ပေး စာယူလုပ်ပေးခဲ့တာက ဘုန်းကြီးကျောင်းသား မောင်ဖြူး ၊ သူက တစ်ခါတစ်ခါလည်း ရွာထဲကလူတွေရဲ့ နွားကို အခစားနဲ့လိုက်ကျောင်းပေးတတ်တယ် ၊ တစ်နေ့… အစ်ကိုမောင်ပေးတဲ့စာကို မောင်ဖြူးယူလာပြီး မြညိုကို ပေးသတဲ့။ သို့ … အသက်သမျှ ချစ်ရပါသော ချစ်ဆုံးညို ၊ အစ်ကို လူကိုယ်တိုင်နှုတ်မဆက်နိုင်တာ ခွင့်လွှတ်ပါနော် ၊ ဒီနေ့ညနေပဲ ကိုမောင် ဦးလေးနဲ့မြို့ကို လိုက်သွားပြီ ၊ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး ရွာထဲက ကိုကြီးပါနဲ့ ကိုယ့်ညီဝမ်းကွဲအောင်ဖေလည်း ပါတယ်။ မြို့က အဖေ့ညီ ၊ ကိုယ့်ဦးလေး ...
ရုန်းကန်နေကြလေသည်။ “ဟဲ့နွား ဘယ်လိုဖြစ်နေတာလဲ” “ဖြန်း ဖြန်း” ကြိမ်လုံးဖြင့်ခပ်စပ်စပ်ရိုက်လိုက်မှ နွားများကထိုရွာထဲသို့ ဝင်သွားသည်။ “ချလွင် ချလွင် ” နွားခြူသံကြားသဖြင့် ထိုရွာထဲ၌ သွားလာနေကြသောရွာသူရွာသား များကဦးသာထွန်းတို့ သားအဖအား ဝိုင်းပြီးကြည့်နေကြလေသည်။ ဦးသာထွန်းလည်းနွားလှည်းကို ဖြည်းဖြည်းလေးမောင်းဝင်လာခဲ့သည်။ “မိတ်ဆွေ မိတ်ဆွေကိုတစ်ခုလောက် မေးပါရစေဗျ” ဦးသာထွန်းက ရွာသားတစ်ယောက်အား လှည်းပေါ်မှမဆင်းပဲ မေးလိုက်သည်။ “ဟုတ် မေးပါ ဘာများလဲမသိဘူး” “ဟုတ် ကျုပ်တို့ကကြက်မနိုင်ရွာကပါ ဒီနေ့အိမ်ပြန်ရင်း လမ်းမှာလာသလား မသိဘူးဗျာ၊အိမ်ပြန်မယ့်လမ်းကိုအခုထိ ရှာလို့ကိုမရဘူးဖြစ်နေတယ်။ အခုဒီရှာကဘာရှာလဲ မသိဘူး” “ဒါသံခနက်ရွာလို့ခေါ်တယ် မိတ်ဆွေပြောတဲ့ ကြက်မနိုင်ရွာဆိုတာ ...
နေထိုင်မကောင်းလျှင် ကိုယ်ဖိရင်ဖိ ပြုစုပေးတတ်သည်။ မည်သို့ပင်ဖြစ်စေ၊ အနယ်နယ် အရပ်ရပ်မှ လာရောက်စုဝေး နေထိုင်ရသည်မို့ တယောက်နှင့် တယောက် အကောင်းအဆိုး ဟူသမျှကို သည်းခံကာ ပေါင်းသင်း နေကြရသည်ပင်။ “ခင်လေးမှာ သူသာ ပြည့်စုံတယ်၊ သူသာ အကောင်းသုံးတယ်၊ သူ့မိသားစုဟာ အဆင့်အတန်း မြင့်တယ်လို့ ဂုဏ်ယူကြွားဝါ တတ်တာ ခက်တယ်ကွာ၊ ဒီအကျင့်ကို ပြင်လိုက်ရင် ပေါင်းလို့သင်းလို့ ကောင်းမယ်” သူငယ်ချင်းများက ကွယ်ရာမှာ ဝေဖန်ကြသည်။ ခင်လေးကတော့ သူ့အမှားကိုလည်း သူမြင်ဟန် မတူ။ မှားသည်ဟုလည်း ယူဆပုံ မရ။ ...
