့ မိဘနှစ်ပါးစလုံး ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကွယ်လွန်အနိစ္စရောက်ရှိလို့သွားခဲ့ကြပါတယ်။
ကျုပ်ရဲ့ဘဝမှာ ကျုပ်ကို ရိုက်မယ့်သူလည်းမရှိ၊ ဆုံးမသွန်သင်ပေးမယ့်သူလည်း မရှိတော့ဘူးပေါ့။

ဆွေမရှိ၊ မျိုးမရှိ တစ်ကောင်ကြွက်ဖြစ်နေတဲ့ ကျုပ် ကို ငယ်ငယ်က စေတနာနဲ့ စာသင်ကြားပေးခဲ့တဲ့ ကျောင်း ဆရာကြီးဦးအုန်းရဲ့ အဆက်အသွယ်နဲ့ သထုံခရိုင် အရေးပိုင် ရုံးမှာ ကျုပ်ကို အလုပ်သွင်းပေးခဲ့ပါတယ်။ အလုပ်က မင်းစေ ပေါ့။ အရေးပိုင်ကြီးရုံးခန်းရှေ့မှာ အရေးပိုင်မင်းကြီး ခိုင်းစေ တဲ့အလုပ်တွေကို လုပ်ကိုင်ပေးဖို့ ခွေးခြေတစ်လုံးမှာထိုင်ပြီး
အသင့်စောင့်နေရပါတယ်။

အရေးပိုင်ကြီးက ရုံးပိတ်ရက်တွေမှာ သူ့အဖော် အပေါင်းအသင်းတွေနဲ့ အပျော်တောပစ်ထွက်လေ့ရှိပါတယ်။ အဲဒီအခါမှာ ကျုပ်က အရေးပိုင်ကြီးရဲ့ နောက်တော်ပါးက တောလိုက်သေနတ်ကို ထမ်းပြီး အမြဲလိုက်ပါသွားခဲ့ရပါတယ်။

အရေးပိုင်ကြီးက ဘယ်လောက်များသေနတ်ကို လေ့ ကျင့်ထားတယ်တော့မသိဘူး။ အင်မတန်ကို သေနတ်ပစ် လက်ဖြောင့်တယ်။ တစ်ချက်တစ်ကောင်ကို ထိမှန်အောင်ပစ် နိုင်ခဲ့ပါတယ်။

အရေးပိုင်ကြီးက သားကောင်ကို တစ်ချက်ပစ်ပြီးလေတိုင်း ,
“ကဲ .. သွားကောက်ပေတော့ မဲလုံးရေ”
လို့ ပြောလို့ ကျုပ်ဟာ အရေးပိုင်ကြီးပစ်ထားတဲ့ သားကောင်သေကို သွားကောက်ယူရပါတယ်။

တစ်ခါတော့ အရေးပိုင်ကြီးက
“တစ်ခါတစ်လေ တောထဲမှာ နေကြည့်ကြရအောင်။ ဒီည ဒီတောထဲမှာ တဲထိုးပြီး အိပ်ကြမယ်။ ပျော်ပျော်ပါးပါး
ပေါ့”
ပါလာတဲ့ အပေါင်းအသင်းတွေက တာလပတ် ဖျင် တဲထိုးသူထိုး၊ ပစ်လို့ရတဲ့ တောဝက်သား ဖျက်တဲ့သူကဖျက်၊ ချက်တန်ချက်၊ အသားကို ရှေ့က မီးပုံမှာ ကင်တန်ကင်ပါ တယ်။ ကျုပ်ကပါလာတဲ့ ဆန်နဲ့ ထမင်းတစ်အိုးချက်ပြီး ငရုပ်သီးစပ်စပ်နဲ့ တောဝက်သားဟင်းကို ဝိုင်းဖွဲ့ပြီး မြန်မြန် ယှက်ယှက် စားသောက်ကြပါတယ်။

‘အရေးပိုင်ကြီးက ထမင်းစားနေတုန်း
“ ဒီတောဝက်သားဟင်း ဘယ်သူချက်တာလဲ”
“မဲလုံးချက်တာပဲ အရေးပိုင်ကြီး”
ငါ့တပည့် ဟင်းချက်၊ ထမင်းချက် တော်တော် ကောင်းတာပဲ။ နောင်ကို တောပစ်ထွက်တိုင်း မဲလုံးကို ခေါ် ခဲ့ရမယ်” .
လို့ပြောကြားပြီး ချိန်ကစပြီး ကျုပ်ဟာ အရေးပိုင်ကြီးရဲ့ လက်စွဲတပည့်ကျော် ဖြစ်ခဲ့ရပါတယ်။

ကျုပ်ကလည်း
တောပစ်ထွက်ရတာ ပျော်တာနဲ့ အတော်ဖြစ်သွားတာပေါ့။ အရေးပိုင်ကြီးက သေနတ်နဲ့ တောကောင်တွေကို ပစ်တာ ကျုပ်က သိပ်ကိုအားကျမိပါတယ်။ ၊ ဒါကြောင့် အရေးပိုင်ကြီးလို တောလိုက်သေနတ် ကို မကိုင်နိုင်ပေမဲ့ ကျုပ်ရဲ့ လက်ဖြစ်ဒူးလေးတစ်လက်နဲ့ အဆိပ် လူးဝါးမြားတံတွေ သေသေချာချာ လုပ်ကိုင်ပြီး ကိုင်ပါတယ်။ အချိန်အားရတိုင်း ကျုပ်ဟာ တောထဲကို တစ်ယောက်တည်း သွားရောက်ပြီး ဒူးလေးပစ် လက်တည့်အောင် လေ့ကျင့်ခဲ့ ပါတယ်။

ပထမဆုံး ဒူးလေးပစ်လေ့ကျင့်စကတော့ ပစ်မှတ် ထိမှန်ဘူး။ ဒူးလေးရဲ့ တွန်းကန်အားနဲ့ လေထုထဲကို မြား တံသွားလာပုံကို သိရှိလာတော့ လေ့ကျင့်ခဲ့တဲ့ အကြိမ်ပေါင်း ခွာစွာလေ့ကျင့်ပြီးချိန်မှာ ကျုပ်ဟာ မိမိပစ်လိုတဲ့ပစ်မှတ်ကို လက်တစ်လုံးမလွဲ တည့်တည့်မတ်မတ် မှန်အောင် ပစ်နိုင်ခဲ့ ပါတယ်။

