စက္ကဘာလလေးဟာသဘောကောင်းသူဖြစ်ပြီး ပြည်သူအကျိုးကိုအမြဲလိုလားသူဖြစ်တာကြောင့်ပင်
“ပြန်လည် စဉ်းစားတော်မူပါ ဘုရား ဒီကစက္ကဘာလလေးဟာ အပြစ်တော် ကြီးကြီးမားမားမလုပ်ထားတာကြောင့် သူ့အတွက်ဒီပြစ်ဒဏ်ဟာ မသင့်တော်ကြောင်းပါဘုရား”
မင်းတရားကြီးကရာဇပလ္လင်ပေါ်ပြန်လည်ထိုင်ချကာ “ကဲဒါဆို ငမိုက်သား သင်ကိုယ်တိုင်အပြစ်ကိုဆုံးဖြတ်လော့” ရဲရဲနီနေတဲ့ မျက်လုံးအစုံနဲ့ စက္ကဘာလအားကြည့်ကာ ပြောလိုက်လေတယ်
“မှန်လှပါ ဖခမည်းတော်ဘုရား သားတော် ဒီတိုင်းပြည်ကနေ ရာသက်ပန်ထွက်သွားပါ့မယ်
ဒီလိုခံနားထည်ဝါလှတဲ့ စည်းစိမ်ကြီးကိုလည်း သားတော်မလိုလားကြောင်းပါ ”
“ကောင်းပြီလေ ဒါဆို ကဲမှူးမတ်အပေါင်းတို့ အမိန့်တော်ချမှတ်မယ် ဒီငမိုက်သားစက္ကဘာလအား
ပြည်နှင်ဒဏ်ပေးစေ ” ဘုရင်မင်းမြတ်ရဲ့ မျက်လုံးထဲတွင်ကား သနားတဲ့အရိပ်ရောင်များမရှိပေ
ထိုအချိန်တွေ စက္ကဘာလ၏ဘေးတွင်ရပ်နေသော
မြဧကရီလေးက
“မောင်တော် ဘာ့အတွက်နဲ့များနှမတော်လို ကျွန်တစ်ယောက်အတွက်နဲ့ ထီးနန်းကိုပင် မမူစွန့်ပစ်ခဲ့ရတာလည်း ” ဟူ၍မေးလာလေတယ်
“ဒါကတော့ ချစ်တာကို နှမတော်ရဲ့ ထီးနန်းကိုစံမြန်းပြီး မချစ်တဲ့သူနဲ့တော့ဘဝကို အဆုံးမသတ်ချင်ဘူး
မောင်တော်ချစ်တာ ဒီကနှမတော်ပဲဖြစ်မို့
မောင်တော်နဲ့အတူလိုက်ခဲ့ပါ နှမတော်”
ထိုသို့ဆိုကာ စက္ကဘာလ မှ
ကြင်သူရဲ့လက်ကိုရဲရဲဆွဲကာ
ဖခမည်းတော်ရဲ့ ရှေ့မှ
အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့
ထွက်ခွာလာခဲ့လေတယ်.
“သားရေ မထသေးဘူးလား ဒီမနက်အိပ်ရာထတာနောက်ကျလိုက်တာ ”
အမေဖြစ်သူရဲ့ အသံကြားလို့ စမ တစ်ယောက် အိပ်ရာမှ နိူးလာခဲ့လေတယ် “ဘာလို့လည်းသား
ညက အိပ်ရာဝင်တာနောက်ကျလို့လား ” အမေဖြစ်သူက ဘုရားပန်းများလဲနေရင်း မေးလိုက်တယ်
“မဟုတ်ပါဘူး အမေရယ် အိပ်မက်တွေကောင်းနေတာနဲ့ မနက်လင်းတာမသိလိုက်ဘူးဖြစ်သွားတာ”
စမကရယ်ကျဲကျဲလုပ်ကာပြောလိုက်တယ်
“အမ်မယ် တခါမှအိပ်မက်တွေမမက်ဘူးတဲ့ ငါ့သားက ထူးထူးဆန်းဆန်းပါလားတော့ ကဲ ကဲ ထားလိုက်တော့ အမေသားအတွက်ထမင်းပြင်ထားပေးတယ်
ထ ထ မျက်နာသစ်ပြီးရင် စားလိုက်တော့နော်သား”
“ဟုတ်ကဲ့ပါ အမေ ” စမတစ်ယောက် အိပ်ယာခေါက်ကာ မျက်နာသစ်ရန်အတွက် အိမ်အောက်သို့ဆင်းလာခဲ့ရင်း အမှတ်မထင် အိမ်အရှေ့ အပင်ကြီးအောက်တွင် ရပ်ပြီး သူ့အားကြည့်နေတဲ့အဘိုးကိုတွေ့လိုက်ရတယ်
