မလျှော့ပေ ။ တွေ့သမျှသားစိမ်းငါးစိမ်းများကို အကုန်စား၏ ။ထိုအခါယောကျာင်္ဖြစ်သူက ပြောလိုက်သည် ။ ” နင့်ဟာ ဖုတ်များဝင်နေရော့သလား ။ ခါတိုင်းထက်လည်းစားနေသေးတယ် ။ လူကလဲ အရိုးပေါ် အရေတင်နေပြီ ” သို့ကလိုပြောလိုက်သောအခါ ဘာမှပြန်မပြောပေ ။ နောက်တစ်ရက်မှာတော့ မနီတစ်ယောက် ရုတ်တရက်သေဆုံးသွားခဲ့သည် ။ ထိုအခါ ဝမ်းဆွဲသည်များက လူကြီးသေပြီးသော်လည်း ဗိုက်ထဲမှာရှိ့သော ကလေးက မသေပဲရှိ့နေနိုင်ကြောင်း ပြောသဖြင့် ဝမ်းဗိုက်ခွဲကြည့်ကြတယ် ။ ဗိုက်ထဲတွင် ဗိုက်ဖောင်းနေပြီး သွားနှင့်အစွယ်များ ထွက်နေသော ဘီလူးလေးကို တွေ့ကြရတယ် ။ ...

ဆို‌လို့ ဘယ်သူလှည်း များ ငှားသွားလဲ သိလားဗျ “     ဖိုးထွေး၏ အမေးကို ပေါက်တူးထမ်းထားသော လူကြီးသည် ခေါင်းကို တဆက်ဆက် ညိတ်ပြီး နားထောင်ကာ     “သိပြီကော သိပြီ နို့အဲ့တာ လူလိမ်တွေလားဟ “     “ဟုတ်တာပ ဦးလေးရယ် ကျုပ်တို့ ရွာက ဆန်တွေကော ငွေတွေ ကော လိမ်သွားတာဗျို့ “     “မင်းတို့ ရွာက ကောင်တွေ ငါနဲ့တွေ့တာတောင် မပြောဘူးကွာ”     “ရှက်လို့နေမှာပေါ့  ကျုပ်တို့ ...

မင်းရဲ့တာ၀န်က ရှိသေးတယ်ကွဲ့ ကျုပ်လဲဘာတာ၀န်လဲဆရာကြီး မေးလိုက်တော့ ဒီလိုကွဲ့ နက္ခဗေဒအရ ဒီည၁၂နာရီတိတိအချိန်မှာ သရဲ‌တ‌‌‌‌‌စ္ဆေစုန်း ကဝေများ အားကြီးပြီးပျော်မြူးမဲ့ညပဲ အဲ့ဒီအချိန်မှာ မိစ္ဆာအရင်းမြစ်တွေပေါ်လာ ပြီး ၇ရက်သားသမီးတွေကိုဒုက္ခပေးလိမ့်မယ်ကွဲ့ အဲ့ဒါတွေကို မင်းကတားပေးရမယ်ကွဲ့ ကျုပ်လဲ အံ့အားသင့်သွားတယ်ဗျ ဘယ်လိုတားပေးရမှာလဲဆရာကြီး မင်းတို့ရွာက အိမ်တွေရဲ့ ရောင်၀င်အိုး‌တွေမှာ ထုံးဖြူနဲ့ ကကြီးအက္ခရာကို ရေးဆွဲခိုင်းထား အနီးရှိရွာ တွေကိုပါသတိပေးလိုက် ဒီလိုလုပ်ထားခြင်းက ကပ်ကျော်အောင် ကကြီးကိုဓာတ်ဆင် ထားတာကွဲ့ ဒီသရဲမြူးတဲ့ကျမှာ မကောင်းဆိုးဝါးနာနာဘာ၀ မိစ္ဆာတွေက တစ်ညလုံးရွာထဲလှည့်နေရင်း ကံနိမ်သူ နာမကျန်း ဖြစ်သူများရှိတဲ့ အိမ်တွေကိုရှာပြီး လူစားလဲ ...

၁၀နာရီ ထိုးချေပြီ မနေ့က အိမ်ကပါလာခဲ့တဲ့ ကော်ဖီနှင့် ကိတ်မုန့်လေးကိုစားကာ ခြံထဲလျှောက်ပတ်သွား နေတာ။ အပင်က အသီးတွေ အောင်လား ကန်းလားဆိုတာကို သေသေချာချာ ကြည့်ရှု့နေတာ။အောင်တဲ့ အလုံးတွေဆို အိတ်စွပ်ပြီး မအောင်တဲ့အလုံးတွေဆို ခြွေချ ပြီးလျှင် သန့်မြေဩဇာလိုလား ရေလိုလား ဆိုတာကို ကိုဝင်းသိန်းက အမြဲစောင့်ကြည့်နေတာ။ ” ကိုဝင်းသိန်းရေ ကိုဝင်းသိန်း “ ” အေး ငါဒီအောက်ကျင်းမှာဟ “ ” ဒီမှာ တော့်အတွက် ထမင်းလာပို့တာ “ ” အေအေ မိန်းမ ...

