သရဲမြူးတဲ့ည

မင်းရဲ့တာ၀န်က ရှိသေးတယ်ကွဲ့ ကျုပ်လဲဘာတာ၀န်လဲဆရာကြီး မေးလိုက်တော့ ဒီလိုကွဲ့ နက္ခဗေဒအရ ဒီည၁၂နာရီတိတိအချိန်မှာ သရဲ‌တ‌‌‌‌‌စ္ဆေစုန်း
ကဝေများ အားကြီးပြီးပျော်မြူးမဲ့ညပဲ
အဲ့ဒီအချိန်မှာ မိစ္ဆာအရင်းမြစ်တွေပေါ်လာ
ပြီး ၇ရက်သားသမီးတွေကိုဒုက္ခပေးလိမ့်မယ်ကွဲ့ အဲ့ဒါတွေကို မင်းကတားပေးရမယ်ကွဲ့
ကျုပ်လဲ အံ့အားသင့်သွားတယ်ဗျ ဘယ်လိုတားပေးရမှာလဲဆရာကြီး မင်းတို့ရွာက
အိမ်တွေရဲ့ ရောင်၀င်အိုး‌တွေမှာ ထုံးဖြူနဲ့
ကကြီးအက္ခရာကို ရေးဆွဲခိုင်းထား အနီးရှိရွာ
တွေကိုပါသတိပေးလိုက် ဒီလိုလုပ်ထားခြင်းက ကပ်ကျော်အောင် ကကြီးကိုဓာတ်ဆင်
ထားတာကွဲ့ ဒီသရဲမြူးတဲ့ကျမှာ မကောင်းဆိုးဝါးနာနာဘာ၀ မိစ္ဆာတွေက တစ်ညလုံးရွာထဲလှည့်နေရင်း ကံနိမ်သူ နာမကျန်း
ဖြစ်သူများရှိတဲ့ အိမ်တွေကိုရှာပြီး လူစားလဲ
ဖို့လုပ်ကျမှာ အထူးသဖြင့်အသုဘအိမ်ရှိတဲ့
နေရာမှာ မကောင်းဆိုးဝါးသရဲကြီးတွေသွား
စုကျလိမ့်မယ်‌ လငမုတ်ဖမ်းတဲ့အချိန်ဖြစ်နေလို့ မသာကိုကြောင်နတ်ဖြတ်ကျော်ရင် အဲ့ဒီ
မသာက ဖုတ်၀င်ပြီးရွာကို လက်ညိုးထိုးလိုက်ရင် တစ်နေ့တစ်ယောက်လူသေတယ်
ရွာခိုက်တယ် ဒါကြောင့် ဒီအနီးနားမှာအသုဘအိမ်ရှိရင်သွားစောင့်နေရမယ်
သရဲတွေမလာနိုင်အောင်တားရမယ် ကျုပ်လဲ
သိချင်လို့မေးလိုက်တာပေါ့ ဒီလိုလငမုတ်ဖမ်းတာနဲ့ သရဲတွေအားကြီးပြီးဖုတ်၀င်တာလားဆရာ မဟုတ်ဘူး မောင်သိန်းရဲ့ လငမုတ်လဲဖမ်း နက္ခတ်လဲယှဉ်မှဖြစ်တာကွဲ့
ဒီလိုမျိုးကလဲဆယ်စုနှစ်မှတစ်ခါဖြစ်ခဲတာ
တချို့ထုံကူးချင်တဲ့စုန်းမကြီးတွေ‌ဆို
ဒီလိုနေ့မျိုးကိုကြုံချင်လို့ ဆယ်စုနှစ်ကိုစောင့်နေရတယ်တဲ့ ဒီလိုအချိန်ထုံကူးလို့ အောင်သွားရင် သူတို့အတွက်အစွမ်းထက်ဆုံးအချိန်တဲ့ သရဲတွေလဲ အားကြီးလို့ပျော်မြူးကျတယ်တဲ့ မင်းတို့ရွာမှာအသုဘ အိမ်ရှိလားတဲ့ ကျုပ်တို့ရွာမှာတော့မရှိဘူး ဒီရွာရဲ့ရွာနီးချင်း ညောင်ပင်ကြီးရွာမှာတော့ရှိတယ်ဗျ