ဒါ့ကြောင့်စမလည်းမျက်နာသစ်ကာ အဘိုးဖြစ်သူရှိရာ အပင်ကြီးဆီသွားလိုက်တယ်
“အဘိုး ဘာကိစ္စများရှိလို့ ကိုယ်ထင်ပြရတာလည်း”
“အေးကွယ်လူလေး အဘိုးအရေးတကြီးပြစရာရှိလို့ပါ ”
“ဘာများလည်းအဘိုး ”
အဘိုးဖြစ်သူက သစ်ပင်ကြီးထဲကို လက်ဖြင့်နိုက်လိုက်တယ်ဆိုရင်ပဲ အလွန်သေးငယ်တဲ့ အရုပ်လေးတစ်ရုပ်ပါလာခဲ့တယ် ထို့နောက်စမဘက်ကိုလက်ဖြန့်ကာ “ဒါပဲလူလေး အဘိုးရဲ့ အောက်ငယ်သားတွေက ရွာအပြင်တောစပ်နားကကောက်ရလာတယ်ဆိုပဲ”
“ဒါက ဘာအရုပ်များလည်းအဘိုး ”
စမကအရုပ်ကိုသေချာကြည့်နေခဲ့တယ်
“ဒါကသူယောင်သီးနဲ့လုပ်ထားတဲ့ အတိုက်သူယောင်မယ်ပဲလူလေး ”
“ဟာ ဟုတ်လားအဘိုးသူယောင်တောကိုဝိဇ္ဇာတွေပဲသွားလို့ရတာမဟုတ်လားအဘိုး နောက်ပြီးဝိဇ္ဇာတွေကဒီလိုလုပ်ပါ့မလား”
“အဲ့လိုလည်းမဟုတ်ဘူး လူလေး အဘိုးအထင်တော့ဇော်ဂျီတွေကို ခိုင်းစေနိုင်တဲ့ အောက်လမ်းပညာသည်တွေက လုပ်ထားတာလို့ထင်တယ်”
“အဲ့လောက်စွမ်းတဲ့ပညာသည်ရှိတာပဲလားအဘိုး”
“ရှိတာပေါ့လူလေးရ ဥပမာ တိမ့်ညွန့်စား ကဝေအဆင့်တွေ ဆယ့်နှစ်ကြိုးမကတဲ့ ပညာသယ်တွေပေါ့”
“တိမ်ညွန့်စား ကဝေဆိုတာ ဘယ်လိုမျိုးလည်းအဘိုး”
“ဒီကဝေတွေက ပညာစဉ်တက်ဖို့အတွက် တိမ်ညွန့်တွေကိုစားပြီး ကျင့်ရတယ်လူလေးရဲ့ တော်ရုံဆရာတွေဆို သူတို့ကို မပြိုင်နိုင်ဘူး ဇော်ဂျီတောင် မနိုင်တာလူလေးရယ် ကျန်တာပြောမနေနဲ့ပေါ့”
“ဟုတ်သားပဲနော်အဘိုး ဒါနဲ့သူတို့ကဘာရည်ရွယ်ချက်နဲ့ ဒီအရုပ်ကို လုပ်တာလည်းအဘိုး”
“ပြောရရင် လူတစ်ယောက်ကို အနုနည်းနဲ့သတ်တာပေါ့လူလေးရာ ဒီသူယောင်မယ်က အတိုက်ခံရတဲ့သူရဲ့ အိပ်မက်ထဲကို ညတိုင်းသွားပြီး ထိုသူရဲ့အသက်စွမ်းအင်တွေကို တဖြည်းဖြည်းနဲ့ စုပ်ယူတာပေါ့ကွယ် အတိုက်ခံရတဲ့သူကလည်း နတ်သမီးတမျှလှပတဲ့ သူယောင်မယ်ရဲ့ အပြောအဆိုတွေအမူအရာတွေအောက်မှာ ကျဆုံးသွားပြီ တန်းတန်းစွဲချစ်သွားတော့တာပေါ့ကွယ် ဒီအတိုက်က အင်မတန်မှကြောက်စရာကောင်းတဲ့အတိုက်ပဲလူလေးရဲ့”
” ကြောက်စရာဆိုတာထင် ကျွန်တော့်မှာ ထူးဆန်းတာကပိုနေတာအဘိုး ”
“ဟား….ဟား အေးပေါ့ကွာ လူလေးက အခုမှကြားဖူးတာဆိုတော့ ”
“ဒါဆိုဒီအရုပ်ကို ဘာလုပ်ကြမလည်းအဘိုး ”
“လူလေး ဒီအရုပ်ကအသက်ဝင်နေသေးတယ်ကွယ့်