ငယ်ငယ်ကတည်းက လောက်လေးခွ အလွန်လက် ဖြောင့်ခဲ့တဲ့ ကျုပ်ရဲ့ လက်ဟာ ဒူးလေးပစ်လေ့ကျင့်တဲ့ အခါ တော့လည်း အကုသိုလ်ပါရမီကံ ပါလားတော့ မပြောတတ် ဘူး။ လက်အလွန်တည့်ပါတယ်။ ငါးမူးစေ့သာသာလောက် ရှိတဲ့ သစ်ရွက်တစ်ရွက်ကိုတောင် အလယ်ဗဟိုတည့်တည့်က ပေါက်ထွက်သွားအောင်ကို ဒူးလေးနဲ့ ပစ်နိုင်ခဲ့ပါတယ်။

အရေးပိုင်ကြီးတို့အဖွဲ့ တောပစ်ထွက်တိုင်း ကျုပ်ရဲ့ ခါးမှာ ချိတ်ဆွဲထားတဲ့ သားကောင်ဖျက်ဖို့ တောလိုက်
မြောင်နဲ့အတူ ကျုပ်ရဲ့ လက်ဖြစ်ဒူးလေးနဲ့အတူ အဆိပ်လူး မြားတံအိတ်ကို လွယ်ပြီး လိုက်ခဲ့ပါတယ်။

ကျုပ်ကို အရေးပိုင်ကြီးက ကြည့်ပြီး ..
“ဟ .. ဒူးလေး၊ မြားတံတွေနဲ့ တယ်ဟုတ်ပါ လား”
“ဟုတ်ကဲ့ပါဆရာ။ ကျွန်တော်လည်း ဆရာတို့ကို အားကျလို့ သားကောင်တွေကို ပစ်ဖို့လုပ်လာတာပါ”
“ကောင်းတာပေါ့ကွာ”
အရေးပိုင်ကြီးက သူနဲ့ ဝါသနာတူတဲ့ ကျုပ်ကို သိပ်အရေးပေးပါတယ်။
အရေးပိုင်ကြီးက
“မဲလုံး .. မင်းလည်း ဝါသနာပါတယ်ဆိုတော့ တို့ . အတွက် ပိုပြီး အဆင်ပြေတာပေါ့ကွာ”
လို့ ပြောပါတယ်။

ကျုပ်ဟာ အရင်ကလို အရေးပိုင်ကြီးရဲ့ သေနတ်ကို ထမ်းပြီး မလိုက်ရတော့ဘဲ အရေးပိုင်ကြီးရဲ့နောက်တော်ပါး က သက်တော်စောင့်အဖြစ် လိုက်ပါခဲ့ရပါတယ်။

ရုံးအားရက်တစ်နေ့မှာတော့ ဘီးလင်းနယ်ဘက်က တောကြီးထဲကို အရေးပိုင်ကြီးအဖွဲ့ဟာ တောပစ်ထွက်ခဲ့ကြ ပါတယ်။ ကျုပ်လည်း အရေးပိုင်ကြီးရဲ့ နောက်တော်ပါးက လိုက်ပါလို့သွားတာပေါ့။ အဲဒီဘက်မှာ တောကောင်တွေ ကျက်စားတယ်လို့ ရွာခံလူတွေက ပြောတာပဲ။

ဒါပေမဲ့ အရေးပိုင်ကြီးက …
“ခုချိန်ထိ ဘာကောင်မှ မတွေ့သေးပါလား”
လို့ တောထဲမှာ သားကောင် မမြင်တွေ့ရလို့ ညည်း ရှာပါတယ်။ ဟုတ်ပါတယ်။ နေ့တစ်ဝက်ကျိုးချိန်မှာ တောနက် ကြီးထဲကို ကျုပ်တို့ အဖွဲ့ဟာ တော်တော်လေး ခရီးရောက်ခဲ့ ပါပြီ။
အရေးပိုင်ကြီးက မြေကြီးကို ငုံ့ကြည့်ပြီး
“ဟေ့ .. ဒီမှာ ကျားခြေရာပဲ၊ မဲလုံး”
ကျုပ်က ကြည့်ပြီး
“ဟုတ်တယ်ဆရာ”
“ခြေရာက သေးတယ်။ ကျားကြီးတစ်ကောင်တော့ မဟုတ်နိုင်ဘူး”
“ဘာပဲဖြစ်ဖြစ် သတိဝီရိယတော့ ထားသွားမှ
သတိဆိုတာ ပိုတယ်မရှိလို့ ကျုပ်ဟာ ကျောမှာလွယ် ထားတဲ့ ဒူးလေးကိုဖြုတ်ကာ အရေးကြုံရင် အသင့်အနေ အထားမျိုးဖြစ်အောင် လက်မှာ ကိုင်တွယ်ထားလိုက်ပါတယ်။

အရေးပိုင်ကြီးက ကျုပ်ကိုကြည့်ကာ
“လာစမ်းပါကွာ။ မင်းဆရာလက်အကြောင်း မင်းလည်း သိတယ်မဟုတ်လား”
လို့ ပြောပါတယ်။

ပြီးတော့ အရေးပိုင်ကြီးက မြေကြီးပေါ်က ကျားရဲ့ ခြေရာကို ကြည့်ကာ သည်းသည်းမည်းမည်း လိုက်လို့နေတော့ တယ်။
“ခြေရာကတော့ ဒီဘက်ကို သွားတာပဲ”
ဆရာ”

ကျုပ်တို့ဟာ ညနေစောင်းလာတော့ တောင်ကမူ တစ်ခုနားကို ရောက်ရှိကြပါတယ်။ ဒီနေရာအရောက်မှာ ရှေ့ ဆုံးကဦးဆောင်သွားနေတဲ့ အရေးပိုင်ကြီးကို မမျှော်လင့်ဘဲ ကျားက ခုန်အုပ်လိုက်တော့ သူ့ရဲ့ တောလိုက်သေနတ်နဲ့ ပစ် လိုက်ပေမဲ့ ဒီတစ်ချီတော့ ချက်ကောင်းကို မထိဘဲ လွဲချော် လို့သွားခဲ့ပါတယ်။