သေဆုံးသူက မိန်းကလေး မအေးတဲ့
ကိုမျိုးဇော်ရဲ့ မိန်းမပါ မီးမဖွားနိုင် လို့ဆုံး
ပါးတာတဲ့ဗျာ ဒါဆိုလဲမောင်သိန်းရွာထဲက
လူတွေကိုသတိပေးပြီး ညောင်ပင်ကြီးရွာကို
တို့တွေသွားရအောင်ကွာ ဟုတ်ဆရာကြီး
ကျုပ်တို့တွေရွာထဲ၀င်ပြီး သူကြီးအိမ်ကိုသွားပြီးပြောပြတော့ သူကြီးလဲစိုးရိမ်ပြီး အစည်းဝေးအမြန်လုပ်ပြီး ရောင်၀င်အိုးတွေမှာ
ထုံးဖြူနဲ့ကကြီးအက္ခရာကို ရေးဆွဲခိုင်းထားတယ် ကျုပ်တို့သုံးယောက်ကတော့ ညောင်ပင်ကြီးရွာကိုနွားလှည်းနဲ့သွားတာပေါ့
ဟိုရောက်တော့ကျုပ်တို့ညောင်ပင်ကြီးရွာသူကြီးကိုအကျိုးအကြောင်းပြောပြပြီး
အသုဘအိမ်ကိုသွားပြောရတယ် ညကျရင်
လူတွေအိမ်အပြင်မထွက်ဖို့ပြောပြီး အသုဘ
အိမ်မှာ ညောင်ပင်ကြီးရွာက ကာလသားတွေ
နဲ့အတူ ဝါးရင်းတုတ် လှံ သုံးခွမှိန်းတွေနဲ့
စောင့်အိမ်ဖို့ တိုင်ပင်ထားကျတယ် ဆရာကြီးဦးရွှေညိုက မအေးရဲ့အခေါင်းနားသွားတယ်
ပြီးတော့ သူ့ရဲ့ဆေးလွယ်အိတ်ထဲက အင်း
ချပ်လေးချပ်ကို အခေါင်းရဲ့ ပတ်ပတ်လည်
မှာတစ်ခုစီလိုက်မြုပ်တယ်ဗျ ကျုပ်ကို
ရှင်းပြတယ်ဗျ ဒီလိုလုပ်ထားရင် သရဲကြီးတွေက မအေးအလောင်းထဲ၀င်မရဘူးတဲ့
ကျုပ်လဲ ဟုတ်ဆရာကြီးလို့ပြောလိုက်တယ်
အသုဘအိမ်ကထမင်းကျွေးတယ်ဗျ
ဆရာဦးရွှေညိုတို့ကမစားဘူး ကျုပ်လဲ
ကျုပ်သူငယ်ချင်းပွဲစားပွကြီးအိမ်မှာပဲကျွေးရတာပေါ့ ‌ဒီလိုနဲ့ညရောက်တော့ ကာလသား
ဆယ်‌ေယာက်ရယ် ကျုပ်တို့သုံးယောက်ရယ်
အသုဘအိမ်မှာလုံခြုံရေးအပြည့်ယူပြီးစောင့်နေတယ် ဘယ်သူမှအပြင်မထွက်ရဆိုတော့
တစ်ရွာလုံးလဲ တိတ်ဆိတ်နေလို့ဗျို့
ကျုပ်လဲအိမ်ရှေ့က မအေးအလောင်းကို
ကြည့်လိုက် လမ်း၀ကိုကြည့်လိုက်ပေါ့
ည၁၂နာရီဆိုတော့ ခွေးတွေက ရွာနောက်ဖက်ကနေ ဝူးးးးးးးး ဆိုပြီးဆွဲငင်ပြီး အူလာ
တာဗျို့ ကျုပ်တို့တွေလဲမသာအိမ်ထဲကနေ