တော့လာမယူကြဘူး။ “အမေကလည်းကျုပ်ကိုအခုမှ လာယူခိုင်းလို့ယူရတာဗျ။ ကဲကျုပ်သွားတော့မယ်နော်” “ဟဲ့နေဦး ကောင်လေး နေဝင်ရီတရော အသားတွဲကိုဒီအတိုင်းယူမသွားနဲ့ မီးသွေးခဲလေးနဲ့ထည့်ယူသွားရတယ်ကွဲ့ ငါမီးသွေးခဲသွားယူပေးမယ် ခဏ” “နေပါစေတော့ဗျာ မိုးလည်းချုပ်တော့မှာမလို့ ပြန်တော့မယ် ဗ်။ “မင်းဖြစ်ပါ့မလား” “ရပါတယ်ဗျာ ကျုပ်သွားရဲပါတယ် သွားပြီဗျို့ “ “အေးအေး” ဖိုးထူးလည်းအမဲသားတွဲအား စက်ဘီးလက်ကိုင်အောက်မှ ချိတ်၌ချိတ်ဆွဲပြီးစီးလာခဲ့သည်။ “ဟာ ကြွပ်ကြွပ်အိတ်ကလည်း ဘာမှတောင်မလုပ်ရသေးဘူး။ ပြဲနေပြန်ပြီ……” “ကဲသွားစမ်း” ဖိုးထူးလည်းအမဲသားတွဲအား ထုတ်ထားသည့်ပလတ်စတစ်အိတ်အား ဆွဲဖြုတ်ကာလွှင့်ပစ်လိုက်သည်။ စက်ဘီးချိတ်၌အမဲသားတွဲက တုန်ခါပြီးပါလာခဲ့သည်။ တဖြည်းဖြည်းနှင့်ဝက်ပစ်ရွာနှင့်ဝေးလာခဲ့သည်။ နေလုံးသည်လည်းတောင်စောင်းပေါ်၌ မေးတင်ကာငုပ်လျှိုးပျောက်ကွယ်တော့ မည်ဖြစ်သည်။ ဖိုးထူးလညစက်ဘီးကိုခပ်မြန်မြန် နင်းလာရင်းသင်္ချိုင်းဟောင်းအနီးသို့ ...
ပေါ့။ လှယဉ်ကလည်း ကျုပ်လိုပဲဗျ။ လူအလစ်မှာ ကျုပ်ကို မသိ မသာ ခိုးကြည့်တယ်။ တိုတိုပြောကြပါစို့ဗျာ။ ဘိုးအောင်စိန်ရဲ့ အလှူအပြီးမှာ သူ့သမီး လှယဉ်နဲ့ ကျုပ်နဲ့ သမီးရည်းစားတွေ ဖြစ် ကြတာပေါ့ဗျာ။ လူသတင်း လူချင်းဆောင် ဆိုတဲ့အတိုင်းပေါ့ဗျာ။ လှယဉ်နဲ့ ကျုပ်နဲ့ ကြိုက်နေကြတဲ့သတင်းကို လူချင်းဆောင် ကြရင်းနဲ့ ဘန့်ဘွေးကုန်းရော၊ ထနောင်း ကုန်းရော သိကုန်ကြတာပေါ့။ ကျုပ်တို့ရွာဦးဘုရားလေးမှာ လှယဉ်နဲ့ ကျုပ်နဲ့ တစ်ခါတလေ ချိန်းတွေ့ကြတယ်။ ထူးတော့ ထူးသားဗျ ။ အဲဒီလိုတွေ့တဲ့ အခါတိုင်း လှယဉ်က ...