နဲ့ အသံတွေ ထွက်ပေါ်လာတဲ့ဆီကို ချဉ်းကပ်သွားတယ်။ မြင်ကွင်းကို တွေ့ပါပြီ။ ” ဟာ…” မောင်မှတ် အလန့်တကြားအော်လိုက်မိတယ်။ သူမြင်လိုက်ရတာက မျောက်အုပ်ကြီးတစ်အုပ်။ မျောက်အုပ်ရဲ့ အလယ်မှာတော့ စပါးကြီးမြွေကြီးတစ်ကောင်။ လုံးပတ်က ပေါင်လုံးလောက်ရှိမယ်။ မြွေကြီးက မျောက်ငယ်တစ်ကောင်ကို ရစ်ပတ်လုံးထွေးထားတယ်။ ဒါကို ကျန်တဲ့ မျောက်တွေက အဖမ်းခံထားရတဲ့ မျောက်ငယ်လွတ်မြောက်ဖို့ နံဘေးကနေ အသည်းအသန် ခုန်ပေါက်ပြေးလွှားပြေးလွှားနေပြီး မြွေကြီးကို မထိရဲ ထိရဲနဲ့ တိုက်ခိုက်ဖို့ ကြိုးစားနေကြတယ်။ မြွေကြီးကတော့ မျောက်တွေ ဘယ်လောက်ပဲ လုပ်လုပ်သူ့အစာကိုသာ မဲနေတယ်။ အခြေအနေအရ မောင်မှတ် ...

အမောပြေ ဆေးပေါ့လိပ်တွေ ဖွာကြတာပေါ့ဗျာ။ ဆေးလိပ်ဖွာရင်း အိမ်နဲ့ဝိုင်းကို အကဲခတ်ကြည့်နေကြတယ်။ “နို့ ဘယ်ကလှည့်ဝင်လာကြတာတုံး” ကျုပ်က မေးလိုက်တော့ သူတို့နှစ်ယောက် မျက်နှာကို ပြင်လိုက်ကြတယ်။ “ဘယ်ကမှ လှည့်ဝင်တာ မဟုတ်ဘူးဟေ့ မင်းဆီကိုပဲ တည့်တည့်လာခဲ့တာကွ တာတေရ” ဘာကိစ္စများရှိလိုပါလိမ့်လို့ ကျုပ် တွေးလိုက်မိတယ် “ဟုတ်လား ပြောပါဦး ကိုကြီးကျောက်နီရဲ့ ဘာကိစ္စများတုံး” ကိုကျောက်နီက မျက်မှောက်ကြီးကြုတ်လိုက်တယ် ကိုပေါ်လာကတော့ ခေါင်းတညိတ်ညိတ် လုပ်နေတယ်ဗျ။ “ဒီလို တာတေရေ။ ငါတို့ရွာမှာ ထူးထူးဆန်းဆန်းကလေးတွေ ဖြစ်နေတယ်ကွ” “ဟင် ဟုတ်လား ။ ဘာတွေဖြစ်လို့တုန်းဗျ။ကိုကြီးကျောက်နီရ။ ...

ကျုပ်တို့ကြောင် ကို မသင်းဝံ့ပါဘူးဗျာ။ “ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း” ” ဟဲ့ ဟဲ့ တာတေ၊ ဒါ ကြောင်မဟုတ် လောက်ဘူး၊ ကြောင်ထက် အပုံကြီး ကြီးတယ်” “ဟဲ့ ငွေစိန်၊ ကြောင်မဟုတ်ရင် ဆင် တွေ ဘာတွေလားမှ မသိတာ” “တော်စမ်း ကိုဥာဏ်၊ပေါက်ကရပြော ဖို့ပဲ သိတယ်၊ ရှင် မကြားဘူးလား အသံတွေ” “ကြားပါတယ် ငွေစိန်ရဲ့၊ ငါလည်း နားထောင်နေတာပါဟဲ့ “ “ဒေါင်၊ ဒေါင်၊ ဒေါင်၊ ...