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း
အခြေနေကို အကဲခတ်နေလိုက်တယ်
အမလေးဘုရား ရုတ်တရက်မြင်တော့
ကျုပ်ပါးစပ်က အမေဋိတ်အသံထွက်ပြီး
ဘုရားတလိုက်ရတယ် နည်းတဲ့သရဲတွေလာ
ဗျာ မည်းမည်းအကောင်ကြီးတွေဗျ ၆ပေ
၇ပေ ၁၃ပေ အစရှိတဲ့အရွယ်အစားစားတွေဗျာ မိအေးအလောင်းနားမှာ ပြည့်နေသလို
လမ်းပေါ်မှာတွေလဲ အများကြီးဗျို့ ကြည့်
နေရင်း ကြတ်သီးတဖျန်းဖျန်းထတယ်
သရဲကြီးတွေက အစွယ်ကြီးကဖွေးလို့
လျှာကြီးက အရီးလေးမခင်ရဲ့ဥပုသ်စောင့်
တဲ့သဘတ်ကြီးလောက်ရှိတယ် အမွှေး
မည်းမည်းကြီးတွေနဲ့ ကိုယ်လုံးကြီးက
စပါးထည့်တဲ့ပုတ်လောက်ကိုရှိတာ
မျက်လုံးနီနီကြီးကအကြမ်းပန်ကန်လုံးလောက်ကိုရှိမယ်ဗျ သူတို့လက်ကြီးနှစ်ဖက်ကို အရှေ့ဆန့်ပြီး မအေးရဲ့အခေါင်းထဲကို
နှိုက်ဖို့လက်လှမ်းနေတယ် ဝုန်းးးကနဲမီးလုံးကြီးတွေထတောက်တော့ နောက်ကိုခြေနှစ်လှမ်းလောက်ဆုတ်သွားကျတယ် အော်
ဆရာကြီးဦးရွှေညိုမြုပ်ထားတဲ့အင်းချပ်တွေ
ကြောင့်ကို ဆရာကြှီးနဲ့ကျုပ်တို့နှစ်ယောက်တော့ သရဲကြီးတွေကို တွေ့နေရတာ
ပေါ့ ကလာသားတွေက အခေါင်းနားမှာ
မီးထတောက်သာပဲတွေ့နေရတယ်
ဆရာကြီးကသူတို့ပါမြင်ရအောင်ဆိုပြီး
အင်းတစ်ချပ်ကိုမီးရှို့ပြီး ပြာကိုရေဖျော်
တိုက်လိုက်တော့ကာလသားတွေထအော်
ကျတယ်တစ်ချို့ဆိုလက်ထဲကလက်နက်
တွေချပြီးသူတို့အချင်းချင်းဖက်ထားကျတယ် ထိုအခါ ကိုအောင်ဖေဆိုတဲ့သူက
အမလေး သရဲတွေသရဲတွေဆိုပြီး
ကြောက်ပြီးအိမ်ပေါ်က ခုန်ချလိုက်တယ်ဗျ
မသာအိမ်ဆိုတော့ ခဗျားတို့လဲအသိပဲ
လေးဘက်လေးလံလုံး ဟာလာဟင်းကြီးလေ
ခုန်ချပြီး အော်ပြီးပြေးတာ အိမ်ရှေ့က
မအေးရဲ့အခေါင်းကြီးကို၀င်တိုက်သွားတယ်
အုန်းးးဆိုတဲ့အသံကြီးနဲ့အတူ အခေါင်းကြီး
ထဲက မအေးရဲ့အလောင်းက ဝိုင်း၀ကိုလဲ
သွားတယ်ဗျ ကျုပ်တို့ပါအိမ်ပေါ်ကခုန်ချ
ပြီးသူ့ကိုလိုက်ဆွဲဖို့ကျ မမှီတော့ဘူးဗျ
နောက်ကျသွားပြီး အကျီဗြောင်းပြန်ကြီးနဲ့