တော့တာပါပဲ၊ ကိုဗျိုင်းက ကျုပ်တို့ရွာဇာတိတော့မဟုတ်ဘူးဗျ၊ အထက်ချင်းတွင်းဘက်က ရှမ်းတစ်ယောက်လို့ပြောတယ်၊ ဒါကြောင့်လဲ ကိုဗျိုင်းက အသားဖြူတာပေါ့ဗျာ၊ ကျုပ်တို့လို အညာသားတွေရဲ့ အသားကတော့ သိတယ်မဟုတ်လား၊ ထန်းလျက်ရောင်လေးပေါ့ဗျာ။ ကိုဗျိုင်းက ကျုပ်တို့ရွာမှာ စပါးလာဝယ်နေကျလူဗျ၊ သူ့သူဌေးက မြင်သာမြို့မှာ ဆန်စက်လုပ်တယ်၊ ဆန်လဲရောင်းတယ်ဆိုတော့ ကျုပ်တို့ရွာတွေက စပါးတွေကို ကိုဗျိုင်းတို့က လိုက်သိမ်းရတာပေါ့ဗျာ၊ နောက်တော့ အဲဒီစပါးတွေကို သူ့သူဌေးက ဆန်စက်မှာ ကြိတ်ခွဲပြီး ဆန်ပြန်ရောင်းတာပေါ့၊ အမမိဝေရဲ့ မိဘတွေက လယ်တွေလုပ်တယ်မဟုတ်လား၊ တစ်နှစ်တော့ ကိုဗျိုင်းက စပါးလာဝယ်ရင်း အမမိဝေနဲ့ ချစ်ကြိုက်သွားတာပေါ့ဗျာ၊ နောက်တော့ ကိုဗျိုင်းတစ်ယောက် ...
အလုပ်လည်း လွှတ်ကြိုးစားတာဗျ။ အစ်မခင်စိန်ရီ မေးတာကို ကျုပ်က ပြန်ဖြေလိုက်တယ်။ “ဟိုဘက်ရွာ ခဏသွားမလို့ဗျ” ကိုသိန်းမောင်ကတော့ ကျုပ်ကို ပြုံးရုံပဲ ပြုံးပြသွားပြီး လှည်းကိုပဲ ဂရုစိုက်မောင်းနေတာဗျ။ “ဟဲ့နွား ။ သြော် ဒီငဖြူကြီးဟာ ပေကပ်ကပ်နဲ့ ” ကိုသိန်းမောင်ရဲ့ နွားငေါက်သံက ဝေးဝေးသွားရောဗျ။ လှည်းကလည်း နှင်းတောထဲမှာ ပျောက်သွားတယ် “ကိုကြီးတာတေ ။ ကိုကြီးတာတေ” ကျုပ်လန့်နိုးသွားတယ် ။ ခေါ်ရင်း အော်ရင်း ဝိုင်းထဲကဝင်လာတာက ကျောက်ခဲဗျ။ ဒီကောင့်မြင်တော့မှ ကျုပ် သတိရသွားတာဗျ။ စောစောက အိပ်မက်ထဲမှာ ...
ကြောက်တဲ့နေရာမှာအဆင့်(၁)နေရမှာ.. ရှိတယ်ဗျ… ဒါပေမဲ့ကျုပ်ကကြောက်တတ်ပေမဲ့…ဒီကောင် တွေလိုလေမကျယ်ဘူးဗျို့… ရွှေစင်။ ။ အမယ်လေး သီရီ။ ။ ဟဲ့ ဘာဖြစ်တာလဲ ရွှေစင်။ ။ဟိုးမှာ…လူတစ်ယောက်…ဘာရပ်လုပ်နေတာလဲ မသိဘူး သီရီ။ ။ သြော်..နင်ကလည်း…လူတွေ့တာဘာဆန်းလို့လဲ.. ရွှေစင်။ ။ ဆန်းတယ်ဟ… ဟဲ့ ရဲရင့် ရဲရင့်။ ။ အေး ဘာလဲပြောလေ ရွှေစင်။ ။ ဟိုးမှာ ခေါင်းစွပ်အကျီဝတ်ထားတဲ့လူတစ်ယောက် ကျော့ပေးထားတာတွေ့လား ရဲရင့်။ ။ အေး..တွေ့တယ်လေ ဘာဖြစ်လို့လဲ.. ရွှေစင်။ ။ သူကိုဘယ်သွားမလို့လဲလို့နင်တို့မေးရဲလား ရဲရင့်။ ။မေးရဲတာပေါ့ဟ…ဟေ့ကောင်တွေ..ငါတို့ဟိုးမှာရပ် ...