” ဒီအခါမှာ အရေးပိုင်ကြီးရဲ့ နောက်ကနေပြီး ဒူးလေး နဲ့ ပစ်ထည့်လိုက်ရာ ကျားရဲ့ နဖူးတည့်တည့်ကို များမှန်ပြီး ကျားဟာ နောက်ကို လန်ကျသွားပြီး သေဆုံးသွားပါတော့ တယ်။ ‘
အရေးပိုင်ကြီးက ကျုပ်ရဲ့ ပခုံးကို လှုပ်ကိုင်လိုက်ပြီး
“ကျေးဇူးတင်လိုက်တာ မဲလုံးရာ၊ ငါ့မှာ မင်းပေးတဲ့ အသက်ပဲ ရှိတော့တယ်”
“မလိုပါဘူးဆရာရယ်။ ကျွန်တော်ဟာ ကျွန်တော့် ဒူးလေးအစွမ်းကို ပြသလိုက်ရလို့ ပိုပြီး ကျေးဇူးတင်ရမှာပါ”
“ဆရာလည်း ဖြုန်းစားကြီး ရင်ဆိုင်ပြီး ပစ်ထည့် လိုက်ရတော့ လွဲချော်ပြီးသွားတာပေါ့ကွယ်။ ဘာပဲပြောပြော ကွာ။ ခုအချိန်မှာတော့ မင်းက ငါ့အသက်ကိုကယ်လိုက်တဲ့ ကျေးဇူးရှင်ပဲ”
လို့ ပြောပါတယ်။

နောက်တစ်နေ့မှာတော့ အရေးပိုင်ကြီးက ကျေးဇူး တင်လွန်းလို့ဆိုပြီး ကျွန်တော့်အတွက် တောလိုက်သေနတ် တစ်လက် ဝယ်ပြီး ပစ်ခွင့်လိုင်စင်ပါပေးခဲ့ပါတယ်။

“မဲလုံး .. မင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပေးတာ။ ကြိုက်ရဲ့လား”
“ဟာ .. သိပ်ကြိုက်တာပေါ့ဆရာရယ်။ ဒီလို တောလိုက်သေနတ်မျိုးကို မြင်ရုံသာ မြင်ဖူးတာ။ ကိုင်ချင်နေတာ ကြာလှပြီ”
“အေး .. မင်းကို သေနတ်ပစ် သင်ထားပေးရဦး
“ဟုတ်ကဲ့ပါဆရာ။ ကျွန်တော်လည်း သင်ချင်နေကာ နဲ့ အတော်ပဲ”
လို့ ပြောလိုက်ပါတယ်။

ဒီနောက်မှာ ရုံးအားရင်အားသလို အရေးပိုင်ကြီးက ကျုပ်ကို တောစပ်ကို ခေါ်သွားပြီး တောင်ကမူအမြင့်မှာ ပုလင်းအလွတ်တွေကို ထောင်ခိုင်းထားပြီး ဟောလိုက် သေနတ်ပစ်ပုံပစ်နည်း စနစ်တကျ သင်ကြားပေးပါတယ်။

အရေးပိုင်ကြီးက – .
“လူတိုင်းဟာ သေနတ်မပစ်တတ်ဘူး။ သေနတ်ပစ် တယ်ဆိုတာ မိမိလိုချင်တဲ့ နေရာကို တည့်တည့်မတ်မတ် ထိမှန်အောင်ပစ်နိုင်မှ သေနတ်ပစ်တတ်တယ်ခေါ်တယ်”
“ဟုတ်ကဲ့ပါဆရာ” , ,
“သေနတ်ကို ဒီလိုကိုင်၊ စိတ်ကို ငြိမ်ငြိမ်ထားပြီးချိန်၊ ဟုတ်ပြီး သည်လိုဆွဲပြီး .. ပစ်”
အရေးပိုင်ကြီးကိုယ်တိုင် ကျုပ်ကို တောလိုက် သေနတ်ပစ်တတ်အောင် သင်ကြားပြသပေးပါတယ်။

ကျုပ်ကလည်း မိမိကိုယ်တိုင် ဝါသနာပါတဲ့ အလုပ် ဖြစ်နေလေတော့ သိပ်ကြာကြာတောင် မသင်ကြားလိုက်ရပါ ဘူး။ တစ်ပတ်လောက်အကြာမှာပဲ တောလိုက်သေနတ်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပစ်မလွဲအောင်ကို တတ်မြောက်ခဲ့ပါ တယ်။

“မင်း … သိပ်တော်တယ် မဲလုံး၊ ခဏလေးနဲ့ သနတ်ပစ် ကျွမ်းကျင်တတ်မြောက်နေပြီ”
လို့ အရေးပိုင်ကြီးက ချီးကျူးစကားပြောတော့ “ကျွန်တော် ဝါသနာပါတဲ့အလုပ်မို့ပါဆရာ”
“အေး … အေး။ တောပစ်ထွက်ရင်တော့ တို့ဆရာ တပည့်နှစ်ယောက် သေနတ်တစ်ယောက်တစ်လက်နဲ့ လက်စွမ်းပြကြတာပေါ့ကွာ။ ဟား .. ဟား : ဟား”
လို့ ပြောပါတယ်။

ကျုပ်နဲ့ အရေးပိုင်ကြီးတို့အဖွဲ့ဟာ တောပစ်ထွက် ကြပါတယ်။ သူ
သူတစ်ကောင်၊ ကိုယ်တစ်ကောင်ပစ်လို့ တော် ကောင်တွေ အများကြီးရရှိလို့ စားလို့မကုန်တာကြောင့် ရုံးက ရုံးသားတွေကိုတောင် ခွဲဝေခြမ်းပြီး ပေးရပါတယ်။

ဒီလိုနဲ့ နှစ်ကာလတွေ အလီလီ ပြောင်းလာတော့ အရေးပိုင်ကြီးဟာ နယ်ပြောင်းလို့ သွားပါတယ်။
“ကဲ .. သွားတော့မယ် မဲလုံးရေ မင်းကိုတော့ ငါ တောပစ်ထွက်တိုင်း သတိရနေမှာပါ”
“ကျွန်တော်လည်း ဆရာ့လိုပါပဲ”
လို့ပြောပြီး အရေးပိုင်ကြီးနဲ့ ခွဲခွာခဲ့ကြပါတယ်။

(၃)
အဲဒီအချိန်ကစပြီး ကျုပ်ဟာ ရုံးအလုပ်က အပြီး အပိုင်ထွက်ခဲ့ပါတယ်။
သေနတ်ပစ်လက်ဖြောင့်တဲ့ ကျုပ်ဟာ “ငါဟာ မုဆိုးအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းတော့မယ်”လို့ စိတ်ဆုံးဖြတ် လိုက်ပါတယ်။