မအေးက ငုတ်တုတ်ကြီးထထိုင်နေတယ်
ဗျ ထိုအခါဆရာကြီးဦးရွှေညိုကလွယ်အိတ်
ထဲကအင်းတချက်ကိုထုတ်ပြီးပစ်လိုက်တော့
ဝုန်းးးးးးဆိုပြီး မီးထတောက်တယ် မအေးရဲ့
အလောင်းကတော့ပြန်လဲသွားတယ်
အင်းစည်းပေါက်သွားပြီပေါ့ ဝိုင်း၀က
သရဲကြီးတွေက ကျုပ်တို့ကိုရန်ပြုဖို့
အော်ပြီးကျုပ်တို့ဆီ ပြေးလာတယ်
ကိုမိုးဆွေက သရဲတွေလာနေပြီဆရာလို့
အော်ပြောတယ်ဆရာကြီးကရေစင်နဲ့ပက်
လိုက်တော့ သရဲကြီးတွေကိုယ်ကမီးခိုးတွေ
ထွက်လာတယ် ဝူးးအီးးးအားးးးဆိုတဲ့အသံနက်ကြီးတွေနဲ့အော်ပြီးမြေကြီးပေါ်မှာ
လိမ့်နေကျတယ် ထိုအခါမအေးရဲ့အလောင်းကနောက်တစ်ကြိမ်ကုန်းထနေပြန်ပြီ
‌ဝိုင်း၀ကသရဲတွေကလဲအများကြီး
ပြေးလာနေတယ် ကျုပ်လဲ လည်ပင်းက
ဆွဲကြိုးကိုဖြုတ်ပြီးအလျင်အမြန်ပစ်လိုက်
တော့ဝုန်းးးဆိုမီးတောက်အကြီးကြီးတစ်ခု
ထတောက်ပြီးကောက်ရိုးပုံလောက်မီးညွန့်ကြီးကောင်းကင်
ပေါ်ကိုတက်သွားပြီးသရဲ‌တွေလဲသုံးတောင်
လောက်ကိုလွင့်သွားတယ်ဗျ ကျုပ်တို့လဲမအေးအလောင်းကိုပြန်ကောက်ပြီးအိမ်အောက်မှာငုတ်ရိုက်ပြီးချုပ်ထားလိုက်တယ်ဝိုင်း၀ကတ၀င်း၀င်းတောက်နေတဲ့ဆွဲကြိုးကို
ပြန်ကောက်သိမ်းရင်း ဘာဆက်ဖြစ်မလဲ
ဆိုတာကို သတိထားပြီးစောင့်နေရင်းအာရုံ
ဦးလို့မိုးလင်းခဲ့ပြီ မိုးလင်းတော့မှကြည့်လိုက်တော့ဝိုင်း၀မှာကင်းလိတ်ချော တောက်တက်
ပုပ်သင်ညိုအသေတွေမှ အများကြီးပဲဗျို့
ထွက်ပြေးတဲ့ကိုအောင်‌ေဖက ရွာထိပ်ကညောင်ပင်ကြီးနားမှာသတိလစ်လှဲနေတယ်
ဆရာကြီးဦးရွှေညိုကနေမ၀င်ခင်မအေးရဲ့
အလောင်းကိုအမြန်မီးသဂြိုဟ်ဖို့ခိုင်းတယ်
ဖုတ်၀င်းဖူးတဲ့အလောင်းကိုဆက်ထားရင်
ပြန်၀င်တက်လို့နေမညိုခင် သဂြိုလ်ခဲ့ရတယ်
ကျုပ်တို့လဲ ညောင်ပင်ကြီးရွာကပြန်ခဲ့ကျတယ် ရွာရောက်တော့ ရွာကလူတွေလဲ
ဘေးကင်းတော့၀မ်းသာရတာပေါ့ဗျာ။

စာဖတ်သူများအားကျေးဇူးအထူးတင်ရှိပါသည်။

ကျုပ်ကိုလဲအားပေးခဲ့ကျဦးနော်။