တစ်ခုကိုကြားလိုက်ရသည်။ သက်စိုးက ထိုညည်းသံကိုနားစိုက်ထောင်ပြီးနောက် မှုန်ကြီးအားလှမ်းပေးလိုက်သည်။ “ကိုကြီးမှုန်၊ ခင်ဗျားကြားလိုက်သလားဗျ” “ဟေ၊ ဘာကိုကြားရတာလဲ” “ညည်းသံကြီးလေဗျာ၊ တဟင်းဟင်းနဲ့ပဲ၊ တော်တော်ကြောက်စရာကောင်းတဲ့အသံကြီးပဲဗျ” “ဟာကွာ၊ ငါတော့မကြားမိပါဘူး” သူတို့နှစ်ယောက် ဆက်လက်လှော်ခတ်လာရင်း ချောင်းရိုးနံဘေး ကုက္ကိုပင်ကြီးတစ်ပင်အောက်အရောက်တွင်မူ ချောင်းရိုးကမ်းပေါ်တွင် မိန်းမကြီးတစ်ယောက်ဆောင့်ကြောင့်ထိုင်နေသည်ကိုမြင်လိုက်ရသည်။ ထိုမိန်းမကြီးမှာ လက်နှစ်ဖက်ကိုရင်ဘတ်ပေါ်တွင်ယှက်တင်ထားကာ တဟင်းဟင်းနှင့် ညည်းညူနေလေသည်။ သက်စိုးက လှေကိုရပ်လိုက်ပြီး ထိုမိန်းမကြီးကိုကြည့်ရင်း “အဒေါ်ကြီး ဘာဖြစ်နေတာလဲဗျ” “အဒေါ်အရမ်းဖျားနေလို့ပါ ငါ့တူရယ်၊ ဒါနဲ့ ငါ့တူတို့မှာ စားစရာလေးဘာလေးမပါဘူးလား” ထိုအခါ မှုန်ကြီးက “အောင်မာ၊ စားစရာပါတော့ရော ခင်ဗျားကိုကျွေးစရာလားဗျ” “ပါရင်တော့ ကျွေးပါငါ့တူရယ်၊ ...
ဘယ်ကရှာလာတာလဲ ဦးဇင်း ကိုအမှန်တိုင်းလျှောက်စမ်း” “တပည့်တော်ပြောမယ့်ဒုတိယ တခုက အခုငွေကိစ္စပါဘဲဘုရား ဒီငွေတွေက တပည့်တော်လမ်းပြဖို့အတွက် လာငှားရမ်းသွားလို့ရတဲ့ငွေတွေပါ” “ဒီလောက်အများ ကြီးပေးရအောင် ဒကာလေးက ဘယ်ကိုလမ်းပြရမှာလဲ “ “တပည့်တော်တို့ရွာ နောက်ဘက် ခုနှစ်မိုင်လောက်က တောကြီးထဲကိုပါ “ “ဟေ” “ဘာဖြစ်လို့ပါလဲဘုရား “ “အယ့် တောက မိစ္ဆာတွေ ရဲ့နေရာ အယ့်တောအလည်ကို ရောက်သွားရင် ရှေးဟောင်အဆောက်အဦးကြီးတွေ့လိမ့်မယ် ကြီးမားတဲ့ ရတနာပုံကြီးလည်း ရှိတယ် အယ့်ထဲက ဘာတခုကိုမှ မယူပါနဲ့ မင်းအတွက် အန္တရာယ်ကင်းလိမ့်မယ်” ဆိုပြီး သူအခန်းထဲဝင်သွားကာ ကြိုးနဲ့ချည်ထားတဲ့ ...