တကယ်တော့ ကျုပ်ဟာ စာပေကို ဖြစ်ဖြစ်မြောက် မြောက်မတတ်ဘဲ တောလိုက်သေနတ်ပစ် အလွန်လက်ဖြောင့် တဲ့လူတစ်ယောက်ဟာ ဒီလို ဆုံးဖြတ်တာဟာ အမှန်ကန်ဆုံး လို့ ကျုပ်ထင်ပါတယ်။

ခုလို ကျုပ်ဟာ မုဆိုးအလုပ်နဲ့ အသက်မွေးမယ်လို့ ၊ ဆုံးဖြတ်ပြီးတဲ့နောက်မှာ တောလိုက်မယ့် နေရာတောတောင် ကောင်းကောင်းကို ရှာဖွေတဲ့အခါမှာ အရှေ့ရိုးမ တောင်တန်းမှာ ပါဝင်ပြီး ပေ(၃၆၀၀)ကျော် မြင့်မားတဲ့ ရှေးအခါက လုံးတင်တောင်ခေါ်တဲ့ ပေါင်းလောင်းတောင်တန်းကြီးကို သွားတွေ့ပါတယ်။

အဲဒီ ပေါင်းလောင်းတောင်တန်းကြီးဆိုတာ အင်မ တန် တန်ခိုးကြီးတဲ့ ကျိုက်ထီးရိုးဆံတော်ရှင်မြတ် ကိန်းဝပ် တော်မူတဲ့ တောင်တန်းကြီးပါပဲ။ အဲဒီအချိန်အခါတုန်းက ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်ပွဲတော် အချိန်အခါမှာ ဘုရားဖူးတွေ လာကြပေမယ့် ခုလောက် မစည်ကားပါဘူး။

စေတီတော်ကို တက်တဲ့ တောလမ်းတစ်လျှောက်မှာ ရှိတဲ့ဈေးဆိုင်ကလေးတွေကလည်း မများလှသေးဘူး။ တစ် မျှော်တစ်ခေါ်လောက်မှ ဈေးဆိုင်လေး တစ်ဆိုင် ဆိုင် လောက်ပဲရှိတာပါ။ တောင်တက်လမ်းရဲ့ တစ်ဖက်တစ်ချက် မှာလည်း ဝါးရုံတောကြီးတွေဟာ နေပြောက်မထိုးနိုင်အောင် ကို အုပ်မိုးလို့နေပါတယ်။

ပေါင်းလောင်းတောင်တန်းကြီးရဲ့ ဝန်းကျင်တစ်ဝိုက် ကို ကြည့်လိုက်မယ်ဆိုရင် ညိုညိုမှိုင်းမှိုင်း တောတောင် လျှို
မြောင်တွေ၊ ရေတံခွန်ကြီးတွေ၊ ဆေးဖက်ဝင်တဲ့ အဖိုးတန် ပရဆေးပင်တွေ၊ သစ်ပင်ခွကြားမှာ ပေါက်နေတဲ့ သစ်ခွပန်း မျိုးစုံတို့ဟာ သဘာဝအလျောက် ပေါက်နေကြသလို သားရဲ တိရစ္ဆာန်အမျိုးမျိုးတို့ ကျက်စားရာဒေသ တောင်တန်းကြီး တစ်ခုပါ။

ဒီပေါင်းလောင်းတောင်တန်းတောနက်ကြီးထဲမှာ ထင်းခုတ်သမားအချို့နဲ့ ပရဆေးပင်တွေကို ရှာဖွေတဲ့ လူ တစ်ယောက်စနှစ်ယောက်စ တစ်ခါတစ်လေ သွားလာလှုပ် ရှားနေတာကလွဲလို့ လူသူအရောက်အပေါက် မတွေ့ကြပါဘူး။ ဒါကြောင့် တောကြီးထဲမှာ သားရဲတိရစ္ဆာန်မျိုးစုံက မင်းမူ
အုပ်စိုးလို့ နေကြတယ်။ တောင်ခြေလျှိုမြောင်ဂူတွေမှာတော့ ရသေ့သူမြတ်တွေက တရားကျင့်ကြံအားထုတ်နေတာကို မြင် တွေ့ရပါတယ်။

ကျုပ်ဟာ ဣစ္ဆာသယ ရသေ့တောင်ခြေက တောင်ကြားမှာရှိတဲ့ လျှိုကြီးတစ်ခုမှာ တဲထိုးပြီး နေထိုင်ခဲ့ပါတယ်။ ဒီနေရာက ကျုပ်အတွက်ကတော့ သားရဲတိရစ္ဆာန်တွေရဲ့
ဘေးရန်က လုံခြုံစိတ်ချရပါတယ်။ ရှေ့မှာကလည်း ကျောက် နံရံတစ်ချပ်က သဘာဝအလျောက် ကာဆီးပေးထားသလိုဖြစ် နေပါတယ်။

တောထဲတောင်ထဲမှာ ကျုပ်ဟာ မုဆိုးအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြီး နေထိုင်ခဲ့ပါတယ်။ ပြီးတော့ ကျုပ် ဟာ တပည့်ကျော် ရန်လုံဆိုတဲ့ တောလိုက်ခွေးကြီးဦးဆောင်တဲ့ တောလိုက်ခွေးကြီးငါးကောင်ကို ကျွေးမွေးထားပါတယ်။

ကျပ်ဟာ တောလိုက်ထွက်တိုင်း တောလိုက်ခွေးကြီး ငါးကောင်ကို ခေါ်သွားလေ့ရှိပါတယ်။ တောလိုက်ထွက်ရင် သားကောင်မရတဲ့နေ့ရယ်လို့ မရှိပါဘူး။ တစ်ချက်ပစ်ရင် တစ်ကောင်ရရှိပါတယ်။
ယုန်လို အကောင်ငယ်သတ္တပါဆိုရင်တော့ ကျုပ်ဟာ ကျည်ဆံအကုန်ခံပြီး ပစ်ကို မပစ်ဘူး။ ကျုပ်ရဲ့ ရန်လုံဦး
ဆောင်တဲ့ တောလိုက်ခွေးတစ်အုပ်နဲ့ပဲ ကိစ္စပြီးသွားတာပဲ။ ရလာတဲ့ သားကောင်ကိုဖျက်၊ အသားတွေကို အမြှောင်းလိုက် လှီးပြီး ဆားသိပ်နေလှန်းပြီးရောင်းစားပါတယ်။ ပြီးတော့ ရရှိထားတဲ့ သားရဲတိရစ္ဆာန်တွေရဲ့ အရိုး
တွေ အစွယ်တွေ၊ ခြေသည်းလက်သည်းတွေ၊ အရေခွံတို့၊ စပါးကြီးသည်းခြေ၊ ကျားရိုးတောင်ခြေက ဆိုင်လေးတွေမှာ
သွားပြီး ရောင်းချပါတယ်။