ဒါပေမဲ့ ဒီအရုပ်ကို ကြိုးကိုင်တဲ့ သူမရှိတော့ဘူးထင်တယ်လူလေး”
“ဘာ့ကြောင့်လည်းအဘိုး ”
“ဘာကြောင့်လည်းဆိုတော့ ဒီအရုပ်ထဲက သူယောင်မယ်က ဆိုးသွမ်းတဲ့သူမဟုတ်လို့ပဲကွ”
“ဒါဆို ဒီအရုပ်ရဲ့ကြိုးကိုင်သူက မရှိတော့တာကြာပြီပေါ့နော်အဘိုး ”
“ဒါပေါ့လူလေးရဲ့ ဒါ့ကြောင့်ဒီအရုပ်ကို လူလေးဆီမှာ သိမ်းထားစေချင်တယ်ကွယ်”
“ဟာ ဖြစ်ပါ့မလားအဘိုးရဲ့ ”
“ဟား….ဟား မကြောက်ပါနဲ့ လူလေးရာ ရန်ပြုမဲ့သူမဟုတ်တာကြောင့် ဘာမှမဖြစ်ပါဘူးကွာ လူလေးကပဲ ဆိုင်ရာဆီပြန်ပို့နိုင်တာမလို့ပါ”
အဘိုးက ထိုသို့ပြောကာ စမရဲ့လက်ထဲ သူယောင်အရုပ်အားထည့်ပေးလိုက်လေတယ်
စမကလည်းတနေ့လုံး ထိုအရုပ်လေးအားထိုင်ကြည့်ရင်းတွေးနေခဲ့တယ် တော်တော်လက်ရာမြောက်တဲ့အရုပ်ပါလား မိန်းကလေးတစ်ယောက် အဝတ်ဗလာအနေအထားနဲ့ ရပ်နေတာဗျ လက်တွေကတော့ အဓိကနေရာတွေကို ဖုံးအုပ်ထားတဲ့ပုံစံပေါ့ဗျာ
ညနေစောင်းအချိန်ကိုရောက်တော့ အရုပ်ကို အိပ်ယာခြေရင်းက လွယ်အိတ်ထဲထည့်ထားလိုက်တယ်
ထို့နောက်ဘုရားရှိခိုးခြင်းအမှုကိုစတင်ခဲ့လေတယ်
ဘုရားရှိခိုးနေတုန်း တစ်စုံတစ်ယောက်ရဲ့ငိုရှိုတ်သံကိုကြားနေခဲ့ရတယ်ဗျ နောက်ပြီး ကျောအနောက်ဘက်ကနေ အလွန်နူးညံ့တဲ့အရာရဲ့ လာထိတဲ့အထိတွေ့ကိုခံစားလိုက်ရပြီး “ဖြောင်း” ဆိုတဲ့အသံနဲ့အတူ တစ်ခုခုပြုတ်ကျသွားတဲ့အသံကိုကြားလိုက်ရတယ်
စမလည်း ထိုအသံကြားရာဘက်ကနေစိတ်ပြောင်းလိုက်ပြီး ပုတီးစိပ်တဲ့အာရုံကိုပဲပြန်ယူလိုက်တယ်
ပုတီးစိပ်ပြီးချိန်မှာတော့ ဝေနေယျသတ္တဝါတွေကိုအမျှဝေကာ အိပ်ရာဝင်ဖို့ ထရပ်လိုက်တဲ့အချိန်
အဝတ်ဗလာနဲ့ကောင်မလေးတစ်ယောက်က အိပ်ရာရဲ့ခြေရင်းမှာ ကျုံ့ကျုံ့လေးထိုင်ကာ တစ်စုံတစ်ခုကိုကြောက်လန့်နေခဲ့တယ်
စမတစ်ယောက် တစ်ခါမှမမြင်ဖူးတဲ့မြင်ကွင်းကြောင့် ကြက်သီးမွေးညင်းတွေ ထသွားကာ
“သင်….သင် ဘယ်သူလည်း” ထစ်ငှော့နေတဲ့ စကားသံ
“ကျွန်မကသူယောင်မယ်ပါ အရှင် ” အလွန်တရာချိုသာလွန်းတဲ့အသံကြောင့် စိတ်ပါယိုင်ချင်သွားသော်လည်း ဟန်မပျက်ထိန်းလိုက်ပြီး
“အော် ဒါဆိုသင်ကဟိုအရုပ်ထဲက သူယောင်မယ်ပဲ
ဘာအကြောင်းကြောင့် ကိုယ်ထင်ပြတာလည်း”
“ကျွန်မရဲ့တာဝန်က ကိုယ့်ရဲ့ အရှင်သခင်တွေကို ဖျော်ဖြေဖို့ သက်သက်ပါအရှင် ဒါ့ကြောင့်အရှင်ပုတီးစိပ်နေတုန်းက လှမ်းကိုင်လိုက်ပေမဲ့ မမြင်ရတဲ့