တစ်မျိုး၊ မဖဲဝါ ကို ကြောက်ကြတာကတစ်မျိုးနဲ့ တစ် ရွာလုံး ငိုင်ပြီး ခပ်တိတ်တိတ်ကြီးကို ဖြစ်သွားတာဗျ။ တာတေတို့လို လူငယ်ပိုင်းကတော့ အိမ် လယ်ခန်းမှာ ဝါးအလောင်းစင်နဲ့ ပြင်ထား တဲ့ ကိုအောင်ချစ်အလောင်းကြီးကို ထိုင် ပြီး ကြည့်နေလို့ ကိစ္စက ပြီးမှာ မဟုတ် ဘူးလေဗျာ။ လက်သမား ခေါ်ရမယ်၊ ပျဉ်ပုတ်ဝယ်ရမယ်၊ ပျဉ်ပုတ်ဆိုတာ ခေါင်း စပ်တဲ့ ပျဉ်ကို ခေါ်တာလေဗျာ။ နေ့ချင်းချ မယ့် အသုဘဆိုရင် ခေါင်းကို ပုံမှန်စပ်လို့ ရပေမယ့် ရက်ထားမယ့် အသုဘဆိုရင် ...

ဟုတ်,မဟုတ်ဆိုတာ တော့ ကျုပ်သေသေချာချာ မသိဘူးပါဘူးဗျာ။ ဒါပေမဲ့ အဲဒီပညာကို ဆရာတော်က သင်ပေးတယ်ဆိုတာ တော့ မကြားမိပါဘူးဗျာ၊ ကျုပ်ကိုလည်း တစ်ခါမှ လုပ်ပြတာမျိုး မရှိပါဘူး။ လုံခွဲကာနီးပြီဆိုရင်… “ထားခဲ့တော့ တာတေ၊ ရပြီ၊ ရပြီ” လို့ပြောပြီး ကျုပ်ကို ပြန်လွှတ်ပြီးမှ ဆရာတော်တစ်ပါးတည်း ခွဲတာဗျ။ ဘယ်သူမှ ကြည့်ရတာ မဟုတ်ဘူး။ ကျုပ်ရော ကျုပ်တို့ရွာသားတွေရောလွှတ်စည်းရှိတာဗျ။ ကျုပ်တို့ဆရာတော်က မမေးစေချင်ရင် ဘယ်သူမှ မကြည့်ကြပါဘူးဗျာ။ ဒီနေ့လည်း ဆရာတော် ခေါ်ခိုင်းလို့ လိုက်သွားပြီးဖိုဆွဲပေးရတယ်။ တစ်လုံးကို မီးသွေးငါးအုပ်လောက်နဲ့ သုံးလုံထိုးပေးခဲ့ရတယ်။ ...

လစ်ဟာသွားခဲ့တာလို့ဆိုရမယ်…. ကံဆိုးမှုတွေစတင်ခဲ့တဲ့အချိန်က မြင့်မြင့်စန်း ဈေးကနေခါတိုင်း ဈေးပတ်ချိန်မှ ပြန်လာနေကျကိုအဲ့နေ့ကျမှနေပြင်းလို့ထင်တယ် ခေါင်းထဲနည်းနည်းမူးသလိုဖြစ်နေတာနဲ့ ပြန်နေကျအချိန်မဟုတ်ဘဲ ဈေးသိမ်းလိုက်ပြီး ငါးခြင်းတောင်းလေးကိုသယ်ရင်း အိမ်အပြန်မှာ ဈေးဘယ်ဘက်အခြမ်းမှာ ဈေးထဲကထွက်ထွက်ခြင်း လမ်းကျဉ်းလေးတစ်ခုအရောက်…. ၊ လမ်းရှင်းနေတဲ့အချိန်မို့အရှိန်ခပ်ပြင်းပြင်းနဲ့ တဟုန်ထိုး မောင်ထွက်လာတဲ့ ဟိုင်းလက် ကားတစ်စီးနဲ့ ပစ်တိုက်မိသွားပါလေရော… ကားကအရှိန်နဲ့တိုက်လိုက်မိလို့ မြင့်မြင့်စန်း သတိလစ် ပစ်လဲကျသွားတုန်း ခုနကအရှိန်နဲ့မောင်းလာတဲ့ကားက မြင့်မြင့်စန်းကို တိုက်မိသည့်တိုင်အောင်အရှိန်ချက်ချင်းမသေသေးဘဲ လမ်းမပေါ်မှာ လွင့်စင်ပြီး ပစ်လဲသွားတဲ့ မြင့်မြင့်စန်းကိုယ်လုံးပေါ်ကိုတက်ကြိတ်သွားသေးတယ် ၊ အဲ့ဒီ့နောက်မှ ကားက ထိုးရပ်သွားတယ် …. “ ကျွီ……………..ဝုန်း………………. ” ...