တစ်ခါတစ်ခါ တကယ်အသုံးလိုလို့ လာရောက်ဝယ် ယူတဲ့ ဘုရားဖူးတွေနဲ့ ကြုံကြိုက်ရင်တော့ ဈေးကောင်းရတတ် ပါတယ်။ အဲဒီအခါမှာ ဝယ်ယူတဲ့သူတွေကလည်း
“ ဒီတောဆိတ်ချိုဟာ ဘယ်လောက်လဲ”
“နှစ်ရာပါ”
“ဒီကျားစွယ်ကကော စစ်ရဲ့လားဦးကြီး”
“ဟာ .. စစ်တာကတော့ မမေးနဲ့။ ကျုပ်ကိုယ်တိုင် ပစ်ထားတာ” .
လို့ ပြောတော့ စိတ်ချလက်ချနဲ့ ကျုပ်ဆီက ဝယ်ယူ သွားကြပါတယ်။

ကျိုက်ထီးရိုးတောင်တက်လမ်းက ဆိုင်လေးတွေကို သွားရောက်ပြီးရောင်းတဲ့အခါမှာ ဈေးဝယ်လာသူ ဘုရားဖူး အချို့နဲ့ အနီးအနားဆိုင်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေက
“မဲလုံးကြီး .. အဲဒီတောနက်ကြီးထဲမှာ အမြဲတော လိုက်သလား”

“တောလိုက်တာပေါ့”
“အဲဒီတောတောင်၊ လျှိုမြောင်တစ်ဝိုက်မှာ ဝိဇ္ဇာ ဇော်ဂျီ တပသီနဲ့ နဂါးတွေ၊ နတ်ဘီလူးတွေ ပုံသဏ္ဌာန်အမျိုး မျိုးကို ပြုလုပ်နိုင်တဲ့ ဘုမ္မိယသိုက်နန်းရှင်တွေ၊ ဥစ္စာစောင့် တွေ ရှိတယ်လို့ ပြောကြပါတယ်။ အဲဒါတွေ မကြောက်ဘူး လား”

“မကြောက်ပါဘူးဗျ။ သူတို့ကို ဘာမှ ရန်မူတာမှ မဟုတ်တာ။ ကျုပ်ဟာ အသက်မွေး ဝမ်းကျောင်းမှုအတွက် အမဲလိုက်နေတယ်။ ခင်ဗျားတို့ပြောတာကို ကျုပ်တော့ တစ်ခါ မှ မမြင်တွေ့ခဲ့ရပါဘူး။ ကျုပ်ဟာ ငယ်ငယ်လေးထဲက
ကြောက်စိတ်လုံးဝ မရှိခဲ့ပါဘူး။ ညအချိန်အခါမှာဆိုရင် ကျိုက် ထို ငပိစိ သင်္ချိုင်းကုန်းတွေပေါ်မှာ အိပ်ခဲ့ဖူးတဲ့သူပါ။ တော
တောင်တွေထဲမှာ တောလိုက်သွားရင်း ညဉ့်နက်သွားရင် လည်း အိပ်ခဲ့ရပါတယ်။ ဒီလိုမမြင်တွေ့ရတဲ့ ပရလောကသား တွေကို ကြောက်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ကျုပ်ရဲ့ အလုပ်က မုဆိုးမဟုတ်လား”

ကျုပ်ရဲ့ စကားကို ကြားရတဲ့သူတွေကတော့ အံ့သြ လို့နေကြပါတယ်။ ဒီအထဲမှာ လူရွယ်လေး တစ်ယောက်က
“ကျွန်တော်တို့ကတော့ မနေရဲပါဘူး။ ကြောက်တယ်” လို့ ပြန်ပြောပါတယ်။

(၄)
တစ်ညနေမှာတော့ ကျုပ်ဟာ တဲရှေ့မှာ ပက်လက် ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်ပြီး အေးအေးဆေးဆေး အနားယူနေတုန်း ..
“မဲလုံးကြီး … ဝိဇ္ဇာတောင်ခြေမှာ ချေအုပ်ကို တွေ့ခဲ့ရတယ်ဗျ”
လို့ တောထဲမှာ ပရဆေးပင်တွေ ရှာဖွေပြီး ပြန်လာ တဲ့ ဘကြီးက ကျုပ်ကို သတင်းပေးတာမို့ ကျိုက်ထီးရိုး
တောင်ပေါ်ကို တက်သွားခဲ့ပါတယ်။ ဒီတောတောင်တစ်ဝိုက် မှာနေထိုင်ပြီး လုပ်ကိုင်စားသောက်နေထိုင်ကြတဲ့ သူတွေ အချင်းချင်းဟာ တစ်ယောက်နဲ့တစ်ယောက် အခုလို ကူညီ မှုလေးတော့ ရှိကြပါရဲ့။

ကျုပ်ဟာ ချေအုပ်စုဆိုတဲ့ အသံကို ကြားလိုက်ရတာ နဲ့ ချက်ချင်းပဲ ပက်လက်ကုလားထိုင်ပေါ်က ထကာ အိမ်နံရံမှာ ချိတ်ဆွဲထားတဲ့တောလိုက်သေနတ်ကို ပြေးဆွဲလို့ တပည့် ကျော်တောလိုက်ခွေးအုပ်စုကို ခေါ်ပြီး ဝိဇ္ဇာတောင်ခြေကို ထွက်ခဲ့ပါတယ်။