အရာတစ်ခုက ကျွန်တော်မျိုးမရဲ့ မျက်နှာကို လာရောက်ရိုက်ခတ်ပြီး အနောက်ကို လွင့်သွားခဲ့ရပါတယ်”
ဆိုကာ သူယောင်မယ်ကမျက်နှာ မော့လိုက်တယ်ဆိုရင်ပဲ မီးလောင်ရာလိုဒဏ်ရာတွေ ထနေတာကို မြင်လိုက်ရတယ်
“ခက်တာပဲဗျာ ကျွန်ုပ်က သင့်ကို ဖျော်ဖြေစေချင်လို့ ခေါ်ထားတဲ့သူမဟုတ်ပါ တာဝန်အရသာ ခနထိန်းသိမ်းထားခြင်းဖြစ်တာကြောင့် နောက်ဆို ကျွန်ုပ်အနားကပ်ဖို့မကြိုးစားပါနဲ့ ”
စမက ထိုသို့ပြောပြီး သူယောင်မယ်ရဲ့မျက်နှာကို လက်ဖဝါးဖြင့်သပ်ချလိုက်ရင်ပင် အလွန်ချောမောလှပတဲ့ ရုပ်ရည်အဖြစ် ပြန်ပြောင်းသွားခဲ့လေတယ်
ထို့နောက် အရုပ်ထဲပြန်ဝင်ဖို့ပြောကာ အိပ်ရာဝင်ခဲ့လိုက်လေတယ်…
အိပ်မက်ထဲမှာတော့ တောင်ဝှေးအနီကို ထမ်းကာလမ်းလျှောက်လာနေတဲ့ဇော်ဂျီတစ်ပါး
“အသင် အကျွန်ုပ်ကို ဘာ့အတွက်ကြောင့်ခေါ်လိုက်သနည်း”
စမတစ်ယောက်ဇော်ဂျီကို အနီးကပ်မြင်ဖူးလိမ့်မယ်လို့တစ်ခါမှ မထင်ထား ခေါင်းပေါင်းတွေ အင်္ကျီတွေက အနီရောင်မဟုတ်ပဲ ဇော်ဂျီရဲ့ အသားအရေကသာ အနီရောင် ဖြစ်နေခြင်းကြောင့် ရောင်ပြန်ဟပ်ကာ ခေါင်းပေါင်းတွေအင်္ကျီတွေက အနီရောင်ဖြစ်နေ
ခြင်းပင်ဖြစ်သည်
” အသင့်ကိုခေါ်ရခြင်းက ကျွန်ုပ်ဆီမှာ ရှိနေတဲ့ သူယောင်သီးကို ဆိုင်ရာနေရာဆီပြန်ထားပေးစေချင်လို့ပါ ” စမကထိုသို့ပြောကာ လွယ်အိတ်ထဲက သူယောင်ရုပ်အားထုတ်ပေးလိုက်လေတယ်
ဇော်ဂျီကလည်း သူယောင်ရုပ်ကိုမြင်တော့ မျက်မှောင်ကျုံ့ကာ “အသင့်ဆီမှာ ဘာ့ကြောင့် သူယောင်သီးရှိနေရသလည်း”
“အထင်မလွဲပါနဲ့ဗျာ ဒီအရုပ်ကို ကျုပ်က ကောက်ရခဲ့တာဗျ ဒါ့ကြောင့် သင့်ကိုအာရုံပြုပြီး ခေါ်လိုက်ရတာပါ” “တောင်းပန်ပါတယ် အသင် ကျွန်ုပ်အသင့်ပေါ်အထင်လွဲမိသွားလို့ပါ ဒါဆို ကျွန်ုပ်ကိုခွင့်ပြုပါအုံး”
ဇော်ဂျီက ဘာမှထပ်မမေးတော့ပဲ တောင်ဝှေးကိုထမ်းကာ ကောင်းကင်ခရီးဖြင့်
ပြန်ထွက်သွားလေတယ်….
ထိုအခါမှ စမကလည်းအိပ်ရာကနိူးလာခဲ့ပြီး
အချိန်အားဖြင့် သုံးချက်တီးလောက်ပဲရှိသေးတာကြောင့် ဘုရားရှိခိုးတရားထိုင်ခြင်းကို ပြုလုပ်နေခဲ့တယ်……
Next – part4
“အမေးမြန်းထူသောလူကလေး”
စာလုံးပေါင်းတွေမှားနေရင်ခွင့်လွတ်ပေးကြဖို့ ကြိုတင်တောင်းပန်အပ်ပါတယ် ခင်ဗျ🤍🌏🌳
#မောင်စမ
Leave a Reply