ကျုပ်နေထိုင်ရာကနေပြီး ဝိဇ္ဇာတောင်ခြေကို သစ်ခုတ်သမားတွေ သွားတဲ့တောလမ်းကသွားရင် အတော်လေး သွားရပါမယ်။ ကျုပ်က ဒီနေရာတွေမှာတော့ ကျွမ်းနေသူ ဖြစ်နေလို့ လျှိုမြောင်ဖြတ်လမ်းကနေပြီး သွားလိုက်တော့ နာရီ ဝက်လောက်နဲ့ကို ရောက်ရှိသွားခဲ့ပါတယ်။
ကျပ် ရောက်ရှိသွားတဲ့အချိန်အခါမှာ ချေဆိုလို့ တစ် ကောင်တစ်မြီးမှ မမြင်တွေ့ရပါဘူး။ ကျုပ်က မကျေနပ်လို့ ဝိဇ္ဇာတောင်ခြေကို အကြိမ်ကြိမ်အခါခါ ပတ်ပြီး ချေတွေကို ရှာဖွေနေခဲ့ပါတယ်။
မြေပြင်ကို ကြည့်တော့လည်း ချေခြေရာတွေ မတွေ့ ရဘဲ ကျွဲခြေရာတွေကိုသာ မြင်တွေ့နေရပါတယ်။

တစ်နေရာကို ရောက်တော့ လှုပ်ရှားနေတဲ့ ကျုပ်ရဲ့ ခြေလှမ်းတွေက အလိုလို ရပ်တန့်လို့သွားပါတော့တယ်။ ကျုပ် ရဲ့ မုဆိုးဘဝသက်တမ်းမှာ တစ်ကြိမ်တစ်ခါမှ မမြင်မတွေ့ ရဖူးတဲ့ အလွန်ထူးဆန်းတဲ့ သတ္တဝါကြီးတစ်ကောင်ကို မမျှော် လင့်ဘဲ ရင်ဆိုင်မြင်တွေ့လိုက်ရလို့ ကြက်သေ သေနေမိပါတယ်။

ကျုပ် မံသစက္ခုနဲ့ မျက်ဝါးထင်ထင် မြင်တွေ့လိုက် ရတဲ့ သတ္တဝါကြီးက ကျွဲကြီးတစ်ကောင်လောက် အရွယ်အစား ရှိပါတယ်။ သူ့မှာ ခြင်္သေ့သတ္တဝါလို လည်ဆန်မွေးတွေ ပါရှိ ပါတယ်။ ပြီးတော့ သူ့ကိုယ်ခန္ဓာပေါ်မှာ အမွေးအမျှင်တွေဟာ လည်း တစ်ထွာခန့် ရှည်လျားလို့နေပါတယ်။
သူ့အမွေးအမျှင်တွေက ဆံပင်တွေလို သေးသေး သွယ်သွယ်လေးတွေမဟုတ်ပါ။ အမွှေးတစ်မျှင်ဟာ ဂုံနီကြိုး သာသာခန့်ရှိနေတယ်။ အရောင်အသွေးက တစ်မျိုးတစ်စား တည်းမဟုတ်ပါ။ ဖြူ၊ နီ၊ ညို၊ ပြာ၊ ဝါ အရောင်အသွေးမျိုးစုံပါ ရှိလို့နေပါတယ်။

ဒီသတ္တဝါကြီးရဲ့ ဦးခေါင်းထက်မှာ သမင်ချိုကဲ့သို့ ချိုနှစ်ခုလည်း ပါရှိနေပါတယ်။ ပါးစပ်မှာလည်း တောဝက်စွယ်လို အစွယ်နှစ်ချောင်းက အပြင်ကို ခေါပြီးထွက်လို့နေ ပါတယ်။ မျက်လုံးနှစ်လုံးက အပြင်ဘက်ကို လက်တစ်လုံး ခန့် ပြုပြီး ထွက်နေပါတယ် ။

ဘယ်လို သတ္တဝါမျိုးဆိုတာ အမည်တပ်ခေါ်ရမှန်း တောင်မသိတော့ပါဘူး။ အနီးစပ်ဆုံးပြောရရင်တော့ ကျုပ်တို့ ငယ်ငယ်တုန်းကတောဘုရားပွဲတွေမှာ အလှူခံထွက်တဲ့အခါမှာ ကပြအသုံးတော်ခံလေ့ရှိတဲ့ တိုးနယားလို အကောင်မျိုး နဲ့ ပုံသဏ္ဌာန်ခပ်ဆင်ဆင် တူသလိုလိုတော့ရှိပါတယ်။

ကျုပ်ဟာ ဒီအမျိုးအမည်မသိတဲ့ ထူးဆန်းတဲ့ သတ္တဝါကြီးကို ကြက်သေသေပြီး ကြည့်နေချိန်မှာ သတိထား လိုက်မိတာက တစ်တောလုံး တစ်တောင်လုံးမှာ ကြက်သံ၊ ငှက်သံဆိုလို့ ဘာအသံကိုမှ မကြားရတော့ပါဘူး။ အားလုံး ဟာ တိတ်ဆိတ်ငြိမ်သက်သွားပြီး အပ်ကျသံကိုပင် ပြန်ပြီး ကြားလောက်အောင်ဖြစ်လို့နေပါတယ်။
ကျုပ်ရဲ့ တပည့်ကျော် တောလိုက်ခွေးတစ်အုပ်ဟာ လည်း ဒီသတ္တဝါဆန်းကြီးကို မြင်တွေ့လိုက်တာနဲ့ ကျားတစ်
ကောင်နဲ့ ရင်ဆိုင်တွေ့ကြုံရသလို အားလုံးဟာ ဖင်သီနေကြ ပြီး တစ်ကောင်မှ မဟောင်ရဲမကိုက်ရဲကြပါဘူး။ အားလုံးဟာ အကြောက်လွန်ပြီး ထွက်ပြေးကုန်ကြပါပြီ။

တကယ်တော့ ကျုပ်ဟာ ဒီပေါင်းလောင်းတောင် တန်းကြီးမှာ မကြောက်မရွံ့ ရဲစွမ်းသတ္တိရှိတဲ့ မုဆိုးကျော်ကြီးလို့ နာမည်ကြီးနေတဲ့ သူတစ်ယောက်ပါ။ တောလိုက်လာခဲ့တဲ့ သက်တမ်းကလည်း နှစ်မနည်းတော့ပါဘူး။ တစ်ကြိမ်တစ်ခါ ဖူးမှ ဒီလိုထူးဆန်းတဲ့ သတ္တဝါမျိုးကိုတော့ တောတောင်တွေထဲ မှာ မမြင်မတွေ့ခဲ့ဖူးပါဘူး

ဒီလို အမျိုးအမည်မသိတဲ့ သတ္တဝါကြီးဟာ ကျုပ်နဲ့ ပေ(၆၀)ခန့်အကွာ ရှိနေပြီး သူက ကျုပ်ကို ပြန်ပြီး စူးစူးစိုက် စိုက်ကြည့်လို့နေတာကို မြင်တွေ့ရပါတယ်။ ကျုပ်ဟာ အားကိုး ရတဲ့ တပည့်ကျော်တောလိုက်ခွေးတစ်အုပ်အနားမှာ မရှိတော့ ပေမဲ့ အားငယ်တဲ့စိတ် လုံးဝကို မဖြစ်မိပါဘူး။ ဘာကြောင့် ဆို ကျုပ်ရဲ့ လက်ထဲမှာ သားရဲတိရစ္ဆာန် မြောက်များစွာကို ဇီဝိန်ချွေခဲ့တဲ့ တောလိုက်သေနတ်က ရှိနေတယ်လေ။

ပြီးတော့ ကျုပ်ဟာ ကျုပ်ရဲ့ လက်ကိုလည်း ယုံကြည် စိတ်ချတယ်။ ဘယ်လိုသားကောင်မျိုးပဲပစ်ပစ် တစ်ချက်တစ်
ကောင်ပဲ။ သားကောင်တစ်ကောင်ကို နှစ်ချက်ပစ်ရတယ်လို့ ကျုပ်ရဲ့ ဘဝမှာ မရှိခဲ့ပါဘူး။ ဒါကြောင့် ကျုပ်ဟာ ဒီသတ္တဝါကြီးရဲ့ မျက်လုံးနှစ်လုံး ရဲ့ အထက် နဖူးပြင်တည့်တည့်နေရာကို တောလိုက်သေနတ် နဲ့ ပစ်မလွဲအောင် သေသေချာချာကို ချိန်ရွယ်လိုက်ပါတယ်။

ဒီအခါမှာ သတ္တဝါဆန်းကြီးက ကျုပ်ဆီကို ပြေးပြီး ရန်မူဖို့ ဟန်ပြင်လို့နေပါတယ်။ သူ့ရဲ့ ရှေ့လက်နှစ်ဘက်ကို
မြေပြင်ယက်လို့နေပါတယ်။ ဒီသတ္တဝါဆန်းကြီးရဲ့ နောက်ခြေ ကိုတော့ မပြောတတ်ဘူး။ ရှေ့လက်နှစ်ဘက်ကတော့ ကျွဲခွာတွေပါရှိလို့နေတာကို မြင်တွေ့လိုက်ရပါတယ်။

ကျုပ်ဟာ စိတ်ကို ငြိမ်ငြိမ်ထားပြီး သေနတ်ရဲ့ ခလုတ် ကို ဖြုတ်လိုက်တဲ့အချိန်မှာ ချပ်ဆိုတဲ့ အသံကလွဲလို့ သေနတ်
ကျည်ဆံဟာ ထွက်မလာပါဘူး။ ဒုတိယအကြိမ် ပစ်ကြည့်ပါ တယ်။ ပထမကျည်ဆံဖြစ်တဲ့အတိုင်းပဲ ကျည်ဆံလုံးဝကို မထွက်ပါဘူး၊ တတိယအကြိမ် ပစ်ကြည့်တော့လည်း ဒီ အတိုင်းပဲ ဖြစ်သွားတဲ့အချိန်မှာ ကျုပ်ဟာ ကြောက်စိတ်လုံးဝ မရှိဖူးတဲ့ကျုပ်ဟာ ဇောချွေးတွေ ပြန်လာပြီး အလွန့်အလွန်ကို ကြောက်ရွံ့ထိတ်လန့်လာပါတယ်။

ဒီအချိန်အခါမှာ ဒီသတ္တဝါဆန်းကြီးက ကျုပ်ဆီကို ပြေးလာပြီး ရန်မူမယ်လုပ်တော့ ကျုပ်ဟာ တောလိုက်သေနတ် ကို ပခုံးမှာလွယ်ပြီး ဝိဇ္ဇာတောင်ပေါ်ကို တက်ပြေးပါတယ်။ ဒီသတ္တဝါဆန်းကြီးက မျက်ချည်ပြတ်မခံဘဲ ကျုပ်ကို သည်း
ကြီးမည်းကြီးကို လိုက်လို့နေပါတယ်။ ကျုပ်ဟာ မိမိရဲ့ အသက်ရှင်ဖို့အတွက် ခြေဖဝါးနဲ့တင်ပါးတစ်သားတည်းကျအောင် ပြေးလွှားလို့နေရပါတယ်။

တကယ်က ကျုပ်ဟာ သားရဲတိရစ္ဆာန်တွေကို တောလိုက်သေနတ်တစ်လက်နဲ့ ပစ်ခတ်ပြီး အသက်မွေးဝမ်း
ကျောင်းနေတဲ့ မုဆိုး၊ အခုတော့ ကျုပ်ဟာ သားရဲတိရစ္ဆာန် သတ္တဝါဆန်းကြီးတစ်ကောင်ရဲ့ လိုက်ခြင်းကိုခံနေရတဲ့ သားကောင်ဘဝကို ရောက်ရှိလို့သွားပါပြီ။

လောကကြီးရဲ့ သဘာဝတရားဟာ ဘယ်လောက် များ ဆန်းသလဲ။ ကျုပ်ဟာ တော်တော်လှမ်းလှမ်း ပြေးလွှား မိတဲ့အချိန်အခါမှာ နောက်ကို ပြန်လှည့်ကြည့်မိပါတယ်။ ဒီ သတ္တဝါဆန်းကြီးကတော့ ကျုပ်နောက်ကို လိုက်နေတုန်းပဲ။ ကျုပ်ဟာ ဝိဇ္ဇာတောင်ပေါ်ကို တက်ရောက်လို့ ပြေးပါတယ်။

ဝိဇ္ဇာတောင်ဟာ နည်းနည်းတော့ မတ်စောက်လို့ နေပါတယ် အတက်အဆင်းလည်း ခက်ပါတယ်။ ကျုပ်ဟာ အသက်လုပြီး ပြေးလွှားနေရတာကြောင့် နောက်ဘက်ကို လှည့်မကြည့်အားဘဲ တောင်ပေါ် အရောက် ပြေးတက်လို့နေ ပါတယ်။

ဝိဇ္ဇာတောင်ထိပ်မှာ စေတီတော်တစ်ဆူရှိပါတယ်။ အဲဒီစေတီတော်အနီးမှာ ကျောင်းသင်္ခန်းရှိပြီး ဘုန်းကြီးအိုကြီးတစ်ပါး သီတင်းသုံးနေထိုင်နေတော်မူလို့ တရားကျင့်ကြံ အားထုတ်နေတာကို ကျုပ်က သိရှိထားပါတယ်။ ကျုပ်က ဒီ ဘုန်းတော်ကြီးဆီကို အရောက်ပြေးပြီး အကူအညီတောင်းမလို့ပါ။

ကျုပ်ဟာ ဝိဇ္ဇာတောင်ပေါ်က ဘုန်းတော်ကြီးရဲ့ . ကျောင်းသင်္ခန်းလှေကားပေါ်ကို တက်တဲ့ အချိန်အခါမှာ နောက်ဘက်ကို ပြန်လှည့်ကြည့်လိုက်တော့ ကျုပ်ရဲ့ နောက်က စဉ်ဆက်မပြတ် လိုက်နေတဲ့ သတ္တဝါဆန်းကြီးကို လုံးဝမမြင် တွေ့တော့ဘူး။ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပါ တယ်။ အစဉ်အဆက် မုဆိုးကျော်ကြီးတွေရဲ့ စကားနဲ့ ပြောရ ရင် ကျုပ်ကို တောခြောက်တာလည်း ဖြစ်နိုင်ပါတယ်။

ကျုပ်ရဲ့ တစ်ကိုယ်လုံးမှာ ထွက်နေတဲ့ ချွေးတွေဟာ ရေချိုးထားတဲ့အတိုင်းပါပဲ။ ကျုပ်ဟာ ကျောင်းသင်္ခန်းထဲမှာ သီတင်းသုံးနေတော်မူတဲ့ ဘုန်းတော်ကြီးကို ဝင်ရောက်ဖူး မြော်ပြီး ကျုပ်ရဲ့ အဖြစ်သနစ်အလုံးစုံကို လျှောက်ထားပါ တယ်။

ဒီအခါမှ ဘုန်းတော်ကြီးက …
“ဒကာက သူများအသတ်တွေကို သတ်ဖြတ်ပြီး အသက်မွေးနေတဲ့ မုဆိုးကိုး။ ဒီတော့ ဒကာပြုခဲ့တဲ့ အကု သိုလ်အမှုဟာ ခုဒကာကို အကျိုးပေးပြီပေါ့။ သူဟစ်ပါးရဲ့ အသက်ကို သတ်ဖြတ်တယ်ဆိုတာ လောကီမှာလည်း မကောင်းဘူး။ လောကုတ္တရာမှာလည်း ဘယ်တော့မှ ကောင်း ကျိုးချမ်းသာကို မပေးဘူးဒကာ။ ဒီတော့ မိမိအသက်ရှင် ရပ် တည်နိုင်ဖို့အတွက် သူတစ်ပါးရဲ့ အသက်ကို မသတ်ဘဲ သမာ အာဇီဝအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပါ ဒကာ၊ ဒီ
အကုသိုလ်အလုပ်ဖြစ်တဲ့ မုဆိုးအလုပ်ကို ဒကာ စွန့်လိုက်ပါ”
လို့ မိန့်တော်မူပါတယ်။

ဒီအခါမှာ ကျုပ်ဟာ ဘုန်းတော်ကြီးကို လက်နှစ် ဘက်ယှက်ကာ ရှိခိုးကန်တော့လိုက်ပြီး ၊
““တပည့်တော်ဟာ ဒီနေ့ ဒီအခါမှစပြီး ရာသက်ပန် မုဆိုးအလုပ်ကို စွန့်လွှတ်လိုက်ပါပြီ အရှင်ဘုရား”
လို့ လျှောက်ထားလိုက်ပါတယ်
ဒီအခါမှာ ဘုန်းတော်ကြီးက သာဓုသုံးကြိမ်၊ သုံးခါ ခေါ်ဆိုပါတယ်။ ကျုပ်ရဲ့ မုဆိုးဘဝဟာ ဤမှာတင် နိဂုံးချုပ် ငြိမ်းသွားပါတော့တယ်။

ကျုပ်ဟာ ဘုန်းတော်ကြီးကိုပေးခဲ့တဲ့ ကတိစကား အ တိုင်း အကုသိုလ်မကင်းတဲ့ မုဆိုးအလုပ်ကို စွန့်လွှတ်ကာ ကျိုက်ထီးရိုးတောင်တက်လမ်းက ဖိုးပြန်တောင်မှာ ကျိုက်ထို မြို့၊ ကော့စံနိုင်ရပ်ကွက်က တပည့်ဖြစ်သူ စံဖဲနဲ့အတူ တောထဲ
တောင်ထဲက အဖိုးတန် ဘယဆေးပင်၊ ဆေးမြစ်တွေရှာဖွေ ပြီး ပရဆေးဆိုင်ဖွင့်လို့ အသက်မွေးဝမ်းကျောင်း နေထိုင်ခဲ့ ပါတယ်။

ကျုပ်ဟာ ကျုပ်အိပ်တဲ့အိပ်ရာ ခေါင်းရင်း သစ်သား နံရံမှာ ́ တစ်ချိန်တစ်ခါက ကျုပ် မြတ်မြတ်နိုးနိုးနဲ့ ကိုင်ခဲ့တဲ့ အဖော်မွန် တောလိုက်သေနတ်ကိုတော့ အမှတ်တရ ချိတ်ဆွဲ လို့ထားရှိပါတယ်။

တစ်ချက်တစ်ကောင် ပစ်မလွဲခဲ့တဲ့ ကျုပ်ရဲ့ တော လိုက်သေနတ်ကို မြင်တွေ့မိလေတိုင်း ကျုပ်ဟာ မုဆိုးဘဝမှာ မမျှော်လင့်ဘဲ ဝိဇ္ဇာတောင်ခြေမှာ ကြုံခဲ့ရဆုံခဲ့ရတဲ့ ထူးဆန်း တဲ့ သတ္တဝါဆန်းကြီးအကြောင်းကို ယနေ့ထက်တိုင် အမှတ် ရနေဆဲပါ။

အမှန်တော့ လူဆိုတာ စွဲမိစွဲရာကို စွဲလန်းတတ်တဲ့ သတ္တဝါမျိုး မဟုတ်ပါလား။
အစဉ်ထာဝရ ဂါရဝတရားဖြင့် …

ဆရာကြီးအရိန္ဒမာ

စာစီ – မီးမီး